“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, February 17, 2014

မိုဘိုင်း ဖုန်းပြောခ သက်သာရန် နည်းလမ်း

မိုဘိုင်း ဖုန်းပြောခ သက်သာရန် နည်းလမ်း
Monday, February 17, 2014

Missed Call ပေးပါ

ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက်သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာ မကိုင်လို့ နောက်မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။

ပြောနေရင်း ဖုန်းချပါ

ပြောနေရင်းဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွားလို့ပါပေါ့။ ဟုတ်ဘူးလား။ အသံမကြားရလို့ပါ ဘာညာပေါ့။ တစ်ခါတစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ )

Message မပို့ပါနဲ့
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ်လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြောရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ။ ပြီးတော့ ကြုံမှပြောလိုက်ပေါ့။ ၁၀ ရက်စာ စုရေးထားတာမို့ ၁၀ ရက်အတွင်း ပြောစရာရှိရင် ခများကပဲ အရင်စဆက်ပါလို့လေ။

အင်တာနက် မသုံးပါနဲ့

လည်နေတာကြည့်ပြီး တရားမှတ်တာထက် မြေကသိုဏ်းဖြစ်ဖြစ်၊ မိုးပြာရောင် ကသိုဏ်းဖြစ်ဖြစ် ကြည့်ပြီး တရားမှတ်တာ ပိုကောင်းပါတယ်။ ခုက အားလုံးသိတဲ့အတိုင်း အင်တာနက်က သိပ်မလွယ်သေးဘူးလေ။ ဒီတော့ အင်တာနက် Data Connection ကိုမဖွင့်လေကောင်းလေပါပဲ။ ( အင်တာနက်ဖွင့်ပြီး စာပို့ချင်သပဆိုရင် ပို့ချင်တဲ့သူကို What’s app ဖွင့်ခိုင်း၊ (ဒါကတော့ အတည်ပါ) အဲဒါနဲ့ကျ အင်တာနက်လိုင်းမကောင်းလဲ စာအဝင်အထွက် တော်တော်မြန်တယ်လေ)

ရည်းစားမထားပါနဲ့

ရည်စားရှိတဲ့သူတွေရဲ့  ဖုန်းဘေလ် ကုန်ချက်က အံ့မခန်းပါပဲတဲ့။ အချို့ ကျတော့လည်း ကောင်မလေး တွေက ပိုကုန်တယ်လို့ ပြောကြပြီး အချို့ ကျတော့လည်း ကောင်လေးတွေဘက်က ဖုန်းဘေလ်ကုန်ကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခုတ်က နှစ်ဖက်တီးမှ မြည်တာ။ ဖုန်းဘေလ်အကုန်မခံနိုင်ရင် ရည်းစားမထားတာ အကောင်းဆုံး ပါပဲတဲ့။

ဖုန်း ပါဝါ ပိတ်ထားပိတ်ထားပါ

အကောင်းဆုံးပဲလေ။ ညဘက်ဗိုက်ဆာတတ်သူတွေရဲ့  အကောင်းဆုံး ဖြေရှင်းနည်းက အိပ်လိုက်တာပဲ။ အိပ်ပျော် သွားရင် ဗိုက်မဆာတော့ဘူး။ ခုလဲ အဲ့လို့ပဲပေါ့။ ဖုန်းဘေလ် လုံးဝ မကုန်ချင်ဘူးဆိုရင် ဖုန်းသာ ပါဝါ ပိတ်ထားပစ်။ ဒါဆို မကုန်တော့ဘူး။

ဖုန်းမကိုင်ပါနဲ့တော့

အားလုံးထက် အကောင်းဆုံး နည်းလမ်းပေါ့ဗျာ။ မူလနှစ်ဖြာ အဝိဇ္ဇာ နဲ့ တဏှာ ကြောင့် ဘဝဆိုတာ ဖြစ်လာတာလေ။ ဘဝလောကီ ကိစ္စပျက်ချင်ရင် အဲဒါဖြတ်ပေါ့။ ခုက ဖုန်းဘေလ်အကုန်မခံချင်ပါဘူး။ ဖုန်းဘေလ် ကုန်ကျစရိတ် မသုံးနိုင်ပါဘူးဆိုရင် အကောင်းဆုံးကတော့ ဖုန်းလုံးဝ မကိုင်ပါနဲ့တော့။ မဝယ်ပါနဲ့တော့။ ဒါဆိုရင် ဖုန်းဘေလ် လုံးဝ မကုန်တော့ပါဘူး။

အားလုံးအဆင်ပြေဖို့ ရေးသား မျှဝေ လိုက်ရပါတယ်။

(မှတ်ချက် - အတည်ပေါက်နဲ့ နောက်ခြင်းမျှသာ ဖြစ်ပါတယ်။ တကယ်မဟုတ်ပါ။ အားလုံး စိတ်အပန်းဖြေ နိုင်ပါစေ)
.
အောင်ခမ်း (www.innewsmyanmar.com)

International news for myanmar Missed Call ပေးပါ

ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက်သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာ မကိုင်လို့ နောက်မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။

ပြောနေရင်း ဖုန်းချပါ

ပြောနေရင်းဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွားလို့ပါပေါ့။ ဟုတ်ဘူးလား။ အသံမကြားရလို့ပါ ဘာညာပေါ့။ တစ်ခါတစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ )

Message မပို့ပါနဲ့
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ်လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြောရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ။ ပြီးတော့

လူတစ်ယောက်ရဲ့ အမှန်တရား

Photo: လူတစ်ယောက်ရဲ့ အမှန်တရား
=================
မှန်မှန်နဲ့ မြန်မြန်ခုတ်မောင်းနေတဲ့ ရထားတစ်စင်းရဲ့
ပြူတင်းပေါက်တစ်ပေါက်မှာ လောကကြီးကိုအထူးအဆန်းနဲ့ ကြည့်ပြီး
တစ်တွတ်တွတ် ပါးစပ်ကပြောနေတဲ့ အသက်၂၄နှစ်အရွယ် လူငယ်တစ်ယောက်က
ဘေးမှာထိုင်နေတဲ့ သူ့ အဖေ ကို 
" ဖေဖေ ဟိုမှာကြည့်ပါအုံး သစ်ပင်တွေသားတို့ ရထားနောက်မှာကျန်ခဲ့တယ် "
"ဘာဖြစ်လို့ လဲဟင် ဖေဖေ"
"တိမ်တွေလည်း သားတို့ ရထားနဲ့ ယှဉ်ပြီး လိုက်လာတယ်"
"အရမ်း ကြည့်လို့ ကောင်းတယ်နော် ဖေဖေ"
ဆိုပြီး အသက်နဲ့ မမျှအောင် သာမန်လူတွေအတွက်နေ့ စဉ်ကြုံတွေ့ နေရတဲ့
အရာမှန်သမျှကို သူ့ အတွက်အထူးအဆန်းလုပ်ပြောနေရှာပေမယ့်
ဘေးမှဖခင်ဖြစ်သူကတော့ သူ့ သားအဖြစ်ကိုကြည့်ပြီးပြုံးနေရှာတယ်။

ဒါကိုမြင်တဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လူငယ်စုံတွဲက
ကောင်လေးရဲ့အဖြစ်ကိုကြည့်ပြီးရယ်ကာ ကောင်လေး၏ဖခင်ဖြစ်သူကိုမေးတယ်။
"ဦးလေးရဲ့ သားဒီလိုဖြစ်နေတာကို ဆေးရုံကိုခေါ်ပြီး ဆရာဝန်နဲ့ ညှိနှိုင်းသင့်တယ်"
ဒါနဲ့ ကောင်လေးရဲ့ဖခင်ဖြစ်သူကလည်း 
"အခုပဲဆေးရုံကဆင်းလာတာပါ။
ဦးလေးသားက စိတ်မကျန်းမာသူမဟုတ်ပါဘူး။
မွေးကထဲက မျက်စိမကောင်းလို့  မကြာသေးခင်ကမှမျက်ကြည်လွှာ
အလှူရှင်တွေ့ ပြီး ယခုအသက်၂၄နှစ်အရွယ်ရောက်မှ လောကကြီးကို
အမြင်နဲ့ ထိတွေ့ ခွင့်ရလို့ အားလုံးကိုအထူးအဆန်းဖြစ်နေတာပါ"
လို့ ပြုံပြုံးလေးနဲ့  စောနကစုံတွကိုပြန်ဖြေလိုက်ပါတယ်။

ဒါ့ကြောင့် လူတစ်ယောက်ရဲ့အမှန်တရားကို သေချာမသိခင်
မိမိ၏ထင်ကြေးနဲ့ ထိုလူကို လှောင်ရယ်မပြုသင့်ပါ။
သူ့ အမှန်တရားကို သင်သိတဲ့အချိန်မှာ သင့်အမှန်တရားဟာ
သူ့ အတွက် လှောင်ရယ်ပြုစရာဖြစ်နေပါလိမ့်မယ်............

ZK
ဘဝစာမျက်နှာ မှန်မှန်နဲ့ မြန်မြန်ခုတ်မောင်းနေတဲ့ ရထားတစ်စင်းရဲ့
ပြူတင်းပေါက် တစ်ပေါက်မှာ လောကကြီးကို အထူးအဆန်းနဲ့ ကြည့်ပြီး
တစ်တွတ်တွတ် ပါးစပ်ကပြောနေတဲ့ အသက်၂၄နှစ်အရွယ် လူငယ်တစ်ယောက်က
ဘေးမှာထိုင်နေတဲ့ သူ့ အဖေ ကို

" ဖေဖေ ဟိုမှာကြည့်ပါအုံး သစ်ပင်တွေသားတို့ ရထားနောက်မှာကျန်ခဲ့တယ် "
"ဘာဖြစ်လို့ လဲဟင် ဖေဖေ"
"တိမ်တွေလည်း သားတို့ ရထားနဲ့ ယှဉ်ပြီး လိုက်လာတယ်"
"အရမ်း ကြည့်လို့ ကောင်းတယ်နော် ဖေဖေ"

ဆိုပြီး အသက်နဲ့ မမျှအောင် သာမန်လူတွေအတွက်နေ့ စဉ်ကြုံတွေ့ နေရတဲ့
အရာမှန်သမျှကို သူ့ အတွက်အထူးအဆန်းလုပ်ပြောနေရှာပေမယ့်
ဘေးမှဖခင်ဖြစ်သူကတော့ သူ့ သားအဖြစ်ကိုကြည့်ပြီးပြုံးနေရှာတယ်။

ဒါကိုမြင်တဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လူငယ်စုံတွဲက
ကောင်လေးရဲ့အဖြစ်ကိုကြည့်ပြီးရယ်ကာ ကောင်လေး၏ဖခင်ဖြစ်သူကိုမေးတယ်။
"ဦးလေးရဲ့ သားဒီလိုဖြစ်နေတာကို ဆေးရုံကိုခေါ်ပြီး ဆရာဝန်နဲ့ ညှိနှိုင်းသင့်တယ်"
ဒါနဲ့ ကောင်လေးရဲ့ဖခင်ဖြစ်သူကလည်း

မိဘမေတ္တာ ဖြစ်ရပ်မှန်လေးပါ

Photo: ဖြစ်ရပ်မှန်လေးပါ

ဗီယက်နမ်နိုင်ငံမှာ စစ်ပွဲတွေဖြစ်တဲ့အခါမှာ ညားခါစ လင်မယားရဲ့ အမျိုးသားဟာ စစ်ပွဲထဲကို လိုက်သွားရပါတယ်။ မကြာပါဘူး ကောင်မလေးဟာ သူ့ယောက်ျားသေဆုံးသွားပြီဆိုတဲ့ စာကိုလက်ခံရရှိပါတယ်။ ပြီးတော့ စစ်ပွဲအတွင်းမှာပဲ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ကောင်မလေးဟာ အရွယ်ငယ်တဲ့အတွက် သူ့ကို နောက်အိမ်ထောင်ပြုဖို့တိုက်တွန်းကြသလို နောက်အိမ်ထောင်ပြုမယ့် သူတွေရှိတာတောင်မှ မယူဘဲ ကလေးကို လုပ်ကျွေးပါတယ်။ စစ်ပွဲကာလအတွင်းမှာဆိုတော့ အစားအစာကလဲ ရှားပါးပြီးတော့ တစ်ခါတလေ သုံးရက်လောက် ထမင်းမစားရတာတွေလဲရှိပါတယ်။

ဒီကြားထဲကပဲ သူ့သားကို သူကိုယ်တိုင်စာသင်ပေးခဲ့ပြီးတော့ အင်္ဂလိပ်စာ ကိုလဲ အမေရိကန်စစ်သားတွေနဲ့အတူပါလာတဲ့ ဖာသာတွေဆီကနေ သူကိုယ်တိုင် သင်ကြားပြီးတော့ ကလေးငယ်ကို ပြန်သင်ကြားပေးခဲ့ပါတယ်။ အဲဒီလိုကနေ အချိန်တွေကြာလာပြီးတော့ သူ့သားလေးဟာလဲ အရွယ်ရောက်ခဲ့ပြီး အင်္ဂလိပ်စာလဲ အလွန်ထူးချွန်ပါတယ်။ နောက်တော့ အမေရိက ကနေ ပညာတော်သင်ခေါ်တဲ့အထဲမှာ သူ့သားပါသွားပြီးတော့ အမေရိက ကို ကျောင်းသွားတက်ပါတယ်။ ကျောင်းတက်နေတုန်းမှာကော ကျောင်းပြီးလို့ အလုပ်ရတဲ့အထိ သူ့သားငယ်ဟာ အလုပ်တွေများလို့ နိုင်ငံကို မပြန်နိုင်ပဲ ခရစ္စမတ်နဲ့ အခြားအချိန်တွေမှာ ပိုက်ဆံတွေပို့ပေးလေ့ရှိပါတယ်။ဒီလိုနဲ့ ခရစ္စမတ်တွေ အများကြီးကို ကျော်ဖြတ်ပြီးတော့ ဆယ်စုနှစ်တခုလောက်အကြာမှာ သူ့အမေ ဗီယက်နမ်မှာ သေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားတော့မှ ဗီယက်နမ်ကို ပြန်လာဖြစ်ပါတော့တယ်။

သူ့အိမ်ကို ပြန်ရောက်ပြီး သူ့အမေအလောင်းကိုတွေ့တော့ သူဟာ လုံးဝမငိုပါဘူး။ သူ့အမေ ကောင်းရာသုဂတိရောက်သွားဖို့ ဆုတောင်းပါတယ်။. ပြီးတော့ သူတို့အိမ်ကို ရှင်းတဲ့အခါမှာ သူ့အမေအိပ်ရာအောက်က သေတ္တာလေးတစ်ခုကို တွေ့ပါတယ်။ သေတ္တာကို ဖွင့်ကြည့်ပြီးတော့ သားခမျာ ယူကြုံးမရ ငိုပါတော့တယ်။ ရွာသားတွေလဲ စိတ်ဝင်စားသွားပြီး သေတ္တာထဲမှာ ဘာတွေရှိလဲလို့ သွားကြည့်ပါတယ်။ သေတ္တာထဲမှာ ဒေါ်လာ ၁၀၀ တန်တွေ အပြည့်ဖြစ်နေပြီးတော့ စာလေးတစ်စောင်လဲ ရှိပါတယ်။ အဲဒီစာလေးထဲမှာရေးထားတာကတော့ "
" ငါ့သားရယ် အမေ ပိုက်ဆံတွေအများကြီး သုံးဖို့မလိုအပ်ပါဘူး မင်းပေးတဲ့ပိုက်ဆံတွေကို မင်းမကျန်းမမာဖြစ်တဲ့အခါသုံးဖို့ အမေသိမ်းထားပေးပါတယ် " လို့ရေးထားပါလေရဲ့

မောင်စိုင်း ဗီယက်နမ်နိုင်ငံမှာ စစ်ပွဲတွေဖြစ်တဲ့အခါမှာ ညားခါစ လင်မယားရဲ့ အမျိုးသားဟာ စစ်ပွဲထဲကို လိုက်သွားရပါတယ်။ မကြာပါဘူး ကောင်မလေးဟာ သူ့ယောက်ျားသေဆုံးသွားပြီဆိုတဲ့ စာကိုလက်ခံရရှိပါတယ်။ ပြီးတော့ စစ်ပွဲအတွင်းမှာပဲ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ကောင်မလေးဟာ အရွယ်ငယ်တဲ့အတွက် သူ့ကို နောက်အိမ်ထောင်ပြုဖို့တိုက်တွန်းကြသလို နောက်အိမ်ထောင်ပြုမယ့် သူတွေရှိတာတောင်မှ မယူဘဲ ကလေးကို လုပ်ကျွေးပါတယ်။ စစ်ပွဲကာလအတွင်းမှာဆိုတော့ အစားအစာကလဲ ရှားပါးပြီးတော့ တစ်ခါတလေ သုံးရက်လောက် ထမင်းမစားရတာတွေလဲရှိပါတယ်။

ဒီကြားထဲကပဲ သူ့သားကို သူကိုယ်တိုင်စာသင်ပေးခဲ့ပြီးတော့ အင်္ဂလိပ်စာ ကိုလဲ အမေရိကန်စစ်သားတွေနဲ့အတူပါလာတဲ့ ဖာသာတွေဆီကနေ သူကိုယ်တိုင် သင်ကြားပြီးတော့ ကလေးငယ်ကို ပြန်သင်ကြားပေးခဲ့ပါတယ်။ အဲဒီလိုကနေ အချိန်တွေကြာလာပြီးတော့ သူ့သားလေးဟာလဲ အရွယ်ရောက်ခဲ့ပြီး အင်္ဂလိပ်စာလဲ အလွန်ထူးချွန်ပါတယ်။ နောက်တော့ အမေရိက ကနေ

အကြီးဆုံး ဝေလငါး

Photo: အကြီးဆုံး ဝေလငါး

South China Sea ဟာ ကမ္ဘာပေါ်မှာမုန်တိုင်းအန္တ၇ယ်အများဆုံးနှင့် ကြောက်စ၇ာအကောင်းဆုံး ပင်လယ်ပြင်တစ်ခုပါ။တစ်နေ့တော့ Sea Angel ဝေလငါးဖမ်းသဘော်ဟာအဲဒီတောင်တ၇ုတ် ပင်လယ်ပြင်မှာဝေလငါးအုပ်စုကိုလိုက်၇င်း ပြင်းထန်တဲ့မုန်တိုင်းနှစ်ခုကြားေ၇ာက်၇ှိသွားပြီး ၀မ်းကွဲနှစ်မြုတ်သွားပါတော့တယ်။သဘော်သားအယောက် ၃၀ ထဲကမှ ကပ္ပတိန် နဲ့ ကျန် ၄ ယောက်ဟာ သဘော်မနှစ်မြုပ်မီ ငါးဖမ်း၇ာမှာသုံးတဲ့ဖော့တုံးကြီးတွေမှာ သူတို့၇ဲ့ လက်တွေ ကို ခိုင်ခံ့အောင်၇စ်ပတ်ထားနိုင်ခဲ့တာကြောင့် မုန်တိုင်းစဲသွားချိန်မှာ ကံအားလျှော်စွာ အုပ်စုမကွဲ အသက်၇ှင်ကျန်ခဲ့ကြတယ်။

မကြာမီမှာပဲ ကံတ၇ား၇ဲ့ဖေးမမှု့ကြောင့် စိမ်းစိမ်းညို့ညို့ ကျွန်းငယ်လေးတစ်ခုကို သူတို့နဲ့ မနီးမဝေးမှာ ဘွားခနဲတွေ့လိုက်၇တယ်။ခြေကုန်လက်ပန်းကျအောင်ကူးခပ်ပြီးနောက် ကျွန်းလေးပေါ်ေ၇ာက်လာတဲ့ သူတို့အုပ်စုဟာ အ၇ိုးကွဲလောက်အောင်အေးလှတဲ့ ပင်လယ်လေကိုအံတုနိုင်ဖို့ ၇၇ာသစ်၇ွက် ခြောက်တွေနဲ့ မီးဖိုလေးတစ်ခုအမြန်ဖိုကြတယ်။

မီးအ၇ှိန်လေး၇လာတဲ့အချိန်မှာပဲ ကျွန်းလေးဟာ ၇ုတ် တ၇က် သွက်သွက်ခါတုန်ခါသွားပြီးေ၇မှုန်ေ၇ မွှားတွေဖွားခနဲ ပန်းထွက်လာတော့တယ်။သူတို့အုပ်စုလည်း ကျွန်းလေးပေါ်က တလိမ့်ခေါက်ကွေး ပင်လယ်ထဲကိုပြုတ်ကျသွားကြတယ်။

သူတို့ခဏတာကွန်းခိုခဲ့တဲ့ကျွန်းလေးကတော့ '၀ုန်း' ခနဲပင်လယ်ထဲကိုနစ်မြုပ်ပျောက်ကွယ်သွား တယ်။အလန့်တကြား မှင်သက်မိနေတဲ့သူတို့အုပ်စု ငေးကြောင်ကြည့်နေစဉ်မှာပင် နှစ်မြုပ်ပျောက် ဆုံးသွားတဲ့ကျွန်းလေးဟာအတော်ဝေးဝေး တစ်နေ၇ာမှာေ၇မှုန်ေ၇မွှားတွေ တဖွားဖွားမှုတ်ထုတ်ပြီး 'အုန်း' ခနဲပြန်ပေါ်လာပြီးေ၇အောက်ကိုပြန်လည်ငုတ်လျှိုးသွားပြန်တယ်။ ပေါ်လိုက်ပျောက်လိုက်နဲ့ တဖြေးဖြေးဝေးသွားတဲ့ကျွန်းလေးကို ကြည့်၇င်းသူတို့နားလည်လိုက်တာက ဒါအလွန်အင်မတန်ကြီး တဲ့ဝေလငါးကြီးဆိုတာပါပဲ။
သူတို့တွေကို ပင်လယ်ကူးသဘော်ကြီးတစ်စင်းကတွေ့၇ှိကယ်တင်ပြီး မိခင်နိုင်ငံကိုပြန်ေ၇ာက်တဲ့ အခါ မှာတော့ ဒီသတင်းဟာကမ္ဘာအနှံကို ပျံ့နှံသွားပါတော့တယ်။နောက်ဆုံးမှာတော့ ဂျပန်နိုင်ငံအခြေစိုက် အဏ္ဏ၀ါဗေဒ သုတေသနဌာနမှ သိပ္ပံပညာ၇ှင်တွေဟာ အဆိုပါဝေလငါးကြီးကို တွေ့၇ှိဓါတ်ပုံ၇ိုက်
မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အောက်မှာ ဓါတ်ပုံကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။

( သူငယ်ချင်းတိုေ၇ ယုံ-မယုံ......လွတ်လပ်စွာသဘောထားကွဲလွဲခွင့်၇ှိပါသည် ) South China Sea ဟာ ကမ္ဘာပေါ်မှာမုန်တိုင်းအန္တ၇ယ် အများဆုံးနှင့် ကြောက်စ၇ာ အကောင်းဆုံး ပင်လယ်ပြင်တစ်ခုပါ။တစ်နေ့တော့ Sea Angel ဝေလငါးဖမ်းသဘော်ဟာ အဲဒီတောင်တ၇ုတ် ပင်လယ်ပြင်မှာဝေလငါး အုပ်စုကိုလိုက်၇င်း ပြင်းထန်တဲ့မုန် တိုင်းနှစ်ခုကြားေ၇ာက်၇ှိသွားပြီး ၀မ်းကွဲနှစ်မြုတ် သွားပါတော့တယ်။ သဘော်သားအယောက် ၃၀ ထဲကမှ ကပ္ပတိန် နဲ့ ကျန် ၄ ယောက်ဟာ သဘော်မနှစ်မြုပ်မီ ငါးဖမ်း၇ာမှာသုံးတဲ့ဖော့တုံးကြီးတွေမှာ သူတို့၇ဲ့ လက်တွေ ကို ခိုင်ခံ့အောင်၇စ်ပတ်ထားနိုင်ခဲ့တာကြောင့် မုန်တိုင်းစဲသွားချိန်မှာ ကံအားလျှော်စွာ အုပ်စုမကွဲ အသက်၇ှင်ကျန်ခဲ့ကြတယ်။

မကြာမီမှာပဲ ကံတ၇ား၇ဲ့ဖေးမမှု့ကြောင့် စိမ်းစိမ်းညို့ညို့ ကျွန်းငယ်လေးတစ်ခုကို သူတို့နဲ့ မနီးမဝေးမှာ ဘွားခနဲတွေ့လိုက်၇တယ်။ခြေကုန်လက်ပန်းကျအောင်ကူးခပ်ပြီးနောက် ကျွန်းလေးပေါ်ေ၇ာက်လာတဲ့ သူတို့အုပ်စုဟာ အ၇ိုးကွဲလောက်အောင်အေးလှတဲ့ ပင်လယ်လေကိုအံတုနိုင်ဖို့ ၇၇ာသစ်၇ွက် ခြောက်တွေနဲ့

ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်

Photo: ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်

လက်ရှိ သုံးနေတဲ့ ကီးဘုတ်မျိုး မဟုတ်ပါဘူး။ ၎င်းဖန် တက်ကီးဘုတ်ဟာ ခလုပ်ကလေးတွေ ကို အလင်းရောင် တောက်ပအောင် ပြုလုပ်ပေးထား ပါတယ်။ 

သို့မှသာ စာရိုက်ရာတွင် ခလုပ်လေးတွေကို အလွယ်တကူ မြင်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်ကို Luminae လို့ခေါ်ပါတယ်။

ယနေ့ သုံးစွဲနေသော touch screen ဖုန်းတွေနဲ့ အလားသဏ္ဍန်တူ ပါတယ်။ထို့ပြင် ၎င်းကီးဘုတ် ကို အညစ်အကြေးတွေ မကပ်အောင် သန့်ရှင်းစေသောနည်းများဖြင့် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

ကင်မရာ၊ Bluetooth စသော အရာတွေကိုလည်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ဈေးနှုန်း ကတော့ ဒေါ်လာ 499 ဖြစ်တယ်လို့ သိရပါတယ်။ ထို့ကြောင့် ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်ကို သုံးဆွဲသူတို့ ကြိုက်နှစ်သက်မှု ရစေလိမ့်မယ်လို့ ဆိုပါတယ်။
လက်ရှိ သုံးနေတဲ့ ကီးဘုတ်မျိုး မဟုတ်ပါဘူး။ ၎င်းဖန် တက်ကီးဘုတ်ဟာ ခလုပ်ကလေးတွေ ကို အလင်းရောင်  တောက်ပေ အာင် ပြုလုပ်ပေးထား ပါတယ်။

သို့မှသာ စာရိုက်ရာတွင် ခလုပ်လေးတွေကို အလွယ် တကူ မြင်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်ကို Luminae လို့ခေါ်ပါတယ်။

ယနေ့ သုံးစွဲနေသော touch screen ဖုန်းတွေနဲ့ အလားသဏ္ဍန်တူ ပါတယ်။ထို့ပြင် ၎င်းကီးဘုတ် ကို အညစ်အကြေးတွေ မကပ်အောင် သန့်ရှင်းစေသောနည်းများဖြင့် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

ကင်မရာ၊ Bluetooth စသော အရာတွေကိုလည်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ဈေးနှုန်း ကတော့ ဒေါ်လာ 499 ဖြစ်တယ်လို့ သိရပါတယ်။ ထို့ကြောင့် ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်ကို သုံးဆွဲသူတို့ ကြိုက်နှစ်သက်မှု ရစေလိမ့်မယ်လို့ ဆိုပါတယ်။
 
မြ၀တီ