“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, December 4, 2013

ဘ၀တွင် အောင်မြင်လိုသော်

Photo: ဘ၀တွင် အောင်မြင်လိုသော်

စကားကို ညင်ညင်သာသာပြောပါ

အစားကို ချင့်ချင့်ချိန်ချိန် စားပါ

လေကို ၀အောင် ရှုပါ

အိပ်ချိန်ကို အပြည့်ယူပါ

အ၀တ်ကို စမတ်ကျကျ ၀တ်ပါ

အပြုအမူကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပါ

အလုပ်ကို စိတ်ရှည်ရှည်ထား လုပ်ပါ

အတွေးကို ဆန်းသစ်အောင် တွေးပါ

ထာဝရအလင်းတန်းများ
စကားကို ညင်ညင်သာသာပြောပါ

အစားကို ချင့်ချင့်ချိန်ချိန် စားပါ

လေကို ၀အောင် ရှုပါ

အိပ်ချိန်ကို အပြည့်ယူပါ

အ၀တ်ကို စမတ်ကျကျ ၀တ်ပါ

အပြုအမူကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပါ

အလုပ်ကို စိတ်ရှည်ရှည်ထား လုပ်ပါ

အတွေးကို ဆန်းသစ်အောင် တွေးပါ

ထာဝရအလင်းတန်းများ

ရသကောင်းလေးတစ်ပုဒ်

Photo: ဘတ်စ် ကားစောင့်နေတုန်း ဘေးနားက
အသံကြားလို့ လှည့်ကြည့်လိုက်မိတယ်။

*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။

ရေ ခဲမုန့်ရောင်းနေတဲ့ကောင် လေးက
စိတ်မရှည်သလိုပြောလိုက်တယ်။

ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်
လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့
အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။

ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။
ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ
ကျွန် မ အကဲဖြတ်နေမိတယ် ။

ရေခဲမုန့်ရောင်းတဲ့
ကောင် လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက်အရောင်းအဝယ်ကတည့်သွားပါတယ်။

ကောင် လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။

ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။

ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့
ငါတို့ကစားနေချိန်မှာမင်းက ဈေးရောင်းနေရတော့
ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကိုတခုခုမဝယ်စားရင် လည်း
အမေက ငါ့ကိုဆူလိမ့်မယ်။

ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………

ငြိမ်းလဲ့

ဘတ်စ် ကားစောင့်နေတုန်း ဘေးနားက အသံကြားလို့ လှည့်ကြည့်လိုက်မိတယ်။

*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။

ရေ ခဲမုန့်ရောင်းနေတဲ့ကောင် လေးကစိတ်မရှည်သလိုပြောလိုက်တယ်။

ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။

ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။
ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေကျွန် မ အကဲဖြတ်နေမိတယ် ။

ရေခဲမုန့်ရောင်းတဲ့ကောင် လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက်အရောင်းအဝယ်ကတည့်သွားပါတယ်။

ကောင် လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။

ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။

ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ငါတို့ကစားနေချိန်မှာမင်းက ဈေးရောင်းနေရတော့
ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကိုတခုခုမဝယ်စားရင် လည်းအမေက ငါ့ကိုဆူလိမ့်မယ်။

ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………

ငြိမ်းလဲ့

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ

Photo: လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ
---------------------------------------------------------------------

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

Royal Hero Media