“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, August 31, 2012

မယားကျင့်ဝတ် (၅)ပါးနှင့်...မယားဝတ္တရား(၅)

မိန်းမတို့ပြုကျင့်ရမည့် မယားကျင့်ဝတ်(၅)ပါးဆိုတာကတော့....
--(၁) အမှု့ကြီးငယ်ကို ကောင်းစွာ စီရင်ပြုကျင့်ရခြင်း ။
--(၂) နှစ်ဖက်သော ဆွေမျိုးများကို ပေးကမ်း ချီးမြှောက်ရခြင်း ။
--(၃)မိမိလင်မှတစ်ပါး အခြားသောယောက်ကျားတို့နှင့် လွန်ကျူးပြီး မပြုကျင့်ရခြင်း ။
--(၄) ယောက်ကျားကရှာဖွေ စုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်မှုကို ပြုကျင့်ရခြင်း ။
--(၅) အလုံးစုံသော အိမ်မှုကစ္စတို့လိမ္မာပြီး ပျင်းရိမှု မရှိခြင်းတို့ဖြစ်ပါသည် ။
ဒီ(၅)မျိုးသော ကျင့်ဝတ်တို့သည်လင်ရှိမယားများ တသွေမတိမ်း လိုက်နာပြုကျင့်ရမည်ကျင့်ဝတ်များ ဖြစ်ပါသည် ။
         မယားတို့ဝတ္တရာ (၅)ပါး ဆိုတာကတော့...
--(၁) လင့်အပေါ် နှစ်ခြိုက်ဖွယ် ပြုလေ့ရှိပြီး ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း ။
--(၂) ခင်ပွန်းသည် ရိုသေလေးစားအပ်သော အမိ အဖ ရဟန်း သာမဏေများကို အရိုအသေပြုခြင်း ။
--(၃) အိမ်တွင်းမှုတှိုတွင် ကျွန်းကျင်ပြီး မပျင်းမရိ စီမံပြုလုပ်နိုင်ခြင်း ။
--(၄) အစေခံ ကျေးကျွန်တို့ အပေါ်တွင် အခြေနေ အရပ်ရပ်ကို သိရှိကာ ရထိုက်သော အဖို့စုကို ဝေဖန်ပိုင်းခြား ပေးနိုင်ခြင်း ။
--(၅) လင်ယောက်ကျား ဆောင်ယူလာသော ပစ္စည်းဥစ္စာကို မပျက်စီးရအောင် စောင့်ရှောက်နိုင်ခြင်းတို့ဖြစ်ပါသည် ။
    မြန်မာမိန်းကလေးများ မိန်းမကောင်းလေးများ ဖြစ်ဖို့ အထက်ပါအင်ဂါများများနှင့် ပြည့်စုံဖို့လည်း လိုအပ်ပေသည် ။
မိန်းမနှင့် ယောက်ကျား ရင်ဘောင်တန်း ပခုံးချင်းယျဉ်တဲ့ခေတ် ရောက်နေပြီးလို့ ဆိုချင်ဆိုပါစေ..လင်ကလည်း လင့်ကျင့်ဝတ်.မယားကလည်း မယားကျင့်ဝတ်တွေရှိပါတယ်  ဒီကျင့်ဝတ်ဆိုတဲ့ ကိုယ့်တာဝန် ကိုကျေကြရင် လူမှုရေး စီးပွားရေ အိမ်ထောင်ရေးစတဲ့အရေးပေါင်းများစွာဟာ တိုးတက် ဖြောင့်ဖြူးမှာ မလွဲဧကန်ပါပဲ မိတ်ဆွေတို့..။

http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A226554&xgs=1&xg_source=msg_share_post

ငွေကုန်ကျမူ အနည်းဆုံးဖြင့် သင့်ကျောက်ကပ်ကို ဆေးပါ

ကျွန်ပ်တို့ခန္ဓာကိုယ်အတွင်းရှိ ကျောက်ကပ်သည် သွေးများမှ ဆားဓါတ်နှင့် အခြားမလိုလားအပ်သောဓါတ်များ ခန္ဓာကိုယ်အတွင်း မဝင်ရောက်လာနိုင်အောင် စီစစ်ထုတ်ပေးလျက်ရှိပါသည်။အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်တွင်ဓါတ်ဆားများ နှင့်မလိုလားအပ်သော ဓါတ်ဆားများ စုပုံလျက်၇ှိရာ ကျောက်ကပ်အား ဆေးကြောရန်လိုအပ်လာ
ပါသည်။ထိုသို့ကျောက်ကပ်ဆေးကို ဆေးကြောလိုပါက အလွန်လွယ်ကူသောနည်းလမ်း(တရုပ်ရိုးရာ) တစ်ခုရှိပါသည်။ငွေကုန်ကျမူအနည်းငယ်ဖြင့်ဆေးကြောမူပြုလုပ်နိုင်ပါသည်။



ရှေးဦးစွာ တရုတ်နံနံ (Malli leaves or Corriender Leaves) များကို ရေ စင်စင်ဆေးပီး ပဉ္စငါးပါးစလုံး ကို နုပ်နုပ်စင်းကာ သန့်ရှင်းသော အိုးထဲတွင် သန့်ရှင်းသောရေထည့်ပီး ၁၀ မိနစ် ခန့်ပြုတ်ပါ။ အအေးခံပါ သန့်ရှင်းသောပိတ်စဖြင့်စစ်ပါ။ထို့နောက် သန့်ရှင်းသော ပုလင်း သို့မဟုတ်ရေဘူး ထဲ ထည့်ပါ။ ကြာရှည်ခံစေ ရန် ရေခဲသေတ္တာထဲ ထည့်ထားပါကပိုကောင်းပါသည်။



၎င်းတရုတ်နံနံ ဖျော်ရည်ကို တစ်နေ့လျှင် လီတာဝက်ခန့် နေ့စဉ် ဆယ်ရက်ခန့် ဆက်တိုက်သောက် ပေးပါ။ သင် ဆီးသွားသောအခါ ကျောက်ကပ် အတွင်း စုပုံနေသော ဓါတ်ဆားများနှင့် မလိုလားအပ်သောအဆိပ်အတောက်များ ပါသွားသည်ကို သိသာထင်ရှားစွာ မြင်တွေ့ ရပါမည်။သင် ယခင်က မခံစားဘူးသော အခြေအနေကို သိသိသာသာ ခံစားရပါလိမ့်မည်။ကျောက်ကပ် ရောဂါသည် များအနေဖြင့် ၂လ တစ်ကြိမ် ၃ လ တစ်ကြိမ် ဆေးကြောပေးရန်လိုအပ် ပါသည်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1697745&xgs=1&xg_source=msg_share_post

အသက်ရှည်စေဖို့ လွယ်ကူတဲ့နည်းလမ်းများ

(၁) ရေအေးနဲ့ရေချိုးပါ။
London'sBromptonဆေးရုံမှ လေ့လာမှုများအရ ရေအေးနဲ့ရေချိုးတာဟာ သင်ရဲ့နှလုံးနဲ့အဆုတ် လုပ်ဆောင်ချက်ပိုကောင်းမွန်ပြီး
ခုခံအားတွေလည်း ပိုမြင့်မားကာ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။ ရေနွေးနဲ့ရေချိုးအပြီး ရေအေးနဲ့နှစ်
မိနစ်ခန့်ရေချိုးတာဟာ အကောင်းဆုံးလို့ဆိုပါတယ်။
(၂) အိမ်မွေးတိရစ္ဆာန်တွေမွေးပါ။
ခွေးဒါမှမဟုတ်ကြောင်တွေပိုင်ဆိုင်တဲ့မိသားစုတွေမှာစိတ်ဖိစီးမှုလျော့နည်းပြီးကြောင်၊ခွေးတွေမပိုင်ဆိုင်တဲ့မိသားစုတွေထက်ဆေး
ခန်းပြသမှုနည်းတယ်လို့Cambridgeတက္ကသိုလ်မှလေ့လာမှုများအရသိရပါတယ်။အိမ်မွေးတိရစ္ဆာန်တွေကြောင့်သင့်စိတ်ကိုပျော်ရွှင်
စေပြီးစိတ်ဖိစီးမှုနည်းစေတဲ့အတွက်သွေးပေါင်ချိန်လျော့နည်းစေတယ်လို့ဆိုပါတယ်။ခွေးတွေမွေးတာအကောင်းဆုံးဖြစ်ပြီးရေကန်ထဲ
မှာ ရွှေငါးမွေး တာဟာလည်းကျန်းမာရေး အတွက်ကောင်းတယ်လို့ဆိုပါတယ်။
(၃) စစ်တုရင်ကစားပါ။
စစ်တုရင်နဲ့crosswordလိုမျိုးဦးနှောက်လေ့ကျင့်ရတဲ့ကစားနည်းတွေကိုကစားရင်ဦးနှောက်အားသိသိသာသာကောင်းမွန်တယ်လို့
ဆိုပါတယ်။
(၄) လက်ဖက်ရည်ကြမ်း (Green Tea) သောက်ပါ။
ဂျပန်မှလေ့လာသူတွေကလက်ဖက်ရည်ကြမ်း(GreenTea)သောက်သူတွေဟာအသက်ရှည်ပြီးအဆုတ်ကင်ဆာနဲ့လေဖြတ်ရောဂါဖြစ်
နိုင်ချေနည်းတယ်လို့ဆိုပါတယ်။ လက်ဖက်ရည်ဟာသွေးတွင်းကိုလက်စထရောနဲ့ သွေးပေါင်ချိန်လျော့စေလို့ဆိုပါတယ်။
(၅) ဘာသာရေးကိုင်းရှိုင်းပါ။
Edinburghတက္ကသိုလ်မှစိတ်ရောဂါကုဆရာဝန်ကဘာသာရေးကိုင်းရှိုင်းပါကသင်စိတ်ပျော်ရွှင်မှုရစေပြီးအသက်ရှည်စေတယ်လို့
ဆိုပါတယ်။
(၆) ကြိုးခုန်ပါ။
Nottinghamတက္ကသိုလ်မှလေ့လာသူတွေကတစ်နေ့ကိုအကြိမ်၅၀ကြိုးခုန်တဲ့အမျိုးသမီးတွေကအသက်ရှည်ရှည်နေနိုင်တယ်လို့
ဆိုပါတယ်။ကြိုးခုန်တာကြောင့်နှလုံးသန်မာပြီးနှလုံးသွေးကြောရောဂါကိုကာကွယ်ပါတယ်။အရိုးသိပ်သည်းဆလည်းမြင့်မားပြီး
အရိုးပါးရောဂါမှလည်းကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
(၇) လောင်းကစားတာတွေရပ်ပါ။
စိတ်ရောဂါပညာရှင်တွေကသင့်မှာရုပ်ဝတ္တုပိုင်ဆိုင်မှုတွေနည်းလေအသက်ပိုရှည်လေလို့ဆိုပါတယ်။ငွေနဲ့ပျော်ရွှင်မှုကိုဝယ်လို့မရဘူး
ဆိုတာကိုသိထားဖို့လိုပါတယ်။ အရမ်းချမ်းသာသူတွေဟာပိုပြီးငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေဆုံးနိုင်တယ်လို့ စစ်တမ်းများအရ
သိရပါတယ်။ အသက်ရှည်ဖို့အရေးကြီးသော့ချက်ဖြစ်တဲ့အကောင်းမြင်ဝါဒကိုကျင့်သုံးပါ။

Credit: myanmarchatonline.orgမှကူးယူတင်ပါသည်...

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A454928&xgs=1&xg_source=msg_share_post

စကားပြောခြင်း အတတ်ပညာ (၁၀) ချက်

အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။
အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက်ကို သေသေချာချာ လေ့လာပြီး မိမိကိုယ်ကို လေ့ကျင့် သင့်ပေသည်. . . .။
၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။
၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
၎။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။
အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။
(သီတဂူဆရာတော်၏ တရားတော်တစ်ခုထဲမှ ထုတ်နှုတ်တင်ပြပါသည်။) သူငယ်ချင်းများ အတွက် ဝေမျှလိုက်တာပါ။


http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A456022&xgs=1&xg_source=msg_share_post

လေနဲ့မောင်းမဲ့ကား ပေါ်လာပြီတဲ့

 
အိန္ဒိယကားကုမ္မဏီ တာတာ မှ ကားသစ်တစ်မျိုး ဖန်တီးလိုက်ပါတယ်။ တီထွင်မှုကို ဗြိတိန်မှာ ပြုလုပ်တာ ဖြစ်ပါတယ်။

ဘာအင်ဂျင်မှ မလိုပဲ လေနဲ့မောင်းမှာ ဖြစ်ပါတယ်။ လေအိုးမှ ဖိအားနဲ့ သိပ်ထားတဲ့ လေကိုအသုံးပြုပြီး ဘီးတွေကို ရွေ့ စေမှာ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၅၀ အမြန်ဆုံး မောင်းနှင်နိုင်ပါမယ်။ လေတိုင်ကီထဲမှာ လေ ၁၇၅ လီတ သိပ်ထည့်ထားပါမယ်။ ယင်း Compressed Air ဟာ ကားကို ၁၂၅ မိုင်စာ မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို Airpod concept car လို့အမည်ပေးထားပါတယ်။ ၁၂၅ မိုင်မောင်းနှင်ပြီးနောက် နောက်ထပ် မောင်းနှင်ဖို့ လေကို ဘယ်လိုထပ်ဖြည့်ရမယ်ဆိုတာကတော့ တာတာ အတွက် ခေါင်းရှုပ်စရာ ဖြစ်နေပါတယ်။ လျှပ်စစ်ကားဆိုရင် ဘက်ထရီတစ်လုံးဆောင်သွား အိုကေပေမယ့် လေအိုးကျတော့ ဘယ်လိုမှ ဆောင်မရ ဖြစ်နေပါတယ်။ ဒါကြောင့် အပြင်က အလိုအလျောက်ရနေတဲ့ လေကို အိုးထဲ သိပ်ထည့်နိုင်တဲ့ (Compressed) လုပ်ပေးနိုင်တဲ့ System သာ ပေါင်းစပ်ပေးလိုက်ရင် တီထွင်မှု အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် မကြာမီကာလမှာ ကြိမ်းသေထွက်လာတော့မယ့် Airpod ကားအတွက် တာတာက ဈေးနှုန်းတောင် သက်မှတ်လိုက်ပါပြီ။ အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဘီးသုံးဘီးပါပြီး လူ ၃ဦး စီးနိုင်တဲ့ ယင်းကားကို ဥရောပ၊ အမေရိက၊ အာရှ ကမ္ဘာတစ်လွှား ဖြန့်ချိနိုင်ဖို့ တာတာမှ မျော်မှန်ထားပါတယ်။

ကားအလုပ်လုပ်ပုံ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက်ကြည့်ရှနိုင် ပါတယ်။

http://youtu.be/0RBl1LFUQ4c
 
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1414089&xgs=1&xg_source=msg_share_post




အမျိုးသားများအတွက်အန္တရာယ်အကြီးဆုံးငါး

  Photo: အဏ္ဏဝါ ရေပြင်တွေမှာ အင် မတန် ထူးခြား ဆန်းပြားတဲ့ ငါးတွေရှိ တယ် ဆိုတာကို အားလုံးသိပြီးသားပါ။ အခုလည်း အဲဒီလို ထူးခြားတဲ့ ငါးတစ် မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ်ချထားရပါပြီ။ အရင်တ လောတုန်းက ပါးပူးဝါးနယူးဂီနီ ငါး ဖမ်းသမားနှစ်ဦးကို သေဆုံးစေခဲ့တဲ့ Pacu ငါးတစ်ကောင်ကို အဲဒီရေကန်မှာ ဇူလိုင် (၇) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါ တယ်။ အဲဒီ Pacu ငါးက သေဆုံးသွား တဲ့ ငါးဖမ်းသမား (၂) ယောက်ရဲ့ ဝှေးစေ့တွေကို ကိုက်ဖြတ်ခဲ့တာပါ။ ဒါ ကြောင့် သွေးထွက်လွန်ပြီး သေဆုံးကြ တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ပိုင်း Pacu ငါးတွေကို အမျိုးသား လိင် အင်္ဂါတွေကို စားတဲ့ငါးတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့မှာ မာ ကျောချွန်ထွက်တဲ့ သွားတွေရှိတာ ကြောင့် သားကောင်ကို အလွယ်တကူ ကိုက်ဖြတ်ဝါးစားနိုင်ပါတယ်။ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “Lou Yaeger ရေကန်မှာPacu ငါး တစ် ကောင်တွေ့တယ်ဆိုတဲ့ သတင်းကြား လိုက်တော့ အားလုံးတုန်လှုပ်သွားခဲ့ကြ ပါတယ်။ သူတို့ကြောင့် ငါးဖမ်းသ မားနှစ်ဦး ရုပ်ပျက်ဆင်းပျက် သေသွား တာကိုလည်း ကျွန်မတို့ သိထားပါပြီ။ အမျိုးသားတန်စာမှန်း မသိကြပေမယ့် သူတို့က အဲဒီနေရာကိုမှ ရွေးကိုက်ကြ တာပါ။ အတော်လေး ကြောက်စရာ ကောင်းပါတယ်"လို့ ပြောကြားခဲ့ပါ တယ်။ <a href=
အဏ္ဏဝါ ရေပြင်တွေမှာ အင် မတန် ထူးခြား ဆန်းပြားတဲ့ ငါးတွေရှိ တယ် ဆိုတာကို အားလုံးသိပြီးသားပါ။ အခုလည်း အဲဒီလို ထူးခြားတဲ့ ငါးတစ် မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ်ချထားရပါပြီ။ အရင်တ လောတုန်းက ပါးပူးဝါးနယူးဂီနီ ငါး ဖမ်းသမားနှစ်ဦးကို သေဆုံးစေခဲ့တဲ့ Pacu ငါးတစ်ကောင်ကို အဲဒီရေကန်မှာ ဇူလိုင် (၇) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါ တယ်။

အဲဒီ Pacu ငါးက သေဆုံးသွား တဲ့ ငါးဖမ်းသမား (၂) ယောက်ရဲ့ ဟာတွေကို ကိုက်ဖြတ်ခဲ့တာပါ။ ဒါ ကြောင့် သွေးထွက်လွန်ပြီး သေဆုံးကြ တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ပိုင်း Pacu ငါးတွေကို အမျိုးသားများရဲ.အင်္ဂါကို စားတဲ့ငါးတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့မှာ မာ ကျောချွန်ထွက်တဲ့ သွားတွေရှိတာ ကြောင့် သားကောင်ကို အလွယ်တကူ ကိုက်ဖြတ်ဝါးစားနိုင်ပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “Lou Yaeger ရေကန်မှာPacu ငါး တစ် ကောင်တွေ့တယ်ဆိုတဲ့ သတင်းကြား လိုက်တော့ အားလုံးတုန်လှုပ်သွားခဲ့ကြ ပါတယ်။ သူတို့ကြောင့် ငါးဖမ်းသ မားနှစ်ဦး ရုပ်ပျက်ဆင်းပျက် သေသွား တာကိုလည်း ကျွန်မတို့ သိထားပါပြီ။ ဘယ်နေရာဘာဆိုတာငါးတွေက မသိကြပေမယ့် သူတို့က အဲဒီနေရာကိုမှ ရွေးကိုက်ကြ တာပါ။ အတော်လေး ကြောက်စရာ ကောင်းပါတယ်"လို့ ပြောကြားခဲ့ပါ တယ်။

ကိုယ်တွင်းအဆိပ်များ ဖယ်ရှားသောနည်းဖြင့် ကိုယ်အလေးချိန် လျှော့ချရအောင်

 ကိုယ်အလေးချိန် တက်တာနဲ့ ခန္ဓာကိုယ်တွင်း အဆိပ်ရှိတာအကြား ဆက်စပ်မှု ရှိနေတတ်ပါတယ်။  အဆိပ်တွေက အဆီဆဲလ်တွေထဲမှာ သိုလှောင်နေတာကြောင့် ခန္ဓာကိုယ်က အဆိပ်တွေ ပိုရှိလေလေ၊ အဆိပ်တွေကို သိုလှောင်ဖို့ အဆီတွေကို ပိုမို ထုတ်လုပ်ရလေလေ ဖြစ်ပါတယ်။ ဒါကြောင့် အဆီဆဲလ်တွေထဲမှာ စုပုံနေတဲ့ အဆိပ်တွေ လျော့ကျအောင် လုပ်ဆောင်တဲ့နည်းဟာ အဆီဆဲလ် ပမာဏကို လျော့နည်းစေသလို ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ပါတယ်။
 ရေသောက်ပါ
 ရေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါပြီး ခန္ဓာကိုယ် အလေးချိန်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ရေတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်တိုင်းဟာ အသက်ရှင်ဖို့ရာ အတွက် ရေကို မှီခိုနေရပါတယ်။ ရေဟာ ဆဲလ်တွေဆီကို အာဟာရဓာတ်တွေ သယ်ဆောင်ပေးသလို ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေထဲက အဆိပ်တွေ ထွက်ရှိဖို့လည်း ကူညီနိုင်ပါတယ်။ ရေအနည်းငယ်ပဲ သောက်ရင် ရေဓာတ် ခန်းခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ ချွေးထွက်တာနဲ့ ဆီးသွားတာတွေကြောင့် နေ့စဉ် ရေဓာတ်ဆုံးရှုံး နေတတ်ပါတယ်။ ဒီလို ဆုံးရှုံးမှုကို ပြန်လည် အစားထိုးနိုင်အောင် ရေကို များများ သောက်ပေးရပါမယ်။
 လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ
 သွေးစီးဆင်းမှု ကောင်းမွန်တာက ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေဆီ ရေစီးဆင်း ရောက်ရှိမှုကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အဆီတွေကို လောင်ကျွမ်းစေရုံ သာမက ချွေးထွက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစင်သွားစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိဖို့ နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် နှလုံးခုန်နှုန်း မြန်စေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေကာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
 ရှောင်သင့်သော အစားအသောက်များကို ရှောင်ပါ
 ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူးနဲ့ အခွံချွတ်ထားတဲ့ သကြားပါ မုန့်တွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အကြောင်းကတော့ ကာဗိုဟိုက်ဒရိတ်က လောင်ကျွမ်းနှုန်း လွယ်စေပြီး စွမ်းအင်အဖြစ် ပြောင်းလဲ သွားနိုင်တာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းမယ့်အစား ကာဗိုဟိုက်ဒရိတ်ကိုပဲ လောင်ကျွမ်းစေလို့ပါ။ ကာဗိုဟိုက်ဒရိတ် အပိုတွေက အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာ စုနေပါလိမ့်မယ်။
 ဟင်းသီးဟင်းရွက် များများစားပါ
 အရောင်နဲ့ အမျိုးအစားက ဘယ်လိုပဲ ဖြစ်ဖြစ် နေ့စဉ်နေ့တိုင်း ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အစိမ်းကို ချက်စားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက အလွယ်တကူ ကြေညက်လွယ်သလို ဗိုက်လည်း ပြည့်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။
 ငါးစားပါ
 အနီရောင်အသားကို လျှော့စားဖို့ ကြိုးစားပါ။ ကြက်သားကို စားပေးနိုင်သလို အထူးသဖြင့် ငါးကို အဓိက စားပေးသင့်ပါတယ်။ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေကာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ငါးဟာ ခန္ဓာကိုယ်ကို ပရိုတင်းဓာတ် ဖြည့်တင်းပေးတာကြောင့် ကြာကြာ ဗိုက်ပြည့်စေပါတယ်။
 ပဲအမျိုးမျိုး စားပါ
 ကုလားပဲ၊ ပဲနီလေးနဲ့ ပဲတီစိမ်း စတဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တို့ များများ ပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာပါတဲ့ အမျှင်ဓာတ်ဟာ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေရုံ သာမက အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ပဲအမျိုးမျိုးမှာ အဆီဓာတ် ပါဝင်မှုနည်းပြီး အင်ဆီအောက်ဆီးဒင့် ပါဝင်တာကြောင့် အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။
 အခွံမာသော အစေ့အဆန် စားပါ
 အခွံမာတဲ့ အစေ့အဆန်တွေမှာ ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ဆာလောင်မှု မဖြစ်စေဘဲ နှလုံးကိုလည်း အကာအကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ လေ့လာမှုအရ အခွံမာတဲ့ အစေ့အဆန်ကို ပုံမှန်စားတဲ့ သူတွေဟာ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို လျော့ကျစေတယ်လို့ သိရပါတယ်။
 အရက်ရှောင်ပါ
ခန္ဓာကိုယ်ထဲ အဆိပ်တွေ ချေဖျက်နေစဉ် အရက်ကိုလည်း ရှောင်ရပါမယ်။ အယ်လ်ကိုဟောဟာ ဆီးသွားစေတဲ့ အာနိသင်ရှိပြီး ခန္ဓာကိုယ်ကို ရေဓာတ် ခန်းခြောက်စေပါတယ်။ အယ်လ်ကိုဟောဟာ အသည်းရဲ့ အစာကို ချေဖျက်နိုင်စွမ်းနဲ့ အရေးကြီး အာဟာရဓာတ်တွေ စုပ်ယူနိုင်စွမ်းကို တားဆီးပေးပါတယ်။ အသည်းဟာ အယ်လ်ကိုဟောကို အဓိက ချေဖျက်နေရလို့ပါ။


Source: http://www.yatanarpon.com.mm/news/review-56491