“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, December 30, 2012

ဒေါသ ကင်းရေး (၁၀) ချက်ဆေး

ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ အကြံပြုချက်တွေတော့ ရှိပါတယ်။

တစ်ယောက် ယောက်က သင့်ကို ကားလမ်းကြောင်း ပိတ်လိုက်တဲ့အခါ သင့်ကိုယ်သင် ဒေါသထွက်တာ ခံစားဖူး ပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့ အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား။ ဒေါသဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှု တစ်ခုပါပဲ။ ဒါပေမယ့် အကောင်းမြင်ပြီး တိုးတက်မှု ဖြစ်စေတဲ့ နည်းလမ်းကို ဘယ်လို သိနိုင်ပါ့မလဲ။ ထိန်းချုပ်မှု မရှိတဲ့ ဒေါသဟာ ဆိုးရွားတဲ့ စိတ်ခံစားမှုကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တခြား သူစိမ်းတွေနဲ့ ဒေါသ ဖြစ်စရာ တစ်ခုခု ဖြစ်လာရင် ဒေါသ ကင်းဝေးရေး အတွက် လုပ်ရမယ့် ပင်ကိုယ် စွမ်းရည်ကို အသုံးချဖို့ အချိန် ရောက်ပြီဆိုတာ သိဖို့ လိုပါတယ်။ ဒေါသ ကင်းရေး ၁၀ ချက်ဆေးဟာ သင့်ရဲ့ ဒေါသတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်မယ့် နည်းလမ်း အဖြစ် အသုံးပြုဖို့ မျှော်လင့်ပါတယ်။

(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။

(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။

(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကိုမသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ ကာလ လှုပ်ရှားမှု လုပ်တာဟာ သင့်ရဲ့ စိတ်လှုပ်ရှားမှု တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာ သေချာ ပါတယ်။ အထူးသဖြင့် ဒေါသ ပေါက်ကွဲလုဆဲဆဲ အချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်း ပါတယ်။ အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်၊ ဒါမှမဟုတ် ပြေးလိုက်၊ ဒါမှမဟုတ် ရေကူးလိုက်၊ ဒါမှ မဟုတ် အလေးမလိုက်ပါ။

(၅) တစ်ခုခုမပြောခင် အသေအချာ စဉ်းစားပါ။ မစဉ်းစားမိဘဲ ပြောမိမယ်ဆိုရင် ဝမ်းနည်း စိတ်ထိခိုက်လာပြီး ရန်များဖို့ ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ သင်ပြောချင်တာကို လက်ရေးနဲ့ ချရေးလိုက်ပါ။ ဒီလို လုပ်လိုက်တာနဲ့ ပြဿနာ တွေကို ပြီးအောင် လုပ်နိုင်ပြီး ဒေါသ ထွက်တဲ့အခါ လမ်းကြောင်း ပြောင်းတဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပါ။

(၆) ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ သင့်စိတ်ကို ကယောက် ကယက် လုပ်တဲ့အပေါ် အာရုံစိုက်မဲ့အစား၊ အဓိက ပြဿနာကို ဖြေရှင်း ဆုံးဖြတ်ဖို့ ဒေါသ ထွက်အောင် လုပ်တဲ့သူနဲ့ အဆင်ပြေအောင် လုပ်ကြည့်လိုက်ပါ။

(၇) ပြဿနာကို ထုတ်ဖော်တဲ့ အခါမှာ ‘ကျွန်တော်၊ ကျွန်မ’ ဆိုပြီး သုံးနှုန်း ပြောဆိုပါ။ ဒီလို သုံးနှုန်း ပြောဆို လိုက်တာနဲ့ ဝေဖန်တာတို့၊ အပြစ်တင်တာ တို့ကို ရှောင်ကြဉ်နိုင်မှာပါ။ သူတစ်ပါးကို ဒေါသ ဖြစ်အောင်လုပ်တာ၊ ဒါမှ မဟုတ် မကျေမချမ်း အောင် လုပ်တာတွေကို ရှောင်ရှား နိုင်မှာပါ။ စိုးရိမ် ပူပန်မှု၊ အားပြိုင်မှုတွေ မရှိလာ နိုင်တော့ပါဘူး။ ဥပမာ- ‘ကျွန်တော့် အိမ် အလုပ်တွေကို ခင်ဗျား တကယ် ကူညီ သင့်တယ်ဗျာ ’ လို့ ပြောမယ့်အစား ‘ကျွန်တော် စိတ်မချမ်းသာဘူးဗျာ .. ဒီညနေကျတော့ အိမ် အလုပ်တွေကို ခင်ဗျား ကူညီပေးနိုင်မှာ မဟုတ်ပါဘူး’ လို့ ပြောလိုက်တာမျိုးပေါ့။

(၈) သဝန်တို၊ မနာလိုတာတွေ မလုပ်ဖို့ပါ။ တကယ်လို့ သူတစ်ပါးကို ခွင့်လွှတ်နိုင်ရင် နှစ်ဦးစလုံး အတွက် အဆင်ပြေမှာပါ။ သင်လိုချင်တဲ့ အတိုင်း လူတိုင်းကို အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်ထားတာ သဘာဝ မကျပါဘူး။

(၉) စိတ်ဖိစီးမှုကို ရယ်စရာ ဟာသလုပ်ပြီး ချေဖျက် ပစ်လိုက်ပါ။ ရယ်စရာ လုပ်ပြစ်လိုက်ခြင်းဟာ စိတ်ပင်ပန်း ညစ်နွမ်းမှုကို ပျံ့နှံ့အောင် လုပ်လိုက်သလို ပါပဲ။ စောင်းချိတ်တဲ့ စကားထေ့လုံး ငေါ့လုံးတွေ မပြောမိဖို့ အရေး ကြီးပါတယ်။ ဒီလို ပြောလိုက်မိတဲ့ အတွက် ခံစားချက်တွေကို နာကျင်စေနိုင်ပါတယ်။ ပြီးတော့ အရာ ခပ်သိမ်းကို ပိုဆိုး ရွားစေနိုင်ပါတယ်။

(၁၀) အပန်းဖြေ အနားယူတဲ့ အလုပ်ကို လေ့ကျင့်ပါ။ အနားယူဖို့ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ သင့်ဒေါသကို ထိန်းချုပ် ပေးနိုင်ပါလိမ့်မယ်။ အသက်ရှု လေ့ကျင့်ခန်းကို များများ လေ့ကျင့်ပါ။ အနားယူတဲ့ မြင်ကွင်းကို တွေးကြည့်ကြည့်ပါ။ ညင်သာတဲ့ စကားလုံးတွေကို ထပ်တလဲလဲ တွေးကြည့်ပါ။

ဥပမာ - သက်သက် သာသာနေပါ။ ဒေါသကို လျှော့ဖို့ တခြားခိုင်မာတဲ့ နည်းလမ်း တွေကတော့ သီချင်းနားထောင်ပါ။ စာများများရေးပါ။ ယောဂ ကျင့်ပါ။ လူတိုင်း နီးပါးတော့ ဒေါသ ဖြစ်ဖူး ကြမှာပါ။

ဒေါသ ထွက်လာရင် ဘာလုပ်ရမလဲပေါ့။ ဒေါသကို ပေါက်ကွဲ ထွက်လိုက်ရင်ပဲ ကျွန်မလည်း စိတ်ချမ်းသာ သလိုလို၊ ဒေါသကို မြိုသိပ်လိုက်တာက ကောင်းသလိုလို၊ ပင်လယ် ကမ်းခြေသွားပြီး အော်ဟစ် ခိုင်းလိုက်ရင်ပဲ ဒေါသ ပြေသွားသလိုလို၊ တောင်ထိပ်ပေါ်တက်ပြီး အော်ရင်ပဲ ရင်ထဲမှာ ပေါ့သွားသလိုလို အဲလို သလိုလိုတွေကြားထဲမှာ ဒီနည်းလမ်းလေးကို သုံးကြည့်ရင် ကောင်းမယ် ထင်တာနော်။ ဒီစာလေးကို ဖတ်ပြီး ဒေါသထွက်တဲ့ သူတွေ အနည်းဆုံးတော့ ပြုံးမိသွားမယ်လို့ ထင်ပါတယ်။

မြ၀တီ

ဘာသာစကား ၃၂ မျိုးကို ဘာသာပြန် ပေးနိုင်သော အဘိဓာန် ထွက်ရှိ

Photo: ဘာသာစကား ၃၂ မျိုးကို ဘာသာပြန် ပေးနိုင်သော အဘိဓာန် ထွက်ရှိ

http://www.myawady.com.mm/tech/globaltechnews/item/2928

နိုင်ငံခြားသို့ ပညာသင် သွားကြသော ကျောင်းသား ကျောင်းသူများ၊ စကားပြန်များ၊ ဧည့်လမ်းညွှန်များ၊ သင်္ဘော သားများ၊ နိုင်ငံခြားသို့ အလုပ် သွားရောက် လုပ်ကိုင်မည့် သူများ၊ နိုင်ငံတကာသို့ ခရီးသွား နေသူများ အတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို

အပြန်အလှန် ဘာသာပြန် ပေးနိုင်သော အဘိဓာန် တစ်မျိုးကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိ နေပြီ ဖြစ်ကြောင်း KMD Computer Group မှ သိရသည်။

အဆိုပါ အဘိဓာန်ထဲတွင် အင်္ဂလိပ် ဘာသာစကား၊ ဂျာမန် ဘာသာစကား၊ ဒတ်ခ်ျ ဘာသာစကား၊ ဒိန်းမာ့စ် ဘာသာစကား၊ ရုရှား ဘာသာစကား၊ ဟင်ဒီ ဘာသာစကား၊ တူရကီ ဘာသာစကား၊ အာရေဗျ ဘာသာစကား၊ ကိုရီးယား ဘာသာစကား၊ ဖိလစ်ပိုင် ဘာသာစကား၊ ထိုင်း ဘာသာစကား၊ စပိန် ဘာသာစကား၊ အီတလီ ဘာသာစကား၊ ဆွီဒင် ဘာသာစကား၊ နော်ဝေ ဘာသာစကား၊ ပါကစ္စတန် ဘာသာစကား၊ ဘင်္ဂါလီ ဘာသာစကား၊ တမိုင်းလ် ဘာသာစကား၊ ဗီယက်နမ် ဘာသာစကား၊ ဂျပန် ဘာသာစကား၊ နီပေါလ် ဘာသာစကား၊ ပြင်သစ် ဘာသာစကား၊ ပေါ်တူဂီ ဘာသာစကား၊ အင်ဒိုနီးရှား ဘာသာစကား၊ မြန်မာ ဘာသာစကား၊
နိုင်ငံခြားသို့ ပညာသင် သွားကြသော ကျောင်းသား ကျောင်းသူများ၊ စကားပြန်များ၊ ဧည့်လမ်းညွှန်များ၊ သင်္ဘော သားများ၊ နိုင်ငံခြားသို့ အလုပ် သွားရောက် လုပ်ကိုင်မည့် သူများ၊ နိုင်ငံတကာသို့ ခရီးသွား နေသူများ အတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကိုအပြန်အလှန် ဘာသာပြန် ပေးနိုင်သော အဘိဓာန် တစ်မျိုးကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိ နေပြီ ဖြစ်ကြောင်း KMD Computer Group မှ သိရသည်။

အဆိုပါ အဘိဓာန်ထဲတွင် အင်္ဂလိပ် ဘာသာစကား၊ ဂျာမန် ဘာသာစကား၊ ဒတ်ခ်ျ ဘာသာစကား၊ ဒိန်းမာ့စ် ဘာသာစကား၊ ရုရှား ဘာသာစကား၊ ဟင်ဒီ ဘာသာစကား၊ တူရကီ ဘာသာစကား၊ အာရေဗျ ဘာသာစကား၊ ကိုရီးယား ဘာသာစကား၊ ဖိလစ်ပိုင် ဘာသာစကား၊ ထိုင်း ဘာသာစကား၊ စပိန် ဘာသာစကား၊ အီတလီ ဘာသာစကား၊ ဆွီဒင် ဘာသာစကား၊ နော်ဝေ ဘာသာစကား၊ ပါကစ္စတန် ဘာသာစကား၊ ဘင်္ဂါလီ ဘာသာစကား၊ တမိုင်းလ် ဘာသာစကား၊ ဗီယက်နမ် ဘာသာစကား၊ ဂျပန် ဘာသာစကား၊ နီပေါလ် ဘာသာစကား၊ ပြင်သစ် ဘာသာစကား၊ ပေါ်တူဂီ ဘာသာစကား၊ အင်ဒိုနီးရှား ဘာသာစကား၊ မြန်မာ ဘာသာစကား၊ တရုတ် ဘာသာစကား၊ လာအို ဘာသာစကား၊ ခမာ ဘာသာစကား စသည့် ဘာသာစကား ၃၂ မျိုးကို ထည့်သွင်း ထားကြောင်း သိရသည်။ ထို့အပြင် အင်္ဂလိပ် ကြိယာ ၇၅၀၀ ကျော်၏ ပုံစံပြောင်းလဲ အသုံးပြုပုံ၊ နာမ် ၃၀၀၀၀ ကျော်၏ ပုံစံပြောင်းလဲ အသုံးပြုပုံ၊ နာမ ၀ိသေသန ၃၂၀၀၀ ကျော် ပုံစံပြောင်းလဲ အသုံးပြုပုံ တို့ပါဝင်သည်။ ဘာသာပြန် နည်းပညာ M32.IC ပါဝင် သောကြောင့် ဘာသာစကား ၃၂ မျိုးနှင့် သက်ဆိုင်သော အချက် အလက်များကို စက်ထဲတွင် သိုလှောင် သိမ်းဆည်း ထားပြီး ရှုပ်ထွေး ဆန်းပြားသော နည်းစနစ် (အယ်လ ဂိုရီသမ်) များကို အသုံးပြု ထားခြင်းကြောင့် ရှာလိုသော စကားလုံး အတိအကျကို သွားရောက် ရှာဖွေ ပေးနိုင်သည်။ “ဘာသာစကား တစ်ခုစီကို စကားလုံးပေါင်း ၅၀၀,၀၀၀ ခန့် ပြန်ဆိုနိုင်တယ်။ ရှာဖွေတဲ့ ဘာသာစကားကို စက်ထဲမှာ သိမ်းဆည်းထားတဲ့ စကားလုံးနဲ့ တူညီလို့ရှိရင် သူနဲ့ သက်ဆိုင်သော အခြား စကားလုံး တွေနဲ့ အဲ့ဒီ စကားလုံးရဲ့ ဘာသာပြန်အတိအကျကို ဖော်ပြပေးတယ်။ မတူညီရင်လည်း Text translate function ကိုအသုံးပြုပြီး ကြည့်နိုင်တယ်။ စက်ထဲမှာဆိုရင် အောက်စဖို့ဒ် အမေရိကန် အဘိဓာန် စကားလုံး နှစ်သိန်းခွဲ လောက်ကို ထည့်ထားပေးတဲ့အ တွက် စကားလုံး အသုံးအနှုန်း တွေကို နက်နက်နဲနဲ ရှာဖွေ ပေးနိုင်တယ်။ ယခုလ ၁၅ ရက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့တွေကို ဖြန့်ချိနေပါပြီ။ အီလက်ထရွန်းနစ်ဆိုင်တွေနဲ့ စာအုပ်ဆိုင်ကြီးတွေမှာ ရရှိနိုင်မှာဖြစ်တယ်။ ဈေးနှုန်းက ၈ သောင်း ၉ ထောင်နဲ့ ၀ယ်ယူနိုင်မှာဖြစ်တယ်။ ယခုလ ၁၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပရိုမိုးရှင်းအနေနဲ့ ၈ သောင်း ၄ ထောင်ကျပ်နဲ့ ရရှိမှာပါ” ဟု KMD မှ ကိုရဲထူးမောင်ကပြောသည်။ ထို့အပြင် စက်ထဲတွင် Collins ဥပမာစာကြောင်းများ ထည့်သွင်းထားသောကြောင့် American English နှင့် British English တို့ကို ခွဲခြားသိနိုင်မည်ဖြစ်သည်။ မိမိအသံနှင့် စက်ထဲမှ အင်္ဂလိပ် လူမျိုး၏အ သံကို နှိုင်းယှဉ်သော စနစ်တို့လည်း ပါဝင်သည်။ ယူနစ်များ ပြောင်းလဲခြင်း၊ အသံသွင်းခြင်း၊ ဂိမ်း၊ ဖော်မြူလာ၊ အသံဖတ်ခြင်း၊ ဂဏန်းတွက်ချက်ခြင်း၊ သိပ္ပံဆိုင်ရာ တွက်ချက်ခြင်း၊ အချိန်ပြောင်းလဲခြင်း၊ ငွေကြေးပြောင်းလဲခြင်းတို့ကိုပါ ထည့်သွင်းထားသည်။ အရွယ်အစားအားဖြင့် ၄.၅ x ၀.၈ လက်မ ၁၁.၄ x ၇.၆ x ၂ စင်တီမီတာခန့်ရှိပြီး၊ LCD backlight LCD အသုံးပြုထားပြီး မျက်နှာပြင်အစက်ပေါင်း ၃၂၀ x ၂၄၀ နှင့် စာကြောင်းရေ ၉ လိုင်း စာလုံးပေါင်း ၄၀ ရှိသည်။ ပါကင်တွင်ပါသော အခြားပစ္စည်းများအနေဖြင့် ဘက်ထရီ ၂ ခု x AAA၊ နားကြပ်တစ်ခု၊ ကွန်ပျူတာနှင့်ချိတ်ဆက်ရန် ကြိုး၊ အညွှန်းစာအုပ် (မြန်မာနှင့်အင်္ဂလိပ်)၊ တို့ကို ထည့်သွင်းထားသည်။
Ref : Myanmarinternetjournal

မီးယပ်သွေးဆုံးဝေဒနာ သက်သာစေရန် အသက်ပြင်းပြရှူပါ ........

Photo: မီးယပ်သွေးဆုံးဝေဒနာ သက်သာစေရန် အသက်ပြင်းပြရှူပါ  ........

အသက်ကို ဝမ်းဗိုက်ဖောင်းတဲ့အထိ တဖြည်းဖြည်းနဲ့ နက်နက်ရှိုင်းရှိုင်း ရှူသွင်း တာဟာ အမျိုးသမီးတွေမှာ သွေးဆုံးချိန် ခံစားရတတ်တဲ့ ပူစပ်ပူလောင်ဖြစ်တာကို တစ်ဝက်သက်သာစေလို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒီလို သွေးဆုံးချိန် ပူစပ် ပူလောင် ခံစားရတာဟာ မဟော်မုန်း အီစထရိုဂျင်တွေ လျော့နည်းသွား တာကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် စိတ်ဖိစီးမှုဟာလည်း အခန်းကဏ္ဍတစ်ရပ်က ပါဝင်တယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။

စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ရဲ့ တိုက်ခိုက်တဲ့ ဒါမှမဟုတ်ထွက်ပြေးတဲ့ တုံ့ပြန်မှုတွေကို ဖြစ်စေတဲ့ အာရုံကြောစနစ်(Sympathetic Nevous System) ကိုလှုံ့ဆော် ပေးတာ ကြောင့်ပါ။ 

အသက်ပြင်းပြင်းရှူသွင်းတာကတော့ ခန္ဓာကိုယ်ရဲ့ ဖြေလျှော့တဲ့တုံ့ပြန်မှုကို ဖြစ်စေတဲ့ အာရုံကြောစနစ် (Parasympathetic Nervous System) ကို တွန်းအား ပေးပါတယ်။

ဒါကြောင့် နှလုံးခုန်နှုန်းကို နှေးစေတယ်။ သွေးဖိအားကို လျော့ကျစေတယ်။ ကြွက်သား တွေကို ပြေလျော့စေပါတယ်။ သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံမှာထိုင်ပြီး အသက် ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ပါ။ နှာခေါင်းကနေ အသက်ပြင်းပြင်းရှူသွင်းပြီး ပါးစပ်ကနေ ပြန်ထုတ်ပါ။ ပြင်ပအနှောက်အယှက် မရှိအောင် မျက်စိတွေကို မှိတ်ထားပါ။

အသက်ပြင်းပြင်းရှူတဲ့အခါ သင့်ဝမ်းဗိုက်တွေ ဖောင်းလာပြီး ပြန်ထုတ်လိုက်တဲ့အခါ လျော့သွားပါလိမ့်မယ်။ Health

ဂျပန်ပုစွန်ပွကြော်

Photo: ဂျပန်ပုစွန်ပွကြော်
▫◊▫═▫◊▫═▫◊▫═

အဆာပြေလဲ စားလို့ရအောင် ထမင်းနဲ့လဲ စားလို့ဖြစ်တဲ့ 

ပုဇွန်ပွကြော် ကြော်စားကြစို့နော်............ :)

ပါဝင်ပစ္စည်းများ
▫◊▫═▫◊▫═▫◊▫═

▫◊▫ပုစွန်၊

▫◊▫တန်ပူရာ အပွမှုန့်၊

▫◊▫မုန့်ကြွပ်မှုန့်၊

▫◊▫ဆီမွှေး၊

▫◊▫ဝိုင်၊

▫◊▫ဆား၊

▫◊▫ငရုတ်ကောင်းမှုန့်၊

▫◊▫ကြက်သားမှုန့်

ပြုလုပ်ပုံအဆင့်ဆင့်
▫◊▫═▫◊▫═▫◊▫═▫◊▫

သန့်စင်ထားပြီးသား ပုစွန်ကို ကြက်သားမှုန့်၊ ဆီမွှေး၊ ငရုတ်ကောင်းမှုန့်၊ 

ဆားအနည်းငယ်နဲ့ ဝိုင်အနည်းငယ် ထည့်ပြီးနယ်ပါ။ 

တန်ပူရာကို ရေခဲနဲ့ ရေရောပြီး ခပ်ပျစ်ပျစ်လေး ဖျော်ထား ပါ။

ပြီးမှ ပုစွန်ကို ဖျော်ထားတဲ့ တန်ပူရာထဲမှာ နှစ်ပြီး ဆယ်ထားပါ။ 

ဆယ်ပြီး သားပုစွန်ကို မကြော်သေးဘဲနဲ့ခဏနှပ်ထားပါမယ်။

 နောက်ဆုံးမှ နှပ်ထားတဲ့ ပုစွန်ကိုမှုန့်ကြွပ်မှုန့်နဲ့ ကပ်ပြီးဆီပူပူမှာကြော်လိုက်မယ်။

ဒါဆိုရင်တော့စားနေကျအရသာတွေနဲ့မတူဘဲ ထူးခြားတဲ့ အရသာကို 

ခံစားရမယ့် ဂျပန်ပုစွန်ပွကြော် ဟင်းတစ်ခွက်ရပါပြီ။
အဆာပြေလဲ စားလို့ရအောင် ထမင်းနဲ့လဲ စားလို့ဖြစ်တဲ့
ပုဇွန်ပွကြော် ကြော်စားကြစို့နော်............ :)

ပါဝင်ပစ္စည်းများ
▫◊▫═▫◊▫═▫◊▫═

▫◊▫ပုစွန်၊

▫◊▫တန်ပူရာ အပွမှုန့်၊

▫◊▫မုန့်ကြွပ်မှုန့်၊

▫◊▫ဆီမွှေး၊

ငါးနီတူနဲ့ထမင်းကြော် စားကြမယ်

Photo: ငါးနီတူနဲ့ထမင်းကြော် စားကြမယ်
♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦

ထမင်းကြော်ဆိုရင် ရိုးရိုးပဲ ကြော်စားဖြစ်တဲ့ မောင်နှမတွေ အတွက်

ထမင်းကြော်နည်း အသစ်လေးပါ........ ツツ

ကြော်စားကြမယ်ဟုတ်  :) 

ပါဝင်ပစ္စည်းများ
♦◦♦◦♦◦♦◦♦◦♦◦♦

♫ငါးနီတူခြောက်လေးများ (ကြိုက်သလောက်)

♫ထမင်း၂ပွဲစာ

♫မုန်လာဥနီ ၁လုံး( စိတ်ထားပါ)

♫ငရုတ်သီးစိမ်း ၂တောင့်

♫Chilli powder ၁ဇွန်း(စားပွဲတင်)

♫ကြက်ဥ၂လုံး

♫ကြက်သားမှုန့်၂ဇွန်း

♫နံနံပင်အနဲငယ်

♫ကြက်သွန်နီ ၁ခြမ်း၊

♫ကြက်သွန်ဖြူ ၂မွှာ

ပြုလုပ်နည်း
♦◦♦◦♦◦♦◦♦◦♦

ငါးနီတူခြောက်လေးများကို ကျွတ်သွားအောင် ကြော်လိုက်ပါ။ ဖယ်ထားပါ။

ငါးကြော်ထားသောဆီထဲကို စိတ်ထားသော ကြက်သွန် အနီ၊ ဖြူ များကြော်ပါ။

ကြက်သွန်လေးများကျွတ်လာရင် chilli powder ထဲ့ပြီး မုန်လာဥလေးများထဲ့ပါ။ 

အကြော်များကို အိုးတဖက်ကိုကပ်၍ ကြက်ဥ၂လုံး မွှေကြော်ပါ။

အကုန်ရောမွှေကာ ထမင်းထဲ့ကြော်ပါ။

 ကြက်သားမှုန့်၂ဇွန်း၊ ငရုတ်သီးစိမ်း ထဲ့ကြော်ပါ။

အားလုံးနှံ့ပြီဆိုရင် ကြော်ပြီးသားငါးနီတူများထဲ့ပါ။

 နံနံပင် အုပ်ပြီးရင်အဆင်သင်ဖြစ်ပါပြီ။

 http://htetfamily.com
ထမင်းကြော်ဆိုရင် ရိုးရိုးပဲ ကြော်စားဖြစ်တဲ့ မောင်နှမတွေ အတွက်

ထမင်းကြော်နည်း အသစ်လေးပါ........ ツツ

ကြော်စားကြမယ်ဟုတ် :)

ပါဝင်ပစ္စည်းများ
♦◦♦◦♦◦♦◦♦◦♦◦♦

♫ငါးနီတူခြောက်လေးများ (ကြိုက်သလောက်)

♫ထမင်း၂ပွဲစာ

♫မုန်လာဥနီ ၁လုံး( စိတ်ထားပါ)

♫ငရုတ်သီးစိမ်း ၂တောင့်

♫Chilli powder ၁ဇွန်း(စားပွဲတင်)

ငါးသလောက်ဥဟင်း

Photo: ငါးသလောက်ဥဟင်း
═══════════

ဒီတစ်ခါ ညီအမတို့ ငါးသလောက်ဥဟင်းလေး ချက်စားမယ်နော်.........

စိတ်ထဲမှာလဲ စားချင်ချင်ဖြစ်နေတာနဲ့ တူတူချက်စားစို့လေ......

ပါဝင်ပစ္စည်းများ
════════

✧ငါးသလောက်ဥ ၃၀၀ ဂရမ်

✧ဂျင်း၁ဇွန်း(စားပွဲတင်)

✧ဆား၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)

✧ခရမ်းချဉ်သီး၁လုံး

✧အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)

✧ဆနွင်းနဲနဲ

✧ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ

ဟင်းချက်နည်း
════════

ငါးသလောက်ဥများကိုရေစင်စင်ဆေးပြီးရင် ဂျင်း၊ဆား

၊ကြက်သားမှုန့်၁ဇွန်းတို့နဲ့ နယ်ထားပေးပါ။

ကြက်သွန်ထောင်းထားတာများဆီသတ်ပါ။
ကြက်သွန်ရွှေဝါရောင်သန်းရင် ငါးဥများထဲ့ကာ အိုးကိုလှုပ်ပေးပါ။ ကြက်သားမှုန့်၁ဇွန်း ထဲ့ပါ

၃မိနစ်ခန့်အကြာ ခရမ်းချဉ်သီးများထဲ့ကာ အနည်းငယ် လှိမ့်ပေးကာရေအနဲငယ်ထဲ့ပြီး ၁၅မိနစ်ခန့်အုပ်ပေးပါ။

ငါးဥလေးများကျက်ပြီးဆိုရင် နံနံပင်လေးအုပ်ပြီး ထမင်းပူပူနဲ့စားလို့ရပါပြီ။
ဒီတစ်ခါ ညီအမတို့ ငါးသလောက်ဥဟင်းလေး ချက်စားမယ်နော်.........

စိတ်ထဲမှာလဲ စားချင်ချင်ဖြစ်နေတာနဲ့ တူတူချက်စားစို့လေ......

ပါဝင်ပစ္စည်းများ
════════

✧ငါးသလောက်ဥ ၃၀၀ ဂရမ်

✧ဂျင်း၁ဇွန်း(စားပွဲတင်)

✧ဆား၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)

✧ခရမ်းချဉ်သီး၁လုံး

✧အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)

"" ယုံကြည်ပါ ကောင်မလေး ""

နင်ပျော်ဖို့ အကြိမ်ကြိမ်အခါအခါ
အနွံတာခံပြီး ပေးဆပ်ထားပေမယ့်
ငါငိုဖို့ ဒီရင်ခွင်ကို နင်စုံကန်ပြီး
အခြားတစ်ယောက်ဆီကို ပြေးထွက်သွားလေရဲ့ 
ငါတစ်ယောက်တည်း သွေးပျက်ခဲ့တဲ့ည
နင်တကယ်ပဲ အခြားတစ်ယောက်နဲ့ 
အိပ်ပျော်နေမှာလား .....

အွန်လိုင်းပေါ်ကိုလည်း
ငါအချိန်မှန်မှန်တက်ပါတယ်
ကော်နက်ရှင်ကျတဲ့နေ့တိုင်း
ငါအရမ်းစိတ်ပျက်ပါတယ်
မင်းလေး offline ဖြစ်နေရင်တော့
ငါ့အတွက် ခက်ပါတယ်
နောက်ကျလို့ စိတ်ကောက်သွားပြီလား
ဒါဆိုရင်တော့ ပြဿနာပဲ
busy ဖြစ်နေရင် ငါ့ရဲ့စိတ်များဂယောက်ဂယက် ဖြစ်ပါတယ်
တခြားတစ်ယောက်နဲကများ ပြောနေမလား
ငါ့ရဲ့အတွေးစိတ်များ ၀င်္ကပါလည် ....

မဖြတ်ပါနဲ့ စိတ်မချဘူး ငါတို့နှစ်ယောက်ကဝေးနေလို့
လက်ချိုးပြီးရေတွက်နေဆဲ နင်ပြန်လာမဲ့နေ့တွေကို
နားလည်ပါကွာ သ၀န်တိုငါ့ရဲ့အတွေးတွေကို
နင်မရှိတဲ့ ရန်ကုန်မြို့မှာ ဒီချာတိတ်ကဆွေးနေလို့
ကုသိုလ်ရဖို့အတွက်လည်း ဘုရားအတူတူသွားခဲ့ဖူးတယ်
လှည်းတန်းကမုန့်ဆိုင်မှာ အတူတူထိုင်ခဲ့ဖူးတယ်
ရည်းစားဆိုတဲ့နင်က ငါလက်မောင်းမှာ မှီခဲ့ဖူးတယ်
ငါ့ကိုသာ သတ်လိုက်ပါတော့ ခုတော့ ဘာမှမဆိုင်တော့ဘူးတဲ့ ....

နင်ပျော်အောင် ငါဖြည့်ဆည်းမယ်
မင်းတစ်ယောက်တည်းပဲချစ်နေလို့
အစားထိုးပြီးလည်းမချစ်နိုင်ဘူးကွာ
အဆင်ပြေမယ်ဆို ပြန်လာခဲ့လို့
နာကျင်စရာတွေရှိလည်းပဲ
မင်းအတွက် အမြဲအသင့်ရှိနေမဲ့သူ
ခွင့်လွှတ်ပြီးတော့ချစ်နေမဲ့လူ
လူတွေမမြင်အောင်ငါချစ်အုံးမယ် ....

ဟိုးတုန်းကလို နင်စိတ်မဆိုးနဲ့
ဒီမှာနင်မကြိုက်တဲ့ ငါ့ရဲ့အကျင့်တွေ အကုန်ပြင်ထားပြီးလို့
မင်းမကြိုက်တဲ့ဆေးလိပ်တွေ ဘယ်တော့မှမသောက်တော့ပါ
မင်းစိတ်ထဲမုန်းသွားမှာ ငါလေးအရမ်းကြောက်လို့
ငါကိုယ်တိုင်ပျိုးထားတဲ့ပန်းလေးတစ်ပွင့်လို
အမြတ်တနိုးထိန်းသိမ်းခဲ့ပြီ
နင်နဲ့မှ ရင်ထဲက အချစ်တွေက အစပျိုးခဲ့ပြီ
အချိန်မှန်ဖုန်းပြောခဲ့တဲ့ အမှတ်တရညတွေ
ဘယ်တော့မှ ပျောက်လို့မသွားပြီ
နင်နဲ့မှ ရင်ထဲက အချစ်တွေက လေးနက်ခဲ့ပြီ ....

ရှင်မွှေးလွန်းနဲ့ မင်းနန္နာလိုမျိုး
ရိုမီယိုနဲ့ ဂျူးလိယက်လိုမျိုး
မင်းနဲ့ငါ ကမ္ဘာကျော်အောင်ချစ်မယ်
စိတ်ဆိုးစိတ်ကောက်တတ်တဲ့ မင်းရဲ့အကျင့်များ
ငါချစ်လို့ ပြောတာမင်းလေးယုံပါ
မင်းရင်မှာခံစားခဲ့ရရင်တော့ တောင်းပန်ပါတယ် ကောင်မလေးရယ်
အမြဲတမ်းငါချစ်ရသူမင်လေးဘေးက
တစ်စက္ကန့်လေးတောင် ခွဲမသွားချင်ဘူးကွာ
နှလုံးသားမှာ ရေးဆွဲထားတဲ့ပုံရိပ်လေးမင်းပါပဲ
ငါ့အတွက်တော့မင်းက အရာရာနံပါတ် (၁)ပဲ
မင်းကငါ့ဘ၀ရဲ့ မျှော်လင့်ချက်အလင်းရောင်လေး
မင်းကငါ့ရဲ့တန်ဖိုးထားရသူလေးပါ
ကျန်တာဘာမှစိတ်မ၀င်စား ဂရုမစိုက်ဘူးကွာ ....
ယုံကြည်ပေးပါ ကောင်မလေးရာ.....

(ကိုဇော်)

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်

ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။

ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေး အိုးကပ်ချက် စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုး လေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော် ပြုလုပ်၍လည်း စားသုံး ကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ် နိုင်သည်။

လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို'' အရိုးအဆစ် ဆယ်စုနှစ်'' အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ် ခဲ့သည်။ ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။ အရိုးမကျိုးစေရန်အတွက် ကာကွယ်ရန် ဗီတာမင်စီ ရရှိစေ နိုင်သော နေရောင်ခြည် ခံခြင်းနှင့် ကယ်လစီယံဓာတ် ကြွယ်ဝသော နို့နှင့် ငါးများ အရိုးပါ ဝါးစားခြင်းကို ဆရာဝန်များက အကြံပြုလာ ကြသည်။

ယခုအရိုးအဆစ် ဆယ်စုနှစ် လွန်လာသောအခါ ခေါင်းထောင် လာသော ရောဂါမှာ ''အရိုးပွရောဂါ''ဖြစ်သည်။ အရိုးတွင် အနှစ်နည်းပြီးအရိုးပါး လာသော ကြောင့်ဖြစ်သော ရော ဂါ ဖြစ်သည်။ ယောက်ျားများ အသက် (၅ဝ) ကျော်တွင် ဖြစ်လေ့ရှိပြီး မိန်းမများတွင် သွေးဆုံး ပြီးနောက် အရိုးပွ လာသည်ကို ထူးခြားစွာလေ့ လာတွေ့ရှိရသည်ဟု ဆိုသည်။

အရိုးပွ၊ အရိုးပါးရောဂါသည် အာယုဗေဒ ဆေးပညာ အမြင်အားဖြင့် ပထဝီဓာတ် အားယုတ် သော ရောဂါဖြစ်သည်။ ပထဝီဓာတ်သည် အရိုးအဆစ် တို့၏ အမာခံဓာတ် ဖြစ်သည်။ ၎င်းဓာတ် ချို့တဲ့လျှင် ဝါယောဓာတ် ခေါင်းထောင်လာသဖြင့် လေဖြတ်နိုင်သည်။ ငါးလေး အိုးကပ် စားခြင်းသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်ဟု ရှေးက မြန်မာဓာတ်စာ ဆရာကြီး များက ညွှန်ကြားကြသည်။

http://www.myawady.net.mm/health/preventing/item/1879-2012-12-15-10-15-33

ဘဝတွက်တာ သိမှတ်စရာ - ၁၂ ချက်

(၁) အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။ မိဘနှင့်အချိန်။

(၂) လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ် လုပ်ခြင်းပဲ။

(၃) ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ်။

(၄) မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။

(၅) နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။

(၆) လိုသလောက် မရနိုင်ပေမယ့် လုပ်သလောက်တော့ ရနိုင်ပါတယ်။

(၇) မေ့တယ်ဆိုတာ မလေးစားလို့၊ ကြောက်တယ်ဆိုတာ မခိုင်လုံလို့။

(၈) အလုပ် မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။

(၉) မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။

(၁၀) လူတစ်ယောက်၏ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။

(၁၁) စာရိတ္တကောင်းရင် နောက်ကြောင်း ရှင်းတယ်။

(၁၂) မခိုင်းဘဲ လုပ်တာ သခင်၊ ခိုင်းမှ လုပ်တာ ကျွန်။

facebook မှ

နှလုံးကျန်းမာရေး (သတိပြုဖွယ်)

နှလုံးကျန်းမာရေး (သတိပြုဖွယ်)
 
ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့  ပက်သက်တဲ့ ဆောင်းပါး လေးပါ။

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။

တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုး တွေဟာ ထမင်းစား နေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့  အလေ့အထကို ကျွန်တော်တို့ တွေပြောင်းလဲ ကျင့်သုံး သင့်ပါတယ်။

ခုဆောင်းပါးလေး ကတော့ ထမင်းစား ပြီးတော့ ရေခဲရေ သောက်သုံး သူတွေ အတွက်တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံး လိုက်ခြင်းဟာ အတော်လေး အရသာ ရှိပါတယ်။

ဒါပေမယ့်လည်း ရေခဲရေက နေပြီးတော့ မကြာခင်ကမှ စားသုံးထားတဲ့ အစာတွေကို ဆီခဲတွေ လို အစိုင်အခဲ အဖြစ်ကို ရောက်စေ ပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံ တွေက နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူ ပါလိမ့်မယ်။ အဲတာတွေဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေဖို့ ဦးတည်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေး ကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

(အရေးကြီးတဲ့  နှလုံးခုန် ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန် ရုတ်တရက် ရပ်တန့်တဲ့ လက္ခာတွေ အားလုံးမှာ ဘယ်ဖက် လက်မောင်း ကိုက်ခြင်းမျိုး မဟုတ်ပါ။ မေးရိုး တလျှောက် နာကျင် လာခြင်းဟာလဲ သတိထား သင့်ပါတယ်။)

(နှလုံးခုန် ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ် မဟုတ်ပါ။ ဖျားနာခြင်းနဲ့ ချွေးထွက် လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့်ကြတဲ့ သူတွေ ဟာ အိပ်ပျော်နေ ယင်းကနေပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့က သင့်ကို နိုးထအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ တစ်တွေ ဂရုပြုပြီးတော့ သတိထား ရမှာပါ။ အဲတာက ကျွန်တော်တို့ ဆက်လက် အသက်ရှင် ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။

(နှလုံးရောဂါ အထူးကု တစ်ယောက်က ပြောတာက ဒီစာကို ဖတ်မိသူ တစ်ယောက်ကနေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့ မယ်ဆိုယင် သင်နဲ့  ကျွန်ုပ်တို့ ဟာ အနဲ ဆုံး အသက်တစ်ချောင်းကို ကယ်ဆယ်နိုင်မယ် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကိုဖတ်ပါ။ ပြီးတော့ မိတ်ဆွေ တစ်ယောက်ဆီကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက် တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ ကောင်း အဖြစ်နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေးနဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေး လိုက်ပါဗျာ။

http://www.myawady.net.mm/library/stories/healthstories/item/2026-2012-12-17-12-07-51

မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ

ယခုတလော စာရေးသူမှာ မျက်စိနဲ့ ပက်သက်ပြီး မကြာခဏ အောင့်လာလိုက်၊ ခေါင်းတွေ နားထင်တွေ ထိုးကိုက်လာ လိုက်နဲ့ စာရေးတာရော စာဖတ်တာမှာပါ အနှောက်အယှက် ဖြစ်နေရတယ်၊
နောက်ပြီး ကွန်ပြူတာ သုံးနေစဉ်မှာရော မသုံးပဲ ပစ်ထားချိန်မှာပါ မျက်ရည်ပူတွေ တောက်လျောက် စီးကျကျနေတာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ေ လာက်အောင် တခါတခါ စိတ်ညစ်မိတယ်၊ ဒါကြောင့် ဘလော့ဂါ ဓမ္မမောင်နှမများ ဆီကို လှည့်လည်ဖို့ ပျက်ကွက်တာတွေ များနေတယ်၊ သည်းခံပေးကြပါ လို့ တောင်းဆိုချင်ပါတယ်၊ တခါတလေတော့လည်း ပုံမှန် စာဖတ်ဖြစ်ပေမယ့် ခြေရာ မချန်ထား ဖြစ်လေတော့ …. သည်းခံပေးကြပါ ဟူ၍သာ …

အခုလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ပါပဲ၊ မျက်စိရှိရင် မျက်စိဒုက္ခ ခံရမှာပေါ့လေ လို့ နှလုံးသွင်းပြီး စိတ်ညစ်တာကို ဖြေသိမ့်နေ ရတယ်၊ ဒါကြောင့် လူတိုင်းမှာ ကျမ္မာရေးနဲ့ ပက်သက်လို့ တစ်ခုမဟုတ် တစ်ခုတော့ တွေ့ကြုံကြရမှာပါပဲ၊ အသက်အရွယ် ကြီးလာလေ ကျမ္မာရေးကို ပိုပြီး ဂရုစိုက်ရလေနဲ့ အော် အနတ္တ လို့တောင် ညည်းမိပါရဲ့၊ ကျမ္မာရေးအကြောင်း ပြောရင်းနဲ့ ကိုယ်တွေ့ ကြုံခဲ့တာလေး ဖောက်သည်ချပါရစေ၊ ဒီနေ့မှာ စာရေးသူတို့ မွန်ဘိုင်း စောမြကောလိပ်အတွင်းရှိ ဋ္ဌာနပေါင်းစုံမှာ တက်ရောက်နေတဲ့ Local ကျောင်းသားတွေရော ၊ foreign ကျောင်းသားတွေရော ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရစေဖို့ ကိုယ်ပိုင် ID ကဒ် လုပ်ထားရမယ် တဲ့။ ဆိုတော့ ပတ်စပို့စ် ဓာတ်ပုံကို မဖြစ်မနေ ရိုက်ကြရ တယ်၊ နောင်တော် ကြီး သီတဂူစတား အပါအ၀င် ဋ္ဌာနတစ်ခုလုံးပေါ့လေ၊ ဓာတ်ပုံရိုက် ရင်းနဲ့ သွေးအမျိုးအစား ကို မေးတဲ့အချိန်မှာ A, B , AB, 0, စသည်ဖြင့် မေးပြီး positive or negative? ဆိုတော့ အားလုံး ပါးစပ်အဟောင်းသား၊ ဒါဆို Plus or Minus ? ပြောင်းမေးတော့လဲ အတူတူပဲ၊ ဘယ်သူမှ ကောင်း ကောင်း မသိကြဘူး၊ အမှန်က ကောင်းကောင်း ဆေးမစစ်ဖူးကြလေတော့ A ပိုး၊ B ပိုး C ပိုးစတာတွေကို ရည်ရွယ်ပြီး မေးနေတာကို နောက်မှ သိကြရတယ်၊ ကိုယ့်နိုင်ငံမှာတော့ ကျမ္မာရေး ၀န်ကြီးဋ္ဌာန ကလဲ ယောင်လို့တောင် စစ်မပေးဘူး၊ ကိုယ်ကိုယ်တိုင်လဲ ဘယ်သူမှမ စစ်ဖြစ်ကြဘူး၊ နိုင်ငံခြားကို အလုပ်လုပ်ဖို့၊ ပညာသင်ဖို့ ထွက်ကြတဲ့ လူတွေ အများစုကတော့ သွားမည့်နိုင်ငံအလိုက် ရောဂါ ၂ မျိုးမှ ၅ မျိုး ၆ မျိုးအထိ စစ်ဆေးခံရတာ၊ ဆေးမှတ်တမ်း ယူရတာ သိရတယ်၊ ရဟန်းတော်များမှာတော့ သွေးလှူဖူးသူ လောက်သာ ကိုယ့်သွေးအမျိုးအစားကို သိကြ ရတယ်၊ အပေါင်း အနှုတ်ဆိုရင်တော့ ဝေးရော၊ ရဟန်းတော်များမှာ နိုင်ငံခြား ထွက်ရင် လဲ သွေးစစ်မှတ် တမ်း မလိုအပ်လေ တော့ အေးအေးဆေးဆေးပဲ နေမိကြတယ်။

လိုအပ်ချက်က မြန်မာပြည်မှာ ရဟန်းသံဃာတွေရောပြည်သူတွေရော ကျမ္မာရေးနဲ့ ပက်သက်တာတွေ အတွေ့အကြုံတွေ နည်းနေသေးတယ်၊ ပညာပေးမယ့် ပရဟိတ အဖွဲ့တွေ မရှိလေတော့ ဘာမှ မသိကြတာ ပါပေမ ပေါ့။ ထားပါတော့ ကိုယ်လို အဝေးကို ပညာသင် ထွက်လိုသူများ၊ အလုပ်လုပ် သွားလိုသူများ ရဟန်းတော်များပါ မကျန် သွေးစစ်ထားကြဖို့၊ Positive or Negative / Plus or Minus ? လောက်တော့ ကြိုတင် လေ့လာထားကြဖို့ လိုမယ်လို့ ထင်ပါတယ်၊ ဒါမှ ကိုယ့်မြန်မာကို သူများ အထင်မသေးမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ သွေးအမျိုးအစားကို ပြောပါ ဆိုတော့ ဦးဇင်းတပါးက သူ့ကိုယ်သူ ဘာသွေးမှန်းတောင် မသိဘူးတဲ့၊ နောက်မှ မထူးဘူး ဆိုပြီး အို “ O ” ဆိုပြီး ခပ်တည်တည်နဲ့ ဖြေပါလေရော၊ ကိုယ့်အချင်း ချင်းတော့ ပြုံးစိစိနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ငြိမ်နေရတယ်၊ နောက်တော့ သူများက ပလပ်စ် ဆိုတော့ ကိုယ်လဲ ပလပ်စ် လိုက်ရတာပေါ့လေ။

ဒါကြောင့် ကျမ္မာရေး ဗဟုဿုတများ ဆိုရင် များများ သိလေ ၊ အကျိုးရှိလေ ပါ၊ စာရေးသူမှာတော့ မျက်စိ သက်သာဖို့ အတွက် ကြားဖူးနားဝ ရှိတာလေးတွေကို တတ်နိုင်သလောက် လုပ်ကြည့်မိတယ်၊ ဒါပေမယ့် စာမဖတ်ရရင် မနေနိုင်၊ ကွန်ပြူတာနဲ့လဲ ကင်းလို့ မရပြန်ဆိုတော့ မုန့်လုံး စက္ကူကပ်၊ ဂျာအေး သူ့အမေရိုက် ဆိုတာလို လုံးချာလိုက်နေတယ်လို့ ပြောရမလားပဲ၊ ဒါကြောင့် အင်တာနက်မှာ မျက်စိကျမ္မာရေးနဲ့ ပက်သက်ပြီး ဘာတွေ သိနိုင်မလဲ ရှာကြည့်တော့ တော်တော် စုံလင်နေတာကို တွေ့ရတယ်၊ ကိုယ့်လို ခံစားနေရတဲ့ သူများလည်း နည်းနည်းလေးမှ သက်သာပါစေတော့ လို့ ရည်ရွယ်ပြီး ဟိုကဒီကဖတ်မိတာတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ အရင်ကလည်း မျက်စိကျမ္မာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဖူး တယ်၊ အခုပြန်လည်မျှဝေခြင်းပေါ့လေ၊ ကိုယ့်လို နည်းလမ်း သိပြီး ဖြစ်ပေမယ့်လည်း မေ့မေ့လျော့လျော့နေမိကြတဲ့ မျက်စိဝေဒနာ ရှင်များအတွက်ပါ ။

နေရာ မှန်ပါစေ
သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာမှန်ထားတက်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှ လာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အားသင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာနှင့် ထိတွေ့နေ သူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
ကွန်ပျူတာနှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့် ပေးပါ။ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကိုရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀လောက်လမ်းလျှောက်ခြင်းဖြင့်သွေးလည်ပတ် စေပါတယ်။

မျက်စဉ်း ခတ်ပေးပါ
လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထား မိပါသလား။ အကျိုးဆက်အနေဖြင့်မျက်စိအား ခြောက်ကပ် နေစေပါတယ်။ ထိုသို့ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေး နိုင်ပါတယ်။

လက်ဖ၀ါးအုပ်ကာ အပူငွေ့ပေးခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖ၀ါး နှစ်ခုအား နွေးလာသည် အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ့သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက် လုပ်ပေးပါ။ ထိုလက်ဖ၀ါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ် ကပ်ပေးခြင်း
သောက်ပြီးသား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲ ထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက် အထုပ်၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအား အေးမြ စေပါသည်။

မျက်စိ အားကောင်းစေသော အစားအစာများ
ဗီတာမင် Vitamin A , C , E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥများ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။

လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။
လေ့လာမှုများစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်းဓာတ်တွေဟာ အသက်ကြီး ချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီး ခြင်းနဲ့ အတွင်းတိမ် ရောဂါတွေလို နာတာရှည် မျက်စိ ရောဂါတွေရဲ့အန္တရာယ်ကိုလျော့ကျ စေနိုင်ကြောင်း လေ့လာမှုများစွာက ဆိုထားပါတယ်။

ဗီတာမင် စီ
ဗီတာမင်စီဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေထဲမှာ တွေ့ရတဲ့ အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုအရ ဗီတာမင် စီဟာ အတွင်းတိမ်ရောဂါ ဖြစ်နှုန်းကို လျော့ကျစေပြီး တခြားအာဟာရ ဓာတ်တွေနဲ့ရောစားပါက အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးခြင်းနဲ့ အမြင်အာရုံဆုံးရှုံးမှုတို့ဖြစ်နှုန်းကို နှေးကွေးစေပါတယ်။

ဗီတာမင် အီး
ဗီတာမင်အီးရဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ကို အခွံမာသီး၊ အားဖြည့် ကွေကာနဲ့ ကန်စွန်းဥတွေထဲမှာ တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ကျန်းမာတဲ့ တစ်သျှူးတွေကို ချေဖျက်ပေးတဲ့ ဖရီးရယ်ဒီကယ် တွေကြောင့် မျက်စိဆဲလ် တွေ ထိခိုက်မှုမရှိအောင် ကာကွယ် ပေးပါတယ်။

မရှိမဖြစ် ဖက်တီးအက်စစ်
ကောင်းတဲ့အဆီဟာ လူတွေ စားသုံးသင့်တဲ့ အာဟာရထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။ အဆီဓာတ်ဟာ နာ့ဗ်ကြော စနစ်ရဲ့ စွမ်းဆောင်အားကို ကောင်း စေပြီး ခုခံအားစနစ်ကို အားကောင်းစေ ပါတယ်။ အိုမီဂါ သရီးဖက်တီးအက်စစ်ဟာ အမြင်အာရုံအားကောင်းစေပြီး မြင်လွှာရဲ့လုပ်ငန်းဆောင်တာကို ကောင်းစေပါတယ်။ အိုမီဂါသရီး ဖက်တီး အက်စစ် ရရှိအောင် ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ အခွံမာသီး စတာ တွေကို စားပေးရပါမယ်။

သွပ်ဓာတ်
သွပ်ဓာတ်ဟာ မျက်စိအတွက်မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွပ်ဓာတ်ဟာ မျက်လုံးရဲ့ရောင်ခြယ်ဆဲလ်ဖြစ်တဲ့ မယ်လနင် ထုတ်လုပ်ဖို့ အလို့ငှာ ဗီတာမင်အေကို အသည်းကနေ မြင်လွှာဆီကို ပို့ဆောင်ပေးတဲ့ ကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သွပ်ဓာတ်ပါဝင်တဲ့ အာဟာရ တွေဖြစ်တဲ့ ကမာကောင်၊ အသား၊ ပုဇွန်လို အခွံမာငါး၊ နွားနို့၊ မြေပဲ၊ ရွှေဖရုံစေ့၊ ချောကလက်နဲ့ ဂျုံ စတာတွေကို စားပေးသင့်ပါတယ်။

posted by ပန်းကမ္ဘာ
Source : http://www.dhammayaungchi.com/2011/09/blog-post_12.html