“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, January 3, 2013

ဆံပင်၌ အပြစ်(၁၆)ပါး

ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ်ကြရတာလဲဆိုတဲ့အကြောင်းလေးကိုသိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။အဲဒီ ၁၆ပါးသောအပြစ်ကြောင့်ရဟန်းတော်များ၊ကိုရင်များ၊သီလရှင်များခေါင်းရိတ်ကြရတာဖြစ်ပါတယ်။အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့

(၁)ဆံပင်ကို တန်ဆာဆင်ရခြင်း။

(၂)။ ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။

(၃)။ဆီလိမ်းရခြင်း။

(၄)။ခေါင်းလျှော်ရခြင်း။
(၅)။ပန်းပန်ရခြင်း။

(၆)။ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။

(၇)။ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။

(၈)။သဖန်းခါးသီးရှာရခြင်း။

(၉)။သျှစ်သျှားသီးရှာရခြင်း။

(၁၀)။ဆံပင်နက်အောင် ဆေးဆိုးရခြင်း။

(၁၁)။ဦးသျှောင်ထုံးရခြင်း။

(၁၂)။ဘီးဖြင့် ဖြီးရခြင်း။

(၁၃)။ပြုရ၊ပြင်ရခြင်း။

(၁၄)။ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။

(၁၅)။သန်းရှာခြင်း၊

(၁၆)ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း။

ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ရင်ဘတ်စည်တီးရခြင်း ညည်းတွားရခြင်း လွန်စွာတွေဝေရခြင်းတို့ဖြစ်ပါတယ်။

ရဟန်းတော်များ ကိုရင်များ သီလရှင်များ ဆံပင်များရှိနေပါက ကြည်ညိုဖွယ်မဖြစ်သလို ထိုဆံပင်ကြောင့် အချိန်ပိုကာ အချိန်များစွာပေးရကာ ပရိယတ္တိအလုပ်များကိုကောင်းစွာမလုပ်နိုင်သလို ပဋိပတ်ဆိုတဲ့ ဝိပဿနာအလုပ်များကိုလည်း အားလျော့စေပါတယ်။ထိုကြောင့်ဒီအပြစ်တွေကြောင့် သာသနာကိုဝင်ရင် ခေါင်းရိတ်ကြရတာဖြစ်တယ်ဆိုတဲ့အကြောင်းအားလုံးကိုသိစေအပ်ပါသည်။

ကိုးကား။ ။မင်းဘူးအရှင်ကဉ္စန(ဘာသာရေးပြဿနာအဖြေ)စာအုပ်

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1543176&xgs=1&xg_source=msg_share_post

နံနံပင်နဲ့ကျောက်ကပ်ရောဂါကုသနိုင်၊ကာကွယ်နိုင်

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယကနေအာရှအထိ ပျံ့နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာဆေးပညာရှင်များပါ    လက်ခံအသုံးပြုနေပြီဖြစ်တယ်လို့သိရပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း သွေးထဲကအညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက် အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေးပါတယ်။ မိမိစားသုံးသမျှ၊ အစားအစာ၊ သောက်ရေကအစမှာ ပါဝင်သမျှသော မလိုအပ်တဲ့ဓာတ်များကို ကျောက်ကပ်မှဖယ်ထုတ်ပေးပါတယ်။ လူစဖြစ်ကတည်းက ယနေ့အသက်ရှင်တဲ့ အချိန် အထိမနားမနေအလုပ်လုပ်နေရပြီး  အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။
ဂရုစိုက်ဖို့ ဆိုတာကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ဖြစ်ပါတယ်။ ယနေ့အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ် နဲ့ဆက်စပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဓိကကတော့ ရေဓာတ်လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်းပိုးဝင်မှုတို့ကြောင့်ဖြစ်ပြီး ဒါတွေကိုမဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်း ပေါင်းများစွာပေါ်လာပါတယ်။

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါမဖြစ်အောင် လူတိုင်းလုပ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်ထက်ပိုမကုန်ပါဘူး။
နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်စင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ်ခွက်စာဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့အရည်မှ နံနံရွက်များကိုစစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီးသောက်ရပါတယ်။ ကျောက်ကပ် ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ်လောက် ပုံမှန်စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်း နေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုတ်ရပါတယ်။ သို့ပေမယ့်နိုင်ငံတကာမှာတော့   အရွက်ကိုထည့်ပြုတ်ရုံနဲ့လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါကာကွယ်နိုင်အောင်ကုသနိုင်အောင်မျှဝေလိုက်ရပါတယ်။
--
http://www.innewsmyanmar.com/2013/01/blog-

ချစ်သူဆီသို့

ချစ်သူ
ရင်ခုန်တိုင်း ချစ်တာမဟုတ်ပါဘူး
ချစ်လို့ ရင်ခုန် သွားတာပါ ~~

ချစ်သူ
လှလို့ ချစ်တာမဟုတ်ပါဘူး
ချစ်လို့  လှသွားတာပါ
~~

ချစ်သူ
ပင်ပန်းလို့  မင်းဓာတ်ပုံထုတ်ကြည့်တာမဟုတ်ပါဘူး
ဓာတ်ပုံကြည့်လို့  ပင်ပန်းပြေ သွားတာပါ ~~

ချစ်သူ
မင်းကိုမယုံလို့  သဝန်တိုတာမဟုတ်ပါဘူး
မင်းအနားက ကောင်လေးတွေကို မယုံလို့  သဝန်တိုသွားတာပါ ~~ 
 
ချစ်သူ
မင်းအနားမနေချင်လို့  အဝေးကြီးကို ထွက်သွားတာမဟုတ်ပါဘူး
ရာသက်ပန်အမြဲ နီးနိုင်အောင် ရင်အနာခံပြီး ထွက်သွားတာပါ ~~

ချစ်သူ
ကံကြမ္မာ ဆိုတာ ကိုယ်တို့  မပိုင်ရပင်မယ့်
ကိုယ်တို့  အနာဂတ်ကိုတော့ ကိုယ်တို့ ဆေးခြယ်ပိုင်ခွင့်ရှိတယ်~~

လူအများမြင်ရတဲ့ လက်လေးတွေ 
တွဲခွင့်မရပင်မယ့် နှလုံးသားအချင်းချင်းတော့ 
အမြဲ မခွဲကြေးနော် ချစ်သူ ~~~~~

( ဇင် နှင်း )
ချစ်သူ
ရင်ခုန်တိုင်း ချစ်တာမဟုတ်ပါဘူး
ချစ်လို့ ရင်ခုန် သွားတာပါ

ချစ်သူ
လှလို့ ချစ်တာမဟုတ်ပါဘူး
ချစ်လို့  လှသွားတာပါ

ချစ်သူ
ပင်ပန်းလို့  မင်းဓာတ်ပုံထုတ်ကြည့်တာမဟုတ်ပါဘူး
ဓာတ်ပုံကြည့်လို့  ပင်ပန်းပြေ သွားတာပါ

ချစ်သူ
မင်းကိုမယုံလို့  သဝန်တိုတာမဟုတ်ပါဘူး
မင်းအနားက ကောင်လေးတွေကို မယုံလို့  သဝန်တိုသွားတာပါ

ချစ်သူ
မင်းအနားမနေချင်လို့  အဝေးကြီးကို ထွက်သွားတာမဟုတ်ပါဘူး
ရာသက်ပန်အမြဲ နီးနိုင်အောင် ရင်အနာခံပြီး ထွက်သွားတာပါ

ချစ်သူ
ကံကြမ္မာ ဆိုတာ ကိုယ်တို့  မပိုင်ရပင်မယ့်
ကိုယ်တို့  အနာဂတ်ကိုတော့ ကိုယ်တို့ ဆေးခြယ်ပိုင်ခွင့်ရှိတယ်

လူအများမြင်ရတဲ့ လက်လေးတွေ တွဲခွင့်မရပင်မယ့် နှလုံးသားအချင်းချင်းတော့ အမြဲ မခွဲကြေးနော် ချစ်သူ ~~~~~

( ဇင် နှင်း )

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

(မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ)

မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း
ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။
(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား
တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း 

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း 

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။ 

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း 

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း 

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ 

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း 

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။
‎ မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း

facebook မှ

လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံနှင့် သင့်ကျန်းမာရေး

 အထိုင်များတာက သင့်ကျန်းမာရေး အတွက် မကောင်းသလို မတ်တတ် ရပ်တာ များရင်လည်း ခြေသလုံး ကြွက်သားတွေ တောင့် တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့်နာတာတွေ ခံစား ရနိုင်တာကြောင့် သင့်တစ်နေ့တာမှာ မတ်တတ်ရပ်တာနဲ့ ထိုင်တာကို မျှခြေဖြစ်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်း မလုပ်တဲ့အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်းနေတာကြောင့် တက်ကြွ လန်းဆန်းမှုမရှိ ဖြစ်နေတတ်ပါတယ်။ တစ်နေ့ ငါး-ခြောက်ကြိမ် လောက် ခန္ဓာကိုယ်ကို အကြော ဆန့်ပေးတာမျိုး လုပ်ဆောင်ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ထိုင်ရာက မထဘဲ စကား လှမ်းပြောမယ့်အစား နေရာ အရောက်သွားပြီး စကားပြောဆိုပါ။ ဖုန်း ပြောတဲ့အခါ လမ်းလျှောက်ပြီး ပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှားဆောင်ရွက် နေတာထက် ထိုင်နေတဲ့အချိန်က ပိုများနေပါ သလား။
လှုပ်ရှားမှုနည်းတာကြောင့် အဝလွန်တာ၊ သွေးတိုးတာတွေအပြင် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများစေပါတယ်။ ဒါ့အပြင် တခြား ဖြစ်နိုင်ခြေများတဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ဖြေရှင်းနည်းတွေကို ရေးသားလိုက်ပါတယ်။

(၁) နောက်ကျောနာကျင်ခြင်း
လှုပ်ရှားမှုနည်းတာကြောင့် နောက် ကျောနာကျင်မှုကို ဖြစ်စေတယ်လို့ နော် တင်ဟမ်တက္ကသိုလ်မှ အားကစားနဲ့ ဆေးပညာဆရာဝန် ဒေါက်တာ တင်ဘိတ်ကာက ပြောပါတယ်။ တက်ကြွလှုပ်ရှားတဲ့ နေ ထိုင်မှုပုံစံက သွေးလှည့်ပတ်မှုကောင်းပြီး ကြွက်သားနဲ့ အရွတ်တွေရဲ့ လုပ်ဆောင်မှု တွေကိုလည်း ကောင်းစေပါတယ်။ လှုပ်ရှား မှုနည်းတာက ကြွက်သားတွေရဲ့ တောင့် တင်းအားကို လျော့နည်းစေပြီး နောက်ကျော နာကျင်မှုကို ဖြစ်စေပါတယ်။ သင်က လှုပ်ရှားမှုနည်းလို့ နောက်ကျောနာ ကျင်တဲ့ဝေဒနာကို ခံစားနေရတယ်ဆိုရင်တောင် လှုပ်ရှားမှုများတဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲနေ ထိုင်မယ်ဆိုရင် နာကျင်မှု ဝေဒနာတွေ လျော့နည်း သက်သာနိုင်ပါ တယ်။

(၂) အဝလွန်ခြင်း
အဝလွန်တဲ့လူတွေက လှုပ်ရှားမှု နည်းကြပြီး လှုပ်ရှားမှုနည်းတဲ့လူတွေက အဝလွန်တတ်ကြပါတယ်။ အဝလွန်တာနဲ့ လှုပ်ရှားမှုနည်းတာက ကြက်ဥနဲ့ြ**** ဘယ်ဟာက အရင်ဖြစ်တာလဲ ဆိုတာလိုပဲ ပြောရခက်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားတာတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်း သိမ်းနိုင်ပါတယ်။

(၃) ကြွက်သားများ ပျော့တွဲလာခြင်း
အချိန်ကြာရှည်စွာ ထိုင်တာက ကြွက်သားတွေပျော့တွဲလာစေပါတယ်။ ကြွက်သားတွေကို အသုံးမပြုတာ ကြာ လာတဲ့အခါ ကြွက်သားရဲ့ တောင့်တင်း အား ကျဆင်းလာပါတယ်။ ဒါကြောင့် ကြွက်သားတွေ တောင့်တင်းသန်မာလာ စေဖို့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ငါး ပါတယ်။

(၄) နှလုံးတိုက်ခိုက်ခံရခြင်း
သင်က လှုပ်ရှားမှုနည်းပြီး အထိုင် များတာကြောင့် ခန္ဓာကိုယ်တွင်းမှာ သွေး လှည့်ပတ်မှုနည်းသွားတာက နှလုံးတိုက် ခိုက်ခံရနိုင်ခြေ များစေပါတယ်။ နှလုံးက ကြွက်သားတွေနဲ့ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေရောက်ရှိဖို့အ တွက် ညှစ်ထုတ်ပေးပါတယ်။ လှုပ်ရှားမှု နည်းတာကြောင့် နှလုံးကြွက်သားတွေ လည်း အားနည်းလာပါတယ်။ နှလုံး ကြွက်သားတွေ သန်မာဖို့အတွက် ရေကူး တာ၊ ရွရွပြေးတာ၊ လမ်းလျှောက်တာ၊ လှေကားတက်တာနဲ့ ဥယျာဉ်ခြံစိုက်ပျိုး တာတွေကို လုပ်ဆောင်သင့်ပါတယ်။

(၅) လေဖြတ်ခြင်း
လှုပ်ရှားတက်ကြွမှုရှိတဲ့ နေထိုင်မှုပုံ စံကြောင့် လေဖြတ်နိုင်ခြေလျော့နည်းနိုင် ပါတယ်။ နှလုံးရောဂါရှိသူ၊ ကိုယ်အလေး ချိန်များသူ၊ လှုပ်ရှားမှု မရှိသူ၊ သွေးတိုးရှိ သူနဲ့ ဆေးလိပ်သောက်သူတွေဟာ လေ ဖြတ်နိုင်တဲ့ အခွင့်အလမ်းများသူတွေပါ။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ် ဆောင်တာတွေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

(၆) ကင်ဆာဖြစ်ခြင်း
လှုပ်ရှားတက်ကြွမှုမရှိတာကြောင့် ရင်သားကင်ဆာ၊ အူကင်ဆာနဲ့ သားအိမ် ကင်ဆာဖြစ်ပွားမှုကို များစေပါတယ်။ အင်္ဂလန်နိုင်ငံမှာ လှုပ်ရှား တက်ကြွတဲ့နေ ထိုင်မှုပုံစံကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြေ ကို လျှော့ချနိုင်တာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာကြောင့် ကိုယ်တွင်းအဆီတွေကို လျှော့ချပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါ
လှုပ်ရှားမှုနည်းတာကြောင့် သွေး တွင်း အင်ဆူလင်ပမာဏကို လျော့နည်း စေပြီး အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။ လေ့ကျင့်ခန်း ကို တစ်နေ့ မိနစ် ၂၀နဲ့ တစ်ပတ် ငါးကြိမ် ပြုလုပ်ဖို့ လိုပါတယ်။

(၈) စိတ်ဓာတ်ကျခြင်း
Bristol တက္ကသိုလ်မှ သုတေသီတွေက လှုပ်ရှားမှုမရှိသူတွေဟာ စိတ်ဓာတ်ကျ ရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆခန့် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ လှုပ်ရှား မှုရှိသူတွေဟာ ခန္ဓာကိုယ်ကနေ ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိတာကြောင့် စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

(၉) အယ်လ်ဇိုင်းမားရောဂါ
ချီကာဂိုတက္ကသိုလ်မှ လေ့လာသူ တွေက လေ့ကျင့်ခန်းလုပ်ဆောင်မှုနဲ့ အယ်လ်ဇိုင်းမားရောဂါ ဆက်စပ်မှုရှိတယ် လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ လှုပ် ရှားမှုမရှိတဲ့လူတွေဟာ လှုပ်ရှားမှုရှိသူတွေ ထက် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင် ခြေ ၄၅ ရာခိုင်နှုန်း ပိုမိုတာကို တွေ့ရှိခဲ့ပါ တယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သက်ကြီးသတိမေ့ရောဂါဖြစ်ပွားမှုကိုပါ လျှော့ချနိုင်ပါတယ်။ မျိုးရိုးမှာ အယ်လ် ဇိုင်းမားရောဂါရှိသူ ရှိပါက လှုပ်ရှားမှုများ တဲ့နေထိုင်မှုပုံစံနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချသင့်ပါတယ်။

(၁၀) အရိုးပါးရောဂါ
အရိုးသိပ်သည်းဆနည်းလာပြီး ကြွပ်ဆတ်လာတာကြောင့် အရိုးကျိုးနိုင် ခြေများလာပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း ပြုလုပ်တာ တွေသာ မလုပ်ဆောင်ဘူးဆိုရင် အရိုးပါးလာပြီး ကျိုးနိုင်ခြေ များပါတယ်။

http://koaungmyotun.ning.com/profiles/blog/show?id=2879352%3ABlogPost%3A913094&xgs=1&xg_source=msg_share_post

Computer မှာ အသုံးပြုဖို့  အဘိဓာန်ကောင်း ၊ Adobe Photoshop CS5 အသုံးပြုနည်း စာအုပ် အခြားအသုံးဝင်သော ဆောစ်ဝဲလ်နှင့်စာအုပ်များ

PHYO Dictionary ဟာ ကိုယ်သိချင်သော စကားလုံးများကို အင်္ဂလိပ်-မြန်မာ ၊ မြန်မာ-အင်္ဂလိပ် သို့အသီးသီး အပြန်အလှန်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ပြီးလျှင် ကိုယ်ထပ်ထည့်ချင်သော စကားလုံးများရှိပါက ထပ်၍ထည့်နိုင်မည်ဖြစ်ပါသည်။ ဖျက်ချင်လိုသော စကားလုံးများကိုလည်း ဖျက်နိုင်ပါမည်။ စကားလုံးပေါင်းကတော့ ၃ သောင်းကျော်ပါဝင်ပါတယ်။ Database ကိုတော့ Ornagai ရဲ့ Database ကိုယူသုံးထားပါတယ်။ စကားလုံးများရဲ့ အသံထွက်ကိုနားထောင်ချင်ပါကလည်း နားထောင်နိုင်ပါတယ်။
Download>>>lastbox(or)zippyshare (or)mediafire
Keylogger အသုံးပြုချင်သူတွေအတွက် သုံးကြည့်နိုင်ပါတယ် 
လုပ်ဆောင်ချက်တွေကိုတော့  http://www.ardamax.com/keylogger/ မှာလေ့လာနိုင်ပါတယ်
44 ဒေါ်လာတန်နော် :)
Download>>>lastbox (or)zippyshare
Advanced SystemCare အသုံးပြုတဲ့သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးပါ
လိုင်စင်အတွက် free ပေးပါတယ် 1လပိုင်း 30ရက်အထိဘဲပေးပါတယ်နေ့မရောက်ခင်ယူထားကြပါ
သူရဲ့လုပ်ဆောင်ချက်တစ်ချို့ကတော့ စက်ရဲ့လုပ်ဆောင်ချက်မြန်အောင်လုပ်ထားပေးတာ
မလေးအောင် သန့်ရှင်းရေးလုပ်ပေးတာ မှားဖျက်မိတဲ့ဖိုင်တွေပြန်ရှာပေးတာ စသည်ဖြင့် 
အပြည့်စုံကိုတော့ http://ld.iobit.com/ မှာ လိုင်စင်ယူရင်းလေ့လာနိုင်ပါတယ်
အခုဗားရှင်းမှာ အင်တာနက်အသုံးပြုသူတွေအတွက် Line စစ်တဲ့ လုပ်ဆောင်ချက်ပါထည့်ပေးထားပါတယ်
ဗိုင်းရပ်ရှိတဲ့လင့်ကို မ၀င်မိအောင် ကာကွာပေးတဲ့ဆောစ့်ဝဲလ်လေးပါ
ဒီဆော့ဝဲလေးကအင်စတောလုပ်စရာမလိုပဲတန်းသုံးလို့ ရတဲ့ဟာပါ portable

လေးမလို့  အားလုံးအဆင်ပြေမှာပါ အားတဲ့အခါ စာစီစာရိုက်ကျင့်ရင်းGame

ဆော့လို့ ရတယ်နော Game ဆော့တာကလဲ Abc ပေါ်လာတဲ့  ဟာရိုက်ရင်

အမှတ်ရတဲ့ဟာ သူပေါ်ပေးတဲ့ဟာ အမြန်ရိုက်ရင်  လက်ကွက်ကမြန်လာမှာ

ပါအများကြီး စာရှည်မှာစိုးလို့ ဒီဆော့ဝဲယူသင်တဲ့သူတွေကို ပြောပြမယ်နော

(၁) စာစီစာရိုက်အခြေခံသင်တန်း မတက်ဖူးသေတဲ့အခြေခံသူများ

(၂)အခုမှကွန်ပျုတာကိုစတင်လေ့လာမည်အခြေခံပညာသင်သူများ

(၃)စာရိုက်ပုံရိုက်နည်းကိုစနစ်တကျမသိသူများ

(၄)သင်တန်းတက်ဖူးသော်လည်းအမြန်မရိုက်တတ်သူများ

အထက်ပါ၎ချက်ထဲမှာ ပါရင်တော့ဒီဆော့ဝဲလေးယူမှရမှာနော်ကျနော်တောင်

game ဆောရင်းရိုက်နေတာပျော်ဖို့ ကောင်းတယ်စာရိုက်လည်းမြန်တယ်အ

ပျင်းလည်းပြေတယ်သူ့ ထက်ကောင်းတာတောင်သူ့ လောက်မကောင်းဘူးလို့ 

ပြောချင်ပါတယ်ဗျာ..ကဲ...စမ်းချင်ရင်ဆွဲပေတော့.......................။
Download>>>mediafire (or)lastbox. (or)zippyshare
http://www.zwmnna.com/ မှကူးယူဖော်ပြသည်
ဂစ်တာတီးနည်းကိုလေ့လာလိုသူတို့အတွက် အဖိုးတန်ရှားပါးစာအုပ်လေးပါ
 ပြင်ပမှာ ၆၀၀၀ ခန့်ပေးရတဲ့စာအုပ်လေးပါ။
Download>>>lastbox (or)mediafire (or)zippyshare
အော်ဂင်၊ စန္ဒရား တီးရတာဝါသနာပါတဲ့သူငယ်ချင်းတွေ  လေ့လာလိုတွေအတွက် အသုံးတည့်မယ်စာအုပ်လေးပါ 
Download>>>lastbox (or)zippyshare (or)mediafire
ဒီစာအုပ်လေးကတော့ Adobe Photoshop CS5 အသုံးပြုနည်းစာအုပ်လေးပါ။
ဒီစာအုပ်လေးမျာတော့ CS5 အသုံးပြုနည်းကို အသေးစိတ်မဟုတ်ရင်တောင် တော်တော်လေးပြည့်စုံအောင်ပါပါတယ်ခင်ဗျား။ဒီစာအုပ်လေးကိုတော့
ကိုရဲရှင်းက အခကြေးငွေ မယူဘဲ စေတနာ ဗရဗွနဲ့ရေးသားပေးထားတာပါ 
Download>>>lastbox (or) mediafire(or)zippyshare
ကျွန်တော် Face book အသုံးပြုတဲ့ သူငယ်ချင်းတို့ကို အကူညီတစ်ခုလောက်တောင်းချင်ပါတယ်
ကလစ်နှစ်ချက်လောက် အကူညီပေးပါလို့ တောင်းဆိုပါတယ်
အခုတင်ပေးထားတဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံကို Like ခြင်းဖြင့်ကူညီပါလို့ တောင်းဆိုပါတယ်
သူငယ်ချင်အားလုံးအဆင်ပြေပါစေ..
 
http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1168986&xgs=1&xg_source=msg_share_post