“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 1, 2014

ယောင်္ကျားလေးများ သိထားရမည့် မိန်းကလေးများ လိမ်တတ်သော အချက်များ

ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ် ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ် ပဲ ဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။
တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြ ပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုးအကြောင်း ဖော်ပြမှာ ဖြစ်ပါတယ်။
(၁) သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်
သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ် ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို လိမ်ထား ပါပြီ။ အိမ်ထောင်မကျခင် ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသာတွေအမြင်မှာတော့ တားမြစ်ချက် တစ်ခုပါ။ တခြား လူမှုအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ ဘယ်လိုပဲ တိုးတက်နေပါစေ ဒီတစ်ချက်ကတော့ အခုအချိန်ထိ တားမြစ်ထားဆဲပါ။ ဒီတော့ သေးငယ်တဲ့ ဒီလိမ်ညာမှုလေးကို ဒီအတိုင်းပဲ ထားပြီး ပြန်လည် မတူးဆွပါနဲ့တော့။
(၂) သူမရဲ့ အလေးချိန်
အမျိုးသမီးတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေ ရှိသင့်ပါတယ်။ ဒီ့ထက် ကျော်ပြီး ၀သွားရင်တော့ ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် ၀နေတဲ့ အမျိုးသမီးတွေဟာ သူမတို့ရဲ့ အလေးချိန်ကို အနည်းဆုံး ငါးကီလိုလောက် လျှော့ပြီး ဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ သူမတို့ရှိသင့်တဲ့ အနေတော် အလေးချိန်လောက်လို့ ယူဆပြီး အမြဲတမ်း ၅၀ကီလိုလို့ ဖြေတတ်ကြ ပါတယ်။ ဒီအခါ သင်ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက် ၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး “ ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀ ကီလိုဝန်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျ ပန်းမကျတွေ ဖြစ်နေရ တာလဲ”လို့ တောင် ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀ ကီလိုဝန်းကျင် လောက်ပဲ လှည့်ပတ် ဖြေနေမှာပါ။
(၃) သူမရဲ့ ရပ်တည်မှု
အမျိုးသမီးတွေ အမှီအခိုကင်းအောင် ရပ်တည်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူမ ဒေါသထွက်တဲ့ အခါတိုင်း သူမအတွက် အမျိုးသားတစ်ယောက် မလိုအပ်ဘူးလို့ အော်ပြောတတ်တာဟာ တကယ်တော့ ညာတာပါ။ ဒီတော့ အမျိုးသားတွေအနေနဲ့ သိထားရမှာက သူမဘာတွေပဲပြောနေနေ အမျိုးသားတစ်ယောက် မရှိဘဲ မရပ်တည်နိုင်ပါဘူး။
(၄) သူမစိတ်ကူး မယဉ်တတ်ဘူးလို့ ဆိုခဲ့ရင်
အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် ၊ သန်စွမ်း တယ်၊ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာ အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေ ပြသလိုက်နိုင်တာ ကြောင့် သူမတို့ဟာ စိတ်ကူးယဉ်မဆန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တခြား အမျိုးသမီးတွေနဲ့ မတူပဲ ခပ်ထန်ထန် ၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ အမျိုးသမီးတွေထဲ အမျိုး သမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း စိတ်ကူးယဉ်ဆန်တတ်တဲ့ စိတ်တွေ အပြည့်ရှိ နေပါတယ်။
Ref:mensxp
By Trend Myanmar

[18+ Only] မိန်းခလေးများ ညစ်ပတ် မခံရစေဖို့ နှင့် ဘူးချင်သောကိုကိုများ သတိထားစေဖို့ Naked Scanner Pro (Girls) v3.0.2 [21MB]

 Dec 20 ရက် နေ့ကမှ V 3.0.2 Update ထွက်လာတဲ့ APP လေးလဲ ဖြစ်ပါတယ်.. ဒီကောင်လေးက ဘာလုပ်တဲ့ ဟာလဲ ဆိုရင် Adult Photo တွေ ကြည့်ရုံတင် မဟုတ်ပါဘူး ကောင်မလေးတွေလဲ သတိထားရမဲ့ Apk ဖြစ်ပါတယ်.. ဘာလို့လဲဆိုရင် ရိုးရိုး ကောင်မလေး တစ်ယောက် ပုံကို ဒီ Apk သုံးပြီး Adult Bikini Photo လုပ်ပစ်လို့ရပါတယ်.. သတိထားရအောင် တင်ပေးလိုက်တာ ဖြစ်သလို အားလုံးကို ဒီလို လုပ်လို့ ရတယ် ဆိုတာပါ သိအောင် တင်ပေးလိုက်တာ ဖြစ်ပါတယ်.. အားလုံးသိအောင် ရှယ် ပေးစေလိုပါတယ်..

PlayStore မှာ CZK59.90 နဲ့ ရောင်းတဲ့ APK ဖြစ်ပါတယ်.. ဘာလုပ်လို့ရသလဲ ဆိုရင် ကောင်မလေး တစ်ယောက် ကိုယ်လုံးပေါ် ဓာတ်ပုံကို

လိပ်ခေါင်းရှိသူများ သက်သာစေမည့် အလွယ်ကုသနည်း ရှစ်သွယ်

Photo: လိပ်ခေါင်းရှိသူများ သက်သာစေမည့် အလွယ်ကုသနည်း ရှစ်သွယ်

လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

၁) ရေကုထုံးသုံးပါ

ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။

၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ

မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာစေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။

၃) အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ်ဖြည့်စွက်ဆေး မှီဝဲပါ

လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲတတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်းဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။

၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ

ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။

၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ

လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။

၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ

မိသားစုတိုင်းအတွက် နံနက်ခင်း အချိန်က အလုပ်များလှပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်းဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ်များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန်ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျစေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာစေပါတယ်။

ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH
လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

၁) ရေကုထုံးသုံးပါ

ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

Photo: သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား
Monday, December 30, 2013

Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွား ခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါတယ်။

တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့ သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦးကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။

စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊ ဂုဏ်ပြု ဆု များ ရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွားရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။

Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက်

ငါအိုသွားသောအခါ

Photo: ငါအိုသွားသောအခါ
.........................

၁။ ငါအိုသွားသောအခါ ငါအရင်ကလိုမဟုတ်တော့ဘူး ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ထား ဆက်ဆံပေးပါ။

၂။ ချည့်နဲနဲလက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်အကြေးတွေ မထိမ်းသိမ်းနိုင်တော့တဲ့ငါ့ကို မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ် သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။

၃။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး သည်းခံနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

၎။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။

၅။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

၆။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေ တွေ့ရမှာပါ။သားတို့သမီးတို့ရေ ထာဝရပျော်ရွှင်ချမ်းမြေ့ပြည့်စုံကြပါစေကွယ်….

Credit to Zin Lin

မြ၀တီ

ပျော်ရွှင်ခြင်းနိုင်ငံ (သို့) ဘူတန်

Photo: ပျော်ရွှင်ခြင်းနိုင်ငံ (သို့) ဘူတန်
-------------------------------

ကမ္ဘာပေါ်မှာ ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့တိုင်းပြည်တစ်ခုကိုပြပါဆိုရင်တော့
ဘူတန်နိုင်ငံကို ပြရပါလိမ့်မယ်...

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်စွန်းကျဆုံး မှာတည်ရှိတဲ့ ဘူတန်နိုင်ငံဟာ
လူဦးရေ (၇)သိန်းလောက်ပဲရှိပြီး၊ ပါတ်လည် ကီလိုမီတာ (၄)သိန်း (၇)သောင်းလောက်ပဲကျယ်ဝန်းတဲ့
အတွက် တကယ့်ကို နိုင်ငံသေးသေးလေးပါပဲ....
ဘူတန်နိုင်ငံမှာ ဘူတန်လူမျိုး (၅၀)ရာခိုင်နှုန်း၊ နိပေါလူမျိုး (၃၅)ရာခိုင်နှုန်း၊ အခြားလူမျိုး (၁၅)ရာခိုင်နှုန်း နေထိုင်ကြပါတယ်..
အဓိက ကိုးကွယ်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာ (၇၅)ရာခိုင်နှုန်းရှိပါတယ်..
ကျန် (၂၅)ရာခိုင်နှုန်းကတော့ ဟိန္ဒူဘာသာဝင်တွေဖြစ်ပါတယ်..

မြို့တော်ကတော့ သင်မ်ဖျူး(Thimphu)ဖြစ်ပါတယ်..

ဘူတန်နိုင်ငံဟာ တိုးတက်တဲ့နိုင်မဟုတ်ဘဲ ဘာကြောင့်ပျော်စရာကောင်းတဲ့ တိုင်းပြည်ဖြစ်တာလည်း

ဘူတန်နိုင်ငံရဲ့ မြို့ကြီးမြို့ငယ် လမ်းအသွယ်သွယ်မှာ တောင်းရမ်းသူမရှိဘူး...
လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင် (ဖာ) မရှိဘူး...
ဆေးသမားတွေ မရှိဘူး......
ခမ်းနားတဲ့ အဆောက်အအုံတွေ မရှိသလို စုတ်ပြတ်ပြီး မိုးမလုံ လေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး....
ဘူတန်နိုင်ငံမှာ ကလေးငယ်တွေကို စွန့်ပစ်တာ မရှိဘူးလို့လည်း ဆိုပါတယ်
ကလေးမွေးစားချင်တဲ့ အမေရိကန်ဇနီးမောင်နှံ ဘူတန်နိုင်ငံမှာ မွေးစားဖို့ကလေးသွားရှာတာ
နှစ်ဝက်လောက်ကြာတဲ့အထိ မွေးစားဖို့ကလေး မရခဲ့ဘူးလို့လည်း အဆိုရှိပါတယ်...

ဘူတန်ကလူတွေက ရိုးရာဝတ်စုံကိုပဲစွဲစွဲမြဲမြဲဝတ်ဆင်ကြပါတယ်..
ဆေးလိပ်ဆေးရွက်ကြီး တို့ကို တင်သွင်းခွင့် ထုတ်လုပ်ခွင့်ေ၇ာင်းချခွင့် ဖြန့်ဖြူးခွင့်မပေးပါဘူး
ဆေးရွက်ကြီး ဥပဒေနဲ့ တားမြစ်ထားပါတယ်....ဘူတန်မှာ ဆေးလိပ်သောက်သူဦးရေဟာ (၁)ရာခိုင်နှုန်းပဲ ရှိပါတယ်
ဘူတန်နိုင်ငံ တစ်တိုင်းပြည်လုံးကို ဆေးလိပ်မသောက်ရ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်တဲ့..
.ဘူတန်နိုင်ငံသားတွေဟာ တိုးတက်မှုကို ငွေကြေးနဲ့ မတိုင်းတာပါဘူး
ပျော်ရွှင်မှု စိတ်ချမ်းသာမှုနဲ့ပဲတိုင်းတာပါတယ်...
ဘူတန်မှာ ကျောင်းနေသူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇ ရာခိုင်နှုန်း ရှိပြီး
နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉ရာခိုင်နှုန်းဟာ
ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြပါတယ်

ဘူတန်နိုင်ငံက သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့ နိုင်ငံအဖြစ်လည်း ထင်ရှားပါတယ်..
ပလပ်စတစ်ကို တင်သွင်းခွင့်မပေးပါဘူး
ဘူတန်နိုင်ငံ ရဲ့ (၇၁)ရာခိုင်နှုန်းဟာသစ်တောများဖြစ်ပါတယ်.. အာရှဒေသမှာ
ပထမဆုံး သစ်တောမပြုန်းတီးနိုင်ငံဖြစ်ပါတယ်...

ဘူတန်နိုင်ငံမှာ လူတန်းစားမရွေး အခမဲ့ ဆေးကုခွင့် ကျောင်းနေခွင့်ရှိပါတယ်၊ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တိုင်းပြည် (၇၁)ရာခိုင်နှုန်းကို
လျှပ်စစ်မီး အပြည့်အ၀ ပေးနိုင်ပါတယ်..

တကယ်တော့ ဘူတန်နိုင်ငံရဲ့ တိုးတက်မှုကို ရုပ်ဝတ္တုတွေနဲ့ မတိုင်းတာဘဲ.. စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုနဲ့ တိုင်းတာတာကြောင့် ဘူတန်နိုင်ငံဟာ
ပျော်စရာကောင်းတဲ့နိုင်ငံအဖြစ်တည်ရှိတာပါ..
ရောင့်ရဲလွယ်ကျတဲ့ ဘူတန်နိုင်ငံသားတွေ (၉၇)ရာခိုင်နှုန်းပျော်ရွှင်နေကြတယ်ဆိုတာတော့ မဆန်းပါဘူး

ကျွန်တော် အဓိက ပြောချင်တဲ့ အချက်က အခုမှ လာမှာပါ
သေးငယ်လွန်းတဲ့ ဘူတန် နိုင်ငံက သူတို့ လူမျိုး ဗုဒ္ဓဘာသာ ကို ပျောက်မှာ စိုးတဲ့အတွက်
လွန်ခဲ့နှစ်အနည်းငယ်က ဥပဒေသစ်ကို ချမှတ်ခဲ့တယ်....
သူတို့ လူမျိုးတွေကို နိုင်ငံခြားသား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုခွင့် မပေးပါဘူး
ဗုဒ္ဓဘာသာကို၊ အမျိုးစောင့်ဥပဒေကို အလေးထား တန်ဖိုးထားတာတော့ ဘူတန်နိုင်ငံက
မြန်မာနိုင်ငံထက် အဆပေါင်းများစွာသာလွန်ပါတယ်ဆိုတာတော့ ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်...

(ဘူတန်နိုင်ငံအကြောင်း ရေးမယ်ဆိုရင် ဒီလောက်နဲ့တော့ မပြည့်စုံနိုင်သေးပါဘူး..)

Credit to ထာဝရ ခရီးသည်

ကမ္ဘာပေါ်မှာ ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့တိုင်းပြည်တစ် ခုကိုပြပါဆိုရင်တော့
ဘူတန်နိုင်ငံကို ပြရပါလိမ့်မယ်...

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်စွန်းကျဆုံး မှာတည်ရှိတဲ့ ဘူတန်နိုင်ငံဟာ
လူဦးရေ (၇)သိန်းလောက်ပဲရှိပြီး၊ ပါတ်လည် ကီလိုမီတာ (၄)သိန်း (၇)သောင်းလောက်ပဲကျယ်ဝန်းတဲ့
အတွက် တကယ့်ကို နိုင်ငံသေးသေးလေးပါပဲ....
ဘူတန်နိုင်ငံမှာ ဘူတန်လူမျိုး (၅၀)ရာခိုင်နှုန်း၊ နိပေါလူမျိုး (၃၅)ရာခိုင်နှုန်း၊ အခြားလူမျိုး (၁၅)ရာခိုင်နှုန်း နေထိုင်ကြပါတယ်..
အဓိက ကိုးကွယ်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာ (၇၅)ရာခိုင်နှုန်းရှိပါတယ်..
ကျန် (၂၅)ရာခိုင်နှုန်းကတော့ ဟိန္ဒူဘာသာဝင်တွေဖြစ်ပါတယ်..

မြို့တော်ကတော့ သင်မ်ဖျူး(Thimphu)ဖြစ်ပါတယ်..

ဘူတန်နိုင်ငံဟာ တိုးတက်တဲ့နိုင်မဟုတ်ဘဲ ဘာကြောင့်ပျော်စရာကောင်းတဲ့ တိုင်းပြည်ဖြစ်တာလည်း

ဘူတန်နိုင်ငံရဲ့ မြို့ကြီးမြို့ငယ် လမ်းအသွယ်သွယ်မှာ တောင်းရမ်းသူမရှိဘူး...
လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင် (ဖာ) မရှိဘူး...

ဇင်ဘာဘွေ နိုင်ငံတွင် အာဂဖခင် တစ်ဦးက မိကျောင်းကို တိုက်ခိုက်၍ သားဖြစ်သူအား ကယ်ဆယ်ခဲ့

Photo: ဇင်ဘာဘွေ နိုင်ငံတွင် အာဂဖခင် တစ်ဦးက မိကျောင်းကို တိုက်ခိုက်၍ သားဖြစ်သူအား ကယ်ဆယ်ခဲ့

ဇင်ဘာဘွေ နိုင်ငံရှိ ကျေးလက်ဒေသ တစ်ခုတွင် ဖခင် တစ်ဦးသည် ၎င်း၏ သားငယ်အား ကိုက်ခဲထားသည့် မိကျောင်း တစ်ကောင်ကို တိုက်ခိုက်၍ ၎င်း၏ပါးစပ် အတွင်းမှ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူအား ကယ်ဆယ် နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဖြစ်ပွားပုံမှာ တာဖက် ဇွာကာချီယာ အမည်ရှိ ယင်းအမျိုး သားသည် ခရစ္စမတ် အကြိုနေ့က သားဖြစ်သူ တာပီဝါနှင့် အတူ မှုတိုကိုမြို့ အရှေ့ မြောက်ပိုင်းရှိ မြစ် တစ်ခုကို ဖြတ်ကူးရန် ကြိုးပမ်းစဉ် မိကျောင်း တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း Herald သတင်းစာ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့နောက် ကာချီယာသည် မိကျောင်းအကိုက် ခံခဲ့ရသော သားဖြစ်သူအား ကယ်ဆယ်ရန် အတွက် ၎င်းသတ္တဝါ၏ ကျောပေါ်သို့ ခုန်တက်၍ ဦးခေါင်းအား ရိုက်နှက်ကာ မျက်လုံးများကို ထိုးဖောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ကာချီယာသည် လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး သားဖြစ်သူမှာ ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ကြောင်း Herald သတင်းစာက ထုတ်ပြန် ခဲ့သည်။

http://www.myawady.net.mm/allnews/global/item/33607-2013-12-30-12-38-29

သင်မကြားဖူးသည့် အကြောက်ရောဂါများ

Photo: သင်မကြားဖူးသည့် အကြောက်ရောဂါများ
Wednesday, January 1, 2014

(၁) ပုလွေကြောက်ရောဂါ (Aulophobia)
ပုလွေသံကြောက်ခြင်း၊ ပုလွေ မြင်ရသည်နှင့် ကြောက်ခြင်းသည် လူသိနည်းသော်လည်း အဖြစ်များ
သည့် ရောဂါတစ်ခုဖြစ်သည်။

(၂) မြေပဲထောပတ်ကြောက်ရောဂါ (Arachibutyrophobia) 

မြေပဲထောပတ်စားသည့်အခါ ထောပတ်များ အာခေါင်တွင်ကပ်ကျန်ရစ်ခဲ့မည်ကို ကြောက်သော ရောဂါဖြစ်သည်။

(၃) အရယ်ကြောက်ရောဂါ (Geliophobia)
ရယ်သံကိုလည်းကောင်း၊ ရယ် ခြင်းကိုလည်းကောင်း ကြောက်သည့် ရောဂါဖြစ်သည်။

(၄)ဒူးကြောက်ရောဂါ (Genuphobia)
ဒူးကြောက်ရောဂါရှိသူများ သည် ဒူးဖုံးသည့် အ၀တ်အစားများ သာ ၀တ်ဆင်ရလေ့ရှိပြီး အခြားသူ များ၏ ဒူးခေါင်းကိုလည်းကြောက် တတ်ကြသည်။

(၅)စကားလုံးရှည်ကြောက်ရောဂါ (Hippopoto monstrosesquip pedaliophobia)
ရောဂါအမည် ရှည်လျားစွာ ရှိသော အဆိုပါရောဂါရှိသူများည် စကားလုံးအရှည်များကို ကြောက် တတ်ကြသည်။

(၆)ကြိုးကြောက်ရောဂါ (Linophobia) 
ကြိုးကြောက်ရောဂါရှိသူများ သည် အပ်ချည်ကြိုး၊ မီးကြိုး၊ ကြိုး ခွေကအစ ကြောက်တတ်ကြသည်။

(၇) ကဗျာကြောက်ရောဂါ (Metrophobia) 
ကဗျာ၊ လင်္ကာများကို ကြောက် သည့်ရောဂါဖြစ်သည်။

(၈) အ၀ါကြောက်ရောဂါ (Xantho phobia)
ဤရောဂါရှိသူများသည် အ၀ါ ရောင်တစ်မျိုးတည်းကို ကြောက် တတ်ကြသည်။

(၉) ကြောက်ရမည်ကိုကြောက်သော ရောဂါ (Phobophobia)
အနေရကျပ်လှသည့် ဤရောဂါ သည် ကြောက်ရမည်ကိုပင် ပြန်ကြောက်နေတတ်သည်။

သီဟ
Ref: RD
(၁) ပုလွေကြောက်ရောဂါ (Aulophobia)
ပုလွေသံကြောက်ခြင်း၊ ပုလွေ မြင်ရသည်နှင့် ကြောက်ခြင်းသည် လူသိနည်းသော်လည်း အဖြစ်များ
သည့် ရောဂါတစ်ခုဖြစ်သည်။

(၂) မြေပဲထောပတ်ကြောက်ရောဂါ (Arachibutyrophobia)

မြေပဲထောပတ်စားသည့်အခါ ထောပတ်များ အာခေါင်တွင်ကပ်ကျန်ရစ်ခဲ့မည်ကို ကြောက်သော ရောဂါဖြစ်သည်။

(၃) အရယ်ကြောက်ရောဂါ (Geliophobia)
ရယ်သံကိုလည်းကောင်း၊ ရယ် ခြင်းကိုလည်းကောင်း ကြောက်သည့် ရောဂါဖြစ်သည်။

(၄)ဒူးကြောက်ရောဂါ (Genuphobia)
ဒူးကြောက်ရောဂါရှိသူများ သည် ဒူးဖုံးသည့် အ၀တ်အစားများ သာ ၀တ်ဆင်ရလေ့ရှိပြီး အခြားသူ များ၏