“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, March 4, 2013

မျက်တောင် ခတ်ခြင်းနှင့် မျက်စိ ကျန်းမာရေး

သင့်မျက်စိ ကျန်းမာရေးနဲ့ အမြင်အာရုံကို ထိန်းသိမ်း စောင့်ရှောက် ချင်ရင် မကြာခဏ ညင်ညင် သာသာ မျက်တောင် ခတ်တဲ့ အလေ့အထ ရှိဖို့ လိုအပ်ပါတယ်။
သင်ဟာ မကြာခဏ မျက်တောင် ခတ်မှသာ သင့်မျက်ခွံက မျက်စိကို မျက်ရည်အလွှာ သုံးလွှာနဲ့ မှန်မှန် ဖုံးအုပ် ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်မျက်စိ ကျန်းမာရေး အတွက် မျက်ရည် အလွှာ သုံးလွှာကို မရှိမဖြစ် လိုအပ် ပါတယ်။
၁။ မျက်ရည် ပထမဆုံး အလွှာက မျက်စိရဲ့အဖြူသားနဲ့ ကပ်ပြီး တည်ရှိ နေပါတယ်။ ဒီအလွှာက မျက်ရည် ဒုတိယ အလွှာ စွဲကပ် နိုင်ဖို့ အတွက် ပရိုတင်း ကြွယ်ဝတဲ့ ရေငွေ့ တွေရဲ့ ညီညာတဲ့ အလွှာ တစ်ခုအဖြစ် တည်ရှိ နေပါတယ်။
၂။ဒုတိယ အလယ်လွှာ ကတော့ ရေဓာတ် များတဲ့ အလွှာဖြစ်ပြီး မျက်စိထဲ ဝင်ရောက်လာတဲ့ ပြင်ပ ပစ္စည်း အညစ်အကြေး တွေကို ဆေးကြော ဖယ်ရှားရာမှာ ကူညီ ပေးပါတယ်။ ဒါ့အပြင် ဒီအလွှာက မျက်ကြည်လွှာကို သတ္တုဓာတ်၊ ပရိုတင်းတွေ၊ ရေငွေ့ဓာတ်တွေနဲ့ အာဟာရ ဖြည့်ပေး ပါတယ်။
၃။ မျက်ရည် တတိယ အလွှာကတော့ အပြင်ဘက်ဆုံး အလွှာဖြစ်ပြီး အဆီဓာတ် ပါဝင် ပါတယ်။ ဒီအလွှာက ရေဓာတ်များတဲ့ အလယ်လွှာကို မြန်မြန် အငွေ့ပြန် မသွားအောင် ကာကွယ် ပေးထား တာပါ။ ဒါ့အပြင် မျက်စိနဲ့ မျက်ခွံကြားမှာ ချောမွေ့နေစေဖို့ အတွက်လည်း ဆောင်ရွက် ပေးပါတယ်။
သင့်မျက်စိကို အထက် ဖော်ပြပါ မျက်ရည် အလွှာ သုံးလွှာနဲ့ မှန်မှန် ဖုံးအုပ် မပေးရင် သင့်မျက်စိရဲ့ အာဟာရ ရရှိမှုနဲ့ သန့်စင်မှု လျော့နည်းပြီး မျက်စိဟာ မလိုအပ်ဘဲ ညောင်းညာ ပင်ပန်း နိုင်ပါတယ်။ သင့်မျက်စိ ကျန်းမာရေးနဲ့ အမြင်အာရုံ အတွက် အကောင်းဆုံး ကတော့ နှစ်စက္ကန့် ကနေ လေးစက္ကန့် ကြာတိုင်း ညင်ညင် သာသာ မျက်တောင်ခတ် ပေးတာပါ။ တစ်မိနစ်မှာ ၁၅-၃၀ ကြိမ် မျက်တောင်ခတ်ခြင်း ဖြစ်ပါတယ်။ လူအများစုက သာမန် အချိန်တွေမှာ မကြာခဏ မျက်တောင် ခတ်တတ် ကြပေမယ့် တစ်စုံတစ်ခုမှာ အာရုံ ဝင်စား သွားတဲ့ အခါ မျက်တောင် ခတ်ဖို့ မေ့သွား ကြပါတယ်။
ဥပမာ- စာဖတ်တဲ့ အခါ၊ ကွန်ပျူတာ သုံးနေတဲ့ အခါ၊ တီဗီ ဒါမှမဟုတ် ရုပ်ရှင် ကြည့်နေတဲ့ အခါ တွေမှာ မျက်တောင် သိပ်မခတ် ဖြစ်ကြပါဘူး။ ဒါကြောင့် ဒီလို အချိန်တွေမှာ ဂရုစိုက်ပြီး မကြာခဏ မျက်တောင် ခတ်ပေးပါ။ မျက်ကပ်မှန် တပ်ထားရင်လည်း မကြာခဏ မျက်တောင် ခတ်ဖို့ အဟန့်အတား ဖြစ်နိုင်ပါတယ်။ မျက်ခွံရဲ့ နောက်ဘက် မျက်နှာပြင်က အတု ထည့်ထားတဲ့ မျက်နှာ ပြင်ပေါ်မှာ ပွတ်တိုက် နေရတဲ့ အတွက်ပါ။
ဒါကြောင့် မျက်ကပ်မှန် တွေကို တတ်နိုင်သမျှ အချိန်ကြာကြာ မတပ်ပါနဲ့။ မျက်တောင် မှန်မှန် ခတ်ရတဲ့ အဓိက ရည်ရွယ်ချက်က သင့်မျက်စိကို ချောမွေ့စေပြီး အာဟာရ ဖြည့်ပေးဖို့ အတွက် ဖြစ်ပါတယ်။ သင့်မျက်စိနဲ့ အမြင် အာရုံအတွက် နောက်ထပ် ကောင်းမွန်တဲ့ နည်းလမ်း တစ်ခုကတော့ သင်ဟာ အမြင် အာရုံကို အသုံးပြုဖို့ မလိုအပ်တဲ့ အချိန်၊ တစ်ခုခုကို စဉ်းစား နေတဲ့ အချိန်မျိုးမှာ မျက်စိကို ခဏလေး ပိတ်ပြီး အနား ပေးတာပါ။ ဥပမာ သင်ဟာ စာရေး နေစဉ် ဒါမှမဟုတ် E-mail ပို့ဖို့ စာရိုက် နေစဉ်မှာ နောက်ထပ် ဘာရေး ရမလဲလို့ စဉ်းစား နေတဲ့ အချိန်မှာ မျက်စိကို ခဏ ပိတ်ထားတာက သင့်မျက်စိတွေ ညောင်းညာ ပင်ပန်းမှု မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

ရင် ထဲ လှိုင်း ခတ် ပဲ့ တင် ထပ် အောင် ခေါ် လိုက် မယ် “ အ မေ ”

- အမေမျော်နေမှာပါ -

အ ဝေး ရောက် သား တစ် ယောက်

အိမ် ပြန် ချိန် တွေ နောက် ကျ လို့

နေ ဝင် ချိန် ရဲ့ ဆည်း ဆာ တွေ နဲ့ အ တူ

အ မေ ငို နေ ပြီး လား အ မေ

ဒီ အ ချိန် ဆို ငါ့ သား လေး ဘာ တွေ လုပ် လို့ ဘာ တွေ ကိုင်

တ မှိုင် မှိုင် အ တွေး နဲ့

အ မေ ရင် ထဲ မှာ

ဆို့ နင့် စွာ ငို ကြွေး နေ တာ လား အ မေ

အား တင်း ထား ပါ အ မေ ရယ်

သား တို့ ငယ် စဉ် ဟို အ ရင် ကာ လ တစ် ခု က ပေါ့

သား တို့ ဝမ်း အ တွက် အ မေ ကျ ခဲ့ တဲ့ ချွေး တစ် စက် ကို

သား ပြန် ကောက် လို့ ဆပ် ချင် တယ် အ မေ

ဒီ အ သက် ဒီ အ ရွှယ် ဒီ အ ချိန် ဒီ ကာ လ ရောက် တဲ့ အ ထိ

ငြီး ညော် ခြင်း မ ရှိ ပဲ အ မေ အ ရိပ် တ ကြည့် ကြည့် နဲ့ 

ပြု စု ခဲ့ လေ သ မျှ

သား တို့ တစ် ဘ ဝ လုံး နဲ့

ပြန် ဆပ် ရ ရင် တောင် 

မ ကျေ နိုင် ဘူး အ မေ

အ ဝေး ရောက် သား တစ် ယောက် 

အ မေ့ ဆီ ကို ပြန် ရောက် တဲ့ တစ် နေ့

အ ရာ ရာ ဟာ အ ရင် လို့ 

ပုံ မှန် ရှိ နေ ပါ အုံး မ လား အ မေ

ဇ ရာ ထောင်း ပြီး ရွှယ် ပြောင်း လို့

အ မေ နေ ရော ကောင်း လား အ မေ

တု နိုင်း မ ရ အ မေ့ မေ တ္တာ တ ရား တွေ က လေ

သား တို့ အ တွက် ကောင်း ကင် ပြာ ကြီး ထက် ကျယ် ပြန့် တယ် အ မေ

အ ရိပ် ရ သ လို အ ရောင်း ပါ လှ အောင် အ မေ ပုံ ဖော် ပြ နိုင် တာ ပါ အ မေ

ရင် ထဲ လှိုင်း ခတ် ပဲ့ တင် ထပ် အောင် ခေါ် လိုက် မယ်

အ မေ … အ မေ … အ မေ … ။

(အမေများ အားလုံး ကျန်မားပါစေ)

- ပုံ ရိပ် ချို -
‎- အမေမျော်နေမှာပါ -

အဖေ..............

ခေါင်း ပေါ် မှာ အ ရိပ် မ ရှိ လည်း

မိ သား စု ဆို တဲ့ ပီ တိ လေး နဲ့

အ ဖေ ရင် ထဲ အ မြဲ အေး နေ ခဲ့ တာ

ပင် ပန်း မှု ကြောင့် ချွေး စက် တွေ မြေ ပေါ် ကျ သည် အ ထိ

တစ် ချက် က လေး မ ငြီး မိ သား စု ဘ ဝ က အ ရေး ကြီး တယ် ဆို တဲ့ အ ဖေ

မိ သား စု အ ရေး အ မြဲ တွေး နေ တတ် တဲ့ အ ဖေ 

အ ရောင်း မ ရှိ သေး တဲ့
သား သ မီး ဆို တဲ့ အ ဖြု ရောင်း စာ ရွှက် ကို

အ ဖေ က ပန်း ချီ ဆ ရာ လက် နဲ့ 

စေ တ နာ… ဂ ရု ဏာ…ချစ် ခြင်း မေ တ္တာ ဆို တဲ့ ကာ လာ နဲ့ စပ် ဂ န္တ ဝင် မြောက် တဲ့ ပန်း ချီ ကား တစ် ချပ် ဖြစ် အောင် အ ဖေ ရေး ဆွဲ ခဲ့ လို့ သား တို့ ဘ ဝ တွေ တ ကယ် ကို လှ ခဲ့ တယ် အ ဖေ

မိုး ပေါ် က လ မင်း သား ရဲ့ ည တွေ မှာ မ လင်း ရင် နေ ပါ စေ 

အ ဖေ ချစ် ခြင်း က သား တစ် ဘ ဝ လုံး အ တွက် မိုး ပေါ် က လ မင်း ထက် အ ဆ ပေါင်း များ စွာ လင်း တယ် အ ဖေ

ကြယ် ရောင်း စုံ တဲ့ ည 
သား မ ကြည့် ရ လည်း ဖြစ် ပါ တယ် အ ဖေ

အ ဖေ ပြော တဲ့ အ ဆုံး အ မ လော က သ ဘာ ဝ တွေ ကို သွန် သင် ပြ တတ် တဲ့ အ ဖေ ရဲ့ စ ကား တစ် ခွန်း က သား တစ် ဘ ဝ လုံး အ တွက် ကြယ် ရောင်း စုံ ည ထက် ခမ်း နား တယ် အ ဖေ

သား သ မီး တွေ အ တွက် ခ ရီး တွေ ဆက် အ ဖေ ပင် ပန်း ခဲ့ ရ တာ တွေ များ ပြီး အ ဖေ

ရင် ထဲ က မေ တ္တာ ကို ရင် ထဲ မှာ ထား ပြီး ချော့ တစ် ခါ ခြောက် တစ် လှည့် ဆို ဆုံး မ ခဲ့ တဲ့ အ ဖေ ကို

တ ကယ် ကို လေး စား လျှက် ပါ အ ဖေ………………။

အရာအားလုံးနှင့် ရှင်ကွဲသေကွဲ ကွဲရခြင်းကို အမြဲမပြတ် ဆင်ခြင်ပါ။

အရာအားလုံးနှင့် ရှင်ကွဲသေကွဲ ကွဲရခြင်းကို အမြဲမပြတ် ဆင်ခြင်ပါ။
••••••••••••••••••••••••••••••••••••••••••••••••••••••••
''ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ - အဘယ် အကျိုးထူးကို စွဲ၍ ''ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာ အားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ - သတ္တဝါတို့အား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလားစွဲမက်ခြင်း 'ဆန္ဒရာဂ' ဖြင့် စွဲမက်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော သူအား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလား စွဲမက်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ - ဤအကျိုးထူးကို စွဲ၍ ''ငါ၏ ချစ်ခင် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည်'' ဟု မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

''ငါတစ်ယောက်တည်းသာလျှင် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းဖြစ်သည် မဟုတ်။ စင်စစ်မူကား ဤဘုံဘဝသို့လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့သည် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေ၏'' ဟု ဆင်ခြင်၏။

ထို (ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း
ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏။

( နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။ )

 ( 3 Treasures: Buddha, Dhamma & Sangha )

အကြောတက် ခြင်းနှင့် ကန်စွန်းရွက်

မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက
သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။
ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။
ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်
လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။
ကျန်းမာရေး
မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။

Ref: Health Digest
http://www.myawady.net.mm/health/knowledge/item/8205-2013-03-03-07-27-27

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

.အန္တရာယ်ကင်းအောင် စားသောက်နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အ...နှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။
ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။ အဆိပ်အတော်ကများသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။
စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

၎။ ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက်ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။
ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။

၅။ အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။
မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှသ့်ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။
မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။
အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။

တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက်ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။
(ဥက်မယ်မယ်)
(နက္ခတ္တ-၂၀၀၆-၃)

credit to မင်္ဂလာသတင်းစဉ် 
ှSource from - သုတဘဏ်

Source from - သုတဘဏ်