“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, February 1, 2014

Blogger တွေအတွက် Youtube က ဗီဒီယိုတွေကို တီဗီထဲမှာ ပြတဲ့ပုံစံလုပ်နည်း

နမူနာအနေနဲ့ အပေါ်က ပြထားသလိုပါ 
Blog မှာ ဗီဒီယိုတွေ ထည့်သူတွေအတွက် အဆင်ပြေပါတယ်။
အရမ်းလွယ်ပါတယ် ကဲ စလိုက်ကြစို့

ဖုန်း နံပါတ် ဖျောက်ပြီးဖုန်းခေါ်မယ်

ကိုယ့်ချစ်သူကစိတ်ကောက်နေလို့ ကိုယ့် ဖုန်းနံပါတ်နဲ့ခေါ်လို့မရတော့ဘူး ... သူမသိတဲ့ဖုန်နံပါတ်နဲ့ခေါ်ဖို့လိုလာပြီဆိုရင် ဒီနည်းလေးကိုသုံးလိုက်ပေါ့နော် :)
ဟီး..အကြံပေးတာပါဗျာ
အကြောင်းကိစ္စတစ်ခုခုကြောင့် ကိုယ့်ဖုန်းနံပါတ်ကို မမြင်စေချင်ဘူးဆိုရင်သုံးလို့ရတာပေါ့ဗျာ
ကဲစမယ်ဗျာ.....အောက်မှာလိုအပ်တဲ့ ဟာလေးတွေအရင်ဒေါင်းမယ်ဗျာ
လိုတာတွေကတော့ Hidden call(hide your caller id) နဲ့ Secret call နှစ်ခုပါ
ဒီမှာ ဖြစ်ဖြစ် ဒီမှာ ဖြစ်ဖြစ် ဒေါင်းလိုက်ပါ
ဒေါင်းလို့ ရလာတဲ့ rar ဖိုင်ကို ဖြည်လိုက်ပါ
ထွက်လာတဲ့ apk နှစ်ခုကို install လုပ်လိုက်ပါ
ပြီးရင်ဖုန်းကို Restart ချလိုက်ပါ
ဖုန်းပြန်တက်လာရင် Hide Caller Id ကို ဖွင့်လိုက်ပြီး Enable နဲ့ Show Icon ကို အမှန်ခြစ်ပေးပါ
Add contact Number ကိုနှိပ်ပြီးကို Add မယ့်ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါ...ဖုန်းထဲမှာရှိတဲ့ Contact အကုန်ထည့်လည်းရပါတယ်
Add လုပ်မထားတဲ့ဖုန်းနံပါတ်ကိုခေါ်ရင် Hide လုပ်မလား Show လုပ်မလားမေးပါလိမ့်မယ်
ကိုလုပ်ချင်သလို Select လုပ်ပေးလိုက်ပါ
မရှင်းရင် အောက်ကပုံတွေကိုကြည့်လိုက်ပါ




✿ အတ္တများတဲ့ ဘ၀ ✿

ဘဝ
ရုန်းလိုက် ကန်လိုက် ချစ်လိုက် မုန်းလိုက်
ငိုလိုက် ရီလိုက် တမ်းတလိုက် ပျော်ရွှင်လိုက်
အဲ့ဒါဘ၀တဲ့ ..

အဆုံးစမဲ့ ကောင်းကင်တွေရှိပေမယ့်
ငါ့အတွက် လွတ်လွတ်လပ်လပ်ပျံသန်းခွင့်မရှိခဲ့ဘူး ..
အဆုံးစမဲ့ အမြတ်တနိုးချစ်တတ်ပေမယ့်
ငါ့အတွက် အချစ်ကသစ္စာမရှိခဲ့ဘူး ...

အငိုနဲ့စလို့ အငိုနဲ့ ဆုံးကျစမြဲဘ၀မှာ
ငါ ပြုံးပြုံးလေးထွက်သွားလိုက်ချင်တယ်
ဘာလို့လဲဆိုတော့
ငါ့ဘ၀တစ်ခုလုံး ငိုနေခဲ့ရလို့ပါ ..

အရာရာ အထီးကျန်မှုတွေနဲ့
အရှုံးသမားတစ်ယောက်ဖြစ်ပေမယ့်
ဒီဘ၀ ငါဒူးမထောက်ချင်ဘူး
အခုကျောခိုင်းသွားရမယ်ဆိုရင်တောင်
အတ္တဘလဗွနဲ့ လောကကြီးကို ကျောခိုင်းခွင့်ရလို့ ငါပြုံးပြနှုတ်ဆက်သွားမှာပါ ...

အောင်ကျော်မြင့် (akmyint.kooo@gmail.com)