“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, February 6, 2013

ဆောင်းအကုန် နွေအကူး စပ်ကူးရာသီကြားမှာ ဂျင်း (သို့ ) ဂျင်းသုပ်များကို စားဖြစ်အောင်စားပေးပါ

Photo: ဆောင်းအကုန် နွေအကူး စပ်ကူးရာသီကြားမှာ ဂျင်း (သို့ ) ဂျင်းသုပ်များကို စားဖြစ်အောင်စားပေးပါ 
======================================================

 ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ဂျင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။ 

အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။

http://www.facebook.com/mg.mandalay

အတူတူမအိပ်သင့်တဲ့ အရာ(၅)မျိုး

Photo: "အတူတူမအိပ်သင့်တဲ့ အရာ၅မျိုး"

ဆောင်းပါးရှင်- ရွှေအိမ်စည်

မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့ အရာ၅မျိုးအကြောင်းကို ဧဒင်ဥယျာဉ်ငြိမ်းချမ်းဆီ ကဖတ်ပြိးမျှဝေလိုက်ပါတယ်...ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်

၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါ နာရီကို ချွတ်ပြီးအိပ်ကြပါ..

၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ

ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်

တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး

ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းမများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ....တဲ့ 
မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့ အရာ၅မျိုးအကြောင်းကို ဧဒင်ဥယျာဉ်ငြိမ်းချမ်းဆီ ကဖတ်ပြိးမျှဝေလိုက်ပါတယ်.. .ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်

၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွ ထုတ်လွှင့်မှု အတော်မြင့်မားပါတယ်... နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါ နာရီကို ချွတ်ပြီးအိပ်ကြပါ..

အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ

ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်

တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး ၀က်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်.... အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းမများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ....တဲ့ 

အပင်များ တစ်သက်လုံး အသက်ရှင် စေမည့် နည်းလမ်းနဲ့ ဆေးပညာကို တွေ့ရှိ

ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့ ကြိုးစား ဖန်တီး နိုင်ခဲ့မှုကြောင့် ဖြစ်ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင် မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရ ပါတယ်။
စမ်းသပ်မှုကိုတော့ ဆေးရွက်ကြီးပင်နဲ့ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အသက်ရှင် နေသေးတာကို မြင်တွေ့ ရပါတယ်။ သာမန်ဆိုရင် လေးလထက် ပိုမရှင်တဲ့ ဆေးရွက်ကြီးဟာ ယခုဆိုရင် ၈ နှစ်မက အသက်ရှင် နေပြီး ဖြစ် ပါတယ်။ ဆက်လက်လည်း ကြီးထား၊ ရှင်သန်နေပြီး ၂ မီတာ ဝန်းကျင် လောက်ထိကို မြင့်ပါတယ်။ အပင်ကတော့ သာမန်အတိုင်း ပါပဲ။ ဘာ ဇီဝ ပြောင်းလဲမှုမှ မဖြစ်ပါဘူး။
အပင်ရဲ့ ဟောင်းနွမ်းပြီး ကြွေကျသွားတဲ့ အရွက်တွေ နေရာအစား အရွက်သစ်များ ပြန်လည် ပေါက်ဖွားဖို့ ပင်စည်ကလည်း ကောင်းကောင်း အလုပ် လုပ်နေပါတယ်။ ဆက်လက်လည်း ရှင်သန် နေအုံးမှာကို လေ့လာ တွေ့ရှိ ခဲ့ပါတယ်။ ဒီအတွက် ၎င်းတို့ ကြိုးစား ဖန်တီးခဲ့တဲ့ ဇီဝ နည်းပညာနဲ့ ဆေးပညာကို အသုံးပြုလို့ စိုက်ပျိုးရေး နယ်ပယ်မှာ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု နိုင်ရင် သက်ရှိမျိုးသုန်းမှု တစ်ခုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ပြီး လူသား အတွက်လည်း အကျိုးပြုပါတယ်။
ဂျပန်မှာ ဆိုရင်လည်း တစ်သက်လုံး မသေနိုင်မယ့် အာလူးပင် မျိုးကို ကြိုးစား စိုက်ပျိုးနေပြီး သက်ရှင် အပင်ပြီးရင် သက်ရှိ လူသားအထိ အဆင့်ဆင့် ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

http://www.myawady.net.mm/health/knowledge/item/6300-2013-02-06-12-32-25#.URKBlfJbQdV

♣ သတိတရား လက်ကိုင်ထား အမှန်တရားရမည်သာ ♣

Photo: ♣ သတိတရား လက်ကိုင်ထား အမှန်တရားရမည်သာ ♣
==============================

♠ တာဝန်သိမှ လူပီသ
♠ ထာဝစဉ်မခွဲခြား လူတန်းစား
♠ လူဆိုလျှင်
♠ မုဒိတာပွား ကျင့်ဝတ်များ
♠ ပြုံးပါမနှေး လူမှုဆက်ဆံရေး
♠ အသိနှင့်ယှဉ် သတိနှင့်ပြင်

တာဝန်သိမှ လူပီသ
---------------------

* အစာရေစာငတ်ပြတ်နေသူအား တတ်နိုင်သမျှကျွေးမွေးပါ.။
* အ၀တ်အစားမရှိသူအား အ၀တ်အစားဆင်မြန်းပေးပါ.။
* အရိပ်အာဝါသ မရှိသူအား အရိပ်အာဝါသ ရရှိစေရန် ကူညီပေးပါ.။
* တရားသဖြင့် လာရောက်တောင်းခံသူအား တတ်နိုင်သမျှ ကူညီပါ.။

ထာဝစဉ် မခွဲခြား လူတန်းစား
-------------------------------

လူသားအားလုံးသည် ကမ္ဘ့ာအိမ်ထောင်စုဝင်တွေပါ..
* လူသားအချင်းချင်း အဆင့်အတန်းမခွဲခြားပါနှင့် ၊ ဆင်းရဲချမ်းသာ မခွဲခြားပါနှင့်.။
* အသားအရောင် မခွဲခြားပါနှင့်.။
* လူမျိုးဘာသာကို အခြေခံပြီး ခွဲခြားဆက်ဆံမှု မပြုပါနှင့်.။
ဘာသာတရားတိုင်းသည် လူသားအားလုံးကို ကောင်းရာသို့သာ ညွှန်ပြသည်.။
* အသားဖြူသူကလည်း အသားမဲသူထက် မမြင့်မြတ်ပါ.။
* အသားမဲသူကလည်း အသားဖြူသူထက် မနိမ့်ကျပါ.။
* ကျင့်ဝတ်သိက္ခာစောင့်ထိန်းသူသာ အမြင့်မြတ်ဆုံးလူပါ.။
* မတည်မြဲတဲ့ သင်္ခါရသဘောတရားကို နှလုံးသွင်းကာ စစ်မှန်တဲ့လူအဖြစ်နှင့် လူ့လောကမှ ခွဲခွာခြင်းဟာ အကောင်းဆုံးသော လူသားပါ.။

လူဆိုလျှင်
-----------

* ကိုယ်ချင်းစာတရား ထားတတ်ပါ.။
* လူကိုလူလို မြင်တတ်ပါ.။
* သနားကြင်နာစိတ် မွေးမြူပါ.။
* ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပါ.။
* တစ်ပါးသူအား အထင်မသေးပါနှင့်.။

မုဒိတာပွား ကျင့်ဝတ်များ
--------------------------

* လူတိုင်းအပေါ် စေတနာကောင်းထားပါ.။
* ခုနစ်ရက်သားသမီးများနှင့် ဝေနေယျသတ္တ၀ါအပေါင်းတို့အပေါ် မေတ္တာပို့သလျက်ရှိနေပါ.။
* လူတိုင်းအပေါ် အကောင်းမြင်ဝါဒနှင့်မြင်ပါ.၊ အဆိုးမြင်ဝါဒအား ဖျောက်ဖျက်ပါ.။
* လူတိုင်းအတွက် တိုးတက်အောင်မြင်နေမှုကို လိုလားပါ.၊ မနာလိုဝန်တိုမှုကို ရှောင်ရှားပါ.။
* ဘ၀င်မြင့်မှုကို ရှောင်ပြီး ဘ၀မြင့်အောင် ကြိုးစားပါ.။

ပြုံးပါမနှေး လူမှုဆက်ဆံရေး
------------------------------

* လူတိုင်းအား ပြုံးရွှင်စွာ ဆက်ဆံပါ ၊ လူတိုင်းက အသင့်အားပြုံးရွှင်စွာ ဆက်ဆံပါလိမ့်မည်.။
* နေရာတိုင်းမှာ မိမိကိုယ်ကို နှိမ့်ချနေထိုင် ဆက်ဆံမှုပြုပါ.၊ အသင့်အား လူတိုင်းက ချစ်ခင်လေးစားပါလိမ့်မည်.။
* အခွင့်အရေးပေးတတ်သူအဖြစ် သင်ကျင့်ကြံနေထိုင်ပါက လူတိုင်းက အသင့်အား အခွင့်အရေးပေးကာ အလေးထားဆက်ဆံပါလိမ့်မည်.။
* ရွှေဂုဏ် ၊ မျိုးဂုဏ် ၊ ရာထူးဂုဏ်ဖြင့် မောက်မာရင့်သီး ရိုင်းစိုင်းစွာဆက်ဆံပါက အသင့်အား မုန်းကြောက်ရိုသေမှုနဲ့သာ ပြန်လည်ဆက်ဆံပါလိမ့်မည်.။
* ပြုံးရွှင်စွာ ဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး ရင့်သီးရိုင်းစိုင်းစွာ ဆက်ဆံခြင်းသည် လူ့ကျင့်ဝတ်ဖြင့် ဆန့်ကျင်ဘက်ဖြစ်သည်.။

အသိနှင့်ယှဉ် သတိနှင့်ပြင်
----------------------------

* တစ်နေ့သေရမည် ဆိုတဲ့ အသိရှိပါလျက် တမလွန်ဘ၀အတွက် ကောင်းမှုကုသိုလ်ပြုရန် သတိမမေ့ပါနဲ့.။
* တစ်နေ့သေရမည် ကိုသိပါလျှက် တဖက်သားအပေါ် မတရားညှဉ်းပန်းနှိပ်စက်မှု မပြုမိရန် သတိရှိပါ.။
* တစ်နေ့သေရမည် ကိုသိပါလျှက် တစ်ပါးသူ၏ဥစ္စာပစ္စည်းကို မတရားရယူခြင်း မပြုမိရန် သတိရှိပါ.။
*တစ်နေ့သေရမည် ကိုသိပါလျှက် မတည်မြဲတဲ့ သင်္ခါရလူ့လောကပြီးကို ခင်မင်တွယ်တာပြီး အပျော်အပါးတွေနဲ့ အချိန်မဖြုန်းမိစေရန် သတိရှိပါ.။
* တစ်နေ့သေရမည် ကိုသိပါလျှက် မိဘ ၊ ဆရာသမား ၊ကျေးဇူးရှင်များအား အစဉ်တစိုက် ဂါဝရတရား ရှေ့ထားဆက်ဆံရန် သတိရှိပါ.။♠ တာဝန်သိမှ လူပီသ

* တစ်နေ့သေရမည် ကိုသိပါလျှက် မိဘ ၊ ဆရာသမား ၊ကျေးဇူးရှင်များအား အစဉ်တစိုက် ဂါဝရတရား ရှေ့ထားဆက်ဆံရန် သတိရှိပါ.။

တီဗီ ၁ နာရီ ကြည်တိုင်း အသက် ၂၂ မိနစ်တို

ထူးထူးခြားခြား လေ့လာ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင် များက စစ်တမ်း အရ ရှာဖွေ တွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီ ပတ်လုံး ထိုင်ကြည့်တဲ့ အခါ ကိုယ်လတ် လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီ တက်စေ ပါတယ်။ ကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းမှု အားနည်းပြီး သွေးကြော ပိတ်ခြင်း၊ သွေးကြော ကျဉ်းခြင်း၊ Fatty acid တိုးခြင်းတို့ ဖြစ်စေ ပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက်တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝ လောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင်မှု နှေးကွေးပြီး အကြော အားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီ ထိုင်ကြည့် လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီ မကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်း သွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာ တွေ့ရှိခဲ့ပါတယ်။
ကွန်ပျူတာ အသုံးပြု အလုပ်လုပ် သူတွေထက် တီဗီ ကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြု လုပ်ကိုင် သူများကလည်း ကိုယ်လက် လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ရုံးချိန် ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်း ကလည်း တီဗီကြည့်သူနဲ့ မထူး မခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တို နိုင်ကြောင်း သိရပါတယ်။
Ref: medic-facts
http://www.myawady.net.mm/health/knowledge/item/6297-2013-02-06-12-27-50#.URKBOPJbQdV

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု

Photo: မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု

06 February 2013  |     By ရိုးရာလေး 

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခုမြန်မာနိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်ချက်တွေကို သိရှိသူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်း တစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီဂဏန်းတွေ ဟာ မိမိဖုန်းရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံး သွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။

Ref By - http://www.maukkha.org 

Credit to : ရိုးရာလေး 
https://www.facebook.com/excellencemedia

အေးချမ်းမွန်

Ref By - http://www.maukkha.org/

Credit to : ရိုးရာလေး
https://www.facebook.com/excellencemedia

အေးချမ်းမွန်

မိန်းကလေးများ သတိထားရမယ့် Valentine Day

Photo: ချောကလက်နဲ့ပတ်သတ်ပြီး သိထားသလောက်ကတော့ချောကလက် အနည်းငယ် စားတာဟာ ခန္ဓာကိုယ်ထဲက ခံစားမှုကောင်းစေတဲ့
အန်ဒေါ်ဖင်ဟော်မုန်းတွေ ထွက်ရှိနိုင်တာကြောင့် စိတ်ဖိစီးမှုလျော့ပါးစေတယ်တဲ့
သို့ပေမယ့်လည်းဖတ်ဖူးတာလေးကရှိနေတော့ လာမယ့်ဗယ်လင်တိုင်း မှာ ချောကလက်စားကြမယ့်လူငယ်တွေအတွက် အထူးသဖြင့်ညီမငယ်တို့အတွက်ရင်လေးမိပါတယ်..

တရားမဝင်ဝင်ရောက်လာသော ဖိုမစိတ် နိုးကြွစေသည့် ကော်ဖီ၊ ချောကလက်နှင့် ဆေးများ ရောင်း ချသူများအား ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူတော့မည် ဖြစ်ကြောင်း သက် ဆိုင်ရာမှ သတင်းရ ရှိသည်။

လူငယ်များအကြားတွင် မှား ယွင်းစွာ အသုံးချနိုင်သော၊ ဖိုမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီ မစ်များ၊ ဆေးဝါးများ၊ ချောကလက်များအား သက်ဆိုင်ရာမှ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲ ခြင်းစသည် တို့ကို တွေ့ရှိပါက ပြစ် မှုကြောင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ယင်းဖိုမစိတ်ကြွ ကော် ဖီမစ်များမှာ ဈေးနှုန်း ပေါခြင်းနှင့် အာနိသင်မှာ သောက်မိပါက ဖိုမသဘာဝစိတ်ကိုလှုံ့ဆော် စေနိုင်ကြောင်း သိရ သည်။
ချောကလက်နဲ့ပတ်သတ်ပြီး သိထားသလောက်ကတော့ချောကလက် အနည်းငယ် စားတာဟာ ခန္ဓာကိုယ်ထဲက ခံစားမှုကောင်းစေတဲ့