“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, December 13, 2012

ဘရားဇီးမှ ကမ္ဘာ့အကြီးဆုံး ပုရွက်ဆိတ် မြို့တော်

ဘရားဇီးနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံ 
ပုရွက်ဆိတ်မြို့တော် တစ်ခုကိုရှာဖွေ
တွ့ရှိခဲ့ကြောင်း သိရသည်။ယင်း မြေပုံ
သည် ပုရွက်ဆိတ်ကဲ့သို အကောင်သေး
များအတွက် အင်ပါယာတစ်ခုနီးပါး


 ကြီးမားပြီး ယခုအခါ ထိုပုရွက်ဆိတ်များ နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ ယင်းမြို့တော်အား တည်ထောင်ပြီး အဘယ်ကြောင့် ဆက်လက်မကျက်စားတော့သည်ကိုမှု မသိရသေးချေ။

ယင်းမြို့၏ တည်ဆောက်ပုံသည် ခိုင်ခိုင်မာမာရှိကာ၊ စနစ်တကျဖြစ်နေသည်ကို တွေ့ရသည်။ ဥပမာ- လမ်းပမ်းဆက်သွယ်ရေးအတွက် အနီးဆုံးလမ်းဖောက်ထားခြင်း၊ တစ်နေရာနှင့် တစ်နေရာ အချိတ်အဆက် ကောင်းခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် လေဝင်လေထွက် ကောင်းမွန်ရန် Ventilation system မျာ စနစ်တကျ ရှိနေသည် ကိုလည်းတွေ့ရသည်။

ထို့ကြောင့် လေ့လာသူ သုတေသီများ အံ့သြောမင်သက်ခဲ့ရပြီး ပုရွက်ဆိတ်တို့၏ ဥာဏ်ပညာကြီးမားမှုကို မယုံနိုင်စရာ ဖြစ်ခဲ့ရသည်။ မြေနေရာအနေအထားမှန်ကန်ပြီး ခိုင်ခိုင်မာမာရှိကာ ယင်းမြို့ကိုတည်ဆောက်ရန် မြေ တန် ၄၀ ခန့်အသုံးပြုထားသည်။ အပေါ်ပိုင်း လေဝင်လေထွက်နှင့် အဝင်အထွက် ဂိတ်စနစ်အတွက် ၁၀ တန်အသုံးပြုထားပြီး အတွင်းတွင် တန် ၃၀ ကျော် အသုံးပြု ထားသည်။

ထို့ကြောင့် လေ့လာတွေ့ရှိထားသမျှ ဘရာဇီးနိုင်ငံရှိ ယင်းပုရွက်ဆိတ် တွင်း (မြို့တော်)ကို ကမ္ဘာ့အကြီးဆုံး ပုရွက်ဆိတ်မြို့တော်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
 

 
http://shwemyanmarmediagroup.blogspot.com/2012/12/blog-post_9559.html#more

ကမ္ဘာပျက်ပုံ ဖြစ်ပုံအကျဉ်း

 
ကမ္ဘာပျက်တာနဲ့ ပတ်သတ်ပြီး တပည့်တော်မ သိချင်ပါတယ်ဘုရား။ ယခုကမ္ဘာဟာ ဘဒ္ဒကမ္ဘာလို့ ဆိုပါတယ်။ သို့သော်လည်း ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေ ပွင့်ခဲ့တယ်ဆိုတဲ့အဆိုက ဘယ်လိုမျိုးများကို ဆိုလိုတာလည်း ဘုရား၊ ကမ္ဘာပျက်တာက ဘယ်လိုမျိုးဖြစ်တာလည်းဘုရား။ ဘာကြောင့် ကမ္ဘာပျက်ရတယ်ဆိုတာကိုလည်း သိချင်ပါတယ် ဘုရား။

ကမ္ဘာပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာပေါင်းများစွာ ပျက်ခဲ့ပါတယ်။ ရေတွက်လို့ မရပါ။ ကမ္ဘာဟာ ရေတွက်လို့ မရသလို သတ္တ၀ါတစ်ယောက်ရဲ့ ဘ၀ဟာလည်း ရေတွက်လို့မရအောင် များပြားလှပါတယ်။

ဗုဒ္ဓလက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံးထဲက ဂုဇ္ဈကုဋ်တာင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုတ်ဖို့ သားဖြစ်သူကို ပြတယ်။

ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့ ပုဏ္ဏားကြီးယူဆထားတဲ့ နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တ၀ါတစ်ယောက်ရဲ့ ဘ၀တွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာကို ပြပါတယ်။

ဥပသာလက နာမာနိ၊
သဟဿနိ စတုဒ္ဒသ။
အသ္မိံပဒေသေ ဒဂနိ
နတ္တိလောကေ အနာမတံ။

ပုဏ္ဏားကြီး သင်ယခုညွှန်ပြသော နေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်းကောင်ပေါင်း တစ်သောင်း လေးထောင်တိတိ မီးသဂြိုလ် လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေအပြင်၌လူသေကောင်ပုတ် မမြုတ်ဖူးသောနေရာ ဟူ၍ မရှိပေ။

တောင်ပေါ်က သုံးပေခြောက်ပေနေရာ ကွက်လပ်လေးမှာတောင် အလောင်းကောင်ပေါင်း ဥပသာလကအမည် တစ်ခုတည်းနဲ့တင် တစ်သောင်းလေးထောင် မြုတ်နှံပြီးသွားပြီဆိုတော့ တခြားနာမည်နဲ့၊ တခြားမြေပြန့်နေရာတွေမှာ ဘယ်လောက်ထိ သေခဲ့မြှပ်နှံခဲ့မယ်ဆိုတာ သတိသံဝေဂ ယူသင့်ပါတယ်။

ဘုရားတွေ ပွင့်တယ်ဆိုတာ သူ့ကမ္ဘာနဲ့သူ ပွင့်တာကို ပြောတာပါ။ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်ပြီး မပြီးမချင်း၊ ကမ္ဘာက မပျက်ပါဘူး။ ကမ္ဘာပျက်ပုံရယ် ဘာကြောင့် ပျက်ရတယ်ဆိုတာရယ်ကိုပေါင်းပြီး ဖြေပါမယ်။ ကမ္ဘာဟာ မီးဖျက်တဲ့ ကမ္ဘာ၊ ရေဖျက်တဲ့ ကမ္ဘာ၊ လေဖျက်တဲ့ ကမ္ဘာလို့ သုံးမျိုးရှိပါတယ်။

လိုချင်တဲ့ လောဘဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီး အငတ်ဘေးဆိုက်တယ်၊ လောဘဓါတ်ဟာ ဒီထက်ပို၍ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မီးလောင်ပြီးပျက်စီးသွားရတယ်။ ကမ္ဘာဖျက်မီးလောင်ရင် မြေကြီးပါ မကျန်အောင် လောင်ကျွမ်းတဲ့အတွက် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မဘုံ နှစ်ဆယ်ထဲက ပထမဈာန် ဗြဟ္မဘုံ ၃ဘုံ ပါသွားတယ်။

စိတ်ဆိုးတဲ့ အမျက်ထွက်တဲ့၊ ရန်ငြိုးဖွဲ့တဲ့ ဒေါသဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီးက လက်နက်ဘေး(စစ်ပွဲဘေး) ဆိုက်တယ်၊ စစ်ပွဲမှန်သမျှဟာ ဒေါသကြောင့် ဖြစ်ရတာချည်းပါ။ ဒီထက် ဒေါသဓါတ်တွေများလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ ရေတွေလွှမ်းမိုးပြီး ပျက်စီးသွားရတယ်။ ရေကြောင့် ကမ္ဘာပျက်ပြီ ဆိုရင် အပ္ပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမဈာန် ဗြဟ္မဘုံ၃ဘုံ နှင့် ဒုတိယဈာန် ဗြဟ္မဘုံ ၃ဘုံ ပျက်စီးသွားပါတယ်။

အမှန်ကိုမသိတဲ့၊ တွေဝေတဲ့ မောဟဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီး ဟာ ရောဂါဘေးဆိုက်တယ်။ အေအိုင်ဒီအက်(စ်)တို့၊ ဆားစ်ရောဂါတို့၊ ကြက်တုပ်ကွေး၊ ၀က်တုပ်ကွေးရောဂါတွေဟာ မောဟဓါတ်ကြောင့် ဖြစ်လာတာပါ၊ ဒီ့ထက် မောဟဓါတ်တွေ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ လေတွေလွှမ်း မိုးပြီး ပျက်စီးသွားရပါတယ်။

လေကြောင့် ကမ္ဘာပျက်ပြီဆိုရင် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမဈာန်ဗြဟ္မာဘုံသုံးဘုံ၊ ဒုတိယဈာန် ဗြဟ္မာဘုံသုံးဘုံ၊ တတိယဈာန်ဗြဟ္မာဘုံသုံးဘုံထိ ပျက်စိးသွားပါတယ်။ ကျန်တဲ့ဗြဟ္မာဘုံ (၁၁)ဘုံကတော့ မီး၊ ရေ၊ လေ ဘာပဲဖျက်ဖျက် မပျက်ဘဲ ကျန်ခဲ့ပါတယ်။ ကမ္ဘာလောကမှာ လူစဖြစ်တယ်ဆိုတာ အဲဒီကျန်ခဲ့တဲ့ ဗြဟ္မာဘုံ(၁၁)ဘုံက ဗြဟ္မာတွေ ဗြဟ္မာသက်ကုန်လို့သေပြီး လူ့ဘ၀ရောက်ရာကနေ စကြတာပါပဲ။

အကျဉ်းချူပ်လိုက်ရင်တော့ ဘာကြောင့်ကမ္ဘာပျက်ရတာလဲ ဆိုရင် လူသားတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေကြောင့်ပါပဲ။ ဒါကြောင့် လောဘကုန်ဖို့ အတွက်

ဒါနများများပြုပါ
ဓူတင် ဆောက်တည်ပါ
အသုဘ ဘာဝနာပွါးပါ
ဝိပဿနာတရား နာကြားရှုပွါးပါ။
ဒေါသကုန်ဖို့ အတွက်
မေတ္တာဘာဝနာအမြဲပွါးပါ။
မောဟကုန်ဖို့အတွက် ရဟန္တာဖြစ်တဲ့အထိ ၀ိပဿနာတရားကို နာကြားရှုပွါးပါ။

http://www.facebook.com/BuddhismBeams

အရှင်သုနန္ဒာလင်္ကာရ
...................................................
http://www.dhammayaungchi.com/2009/09/blog-post_28.html
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

“““ သင် ၏မွေးနေ့ရက် ကပြောသည့် သင့် အကြောင်း ”””

စိတ်ဝင်စားဖို့ ကောင်းပါသည်။ ပထမဦးစွာ သင်၏ မွေးလနှင့်မွေးရက်အား မည်သည့်အကောင်က ကိုယ်စားပြုသည်ကို ရှာဖွေရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင်၏ မွေးနေ့သည် မတ်လ ၂၅ ရက်နေ့ ဆိုပါစို့။ အောက်တွင် ဖော်ပြထားသည့် အချက်များထဲတွင် ရှာဖွေသောအခါ မတ်လ ၂၅ ရက်သည် ကြောင် ဟူ၍ တွေ့ရပါလိမ့်မည်။ ရှင်းလင်းချက်များမှ ကြောင်နှင့်ပတ်သက်၍ ရှင်းပြထားသည့် အချက်များကို ဖတ်ရှုပြီး သင်၏ အမူအကျင့်များ၊ အကျင့်စရိုက်များနှင့် တိုက်ဆိုင်မှုရှိမရှိ စစ်ဆေးနိုင်ပါသည်။ ပျော်ရွှင်ဖွယ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ဇန်န၀ါရီလ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီလ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်

သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ

 
ဝါကျွတ်ကာလ ရောက်ပြီမို့ မင်္ဂလာ ဆောင်မယ့်သူတွေ ဝမ်းသာနေကြ သလို အကြောင်းကြောင့် ကလေး မရနိုင်တဲ့သူ တွေဟာလည်း စိတ်မချမ်းမသာ ဖြစ်နေကြရမှာ အမှန်ပါပဲ။ ကလေးရရှိဖို့
အတွက်လည်း ဖန်ပြွန် သန္ဓေသားနည်း အပါအဝင် နည်းမျိုးစုံနဲ့ ကြိုးစား နေတယ်လို့ သိရပါတယ်။ ဖန်ပြွန် သန္ဓေသားနည်းနဲ့ ကလေး ရရှိအောင် မပြုလုပ်ခင်မှာ သဘာဝအတိုင်း ကလေးရရှိဖို့ ကြိုးစား နိုင်အောင် နည်းလမ်း ကောင်းလေး တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ ကလေး လိုချင်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ အတူတူ နေကြပေမယ့် တစ်နှစ်အတွင်း ကလေး မရရှိနိုင်ခဲ့ရင် မျိုးမအောင်ဘူးလို့ သတ်မှတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ရှိတဲ့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ မျိုးမအောင်ဘူးလို့ သိရပါတယ်။ သဘာဝ နည်းအတိုင်း ကိုယ်ဝန် ရရှိနိုင်ဖို့ လင်မယား နှစ်ဦး စလုံးမှာ တာဝန်ရှိပြီး အောက်ပါ အချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။

၁) ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း
ကလေး ရရှိနိုင်ဖို့ မိမိမှာ ရှိတဲ့ ရောဂါရဲ့ အခြေအနေ တွေနဲ့ မိမိ အသုံးပြုနေတဲ့ ဆေးဝါး တွေပေါ်မှာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေသေချာချာ စစ်ဆေးမှု ပြုလုပ် ရပါမယ်။

၂) မမျိုးဥကြွေချိန်ကို သိရှိခြင်း
သဘာဝ နည်းလမ်းအတိုင်း ကိုယ်ဝန်ရရှိနိုင်ဖို့ အမျိုးသမီး တစ်ယောက် အနေနဲ့ ဓမ္မတာ စက်ဝန်း အကြောင်းကို နားလည်ပြီး မျိုးဥကြွေတဲ့ အချိန်ကို သိရှိဖို့ အလွန် အရေးကြီးပါတယ်။ မမျိုးဥ ကြွေတာဟာ ပုံမှန်အားဖြင့် ဓမ္မတာ စတင် ပေါ်ပေါက်တဲ့ ပထမနေ့ရက်မှ ရေတွက် မယ်ဆိုရင် ၁၄ရက် မြောက်နေ့မှာ ဖြစ်လေ့ရှိတာမို့ ဇနီးမောင်နှံ အနေနဲ့ ဓမ္မတာ စတင် ပေါ်ပေါက်တဲ့နေ့မှ ရေတွက်ရင် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ကြားမှာ လိင် ဆက်ဆံမှု ပြုလုပ်ရင် သဘာဝအတိုင်း ကလေးရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ အမျိုးသမီးတွေရဲ့ ဓမ္မတာစက် ဝန်းဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနား တတ်တာမို့ မမျိုးဥကြွေချိန်ကို တိတိကျကျ တွက်ချက်နိုင်ဖို့ မမျိုးဥ ကြွေချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အောက်ပါ လက္ခဏာ တွေကိုလည်း သိထား သင့်ပါတယ်။

၁။ ပြက္ခဒိန်မှာ မိမိဓမ္မတာ စတင်လာတဲ့ နေ့ရက်ကို မှတ်သားထားပါ။ ဒီလို ပြုလုပ်တာကြောင့် ကလေး ရရှိနိုင်ဖို့ လိင် ဆက်ဆံမှု ပြုလုပ်သင့်တဲ့ အကောင်းဆုံး ရက်ကို ရွေးချယ် နိုင်မှာပါ။

၂။ မိန်းမကိုယ်မှ ဆင်းလာတဲ့ အဖြူရည်ကို စစ်ဆေးပါ။ မမျိုးဥကြွေချိန်မှာ အဖြူရည်ဟာ ပျစ်ချွဲချွဲ မဟုတ်ဘဲ အကြည်ရောင် ဖြစ်နေပြီး ပုံမှန်ထက် အဖြူ ပိုဆင်း တတ်ပါတယ်။

၃။ မိန်းမကိုယ် အတွင်းကို စမ်းသပ် ကြည့်ပါ။ မမျိုးဥကြွေချိန်မှာ သားအိမ် ခေါင်းဝဟာ ပုံမှန်ထက် ပိုပျော့ ပျောင်းပြီး ကျယ်နေတတ်ပါတယ်။

၎။ ဝမ်းဗိုက် အောက်ပိုင်းမှာ ရုတ်တရက် စူးပြီး အောင့်တတ်ပါတယ်။ ဝမ်းဗိုက်မှာ စူးပြီး နာကျင်တာ ဒါမှမဟုတ် ဘောင်းဘီမှာ သွေးအနည်းငယ် စွန်းနေတာဟာ မမျိုးဥကြွေတဲ့ လက္ခဏာပါ။

၅။ ခေါင်းကိုက်တာ၊ လေပွတာ၊ ရင်သား နာကျင်တာ တွေဟာလည်း မမျိုးဥ ကြွေတဲ့ လက္ခဏာ တွေပါ။

၃) Sex အရည်အသွေး ကောင်းမွန်ခြင်း 
Sex အရည်အသွေး ကောင်းမွန် တာဟာလည်း ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ Sex နဲ့လုပ်နေစဉ်မှာ မိန်းမကိုယ်မှ ချောဆီ ဆင်းလာတာဟာလည်း ကလေးရနိုင်ဖို့ အခြေအနေ ပိုများပါတယ်။ ရောက်အောင် ကူးခပ်ဖို့ အကူအညီ ပေးနိုင်လို့ပါ။ ဒါကြောင့် စိတ်ကျေနပ်မှု ရအောင် အချိန်ပေးပြီး Sex ကိစ္စ ပြုလုပ် ရပါမယ်။ ဒါ့အပြင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို နားလည်ရပါမယ်။ လိင်ဆက်ဆံမှုဟာ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား ပြောင်းပြန် အနေအထား (ဥပမာ အမျိုးသမီးက အပေါ်ရောက်နေတာမျိုး) မပြုလုပ် ရပါဘူး။ အမျိုး သမီးက အိပ်လျက် အနေအထားဖြစ်ပြီး တင်ပါးအောက်မှာ ခေါင်းအုံး ခုထားတာဟာ သုက်ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက် နိုင်တဲ့ အကောင်းဆုံး အနေအထားပါ။

၎) Sex လုပ်အပြီး ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် နေခြင်း
သားအိမ်ထဲမှာ ရောက်နှင့်ပြီးသား သုက်ပိုးတွေ အပြင်ကို ပြန်မထွက်သွားဖို့ Sex လုပ်အပြီးမှာ ခန္ဓာကိုယ်ရဲ့ အနေအထား မှန်ကန်ဖို့ဟာလည်း အရေးကြီး ပါတယ်။ လိင်ဆက်ဆံမှု ပြုလုပ်ပြီးပြီးချင်း အိပ်ရာထဲမှာ လဲလျောင်းနေပါ။ ပြုလုပ်ပြီး မိနစ် ၃၀ အတွင်း အိမ်သာကို မသွားဖို့လည်း အရေးကြီးပါတယ်။

၅) ကပ်ပယ်အိတ်ကို အေးအောင်ထားခြင်း
ကလေးရနိုင်ဖို့ အမျိုးသား အနေနဲ့လည်း မိမိရဲ့ သုက်ပိုး အရေအတွက်နဲ့ အရည်အသွေး ကောင်းမွန်ဖို့ လိုအပ်ပါ တယ်။အတွင်းခံ ဘောင်းဘီ ကျပ်ကျပ် ဝတ်မယ့်အစား လေဝင် လေထွက် ကောင်းမွန်နိုင်တဲ့ Boxerဘောင်းဘီ တွေကို ဝတ်ပေးတာကြောင့် သုက်ပိုးတွေ ပျက်စီးမှု မရှိနိုင်အောင် ကာကွယ်နိုင်ပါတယ်။ အဲဒီ ဘောင်းဘီ တွေဟာ ကပ်ပယ်အိတ် အတွင်း အပူချိန် လွန်ကဲမှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် သုက်ပိုးတွေ မပျက်စီးနိုင်လို့ပါ။ ဒါ့အပြင် သုက်ပိုး အရေအတွက် ပုံမှန်ထွက်ရှိအောင် အမျိုးသား တစ်ယောက်အနေနဲ့ သုံးရက်တစ်ကြိမ် သုက်လွှတ်သင့်ပါတယ်။

၆) ကျန်းမာရေးနှင့် ညီညွတ်သော ဘဝ နေထိုင်မှုရှိခြင်း
အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံး အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်မှု ပုံစံရရှိတာဟာလည်း ကလေး ရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆေးလိပ် ဖြတ်ပါ။ အရက် မသောက်ပါနဲ့။ အပြည့်အဝ အနားယူပါ။ သကြား၊ ဂျုံဖြူနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုရည်၊ ကဖင်း၊ အယ်လ်ကိုဟော၊ ထပ်ပြန်ကြော် ဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုမှုန့်၊ ဆိုးဆေးနဲ့  ဆေးသကြားတွေကို ရှောင်ရပါမယ်။ ဒါ့အပြင် ပဲပိစပ်ထုတ် ကုန်တွေဟာ ဟော်မုန်းညီညွတ်မှုကို အနှောင့်အယှက်ပေးပြီး သိုင်းရွိုက် အကျိတ်ရဲ့ လုပ်ငန်း ဆောင်တာကို ချိုးနှိမ်တတ် တာကြောင့် များများ မစားသင့်ပါဘူး။ မျိုးရိုး ဗီဇပြုပြင်ထားတဲ့ အစားအစာတွေ ကိုလည်း ရှောင်သင့် ပါတယ်။ သင်စားတဲ့ အစားအစာတွေဟာ အာဟာရတန်ဖိုး မြင့်မားသင့်ပါတယ်။ ကယ်လိုရီပါဝင်မှု များပြီး အာဟာရ တန်ဖိုးနည်းတဲ့ အစားအစာတွေဟာ ကလေးရလိုသူတွေနဲ့ မသင့်တော်လှပါဘူး။ တချို့ လူတွေက ကလေးရဖို့အတွက် တိရစ္ဆာန်မှ ရရှိတဲ့ အဆီနဲ့ ကိုလက်စထရောများတဲ့ အစာတွေကို ရှောင်ခိုင်း တတ်ကြပါတယ်။ အမှန်မှာတော့ ကိုလက်စထရော အသင့်အတင့်ဟာ ခန္ဓာကိုယ်မှ အဆီတွေကို ချေဖျက်ဖို့နဲ့ လိင်ဟော်မုန်း ထုတ်လုပ်ဖို့ အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အများစုအတွက် လိုအပ်ပါတယ်။

၇) စိတ်ဖိစီးမှုနည်းသော ဘဝကို ရရှိခြင်း
ကလေးရရှိနိုင်ဖို့ နောက်ဆုံးအချက် အနေနဲ့ စိတ်ဖိစီးမှု နည်းပါးတဲ့ ဘဝကို ရရှိဖို့ပါပဲ။ စိတ်ဖိစီးမှုနဲ့ ကိုယ်ဝန် ရရှိတာဟာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိပေမယ့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းက စနစ်တွေ အားနည်း သွားတဲ့အတွက် ခန္ဓာကိုယ် လုပ်ငန်းတွေလည်း လျော့ကျ သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်း တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက် အစိတ်အပိုင်းကို ထိခိုက် နိုင်ပါတယ်။ အမျိုးသမီးတွေမှာ မမျိုးဥ ထွက်ရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း အဆင့်အတွက် ဟော်မုန်းတွေကို ဦးနှောက်မှ ထိန်း ချုပ်ထားပါတယ်။ စိတ်ဖိစီးမှု များလွန်းနေရင် ဓမ္မတာ စက်ဝန်း အတွင်း မမျိုးဥကြွေချိန် နောက်ကျတာ၊ ဒါမှမဟုတ် မမျိုးဥ လုံးဝ မကြွေတာတွေ ဖြစ်တတ်ပါတယ်။ Stress Induced Anovulation လို့ ခေါ်ပါတယ်။

http://www.myawady.net.mm/health/knowledge/item/1733-2012-12-13-12-45-37