“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, September 3, 2012

အချစ်ရှုံးခဲ့တဲ့ ကျွန်မရဲ့အချစ်

ကျွန်မရဲ့ဘဝ
တစ်စိတ်တစ်ဒေသ
ပါဝင်ပတ်သက်ခဲ့သူရေ . . . . 
ကျွန်မသာလျှင်
မောင့်ရဲ့အချစ်ဦးပါတဲ့
ပြောခဲ့တဲ့ စကားလုံးလေးတွေ
ဘယ်ဆီကိုရောက် ဘယ်သောင်ကပ်လို့
ဘယ်ရေပြင်မှာ မျောပါသွားလဲ မောင်ရယ် . . . . ။
ကျွန်မရဲ့ အချစ်တွေ
မောင့်ရဲ့ရင်ထဲ 
အနက်ရှိုင်းဆုံးတစ်နေရာဝယ်
သော့ခတ်ထားလို့ 
သိမ်းဆည်းလိုက်ပါတော့ မောင်ရယ် . . . ။
အခြားသူတွေ ချစ်ခွင့်ပန်လဲ
ကျွန်မရဲ့အချစ်တွေ
ကုန်ဆုံးပြီမို့ ချစ်ဖို့မရည်ရွယ်
ချစ်ဖို့ဆိုလည်း မောင့်တစ်ယောက်ထဲသာ။
အချစ်တွေလည်း မောင့်ထံခစား
မောင့်ရှေ့ဝယ် ဒူးထောက်ခါဖြင့်
မောင်လှည့်စားသမျှ မသိဟန်ဆောင်
အပြစ်ဟူသမျှ မရှိလေအောင်
တောင်းဆုချွေ၏
ဖြူစင်သော ကျွန်မ၏ ချစ်ခြင်းမေတ္တာဖြင့်
မောင့်ဘ၀ အေးမြပါစေသား ..............။

မိုးရိပ်
(4.9.2012)

ဝိဥာဉ် နှစ်ခုရဲ့ အသံ (ဖြစ်ရပ်မှန် ဇာတ်လမ်း)

ဇူလိုင်လက
မြန်မာနိုင်ငံနဲ့ မြန်မာနယ်စပ်တလျှောက် မိုး
သည်းကြီးမည်းကြီးရွာချိန်ပေါ့။ လူကြီးတယောက်က သူရဲ့ ၇ နှစ်အရွယ် သမီးလေးနဲ့
၅ နှစ်အရွယ်သားလေးကို သူနဲ့အတူ မျှစ်ချိုးသွားဖို့ ခေါ်လိုက်တယ်။
တောင်ရဲ့တဖက်ခြမ်းမှာ … တဲ့။ ကလေး လေးတွေက မိုးရေထဲ ပြေးဆော့နေကြတယ်။
အခုသွားရမှာက
အဖေနဲ့ အတူတူ နဲနဲလေး ဝေးမှာမို့ ကလေးတွေက
အရမ်းကိုပျော်နေကြတယ်။ကလေးနှစ်ယောက်က အဖေနဲ့အတူ ပျော်ရွင်စွာ
လိုက်သွားကြတယ်။တောနက်လာတဲ့နောက်မှာ ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်း
ပျောက်သွားတယ်။
သမီးကြီးက မောင်လေးရဲ့လက်ကို ကိုင်ထားပြီး အဖေ့ကို
လိုက်ရှာလေတယ်။အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေ ပဲ။အဖေကိုယ်တိုင်က
လမ်းစဖျောက်လိုက်တယ် ဆိုတာကို ကလေးနှစ်ယောက်က မသိလဲမသိဘူး၊ တွေးထင် ရလောက်
အောင်လည်း ဉာဏ်မီအုံးမှာ မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတာကိုလည်း
တွေးတတ်အုံးမှာ မဟုတ်ဘူး။
တကယ်တော့ မိထွေးက လင်ပါ သမီးနဲ့သားကို
ဘယ်လိုမှ လက်မခံလို့ ဖခင်ဖြစ်သူကသမီးလေးနဲ့ သားကို တောနက်ထဲ
သွားပစ်ထားခဲ့ရတာ။ဒါဟာ ကြားဖူးနေကျ ဒဏ္ဍာရီပုံပြင်လို့ ထင်ကြမှာ။ ခုဟာက ၂၀၀၆
ဇူလိုင်လ က ထိုင်း-မြန်မာ နယ် စပ်ရွာက တကယ့်အဖြစ်မှန်ပါ။
ကလေးနှစ်ယောက်က အဖေ့ကို လိုက်ရှာရင်း အဖိုးကြီးတယောက်ကို တွေ့တယ်။ကလေးက အားရဝမ်းသာနဲ့
"ဖိုးဖိုး ဘယ်ကိုပြန်မှာလဲ ဟင်?"
"
သမီးတို့က --- --- --- ရွာ၊ ဇုံ --- --- မှာ နေတယ်။ သမီးက ---
---ကျောင်းမှာ ၂ တန်း ကျောင်းနေတယ်။ သမီးတို့ကို
ပြန်လိုက်ပို့ပေးပါနော်လို့ …” တောင်းပန်ကြတယ်။
ကလေးလေး နှစ်ယောက်က မိုးသည်းထဲမှာ တုန်နေတယ်။ ချမ်းနေတာရော၊ ကြောက်နေတာရော ပေါ့။အဖိုးကြီးက တွေးမိတယ်။
“ဒီလို
တောနက်တဲ့နေရာမှာ ဘယ်ကလေး မှ မရောက်နိုင်ဘူး။ ဒါဟာ လူ
ကလေးတွေမဟုတ်နိုင်ဘူး။ ငါ့ကို တော ခြောက် နေတာ။ ဒါဟာ နာနာဘာဝ သရဲ …”
ဆိုပြီးထွက်ပြေးရော။
ကလေးနှစ်ယောက်ကလည်း အဖိုးကြီးနောက်ကို
ပြေးလိုက်တယ်။ ဒါပေမဲ့လိုက်မမီခဲ့ဘူး။ အဖိုးကြီး ရွာပြန်ရောက် သွား တယ်။
၁ရက်၊ ၂ရက်၊ ၃ရက်…စိတ်ထဲမှာ မပျော်ဘူး။ ကလေးနှစ်ယောက်ကို မျက်စိထဲပဲ
မြင်ယောင်နေတယ်လေ။
စိတ်ထဲ တမျိုးကြီး ဖြစ်နေတာမို့ ရွာက
ရွာလူကြီးတွေကို ပြောပြတယ်။တာဝန်ကျတဲ့ နယ်စပ်လူကြီးတွေနဲ့အတူ အဲဒီ တော
ထဲကို သွားပြန်ကြည့်တော့သစ်ပင်ကြီးကြီး တပင်အောက်မှာ လဲရက်နဲ့ အမဖြစ်သူက
မောင်လေးကိုဖက်ထား ရင်းနဲ့ နှစ်ယောက်စလုံး အသက် မရှိကြတော့ဘူး။
အခု
ဖြစ်ရပ်မှာ လူသားမဆန်ဘဲ မိန်းမဘက်လိုက်တဲ့ ဖခင်ကို
အပြစ်တင်မလား။သွေးသားမဟုတ်လို့ လက်မခံနိုင်တဲ့ မိထွေးကို
အပြစ်ပြောမလား။လူမှန်း မသိ သရဲမှန်း မသိတဲ့ အဖိုးကြီးကိုပဲ
အပြစ်ဖို့မလား။ဘယ်သူက ဘာဖြစ်တယ် စ သည်ဖြင့် အပြစ်ရှာနေမယ့် အစား၊ ခု ...
ကလေးလေးနှစ်ယောက်ရဲ့ ဝိဥာဉ်က အသနားခံ နေတယ်။ တောင်း ဆိုနေ တယ်။
ရွာကို ပြန်ပို့ပေးဖို့ မဟုတ်ဘူး။ အဖေ့အိမ်ကို ပို့ပေးဖို့ မဟုတ်ဘူး။
အသိတရား … မေတ္တာတရား အကြင်နာတရား ... အမှောင်ကျနေတဲ့ လောကကြီးမှာ …
သူတို့နှစ်ယောက်လို အဖြစ်ဆိုးမျိုး ထပ်မဖြစ်ရလေအောင် ကူညီပေးကြဖို့ပဲ။


http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A461177&xgs=1&xg_source=msg_share_post

~~မိန်းမဖြစ်​ရတာဘယ်လောက်​ဂုဏ်ယူဖို့ေ​ကာင်းသလဲဆို​တာ သိမြင်နိုင်​ပါစေ~~


တစ်ခါတုန်းက

ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင်
နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........

"  ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"

ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က 
"  ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"

ဟုမေးလိုက်လေ၏ ။
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။

ဘုရားသခင်ကဆက်ပြောပြသည် ။

ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း
အားညွှန်ပြလိုက်ပြီး....

"  ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း
၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း
ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင်
ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး
ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင်
စွမ်းဆောင်ပေးနိုင်တယ် "

ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။
ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။

"  လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."

ဟုပြောပြီးခေါင်းခါနေပြန်၏ ။
 ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...

"  ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"

ဟုထပ်မေးပြန်၏ ။
"  ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို
တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ရလိမ့်မယ်"

ဘုရားသခင်က ဆက်ပြောပြန်၏ ။
"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။
ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "

"..........."

"  နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။
ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။

နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသိုတိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။
“ နူးညံ့လွန်းလှချည်လား

"  ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။
အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"

"  သူမကတွေးတတ်လား"

ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။

  “ တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး
ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏

"  ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ
ဝန်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"

"  ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"

"  ဘာအတွက်လဲ"

"  သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊
အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့
စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"

ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ
အထင်ကြီးသွားလေ၏ ။

"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း
စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း
ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး
ဖြစ်လာပါလိမ့်မယ်"

ဟုဆိုလိုက်သည် ။
ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။

"  ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ
လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"

"  သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ
ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက
ပြုံးပြနိုင်တယ်"

"  အဲ့ဒီလောက်တောင်ပဲလား"

"  ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။
ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့
အချိန်မှာလည်း သီချင်းဆိုတယ် "

"  အို"

"  သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလိုခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့ 
ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"  သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း
ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း
တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"

နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က
လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။

"  သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ်
သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ ....
သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ်
ပြောင်းလဲအသုံးပြုတတ်သေးတယ်"

"............"

"  အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာကိုလည်း သူမကသိသေးတယ်"

"  ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"  ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏

"  ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"

"  ဘာချို့ ယွင်းချက်လဲ"

"  သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"

"  ဟင်"
"   နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"

ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး

ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး..
စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့
အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ
အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း ....

http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A754481&xgs=1&xg_source=msg_share_post