“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, April 14, 2014

“သင်္ကြန်”....တဲ့လား


“ဧပရယ်(ဧပြီ)”..တဲ့လား...
“သင်္ကြန်”..တဲ့လား..
“ပိတောက်”..တဲ့လား....
မပြောပါနဲ့...မပြောကြပါနဲ့...

ဧပြီလမှာ မွေးခဲ့တဲ့ “ပိတောက်ဖူး”ဆိုတဲ့ ကျမရယ်...
သင်္ကြန်မှာ ခွဲခွာခဲ့ရတဲ့ သံယောဇဉ်အရှိဆုံး“သူနက်ရောင်”ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ဒဏ္ဍာရီမဟုတ်ခဲ့တဲ့ ဒဏ္ဍာရီလေးတပုဒ်... ရှိခဲ့တယ်ဆိုတာ ...
“သင်္ကြန်”ကိုစောင့်ကြပ်တဲ့ သင်္ကြန်ဝိဥာဉ်တွေကလွဲလို့ ဘယ်သူတွေက ပိုသိနိုင်အုံးမှာလဲ...

“ဧပြီ”လမှာမွေးခဲ့တဲ့ သူမ..၊ ဝိုင်းစက်သော မျက်လုံး..၊ ဝါဝင်းသော အသားရောင်ပိုင်ရှင်၊ သွယ်လျှသောခန္ဓာ၊

Saturday, April 12, 2014

အချစ်ဦးမို့ပါ


နှလုံးသားလေးက အသစ် ရင်ခုန်သံဖြစ်တည်စမို့
ရင်ထဲက အချစ်ကို မချွေတာ
တစ်ဘ၀စာ ပုံအပ်မိခဲ့...........


အတွေ့အကြုံအသစ်မို့ မင်းပေးတဲ့ အချစ်ကို
အစစ်လို့ ထင်မိတာ ကိုယ်အပြစ်လားကွယ်...........

ငါဆိုတာလည်းလေ တစစီ ပြိုကွဲနိုင်မှန်းသိလျှက်
တိမ်လွှာတို့ရဲ့ သတ္တိနဲ့ မုန်တိုင်းကိုဝင်တိုးမိသလို
အကြောက်တရားတွေကင်း နှလုံးသားကို ချနင်းလို့
နောင်တ တရားတွေလည်း
စွန်းထင်း ခဲ့ဖူးတယ်...........

အချစ်ဆိုတဲ့ကစားပွဲ ၀ှက်ဖဲတစ်ချက် ထားတတ်မြဲတဲ့

Friday, April 11, 2014

သမ္ဗုဒ္ဓေ မကြောက်သော သရဲ


၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံး တည်ခြင်း၊ ရောဂါတစ်ခုပင်။

စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။