“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, August 28, 2012

လူတိုင်းသိထားသင့်တဲ့ ဆုံးမစာ အချက် -၂၀

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
 (၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
(၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
(၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
(၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
(၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
(၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
(၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
(၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
(၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
(၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
(၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
(၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
(၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
(၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

ဖေ့ဘုတ်ပေါ်မှကူးယူဖော်ပြပါသည်...

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A993218&xgs=1&xg_source=msg_share_post

ဝက်သားချဉ်ငံစပ်သုတ်နည်း

ဝက်သားချည်ငံစပ်လုပ်မယ်ဆိုရင်ပါဝင်သောပ္စည်းတွေကတော့.....
၁။ဝက်သား -၁၅ ကျပ်သား
၂။ကြက်သွန်ဖြူ-၁ လုံး
၃။ငရုတ်သီးစိမ်း(အနည်းငယ်)
၎။ဟင်းချက်မှုန့်(စားပွဲတင်ဇွန်းနဲ့)-၁ ဇွန်း
၅။ဆီ(လ္ဘက်ရည်ဇွန်းနဲ့)-၂ဇွန်း

ပျော်ရွှင်စွာနေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင်နေတတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။
၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ်လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။ အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံး မှားမှာပဲလို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။

၂။ အကောင်းဘက်က  ဖြစ်ပေါ်လာရင် ရေးမှတ်ထားတတ်ကြပါတယ်  
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။ ချီးကျူးရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ်ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီ အကောင်းတွေချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ်ကြပါတယ်။

၃။  ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ်ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင်ချစ်တဲ့သူ၊ သင်နဲ့ သိကျွမ်းဖူးသူ၊ သင်ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာပို့ပါ။ ဥပမာအားဖြင့် (ခွင့်လွှတ်ရမယ့်သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်းပါစေ။ ကြင်နာတတ်ပါစေ အစရှိသဖြင့် မေတ္တာပို့ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။

၎။ မိမိဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်  
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ  ဒါမှမဟုတ် ဂုဏ်ကို အဓိကမထားဘဲ သူတို့ ဝါသနာပါရာ အလုပ်ကို   လုပ်တတ်ကြပါတယ်။         

Ref: Good Health by:ဒေါက်တာခင်မိုးမို

စကားအရာ အင်္ဂါ (၁၀)ပါး

၁။ ကာလ၀ါဒီ= အချိန်အခါကိုကြည့် ပြောရသည်။

၂။ ဘူတ၀ါဒီ= ဟုတ်မှန်သောစကားကို ပြောရသည်။

၃။ အတ္ထ၀ါဒီ= အကျိုးရှိသောစကားကို ပြောရသည်။

၎။ ဓမ္မ၀ါဒီ= တရားနှင့်လျော်ညီသောစကားကို ပြောရသည်။

၅။ ပီယ၀ါဒီ= ချစ်ဖွယ်သောစကားကို ပြောရသည်။

၆။ မိဟိတပုဗ္ဗဘာဏီ= ပြုံးရွှင်ခြင်းကို ရှေးဦးပြုပြီး ပြောရသည်။

၇။ မိတဘာဏီ= မပိုမလွန် ချင့်ချိန်ပြီး ပြောရသည်။

၈။ အတုရိတ၀ါဒီ= အဆောတလျင်မဖြစ်အောင် ပြောရသည်။

၉။ ပေါရီ= မြို့ကြီးသား၊ မြို့ကြီးသူတို့ပြောသကဲ့သို့ ချိုသာစွာ ပြောရသည်။

၁၀။ ၀ိသဒ၀ါဒီ= ပီပီသသ ဌာန်ကရိုဏ်းကျကျ ပြောရသည်။


စကားဆို မှန်တယ်ဆိုတိုင်းလဲ နေရာတိုင်းမှာ မပြောသင့်တာကို ဆင်ခြင်တတ်ကြပါစေ ... ကျွန်ုပ်ကိုယ်တိုင်လည်း ဆင်ခြင်ရပါဦးမည်... 

http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A741535&xgs=1&xg_source=msg_share_post

ယောက်ျားကောင်းတို့  ပြုအပ်သော လက္ခဏာ ဆယ်ပါး

ထစ်ခနဲရှိ စိတ်ဆိုးစိတ်တို ပေါက်ကွဲဝုန်းဒိုင်းကြဲသူ လုပ်မပြပါနဲ့  ဘာမဆို ကမူးရှူးထိုး စိတ်နောက်ကိုယ်ပါ ဖြစ်တတ်တာ ကလေးဆန်တာပါ၊ ကိုယ်ကရင့်ကျက်သူ၊ တွေးဆတတ်သူ၊ ကလေးမဆန်သူဆိုတာ အမြဲပြသနိုင်ပါစေ၊ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံကလည်း မိန်းကလေးတွေအတွက် ညှို့ငင်အား တစ်ရပ်ပါပဲ။

၁။ အသာစီးမယူနဲ့ အခွင့် အရေးသမားမလုပ်နဲ့  ယောင်္ကျားလေးအများစုက အခွင့် အရေးရသလောက်ယူ၊ အမြတ်ထုတ်တာတွေ လုပ်တတ်ကြတယ်၊ ကိုယ်က ဒီလိုမဟုတ်ပဲ ကိုယ့် ဘ၀အတွက် တကယ်ရည်ရွယ်သူ၊ အရည်းအသွေးပြည့်ဝသူ အမျိုးသမီးတစ်ဦးပေါ်သာ မေတ္တာစိတ် တည့်မတ်စွာ ထားတတ်သူ ဖြစ်ကြောင်း သိသာထင်းရှားပါစေ။

၂။ နေရာတကာ ၀ုန်းဒိုင်းမကျဲနဲ့  ထစ်ခနဲရှိ စိတ်ဆိုးစိတ်တို ပေါက်ကွဲဝုန်းဒိုင်းကြဲသူ လုပ်မပြပါနဲ့  ဘာမဆို ကမူးရှူးထိုး စိတ်နောက်ကိုယ်ပါ ဖြစ်တတ်တာ ကလေးဆန်တာပါ၊ ကိုယ်ကရင့်ကျက်သူ၊ တွေးဆတတ်သူ၊ ကလေးမဆန်သူဆိုတာ အမြဲပြသနိုင်ပါစေ၊ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံကလည်း မိန်းကလေးတွေအတွက် ညှို့ငင်အား တစ်ရပ်ပါပဲ။

၃။ ကိုယ့်မူနဲ့ ကိုယ် နေတတ်ပါစေ ကိုယ့်ထက် တခြားသူအပေါ်မှာ ပိုအချိန်ပေးတဲ့ ကိုယ့်အဖော် အမျိုးသမီးကို ဖျတ်ဖျတ်လူး ပြန်ဆွဲဆောင် ချင်မနေပါနဲ့၊ သူမ ကိုယ့်နားမှာ မနေလည်း ကိယ့်ဘာသာ တစ်ယောက်တည်း အေးဆေးပေါ့... ဆိုတာမျိုး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြပါ၊ ကိုယ်ပိုင် စတိုင်ရှိသူဟာ ဆွဲဆောင်မူရှိသူပါပဲ။

၎။ ပြောစရာရှိတာ ပြောရဲဆိုရဲစမ်းပါ အရမ်းကြီး လူတွင်ကျယ် လုပ်တဲ့ပုံစံထိ မရောက်အောင်တော့ထိန်းပါ၊ ဒါပေမယ့် ထက်ထက်မြက်မြက် စွမ်းစွမ်းတမံတော့ လုပ်ရပါလိမ့်မယ်၊ ဘယ်နေရာမဆို ရေငုံနုတ်ပိတ် ငုံ့မခံတတ်သူ၊ မဟုတ်မခံ ပြောစရာရှိတာ ပြောရဲဆိုရဲ သူကို မိန်းကလေးတွေက ပိုကြိုက်တယ်။

၅။ သြဇာအာဏာရှိတာမျိုး ဖြစ်ပါစေ ကိုယ့်မှာရှိတဲ့  သြဇာကို အလွယ်တကူ အဆုံးအရှူံးခံ၊ အလျော့ ပေးတာမျိုး မလုပ်ပါနဲ့၊ ပတ်ဝန်းကျင်မှာ သြဇာမညောင်းတဲ့  ယောင်္ကျားလေးမျိုးကို မိန်းကလေးတွေက မနှစ်သက်တတ်ဘူး၊ လူတကာကိုလိုက်ပြီး လိုက်လျောနေသူ မဖြစ်စေဘဲ ကိုယ်က သြဇာအာဏာပေးသူမျိုးကို သူတို့ တွေက ကျေနပ်သဘောကျ တတ်ပါတယ်။

၆။ ကိုယ့်ကိုကိုယ် အားကိုးသူ၊ တာဝန်ယူ ထိန်းကြောင်းနိုင်သူ ဖြစ်ပါစေ ဘယ်သူ့ရဲ့ အစေစားခံမှ မဖြစ်ဘဲ ကိုယ့်တာဝန်ကို ကိုယ်ယူတတ်သူ၊ ကိုယ့်ကိုကိုယ် ထိန်းသိမ်း လျှောက်လှမ်း နိုင်သူဟာ မိန်းကလေးတွေကို အထူး ဆွဲဆောင်နိုင်သူပါပဲ၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ် ရပ်တည်သူ ဖြစ်ပါစေ။

၇။ လိုက်မှီခိုမနေနဲ့  တချို့က မိန်းကလေးတွေကို သိပ်မှီခိုတယ်၊ ဘာမဆို နောက်လိုက်ပဲ လုပ်ချင်တယ်၊ အဲဒါသိပ်မှားတဲ့စရိုက်ပဲ၊ တတ်နိုင်သလောက် ယောင်္ကျားလေးဖြစ်တဲ့ ကိုယ်က ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဦးဆောင်ပါ၊ တခါတလေမှာ ကိုယ်က ကိုယ့်အလိုကျ သိပ်လုပ်တယ်လို မိန်းကလေးက ထင်ရင်တောင် နောက်ပိုင်းကျတော့ သူတို့ နားလည်သွားပြီး ကျေနပ်နေကြပါလိမ့်မယ်။

၈။တချို့ ဟာတွေကိုရှက်နေရမှာမဟုတ်ဘူး ယောင်္ကျားတယောက်အနေနဲ့  ယောင်္ကျားပီသတဲ့ စိတ်ဆန္ဒမျိုး ပေါ်ပေါက်တတ်တာကို အတင်းဖုံးကွယ် နေစရာမဟုတ်ဘူး၊ ဖို/မ ကြားက ရင်ခုန် စိတ်လှုပ်ရှားမူ ရမ္မက်စိတ်ဟာ လူသားပီသမူပါ၊ ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမူဘောင်တွေကို မချိုးဖောက်ဘဲ ပှံမှန် ယောင်္ကျားလေးတယောက်ရဲ့ စိတ်ဆန္ဒမျိုး ရှိတာကိုလည်း ရှက်စရာလို့ မခံယူပါနဲ့ ။

၉။ ရင့် ကျက်ပါ ၊ ကလေးမဆန်ပါနဲ့  ယောင်္ကျားလေး အများစုရဲ့ ပြဿနာက လူကထွားနေပြီး အသက်အရွယ်ကလည်း သိပ်မငယ်ဘူး၊ ဒါပေမယ့် ကိုယ်တိုင် သိပ်မရင့်ကျက်ချင်ဘူး၊ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးတယောက် ဖြစ်ချင်ရင် ကလေးဆန်ဆန် အမူအရာတွေ ဖျောက်ပေတော့၊ ယောင်္ကျား ပီပီသသ ခန့်ခန့်ညားညား လူကိုမှ သူတို့ ကနှစ်သက်ပါတယ်။

၁၀။ အချိန်ပေးပြီး အတူနေပါ ယောင်္ကျားလေး တော်တော်များများမှာ ယောင်္ကျားပီသမူဆိုတာ ဘာလဲလို့  မသိတဲ့ကိစ္စကကို ပြောရမှာပါ၊ တကယ်တော့  ကိုယ်ဟာ ယောင်္ကျားတယောက် ဖြစ်နေတာနဲ့တင် မိန်းကလေးတွေရဲ့ အသိအမှတ် ပြုမူဆိုတာ ရှိပြီးသားပါ၊ ကိုယ်ကနည်းနည်းလေး သတိထားရမှာက မိန်းကလေးသဘာဝဟာ ယောင်္ကျားလေးတွေနဲ့  အတူ နေထိုင်ပြီး စကားပြောရတာကို ကြိုက်နှစ်သက်တယ် ဆိုတာပါပဲ၊ ဒီတော့  မိန်းကလေးနဲ့  စကားပြောဖို့အတွက် သူ့ အနားမှာ အချိန်ပေးဖို့ က ယောင်္ကျားလေးရဲ အဓိကကျတဲ့ တာဝန်ဆိုတာ သိထားဖို့ လိုပါတယ်။


http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A568135&xgs=1&xg_source=msg_share_post