“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, October 31, 2012

ကြို့ထိုးခြင်း သက်သာစေသော နည်းလမ်းများ


ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။  ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်း ၁၃ နည်းထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။

 (၁) အချိုစားပါ

ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။

(၂) နားထဲ လက်ချောင်းထည့်ပါ

နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁၀ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ ဆောင်ရွက်ဖို့တော့ လိုပါတယ်။

(၃) ရုတ်တရက် ထိတ်လန့်အောင်လုပ်ပါ

သင်ကြို့ထိုးနေချိန်မှာ ရုတ်တရက် အံ့သြစရာတွေ့တာ၊ လန့်သွားတာတွေက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

(၄) ရေများများသောက်ပါ

ရေကို အသက်မရှူဘဲ ဆက်တိုက် သောက်လိုက်တာကြောင့် ကြို့ထိုးတဲ့ ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။

(၅) လျှာကို ဆွဲထားပါ

ကြို့ထိုးနေချိန်မှာ သင့်လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ ဆွဲထားတာကလည်း ကြို့ထိုးတာကို ရပ်တန့်သွားစေပါတယ်။

(၆) သင့်အာခေါင်ကို နှိုးဆွပေးပါ

ဂွမ်းစအနည်းငယ်ကို သင့်အာခေါင်နားမှာ ထားပေးပါက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

(၇) အသက်ရှူ အောင့်ထားပါ

သင့်နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ရေထဲကို ခုန်ဆင်းသလိုမျိုး ခဏတာ အသက်ရှူအောင့်ထားပေးပါ။ ကြို့ထိုးတာ ရပ်တန့်သွားစေပါတယ်။

(၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ

စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာစေပြီး ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

(၉) လေဆေးသောက်ပါ

မဂ္ဂနီဆီယမ်ပါဝင်တဲ့ လေဆေးသောက်ပေးတာက ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။ မဂ္ဂနီဆီယမ်က အာရုံကြော နှိုးဆွမှုတွေကို လျော့နည်းစေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ လေဆေးတစ်ပြား ဒါမှမဟုတ် နှစ်ပြားကို ဝါးစားပါ။

(၁၀) အစာကို ဖြည်းဖြည်း စားပါ

အစာကို မြန်မြန်စားတတ်သူတွေဟာ အစာကို ကြေညက်အောင် မဝါးဘဲ မျိုချတတ်ကြပါတယ်။ အစာကို မြန်မြန်စားတာက လေတွေ ခိုအောင်းနေစေပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။

(၁၁) အစားအလွန်အကျွံစားတာကို လျှော့ပါ

အစာကို အလွန်အကျွံ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ပြည့်ကျပ်ပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာလျှော့စားတာက ကြို့ထိုးတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။

(၁၂) အစပ်များသော အစာများကို ရှောင်ပါ

အစပ်များတဲ့ တချို့အစားအစာတွေက အစာရေမျိုနဲ့ အစာအိမ်နံရံတွေကို နှိုးဆွတာကြောင့် အစာအိမ်ထဲမှ အက်စစ်တွေ အပေါ်ကို ဆန်တက်လာတတ်ပါတယ်။ အစာရေမျိုဆီကို အက်စစ်တွေ ဆန်တက်လာက ကြို့ထိုးတာကို ဖြစ်စေပါတယ်။

(၁၃) အရက်လျှော့သောက်ပါ

အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ အရက်ကို များများနဲ့ မြန်မြန်သောက်တာက ရုတ်တရက် အစာမကြေတာကို ဖြစ်စေပါတယ်။ အရက်က အစာအိမ်နဲ့ အူလမ်းကြောင်းကို နှိုးဆွတာကြောင့် အစာရေမျို ရုတ်တရက် ကျယ်သွားပြီး ကြို့ထိုးတာကို ဖြစ်စေလို့ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref: Good Health posted on Yatanarpon - good health - article-68498
 http://www.facebook.com/notes/health-articles

မိမိ Computer မှာ GTalk အများကြီး ဖွင့်လို့မရတဲ့သူများအတွက်

Gtalk တွေကို အများကြီးဖွင့်နိုင်တဲ့ နည်းပညာလေးပါ။
ဘာမှတော့ မဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတွက် လိုအပ်မှာပါ။
အင်တာနက်ဆိုင်မှာ သုံးနေတဲ့သူတွေအတွက်ကတော့ မလိုအပ်ပါဘူး။
ဆိုင်က တစ်ခါတည်းလုပ်ပေးထားတဲ့အတွက်ပါ။
မိမိ Computer နဲ့ သုံးနေတဲ့သူတွေထဲကမှ မသိသေးတဲ့သူတွေအတွက်ပါ။
1 - မိမိ Computer ထဲက GTalk icon လေးကို right click ပေးလိုက်ပါ ။
အောက်ဆုံးမှာ Properties လို့ ရေးထားတဲ့ Button လေးကို ကလစ်နှိပ်လိုက်ပါ ။
အဲဒီ့မှာ Shortcut button လေးထဲက Target စာလုံးလေးရဲ့ဘေးနားလေးက textbox လေးထဲမှာ
ရေးထားတဲ့ အပြာရောင်စာကြောင်းလေးကို တွေ့ပါလိမ့်မယ် ။
"C:\Program Files\Google\Google Talk\googletalk.exe" /startmenu
2 - အဲဒီ့စာကြောင်းလေးထဲက startmenu ဆိုတာလေးကိုဖျက်လိုက်ပြီး nomutex ဆိုတဲ့စာလုံးလေးကိုအစားသွင်းပေးရပါမယ် ။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex
3 - အဲ့ဒီ့လိုအားလုံးလုပ်ပြီးသွားရင်တော့ Apply ကို အရင်နှိပ်ပြီး OK ကို နှိပ်လိုက်ပါ ။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A499517&xgs=1&xg_source=msg_share_post

စိတ်ရောဂါကာကွယ်နည်း

မိမိကိုယ်တွင် စိတ်ကျရောဂါ မ၀င်ရောက်စေဘဲ ရင့်ကျက်သော သဘောကာယနှင့် ကြံ့ခိုင်တည်ကြည်စွာ နေ နိုင်သောနည်းများကို စိတ်ပညာဆိုင်ရာ သုတေသနပညာရှင်များက အချိန်ယူလေ့လာခဲ့ပြီး ဖော်ထုတ်ထား ခဲ့ကြသည်. .. ထိုနည်းများကား သိပ္ပံနည်းကျ၍ စိတ်ကျရောဂါ မ၀င်နိုင်အောင် ဟန့်တားနိုင်စွမ်းရှိကြသဖြင့် စိတ်ကျန်းမာခြင်းကို အလိုရှိသူတိုင်း လိုက်နာသင့်ကြပါသည်. . .
ယင်းနည်းလမ်းကောင်းများမှာ-
၁။ တုံ့ပြန်မှုတိုင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားပါ။
၂။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားနှင့် လွပ်လပ်မှုကို ခွဲခြားနားလည်ပါ။
၃။ ရယူလိုသောစိတ်ထက် ပေးခြင်းကို ပို၍ ဦးစားပေး မွေးမြူပါ။
၎။ ပြိုင်ဆိုင်ခြင်းထက် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်အောင် သတိပြုပါ။
၅။မိမိရရှိထားသောဘ၀နှင့် အပ်စပ်ဆီလျော် ထိုက်တန်သလောက်သာ ရယူသုံးစွဲတတ်သော စိတ်ကို ပျိုး ထောင်ပါ။
၆။ ခေတ်မှီခြင်းသည် အတိုင်းအတာ တစ်ခုအတွင်း၌သာ တင့်တယ်လျှောက်ပတ်ကြောင်းကို နားလည်ထားပါ။
၇။ ထူးထွေဆန်းပြားသော အရာများအပေါ် ညွတ်တတ်သော အာရုံများကို ထိန်းသိမ်းစောင့်ရှောက်ပါ။
၈။မိမိဘ၀ တိုးတက်ကြီးပွားအောင် အစဉ်ကြိုးစားနေရမည် မှန်သော်လည်း လက်ရှိရထားသော ဘ၀အခြေ အနေကို ၀မ်းမြောက်ဝမ်းသာ လက်ခံပြီးဖြစ်သမျှ၊ ရှိသမျှအပေါ် ရောင့်ရဲ ကျေနပ်တတ်သော စိတ်ကို မွေးမြူပါ။
(၉)အလိုရမ္မက်ကြီးမှု၊ ပြိုင်ဆိုင်မှု၊ ဂလဲ့စားချေမှု၊ တစ်ကိုယ်တော် ပလွှားလိုမှုတို့သည် နိမ့်ကျညံ့ဖျင်းသော စိတ် ဓာတ်များ ဖြစ်ပြီး ကြင်နာခြင်း၊ မေတ္တာထားခြင်း၊ အများကောင်းစားသည်ကို ၀မ်းမြောက်ခြင်း၊ ခွင့်လွှတ် သည်းခံခြင်းတို့သည် အပြု စိတ်ထား အရည်အချင်းများ ဖြစ်သည်ကို နားလည်သဘောပေါက်ပါ။
(၁၀) စိတ်ကူးယဉ်ဘ၀ထက် လက်တွေ့ဘ၀ကို စိတ်ဝင်စားပါ။
(၁၁) မိမိဖြစ်စေချင်သလို မဖြစ်၊ မဖြစ်ချင်သော်လည်း ဖြစ်လာတတ်သော လောကဓမ္မတာသဘောကို လက်ခံ ၍ မိမိသဘောအတိုင်း ဖြစ်မလာသည့်အခါ ကျေနပ်စွာနေနိုင်သော စိတ်မျိုးအတိုင်းမွေးမြူပါ။
သို့မှသာလျှင် ရခဲလှစွာသော လူ့ဘ၀ကို ရလာသူတိုင်းသည် အသက်ရှင်နေထိုင်ရသော သုခတို့ဖြင့် ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A499530&xgs=1&xg_source=msg_share_post

ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ

ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။

အခု ပြန်တွေ့တော့ လန်းဆန်း ကျန်းမာ တက်ကြွနေတော့ စကား စမြည် ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခု ရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေက လန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံး သွားတာနဲ့ ဒါကြောင့် ကျမတို့ ရုံးက အန်တီ ဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိ စေချင်ဘူး၊ သူများတွေ သူ့ကို သေလူလို့ ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူး ဆိုပီးရင် ဖွင့်ရှာပါတယ်။

ကျမ ရဲ့ အချစ်ဆုံး ကြီးကြီးလဲ ကင်ဆာနဲ့ ဆုံးသွားသလို အမလို ခင်မင်ပြီး ချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွား ရရှာပါတယ်။ အထူးသဖြင့် ကျမတို့ မိသားစုနဲ့ နှစ်အိမ်တစ်အိမ် လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲ ဆုံးပါး သွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာ အရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေး တွေကို ရေနွေးကြမ်း လိုလုပ်သောက် ရတာပါ၊ အရမ်းကို ခါးတော့ ကျမတောင် စမ်းသောက်ကြည့်ပီး တွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမို သွင်းထားတဲ့ လူနာတွေဆို ခံတွင်းထဲ ဘာထည့်ထည့် အရသာ မရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။

ကင်ဆာ ရောဂါ ဖြစ်နေ သူများအတွက် သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ် သောက်ရုံတင်နဲ့ ကင်ဆာ ရောဂါကို ပျောက်ကင်းသက် သာစေတာ ကျမမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာ အကြောင်းအစုံလင် နားမလည် ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရော အဆိုးပါ သတ်ပစ် တာဖြစ်ပီး ဒီဒူးရင်း သြဇာ အရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ် ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြ ပါတယ်။

ကျမ ညီမလေး ကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာ မဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံ အမျိုးစားခြင်း မတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲ မတူနိုင်ပါ ဘူးလို့ ဆိုပါ တယ်။ ဒါပေမယ့် ကျမ အကြံ ပေးခြင် တာကတော့ အနည်းနဲ့ အများ ပျောက်သွား သည်ဖြစ်စေ သက်သာ သွားသည်ဖြစ်စေ အန္တရယ် မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့ တိုက်တွန်း ပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး သားခြင်း များမှာလဲ ကင်ဆာ ရောဂါရှိတဲ့ သူများရှိရင် ထပ်ဆင့် ဝေငှ ပေးကြပါ။

အေးချမ်းမွန်မှ မြ၀တီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A332947&xgs=1&xg_source=msg_share_post

Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်

ယခု Windows 8 တွင် Microsoft မှနေ၍ အသုံးပြုသူများလွယ် ကူစွာ အသုံးပြုနိုင်ရန် အတွက် User Interface ကို Modern UI (Metro UI) ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ဒီ Modern UI သည် Touch အတွက် လည်း ကောင်းကောင်း Support
ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ သော် ကျနော်တို့  အနေနဲ့  ယခုအသုံးပြုနေသော OS များမှနေ၍ Windows 8 ကိုပြောင်းလဲ၍ အသုံးပြုသင့်ပါသလား? Windows 8 ကို အသုံးပြုသင့် မသင့်စဉ်စားနေသူများကို အထောက်အကူဖြစ်စေရန်အတွက် မကြာမီထွက်ရှိလာတော့မည့် Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) Windows 8 သည်ဈေးသက်သာခြင်း
ယခုထွက်ရှိလာမည့် Windows 8 သည် ထွက်ရှိပြီးသမျှ Windows OS အားလုံးထဲတွင်တော့ ဈေးအသက်သာဆုံးဖြစ်လာမည် ဖြစ်သည်။ ကျနော် တို့  မြန်မာနိုင်ငံကလူများအဖို့ တော့ ၁၀၀၀၊၂၀၀၀ ဖြင့် Windows အတု ခွေ များကိုဝယ်ယူ၍ ရသောကြောင့် သိပ်မသိသာသော်လည်း အကယ်၍ Windows အစစ်ကို အသုံးပြုချင်သူများအတွက်တော့ Windows ဈေးနှုန်း သည် အတားအဆီးတစ်ခုပင်ဖြစ်သည်။ Windows 7 Home Premium ကိုပင် US$119.99 ဈေးရှိသောကြောင့် တော်ရုံတန်ရုံမှာ ၀ယ်ယူအသုံး မပြုလိုကြချေ။ ယခု Windows 8 တွင်တော့ ယခင် Windows ဗားရှင်းများမှ Upgrade လုပ်မယ်ဆိုလျှင် US$39.99 တည်းဖြင့်ပင် အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူ Upgrade လုပ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ အရောင်းဆိုင်များမှ DVD ဖြင့်ဝယ်ယူမည်ဆိုလျှင်တော့ US$69.99 ကျသင့်မှာ ဖြစ်ပါတယ်။ ယခုဈေးနှုန်းများကို Microsoft မှလျှော့ဈေးဖြင့်ရောင်းချပေးနေတာဖြစ်ပြီး ဇန်န၀ါရီ ၃၁ အထိသာ ယခုဈေးဖြင့် ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ယခုအချိန်မှစ၍ ဇန်န၀ါရီ ၃၁အတွင်း Windows 7 အသုံးပြု ထားသော PC ကိုဝယ်ယူမည်ဆိုလျှင်တော့ Windows 8 ကို US$14.99 တည်းဖြင့် Upgrade လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါသည်။
(၂) Windows 8 သည်ပိုမို၍ လျှင်မြန်လာခြင်း
Microsoft မှပြောကြားတာကတော့ ယခု Windows 8 တွင် Boot Up Time (ကွန်ပြူတာ စဖွင့်ချိန်မှစ၍ Desktop ပေါ်လာသည်အထိ) သည် ယခင် OS ဗားရှင်းများထက် ပိုမိုမြန်ဆန် လာကြောင်း ပြောကြားထာပါတယ်။ Boot Up Time သည်ပိုမိုလျှင်မြန်လာသလို ကွန်ပြူတာ Shut Down Time (ကွန်ပြူတာပိတ်ချိန်) သည်လည်း သိသိသာသာ လျှင်မြန်လာကြောင်း သိရပါတယ်။ SSD (Solid State Drve) အသုံးပြုထားသော ကွန်ပြူတာများ တွင် ပို၍ သိသာကြောင်း သိရပါတယ်။ စမ်းသပ်ချက်များအရ Windows 8 အသုံးပြုထားသော Toshiba Satellite U920t သည် Windows 7 Ultrabook များထဲတွင် အကောင်းဆုံးဟုဆိုသော Ultrabook ထက်ပင် ၂ဆပိုမို၍ လျှင်မြန်စွာ Windows တက်လာကြောင်း သိရပါတယ်။
အကယ်၍ ပုံမှန် HDD (Hard Disk Drive) သာအသုံးပြုထားသော ကွန်ပြူတာဖြစ်လျှင်တောင် အနည်းငယ်မျှ ပိုမိုမြန်ဆန်လာတာကို သတိထားမိမည်ဖြစ်ကြောင်း သိရပါတယ်။ Windows 8 တွင် ကွန်ပြူတာ Boot Up Time နှင့် Shut Down Time တို့ မှာ ပိုမိုလျှင်မြန်လာရုံသာမက Windows 8 တွင် Microsoft Office သည်သုံးရတာပိုမို၍ ကောင်းမွန်လာ သလို Multimedia Test များသည်လည်း အချိန်အနည်းငယ်တွင်းတွင်ပင် ပြီးစီးအောင် လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။
(၃) Reset နှင့် Refresh ပါဝင်ခြင်း
Windows ကိုအသုံးပြုတာ ကြာပြီဖြစ်သော အသုံးပြုသူများအနေနှင့် Windows အသုံးပြုတာကြာလာတာနဲ့  အမျှ Virus ကိုက်လို့ ပဲဖြစ်ဖြစ်၊ မိမိ Windows ကြီးကအသုံးပြုရတာ လေးလို့ ပဲဖြစ်ဖြစ်၊ Windows မှာ Error တွေအများကြီးတက်လို့ ပဲဖြစ်ဖြစ် Windows ပြန်တင်ရတာကို ပြုလုပ်ကြရပါတယ်။ Windows 8 မှာတော့ ယခုအခါအသုံးပြုသူများကို လျှင်လျှင်မြန်မြန်နဲ့  Windows ပြန်တင်နိုင်အောင် ပြုလုပ်ပေးထားပြီ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့  “Reset your PC” ဟုခေါ်သော Feature ပါရှိပြီး ထို Feature ကိုအသုံးပြုလျှင် မိမိ ကွန်ပြူတာကို Windows 8 စတင်ခဲ့သလို့  (သို့ ) Windows 8 ကွန်ပြူတာကို စတင်ဝယ်ရှိခဲ့သလို အခြေအနေမျိုးရောက်အောင်ပြန် ပြုလုပ်ပေး သွားမှာဖြစ်ပါတယ်။ Reset your PC သည် စမတ်ဖုန်းများ နှင့် Tablet များတွင်တွေ့ ရသော Factory Reset ကဲ့သို့  Feature မျိုးဖြစ်ပါတယ်။ မိမိကွန်ပြူတာထဲမှာရှိသမျှကို ဖျက်ပြစ်မှာဖြစ်ပြီး Windows 8 ကို အသစ်ပြန် သွင်းပေးလိုက်မှာဖြစ် ပါတယ်။ နောက်ထပ် Reset your PC ကဲ့သို့  ဆင်တူသော Process တစ်ခုဖြစ်သောRestore from an Image Feature သည်လည်း Windows 7 တုန်းက မိနစ် ၃၀ ၀န်းကျင်ကြာမြင့်ပြီး ယခု Windows 8 တွင်တော့ ၆ မိနစ်သာ ကြာမြင့်မြင်ဖြစ်ကြောင်း Microsoft မှပြောကြားထားပါတယ်။
နောက်ထပ် Feature တစ်ခုဖြစ်တဲ့ “Refresh your PC” ကို အသုံးပြု လျှင်တော့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ နဲ့  Personal Settings များသည် ပကတိအတိုင်း ကျန်ခဲ့မည်ဖြစ်သော်လည်း PC Settings ကတော့ Default ကိုပြန်၍ ပြောင်းလဲသွားမှာ ဖြစ်ပါသည်။ ထို့ အပြင် Windows Store မှ Download လုပ်ထားသော Modern Style UI Application များကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း အခွေများနှင့် Website များမှ Download လုပ်၍ သွင်းထားသော Application များအားလုံးမှာမူ ပျက်သွားမည် ဖြစ်သည်။ သို့ သော်ထို ဖျက်ပြစ်လိုက်သော Application များအားလုံးရဲ့ စာရင်းကိုတော့ Desktop ပေါ်တွင် စာရင်းရှိမည်ဖြစ်သောကြောင့် မိမိပြန်၍ သွင်းချင်လျှင်လည်း သွင်းနိုင်မည် ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုသော် ဤ Refresh your PC Feature သည်မိမိကွန်ပြူတာကိုလည်း အကောင်းအတိုင်းပြန်ဖြစ်စေချင်သလို မိမိရဲ့ Data တွေကိုလည်း မပျက်စေချင်ဘူးဆိုရင်တော့ အလွန်အသုံးဝင်မယ့် Feature ဖြစ်ပါတယ်။
(၄) File History
Windows တွင် Back Up Feature သည်ယခင်ကတည်းက ပါဝင်ပြီးဖြစ်သော်လည်း အသုံးမများပဲ Microsoft ရဲ့ပြောပြချက်အရ Windows အသုံးပြုသူအားလုံးရဲ့ ၅ ရာခိုင်နှုန်းသာ အသုံးပြုကြောင်း သိရပါတယ်။ ယခုအခါ Windows 8 တွင်တော့ File History ဟုခေါ်သော Back Up Tool တစ်ခုပါဝင်လာပြီ ဖြစ်ပါတယ်။ ယခု Feature သည် default အရ ပိတ်ထားမည်ဖြစ်ပြီး အသုံးပြုသူမှ အသုံးပြုလိုလျှင် External Hard Disk (သို့ ) Network Drive ကဲ့သို့  Drive မျိုးကို ကွန်ပြူတာကို တပ်၍ သွားဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ထိုအခါ File History မှနေ၍ မိမိရဲ့ ကွန်ပြူတာ Libraries (My Documents, My Music, My Pictures,etc..) ထဲရှိ File များကို Copy လုပ်၍ အလိုအလျှောက် သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ထို့ အပြင် Desktop မှာရှိသော အခြား File များနှင့်အတူ Contacts, Favorites တို့ ကိုလည်း သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူမှနေ၍ သီးသန့်  Backup လုပ်ချင်တယ်ဆိုလျှင်လည်း မိမိ Back Up လုပ်လိုသော File ကိုရွေးချယ်ပေးလို့  ရပါတယ်။
File History သည် နာရီအလိုက် File များကို စောင့်ကြည့်သွားမှာဖြစ်ပြီး အကယ်၍ အပြောင်းအလဲရှိလျှင် External Drive များမှာ သွားရောက်၍ သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ထို့ ကြောင့် အသုံးပြုသူများအနေဖြင့် ထို File များရဲ့ အပြောင်းအလဲများကို External Drive များမှာသွားရောက် ကြည့်ရှုနိုင်ပြီး မိမိတို့ လိုချင်သော File Version ကိုပြန်လည်၍ ရယူပြီး သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ File History ကို File Explorer (ယခင်က Windows Explorer) နှင့် ချိတ်ဆက်ပေးထားသောကြောင့် မိမိလိုချင်သော File များကို File Explorer မှတစ်ဆင့်ပင် ရှာဖွေ၍ အလွယ်တကူပင် အရင်ဗားရှင်းများကို ပြန်လည် ရယူနိုင်ပါတယ်။
File History ရဲ့အကောင်းဆုံး အချက်တစ်ချက်ကတော့ Back Up လုပ်ရန်အတွက် မည်သည့် အချိန်တွင် Back Up လုပ်ရမယ်လို့  အချိန်သတ်မှတ်ထားတာမျိုး လုပ်ပေးဖို့ မလိုပါဘူး။ Windows 8 မှာ Back Up Process ကို Windows ရဲ့နောက်ကွယ်ကနေတစ်ဆင့်တာ အလိုအလျှောက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
(၅) Storage Spaces
နောက်ဆုံး အချက်တစ်ချက်အနေနဲ့  ကတော့ Windows 8 တွင်ယခုအခါ Storage Spaces ဟုခေါ်သော Feature အသစ်တစ်ခု ပါဝင်လာပြီ ဖြစ်ပါတယ်။ ယခု Feature ကတော့ Internal ရော External ရော Drive တွေအားလုံးကို ပေါင်း၍ Drive တစ်ခုတည်းအဖြစ် အလုပ် လုပ်ဆောင်စေနိုင်မယ့် Feature ဖြစ်ပါတယ်။ Storage Spaces အလုပ် လုပ်ပုံကတော့ မည်သည့် Drive (Internal Hard Disk, External Hard Disk, Thumb Drives, etc.. ) ဖြစ်စေ အားလုံးကို Drive ၁ခုတည်းအဖြစ်ပေါင်းကာ Pool တစ်ခုတည်ဆောက်ပေးပြီး အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေး တာဖြစ်ပါတယ်။ Drive နာမည်ကိုလည်း မိမိကြိုက်တဲ့ နာမည် (ဥပမာ - My Drive, John, Emma စသည်ဖြင့်) ပေးလို့  ရပြီး Drive Letter ကိုလည်းမိမိကြိုက်သာ စာလုံး (ဥပမာ - G, H, I, J စသည်ဖြင့်)ပေးလို့  ရပါတယ်။
Storage Spaces ကို ဖန်တီးစဉ်တွင် မိမိတွင်ရှိသော Disk များရဲ့ Storage ထက်ပို၍ ဖန်တီးလို့  ရပါတယ်။ ဥပမာ မိမိတွင် 500GB Internal Hard Disk ၁ လုံး နှင့် 20GB နှင့် 80GB ဆိုပြီး External Hard Disk ၂လုံး ရှိသည်ဆို ပါစို့ ။ အသုံးပြုသူကနေ၍ Storage Spaces ကိုအသုံးပြု၍ Pool တစ်ခုဖန်တီး သည့်အခါထို Hard Disk ၃ ခုပေါင်းရဲ့ Storage ဖြစ်သော 600GB သာမကဘဲ အဲဒီထက်ပိုလွန်၍ (ဥပမာ - 800GB) ရှိသော Drive တစ်လုံး ဆိုပြီး ဖန်တီးထားလို့  ရပါတယ်။ အဲဒီ 800GB ထဲကို နောက်မှ Hard Disk တွေထပ်ပေါင်းထည့်ချင်လည်း ရပါတယ်။ အကယ်၍ မိမိကနေ၍ External Hard Disk ၂ လုံးထဲကို ပေါင်းချင်တယ်ဆိုလျှင်လည်း 100GB ရှိသော Pool တစ်ခုတည်ဆောက်ကာ Drive တစ်ခုကိုဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။
File History ကဲ့သို့ ပင် Storage Spaces ၏အားသာချက်မှာ အသုံးပြုသူ အနေဖြင့် တစ်ခါသာ Configure လုပ်ပေးစရာလိုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ Drive များအားလုံးကို ပေါင်း၍ Drive ၁ ခုတည်းသာ လုပ်ထားပေး ထားကြောင့် မိမိအနေနဲ့  ဘယ် File တွေကို ဘယ် Hard Disk မှာမှတ်သား ထားလဲ ဆိုတာကို သေချာမှတ်မိစရာ မလိုတော့ပါဘူး။ အကုန်လုံးကို Storage Spaces ထဲကိုသာ သွားရောက်၍ ရှာဖွေနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် Windows 8 တွင် အခြား Features များစွာ ပါဝင်ပါသေးတယ်။ သင့်အနေနှင့် Windows 8 တွင်ပါဝင်သော Modern Style UI ကိုအသုံးမပြုချင်လျှင် လည်း Desktop Mode ကိုသာအသုံးပြုလို့ ရ ပါတယ်။ Windows 8 မှာ Windows 7 Application များကိုလည်း အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့ ကြောင့် သင့်အနေနှင့် Windows 8 ကိုသုံးကြည့်ချင်တယ်ဆိုလျှင်တော့ အောက်တိုဘာ ၂၆ တွင် Windows 8 တရားဝင် ထွက်ရှိလာသည့်အခါတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
techspace စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖျာ ကျန်းမား ချမ်းသာ ကြပါစေ။
ဇွဲမာန် (IT4M)
Ref : CNET Asia
http://techspacejournal.blogspot.com/2012/10/windows-8.html