“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, December 28, 2012

အန္တရာယ်ရှိစေသော ကြက်တောင်ပံများ

အလှအပကို ကြိုက်နှစ်သက်ကြတဲ့ မမတို့ရေ . .
ကြက်တောင်ပံကြော်ကို နေ့စဉ်ရက်ဆက် စားသုံးခြင်းဟာ အမျိုးသမီးတွေ အတွက် တကယ့်အန္တရာယ်တခုဆိုတာကို မျှဝေလိုက်ပါတယ်။

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။
မကြာသေးမီက သူငယ်ချင်းတစ်ယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ကျိတ်လိုလို အခဲတခုဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့ အထိဖြစ်သွားပါတယ်။

အဲဒီအခဲဟာ ခွဲစိတ်ပြီး ကြည့်လိုက်တော့ မဲပုပ်နေတဲ့ သွေးခဲကြီးပါတဲ့။ သူမကတော့ ခွဲစိတ်ကုသ ပြီးနောက်မှာ ပုံမှန်ပြန်ကောင်း လာမယ်လို့ပဲ ထင်ခဲ့တာပါ။

ဒါပေမယ့် သူထင်တာနဲ့ တတ်တတ်စင်အောင် လွဲခဲ့ပါ့တယ်။ ခွဲစိတ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ပါတယ်။

အဲဒီ ဒုက္ခကြောင့် သူလဲအရမ်းစိတ်သောက ရောက်ခဲ့ရပြီး သားဖွားမီးယပ် ပါရဂူတယောက်ဆီ သွားပြကြည့်တော့ ဆရာဝန်က သူမကို မေးခွန်းတခုမေးပါတယ်။
ဆရာဝန်ရဲ့ မေးခွန်းက သူမအတွက် တော်တော်ကို ထူးဆန်းခဲ့တယ်။

မေးခွန်းက ကြက်တောင်ပံကို နေ့စဉ်ရက်ဆက် စားသလားတဲ့။
သူမက စားပါတယ်လို့ ပဲဖြေခဲ့ပါတယ်။ စားလဲ စားခဲ့တာကိုး။

သူမ ကြက်တောင်ပံကြော် အမြဲတမ်း စားနေကျဆိုတာ ဘယ်လို သိပါသလဲလို့တောင် အံ့သြတကြီး ပြန်မေးမိသေးတယ်။

ကဲကြည့် . . ဘာကြောင့်သူဒီလိုရောဂါဖြစ်ရတာလဲ ?

ဒီနေ့ခေတ်မှာ ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးတွေ သုံးလာကြပါတယ်။ Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့ တောင်ပံနဲ့ လည်ပင်းနေရာတွေမှာပဲ အမြဲထိုးပေးလေ့ရှိတယ်။

ဒါကြောင့် Steroids ဟိုမုန်းတွေ အများဆုံးစုနေတဲ့နေရာကတော့ တောင်ပံနဲ့ လည်ပင်းတွေမှာ ပါပဲ။ ဒီ Steroids ဟိုမုန်းဟာ မြန်မြန်ကြီးထွားစေတဲ့ သဘောကြောင့် ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်ပေါ်လာပါတယ်။

ဒါဟာဘာအတွက်လဲ . .
တကယ်တော့ သူတို့ရဲ့ လိုအပ်ချက်က ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ပဲ မဟုတ်လား ?

ဒါပေမယ့် . . အခု အမျိုးသမီးတွေကို တိုက်ရိုက်ထိခိုက်လာပါပြီ။ အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မဟော်မုန်းတွေကိုပါ အန္တရာယ်ကျရောက်စေတဲ့အပြင် ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေကြီး ထွားလာစေတတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်။

ကျတော်တို့မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေဆိုတာလည်း များပြားလွန်းလှပါတယ်။
ဒါအပြင် . . ကျွန်တော်တို့ အသက်ဆက်လက်ရှင်သန်ဖို့ရာမှာလည်း ကျန်းမာရေးကောင်းမွန်ဖို့ ပိုပြီးအရေးကြီးပါတယ်။

ဒါကြောင့် မမတို့ကို ကြက်တောင်ပံအလွန်အကျွံစားသုံးခြင်းက ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တစ်ခုကို ကျန်းမာရေးဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။

မမတို့ရဲ့ ကျန်းမာရေးဘေးမဖြစ်ရအောင်၊ ခန္ဒာကိုယ် အလှလည်း မပျက်စေသလို ခန္ဒာကိုယ်အလေးချိန်ကိုလည်း ထိန်းရာရောက်ပြီး ဖြစ်တဲ့အတွက် ယခုကဲ့သို့ ကြက်တောင်ပံကို နေ့စဉ် ရက်ဆက် စားသုံးခြင်းကနေ တတ်နိုင်သလောက် လျှော့စားကြပါလို့။

ကြက်တောင်ပံ(သို့) အသားကင် အကြိုက်လွန်သူများအတွက် ကျန်းမာရေးဗဟုသုတအနေနဲ့ ဖြန့်ဝေပေးလိုက်ပါတယ်။

Ref By - http://seinpanpyar.multiply.com/

ရင်သားကင်ဆာ ကာကွယ်မနှေး စမ်းသပ်ပေး

ကာကွယ်မနှေး စမ်းသပ်ပေး   ....... 

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ် များတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် တချို့ အမျိုးသမီးတွေဟာ ရင်သား ကင်ဆာ ဖြစ်မှာကို အလွန်အကျွံ စိုးရိမ်ပူပန် တတ်ကြပါတယ်။ 

ဒါပေမဲ့ ရင်သားမှာအဖု၊ အကျိတ်၊ အသီး၊ အရည်အိတ်စတာတွေ ဖြစ်ပေါ်တိုင်း ကင်ဆာဖြစ်ပြီလို့ အလွန်အကျွံ မစိုးရိမ်ပါနဲ့။ ဖြစ်နိုင်တဲ့ အကြောင်းရင်း တွေက အများအပြားရှိတာကြောင့်ပါ။

ရင်သားကင်ဆာဟာ သွေးဆုံးပြီး အမျိုးသမီးတွေ၊ မိသားစု မျိုးရိုးမှာ ရင်သား ကင်ဆာ ရောဂါ ရာဇဝင်ရှိသူတွေ ဒါမှမဟုတ် ရင်ဘတ်နေရာ တစ်ဝိုက်မှာ ဓာတ်ကင်ဖူးသူတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလိုရင်သား ကင်ဆာ ဖြစ်နိုင်ခြေသူတွေ အနေနဲ့ ပိုသတိထားပြီး ကိုယ့်ရင်သားကို အမြဲစစ်ဆေးနေသင့်ပါတယ်။
 
ရင်သားကင်ဆာ ကာကွယ်ဖို့ တိကျတဲ့နည်းလမ်း မရှိပေမယ့် အသီးအရွက်များများ စားတာ၊ အနီရောင် အသားနဲ့ တိရစ္ဆာန် အဆီတွေနည်းနည်းပဲ စားတာ၊ ဆားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ကျင့်သုံးသူတွေမှာ ကင်ဆာဖြစ်ပွားမှု လျော့နည်းနိုင်ပါတယ်။

သွေးဆုံးပြီးနောက် အဝလွန်တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတဲ့ အတွက် အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ဖို့လည်း အရေးကြီးပါတယ်။ 

အရက်သောက်ခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေတဲ့အတွက် အရက်သောက်တတ်ရင် လျှော့သောက်ပါ။

ခရမ်းချဉ်သီးက လေဖြတ် နိုင်ခြေကို လျှော့ချနိုင်

ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြော ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ များစွာ ပါဝင်ပါတယ်။

လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်း ပမာဏ များစွာ ရရှိသူတွေဟာ လိုင်ကိုပင်း ပမာဏ နည်းစွာ ရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက်၄၆နှစ်နဲ့ ၆၅နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂နှစ် ကြာအောင် လေ့လာ ခဲ့ရာမှာ တွေ့ရှိခဲ့ တာဖြစ်ပါတယ်။တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာ ကယ်ရိုတင်း၊ ဘီတာ ကယ်ရိုတင်း၊ အယ်လ်ဖာ တိုကို ဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြု ခဲ့ပေမယ့် သူတို့တွေဟာ လေဖြတ် နိုင်ခြေနဲ့ ဆက်စပ်မှု မရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

http://www.myawady.com.mm/health/preventing/item/3044-2012-12-28-12-20-29

Internet Cafe ထိုင်သူများသတိထား

အထက်ပါ ပုံက Keylogger hardware ဖြစ်ပါတယ် ဒီ Keylogger တွေက
မိမိ ဒီကွန်ပျုတာထဲမှာရိုက်သွားသမျှ user name တွေ password တွေကို
မှတ်သားထားပါတယ်။

bank card အသုံးပြုတဲ့သူများရှိရင်လဲ bank card no တွေကို အကုန်
မှတ်သားထားမှာဖြစ်ပါတယ်။

ဒါကြောင့် Internet cafe မှာအသုံးပြုရင်ဘဲဖြစ်ဖြစ် ၊ သူများကွန်ပျုတာ
ကို အသုံးပြုရင်ဘဲဖြစ်ဖြစ် သတိထားရမယ်အထက်ပါပုံလေး
တွေပါ။

Ref>>>Shwemyanmar media group

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါလိမ့်မယ်။

(၁) ရေများများသောက်ပေးပါ
ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်းကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ
တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင်တိုးစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများမှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေနိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ
နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ်ပေါ်မှာ မူတည်နေတဲ့အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲနေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေတာကြောင့် နုံးချည့်နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။

(၄) အာဟာရပြည့်ဝအောင်စားပါ
ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝစေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ်ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာတတ်တာကြောင့် အဆီ နည်းအသားလို သံဓာတ်ပါဝင်မှုများတဲ့ အစာ စားပေးသင့်ပါတယ်။

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်
ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတိုအတွင်း အလေးချိန်ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာလျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့်ညောင်းညာ နိုင်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ
တစ်ညကို ရှစ်နာရီလောက် အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်စက်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေ ထွက်လေ မှတ်တာ၊ ဘုရားစာရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။

(၇) အိပ်ဆေးမသောက်ပါနှင့်
အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ကြယ်စင်
http://www.myawady.com.mm/health/preventing/item/3041-2012-12-28-12-12-05

ချောင်းဘာကြောင့် ဆိုးတာလဲ ......

Photo: ချောင်းဘာကြောင့် ဆိုးတာလဲ ......

“ချောင်းဆိုး” တယ် ဆိုတာဟာ လှုံ့ဆော်ချက် တစ်ခုကို ရုတ်တရက် ထပ်တလဲလဲ တုံ့ပြန်မှု ဖြစ်ပါတယ်။ ဘာတွေကို တုံ့ပြန် ရတာလဲ ဆိုတော့ ကူးစက် ရောဂါ ပိုးတွေ၊ ပြင်ပက အမှုန် အမွှားလေးတွေ၊ ကသိ ကအောက် ဖြစ်စေတဲ့ အရာတွေနဲ့ ချွဲတွေကို အသက်ရှူ လမ်းကြောင်း တစ်လျှောက်မှာ ရှင်းသွားအောင်၊ သန့်စင် သွားအောင် ခါထုတ်ပစ် လိုက်တဲ့ သဘောပါပဲ။ 

အသက်ရှူ လမ်းကြောင်း တစ်လျှောက်မှာ ချောင်းတစ်ခါ ဆိုးဖို့ရာ တုံ့ပြန်မှု တစ်ခု တိုင်းမှာ ကဏ္ဍသုံးခု ဆက်တိုက် ဖြစ်ပွား သွားရတယ်။ အဲဒါက တော့ ပထမ လေကို ရှူသွင်း လိုက်ရတယ်။ ပြီးနောက် ပိတ်ထားတဲ့ အသံအိုး အဖုံး (Glottis) တစ်ခုကို ဆန့်ကျင်ပြီး ခပ်ပြင်းပြင်းလေး လေကို အပြင်ဘက် ထုတ်ပစ် ရပါတယ်။ အဲဒီလို ထုတ်လိုက် ချိန်မှာ အဆုတ် ထဲက လေ တွေဟာ အသံအိုး ဖွင့်လာချိန်မှာ ပရမ်းပတာ အပြင်ဘက်ကို လှိမ့်ထွက်ရတဲ့ အတွက် ချောင်းဆိုးသံလို့ ခေါ်တဲ့ ချောင်း ခြောက်ဆိုး သံ (သလိပ်သံ မကြားရ)၊ ချောင်းစို ချောင်းဆိုးသံ (သလိပ်သံ ချွဲသံ ပါလာ) အသံ ကျယ်ကျယ်ကြီး ထွက်လာတော့ တာပါပဲ။ အောင့်ထားလို့ မရတဲ့အရာတွေ ထဲမှာ အချစ်၊ ချောင်းဆိုးသံနဲ့ လေလည်သံ ပါတယ်လို့ ဟာသ စကားလေး တစ်ခုတောင် ရှိပါတယ်။
 ချောင်းဆိုး တာဟာ လုပ်ယူလို့လည်း ရသလို တစ်ခါတစ်ရံ သူ့ဘာသာသူ အလိုလို ချောင်းဆိုး လိုက်ရ တာလည်း ရှိပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေထဲမှာ ဒါမှမဟုတ် နောက်ပြောင်ချင်တဲ့ အခါ “ချောင်းဟန့်သံလေး” ပေးလိုက်တာမျိုး လုပ်လို့ ရပါတယ်။

 မကြာခဏ ချောင်းဆိုး နေပြီ ဆိုရင်တော့ အထူးသဖြင့် ချောင်းဆိုးတာ သုံးပတ် ကျော်လာရင် ဒါဟာ ရောဂါ တစ်ခု ဖြစ်တော့မယ်လို့ သင့်အား သတိပေးနေပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ပိုးတွေ၊ ဗက်တီး ရီးယား ပိုးတွေက သင့်ရဲ့ အသက်ရှူ လမ်းကြောင်း တစ်လျှောက်မှာ ချောင်းဆိုး လာစေဖို့ လာရောက် နားခိုတတ် ပါတယ်။ 

သူတို့ဟာ နောက်ထပ် ပိုးအသစ်တွေ ပျံ့နှံ့ လာစေ ဖို့လည်း ကူညီ တတ်ပါသေး တယ်။ အချိန် အများစုမှာတော့ ချောင်းဆိုး ကြရတာဟာ အသက်ရှူ လမ်းကြောင်း တစ်လျှောက် ပိုးတွေ ဝင်ရောက် အတွယ်ခံရလို့ ဖြစ်တယ်။ အဲဒီ အသက်ရှူ လမ်းကြောင်း ပိုးတွယ်မှု တွေက ဆေးလိပ် သောက်ခြင်း၊ လေထု ညစ်ညမ်းခြင်း၊ ပန်းနာ ရင်ကျပ် ရောဂါရှိခြင်း၊ တုပ်ကွေး ရောဂါ၊ တီဘီ ရောဂါ၊ အဆုတ် ကင်ဆာ စသည်ဖြင့် ဖြစ်ရတဲ့ အကြောင်းရင်း အမျိုးမျိုး ဖြစ်နိုင် ပါတယ်။ ဒီ့ပြင် ဖြစ်နိုင်တဲ့ အကြောင်းရင်း အမျိုးစုံ ရှိသေးတယ်။ အစာစားရင်း သီးသွားလို့ ချောင်းဆိုး လိုက်ရတာမျိုး၊ ဓာတ်မတည့်မှုကြောင့်၊ အစာရေမျိုနဲ့ အစာအိမ် လမ်းကြောင်း ဆိုင်ရာ တုံ့ပြန်မှု ရောဂါနှင့် နှာခေါင်း ပိုက်သွင်း ခံရပြီးနောက် ချောင်းဆိုး တာမျိုးလည်း ရှိတယ်။ နာတာရှည် လေပြွန် ရောင်ရမ်းခြင်း ရောဂါ၊ အဆုတ်ပွ ရောဂါ၊ နှလုံး အားနည်း ရောဂါ (Heart Failure) ကြောင့်လည်း ချောင်းဆိုး နိုင်သလို တစ်ခါတစ်ရံ ဆရာဝန် ပေးတဲ့ ဆေးတွေ ကြောင့်လည်း ချောင်းဆိုး တတ်ပါ သေးတယ်။ ဥပမာ- သွေးတိုး ရောဂါမှာ ပေးလေ့ ရှိတဲ့ ACE Inhibitors တွေကလည်း ချောင်းဆိုး စေတတ် ပါသေးတယ်။

 တစ်ခါတလေ ချောင်းဆိုး တာဟာ လူကို နေရထိုင်ရ ခက်စေ ပါတယ်။ လည်ချောင်း ယားယား လာသလို၊ လည်ချောင်း မှာ ခပ်စပ်စပ်လေး ခံစား ရတယ်။ သီးလိုက်လို့ ချောင်းဆိုးရင် အစား စားထားတာမို့ စားပြီးသား အစာတွေ နှာခေါင်း ထဲကတောင် ပြန်ထွက် တတ်ပါ သေးတယ်။ တစ်ခါတစ်ရံ မျက်ရည် တွေတောင် ထွက်လာပါရော။

 ဒီနေရာမှာ ချောင်းဆိုးတာဟာ Alergy လို့ အပြောများတဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်သလို၊ အချစ်တော် တိရစ္ဆာန်လေးတွေ အထူး သဖြင့် အမွေးပွ ခွေးတွေ၊ ကြောင်တွေ မွေးတဲ့ ပိုင်ရှင်တွေမှာ အသက်ရှူ လမ်းကြောင်း တစ်လျှောက် (အမွေး ကျွတ်ပြီး ထိုအမွေးတွေက ကသိကအောက် ဖြစ်စေကာ) မှာ ရောင်ရမ်း လာမှု ကြောင့် ချောင်းဆိုး ရတာမျိုးတွေ မကြာခဏ တွေ့ရှိ နေရ ပါတယ်။ ဒါကြောင့်......

 ချောင်းဆိုးရင် ဘာကြောင့် ချောင်းဆိုးရတာလဲ ဆိုတဲ့ အကြောင်းရင်း အမှန်ကို အရင်သိဖို့ လိုပါတယ်။ ထို အကြောင်းရင်း အမှန်ကို ဖယ်ရှား ပစ်နိုင်ရင် ချောင်းဆိုးတာ ကိုလည်း သက်သာ ပျောက်ကင်းအောင် လုပ်နိုင်ပါပြီ။ ဥပမာ- အိမ်မွေး တိရစ္ဆာန်လေးတွေ မွေးထားသူ တစ်ဦးဟာ လည်ချောင်း ယားယား လာပြီး ချောင်းမကြာခဏ ဆိုးလာပြီဆိုရင် ထိုအိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ ဝေးဝေး နေဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် သူတို့နဲ့ ထိတွေ့ ကိုင်တွယ် နေသမျှ ၄င်းတို့ထံမှ အမွေးတွေ ကျွတ်ပြီး ထိုသူ့ အဝတ်အစားနှင့် လက်များမှ တစ်ဆင့်သော် လည်းကောင်း၊ လေထဲမှာ ပျံ့လွင့်နေ၍ သော်လည်းကောင်း ပါးစပ်နှင့် လည်ချောင်း ထဲသို့ ဝင်လာပြီး ကသိကအောက် ဖြစ်စေ နိုင်ကာ ချောင်းဆိုး လာတတ် ပါတယ်။ ၄င်းတို့နဲ့ ကင်းသွား တာနဲ့ ချောင်းဆိုးခြင်း မရှိတော့ပါ။

 ချောင်းဆိုး ခြင်းကြောင့် တချို့သော သူတွေမှာ ရောဂါ ဝေဒနာ အပြင်းအထန် ခံစား ရတတ် ပါတယ်။ ဥပမာ SARS လို၊ ကြက်ငှက် တုပ်ကွေးလို ရောဂါ တွေကြောင့် အဆုတ်ပွတဲ့ အထိ နောက်ဆက်တွဲ ရောဂါ ဝေဒနာတွေ ခံစား ကြရပြီး ပြင်းထန် တတ်သလို အသက် အန္တရာယ် တောင် ဖြစ်လာ နိုင်ပါ သေးတယ်။ ချောင်းဆိုး တာကြောင့် ချောင်းဆိုး ပျောက်ဆေးတွေ ရောင်းအား တက်နေ တာတော့ အမှန်ပင် ဖြစ်ပါတယ်။ တကယ် ချောင်းဆိုး ဝေဒနာ ခံစား လာရပြီ ဆိုရင် မည်သူမဆို ချောင်းဆိုးတဲ့ ရောဂါ ပျောက်ချင် ကြတာပါ။

 ချောင်းဆိုးတာ ကြာလာရင် ရင်ဘတ်တွေ အောင့်အောင့် လာတဲ့ အထိ ခံစား ကြရတော့ ခံစားရတဲ့ လူနာ အဖို့လည်း မသက်သာ သလို နံဘေးမှာ ရှိနေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ၊ အိမ်သားတွေ အဖို့လည်း ကူးစက် ခံရမှာ စိုးရွံ့ပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်စေ တာမို့ ပြောင်းလဲ လာတဲ့ ရာသီဥတုနှင့် အညီ ကူးစက် ရောဂါ ပိုးတွေ အဝင် မခံ ရလေအောင် မိမိကိုယ်ကို မိမိ ကာကွယ် စောင့်ရှောက် ကြဖို့ လိုပါတယ်။Health

ချောင်းဆိုးတာ ကြာလာရင် ရင်ဘတ်တွေ အောင့်အောင့် လာတဲ့ အထိ ခံစား ကြရတော့ ခံစားရတဲ့ လူနာ အဖို့လည်း မသက်သာ သလို နံဘေးမှာ ရှိနေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ၊ အိမ်သားတွေ အဖို့လည်း ကူးစက် ခံရမှာ စိုးရွံ့ပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်စေ တာမို့ ပြောင်းလဲ လာတဲ့ ရာသီဥတုနှင့် အညီ ကူးစက် ရောဂါ ပိုးတွေ အဝင် မခံ ရလေအောင် မိမိကိုယ်ကို မိမိ ကာကွယ် စောင့်ရှောက် ကြဖို့ လိုပါတယ်။
 
Health
http://www.facebook.com/mg.mandalay

သည်းခြေကျောက်တည်ခြင်း

သည်းခြေကျောက်တည်ခြင်း  ...........

သည်းခြေရည် (Bile) ကို အသည်း ကနေ ထုတ်ပြီး သည်းခြေအိတ်ထဲမှာ သိုလှောင် ထားပါတယ်။ သည်းခြေရည်ထဲမှာ ဘီလီ ရူဘင်၊ သည်းခြေရည်ထဲမှာ ဘီလီရူဘင်၊ သည်းခြေဆား (Bile Salt) ၊ ဖက်တီး အက်စစ်၊ ကိုလက်စရောနဲ့ တခြား ဓာတု ပစ္စည်းတွေ ပါဝင်နေပါတယ်။ အူသိမ်ရဲ့ အပေါ်ပိုင်းမှာရှိတဲ့ အစာထဲက အဆီတွေဟာ သည်းခြေအိတ်ကနေ သည်းခြေရည် ထုတ်အောင် လှုံ့ဆော်ပေးပါတယ်။

အဲဒီအခါ သည်းခြေရည်ထဲမှာ ကိုလက်စထရော ပမာဏ စုဆောင်းမိရင် ပုံဆောင်ခဲအဖြစ် အနည်ကျရာက သည်းခြေ ကျောက်ဖြစ်လာတတ်ပါတယ်။

သည်းခြေကျောက်တည်တာက ပုံမှန်ထက် ပိုဝတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ 

အသင့်အတင့်ဝရင်တောင် သည်းခြေ ကျောက်တည် နိုင်တဲ့ အခွင့်အလမ်း ရှိနေတတ်ပါတယ်။

လေ့လာမှုအရ အသက် ၂၀-၃၀ အရွယ် ဝတဲ့ အမျိုးသမီးတွေဟာ ပုံမှန် ကိုယ်အလေးချိန် ရှိတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် သည်းခြေရောဂါဖြစ်နိုင်ခြေ ခြောက်ဆပိုများကြောင်း သိရပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်များခြင်းနဲ့ သည်းခြေကျောက်တည်ခြင်း ဆက်စပ် ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပါဘူး။

ကိုယ်အလေးချိန် ပုံမှန်ထက်များတာဟာ သည်းခြေအိတ်ရဲ့ စွမ်းဆောင်အားကျစေကာ ကိုလက်စထရော ထုတ်လုပ်မှုများတာကြောင့် သည်းခြေကျောက်တည်ရတာလို့ သိပ္ပံ ပညာရှင်တွေက ယုံကြည်ကြပါတယ်။

အစားအသောက်ကို ရုတ်တရက်လျှော့ချလိုက်တာနဲ့ ထမင်းတနပ် မစားဘဲ နေတာ တွေဟာလည်း သည်းခြေအိတ်ရဲ့ ကျုံဆန့်နိုင်စွမ်း ကျစေကာ ကိုလက်စထရောနဲ့ သည်းခြေဆား ဟန်ချက်ညီမှု ပြောင်းလဲပြီး သည်းခြေကျောက်တည် စေနိုင်ပါတယ်လို့ လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။

ဒါကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွှတ်တာစားပြီး အဆီပါဝင်မှုနည်းတာကို ရွေးစားပါ။ 

ကိုယ်အလေးချိန် ပုံမှန်ထက်များနေလို့ ဝိတ်လျှော့ချင်ရင် ဖြည်းဖြည်းချင်း လျှော့သွားပါ။ တကယ်လို့ သင့်မှာ သည်းခြေကျောက်တည်တဲ့ ပြဿနာ ခံစား နေရ ရင်တော့ ဝိတ်မလျှော့ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။Health
သည်းခြေရည် (Bile) ကို အသည်း ကနေ ထုတ်ပြီး သည်းခြေအိတ်ထဲမှာ သိုလှောင် ထားပါတယ်။ သည်းခြေရည်ထဲမှာ ဘီလီ ရူဘင်၊ သည်းခြေရည်ထဲမှာ ဘီလီရူဘင်၊ သည်းခြေဆား (Bile Salt) ၊ ဖက်တီး အက်စစ်၊ ကိုလက်စရောနဲ့ တခြား ဓာတု ပစ္စည်းတွေ ပါဝင်နေပါတယ်။ အူသိမ်ရဲ့ အပေါ်ပိုင်းမှာရှိတဲ့ အစာထဲက အဆီတွေဟာ သည်းခြေအိတ်ကနေ သည်းခြေရည် ထုတ်အောင် လှုံ့ဆော်ပေးပါတယ်။

အဲဒီအခါ သည်းခြေရည်ထဲမှာ ကိုလက်စထရော ပမာဏ စုဆောင်းမိရင် ပုံဆောင်ခဲအဖြစ် အနည်ကျရာက သည်းခြေ ကျောက်ဖြစ်လာတတ်ပါတယ်။

သည်းခြေကျောက်တည်တာက ပုံမှန်ထက် ပိုဝတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

အသင့်အတင့်ဝရင်တောင် သည်းခြေ ကျောက်တည် နိုင်တဲ့ အခွင့်အလမ်း ရှိနေတတ်ပါတယ်။

လေ့လာမှုအရ အသက် ၂၀-၃၀ အရွယ် ဝတဲ့ အမျိုးသမီးတွေဟာ ပုံမှန် ကိုယ်အလေးချိန် ရှိတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် သည်းခြေရောဂါဖြစ်နိုင်ခြေ ခြောက်ဆပိုများကြောင်း သိရပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်များခြင်းနဲ့ သည်းခြေကျောက်တည်ခြင်း ဆက်စပ် ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပါဘူး။

ကိုယ်အလေးချိန် ပုံမှန်ထက်များတာဟာ သည်းခြေအိတ်ရဲ့ စွမ်းဆောင်အားကျစေကာ ကိုလက်စထရော ထုတ်လုပ်မှုများတာကြောင့် သည်းခြေကျောက်တည်ရတာလို့ သိပ္ပံ ပညာရှင်တွေက ယုံကြည်ကြပါတယ်။

အစားအသောက်ကို ရုတ်တရက်လျှော့ချလိုက်တာနဲ့ ထမင်းတနပ် မစားဘဲ နေတာ တွေဟာလည်း သည်းခြေအိတ်ရဲ့ ကျုံဆန့်နိုင်စွမ်း ကျစေကာ ကိုလက်စထရောနဲ့ သည်းခြေဆား ဟန်ချက်ညီမှု ပြောင်းလဲပြီး သည်းခြေကျောက်တည် စေနိုင်ပါတယ်လို့ လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။

ဒါကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွှတ်တာစားပြီး အဆီပါဝင်မှုနည်းတာကို ရွေးစားပါ။

ကိုယ်အလေးချိန် ပုံမှန်ထက်များနေလို့ ဝိတ်လျှော့ချင်ရင် ဖြည်းဖြည်းချင်း လျှော့သွားပါ။ တကယ်လို့ သင့်မှာ သည်းခြေကျောက်တည်တဲ့ ပြဿနာ ခံစား နေရ ရင်တော့ ဝိတ်မလျှော့ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
 
Health
http://www.facebook.com/mg.mandalay