“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, May 11, 2013

ကမ္ဘာ့အရှည်လျားဆုံးလှေကား

ကမ္ဘာ့အရှည်လျားဆုံးလှေကား ဆိုတာက တောင်တက်လှေကားတစ်ခုပါ။
အထစ်ပေါင်း ၆၉၉ ထစ်ရှိတဲ့ Jacob’s Ladder လို့အတဲ့လှေကားပါ။
၁၆၅၉ခုနှစ်ထဲက ဗြိတိသျှကိုလိုနီတွေစတင် အခြေချခဲ့တဲ့ Saint Helenaဆိုသော
ကျွန်လေးမှာတည်ရှိပါတယ်။ ဒီကျွန်လေးဟာ တစ်ချိန်က ဗြိတိသျှပိုင်နက်တွေထဲမှာ
ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်မှာပါ။ မြို့တော်မှာ Jamestown ဖြစ်ပြီး ဒီလှေကားက
အဲဒီမှာတည်ရှိပါတယ်။

၁၈၂၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ဒါကတော့ တောင်ခြေမြေပြန့်မှာ
ရှိတဲ့ စိုက်ပျိုးမွေးမြူရေး ဒေသကို သွားရောက်နိုင်ဖို့တည်ဆောက်ခဲ့တာပါ။

ဒါကတော့ အဝေးကမြင်ရပုံပါ...

ကျွန်းလေးရဲ့တည်နေရာပါ...

အခုချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားများတက်ရောက်လည်ပတ်ရာ နေရာတစ်ခုပါ။
ဒါပေမယ့် ခရီးသွားတွေဟာ လှေကား၏ ၆၉၉ ထစ်လုံးကို တက်ရောက်နိုင်ဖို့မလွယ်
ပါဘူး။ ဒါကလည်း ဒီလှေကား၏တစ်ချို့နေရာတွေဟာ တက်ရောက်ရခက်ခဲလောက်အောင်
မက်ဆောက်နေပါတယ်။ အထက်အောက်  balance မျှအောင်တက်ရောက်နိုင်ဖို့လို
သလို အောက်ကိုလည်း သေသေချာချာ ကြည့်ပြီးတက်ရတာပါ။
သူငယ်ချင်းတို့သွားရောက်လည်ပတ်ဖြစ်ရင်ပြောအုံးနော်...
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..............နေခရမ်း
မူရင်း ။      ။ နေခရမ်း(ထူးဆန်းထွေလာ)

facebook မှာ color text ဘယ်လိုရေးမလဲ

Facebook မှာ ရောင်စုံစာသားတွေနဲ့ chat နည်း
Facebook မှာ chatting ထိုင်ကြသောသူများအတွက် စာသားမျိုးစုံကို အရောင်မျိုးစုံနဲ့ chat နည်းလေးပါ။
အောက်မှာဖေါ်ပြထားသော code များကို copy ကူး၍ facebook chat box ထဲတွင်ရိုက်ထည့်ပါ။

ဥပမာ A ဆိုသောစာလုံး ကိုရိုက်ချင်ရင် chat box ထဲမှာ - [[107015582669715]] ကိုရိုက်ထည့်လိုက်ပါ။
A ဆိုသည့် color နှင့် စာသားလေးပေါ်လာပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။
[[107015582669715]] = A
[[116067591741123]] = B
[[115602405121532]] = C
[[112542438763744]] = D
[[115430438474268]] = E
[[109225112442557]] = F
[[111532845537326]] = G
[[111356865552629]] = H
[[109294689102123]] = I
[[126362660720793]] = J

တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw)

Photo: တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw)
Friday, May 10, 2013

တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw) ကို အများစု သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် Vestergaard Frandsen အထည်အလိပ် ကုမ္မဏီမှ တီထွင်ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ။် ၂၀၀၅ ခုနှစ်မှာ တိုင်းမ်မဂ္ဂဇင်း က ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး တီထွင်မှု ဆုကို ရရှိသွားတဲ့ ပစ္စည်း ဖြစ် ပါတယ်။

၂၀၁၀ခုနှစ် ဟေတီမြေငလျင် ဒုက္ခသည်စခန်း၊ ၂၀၁၀ ပါကစ္စတန်ရေဘေး၊ ၂၀၁၁ ထိုင်းရေဘေး ဒုက္ခသည်တွေဆီကို အများအပြားလှူဒါန်းခဲ့တဲ့ ပစ္စည်း ဖြစ်ပါတယ်။ အလှူရှင်ကတော့ Frandsen တို့တင်မဟုတ်တော့ပဲ အင်္ဂလန်က ကုမ္မဏီကြီး တစ်ခုပါ ထောင်သောင်းမက အရေအတွက်ကို လှူဒါန်းပါတယ်။

ရေဘယ်လောက်ပဲနှောက်နှောက်၊ ဘယ်လောက်ပဲ ဆိုးဆိုး ပါးစပ်နဲ့ တိုက်ရိုက် ဆုပ်သောက်နိုင်မှာ ဖြစ်ပါတယ်။ ၃၁၀ မီလီမီတာရှည်ပြီး အချင်း ၃၀ မီလီမီတာ အတိုင်းအတာရှိတဲ့ ပိုက်လေး ဖြစ်ပါတယ်။ ဖိုက်ဘာ နဲ့ လုပ်ထားပြီး အနယ်၊အညစ်အကြေး စစ်ပေးတဲ့ အလွှာပေါင်းများစွာ ပါဝင်ပါတယ်။ ဘာ ဓာတုဗေဒ ပစ္စည်းမှ မပါဝင်ပါဘူး။ filtering စနစ်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ထားတာ ဖြစ်ပါတယ်။

ရေထဲမှာပါဝင်တဲ့ ဘက်တီးရီးယားများအား ၉၉.၉၉ ရာခိုင်နှုန်းအထိ သန့်စင် ဖယ်ထုတ်နိုင်တဲ့အတွက် အံ့မခန်းစွမ်းရည် ရှိတဲ့ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ရေရှားပါးတဲ့ ဒေသတွေမှာ အသုံးပြုဖို့ သင့်တော်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချခြင်းအတွက်မဟုတ်ပဲ လှူဒါန်းဖို့အတွက် ရည်ရွယ်ပြီး ထုတ်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ရှာဝယ်လို့မရပါဘူး။ အစိုးရမဟုတ်သော ဒုက္ခသည် ကယ်ဆယ်စောင့်ရှောင့်ရေး အဖွဲ့အစည်းတွေကို ပေးအပ်ပါတယ်။ သူတို့မှ တစ်ဆင့် ရေရှားပါးတဲ့ ဒေသ၊ ရေမရတဲ့ ဒေသ၊ ဒုက္ခသည်များကို လှူဒါန်းပါတယ်။ စီးပွားဖြစ် ထုတ်လုပ်မယ်ဆိုရင် ဈေးအင်မတန်ကြီးတဲ့ အတွက် တော်ရုံလူ မဝယ်နိုင်ပါဘူး။ အနည်းငယ်ရောင်းချမှုတော့ ရှိနေတယ်လို့ သိရပါတယ်။

Lifestraw နဲ့ Lifestraw family လို့ခွဲထုတ်ထားပြီး Lifestraw က လီတာ ၁ထောင်စာရေကို စစ်ထုတ်နိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်အသုံးပြုဖို့ လုံလောက်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ။် Lifestraw family ကျတော့ လီတာ ၁၈၀၀၀ အထိ ရေစစ်ထုတ်နိုင်ပြီး မိသားစု တစ်ခု တစ်နှစ်အသုံးပြု စာ ဖြစ်ပါ တယ်။

ကမ္ဘာတစ်လွှားက ဆင်းရဲတဲ့ ဒုက္ခသည်များကို ကူညီကယ်ဆယ်ဖို့အတွက် ဖန်တီးထားတဲ့ Lifestraw ဟာ ယနေ့တိုင် အကောင်းဆုံး ကယ်ဆယ်ရေး နည်းပညာ ပစ္စည်းတစ်ခုအဖြစ် စံချိန်တင်ထားနိုင်တယ်လို့ သိရပါတယ်။
---
Ref:wiki
ရိုးရာလေး ကျန်းမာရေး 
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

တီဘီရောဂါ ( tuberculosis )အကြောင်း သိကောင်းစရာ ……

Photo: တီဘီရောဂါ ( tuberculosis )အကြောင်း သိကောင်းစရာ ……

တီဘီရောဂါ စတင်ဖြစ်ပေါ်စေသည့် အကြောင်းအရင်းကို စတင်ပြောရမည်ဆိုပါက … မိုင်ကိုဘက်တီးရီးယမ်းကျူဘာကူလိုဆစ် လို့ခေါ်တဲ့ ဘက်တီးရီးယာ ကြောင့် တီဘီရောဂါကို စတင်ဖြစ်ပေါ်စေပါသည် ။ လူ့ခန္ဓာကိုယ်အစိတ် အပိုင်း တော်တော်များများမှာ ဖြစ်သော အဆုတ်၊ အရေပြား၊ အူ၊ အရိုးစတဲ့နေရာတွေမှာ တီဘီရောဂါဖြစ်ပွားစေပါတယ်။ 

အဆုတ်မှာဖြစ်လာခဲ့ရင် ချောင်းတွေဆိုးလာမည် ၊အချိန်အားဖြင့် တစ်လနည်းပါလောက်ထိ ချောင်းဆိုးရင်ခဲ့တော့ အဆုတ်တီဘီဖြစ်နိုင်ပါတော့တယ်။ တီဘီဖြစ်လာသည့် သူသည် ညနေဘက်မှာ ဖျားချင်သလိုလို ဖြစ်လာမယ် ခန္ဓာကိုယ်ကလည်း နေရင်းထိုင်ရင်း တရှောင်ရှောင်နဲ ပိန်ပိန်လိုက်လာတော့သည် တချို့မှာချောင်းဆိုးသူတွေဆိုရင် သွေးပါ ပါလားတတ်တော့တယ် ။ မိမိရဲ့  ရင်ဘတ်အောင့်တတ်လာပါတယ် ။ တီဘီဖြစ်ပြီဆိုရင် လူလည်း ပိန်ချုံး ပြီး တဖြည်းဖြည်းနဲ့ သေသွားတဲ့အဖြစ်မျိုး အဆင့်သို့ ရောက်နိုင်လို့  မပေါ့သင့်သော ရောဂါတမျိုးလည်း ဖြစ်ပါတော့သည် ။

ဒီလို ရောဂါကို အဖြစ်များတာက ကိုယ်ခံစွမ်းအားမကောင်းတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။ အဓိကတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ HIV/AIDS ဖြစ်တဲ့လူတွေ ဆိုရင် အများစုဟာ အဆုတ်တီဘီဖြစ်လာဖို့  အလွန်ပင် လွယ်ပါတယ်။ 

ငယ်ငယ်က တီဘီရောဂါ ကာကွယ်ဆေးထိုးထားတဲ့ လူတွေဆိုရင် ဦးနှောက်အမြှေး ပါး တီဘီရောဂါကို ကာကွယ်နိုင်ပါတယ် သို့ သော အဆုတ်ဖြစ်သော အဆုတ်တီဘီကိုတော့ မကာကွယ်နိုင်ပါဘူး။ အိမ်တအိမ်မှာ တီဘီပိုးတွေ့နေရင် အိမ်မှာရှိတဲ့ ကျန်တဲ့ လူတွေကို အချိန်မရွေး ရောဂါ ကူးစက်နိုင်တယ်။ ရောဂါရှိသူနဲ့နီးနီးကပ်ကပ်ရှိတဲ့လူတွေ၊ လုပ်ငန်းခွင်တွင် ရှိသော အပေါင်းအသင်းတွေကိုလည်း ကူးနိုင်တယ်။ အသက်ကြီးတဲ့လူတွေ၊ ဆီးချို၊ သွေးချိုရောဂါရှိတဲ့လူတွေ၊ စတီးရွိုက်ဆေး၊ ကင်ဆာကုသဆေး သောက်နေရတဲ့လူတွေ၊ ကျောက်ကပ် မကောင်းတဲ့လူတွေ၊ အာဟာရချို့တဲ့သူတွေလည်း တီဘီရောဂါကူးစက်ခံရနိုင်ပါသည် ။သလိပ်ထဲမှာ တီဘီပိုးတွေ့တဲ့သူတွေနဲ့ အတူနေတဲ့လူတွေပါ ဂရုစိုက် ကာကွယ်မှုမပြုရင် တီဘီပိုး အလျှင်အမြန် ကူးစက်ခံရနိုင်ပါတယ်။

အကြမ်းအားဖြင့် အထက်တွင် ဖော်ပြထားသည့် အချက်များဖြစ်လာပါကု လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပေးရပါတော့မည် ထို့ နောက် ဆေးကုသမှုခံကို မဖြစ်မနေ ခံယူရပါမယ်။ 
ရောဂါသိရှိရန် လုပ်ကြရပါတော့မယ် ၊ စစ်ဆေးသည်ပြု့ လုပ်ချက်များတွင် သလိပ်မှာလည်း ပိုးမတွေ့ဘူး၊ ဓာတ်မှန်မှာလည်း ပြတ်ပြတ် သားသားမတွေ့ဘူး။ သွေးအနည်ထိုင်နှုန်းတော့ များတယ်။ ညနေပိုင်းတော့ ဖျားတယ်ဆိုရင် လူနာလည်း လက်ခံမယ်ဆိုရင် (Test Trial) စမ်းသပ်ကုသခြင်း ပြုလုပ်ပါတယ်။ 

WHO ကနေပြီး ( တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု )ဆိုသည့်အတိုင်း ကုထုံးနဲ့တီဘီဖြစ်တဲ့လူတွေကို အခမဲ့ကုသ ပေးနေပါတယ်။ တီဘီရောဂါဖြစ်တဲ့ မည်သူမဆို သက်ဆိုင်ရာကျန်းမာရေးဌာနမှာ အခမဲ့ကုသနိုင်ပါတယ်။ ဒီတီဘီကုသဆေးတွေကို နိုင်ငံ တော်ပိုင်ဆေးရုံတွေရော၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတွေမှာလည်း အချိန်မီ အခမဲ့သွားရောက် ကုသနိုင်ပါတယ်။

ဒီရောဂါဖြစ်ပြီးဆိုရင် မပျောက်တော့ဘူးလို့  တချို့ က အစွဲထားကြပါတယ် မဟုတ်ပါဘူး 
တီဘီရောဂါဟာ ကုသလို့ပျောက်တဲ့ရောဂါပါ။ မိမိကိုယ်တိုင်ရော၊ မိသားစုပတ်ဝန်းကျင်အတွက်ပါ ထည့် စဉ်းစားပြီး ထိထိရောက်ရောက် ဆရာဝန်မှာကြားတဲ့အတိုင်း ဆေးသောက်ရမယ့်သတ်မှတ်ကာလပြည့်အောင် တိတိကျကျ သောက်ဖို့တော့ အထူးလိုအပ်ပါတယ်။ 

ဆေးကို ၂-လသောက်သောက်လိုက်တာနဲ့  ကောင်းသွားပြီး သက်သာသွားတာနဲ ပ ပျောက်ပြီဆိုပြီး ဆေးမဖြတ်သင့်ပါဘူး သတ်မှတ်ကာထိရောက်အောင် သောက်ကိုသောက်ရပါလိမ့်မည် ရက်ပျက်လို့ သောက်လိုက် မသောက်လိုက်ဖြစ်နေပါက ဆေးယဉ်ပါးသော တီဘီမျီုးကို ရောက်ရှိတတ်ပါသည် ။ 

တီဘီဆေးဝါးများကိုလည်း နိုင်ငံတော်ကနေ အမျိုးသားအဆင့်သတ်မှတ်ပြီးကျန်းမာစောင့်ရှောက်ရေးအဖြင့် တီဘီရောဂါကို အခမဲ့ကုသပေးနေပြီဆို တဲ့အကြောင်း ထပ်မံ အသိပေးပြောကြားလိုက်ပါသည် ။
Mg Mandalay

Like ·

အိပ်ရာမဝင်မီ အကြော လျှော့ပါ

Photo: အိပ်ရာမဝင်မီ အကြော လျှော့ပါ 
Saturday, May 11, 2013

ပုံမှာ ဖော်ပြထားတဲ့ အကြောလျှော့နည်း (၃) မျိုးဟာ သက်တောင့် သက်သာ ရှိစေခြင်း၊

စိတ်ဖိစီးမှု လျော့နည်း ကျဆင်းစေခြင်းနဲ့ ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော် စေခြင်းစတဲ့ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်...

ဒီလေ့ကျင့်ခန်း တွေလုပ်ဖို့ မိနစ်အနည်းငယ်သာ လိုအပ်ပြီး ဒီလိုလုပ်နိုင်ဖို့ ဘာအကူ ပစ္စည်း ကိရိယာမှ မလိုအပ်ပါဘူး...

နည်းလမ်း တစ်မျိုးစီကို ပုံမှာပြထားတဲ့ အတိုင်း စက္ကန့် ၃၀ လောက် အကြောလျှော့ လုပ်ဆောင်ပေးဖို့ လိုအပ်ပါမယ်..

နှိုင်းရင့်နွေ
မြ၀တီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ပုံမှာ ဖော်ပြထားတဲ့ အကြောလျှော့နည်း (၃) မျိုးဟာ သက်တောင့် သက်သာ ရှိစေခြင်း၊ စိတ်ဖိစီးမှု လျော့နည်း ကျဆင်းစေခြင်းနဲ့ ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော် စေခြင်းစတဲ့ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်...

ဒီလေ့ကျင့်ခန်း တွေလုပ်ဖို့ မိနစ်အနည်းငယ်သာ လိုအပ်ပြီး ဒီလိုလုပ်နိုင်ဖို့ ဘာအကူ ပစ္စည်း ကိရိယာမှ မလိုအပ်ပါဘူး...

နည်းလမ်း တစ်မျိုးစီကို ပုံမှာပြထားတဲ့ အတိုင်း စက္ကန့် ၃၀ လောက် အကြောလျှော့ လုပ်ဆောင်ပေးဖို့ လိုအပ်ပါမယ်..

နှိုင်းရင့်နွေ
မြ၀တီ

စိတ်ဓာတ်ကြံ့ခိုင်ရင် သေခြင်းတရားကိုတောင် အလဲထိုးနိုင်တယ်

Photo: စိတ်ဓာတ်ကြံ့ခိုင်ရင် သေခြင်းတရားကိုတောင် အလဲထိုးနိုင်တယ်။

တစ်ယောက်ကို တစ်ယောက်အရမ်းကို ချစ်ခင်ကြတဲ့ ဖြူစင်၊ သန့်ရှင်း၊ သစ္စာ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိကြသတဲ့။ ဖြူစင်ကတော့ မိန်ခလေးဖြစ်ပြီး သန့်ရှင်းနဲ့ သစ္စာကတော့ ယောက်ျားလေးတွေပေါ့။ သူတို့ဟာ အိမ်နီးနားချင်းတွေဖြစ်သလို ဟိုးငယ်ငယ်လေးကတည်းက အတူဆော့ကစားပြီး ကြီးပြင်းလာခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေလည်း ဖြစ်ကြတယ်။ ကြီးပြင်းလာတဲ့အခါမှာတော့ ဖြူစင်နဲ့သန့်ရှင်းဟာ ချစ်သူတွေ ဖြစ်သွားကြတယ်။ သစ္စာကတော့ ကံဆိုးရှာတယ်။ သူက ပိုက်ဆံအရမ်းဆင်းရဲတော့ သူ့မှာချစ်သူရဖို့နေနေသာသာ တော်တော် များများက သူ့ကို အပေါင်းအသင်းတောင် မလုပ်ကြဘူး။ သူ့ရဲ့ သူငယ်ချင်းကောင်းတွေဖြစ်တဲ့ ဖြူစင်နဲ့သန့်ရှင်းကပဲ သူ့ကို ပေါင်းသင်းဆက်ဆံကြတယ်။

ဖြူစင်နဲ့သန့်ရှင်းတို့ဟာ ချစ်သူဖြစ်ပြီးတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် အရင်ကထက်ပိုပြီး ချစ်ခင်လာကြတယ်။သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိအောင်ချစ်လာကြသလဲဆိုရင် မနက်မိုးလင်းလို့အိပ်ရာနိုးရင် အိမ်ရှေ့ ၀ရန်တာမှာ ထွက်ရပ်နေတယ်။ နောက်တစ်ယောက်က နိုးလို့ဝရန်တာ ထွက်လာပြီး တစ်ယောက်နဲ့တစ်ယောက်မြင်တွေ့ပြီးမှ လုပ်စရာရှိတာ ဆက်လုပ်ကြတယ်။

ဒီလိုနဲ့တစ်ရက်မှာပေါ့ သန့်ရှင်းဟာ နိုင်ငံခြားကို ပညာတော်သင် ခရီးထွက်သွားတယ်။ မကြာခင်မှာပဲ သစ္စာကလည်း ကိစ္စတစ်ခုနဲ့ နယ်ကို ခရီးထွက်သွားပြန်တယ်။ ဒီတော့ ဖြူစင်ဟာ ချစ်သူလည်းမရှိ၊ အားပေးမယ့် သူငယ်ချင်းကလည်းမရှိဆိုတော့ သူ့ခမျာ အရမ်းကိုစိတ်အားငယ်နေရှာတယ်။ သူဟာ သူ့ချစ်သူပြန်လာမယ့်ရက်ကို ၀ရန်တာလေးမှာထွက်ပြီး စောင့်နေရှာတယ်။ သူ့ကိုကြည့်ပြီး တခြားသူတွေကတောင်သူ့ကို သနားနေခဲ့ကြတယ်။ သူဒီလို စောင့်နေရင်းကနေ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ရောဂါတစ်ခု သူ့ဆီ ၀င်ရောက်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ဆေးရုံတင်လိုက်ရရှာတယ်။ သူဖြစ်တဲ့ရောဂါဟာ ဆောင်းကုန်လို့ နွေကိုပြောင်းတဲ့အချိန်မှာ အသက်ဆုံးရှုံးဖို့ ၉၀% သေချာတယ်ဆိုတာကို သူသိနေတယ်။ ဒါကြောင့်သူဟာ သူမသေခင်အချိန်လေးမှာ သူ့ချစ်သူနဲ့ကို တွေ့သွားချင် နေရှာတယ်။ နောက်သူ့သူငယ်ချင်းကိုလည်း တွေ့ချင်နေရှာတယ်

သစ္စာဟာ ဖြူစင်ဆေးရုံတင်ထားတယ်ဆိုတာ သိလိုက်ရတော့ နယ်ကနေပြီး ချက်ချင်းပြန်လာခဲ့တယ်။ သစ္စာရောက်တဲ့အချိန်မှာ ဖြူစင်က အိပ်နေရှာတယ်။ သစ္စာဟာ ဖြူစင်နိုးလာမယ့် အချိန်ကိုစောင့်ရင်း ဖြူစင်ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို တွေ့သွားပြီး ဖတ်ကြည့်တယ်။ “ပြတင်းပေါက်က မြင်နေရတဲ့အပင်လေးရယ် မင်းဆီက သစ်ရွက်လေးတွေအားလုံး ကြွေကျသွားတဲ့ အချိန်ဟာ ငါလည်း နင်နဲ့အတူ ကြွေကျရမယ့် အချိန်ပေါ့။ ငါ့ချစ်သူနဲ့ ငါ့သူငယ်ချင်း မလာခင်အချိန်လေးထိတော့ နင့်စီက တစ်ရွက်ဖြစ်ဖြစ်၊ နှစ်ရွက်ဖြစ်ဖြစ် မကြွေအောင်ချန်ထားပေးပါ အပင်လေးရယ်” လို့ရေးထားတာကို သစ္စာမြင်သွားပြီး အဲဒီ့စာရွက်လေးကို ဖြဲယူထားလိုက်ပြီး စာအုပ်ကိုလည်းဖွက်ထားလိုက်တယ်။ မကြာခင်မှာ ဖြူစင်နိုးလာတော့ သစ္စာကိုတွေ့ပြီး အရမ်းပဲပျော်သွားတယ်။ သန့်ရှင်းကိုလည်း တွေ့ချင်တယ်လို့ပြောတော့ သစ္စာက သန့်ရှင်းလည်းအခု ပြန်လာနိုင်အောင် ကြိုးစားနေပါတယ်။ သူက နိုင်ငံခြားမှာဆိုတော့ ပြန်ဖို့ခက်နေရှာမှာပေါ့လို့ အားပေးစကားပြောတယ်။

ဒီလိုနဲ့ပဲ ပြတင်းပေါက်က အပင်လေးက သစ်ရွက်လေးတွေဟာ တစ်ရွက်ပြီး တစ်ရွက် ကြွေကျသွားတယ်။ နောက်ဆုံးတစ်ရွက်ပဲကျန်တော့တယ်။ ဒါပေမယ့် သန့်ရှင်းကတော့ အခုချိန်ထိ မလာနိုင်ဘူးဖြစ်နေတယ်။ သစ္စာကလည်း ဒီရက်ပိုင်း သူ့စီမလာတော့ သူ့မှာ ပိုပြီးအားငယ်ရှာတာပေါ့။ သူဟာဒီသစ်ရွက်လေး မကြွေမခြင်း ငါမသေနိုင်သေးဘူးလို့စိတ်ကိုအားတင်းထားတယ်။ ဒီလိုနဲ့ကြာလာတဲ့အထိ ဒီသစ်ရွက်လေးဟာ ကြွေမကျတဲ့အပြင် နောက်ထပ်ရွက်သစ်တွေ ဝေလာတော့ ဖြူစင်ဟာ သူမသေနိုင်တော့ဘူးလို့ သူ့ကိုသူ ယုံကြည်လိုက်တယ်။ ဖြူစင်ပြန်ကျန်းမာလာတာမြင်တော့ ဆရာဝန်တွေတောင် အံ့သြတယ်။ သူဆေးရုံက မဆင်းခင်တစ်ရက်မှာပဲ သူမျှော်နေရှာတဲ့ သူချစ်သူလေးရောက်ရှိလို့လာပါတယ်။ ဖြူစင်ကျန်းမာလာတာမြင်တော့ သန့်ရှင်းကလည်း အရမ်းကိုပျော်သွားတာပေါ့။ နောက်ရက်ကျ ဖြူစင်ဟာ ဆေးရုံက ဆင်းခဲ့တယ်။

သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာ သစ္စာကိုလိုက်ရှာကြတယ်။ ရှာမတွေ့တဲ့အဆုံး သူ့အမေကို မေးကြည့်တော့ သစ္စာဟာ ဆုံးသွားရှာပြီလို့ ငိုသံနဲ့ပြောပြရှာတယ်။ အကြောင်းစုံ မေးကြည်တော့ သစ္စာဟာ ညတစ်ညမှာ ဆေးရုံကသစ်ပင်တစ်ပင်ပေါ် ရောက်နေတယ်။ မကြာခင်မှာပဲ ဆေးရုံကလူတွေက သူ့ကိုတွေ့သွားကြပြီး သူခိုး၊ သူခိုးလို့ ၀ိုင်းအော်ပြီး ပြေးလာကြတော့ သူလန့်ပြီး အမြန်ပြန်ဆင်းရာကနေ ခြေချော်ပြီးပြုတ်ကျသွားရှာတယ်။ အောက်ရောက်တော့ သူ့မှာ အသက်မရှိတော့ပါဘူး သမီးရယ်လို့ ပြောပြီးငိုနေရှာတယ်။ နောက်ပြီး လူတွေဟာ သူ့အိတ်ထဲက ဒီစာရွက်လေးကို တွေ့တော့မှ သူဘာလို့ သစ်ပင်ပေါ်မှာ ရှိနေတယ်ဆိုတာ သိသွားကြတယ်။ အဲဒီ့စာရွက်လေးကတော့ ဒါပါပဲသမီးရယ်လို့ ပြောပြီးဖြူစင့်လက်ထဲကို စာရွက်လေးထည့်ပေးလိုက်တယ်။ စာရွက်လေးကို ဖတ်ကြည့်တော့ ဖြူစင့်ဒိုင်ယာရီစာအုပ်လေးထဲက “ပြတင်းပေါက်က မြင်နေရတဲ့အပင်လေးရယ် မင်းဆီက သစ်ရွက်လေးတွေအားလုံး ကြွေကျသွားတဲ့ အချိန်ဟာ ငါလည်း နင်နဲ့အတူ ကြွေကျရမယ့် အချိန်ပေါ့။ ငါ့ချစ်သူနဲ့ ငါ့သူငယ်ချင်း မလာခင်အချိန်လေးထိတော့ နင့်စီက တစ်ရွက်ဖြစ်ဖြစ်၊ နှစ်ရွက်ဖြစ်ဖြစ် မကြွေအောင်ချန်ထားပေးပါ အပင်လေးရယ်” လို့ ရေးထားတဲ့ စာရွက်လေး ဖြစ်နေတယ်။

(၁) လူတွေဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို ငွေနဲ့တိုင်းတာတယ်။ တကယ်ဆိုရင် လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့ကိုယ်ကျင့်စာရိတ္တနဲ့ပဲ တိုင်းတာသင့်ပါတယ်။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ဆရာဝန်တွေတောင် မလုပ်နိုင်တဲ့ အလုပ်ကို လုပ်သွားတဲ့ ဆင်းရဲသားတစ်ယောက်ရဲ့ လုပ်ရပ်ဟာ ဘယ်လောက်မြင့်မြတ်လဲ။

(၂) လူတစ်ယောက်ကို သူဘာလုပ်တာလဲ၊ သူ့ရည်ရွယ်ချက်ကဘာလဲဆိုတာကို သေချာကြည့်ပြီးမှ အမှား/အမှန်ကို ဝေဖန်ပိုင်းခြားသင့်ပါတယ်။ အမြင်နဲ့ ရမ်းပြီး မစွတ်စွဲသင့်ဘူး။ ဒီအဖြစ်အပျက်လေးမှာဆိုရင် အမြင်နဲ့ရမ်းပြီး စွတ်စွဲလို့ လူတစ်ယောက်ရဲ့အသက် အလကားဆုံးရှူံးခဲ့ရတယ်။

(၃) အခက်အခဲဆိုတာ နေရာတိုင်းမှာရှိတယ်။ ဒါကို စိတ်ဓာတ်ကျပြီး ထိုင်စိတ်ညစ်နေလို့ကတော့ ဒီအခက်အခဲကို မကျော်လွှားနိုင်တဲ့အပြင် စိတ်ဆင်းရဲတာပဲ ဖြစ်မယ်။ ကိုယ်က စိတ်ဓာတ်မကျပဲနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်အောင် ကြိုးစားမယ်ဆိုရင် ဒီအဖြစ်အပျက်လေးထဲက ဖြူစင့်လိုပေါ့။ စိတ်ဓာတ်ခိုင်မာတော့ သေခြင်းတရားကိုတောင် အလဲထိုးနိုင်တယ်။

ဒီအဖြစ်အပျက်လေးကနေပြီး ဗဟုသုတတွေအများကြီးရပါတယ်။ ဒါကတော့ ကျွန်တော်ဌာဏ်ရည် မှီသလောက်စဉ်းစားကြည့်မိတာလေးတွေပေါ့။

ကျွန်တော့်အမက သူသင်ရသော အင်္ဂလိပ်စာမှ အကြောင်းအရာအား ကျွန်တော်ငယ်စဉ်က ပြောပြထားသည်ကို မှတ်မိသလောက် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါတယ်။

www.facebook.com/jokecompany

ဆရာကြီး Dr. တင့်ဆွေ ရေးသားသော ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေ

Photo: ဆရာကြီး Dr. တင့်ဆွေ ရေးသားသော ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေ
=========================================

ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ လစဉ်လတိုင်း ရာသီ လာခါနီး ရက်တွေတိုင်းမှာ အချို့သော မိန်းကလေးတွေရဲ့ စိတ်တွေက အရမ်းကို ထိခိုက်ခံစားလွယ်ပြီး၊ ဘာမှ မဟုတ်တဲ့ အကြောင်းအရာလေး ပေါ်မှာတောင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အဲလို ရက်မျိုး နီးပြီဆိုရင် စိတ်ခံစားမှု အရမ်း Sensitive ဖြစ်ပါတယ်။ အကြောင်းအရာ သေးသေးလေးပေါ်မှာလည်း ဒေါသ အကြီးကြီး ထွက်နေတတ်ပါတယ်။ ဘာမှ မဟုတ်တာလေး နဲ့လည်း ရင်ထဲမှာ ဝမ်းနည်း ထိခိုက်လွယ်ပါတယ်။
အဲလို ရက်နီးရင် ကျွန်မက သိပ် Sensitive ဖြစ်တော့ ဘာမှ မဟုတ်တာလေးနဲ့လည်း အမျိုးသားနဲ့ စကားများ ရန်ဖြစ်ရပါတယ်။ အဲဒါက ကိုယ့်ကိုကိုယ် သတိထားမိတာပါ။ ကျွန်မလည်း အဲလိုမျိုး မဖြစ်ချင်ပါဘူး။ ဒေါသလည်း မဖြစ်ချင်သလို၊ ထိခိုက် ခံစားလွယ်တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါဟာ ပြုပြင် ပြောင်းလဲလို့မရတဲ့ သဘာဝပဲလား၊ တခုခုများ အကောင်းဘက်ကို ပြင်ဆင်လို့ ရမလားဆိုတာကို သိချင်ပါတယ်ရှင်။ ပြီးတော့ အဲလိုစိတ်မျိုးနဲ့ဆို သွေးဆုံးမယ့်အချိန်ဆိုရင် ကျွန်မ ဘယ်လို နေမလဲလို့ တွေးပြီး တော်တော်လေး တုန်လှုပ်မိပါတယ်။ ကျွန်မအသက်က ခုမှ ၂၃ ပါ၊ ဒါပေမယ့် ကျွန်မ သိထားသင့်တယ် ထင်လို့ပါ။ အဲဒါ ဘယ်လို ဆင်ခြင် နေထိုင်သင့်သလဲ။
မိန်းကလေးတယောက် မွေးလာတာနဲ့ သူမှာ မ-မျိုးဥပေါင်း ၄ သိန်းခွဲ ရှိနေမယ်။ အသက် ၁၃-၁၄ နှစ် ရောက်လာတာနဲ့ မျိုးဥအိမ်ကနေ ဟော်မုန်းတွေ ထွက်လာပြီ။ Follicle Stimulating Hormone (FSH) နဲ့ Leutenizing Hormone (LH) ဆိုတဲ့ ဟော်မုန်းတွေက လုပ်ပေးတယ်။ မျိုးဥလေးတွေ တလ တလုံးကျ ရင့်မှည့်လာကြမယ်။ ရာသီ ဆိုတာဆင်းပြီ။ တယောက်မှာ တလကို ရာသီသွေး ၂ဝ-၈ဝ စီစီ (၁-၂ အောင်စ) ဆင်းတယ်။
ဦးနှောက်ထဲမှာ Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ဆိုတဲ့နေရာရာက အရေးပါတယ်။ ရေငတ်တတ်တာ၊ ထမင်းဆာတတ်တာ၊ အိပ်ခြင်တာ၊ ရာသီဖြစ်တာ၊ လိင်စိတ်ဖြစ်တာ၊ မျိုးပွါးစေနိုင်တာတွေကို ဒီနေရာကနေ ထိန်းချုပ်တယ်။ မရှက်တရား သုံးပါးလုံးး ဆိုပါတော့။
ရာသီမလာခင် ဖြစ်ခြင်တာတွေကို Premenstrual syndrome (PMS) ဆိုပြီး သပ်သပ်ဆေးစာမှာ ရှိတယ်။ အရွယ်ရောက် အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာဆေးကုဘို့ လိုတယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ သဲသဲကွဲကွဲ မသိကြပါ။ အဲလိုမသိလေလေ ဖြစ်နိုင်ခြေ-သီအိုရီတွေ များလေပေါ့။
မေးတဲ့သူ ပြောပြတာတွေက Book picture ဆေးစာအုပ်ထဲကနဲ့ တူလှတယ်။ လူအတော်များများဟာ ကိုယ်ဖြစ်နေတာကို အသေအခြာ မပြောတတ်ကြပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ Emotional စိတ်လှုတ်ရှားမှု (ဝမ်းသာ-ဝမ်းနည်း)၊ Mood swings စိတ်မူ အပြောင်းအလဲတွေ ဖြစ်တယ်။ တချို့မှာ မသိသာပေမဲ့ တချို့ကြ ပြဿနာကြီးတဲ့အထိ ရှိတယ်။ ရာသီလလယ်ရက် မျိုးထွက်လိုက်တာနဲ့ ဒါတွေ တခုမဟုတ် တခု၊ တခုမကလဲ ဖြစ်တယ်။ ရာသီသွေး ဆင်းတာနဲ့ ဆရာဝန်မပါဘဲ ပြန်ကောင်းသွားပြီ။

ရုပ်ပိုင်းပြောင်းတာတွေက -
• Fatigue အားယုတ်နေတာ၊
• Bloating ရင်ကယ်နေတာ၊
• Breast tenderness ရင်သားနာတာ၊
• Acne ဝက်ခြံထွက်တာ၊
• Appetite changes စားခြင်စိတ် မတူဖြစ်လာတာ၊
• Food cravings ခြင်ခြင်းတပ်တာ။
• ပျို့တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ ခံစားရတယ်။
• Uterine cramping သားအိမ်နေရာ နာတာက အတော် ဆိုးတတ်တယ်။ သူ့မှာလဲ ၂ မျိုးရှိတယ်။ Prostaglandins သတ္တိကြောင့် Constriction ညှစ်တာ-တင်းတာတာနဲ့ Relaxation လျော့တာဖြစ်ရလို့ Spasmodic cramping ခေါ်တယ်။ ခါးနာတာ၊ ပေါင်ကြောနာတာ၊ ခေါင်းကိုက်တာတွေလဲ ခံစားရတတ်တယ်။
စိတ်မူအပြောင်းအလဲက အရေးပါတယ်။ Crying ငိုခြင်ငိုမယ်၊ Oversensitivity သိပ်အကဲဆတ်မယ်၊ Rapidly changing အလျင်အမြန် ပြောင်းလဲပြီး Unpredictable moods ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းမရတာမျိုး ဖြစ်တယ်။ အလွယ်ပြောရရင် ဒေါသနဲ့ ပူဆွေးမှုကြား ဗျာများနေမယ်။ သူတယောာက်ထဲကိုသာမက သူ့မိသားစု၊ အသိုင်းအဝိုင်းကိုပါ သက်ရောက်စေတယ်။

• Depression စိတ်ဓါတ်ကျတယ်၊
• Sadness ဝမ်းနည်းတယ်၊
• Lack of motivation စိတက်ကြွမှု နည်းမယ်၊
• Irritability စိတ်တိုတယ်၊
• Aggression ဇွတ်လုပ်ခြင်တယ်၊
• Less patience သည်းခံစိတ် လျော့မယ်၊
• Increased stress ပူပင်စိတ် များမယ်၊
• Anxiety စိုးရိမ်စိတ် ကဲမယ်၊
• Nervousness ဂနာမငြိမ် ဖြစ်နေမယ်၊
• Melancholy ဝမ်းနည်း-ပက်လက်-စိတ်ပျက်နေမယ်၊

တချို့မှာ Relief အပေါင်းလက္ခဏာ ဆောင်တာမျိုး ခံစားရတယ်။
• Release လွတ်လပ်သွားသလို၊
• New beginning အသစ် အစပျိုးလာသလို၊
• Invigoration အားအင် ပြန်ပြည့်သလို၊
• Connection with nature သဘာဝနဲ့ ပိုနီးစပ်တယ် ထင်သလိုလို၊
• Creative energy စိတ်သစ် ရလာလာတာလိုလို၊
• Exhilaration လွတ်မြောက်တာလိုလို၊
• Increased sex drive လိင်စိတ်ပိုလာမယ်၊
• More intense orgasms လိင်စိတ်ပြည့်ဝမှုကို ပိုခံစားရမယ်။

PMS ရာသီလာလို့ ခံစားရတာတွေ သက်သာအောင် ကိုယ့်ဖါသာ ပြုပြင်လို့ နိုင်တာတွေ ရှိပါတယ်။ Lifestyle changes လူနေမှုပုံစံ ပြုပြင်ပေးတာနဲ့ ကောင်းနိုင်သူတွေရှိတယ်။
• အာဟာရ ပြည့်ဝအောင်စားပါ၊ အိပ်ရေးပျက်တာ ပြုပြင်ပါ၊
• Alcohol အရက်၊ Caffeine (ကေဖင်း) ပါတဲ့အစာ၊ Meat အသား၊ Fatty foods ဆီများတာ နဲ့ Refined Sugar သကြားတွေက ပိုဆိုးစေတယ်။
• ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။
• Drink ginger root tea ချင်းမြစ်ပြုတ်သောက်တာ ကောင်းတယ်၊
• Breathe deeply အသက်ပြင်းပြင်းရှူပါ၊
• ကိုယ့်အတွက် အချိန်ကို ယူပါ။
• Orgasm လိင်စိတ် ပြည့်ဝအောင် (တဦးချင်းဖြစ်ဖြစ်) လုပ်နိုင်ပါတယ်။
• Exercise ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။
• Socialize လူတော-သူတော ဝင်ရောပါ။
ရာသီလာတုံး သုံးရတဲ့ အတွင်းခံပစ္စည်းကို Chlorine-free biodegradable 100% cotton tampons သုံးသင့်တယ်လို့ နောက်ဆုံး သုတေသနက ဆိုပါတယ်။ Organochlorines ဓါတုဆေးကနေ ကင်ဆာ ဖြစ်စေတယ်ထင်လို့ပါ။ စီးပွါးရေးလဲ တွက်ခြေကိုက်တာမို့ LunaPads International, Eco-Logique.com, Glad Rags, Pandora Pads, Jade and Pearl, Feminine Options နာမယ်တွေလဲ အမျိုးမျိုးနဲ့ ရောင်းပါတယ်။ Diva cup ခေါ်တဲ့ Organic Tampon (အော်ဂဲနစ်-တမ်ပွန်) တွေလဲ ရှိသေးတယ်။

ဆေးတွေလဲ သုံးရတတ်တယ်။
• Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
• Analgesics (Ibuprofen, Naproxen and Mefenamic acid အနာ-အကိုက် သက်သာဆေးတွေ သောက်နိုင်တယ်။
• Oral contraceptive pills (OCPs) ကိုယ်ဝန်တား-စားဆေး အိမ်ထောင် မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။
• Ovarian suppressors (Danazol) မျိုးဥအိမ်ကို နှိမ်တဲ့ဆေးက ဘေးထွက်-ဆိုးကျိုးများတယ်။
• Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
• Vitamin B, C, B6, Calcium and Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေ သောက်နိုင်တယ်။
• Herbal ထဲက Flaxseed Capsules, Valerian, Kava Kava နဲ့ St. John’s Wort ဆေးသောက်နိုင်တယ်။
လိုအပ်ရင် စိတ်အထူးကု-ဆရာဝန်နဲ့ ကုသရမယ်။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။
Menopause သွေးဆုံး-သားဆုံး ကိုလဲ ဖတ်ပါ။ အဲဒါဖြစ်လဲ စိတ်ရော၊ ရုပ်ပါ အတော် ခံစားကြရတာ။ ဒါပေမဲ့ သွေးဆုံးဘို့ အနှစ် ၂ဝ မက လိုပါသေးတယ်။ ဒီကြားမှာ ဆေးကောင်း-ဝါးကောင်းတွေ မပေါ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။
Credit To:Myanma Light

ZinYawNews

ကျန်းမာရေးစာတိုများစုစည်းမှု(facebook)

တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)

Photo: တစ်ကိုယ်ရေ ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand) 

ယမန်နှစ်က စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချိခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေကွင်း- Nike+ FuelBand ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ 

အရောင်းသွက်လို့ နောက်ထပ်အရောင်နှစ်မျိုးတောင် လာမယ့် အောက် တိုဘာ ၃၀ ကနေ စတင်ဖြန့်ချိပေးအုံးမှာ ဖြစ်ပါ တယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဒေါ်လာဝန်းကျင် ရှိပါတယ်။

သားရေကွင်းရယ်လို့မဟုတ်ပဲ နာရီလို့လည်း သတ်မှတ်နိုင်ပါတယ်။ LED မျက်နှာပြင်ကို အကွင်း အပြားသေးသေးလေးမှာ ထည့်သွင်းပေးထားပါ တယ်။ နာရီကြည့်လို့ရပါမယ်။ တစ်နေ့တာ လှုပ်ရှားမှုများကို ဒီဂျစ်တယ် ဂဏန်းတွေနဲ့ ပြပါမယ်။ မျက်နှာပြင်သေးတဲ့ အတွက် အားလုံးတော့ မမြင်ရပါ ဘူး။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့နဲ့ ကြည့်မှ အားလုံး မြင်ရတာ ဖြစ်ပါတယ်။ 

ကယ်လိုရီလောင်ကျွမ်းမှုနှုန်း၊ လမ်းလျှောက်မှု ပမာဏ၊ အချိန်၊ ကုန်ခမ်းသွားသော ကိုယ်ခန္ဓာ စွမ်းအင် ပမာဏ စတဲ့ လေးမျိုးကို အဓိကထား ဖော်ပြပါတယ်။ ယင်းနောက် ပမာဏအားလုံးကို တွက်ချက်ပြီ လမ်းဘယ်လောက်လျှောက်သင့်တယ်။ ဘယ်လို အစားအစာများကို ပိုမို စားသုံးသင့်တယ်။ ကယ်လိုရီ ဘယ်လောက်လိုတယ် စတာတွေကို တွက်ချက် အကြံပေးမှာ ဖြစ်ပါတယ်။ Nike ရဲ့  Fuel Band official ဝဘ်ဆိုဒ်မှာလည်း Share ပေးပါတယ်။ Fuel Band မှာ ဘလူးတော့ ပါဝင်ပါတယ်။ 

ဒါကြောင့် လမ်းလျှောက်နေစဉ်လည်း မိုဘိုင်းဖုန်းဖွင့်ပြီး App ကတစ်ဆင့် ဝင်ရောက် ကြည့်ရှု မှတ်သားနိုင်ပါတယ်။ Android, iOS, Windows Phone OS စတာတွေအတွက် Fuel Band App ပါရှိပါတယ်။ PC ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကြည့်ရှုဖို့လည်း USB ပေါက် နဲ့ ကြိုးလည်း ပါဝင်ပါသေးတယ်။ 

အမှန်တော့ ဒီလို ပစ္စည်းက ဇိမ်ခံပစ္စည်းဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုရန် ပစ္စည်းအနေနဲ့ အားကစား ပစ္စည်းထုတ် Nike မှ နည်းပညာ အကူအညီနဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုကို မှတ်သားပြီးအမြဲ Fit ဖြစ်နေ ရန် စောင့်ကြည့် လမ်းညွန်ပေးမယ့် ပစ္စည်းတစ်ခုလို့ ဆိုပါတယ်။ 

Nike+ FuelBand ဟာ ဧပြီလက စတင်လို့ယနေ့တိုင် အဝယ်လိုက်နေတဲ့ ပစ္စည်း တစ်ခုဖြစ်ပြီး Nike ရဲ့  Official ဝဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင် ပါတယ်။ 

http://store.nike.com/us/en_us/?l=shop%2Cfuelband

ရိုးရာလေး

တန်ဖိုးရှိသော ငွေငါးဆယ်

Photo: တန်ဖိုးရှိသော ငွေငါးဆယ်
*******************

တချို့လူတွေပာာ တကယ် စေတနာမွဲလွန်းတယ်။ လဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေကို ငွေ ငါးထောင် တစ်သောင်း အကုန်ခံပြီး ကျွေးမွေးဖို့ မနှမြောပေမယ့် လမ်းဘေးမှာ တောင်းစားနေတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ကို ငွေငါးဆယ်လောက် စွန့်ကြဲဖို့ကျတော့ "ကန်တော့ပါသေးရဲ့ဗျာ" လို့ ယဉ်ကျေးစွာ ငြင်းဆိုရက်ကြတယ်။

တချို့လူတွေပာာ တစ်နေ့ကို ငွေ သိန်းဂဏန်း ဖြုန်းကြတယ်။ ဒါပေမယ့် ဒုက္ခရောက်နေသူတစ်ယောက်ကို ငွေငါးဆယ်လောက် စွန့်ကြဲဖို့တော့ ၀န်လေးတတ်တယ်။

တောင်းစားနေရတဲ့ အဘွားအိုအတွက် ဘိုးဘွားရိပ်သာဆိုတာ အဓိပ္ပာယ်ရှိတဲ့ နေရာတစ်ခု ဖြစ်ပါသလား။

တကယ်တော့ ငွေငါးဆယ်ဆိုတာ ဆေးလိပ် တစ်လိပ်ဖိုးပဲ ရှိတယ်လေ။ ဒါပေမယ့် အဘွားအိုအတွက်တော့ ထမင်းတစ်နပ် ဖြစ်သွားမှာ အမှန်ပါ။

လမ်းဘေးမှာ တောင်းစားနေတဲ့လူကို ငွေငါးဆယ်လောက် ပေးရလို့ စီးပွါးပျက်မသွားပါ။ ဒါပေမယ့် ပေးကမ်း စွန့်ကြဲလိုက်ရင် အဲ့ဒီငွေငါးဆယ်ပာာ တကယ် တန်ဖိုး ရှိမှာပါ။

ကင်းခြေများ ခြေတစ်ချောင်းပြတ်တာ မသိသာပါ။ သူတောင်းစား ခွက်ပျောက်တာ သိသာပါသည်။ ဒါ့ကြောင့် လမ်းဘေးက အဘွားအို တစ်ယောက်က အသနားခံပြီး တောင်းနေရင် လက်ပိုက်ပြီး ကြည့်မနေကြပါနဲ့ဗျာ။

ပြည်ငြိမ်း

မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်

မှိုများသည် ၎င်းတို့တွင် နည်းပါးစွာ ပါဝင်သော သကြားဓာတ်ကြောင့် ဆီးချို ဝေဒနာရှင်များ စားသုံး ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။

Himachal Pradesh University ဇီဝသိပ္ပံ ဌာနမှ သုတေသီ Dr. TN Lakhanpal က မှိုကို ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေး ခြင်းသည် ဆီးချိုရှိသော ဝေဒနာရှင် များအတွက် ယင်းတွင် ပါဝင်သော အာဟာရ တန်ဖိုးများက ကျန်းမာရေး အာနိသင်ကို ပေးစွမ်းသည့်အပြင် ယင်းတွင် သကြားဓာတ် မဆိုစလောက် နည်းပါးစွာ ပါဝင်မှုကြောင့် ဘေးထွက် ဆိုးကျိုးများကို မဖြစ်စေကြောင်း၊ သို့သော် အန္တရာယ်ရှိသော၊ အဆိပ်ရှိသော မှိုများကိုဆိုလိုခြင်း မဟုတ်ဘဲ ပြည်သူများ လွယ်လင့်တကူ စားသုံးနိုင်သော ကောက်ရိုးမှို၊ တောင်ပို့မှိုနှင့် နွားရွက် မှိုများကိုသာ ဆိုလိုခြင်း ဖြစ်ကြောင်း ယခုစာတမ်းတွင် ဖော်ပြထားသည်။

လေ့လာမှု စာတမ်းတွင် ဖော်ပြထားချက် အရ မှိုများတွင် အဆီဓာတ်မပါ ၀င်ကြောင်း၊ ထို့ကြောင့် အ၀လွန်နေသော ဆီးချို ဝေဒနာရှင်များ စားသုံးပေး နိုင်ကြောင်း သိရှိရသည်။ ထို့ပြင်မှို (Mushrooms) ၏ ကင်ဆာနှင့် HIV အပေါ် အကျိုး သက်ရောက်မှုကို ဆက်လက် လေ့လာနေကြောင်း၊ ဆေးဘက်ဝင် အာနိသင်အပြင် မှိုကို စားသုံး ပေးခြင်းသည် အစား ရှောင်နေရသော ဆီးချို ဝေဒနာရှင်များကို အဆင်ပြေ စေမည်ဟု Dr. TN Lakhanpal က ပြောကြားခဲ့သည်။

Dr. TN Lakhanpal က ယခုလေ့လာမှု စာတမ်းကို အကြိမ် တစ်ရာမြောက် အိန္ဒိယ သိပ္ပံပညာ ကွန်ဂရက်တွင် တင်ပြထားခြင်း ဖြစ်သည်။

မြ၀တီ
credit to ;Health Updates Journal