“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Showing posts with label Gmail-Gtalkဆိုင်ရာ. Show all posts
Showing posts with label Gmail-Gtalkဆိုင်ရာ. Show all posts

Monday, April 15, 2013

Google အကောင့်ကို ဖျက်နည်း


Google အကောင့် ကိုဘယ်လိုဖျက်မလဲ
Gtalk > Sign in > Setting> account setting
ကို နှိပ်ပါ နောက်ခံတခု ကျလာပါလိမ့်မယ် my account လို့ပြောရမှာပေါ့ current browser နဲ့ပွင့်လာမှာပါ ။ပြီးရင် My account ကိုနှိပ်ပါ
My account မှာ google ကပေးထားတဲ့ Services ပေါင်းများစွာ ရှိနေပါတယ် (1)Gtalk(2)Gmail(3)Blogger(4)Picasa အစရှိသဖြင့်ပေါ့ကိုယ်မသုံးတဲ့Services တွေကို တခုချင်းလိုက်ပြီး delete လုပ်ပလိုက်နိုင်ပါတယ်။နောင်ဘယ်တော့မှပြန်သုံးလို့ ရမှာမဟုတ်ပါဘူး
တကယ်လို့google အကောင့်တစ်ခုလုံးကိုဖျက်ပစ်ချင်ရင်တော့
My products ဘေးက Edit ကိုနှိပ်ပါ အဲမှာ remove your gmail parmenently ဆိုတာကိုတွေ့ရပါမယ် အောက်ဆုံးစာကြောင်းကို click လုပ်တာနဲ့အပေါ်မှာပြောခဲ့တဲ့ service တေအကုန်ပျက်စီးသွားပါလိမ့်မယ် ဒါဆိုရင် Google အကောင့်ကြီးပျက်စီးသွားပါပြီ.............

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1201319&xgs=1&xg_source=msg_share_post

Wednesday, April 3, 2013

Gtalk မှာ မိမိသူငယ်ချင်းက ဘယ်နိုင်ငံကလည်းဆိုတာ ကြည့်ရအောင်(စိုင်းဆမ်)


မင်္ဂလာပါ နည်းလမ်လေးတစ်ခု တွေ့လာလို့ ပါ…..သူငယ်ချင်းတို.လည်းကြိုက်မှာပါ…
အဲ…..ဒီပို.လေးကို ကြိုက်နှစ်သက်ခဲ.မယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်။
G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို
ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်..
ကဲစပြီးစမ်းကြည့်ရအောင် ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ.. ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ show original ကိုဆက်လက် click ပါ Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို သိရပြီပေါ့နော်..။ 
http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6378989&xgs=1&xg_source=msg_share_post

Saturday, March 16, 2013

Gtalk မှာ offline နဲ့ပဲချိတ်မယ်...

ဒီလင့်လေးဆီသွားလိုက်ပါ  http://talkgadget.google.com/talkgadget/popout
အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ်လိုက်ရင်
 ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့ သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင်
offline လုပ်ကြမယ်ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…
ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…
 
http://friendsdaygroup.ning.com/profiles/blog/show?id=2293535%3ABlogPost%3A1599562&xgs=1&xg_source=msg_share_post

Sunday, March 10, 2013

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..

အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 
 
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..



ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့ အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် .. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် .

http://whitestrength.ning.com/forum/topic/show?id=6586231%3ATopic%3A31480&xgs=1&xg_source=msg_share_topic

Sunday, January 27, 2013

အခိုးခံရတဲ့ Gmail..ပြန်လည်ရယူနည်း..

 
သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question
ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။
ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့
အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ
သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ

နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ
ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ
မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့
သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။
ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့
အချက်အလက်တွေကို လုံခြုံတဲ့တနေရာ
မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး
ပြန်ရအောင်ယူပေါ့။


Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့


http://www.google.com/support/accounts/bin/request.py?contact_type=...

အပေါ်ကလင့်ကိုနှိပ်လို့မရရင် တော့ copy ယူပြီးတော့ adress bar မှာရိုက်ပြီးသုံးပေါ့

အဆင်ပြေပါစေနော်....။

Saturday, December 8, 2012

ဓါတ်ပုံအများကြီးကိုတစ်ခါတည်း (Email) ပို့ချင်ရင်

သူငယ်ချင်းတွေကို ဆော့ဝဲလ်လေးတခုဝေငှချင်လို့ပါ သုံးနေကျလေးပါ အလွန်ကောင်းပါတယ်
ကျနော်တို့ မေလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်ရတာ အတော်လေးကြာပါတယ်
ဒီဆော့ဝဲလ်လေးက မေလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်နေတဲ့အချိန် အကြာခန့်လောက်မှာ

ဓါတ်ပုံနှစ်ဆယ် သုံးဆယ် ကို ခဏလေးနဲ့အရောက်ပို့နိုင်တဲ့ ဆော့ဝဲလ်လေးပါ

ကဲစလိုက်ရအောင်

အောက်ကပေးထားတဲ့လင့်ကလေးကို copy ပြီး Mozilla Firefox မှာ paste လိုက်ပါ ပြီးရင် Enter ပေါ့

http://picasa.google.com/


အဲဒီအခါ Picasa3 ကို download ပြီး run လိုက်ပါ

ပြီးရင် ဖွင့်လိုက်ပါ ကိုယ်ပို့ချင်တဲ့ပုံတွေကိုကလစ်ပေါ့
(တစ်ပုံထက်ပိုရင် Ctrl ကီးလေးနှိပ်ပြီးလိုသလောက် ကလစ်ပေါ့)

ရွေးလို့ပြီးရင်အောက်က စာအိပ်ပုံလေး (Email) မှာနှိပ်လိုက်ပါ


http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1519867&xgs=1&xg_source=msg_share_post

ဘယ်မေလ်နဲ့မဆို sing in ၀င်နိုင်တယ် ပြီးရင် Gmail အတွက် Google Mail မှာ ကလစ်လိုက်ပါ

ပြီးရင်ပို့လိုတဲ့လိပ်စာတပ်ပြီး Send ကိုနှိပ်လိုက်ရင် ရပြီပေါ့

Monday, November 12, 2012

မိမိဂျီမေးလ်အကောက်စတင်ဖွင့်ခဲ့တဲ့ရက်ကိုသိချင်ရင်

မိမိဂျီမေးလ်အကောက်စတင်အကောက်ဖွင့်ခဲ့တဲ့နေ့ ကိုမေ့နေ့ ရင်အောက်ပါနည်းလမ်းအတိုင်းကြည့်နိုင်ပါတယ်။
သိပြီးတဲ့သူတွေကတော့ ထုံစံအတိုင်း ကျော်သွားကြပေါ့ဗျာ....
မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေအတွက်ပါ။

ပထမဦးဆုံး မိမိဂျီမေးလ်ကို ဖွင့်လိုက်ပါ။ ပြီးရင် ဂျီမေးလ် Setting(ခွေးသွားစိတ်ပုံလေး) ကိုသွားပါ။

ပြီးရင်ပေါ်လာတဲ့အထဲက Setting ကိုကလစ်ပါ။

ပြီးရင်ပေါ်လာတဲ့ခေါင်းစဉ်တွေအထဲက  Forwarding and POP/MAP ကိုကလစ်ပါ။ ပြီးရင် POP Download: ဘေးရှိစာတန်းအဆုံးကိုကြည့်လိုက်ပါ။အဲ့ဒါ မိမိဂျီမေးလ်အကောက်စတင်ဖွင့်ခဲ့တဲ့ နေ့ ရက်ပါ။


အဆင်ပြေကြပါစေ...........  
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1494715&xgs=1&xg_source=msg_share_post

Wednesday, October 31, 2012

မိမိ Computer မှာ GTalk အများကြီး ဖွင့်လို့မရတဲ့သူများအတွက်

Gtalk တွေကို အများကြီးဖွင့်နိုင်တဲ့ နည်းပညာလေးပါ။
ဘာမှတော့ မဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတွက် လိုအပ်မှာပါ။
အင်တာနက်ဆိုင်မှာ သုံးနေတဲ့သူတွေအတွက်ကတော့ မလိုအပ်ပါဘူး။
ဆိုင်က တစ်ခါတည်းလုပ်ပေးထားတဲ့အတွက်ပါ။
မိမိ Computer နဲ့ သုံးနေတဲ့သူတွေထဲကမှ မသိသေးတဲ့သူတွေအတွက်ပါ။
1 - မိမိ Computer ထဲက GTalk icon လေးကို right click ပေးလိုက်ပါ ။
အောက်ဆုံးမှာ Properties လို့ ရေးထားတဲ့ Button လေးကို ကလစ်နှိပ်လိုက်ပါ ။
အဲဒီ့မှာ Shortcut button လေးထဲက Target စာလုံးလေးရဲ့ဘေးနားလေးက textbox လေးထဲမှာ
ရေးထားတဲ့ အပြာရောင်စာကြောင်းလေးကို တွေ့ပါလိမ့်မယ် ။
"C:\Program Files\Google\Google Talk\googletalk.exe" /startmenu
2 - အဲဒီ့စာကြောင်းလေးထဲက startmenu ဆိုတာလေးကိုဖျက်လိုက်ပြီး nomutex ဆိုတဲ့စာလုံးလေးကိုအစားသွင်းပေးရပါမယ် ။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex
3 - အဲ့ဒီ့လိုအားလုံးလုပ်ပြီးသွားရင်တော့ Apply ကို အရင်နှိပ်ပြီး OK ကို နှိပ်လိုက်ပါ ။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A499517&xgs=1&xg_source=msg_share_post

Sunday, October 7, 2012

သင့်အကောင့်တိုင်းရဲ့ Password ကို Hacker တစ်ယောက်ဘယ်လိုဟက်ယူနိုင်သလဲ

ပထမနည်း ( တစ်ခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့် )
မေးလ်ပို့ ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့ ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ .. ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ .. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက် ( ကိုယ့်ကိုမေးလ်တစ်ခါမှ မပို့ဖူးတဲ့သူ ) က ပို့လာရင် ဖတ်လို့တော့ရပါတယ် . အထဲက ဘာကိုမှမနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ ..
password ကို ခိုးမယ့် ဖိုင်ဟာ သီချင်း ( SONG + H*** Program ) ဒါမှမဟုတ် .. Software တစ်ခုခုဖြစ်နိုင်ပါတယ် .. နောက်ပြီး link လေးတွေလည်း ဖြစ်နိုင်ပါတယ် .. ( ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင် ဒီကိုနှိပ် . ပြီးတော့ ဟိုကားမကြည့်ရပဲ .. password ပါသွားမယ် . သဘောတရားပြောတာပါ )
ဒုတိယနည်း ( remember password မလုပ်နှင့် )
ဒါကတော့ ခင်ဗျားတို့တွေ Gtalk သုံးရင် remember မှာ အမှန်လေးတစ်ခါတစ်လေ ပျင်းလို့ ခြစ်မိရင် .. ခင်ဗျားတို့ရဲ့ password ကို computer က မှတ်သွားမှာပါ .. အဲ့ဒီ Password တွေက Mozilla ထဲရောက်သွားပြီး .. h*** မယ့်သူကရှာနိုင်ပါတယ် .
. နောက်ပြီး website တစ်ခု မှာ Member ၀င်တဲ့အခါ .. remember password လုပ်မလားမေးရင် မလုပ်နဲ့ပေါ့ ပိတ်လိုက်ပါ
တတိယနည်း ( အင်တာနက်ဆိုင်မှာသုံးရင် key logger ၀င်မ၀င်စစ်ပါ )
တတိယနည်းကတော့ keylogger software ကို ခင်ဗျားသုံးမယ့် စက်မှာ ကြိုတင်ပြီး run ထားတာပါ .. အဲ့ဒီ software က ခင်ဗျား key board မှာရိုက်သမျှကို မှတ်ပေးနေမယ် .. ခင်ဗျား ၀င်သမျှ website တွေကိုလည်း မှတ်ပေးနေမှာပါ .. ဒီတော့ကာ အဲ့ဒီ software လေး run ထားလား မ run ထားလားသိအောင်လုပ်ရမပါ .. ဒီအပိုင်းကိုတော့ အမေ့သား နေလင်းဖြိုးရဲ့ blog ကနေကူးပြီးဖော်ပြလိုက်ပါတယ် ..
Ctrl+Shift+Esc ( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန် သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။


http://heartcity.ning.com/profiles/blog/show?id=6515581%3ABlogPost%3A75618&xgs=1&xg_source=msg_share_post

Sunday, August 12, 2012

G-talk Account ကအမြဲတမ်း Online ပြနေတယ်ဆိုရင်

ကျွန်တော့်ကို ကိုတစ်ယောက် မေးထားတာလည်း ရှိတာနဲ့ G-talk အကောင့်တွေကို Sing Out လုပ်လိုက် ပေမယ့်လည်း တစ်ခြား မိမိအကောင့်ထဲက သူတွေဆီမှာ Offline မဖြစ်သွားပဲ Online ဖြစ်နေသူတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေကို ရေးပေးသွားပါမယ် .. 
အရင်ဆုံး မိမိတို့ G-talk ဟာ မိမိတို့က Sing Out လုပ်လိုက် ပေးမယ့်လည်း Online အနေနဲ့ပဲ မိမိအကောင့် ထဲက သူတွေဆီမှာ ဖြစ်နေသေးတယ် ဆိုရင် အရင်ဆုံး စဉ်းစား ရမှာက မိမိက G-talk မှာမဟုတ်ပဲ G-Mail မှာများ အကောင့်ကို ဖွင့်ထားသေးလား ဒါမှမဟုတ် တစ်ခြား ဆိုဒ်တစ်ခုခုကနေ G-Mail ဖွင့်ထားခဲ့ တာများ ရှိသေးလား ဆိုတာတွေကို အရင်စဉ်းစား သင့်ပါတယ် .. အဲ့လိုမှ မဟုတ်သေးဘူး ဆိုရင်တော့ အရင်ဆုံး မိမိတို G-Mail အကောင့်ကို ပါတ်ဝတ်စ်ချိန်း လိုက်ပါ .. ကျွန်တော် အောက်မှာပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ .. 

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ အကောင့်ဖောက် တုန်းက ပေးထားခဲ့တဲ့  Security question တွေ နောက်ပြီးတော့ Recovery email တွေကို ပြန်ပြီးတော့ ပြောင်းပေးလိုက်ပါ .. တကယ်လို့ မိမိတို့အကောင်က ဖွင့်လို့မရတော့ဘူး Fail ဖြစ်သွားမယ် ဆိုရင်တောင် ဒီကောင်လေး တွေကို မှတ်မိနေမယ် ဆိုရင် ပြန်ပြီးတော့ Recover လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်ကလင့်လေးကနေ သွားပြီး ချိန်းပေးလိုက်ပါ .. 
နောက်တစ်ချက်ကတော့ G-talk မဟုတ်ပဲနဲ့ 3rd Party Clients တွေဖြစ်တဲ့ GMail/Orkut chat တွေ သုံးတယ် ဆိုရင် အဲ့ဒီကောင်တွေမှာsign out မလုပ်မိတာ တွေရှိတာလည်း ဖြစ်နိုင်ပါတယ် .. ဒီအောက်ကလင့် လေးမှာ တစ်ချက်သွား ကြည့်လိုက်ပါ .. တကယ်လို့ Sign Out မလုပ်ရသေးဘူး ဆိုရင် Sign  Out လုပ်ပေးလိုက်ပါ ..Sign Out ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးနဲ့လည်း ပြပေးထားပါတယ် ..
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ မိမိတို့ G-mail ထဲကနေပြီး ကိုယ့်အကောင့်ထဲကို ၀င်ရောက်အသုံး ပြုထားတဲ့ Detail တွေကို တစ်ချက်စစ်ပြီး Session တွေကို Sign Out လုပ်ပေး ရမှာဖြစ်ပါတယ် .. တကယ်လို့ မိမိအကောင်ကို မိမိမသိပဲ ၀င်ရောက် အသုံးပြုထား တယ်ဆိုရင်တော့ Password ချိန်းပေးဖို့ လိုအပ်တယ် ဆိုပြီး ပြနေမှာ ဖြစ်ပါတယ် .. ဒါဆိုရင်တော့ လက်ရှိသုံးနေတဲ့ Password ကို စိတ်ချရတဲ့ Password အသစ်ချိန်းပေးဖို့ လိုအပ်ပါတယ် .. ကျွန်တော် အကောင့် Detail တွေကို ဘယ်လိုစစ်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Detail ကိုနှိပ်ပြီး ဖွင့်လိုက်ပါ .. 
 ပုံမှန်အတိုင်း အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Sign Out other session ကိုနှိပ်ပြီး Sign Out လုပ်ပေး လိုက်ပါ ..
တကယ်လို့ အောက်ကပုံအတိုင်း မိမိရဲ့ G-Mail အကောင့်မှာ မိမိတို့ မသိရှိပဲ ၀င်ရောက်ထားတယ်လို့ ဖော်ပြနေပြီဆိုရင်တော့ လက်ရှိအသုံးပြုနေတဲ့ Password ကို အသစ်ချိန်းပေးဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ် .. 
ကျွန်တော်တို့ အခုလိုအများဆုံး ဘာကြောင့်ဖြစ်ရလည်း ဆိုရင် ကော်နက်ရှင် မကောင်းတဲ့ အချိန်တွေမှာ အသုံးပြုကြတဲ့ third party client တွေဖြစ်တဲ့ gmail client sever တွေကို အသုံးပြုတဲ့ အခါမှာ မိမိတို့ အသုံးပြုနေရင်နဲ့ ကော်နက်ရှင် ကျသွားလို့ အကောင့်တွေကို မပိတ်မိပဲ ထားခဲ့ရတာ ပဲဖြစ်ဖြစ် ဒီ Connection မကောင်းတဲ့ အချိန်မှာ အသုံးပြုထားတဲ့ gmail client sever တွေကို မပိတ်ပဲ ထားခဲ့မိတာတွေ ကြောင့် ဖြစ်တက်ပါတယ် .. ဒါကြောင့် အခုလိုမျိုး ကြုံလာရပြီ ဆိုရင် အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အရင်ဆုံး Password ချိန်းပေးလိုက်ပါ .. ပြီးမှ ကျွန်တော် အပေါ်မှာ ပြထားတဲ့ အတိုင်း လိုက်ပြီး စစ်ပေးလိုက်ရင်တော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ် ..

http://www.zwekapinmyae.com/forum/topic/show?id=2879352%3ATopic%3A693928&xgs=1&xg_source=msg_share_topic

Tuesday, July 17, 2012

***..ကိုယ့်ရဲ့ gmail အကောင့်ကိုမသုံးချင်တော့ရင် ဘယ်လိုဖျက်မလဲ..***

G-mail ကိုဘယ်လိုဖျက်မလဲ…..
အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………
-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.
-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

Wednesday, July 11, 2012

ရှိသမျှ Gmail Account အားလုံးကို Browser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်



 ဒီ Post လေးက ကျွန်တော့် ဆရာသမား ဆရာ ထက်ဇော်ရဲ့ MMiTD က Post လေးကို သဘောကျလို့ပြန်ပြီးမျှဝေတာပါ။
ရှိသမျှ အကောင့်တွေနဲ့  Gmail အားလုံး တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။

Saturday, May 26, 2012

Gtalk ကနေ သီချင်းဖွင့်ပြမယ်..

ပထမဆုံး မိုက်ကရိုဖုံးကို ဖြုတ်ထားပါ။
screen ရဲ့ ညာဘက် အောက် ထောင့် က notification area ကလေးမှာ speaker ကလေးကိုရှာလိုက်ပါ



အဲဒါကလေးကို တွေ့ပြီဆိုရင် .. Double click ကလေး ထောက်လိုက်ပါ...

Wednesday, May 2, 2012

မိမိGmail Addressရဲ. နာမည်ကိုမကျန်ခဲ့စေအောင်


ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်ခဲ့စေအောင်သုံးတဲ့နည်းလေပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk၀င်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့
စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။စလုပ်လိုက်ရအောင်။

Email ကို Back up လုပ်နည်း



Email ကို Back up လုပ်တဲ့ စနစ်လေးပါ။
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ နာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။

Thursday, April 26, 2012

Gmail ဖြင့် ဖိုင့်ဆိုဒ်ကြီးကြီးပို့ချင်တယ်ဆိုရင်

ဘယ်သူ့ဆီကိုပဲဖြစ်ဖြစ် အီးမေးလ်ထဲကနေ ကြီးမားတဲ့ ဖိုင်ဆိုဒ်တွေ (သို့) ဗီဒီယို ဖိုင်တွေ ကို ပို့ချင်ပြီတယ်ဆိုရင် အလွန် အခက်တွေ့စေပါတယ် ။
အခုအောက်မှာပေးထားတဲ့ ဆိုဒ်လေးတွေကနေ ပို့လို့ရနေပါတယ်။
http://www.yousendit.com/ (can send Max file Size 100 MB)
http://www.sendthisfile.com/ (need register)
http://www.gigasize.com/ (need register and Max file size 300 MB, 10 files max )
http://www.4shared.com/ (need register)
http://www.send6.com/
http://www.sendspace.com/ (Max file size 300 MB)
http://www.pando.com/ (Max file size 1GB)
http://drop.io/ (Max file size 100 MB)
မိမိကြိုက်နှစ်သက်ရာ လင့်လေးတွေသုံးပြီး ပို့ချင်တဲ့သူတွေဆီ ပို့လို့ရပါပြီ။

G-talkမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်အတုံးလေးတွေပေါ်နေ လျင်

ကျွန်တော်ဒီနေ့တော့အခုတလောအားလုံးလိုလိုခေါင်းရှုပ်ကြရတဲ့ပြသနာလေးတစ်ခုကိုမသိသေးသူများအတွက်
မိမိတို့ရဲ့စက်မှအဲ့လိုမျိုးဖြစ်လာခဲ့လျင်အလွယ်တကူပြင်လို့ရအောင်အာင်ဖော်ပြပေးလိုက်ပါတယ်။ကျွန်တော်တို့
ဒီရက်ပိုင်းInternet Explorer 9 ကို Uplate ပေးလိုက်တဲ့အခါမှာ G-talkမှာမြန်မာဖောင့်မပေါ်ပဲအပေါ်ကပုံ
မှာပြထားသလိုမျိုးလေးထောင့်အတုံးလေးတွေပေါ်နေတာတွေ့ ရပါလိမ့်မယ်။စာရိုက်တဲ့အချိန်မှာလဲမြန်မာဖောင့်ပေါ်
ပါတယ်။ဒါပေမယ့်စာကိုရိုက်ထည့်လိုက်တဲ့အချိန်မှာ G-talk Chat Box ထဲမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်
အတုံးလေးတွေပေါ်နေတာပါ။ကဲမိမိတို့စက်မှာလဲ Update ပေးမိလိုက်လို့အခုလိုမျိုးကြုံလာခဲ့ရင်တော့အောက်
ကနည်းလမ်းလေးတွေအတိုင်းသာလိုက်လုပ်ကြည့်လိုက်ပါခင်ဗျာ.......။

Saturday, April 14, 2012

gmail ကနေ လာမယ့်အချိန်တခု(ဥပမာ-မနက်ဖန်)ကို ကြိုတင်ပြီး မေးလ်ပို့ချင်ရင်

ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က ချက်ချင်းရောက်သွားပါတယ်။အခုနည်းလေးက အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။ ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။စာကိုလဲကြိုမပို့ချင်ဘူး။ သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို အသုံးပြုနိုင်ပါတယ်။ လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။

Tuesday, April 10, 2012

Gtalk မှာ ပုံတွေအလိုလိုပြောင်းစေတဲ့ Gtalk Shell


G Talk မှာပုံတွေအလိုလိုပြောင်းစေတဲ့ Gtalk Shell လေးပါ

GTalk မှာတင်ထားတဲ့ ပုံလေးတွေကို တစ်ပုံပြီး တစ်ပုံပြောင်းချင်တယ်

ဆိုရင် Gtalk Shell ကိုအင်စတောလုပ်ပါ ပြီးရင်တော့ အပေါ်မှာပါတဲ့

Shell ဆိုတာလေးကို နိုပ်လိုက်ပါ Options ကိုသွား ဘယ်ဘက်မှာ 

Avatar ဆိုတာကို နိုပ်ပြီး Add ကိုနိုပ်ပါ ပြီးရင် ပုံရှိတဲ့ နေရာကနေ ပုံ

ထည့်ချင်တဲ့ပုံများကိုယူလိုက်ပါ.တစ်ပုံနဲ့ တစ်ပုံ ပြောင်းလဲချိန်

ကိုလဲ ချိန်လိုရပါတယ်Interval(Seconds)လေးမှထားချင်သလောက်ထား

လိုရပါတယ်ပြီးရင် OK နှပ်လိုက်ပါ.ပြီးရင်တော့ ကို Gtalk မှာ 

ပုံလေးတွေ တစ်ပုံပြီးတစ်ပုံပြောင်းနေတာတွေရမှာပါ

ဆော့ဝဲကို ဒီမှာဒေါင်းပါ

Gmail Account Locked ကျသွားရင် ဖြေရှင်းနည်း

Google က အဲ့အတွက် service ပေးထားပါတယ်။ ဒီ Link ကိုသွားပါ။

https://www.google.com/accounts/DisplayUnlockCaptcha

အဲ့ link ကိုရောက်သွားရင် အပေါ်က ပုံအတိုင်းတွေ့လိမ့်မယ်။ အဲ့မှာ Locked ကျသွားတဲ့ gmail account နဲ့ password ကိုဖြည့်ပြီး စကားလုံးလေးတွေ ပုံဖျတ်ထားတာကို မှန်အောင်ရိုက်ပြီး အောက်နားမှာ unlock ဆိုတာကိုနှိပ်ပြီးလုပ်ကြည့်ပါဗျ