“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, April 3, 2013

Windows အတက်မြန်စေရန် မသုံးတဲ့ Program တွေကို ဖယ်ထုတ်ရအောင်...

Start >> Run
-       ''msconfig'' လို့ရိုက်ပါ။
-       System Configuration Utility'' Box ပေါ်လာပါမယ်။
-       ညာဘက်အစွန်းဆုံးမှာ ''Start up Tab'' ဆိုတာရှိပါတယ်။
-       ကိုယ့်အတွက် အသုံးမ၀င်တဲ့ Program တွေရဲ့ရှေ့မှာ အမှန်ခြစ် အမှတ်အသားလုပ်ထားခဲ့ရင် ပြန်ပြီး ''uncheck'' လုပ်ပေးပါ။
-       Restart ပြုလုပ်ပေးလိုက်ပါ။

http://alinkabar.ning.com/forum/topic/show?id=6320079%3ATopic%3A1253029&xgs=1&xg_source=msg_share_topic

မိမိ၏ Folder အား တခြား User ဖွင့်၍မရအောင် Private လုပ်ထားမယ်....

သင်အသုံးပြုနေသော ကွန်ပျူတာသည် User ၂ ခု (သို့) ၂ ခုထက်ပိုရှိနေတယ်ဆိုရင် သင့်ရဲ့ File Folder များအား Private လုပ်ထားသင့်ပါတယ်။ သင်အသုံးပြုနေတဲ့ သင့်ရဲ့ အချက်အလက်တွေဟာ ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ လုပ်ငန်းအရဖြစ်စေ၊ လုံခြုံမှုရှိမှသာ ဖြစ်ပါလိမ့်မယ်။ ဒါမှ သင့်ရဲ့ အချက်အလက်တွေကို တစ်ပါးသူတွေ မခိုးယူနိုင်မှာပဲ ဖြစ်ပါတယ်။
          စတင်ပြီးတော့ စမ်းသပ်လုပ်ဆောင်ကြရအောင်-
၁။ ဦးစွာ User ရှိတဲ့နေရာ Windows System ရှိတဲ့ Local Disk (C) ထဲကို ၀င်ပါ။
၂။ အကယ်၍ Local Disk (C) သည် Hidden ဖြစ်နေပါက Show the contents of this folder ကို နှိပ်လိုက်ပါ။
၃။ ထို့နောက် Doc**ents and Setting ထဲကို Double Click ဖြင့် ၀င်ရောက်ပါ။
၎။ ယင်းနောက် မိမိ၏ User Folder ကိုဖွင့်လိုက်ပါ။
မိမိ၏ User Name ကို သိလိုက Start Menu တွင် ၀င်ကြည့်လိုက်ပါ။
၅။ မိမိ Private လုပ်လိုသော Folder ပေါ်တွင် Right Click နှိပ်ပြီး Properties ကို နှိပ်ပါ။
၆။ Properties Dialog Box မှ Sharing Tab ကိုနှိပ်ပြီး Local Sharing and Security Option အောက်မှ Make this folder private check box ကို အမှန်ခြစ်ပေးလိုက်ပါ။
၇။ ထို့နောက် Apply >> OK ပေးလိုက်ပါ။
          တစ်ကယ်တော့ ဒီလုပ်ဆောင်ချက်ဟာ မိမိ၏ User Profile ထဲမှာရှိတဲ့ Folder များကိုသာလုပ်၍ ရနိုင်ပါတယ်။ မိမိ Folder အား Private လုပ်ထားပါက ဥပမာ- My Doc**ents – My Doc**ent ထဲတွင်ရှိသော File, Sub-Folder များဖြစ်ကြသည့် My Music and My Pictures Folder များကိုလည်း Private ထားမည်ဖြစ်သည်။ အကယ်၍ မိမိ၏ Drive သည် NTSF-New Technology file System ဖြင့် မပြောင်းထားပက အသုံးမပြုထားပါက မိမိ၏ Folder အား Private လုပ်၍ မရနိုင်ဘူးဆိုတာကိုတော့ သိထားသင့်ဖို့ လိုအပ်ပါတယ်။

@ Fwd Mail
http://alinkabar.ning.com/forum/topic/show?id=6320079%3ATopic%3A1252871&xgs=1&xg_source=msg_share_topic

" မှဲ့ " ၏ ကောင်းကျိုး ဆိုးပြစ် များ

ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော-
  • (၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။ အပူသောကများလိမ့်မည်။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။
  • (၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။

Gtalk မှာ မိမိသူငယ်ချင်းက ဘယ်နိုင်ငံကလည်းဆိုတာ ကြည့်ရအောင်(စိုင်းဆမ်)

မင်္ဂလာပါ နည်းလမ်လေးတစ်ခု တွေ့လာလို့ ပါ…..သူငယ်ချင်းတို.လည်းကြိုက်မှာပါ…
အဲ…..ဒီပို.လေးကို ကြိုက်နှစ်သက်ခဲ.မယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်။
G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို
ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်..
ကဲစပြီးစမ်းကြည့်ရအောင် ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ.. ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ show original ကိုဆက်လက် click ပါ Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို သိရပြီပေါ့နော်..။ 
http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6378989&xgs=1&xg_source=msg_share_post

“““ မိုက်မဲမှု ”””

လွမ်းလိုက်တာနော်...
သူသာ မြင်တတ်ခဲ့မယ်ဆိုရင်
ချစ်တတ်တဲ့ ငါ့နှလုံးသားနဲ့
စည်းတစ်ဖက်ရဲ့ နာကျင်ကြေကွဲမှုတွေကို
ယဲ့ယဲ့လေးပြုံးပီး အားပေးမှာဘဲလို့
တွေးမိတယ်....

မချစ်ချင်တော့ဘူး ..
ဒါပေမယ့် ရင်ခုန်သံတွေကို မလွန်ဆန်နိုင်တာ ခက်တယ် ..
မလွမ်းချင်တော့ဘူး ..
ဒါပေမယ့် သတိရနေတတ်တဲ့ စိတ်ကို မလွန်ဆန်နိုင်တာ ခက်တယ် ..
မငိုချင်တော့ဘူး ..
ဒါပေမယ့် တားဆီးမရတဲ့ ငါ့မျက်ရည်တွေကို မထိန်းချုပ်နိုင်တာ ခက်တယ် ချစ်ရသူရယ် ...

အခုတော့ ~~~
ငါ့ဘ၀ရဲ့ တိတ်ဆိတ်တဲ့ညနက်ထဲ
အချစ်ငှက် တစ်ကောင်ရဲ့
တစ်ခဏ္ဏတာ သီကြူးသံလေးကို
တစ်ဘ၀တာ နာကျင်ရမယ်ဆိုတာ သိရက်နဲ့
မိုက်မိုက်မဲမဲ တက်မက်နေခဲ့မိလေပီ....

(အောင်ကျော်မြင့် akmyint.kooo@gmail.com)

ကမ္ဘာ့အသက်အငယ်ဆုံး တိရစ္ဆာန်ထိန်း

Photo: ကမ္ဘာ့အသက်အငယ်ဆုံး တိရစ္ဆာန်ထိန်း
Wednesday, April 3, 2013

အသက် ၃ နှစ်ပဲ ရှိသေးတဲ့ သြစတေးလျနိုင်ငံက Charlie Parker 
လို့ အမည်ရတဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။

မြောက်အမေရိက မိကျောင်းပေါက်စေနဲ့ ဆော့ကစားနေတာကို ယခုလို မြင်တွေ့ ရပါတယ်။ မိကျောင်းတင်မပါဘူး။ အခြားသော ကျား၊ ခြေင်္သေ့နဲ့ အသားစား တောရိုင်း တိရစ္ဆာန်များနဲ့လည်း ရင်းရင်းနှီးနှီး နေထိုင်နိုင်သူ ဖြစ်ပါတယ်။

တိရစ္ဆာန်ကို ထိတွေ့ဖို့ အကြောက်အရွှံ့ လုံးဝ မရှိပဲ လွယ်လွင့်တကူ လုပ်ကိုင်နေတဲ့ သုံးနှစ်သား Parker ကို ကမ္ဘာ့ အသက်အငယ်ဆုံး 
တိရစ္ဆာန် ထိန်းအဖြစ် မှတ်တမ်းတင်စေခဲ့ကြောင်း သိရပါတယ်။

Ref: weird
ရိုးရာလေး ထူးဆန်းထွေလာ

သေချာပြောပါ(ဟာသ)

Photo: သေချာပြောပါ

မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။

 အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီးအနီးတွင် တောင်းကြီးပိုက်ပြီးထိုင်နေသည်။
 
မော်တော်ထွက်သောအခါ မော်တော်မောင်းသူက သတိပေးသည်။

“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“

“အေးပါသိပါတယ်ဟဲ့“

မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။

“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“

“အေးပါသိပါတယ်ဆို“

ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာအိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။

“အမလေးပူလိုက်တာ“

ထိုအခါမော်တော်မောင်းသူက

“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“

ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။

“သေနာလေး.... ပူမဲ့ဟာကို  ပူမယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့...."...တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ....၃၁-၈-၁၂

အူတတ်အောင်ရယ်ရသော ဟာသများ

ခွေးလိုက်ပြီဆိုရင်

Photo: ခွေးလိုက်ပြီဆိုရင် 

ခွေးတစ်ကောင်က လိုက်လာပြီး ကိုက်တော့မယ်ဆိုရင် လုံးဝမလုပ်သင့် တာက ပြေးတာပဲ ဖြစ်ပါတယ်။ ပြေးရင်ပြေးရာလမ်းကြောင်းနောက်လိုက်ပြီး မိအောင်လိုက်ကိုက် တတ်ပါတယ်။ 

ခွေးနဲ့ မျက်လုံးချင်းစုံအောင် မကြည့်ရပါဘူး။ မျက်လုံးချင်းစုံအောင် ကြည့်တာဟာ ခွေးတင်မကပဲ အခြားသော တိရစ္ဆာန်တွေမှာပါ ရန်လိုတဲ့ အပြုအမူလို့ ယူဆကြပါတယ်။ ဒါကြေင့် မျက်လုံးချင်းစုံမိရင် ခွေးဟာ ပထမဆုံး အနေနဲ့ ဟောင်မှာ ဖြစ်ပါတယ်။ 

နောက်တစ်ခုကတော့ တုန်လှုပ်ခြောက်ခြားနေတဲ့ အမူအရာ လုံးဝမပြရ ပါဘူး။ လက်မှာ လွတ်ချလို့ရမယ့် ပစ္စည်း တစ်ခုခု ပါလာရင် ခွေးပြေး လာ နေတုန်း လွတ်ချလိုက်ရပါမယ်။ ဒါဆိုရင် ခွေးရဲ့  အာရုံဟာ ယင်းပစ္စည်း ဆီကို ရောက်သွားမှာ ဖြစ်ပါတယ်။ 

သို့တည်းမဟုတ် လက်မှာ ပါတဲ့ ပစ္စည်းအလေးတစ်ခုခုကို အဝေးတစ်နေရာ ပစ်နိုင်ပါတယ်။ ခွေးကို မျက်လုံးချင်းစုံအောင်မကြည့်ဘူး။ သူဟောင်တာ ကိုလည်း ဂရုမစိုက်ဘူးဆိုရင် ခွေးအနေနဲ့ ဟောင်ရတာ ပျင်းရိ သွားပြီး ရပ်သွားပါတယ်။ အချို့ ခွေးတွေက ကိုက်ဖို့အထိတောင် လုပ်ပါတယ်။ ပြန်ရန် မူ တိုက်ခိုက်လိုက်ရင် သူတို့ အတူဆော့ကစားချင်တယ်လို့ မှတ်ယူပြီး ဆက်တိုက်ခိုက်တတ်ပါတယ်။ ဒါကြောင့် အရှောင်နိုင်ဆုံး ရှောင်တိမ်း ပြီး အမူအရာ မပျက်နေရင် ခွေးကိုက်လည်းမကိုက်၊ ဟောင်လည်း မဟောင် တော့ပါဘူး။
--
Ref: dyknow
International news for myanmar

ဦးခေါင်းနှစ်လုံးနှင့် ကျွဲငါးမန်းရှိကြောင်း ပထမဆုံး အတည်ပြုနိုင်ပြီ

Photo: ဦးခေါင်းနှစ်လုံးနှင့် ကျွဲငါးမန်းရှိကြောင်း ပထမဆုံး အတည်ပြုနိုင်ပြီ

မီချီဂန်၊ ဧပြီ ၂

ဦးခေါင်းနှစ်လုံးနှင့် ကျွဲငမန်းသန္ဓေသားကို အမေရိကန်သုတေသီများ ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ကြပြီဖြစ် ကြောင်းသိရသည်။
ယခုတွေ့ရှိသော ဦးခေါင်း နှစ်လုံးနှင့် ကျွဲငါးမန်းသန္ဓေသားသည် ကမ္ဘာပေါ်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်သည်။ အခြားငါး မန်းမျိုးစိတ်များကို ဦးခေါင်းနှစ် လုံးဖြင့် တွေ့ဖူးခဲ့ကြသော်လည်း လူသားစားငါးမန်းဖြစ်သည့် ကျွဲ ငါးမန်းမျိုး စိတ်တွင်မူ ယခုမှပင် တွေ့ဖူးကြခြင်း ဖြစ်သည်။

ဦးခေါင်းနှစ်လုံးနှင့် ငါးမန်း အချို့ကို မက္ကဆီကိုပင်လယ်အော် တွင် မကြာခဏတွေ့ရှိရာမှ ယင်း ငါးမန်းများနှင့်ပတ်သက်၍ အမေ ရိကန်ပြည်ထောင်စု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီများ သုတေသနပြုလေ့လာခဲ့ခြင်း ဖြစ် သည်။ထို့နောက် ဆက်လက်လေ့ လာကြရာတွင် မက္ကဆီကန် တံငါသည်တစ်ဦးဖမ်းမိသော သာမန် ငါးမန်းအမ တစ်ကောင်၏ ဝမ်း ဗိုက်အတွင်းမှ ဦးခေါင်းနှစ်လုံးပါရှိ သည့် ငါးမန်းသန္ဓေသားကို တွေ့ခဲ့ကြပြန်၏။

ယင်း သန္ဓေသားသည် ဦး ခေါင်းနှစ်လုံး၊ နှလုံးနှစ်ခု၊ အစာ အိမ်နှစ်ခုစသည်ဖြင့် သီးခြားစီပါ ရှိပြီး အမြီးပိုင်းတွင်မှသာလျှင် ပူးသွားကာ အမြီးတစ်ခုတည်း ဖြစ်သွားကြောင်း တွေ့ကြရသည်။''ဒါပေမဲ့ 
အဲဒီခေါင်းနှစ်လုံးနဲ့ ငါးမန်းလေးတွေဟာ မွေးပြီးတာနဲ့ သေသွားကြတယ်ဗျ။ သူတို့ရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံက ခေါင်းနှစ် လုံး အတွက် လိုအပ်တဲ့စွမ်းအင်ကို မဖြည့်စွမ်းနိုင်ကြဘူးဗျ'' ဟု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီတွဲဖက်ပါမောက္ခ မိုက် ကယ်ဝက်ဂ်နာက ပြောသည်။ ဦးခေါင်းနှစ်လုံးနှင့် မွေးဖွား လာသည့် သက်ရှိသတ္တဝါမှန်သမျှ မကြာမီအတွင်းတွင် သေဆုံးသွား ကြရခြင်းမှာလည်း 
အဆိုပါ အ ကြောင်းရင်းကြောင့်ပင် ဖြစ်ကြောင်း သူကပြောသည်။ 

PN-002
Ref: dailymail

Popular Myanmar News Journal

မြ၀တီ