“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, August 23, 2013

"ဘဲလေးကချေသည်"(ဟာသ)

Photo: "ဘဲလေးကချေသည်"

တခါက လူတစ်ယောက်ဟာ လမ်းဘေးမှာ စည်းဝါးခေါက်ပြီး သီချင်းဆိုနေတယ်
သူ့ရှေ့က ဒန်ခွက်လေးပေါ်မှာတော့ ဘဲလေးတစ်ကောင် က,နေတယ်
ဘယ်ခြေလေး မြှောက်လိုက်၊ ညာခြေလေးမြှောက်လိုက်၊ ပါးစပ်ကလည်း 'ဂတ် ဂတ်' နဲ့ အော်လိုက်
စည်းချက်ဝါးချက်ကို ကျလို့

ခဏနေတော့ ပွဲကြည့်ပရိတ်သတ်ထဲ ရောက်နေတဲ့ ဆပ်ကပ်ဆရာတယောက်က ဘဲလေးကို အတင်းလာဝယ်လို့ ဒေါ်လာငါးထောင်နဲ့ ရောင်းလိုက်ရတယ်
ဒါနဲ့ ဘေးကလူတယောက်က မေးတယ်... ..

'ခင်ဗျား အဲဒီဘဲလေးကို ရောင်းစားလိုက်တော့ နောက်တခါ ပွဲပြစားလို့ မရတော့ဘူးပေါ့'
'နောက်တစ်ကောင်နဲ့ ပြမှာပေါ့ဗျ'

'ဘဲဆိုတဲ့အကောင်က ထုံအအနဲ့ နောက်တကောင်ကို က,တတ်အောင်သင်ပေးဖို့ လွယ်ပါ့မလား'
'ဘယ်သူက အကသင်နေလို့လဲ'

'ဟင်... ဒါဆို ဒန်ခွက်ပေါ်မှာ ဘဲက ဘာလို့ ကနေတာလဲ'
'ခင်ဗျားတို့က က,တယ်ထင်တာကိုးဗျ၊ တကယ်တော့ ဘဲလေးက ခြေထောက်ပူလို့ လှုပ်နေတာ'

'ဘာလို့ ခြေထောက်က ပူရတာလည်း''

'ဒန်ခွက်အောက်မှာ ဖယောင်းတိုင်ထွန်းထားတာလေ'


သန်၎ကို-ဘာသာပြန်သည်
တခါက လူတစ်ယောက်ဟာ လမ်းဘေးမှာ စည်းဝါးခေါက်ပြီး သီချင်းဆိုနေတယ်
သူ့ရှေ့က ဒန်ခွက်လေးပေါ်မှာတော့ ဘဲလေးတစ်ကောင် က,နေတယ်
ဘယ်ခြေလေး မြှောက်လိုက်၊ ညာခြေလေးမြှောက်လိုက်၊ ပါးစပ်ကလည်း 'ဂတ် ဂတ်' နဲ့ အော်လိုက်
စည်းချက်ဝါးချက်ကို ကျလို့

ခဏနေတော့ ပွဲကြည့်ပရိတ်သတ်ထဲ ရောက်နေတဲ့ ဆပ်ကပ်ဆရာတယောက်က ဘဲလေးကို အတင်းလာဝယ်လို့ ဒေါ်လာငါးထောင်နဲ့ ရောင်းလိုက်ရတယ်
ဒါနဲ့ ဘေးကလူတယောက်က မေးတယ်... ..

'ခင်ဗျား အဲဒီဘဲလေးကို ရောင်းစားလိုက်တော့ နောက်တခါ ပွဲပြစားလို့ မရတော့ဘူးပေါ့'
'နောက်တစ်ကောင်နဲ့ ပြမှာပေါ့ဗျ'

'ဘဲဆိုတဲ့အကောင်က ထုံအအနဲ့ နောက်တကောင်ကို က,တတ်အောင်သင်ပေးဖို့ လွယ်ပါ့မလား'
'ဘယ်သူက အကသင်နေလို့လဲ'

'ဟင်... ဒါဆို ဒန်ခွက်ပေါ်မှာ ဘဲက ဘာလို့ ကနေတာလဲ'
'ခင်ဗျားတို့က က,တယ်ထင်တာကိုးဗျ၊ တကယ်တော့ ဘဲလေးက ခြေထောက်ပူလို့ လှုပ်နေတာ'

'ဘာလို့ ခြေထောက်က ပူရတာလည်း''

'ဒန်ခွက်အောက်မှာ ဖယောင်းတိုင်ထွန်းထားတာလေ'


သန်၎ကို-ဘာသာပြန်သည်

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ


Photo: သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ
Thursday, August 22, 2013

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Source from - ဒင်(မြန်မာ့ဟာသနှင့်သတင်းများ)
--------------------------------------
Ref: Amazing Facts

စာအုပ်မျက်နှာ
၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း

Facebook မှာ Timelines & Tagging Services ဘယ်လိုပိတ်မလည်း

ကျွန်တော်တို့ Facebook သုံးစွဲသူ User အများစု ကြုံတွေ့ရတဲ့ ပြဿနာလေးတစ်ခုပါ။ မိမိ သူငယ်ချင်း List ထဲမှ တစ်ချို့ က မိမိ Timeline ပေါ်မှာ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ Statusတွေကို လာလာတင်ကြတာမျိုးကြောင့် မိမိ Timeline ထဲမှာ ပွထနေတာမျိုးကြုံဖူးကြမှာပါ။ ထိုသို့ Tagging လုပ်ခြင်းများကို ပိတ်ထားဖို့အတွက် နည်းလမ်းလေးဖြစ်ပါတယ်။
ကဲအရင်ဆုံးကျွန်တော်တို့ကို ထုံးစံတိုင်း Facebook ကိုဖွင့်ထားပါမယ်။ 

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း


ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့်

စေတနာကောင်းလျှင် ကံကောင်းမည်။

Photo: စေတနာကောင်းလျှင် ကံကောင်းမည်။


လူတွေဟာ ဘာပဲလုပ်လုပ် 
စေတနာနဲ့လုပ်တတ်ကြပါတယ်။
စိတ်ရင်းမကောင်းတဲ့သူဟာ
သူ့စိတ်ဆိုးကစေ့ဆော်တဲ့အတိုင်း
စေတနာဆိုးနဲ့လုပ်ပါတယ်။

စိတ်ရင်းစေတနာကောင်းပြီး 
ကံကံ၏အကျိုးကို 
ယုံကြည့်တဲ့သူတွေကတော့ 
စေတနာကောင်းနဲ့ 
အလုပ်လုပ်လေ့ရှိကြပါတယ်။

ကိုယ့်စေတနာ 
ကိုယ်အကျိုးပေးတယ်ဆိုတဲ့ 
စကားအတိုင်း စေတနာဆိုးနဲ့ 
လုပ်လိုက်လို့ အလုပ်တစ်ခု 
ပြီးမြောက်သွားတယ်ဆိုရင် 
အဲဒီလူအတွက် 
ကံဆိုးတစ်ခုရသွားတာပါပဲ။
မကောင်းကျိုးပေးနိုင်တဲ့ကံကို 
ရသွားတာပါပဲ။ 

အဲဒီလိုပဲ 
စိတ်ရင်းကောင်းတဲ့သူ 
အလုပ်တစ်ခုပြီမြောက်သွားတဲ့အခါမှာ
ကံကောင်းတစ်ခုပြီးမြောက်သွားပါတယ်။
အဲဒီကံက အကျိုးပေးကောင်းတေ
ွ ပေးတော့မှာပါပဲ။

တိပိဋက ယောဆရာတော်ဘုရားကြီး။

credit to Zephyr Cho.

လူတွေဟာ ဘာပဲလုပ်လုပ်
စေတနာနဲ့လုပ်တတ်ကြပါတယ်။
စိတ်ရင်းမကောင်းတဲ့သူဟာ
သူ့စိတ်ဆိုးကစေ့ဆော်တဲ့အတိုင်း
စေတနာဆိုးနဲ့လုပ်ပါတယ်။

စိတ်ရင်းစေတနာကောင်းပြီး
ကံကံ၏အကျိုးကို
ယုံကြည့်တဲ့သူတွေကတော့
စေတနာကောင်းနဲ့
အလုပ်လုပ်လေ့ရှိကြပါတယ်။

ကိုယ့်စေတနာ
ကိုယ်အကျိုးပေးတယ်ဆိုတဲ့
စကားအတိုင်း စေတနာဆိုးနဲ့
လုပ်လိုက်လို့ အလုပ်တစ်ခု
ပြီးမြောက်သွားတယ်ဆိုရင်
အဲဒီလူအတွက်
ကံဆိုးတစ်ခုရသွားတာပါပဲ။
မကောင်းကျိုးပေးနိုင်တဲ့ကံကို
ရသွားတာပါပဲ။

အဲဒီလိုပဲ
စိတ်ရင်းကောင်းတဲ့သူ
အလုပ်တစ်ခုပြီမြောက်သွားတဲ့အခါမှာ
ကံကောင်းတစ်ခုပြီးမြောက်သွားပါတယ်။
အဲဒီကံက အကျိုးပေးကောင်းတွေ
 ပေးတော့မှာပါပဲ။

တိပိဋက ယောဆရာတော်ဘုရားကြီး။

credit to Zephyr Cho.
Myanmar News Update

ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာ သူ၏ အရောင်ပြောင်း ဖယ်ရာရီပြိုင်ကားအား ပြသ


Photo: ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာ သူ၏ အရောင်ပြောင်း ဖယ်ရာရီပြိုင်ကားအား ပြသ
Friday, August 23, 2013

ဆယ်ကျော်သက် မိန်းကလေးများ၏ အသည်းကျော် ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာသည် ၎င်းင်း၏ တန်ဖိုးကြီး ကားတစ်စီးဖြစ်သည့် အပြာရောင် ဖယ်ရာရီ ပြိုင်ကားဘေးတွင် ပြုံးရွှင်ရယ်မောစွာဖြင့် ဓာတ်ပုံအရိုက်ခံနေသော ပုံကို အမေရိကန်မီဒီယာများက သြဂုတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသူ ကနေဒါနိုင်ငံသား ဘီဘာတွင် တန်ဖိုးကြီး ကားအကောင်းစား အမြောက်အမြားရှိပြီး ကျားသစ်ကွက်ပုံစံ Audi R8 ၊ အနက်ရောင်အပြည့် ခြယ်မှုန်းထားသည့် Cadillac CTS-V ၊ အဖြူရောင် Ferrari 458 Italia ကားများမှာ ၎င်းပုံမှန် စီးနင်းလေ့ရှိသည့် ကားများ ဖြစ်သည်။

ဘီဘာသည် ဒေါ်လာ လေးသိန်းတန် ၎င်းင်း၏ အဖြူရောင် ဖယ်ရာရီပြိုင်ကားကို အပြာရောင်မှိုင်း မှိုင်းအဖြစ် အရောင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဘီဘာသည် အမေရိကန် ရုပ်ရှင်မင်းသမီးနှင့် အဆိုတော်ဖြစ်သူ ဆယ်လီနာဂိုးမက်ဇ် နှင့် အချစ်ရေး အဆုံးသတ်ပြီးနောက် ချစ်သူသစ်ဖြစ်သည့် မော်ဒယ် အက်ရှ်လေမိုးနှင့်အတူ Beverly Hills အရပ်ရှိ Bouchon စားသောက်ဆိုင်၌ နေ့လယ်စာ လာရောက် စားသုံးရာတွင် အပြာရောင် ဖယ်ရာရီပြိုင်ကားကို အသုံးပြုစီးနင်းခဲ့သည်။ ၎င်းတို့ ချစ်သူနှစ်ဦး စားသောက်ဆိုင်သို့ လာရောက်စဉ် မီးပွိုင့်မိနေချိန်အတွင်း ပိုက်ဆံလာတောင်းသည့် အိမ်ခြေရာမဲ့တစ်ဦးကို ပိုက်ဆံ စွန့်ကြဲနေပုံကိုလည်း မီဒီယာများက ဖော်ပြခဲ့သည်။

ဘီဘာသည် ကားဝါသနာရှင် တစ်ဦးဖြစ်ပြီး တန်ဖိုးကြီးကားများ ၀ယ်ယူလေ့ရှိသူတစ်ဦး ဖြစ်သည်။ ၎င်း၏ ၁၆ နှစ်ပြည့် မွေးနေ့တွင် အမေရိကန်အဆိုတော် Usher က သူ့အား Range Rover ကား အသစ်တစ်စီးကို မွေးနေ့လက်ဆောင်ပေးခဲ့ဖူးသည်။

Credit: Automobile Journal
ဆယ်ကျော်သက် မိန်းကလေးများ၏ အသည်းကျော် ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာသည် ၎င်းင်း၏ တန်ဖိုးကြီး ကားတစ်စီးဖြစ်သည့် အပြာရောင် ဖယ်ရာရီ ပြိုင်ကားဘေးတွင် ပြုံးရွှင်ရယ်မောစွာဖြင့် ဓာတ်ပုံအရိုက်ခံနေသော ပုံကို အမေရိကန်မီဒီယာများက သြဂုတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသူ ကနေဒါနိုင်ငံသား ဘီဘာတွင် တန်ဖိုးကြီး ကားအကောင်းစား အမြောက်အမြားရှိပြီး ကျားသစ်ကွက်ပုံစံ Audi R8 ၊ အနက်ရောင်အပြည့် ခြယ်မှုန်းထားသည့် Cadillac CTS-V ၊ အဖြူရောင် Ferrari 458 Italia ကားများမှာ ၎င်းပုံမှန် စီးနင်းလေ့ရှိသည့် ကားများ ဖြစ်သည်။

ဘီဘာသည် ဒေါ်လာ လေးသိန်းတန် ၎င်းင်း၏ အဖြူရောင် ဖယ်ရာရီပြိုင်ကားကို အပြာရောင်မှိုင်း မှိုင်းအဖြစ် အရောင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဘီဘာသည် အမေရိကန် ရုပ်ရှင်မင်းသမီးနှင့် အဆိုတော်ဖြစ်သူ

" စိန်" အကြောင်းသိကောင်းစရာ.....


Photo: " စိန်" အကြောင်းသိကောင်းစရာ.....

စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက်၎ချက်ဖြင့်သတ်မှတ်ပါသည်။4Cဟုအတိုကောက်မှတ်နိုင်သည်။

၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး

အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။

ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အ၀ါရောင်အနေမရှိသောစိန်ကသာလျှင်ပိုတန်ဖိုးရှိလေသည်။


၁။Carat

ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် ကာရက်ချိန်ကိုသုံးပါသည် မြန်မာပြည်တွင်ရတီချိန်ကိုသုံးသော်လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ


၂။ Clarity

စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁၀ဆမှန်ဘီလူးဖြင့်ကြည့်ပါကလုံးဝအနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာသာမန်မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁၀ဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက်၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်
ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၄င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမ၀ယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်) ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။


၃။Cut

စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကိုမဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅၇ကွက်ရှိပါသည်။ အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။ အပိုကွက်ကို extra
Facetedဟုခေါ်သည်။ ၄င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။ မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅၇ကွက်နည်းဖြင့်မသွေးကြပါ။ စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလိုသွေးထားကြလေသည်။ ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅၇ကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များအရွယ်ကြီးပြီးမလှပသဖြင့်တန်ဖိုးနည်းပါသည်။


၎။ Color

စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီးသန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစုသူများဝယ်သင့်ပါသည်။
နိုရာ စုစည်းတင်ပြသည်။

Credit to Natural Jade ရတနာဆိုင်
စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက်၎ချက်ဖြင့်သတ်မှတ်ပါသည်။4Cဟုအတိုကောက်မှတ်နိုင်သည်။

၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး

အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။

ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့်