“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, March 19, 2012

Facebook ၀င်ထွက်မှု လုံခြုံရေးနည်းလမ်း

နေ့စဉ်အင်တာနက်သုံးစွဲမှုတွေထဲက လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Facebook ဟာ လူကြီးလူငယ်နဲ့ မိသားစုတွေ တစ်ဦးနဲ့ တစ်ဦး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အချင်းချင်းပေးပို့ဖလှယ်ကြရုံသာမက နိုင်ငံရေးမဲဆွယ် စည်းရုံး လှုပ်ရှားမှုတွေအတွက်ပါ အသုံးများ လာကြပါတယ်။

ဒါကြောင့် မိမိရဲ့ Facebook Account ကို လုံခြုံရေးအရ သေသေချာချာ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာသုံးစွဲသူအများစုအနေနဲ့ ကိုယ့်ရဲ့ Account ကို ၀င်ထွက်ရာမှာ သတိထားသင့်တဲ့အချက်တွေရှိပါတယ်။

၁။ Keylogger လုံခြုံရေး

Keylogger ဆိုတာ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ကီးဘုတ်ကရိုက်သမျှ စာတွေကို မှတ်သားသိမ်းယူတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ Keylogger ရှိ မရှိ အလွယ်တကူမသိနိုင်တာကြောင့် ကိုယ့်ရဲ့ Account လုံခြုံရေး စကားဝှက်တွေ အလွယ်တကူ

online ပေါ်မှာ 10G ကနေ 50G အထိအလကားသိမ်းရအောင်

online ပေါ်မှာ 10G ကနေ 50G အထိအလကားသိမ်းထားလို့ရတဲ့ဆိုက်လေးတစ်ခုကို
သတင်းပေးချင်လို့ပါ..
သူ့ကို register လုပ်ရတာလည်းလွယ်ပါတယ်..သုံးရတာလည်းလွယ်တယ်
ကျွန်တော်တို့ 4G memory stick တစ်ချောင်းဆိုရင်ဝယ်ရတာ ၇၀၀၀   ၈၀၀၀ လောက်ပေးရတာလေ
အခုတော့ memory stick လည်းသွားလေရာသယ်စရာမလို.အင်တာနက်ရှိနေရုံနဲ့
ကိုယ်သိမ်းထားတာလေးတွေ.ကြိုက်တဲ့နေရာကနေယူသုံးလို့ရတယ်
အစပထမတော့  သူက 10G free storage ပေးပါတယ်..
နောက် ကိုယ့်သူငယ်ချင်းတွေကိုတစ်ယောက်ခေါ်နိုင်ရင်  1G တိုးပေးပါတယ်.
maximum 50G ထိပေါ့..
ကဲ..ဘယ်လောက်အဆင်ပြေလိုက်လဲ..
50G ဆိုတာနည်းတဲ့ပမာဏမဟုတ်ဘူးနော်..
ကိုယ်သိမ်းချင်တာသိမ်းထား..မေ့နေလို့အိမ်ပြန်ယူစရာမလိုဘူး..
ကဲ...စိတ်ဝင်စားတယ်ဆိုရင်တော့..
ဒီနေရလေးမှာ minus.com ဆိုတာရှိတယ်..