“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, February 8, 2013

Printerတွေကို ရေရှည်အသုံးခံနိုင်အောင် ထိန်းသိမ်းခြင်း



Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြားသွားစေပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာကြရအောင်။

(၁) Printer ထုတ်လျှင် "Draft Mode" ကို ရွေးခြင်းမိမိသည် ကိုယ်ပိုင်စာတိုပေစလေးများကို ထုတ်ယူအသုံးပြုမည်ဆိုပါက Printer အား Draft Mode ဖြင့်သာ ထုတ်ခြင်းဖြင့် မင်ရည်အသုံးပြုမှုကို အနည်းငယ်သက်သာစေသလို ကြာရှည်အသုံးပြုနိုင်ပါတယ်။ Draft Mode အသုံးပြုရန်အတွက် Control Panel ထဲက Printer နဲ့ Properties ထဲကို သွားပြီး Printing Preferences ထဲက Paper Quality မှာ Draft ကို ရွေးချယ်လိုက်ပါ။

(၂) Print Nozzle & Cartridge Cradles များအား ရှင်းလင်းခြင်းယခုခေတ်အတော်များများသာ Deskjet Printer များဟာ Nozzle နဲ့ Cartridge ကို ရှင်းလင်းရန်အတွက် အပိုပစ္စည်းလေးများ တစ်ခါတည်း ပါဝင်လာတတ်လေသည်။ ဒါကြောင့် တစ်ပတ်ကိုတစ်ခါလောက် မိမိ Printer ရဲ့ Nozzle နဲ့ Cartridge Cradles များကို စစ်ဆေးသင့်သည်။ ညစ်ပတ်နေတယ်ဆိုရင်တော့ လေမှုတ်စက်ဖြင့် ဖြစ်စေ၊ အရက်ပျံဆွတ်ထားတဲ့ ဂွမ်းလေးနဲ့ဖြစ်စေ သန့်ရှင်းသင့်သည်။

(၃) Web Base Printing အား အသုံးပြုခြင်းအချိန်နဲ့မင် အသုံးပြုမှု သက်သာစေရန်အတွက် Manufacture များရဲ့ software အတော်များများ ရှိကြပါတယ်။ ဥပမာ- HP Smart Web Printing Software စသည်တို့ကို အသုံးပြုသင့်သည်။

(၄) Cartridge များ မှန်မှန်ကန်ကန်ထည့်ခြင်းCartridge များအားထည့်စဉ် အထိုင်ကျစေရန်နဲ့ ဖိတ်စင်မှုများ မရှိစေရန်အတွက် စနစ်တကျ ထည့်သင့်သည်။ Original Ink ကိုသုံးပါက ပိုပြီး အဆင်ပြေမည်။ Nozzle ခေါင်းများ ခြောက်သွေ့မှု မရှိစေရန်အတွက် သတိပြုသင့်သည်။

(၅) စနစ်တကျ Power ပိတ်ခြင်းPrinter ရဲ့ Main Power Switch အား မပိတ်မီ Printer ရဲ့အတွင်းပိုင်းတွင် Run နေသော Process နဲ့ Print Head များကို ကောင်းမွန်စွာ ပိတ်နိုင်မည်ဖြစ်သည်။

(၆) အရည်အသွေးကောင်းမွန်သော paper များအား အသုံးပြုခြင်းညံ့ဖျင်းတဲ့ Paper တွေဟာ Printer ရဲ့ စက်ပိုင်းဆိုင်ရာတွေကို Paper Jam ဖြစ်စေခြင်းဖြင့် ပျက်စီးစေပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ Paper များကိုသာ အသုံးပြုသင့်ပါတယ်။




=====================================
Credit to ရွှေအိမ်စည်စာကြည့်တိုက်
အေးချမ်းမွန်မှ 2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက် တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။

အင်ဒိုနီးရှားတွင် ကိုဒိုမိုနဂါးတိုက်ခိုက်မှုကြောင့် လူ ၂ ဦးဒဏ်ရာရ

အင်ဒိုနီးရှား နိုင်ငံတွင် ပုတ်သင် အကြီးစားကြီး တစ်ကောင်၏ တိုက်ခိုက်မှု ကြောင့် လူ(၂)ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။ ကိုမိုဒိုနဂါးဟု ခေါ်ဝေါ်လေ့ရှိသည့် တွားသွား သတ္တဝါကြီးသည် နိုင်ငံ အရှေ့ပိုင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥယျာဉ် တစ်ခုထဲတွင် လူ(၂)ဦးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက် ခံရသူများမှာ ဥယျာဉ် အတွင်းမှ တောခေါင်းတစ်ဦးနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်တို့ ဖြစ်သည်။ (၇)ပေရှည်သော ပုတ်သင်ကြီးက တောခေါင်း၏ ရုံးခန်းထဲထိ ဝင်ရောက် ရန်ပြုခဲ့ပြီး ကူညီရန် ရောက်လာသည့် လုပ်ဖော်ကိုင်ဖက်ကိုပါ တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အတွင်း လူ(၂)ဦးလုံး ခြေထောက်တွင် ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိပြီး ဆေးရုံသို့ တင်ပို့ ကုသခဲ့ရသည်။ ကိုမိုဒိုနဂါးများသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ပုတ်သင်မျိုးနွယ်များ ဖြစ်ကြပြီး (၁၀)ပေမျှထိ ကြီးထွားနိုင် ကြသည်။ ၎င်းတို့တွင် အလွန်ထက်မြေ့သော သွားများ ရှိနေပြီး အကိုက်ခံ ရပါက အဆိပ်သင့်နိုင်ကြောင်းလည်း သိရသည်။ ယင်းပုတ်သင်ကြီးများ၏ မေးရိုးအောက်တွင် ပြင်းထန်သော အဆိပ်ဓာတ် ဂလင်းများ ပါဝင်နေပြီး အကိုက်ခံရသည့် သားကောင်ကို တုံ့ဆိုင်း နှေးကွေးသွားစေသည်။

ယင်းတို့သည် အင်ဒိုနီးရှား အရှေ့ပိုင်းရှိ ကိုမိုဒိုကျွန်း အနီးတွင်သာ နေထိုင်ကျက်စားလျှက် ရှိသည်။ ကိုမိုဒို နဂါးများသည် ကြီးမားသော နို့တိုက်သတ္တဝါများ၊ သေးငယ်သော တွားသွားသတ္တဝါလေးများနှင့် ငှက်များကို အစာအဖြစ် အဓိက စားသောက်လေ့ရှိပြီး လူကို တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များလည်း ပေါ်ပေါက်ခဲ့ဖူးသည်။ ကမ္ဘာပေါ်တွင် အသက်ရှင်နေသော ကိုမိုဒိုနဂါး အရေအတွက် (၄၀၀၀)ဝန်းကျင်မျှသာ ရှိနိုင်ကြောင်းလည်း သိရှိရသည်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1211791&xgs=1&xg_source=msg_share_post

သွေးဖြင့် လူ ၂ သန်း ကယ်ခဲ့သူ


တကယ် လူဦးရေ ၂ သန်း ပြည့်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ James Harrison အမည်ရ သြစတေးလျ သွေး အလှူရှင် တစ်ဦး ဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်ဖွား အမျိုးသား ဖြစ်ပါတယ်။

အသက် ၁၃ နှစ်သားက ရောဂါတစ်မျိုးကြောင့် ခွဲစိတ်ခန်းဝင်ရပြီး သွေး ၁၃ ပုလင်းသွင်းခဲ့ရပါတယ်။ ဒါကြောင့် သူဟာ သွေးရဲ့  အရေးကြီးပုံကို သဘောပေါက်သွားပြီး အသက် ၁၈ နှစ်သားကစလို့ သွေးလှူဒါန်းခြင်း အလှူကို အားသွန်ခွန်ဆိုက် ပြုလုပ်ပါတော့တယ်။ ဒီမှာ ထူးထူးခြားခြား တစ်ခု တွေ့ရှိပါတယ်။

ဒါကတော့ James ရဲ့  သွေးရည်ကြည် ဟာ ကိုယ်ဝန်ဆောင်မိခင်များကို ကလေး မမွေးဖွားနိုင်အောင် ကိုယ်ဝန်ပျက်ကျစေတဲ့ Rh disease ကို နှိမ်နှင်း နိုင်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာမှာ ရှားရှားပါးပါး သူတစ်ယောက် ကိုပဲ တွေ့ရှိရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် James ရဲ့  အသက်ကို အမေရိကန်ဒေါ်လာ ၁ သန်း နဲ့ အာမခံပေးပါတယ်။ ပြီးတော့ သူကိုယ်တိုင် ကလည်း Rh disease ရှိသူ ကိုယ်ဝန်ဆောင်မိခင်တိုင်းကို လှူဒါန်းပါတယ်။

သူက သွေးရည်ကြည်ဓာတ်တစ်မျိုး ထုတ်တာဆိုတော့ ပုံမှန် သွေးလှူနေ သလို အများကြီးလှူစရာ မလိုအပ်ပါဘူး။ ဒါကြောင့် ၂ ရက်၊ ၃ ရက်ခြား တစ်ကြိမ် ပုံမှန် လှူဒါန်းရပါတယ်။ အမြဲတမ်း သွေး ထုတ် နေရသလို ပဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ အကြိမ် ၁ထောင်မြောက် စံချိန် ချိုးသွားပြီး သူကယ်ခဲ့တဲ့ ကလေးငယ် ဦးရေက ၂ သန်းကျော်ပါတယ်။ ကလေး ငယ် ၂ သန်းကျော်လုံးရဲ့  အသက်ကို သူသွေးနဲ့ ကယ်ခဲ့သူ ဆိုတော့ ဘယ်သူမှ မလေးစားပဲ မနေပါဘူး။

သူ့အလုပ်ဟာလည်း သွေးလှူတဲ့ ဖြစ်သွားရပါတယ်။ သြစတေးလျနိုင်ငံရဲ့  စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အသတ်မှတ်ခံရပြီး သွေးလှူခြင်းနဲ့ ပက်သက်လို့ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ပရဟိတ အဖွဲ့အစည်းများ ဖွဲ့ပါတယ်။ အမေရိကန်တို့ မှ လာရောက်ဆက်သွယ်ရသည်အထိ ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး ယနေ့တိုင်လည်း သွေးလှူနေ ဆဲ ဖြစ်ပါတယ်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1211907&xgs=1&xg_source=msg_share_post

တမာရွက်ရဲ့ထူးကဲတဲ့ အာနိသင်များ

တမာရွက်မှာ ဆေးဖက်ဝင် အာနိသင် တွေရှိတယ် ဆိုတာ လူအများစုက သတိပြု မိကြ ပါတယ်။
တမာရွက်တင် မက တမာခေါက် တွေကို အိန္ဒိယမှာ အလွန် ထင်ရှားတဲ့ ဆေးဖက်ဝင် ပစ္စည်း အဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြု နေကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တမာရွက်ကို များများ စားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေး သင့်ပါတယ်။

(၁) ပိုးသတ်အာနိသင်ရှိပါတယ်
တမာရွက်မှာ ဘက်တီးရီးယား၊ ကပ်ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်းရပ်စ် တွေကို ဆန့်ကျင် နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ ဒါကြောင့် အနာ ပေါက်နေ ချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာတဲ့ ရေနဲ့ အနာကို ဖန်ရည် ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်
သင့်ခန္ဓာကိုယ် အရေပြား ယားယံ နေရင် တမာရွက်ပြုတ် ရည်နဲ့ ရေချိုး လိုက်ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင် အာနိသင်ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုး မွှားတွေကို ကင်းစင် စေပါတယ်။

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်
သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာဆီကို လိမ်းပေး နိုင်ပါတယ်။ ဒဏ်ရာနဲ့ အနာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန် ပေးပြီး အနာကျက် မြန်စေပါတယ်။

(၄) အရေပြား အနာတွေအတွက် ဆေးစွမ်းကောင်းပါ
နှင်းခူ၊ ဝက်ခြံ၊ အရေပြား ဓာတ်မ တည့်တာ၊ အရေပြားမှာ အနီကွက် ပေါ်တာ၊ အရေပြားမှာ ယားနာ ပေါက်တာ စတဲ့ အရေပြား ဝေဒနာ အားလုံး အမြန် သက်သာစေဖို့ တမာဆီ ဒါမှ မဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံး ပြုပေးပါ။

(၅) မီးလောင်ဒဏ်ရာကို အမြန်သက် သာစေပါတယ်
မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျို ထားတဲ့ တမာရေကို လိမ်းပေးပါ။ အရေပြားကို အနာ အမြန် ကျက်စေပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၆) ဆံပင်သား ကျန်းမာစေပါတယ်
တခြား ဆံပင်လိမ်းဆီ အစား ဆံပင်မှာ တမာဆီကို လိမ်းပေးရင် ဆံပင်မဖြူအောင် ကာကွယ် ပေးနိုင်ပြီး ဗောက်ထတာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ် တာတွေကို သက်သာ လျော့ပါး စေပါတယ်။

(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေပါတယ်
တမာဆီကို နာကျင်နေတဲ့ ကြွက်သားနဲ့ အဆစ် နေရာတွေမှာ လိမ်းပြီး နှိပ်ပေးရင် ရိုးဆစ် ရောင်ရမ်းနာ၊ ဂေါက်အဆစ် ရောင်နာ၊ ခါးနာတာ စတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာ စေနိုင်ပါတယ်။

(၈) အစာခြေစနစ်ကို ကောင်းမွန်စေ ပါတယ်
တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံ အာရုံ မကောင်းတာကို သက်သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာ စေပါတယ်။ ရင်ပူမှုမ ဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

(၉) သန်ကောင်တွေကို ကင်းစင်စေပါ တယ်
တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင် စေပါတယ်။ အကြောင်း ကတော့ တမာရွက်မှာ သန်ကောင်တွေကို တွန်းလှန် ပေးနိုင်တဲ့ အစွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာ တွေကို ကျန်းမာစေ လို့ပါ။

(၁၀) သွေးသန့်စင်စေပါတယ်
တမာရွက်ကို ပုံမှန်စားပေးရင် သွေးသန့်စင် စေပါတယ်။ တမာရွက်ဟာ သွေးထဲက အညစ် အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေ ပါတယ်။

(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်
တမာရွက်ကို ဆီးချို သွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။ အကြောင်းကတော့ တမာရွက်ဟာ သွေးတွင်းသကြား ဓာတ်ကို ပုံမှန် ဖြစ်အောင် ထိန်းပေး နိုင်လို့ပါ။

(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်
တမာရွက်ကို စားပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံ စွမ်းအား စနစ်ကို သန်စွမ်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပ ရောဂါ တွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။
ကြယ်စင်
Ref;Good Health
http://www.myawady.net.mm/health/knowledge/item/6504-2013-02-08-11-35-05#.URUU1_JbQdV

အိပ်မက်မြင်မက်ခြင်းအကြောင်း တစ်စေ့တစ်စောင်း


Photo: ****အိပ်မက်မြင်မက်ခြင်းအကြောင်း တစ်စေ့တစ်စောင်း*****
++++++++++++++++++++++++++++++++++++++++++
လူရယ်လို့ဖြစ်လာကြတဲ့သူတိုင်းဟာ ကြီးကြီး ငယ်ငယ် ရွယ်ရွယ်လတ်လတ် အိပ်မက်ကိုတော့ မြင်မက်ဘူးကြတဲ့ သူတွေချည်းပဲဖြစ်မှာပါ။ တခါတလေကျ ပျော်ရွှင်ဖွယ်ရာ ကြည်နူးစရာ အိပ်မက်တွေကို မြင်မက်တတ်ကြသလို တခါတလေကြတော့လည်း ထိတ်လန့်စရာ ကြောက်လန့်စရာအိပ်မက်ဆိုးမျိုးကိုလည်းမက်တတ်ကြပါတယ်။ တချို့သောသူများကအိပ်မက်ကိုသိပ်အလေးမထားလို့စွဲလမ်းမှုဥပါဒါန်မဖြစ်သောကြောင့်ဘေးမဖြစ်ြ ကပေမဲ့လည်း၊အိပ်မက်အပေါ်အစွဲအလမ်းကြီးတဲ့သူတွေကျတော့ကောင်းတဲ့အိပ်မက်ကို မြင်မက်လို့ ဘာမှမဖြစ်ပေမည့် မကောင်းဆိုးဝါးတဲ့ အိပ်မက်မျိုးကို မက်မြင်ရင်တော့ ထိုအိပ်မက်အပေါ် စိတ်ကရောက်ပြီး မိမိထင်ချင်ရာထင်လို့ နောက်ဆုံ မိမိစိတ်က မိမိကို ပြန်လည်ခြောက်လှန့်သောကြောင့် စိတ်မချမ်းမသာဖြစ်တတ်ကြပါတယ်။

အဋ္ဌာကထာကျမ်းပြုဆရာတော်များ၏ရေးသားဖော်ပြချက်အရအိပ်မက်မက်ခြင်းအကြောင်းတရား (၄)မျိုးရှိကြောင်းသိရှိရပါတယ်။ ထို(၄)မျိုးမှာ-

(၁) ဓာတုက္ခောဘတော =ခန္ဓာကိုယ်အတွင်း၌ရှိသော သည်းခြေ၊သလိပ်၊သွေး၊လေ အစရှိသော ဓါတ်သဘောများ မသင့်မမျှတသောကြောင့် အိပ်မက်မြင်မက်ခြင်း။

ထိုကဲ့သို့သွေး၊လေ၊သည်းခြေ၊အစရှိသည့်ခန္ဓာကိုယ်၏ဓါတ်သဘောများများဖောက်ပြန်သဖြင့်မြင်မက်သောအိပ်မက်မျိုးမှာ၊ထိတ်လန့်ကြောက်စရာကောင်းသောအိပ်မက်ဆိုးမျိုးကိုမြင်မက်တတ်ပါတယ်။တာင်ပေါ်မှ တောင်အောက်သို့ လိမ့်ကျသလို၊ကောင်းကင်ခရီး၊ပင်လယ်ပြင်ခရီးများကို အသဲတထိတ်ထိတ်သွားနေတွေ့ကြုံနေရသလို၊ ဆင်၊ကျား၊ခြင်္သေ့၊အစရှိသော တိရိစ္ဆာန်ဆိုးများနှင့် လူဆိုးများမှ နောက်မှနေ၍ လိုက်လံ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေသလို အိပ်မက်ဆိုးများကို မြင်မက်တတ်ကြပါသည်။
ထို့အပြင်မိမိအိပ်နေသည့်အနေအထားမမှန်ကန်ပါကလည်းအိပ်မက်ဆိုးများမြင်မက်တတ်ပါတယ်။ ဥပမာ လက် ၊ခြေ ၊ဦးခေါင်း စသော ကိုယ်အင်္ဂါအစိပ်အပိုင်းများအပေါ်တွင် တဖက်သတ်ဖိ၍ အိပ်ခြင်းမျိုးများနှင့် အိပ်ယာနေရာ ပါတ်ဝန်းကျင်အနေအထား မကောင်းခြင်း စိတ်မကြည်မလင်ဖြစ်ခြင်များဖြစ်ပေါ်ပါကလည်းမြင်မက်တတ်ပါသည်။နေရာအပြောင်းအလဲဖြစ်ခြင်းကိုယ်နှင့်မတည့်သည့်အရပ်ဒေသများ၌နေထိုင်ခြင်များသည်လည်းအိပ်မက်ဆိုးများမက်စေပါတယ်။

ထိုကဲ့သို့သည်းခြေ၊သွေး၊လေ။အစရှိသောကိုယ်ခန္ဓာဓါတ်သဘောတရားများမမျှတမှုကြောင့်မက်သော အိပ်မက်မျိုးသည် လုံးဝမမှန်ပေ။ အိပ်မက်ထဲကအတိုင်း အပြင်ဘ၀မှာ လုံဝ မဖြစ်နိုင်ပါ။

နံပါတ်နှစ်အိပ်မက်မျိုးကတော့=

(၂)အနုဘူတပုဗ္ဗတော=မိမိရှေ့ယခင်ကတွေ့ကြုံဖူး၊မြင်ဖူး၊သိဘူး၊ကြားဖူး၊ရောက်ဖူးသော၊နေရာများ လူပဂ္ဂိုလ်များနှင့်ပတ်သက်၍မိမိရဲ့မသိ(ဘ၀င်)စိတ်ကစေ့ဆော်သောကြောင့်ထိုအရာတွေနှင့်ပါတ်သက်ပြီးပျော်ရွှင်ဖွယ်ရာ၊ထိတ်လန့်စရာစသည့်အမျိုးမျိုးမြင်မက်သောအိပ်မက်မျိုးဖြစ်သည်။၎င်းအိပ်မက်မျိုးသည်အစီအစဉ်မကျထင်ရာမြင်ရာမက်တတ်ပါသည်။

ထိုကဲ့သိုမြင်မက်သောအိပ်မက်မျိုးသည်လည်းလုံးဝမမှန်ပေ။များသောအားဖြင့်ထိုကဲ့သို့သောအိပ်မက်မျိုးကိုသာ မက်တတ်ကြပါသည်။ အိပ်ရေးအလွန်းဝသောအခါ အိပ်ရေးမ၀သောအခါမျာ၌ လည်း မြင်မက်တတ်ပါသည်။

(၃)ခုမြောက်အိပ်မက်ကတော့=ဒေ၀တောပသံဟာရတော=နတ်တို့ကလှည့်စားသောကြောင့်မြင်မက်သောအိပ်မက်မျိုးဖြစ်ပါသည်။နတ်များကချစ်၍ကောင်းကျိုးရှိစေလိုသောသို့မဟုတ်အကျိုးမဲ့စေလိုသောကြောင့်နှင့် အိပ်မက်ကောင်များမက်စေခြင်းဖြင့် စိတ်ချမ်းသာစေလိုခြင်း၊ မကောင်းသောသော အိပ်မက်များကို မက်မြင်စေခြင်းဖြင့် စိတ်ဆင်းရဲစေလိုသောကြောင့် နတ်တို့ကမြင်မက်စေတတ်သော အိပ်မက်မျိုးဖြစ်ပါသည်။

မိမိလုပ်ဆောင်နေသည့် အလုပ်အကိုင် နေရာဋ္ဌာန များကို မကြိုက်မနှစ်သက်ပါကလည်း ကောင်ကျိုးလိုလားသောနတ်များကအိပ်မက်ပေးသကဲ့သို့၊မိမိလုပ်ငန်းစသည်ကိုပျက်ပြားစေရန်အတွက်လည်း လှည့်စား၍ အိပ်မက်ပေးတတ်ပါသည်။ထိုကဲ့သို နတ်များလှည့်ဖျားသောကြောင့် မြင်မက်သော အိပ်မက်မျိုးသည် နတ်တို့က အကျိုးလိုလား၍ မြင်မက်စေသော အိပ်မက်မျိုးသည် မှန်တတ်ပြီး အကျိုးမဲ့ကို ဖြစ်စေလိုသောကြောင့် မြင်မက်စေသော အိပ်မက်မျိုးသည် လုံးဝမမှန်တတ်ပေ။

(၄)ပုဗ္ဗနိမိတ္တတော=နောင်အနာဂါတ်ကာလတွင်ဖြစ်ပေါ်မည့်အနာဂါတ်အကြောင်းတရားများကိုကြိုတင်၍မြင်မက်သောအိပ်မက်မျိုးသည်ကောင်းမှုမကောင်းမှု(ကုသိုလ်အကုသိုလ်)ကံအစွမ်းကြောင့်ရှေ့ဖြစ်ပေါ်မည့်အကြောင်းအရာများကိုရှေ့ပြေးအဖြစ်မြင်မက်စေသောအိပ်မက်မျိုးဖြစ်ပါသည်။ ထိုသို့သောအိပ်မက်မျိုးသည် အများအားဖြင့် မှန်တတ်ပေသည်။



ရဟန္တာများတွင် ၀ိပလ္လာသ တရားများပယ်ရှားပြီးဖြစ်သောကြောင့် မည်သည့်အိပ်မက်မှ မမြင်မက်တော့ပေ၊သောတာပန်၊သကဒါဂါန်၊အနာဂါန်၊ပုဂ္ဂိုလ်များသာမြင်မက်ကြပါသည်။အချိန်ကာလအားဖြင့် နေ့အခါမြင်မက်သောအိပ်မက်၊ညဥ့်ဦးယံ၊သန်းခေါင်ယံ၊ မိုးသောက်ရန်အခါတို့တွင် မြင်မက်သော အပ်မက်သည် မမှန်တတ်ပေ၊ မိုးသောက်အားကြီး လင်းခါနီးအချိန်မှာမြင်မက်သော အိပ်မက်သည် မှန်တတ်ပါသည်။

´´ထို့သော် အထူးမှတ်သားထားရမည်မှာ သာမာန်လူတို့တွင် (၁) သွေး၊လေ၊သည်ခြေ စသည့် ခန္ဓာကိုယ်ဓါတ်သဘောတရားများခြောက်ခြားသောကြောင့်မြင်မက်သော အိပ်မက်နှင့်၊(၂)ရှေ့ကတွေ့ကြုံ မြင်ဖူး၊ကြားဖူး လေ့ကျက်ဖူးသောကြောင့် မြင်မက်သော အိပ်မက်များသာ မက်မက်တတ်ကြပါသည်။ကျန်သည့် ၂-မျိုးမှာ မြင်မက်လေ့ မရှိပေ´´

´´ဘုရားလောင်း၊ အရိယာပုဂ္ဂိုလ်သူတော်ကောင်းများနှင့် ၊ တိုင်းပြည်အုပ်ချုပ်သည့် ရှင်ဘုရင်များသာ နောက်ဆုံး ၂-မျိုးမြင်မက်၍ မြင်မက်သည့်အအတိုင်းပင် မှန်ကန်တတ်သည်ကို စာပေများ၌ တွေ့ရပါသည်´´

´´ထို့ကြောင့် သာမာန်သူလိုငါလို လူသားများအနေဖြင့် မြင်မက်သော အိပ်မက်များအပေါ်တွင် စိတ်ဖိစီး၍ မနေသင်ပေ။ ထိုကဲ့သို လက်တွေ့မဖြစ်နိုင်သည့် အိပ်မက်များအပေါ်တွင်ယုံကြည်ကာစိတ်မပျော်မရွှင်ခြင်းနှင့်အိပ်မက်ကောင်းများမြင်မက်သောကြောင့် စိတ်အလွန်းယုံကြည်နေခြင်းမျိုးလုံးဝ မမဖြင်သင့်ပေ´´

အကယ်၍မကောင်းသည့်အိပ်မက်ဆိုးများမမြင်မက်လိုပါကထိုမကောင်းသည့်အိပ်မက်များပေါ်တွင်အစွဲအလမ်းမထားရန်နှင့် တခြားသော အရာများအပေါ်တွင်လည်း လွန်စွာတွေးတောပူပန် အစွဲမထားသင့်ပေ။ ညအိပ်ရာဝင်တွင် ဘုရားရှိခိုး၍ အိပ်စက်ခြင်း လောကသားသတ္တ၀ါးတို့အား မေတ္တာကိုစူးစိုက်စွာပို့ခြင်းနှင့်မိမိ၏အိပ်ရာနေယာအားသန့်ရှင်းစွာထားပြီးအိပ်စက်ဘို့ရန်အထူးလိုအပ်လှပါသည်။

နောက်ဆုံးအချုပ်အားခြင့်ဆိုရသော် ထိုအိပ်မက်ခြင်မျိုးသည် သာမာန်သူတို့အတွက် ဘာမှ အကျိုး၊ အပြစ်မဖြစ်စေနိုင်သောကြောင့် ကောင်း ၊မကောင်း မည်သည့်အိပ်မက်ကိုပဲ မြင်မက်သည်ဖြစ်စေ စိတ်ထဲတွင် မထားပဲ မိမိလုပ်ဆောင်သင့်သည့် လောကီ၊လောကုတ္တရာ အလုပ်ကောင်များကိုသာ နှစ်ဦးနှစ်ဘက်အကျိုးရှိစေရန် လုပ်ဆောင်သင်လှပါသည်။

(သူ့အကျိုး၊ ကိုယ့်အကျိုး ၊ သည်ပိုးနိုင်သောသူများ ဖြစ်ကြပါစေ)

ဓမ္မ၀ီရ-အရှင်တေဇနိယ (ကိုလံဘို-သီရိလင်္ကာနိုင်ငံ)
လူရယ်လို့ဖြစ်လာကြတဲ့သူတိုင်းဟာ ကြီးကြီး ငယ်ငယ် ရွယ်ရွယ်လတ်လတ် အိပ်မက်ကိုတော့ မြင်မက်ဘူးကြတဲ့ သူတွေချည်းပဲဖြစ်မှာပါ။ တခါတလေကျ ပျော်ရွှင်ဖွယ်ရာ ကြည်နူးစရာ အိပ်မက်တွေကို မြင်မက်တတ်ကြသလို တခါတလေကြတော့လည်း ထိတ်လန့်စရာ ကြောက်လန့်စရာ အိပ်မက်ဆိုးမျိုးကိုလည်းမက်တတ်ကြပါတယ်။ တချို့သောသူများက အိပ်မက်ကိုသိပ်အလေးမထားလို့ စွဲလမ်းမှုဥပါဒါန်မဖြစ်သောကြောင့်ဘေးမဖြစ်ြ ကပေမဲ့လည်း၊အိပ်မက်အပေါ်အစွဲအလမ်းကြီးတဲ့သူတွေကျတော့ကောင်းတဲ့အိပ်မက်ကို မြင်မက်လို့ ဘာမှမဖြစ်ပေမည့် မကောင်းဆိုးဝါးတဲ့ အိပ်မက်မျိုးကို မက်မြင်ရင်တော့ ထိုအိပ်မက်အပေါ် စိတ်ကရောက်ပြီး မိမိထင်ချင်ရာထင်လို့ နောက်ဆုံ မိမိစိတ်က မိမိကို ပြန်လည်ခြောက်လှန့်သောကြောင့် စိတ်မချမ်းမသာဖြစ်တတ်ကြပါတယ်။

အဋ္ဌာကထာကျမ်းပြုဆရာတော်များ၏ရေးသားဖော်ပြချက်အရအိပ်မက်မက်ခြင်းအကြောင်းတရား

"3D ကြည့်ရင် သတိပြုစရာ"

Photo: "3D ကြည့်ရင် သတိပြုစရာ"

3D ရုပ်ရှင်က နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး တချို့လူတွေမှာ ခေါင်းကိုက်၊ အမြင်အာရုံေ၀၀ါး၊ နေမကောင်းဖြစ်၊ ခေါင်းထဲငြီးစိစိဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်ကမျက်စိကတစ်ဆင့် ပို့လိုက်တဲ့ ပုံရိပ်တွေကို သေသေချာချာ မစိစစ်နိုင်လို့ ဖြစ်တယ်လို့ဆိုကြပါတယ်။

"ရေရှည်ကုသမူ"

ရေရှည်က မျက်စိနှစ်လုံးအတူတူ အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ပါပဲ။

ဒါမှမဟုတ် မျက်မှန်အသစ်တပ်ပေးဖို့လိုပါတယ်။

"ရေတိုကုသမူ"

3D မျက်မှန်ကို ချွတ်လိုက်ပြီးထိုင်လိုက်ပါ။
အသက် နှစ်ချက်ခပ်ပြင်းပြင်း ရှူပြီး မျက်စိတွေကို ပိတ်လိုက်ပါ။
မိမိတစ်တောင်ဆစ်များကို ဒူးပေါ်မှာတင်၊ ရှေ့ကိုကိုင်ပြီး ဦးခေါင်းကို မိမိရဲ့ လက်ဖ၀ါးထဲမှာ နားနေပါစေ။ ဘယ်လက်ဖ၀ါးကို ဘယ်ဖက်မျက်စိပေါ်မှာတင်၊ လက်ချောင်းတွေနဲ့၊ နဖူးကိုထိထား၊ လက်ဖနောင့်နဲ့ မေးရိုးကိုပင့်ထား မျက်စိပေါ်မှာတော့ လက်ဖ၀ါးရဲ့ချိုင့်နေတဲ့ နေရာကွက်လပ်ကို တည့်တည့်တင်ပြီး မျက်တောင်ခပ်ဖို့ နေရာချန်ထားပါ။ ညာဖက်လက်၊ ညာဘဖက်မျက်စိကိုလည်း ဒီအတိုင်းပဲပြုလုပ်ပြီး ညာလက်ချောင်းတွေကို ဘယ်လက်ချောင်းတွေပေါ်မှာ ယှက်ထားလိုက်ပါ။ ပြီးရင် အသက်ကိုပြင်းပြင်း ရှူလိုက်ပါ။ (အနည်းဆုံး ၄မိနစ်) နားနားနေကြည့်ပါ။

3D ဗီဒီယို (သို့မဟုတ်) 3D games တွေကို ကြည့်နေ၊ ကစားနေရင်ကြားမှာ ခေတ္တ ခေတ္တရပ်နားပါ။

 ဒေါက်တာဇော်သန်း
3D ရုပ်ရှင်က နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး တချို့လူတွေမှာ ခေါင်းကိုက်၊ အမြင်အာရုံေ၀၀ါး၊ နေမကောင်းဖြစ်၊ ခေါင်းထဲငြီးစိစိဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်ကမျက်စိကတစ်ဆင့် ပို့လိုက်တဲ့ ပုံရိပ်တွေကို သေသေချာချာ မစိစစ်နိုင်လို့ ဖြစ်တယ်လို့ဆိုကြပါတယ်။

"ရေရှည်ကုသမူ"

ရေရှည်က မျက်စိနှစ်လုံးအတူတူ အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ပါပဲ။

ဒါမှမဟုတ် မျက်မှန်အသစ်တပ်ပေးဖို့လိုပါတယ်။

"ရေတိုကုသမူ"

3D မျက်မှန်ကို ချွတ်လိုက်ပြီးထိုင်လိုက်ပါ။
အသက် နှစ်ချက်ခပ်ပြင်းပြင်း ရှူပြီး မျက်စိတွေကို ပိတ်လိုက်ပါ။
မိမိတစ်တောင်ဆစ်များကို ဒူးပေါ်မှာတင်၊ ရှေ့ကိုကိုင်ပြီး ဦးခေါင်းကို မိမိရဲ့ လက်ဖ၀ါးထဲမှာ နားနေပါစေ။ ဘယ်လက်ဖ၀ါးကို ဘယ်ဖက်မျက်စိပေါ်မှာတင်၊ လက်ချောင်းတွေနဲ့၊ နဖူးကိုထိထား၊ လက်ဖနောင့်နဲ့ မေးရိုးကိုပင့်ထား မျက်စိပေါ်မှာတော့ လက်ဖ၀ါးရဲ့ချိုင့်နေတဲ့ နေရာကွက်လပ်ကို တည့်တည့်တင်ပြီး မျက်တောင်ခပ်ဖို့ နေရာချန်ထားပါ။ ညာဖက်လက်၊ ညာဘဖက်မျက်စိကိုလည်း ဒီအတိုင်းပဲပြုလုပ်ပြီး ညာလက်ချောင်းတွေကို ဘယ်လက်ချောင်းတွေပေါ်မှာ ယှက်ထားလိုက်ပါ။ ပြီးရင် အသက်ကိုပြင်းပြင်း ရှူလိုက်ပါ။ (အနည်းဆုံး ၄မိနစ်) နားနားနေကြည့်ပါ။

3D ဗီဒီယို (သို့မဟုတ်) 3D games တွေကို ကြည့်နေ၊ ကစားနေရင်ကြားမှာ ခေတ္တ ခေတ္တရပ်နားပါ။

ဒေါက်တာဇော်သန်း
http://www.facebook.com/MyawadyNews