“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, June 20, 2013

ဘဝမှာ စိတ်ချမ်းသာစေနိုင်တဲ့ အကြံပြုချက် ( ၇ ) ချက်

ဘဝမှာ စိတ်ချမ်းသာစေနိုင်တဲ့ အကြံပြုချက် ( ၇ ) ချက်

20/6/2013

၁- လိမ်လည်ခြင်းကို ရှောင်ပါ။
၂- မျှော်လင့်ချက်ကို လျှော့ပါ။
၃- အလုပ်ကိုများများလုပ်ပါ။
၎- အချိန်ကိုလေးစားပါ။
၅- ရိုးသားဖြောင့်မတ်စွာ နေထိုင်ပါ။
၆- အမြဲတမ်းပြုံးနေပါ။
၇- ပေါင်းသင်းဆက်ဆံရေးကို အစဉ်ခိုင်မြဲပါစေ။

သူငယ်ချင်းတို့ရေ……
ဒီအချက်( ၇ ) ချက်ကို လိုက်နာကျင့်ကြံမယ်ဆိုရင်
ကမ္ဘာမှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်မှာပါလို့ ပြောပါရစေ….။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ…..
လင်းမြတ်(ပန်းတောင်း)

Seven free tips to be happy in your life:
1.Do not cheat.
2.Expect little.
3.Word more.
4.Never be late.
5.Live Simple.
6.Always smile.
7.Never ever break good relations.
If you do that, believe me you will be the happiest persom in the world.
-Unknown

အင်းလေးမီဒီယာ

အေးချမ်းမွန် Copy & Credit To >Myanma Light < Thank

ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလျှင် ကျရောက်တတ်သော ဒဏ် ၁၀ ပါး

ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလျှင် 
ကျရောက်တတ်သော ဒဏ် ၁၀ ပါး-

၁) ရောဂါဆန်းတွေ ဖြစ်တတ်သည်။

၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်သည်။

၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်သည်။

၎) ပွေး၊ ၀ဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်သည်။

၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်သည်။

၆) မင်းဘေးမင်းဒဏ် သင့်တတ်သည်။

၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်သည်။

၈) ဇနီး၊ မယား သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်သည်။

၉) လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်သည်။

၁၀) ဥစ္စာ ပစ္စည်းများ အရောင်းအ၀ယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှူံးသွားတတ်သည်။

ခင်ပွန်းကြီး ၁၀ ပါးကား--

၁။ ဗုဒ္ဓ- သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်

၂။ ပစ္စေကဗုဒ္ဓ- ဘုရားငယ်ဟုခေါ်သော ပစ္စေကဗုဒ္ဓ (သာသနာပ-သာသနာမထွန်းကားရာအချိန်၌ ပေါ်ထွန်းလာသော ဘုရားငယ်)။

၃။ ပကတိသာဝက ( ရဟန္တာ- ကိလေသာ, စိတ်အညစ်အကြေး လုံးဝကုန်ပြီးသော ရဟန္တာ)။

၎။ အဂ္ဂသာဝက- ဘုရားရှင်၏ လက်ျာရံ၊ လက်ဝဲရံ ဟူဆိုအပ်သော လက်ရုံးတော် သာဝက ၂ပါး။ (အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ကဲ့သို့)။

၅။ မာတာ-မွေးသမိခင် ကျေးဇူးရှင်။

၆။ ပိတာ- မွေးသဖခင် ကျေးဇူးရှင်။

၇။ ၀ုဒ္ဓါပစာယန- အသက်, သိက္ခာ, ဂုဏ်ဝါ, သီလ, သမာဓိ, ပညာ စသော ဂုဏ်တို့ဖြင့် မိမိထက် သာသူ မြတ်သူများ။

၈။ အာစရိယ- လိမ္မာစေရန် သွန်သင်ဆုံးမ ကျိုးကြောင်းပြ၍ ပညာသင်ပေးသော ဆရာသခင် ကျေးဇူးရှင်။

၉။ ဟိတကရ- စားဖွယ်, သောက်ဖွယ်, နေစရာ, အ၀တ်အစား၊ ထမင်းတစ်လုတ် ရေတမှုတ် စသည့် တစ်ခုခုဖြင့် ပေးကမ်းဖူးသော ကျေးဇူးရှင် (အလှူရှင်)

၁၀။ ဓမ္မကထိက- ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ၊ တရားဟောဆရာ။

ပိုင်းလော့ဆရာတော်ကြီး 

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

"အ၀ီစိငရဲသို့  မလွတ်တန်းဆွဲချမည့် အကုသိုလ်ကံ(၆)မျိုး"

"အ၀ီစိငရဲသို့  မလွတ်တန်းဆွဲချမည့် အကုသိုလ်ကံ(၆)မျိုး"

၁။ အမေသတ်သော အကုသိုလ်ကံ

၂။ အဖေသတ်သော အကုသိုလ်ကံ

၃။ ရဟန္တာသတ်သော အကုသိုလ်ကံ

၎။ ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်သော အကုသိုလ်ကံ

၅။ သံဃာသင်းခွဲသော အကုသိုလ်ကံ

၆။ နိယတမိစ္ဆာဒိဋ္ဌိ - ဒါနပြုခြင်း ၊ သီလဆောက်တည်ခြင်းဆိုတဲ့ ကုသိုလ်ဆိုတာ မရှိဘူး။ သူ့ အသတ်ကို သတ်တဲ့အတွက် ၊
ခိုးတဲ့အတွက်၊ အကုသိုလ်ဆိုတာ မဖြစ်ဘူး။
ထိုကုသိုလ် အကုသိုလ်တို့ ရဲ့ ကောင်းကျိုးဆိုးကျိုးဆိုတာ
မရှိဘူးဟု အယူမှားသော နိယတမိစ္ဆာဒိဋ္ဌိ အကုသိုလ်ကံ။

ဒီကံခြောက်ပါး တစ်ပါးပါးရှိနေရင်တော့ အ၀ီစိငရဲသို့ မလွတ်တန်းကျရပါတယ်။

အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ)
(သီလအစွမ်း အံ့မခန်း မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ 
(www.infinitydhamma.com)
၁။ အမေသတ်သော အကုသိုလ်ကံ

၂။ အဖေသတ်သော အကုသိုလ်ကံ

၃။ ရဟန္တာသတ်သော အကုသိုလ်ကံ

၎။ ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်သော အကုသိုလ်ကံ

၅။ သံဃာသင်းခွဲသော အကုသိုလ်ကံ

၆။ နိယတမိစ္ဆာဒိဋ္ဌိ - ဒါနပြုခြင်း ၊ သီလဆောက်တည်ခြင်းဆိုတဲ့ ကုသိုလ်ဆိုတာ မရှိဘူး။ သူ့ အသတ်ကို သတ်တဲ့အတွက် ၊
ခိုးတဲ့အတွက်၊ အကုသိုလ်ဆိုတာ မဖြစ်ဘူး။
ထိုကုသိုလ် အကုသိုလ်တို့ ရဲ့ ကောင်းကျိုးဆိုးကျိုးဆိုတာ
မရှိဘူးဟု အယူမှားသော နိယတမိစ္ဆာဒိဋ္ဌိ အကုသိုလ်ကံ။

ဒီကံခြောက်ပါး တစ်ပါးပါးရှိနေရင်တော့ အ၀ီစိငရဲသို့ မလွတ်တန်းကျရပါတယ်။

အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ)
(သီလအစွမ်း အံ့မခန်း မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

အကြည်တော် ၏ စာအုပ်များစုစည်းမှု

  1. အကြည်တော် – ကလေးလက်ရေး DOWNLOAD HERE
  2. အကြည်တော် – ကဝေပျို၏နိဒါန်း DOWNLOAD HERE
  3. အကြည်တော် – ကျွန်တော်ထောင်းခဲ့သောပေါင်များ DOWNLOAD HERE
  4. အကြည်တော် – ခင်မှုန်မင်္ဂလာဆောင် DOWNLOAD HERE
  5. အကြည်တော် – ချစ်လို့ စတာနာတယ် DOWNLOAD HERE
  6. အကြည်တော် – စွယ်စုံလက်ဆောင် DOWNLOAD HERE
  7. အကြည်တော် – ဇ DOWNLOAD HERE
  8. အကြည်တော် – ညာတာပါတေး DOWNLOAD HERE
  9. အကြည်တော် – တစ်ခါကငယ်ငယ်လေးတွေ DOWNLOAD HERE
  10. အကြည်တော် – နတ်ပြည်၏နံနက်ခင်း DOWNLOAD HERE
  11. အကြည်တော် – နတ်နေကိုင်း DOWNLOAD HERE
  12. အကြည်တော် – ပိုးကောင်များ DOWNLOAD HERE
  13. အကြည်တော် – ပြုတ်ထွက်သွားသောကျောရိုးဆစ်ကလေးများ DOWNLOAD HERE
  14. အကြည်တော် – ဘီလူး DOWNLOAD HERE
  15. အကြည်တော် – မိတ္တ ဟဒယ ဟာသ တက်ကျမ်း DOWNLOAD HERE
  16. အကြည်တော် – မိုးတိမ်ပုံပြင် DOWNLOAD HERE
  17. အကြည်တော် – မိချော DOWNLOAD HERE
  18. အကြည်တော် – မြစ်ပြင်ပေါ် ထင်ကျန်နေသော မြွေခြေရာများ DOWNLOAD HERE
  19. အကြည်တော် – ရီတမ်းအော့ဖ်ဘီလူး DOWNLOAD HERE
  20. အကြည်တော် – လူဆိုး DOWNLOAD HERE
  21. အကြည်တော် – လှအိုးကွဲ DOWNLOAD HERE
  22. အကြည်တော် – သံသရာအကွေ့ တစ်ရာ DOWNLOAD HERE
  23. အကြည်တော် – သားဘီလူး DOWNLOAD HERE
  24. အကြည်တော် – သဲလှည်း DOWNLOAD HERE
  25. အကြည်တော် – အချစ်သာအမှန်တရားဖြစ်ခဲ့ရင်ကျွန်တော်မှားနေတာကြာပြီ DOWNLOAD HERE
  26. အကြည်တော် – အသဲကွဲနှစ်ဆယ့်လေးနာရီ DOWNLOAD HERE
  27. အကြည်တော် – အာဒမ်၏ဆာတေး DOWNLOAD HERE
  28. အကြည်တော် – အိမ်(အပိုင်း-၁) DOWNLOAD HERE
  29. အကြည်တော် – အိမ်(အပိုင်း-၂) DOWNLOAD HERE
  30. အကြည်တော် – အိမ်မက်အပိုဒ်ခွဲ-၉ DOWNLOAD HERE
  31. အကြည်တော် – အို..ဘာတဲ့ DOWNLOAD HERE
  32. အကြည်တော် – အိုင်အိုဒင်းကိုကိုကြီးနှင့်.. DOWNLOAD HERE
  33. အကြည်တော် – ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် DOWNLOAD HERE
  34. အကြည်တော် – ဆွေတစ်ရာမောင်တစ်ကျိတ် DOWNLOAD HERE
  35. အကြည်တော် – တောသားကြီး DOWNLOAD HERE
  36. အကြည်တော် – နေတစ်ခြမ်းလတစ်ခြမ်း DOWNLOAD HERE
  37. အကြည်တော် – မောင်စောကြည်ဖြူနှင့်မမြင့်ဆန်းရီ၏ DOWNLOAD HERE
  38. အကြည်တော် – ယောက္ခမနှင့်တစ်ထောင့်တစ်ည DOWNLOAD HERE
  39. အကြည်တော် – ရွှေမိုးသည်း DOWNLOAD HERE
  40. အကြည်တော် – ရွှေရင်ရှုပ် DOWNLOAD HERE
  41. အကြည်တော် – လေယဉ်ပျံတစ်စီးနှင့်ကမ္ဘာရွာကြီး DOWNLOAD HERE
  42. အကြည်တော် – အောင်မြေ DOWNLOAD HERE
  43. အကြည်တော်(မိန်းမဋီကာ) DOWNLOAD HERE

  44. http://sarchitthu.blog.com/?p=146

"... အပါယ်ကျတတ်သော အလှူ ၁၀ ပါး ..."

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန - မိန်းမအလှူ။

၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန - အဆိပ်အလှူ။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။

၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ တို့ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲ တွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး
ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး"
အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သောမကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည်
ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။

အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး
သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်းအပြစ်ကင်းသည်ဟုထင်မှတ်ပြီးဒါနပြုကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့
အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါနအပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြော င့်ထိုထိုသောဒါနကိုလည်း အားလုံးသော
ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက
အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း
ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကိုမပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၄) - ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလားတို့ကိုပေးလှူတဲ့အလှူဒါ နပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

(၅) စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာကမိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ
စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတ ယ်။ ထိုထိုအလှူသည်လည်း
အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။

(၆) သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက်ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက်
သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

(၇) ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့်သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၈) သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာကတစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။

(၉) ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအားအသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအား
သတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၁၀)တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတ
ဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ်
ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး
ပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြပဲ ။နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုပါတယ်။ ထိုထိုသို့
သော အလှူများကသည်ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူး
ရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကိုအားထုတ်ကြပြီးသီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်း
သာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေဟုဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

မျက်ရည် တန်ဖိုး

မျက်ရည် တန်ဖိုး
=========

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့....။

အဲဒီ သမီးတော်လေးတွေ ငို ရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့..။

ပထမ မင်းသမီးကတော့ မင်းသားလေးတစ်ပါးနဲ့ လက်ထပ်လိုက်ပြီး သူမရဲ့ မျက်ရည်ကဖြစ်တဲ့စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တစ်ခုပြီးတစ်ခု ဆောက်ပြီး နေထိုင်ကြပါတယ် ။

မင်းသမီးငယ်လေးကတော့သိုးကျောင်းသားတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော် ၂ပါးကို ခေါ်ပြီးတွေ့ပါတယ်။

သမီးကြီးနဲ့ မင်းသာလေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေ အပြည့်နဲ့တွေမြင်နေရပြီး

သမီးငယ်နဲ့ သိုးကျောင်းသားကတော့ ဆင်းရဲမြဲဖြစ်နေတာကို တွေရပါတယ်။

အဲဒီတော့ ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ "သမီးငယ်ရဲ့ မျက်ရည်တစ်စက်နဲ့ မင်းတို့ ချမ်းသာနေနိုင်ရက်သားနဲ့ကွာ။ ဘယ်လိုဖြစ်တာလဲ" လိုမေးပါတယ် ။

သိုးကျောင်းသားလေးက "ကျွန်တော် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ပါဗျာ" လိုပြန်ဖြေပါတယ်။

အဲဒီတော့ ဘုရင်ကြီးက သူ့ချမ်းသာမှု့အတွက် သူတစ်ပါကို မျက်ရည် မဖြစ်စေတဲ့ သိုးကျောင်းသားလေးကို အိမ်ရှေစံ အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံတဲ့အခါ သိုးကျောင်းသားလေးက မင်းကျင့်တရား (၁၀)ပါးနဲ့ အညီ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတစ်ပါးဖြစ်လာပါတယ်။

သူတစ်ပါး မျက်ရည်ကျမှ မိမိချမ်းသာမယ်ဆိုတဲ့သူက ခေတ္တအမြင်မှာတော့ ချမ်းသာသလိုလို ထင်ရသော်လည်း ချမ်းသာအစစ်မဖြစ်နိုင်ပါဘူး။

သင်ရော သူတစ်ပါး မျက်ရည်ကျမှ ချမ်းသာမယ်ဆိုရင် သင်စိတ်ပျော်ရွှင်မှု ရရှိနိုင်ပါမလား ။

Ref>>>စာပေရိပ်မွန် စာအုပ်စင်
ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့....။

အဲဒီ သမီးတော်လေးတွေ ငို ရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့..။

ပထမ မင်းသမီးကတော့ မင်းသားလေးတစ်ပါးနဲ့ လက်ထပ်လိုက်ပြီး သူမရဲ့ မျက်ရည်ကဖြစ်တဲ့စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တစ်ခုပြီးတစ်ခု ဆောက်ပြီး နေထိုင်ကြပါတယ် ။

မင်းသမီးငယ်လေးကတော့သိုးကျောင်းသားတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်

ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော် ၂ပါးကို ခေါ်ပြီးတွေ့ပါတယ်။

သမီးကြီးနဲ့ မင်းသာလေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေ အပြည့်နဲ့တွေမြင်နေရပြီး

သမီးငယ်နဲ့ သိုးကျောင်းသားကတော့ ဆင်းရဲမြဲဖြစ်နေတာကို တွေရပါတယ်။

အဲဒီတော့ ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ "သမီးငယ်ရဲ့ မျက်ရည်တစ်စက်နဲ့ မင်းတို့ ချမ်းသာနေနိုင်ရက်သားနဲ့ကွာ။ ဘယ်လိုဖြစ်တာလဲ" လိုမေးပါတယ် ။

သိုးကျောင်းသားလေးက "ကျွန်တော် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ပါဗျာ" လိုပြန်ဖြေပါတယ်။

အဲဒီတော့ ဘုရင်ကြီးက သူ့ချမ်းသာမှု့အတွက် သူတစ်ပါကို မျက်ရည် မဖြစ်စေတဲ့ သိုးကျောင်းသားလေးကို အိမ်ရှေစံ အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံတဲ့အခါ သိုးကျောင်းသားလေးက မင်းကျင့်တရား (၁၀)ပါးနဲ့ အညီ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတစ်ပါးဖြစ်လာပါတယ်။

သူတစ်ပါး မျက်ရည်ကျမှ မိမိချမ်းသာမယ်ဆိုတဲ့သူက ခေတ္တအမြင်မှာတော့ ချမ်းသာသလိုလို ထင်ရသော်လည်း ချမ်းသာအစစ်မဖြစ်နိုင်ပါဘူး။

သင်ရော သူတစ်ပါး မျက်ရည်ကျမှ ချမ်းသာမယ်ဆိုရင် သင်စိတ်ပျော်ရွှင်မှု ရရှိနိုင်ပါမလား ။

Ref>>>စာပေရိပ်မွန် စာအုပ်စင်

CT Scan တစ်ချပ်ရိုက်ခြင်းသည် ဓာတ်မှန် အချပ် ၃၀ ရိုက်ခြင်းနှင့် ညီမျှ

CT Scan တစ်ချပ်ရိုက်ခြင်းသည် ဓာတ်မှန် အချပ် ၃၀ ရိုက်ခြင်းနှင့် ညီမျှ

ယခုအခါ ပညာတတ် လူတန်းစား များအကြား ကျန်းမာရေး ပုံမှန်စစ်ဆေးမှု ခံယူသည့် အလေ့အထ တစ်ခု ခေတ်စား လာကြောင်း၊ ထိုအကျင့်မှာ ကောင်းမွန် သည့် ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ပြီး လူတိုင်း တတ်နိုင်သည့် စစ်ဆေးမှု များကို ခံယူ သင့်ကြောင်း အထွေထွေ အထူးကုဆရာ ဝန်ကြီး ပါမောက္ခ ဦးကိုကိုလှက ဆိုသည်။ သို့ရာတွင် အချို့ လူများသည် မလိုအပ်ဘဲ မိမိသဘော အလျောက် CT Scan ရိုက် ပြီး စစ်ဆေးမှု များကို ပြုလုပ်နေကြသည် ကို ဆင်ခြင်သတိပြုစေလိုကြောင်း သတိ ပေးပြောကြားသည်။
ထိုအကြောင်းနှင့် ပတ်သက်၍ တွဲဖက် ဖက်ပါမောက္ခ ဒေါက်တာ ဦးကိုကိုက "ကျန်းမာရေး စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဆရာ တို့တွေ့နေရတာက အစွန်းနှစ်ဖက်ပါ။ တချို့ လူတွေက စစ်ကို မစစ်ချင် တာပါ။ တချို့ကလည်း အစစ်လွန် နေတာပါ။ စစ် လို့ ရသမျှ အကုန်စစ်မယ်။ တစ်ကိုယ် လုံးကို CT Scan ရိုက်မယ်ဆိုတာ ချည်းပဲ ဖြစ်နေကြပါတယ်။ ခေါင်းလည်း CT Scan ရိုက်မယ်၊ ဗိုက်လည်း ရိုက် မယ်.. စသဖြင့် ပြောနေကြပါတယ်။
ဆရာတို့က အရင်ဆုံး ဗိုက်ကို အာထ ရာဆောင်း ရိုက်ကြည့်ပါ၊ လိုအပ်မှ CT Scan ရိုက်တာပေါ့လို့ ပြောရင်တောင် 'မဟုတ်ဘူး၊ CT Scan ပဲ ရိုက်ချင်တယ်' ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ တကယ် တော့ CT Scan တစ်ချပ် ရိုက်လိုက် တာက ဓာတ်မှန်အချပ် ၃၀လောက် ရိုက် လိုက်တာနဲ့ ညီမျှ နေပါတယ်။ လူတွေကို ဓာတ်မှန် ၁၀ခါလောက် ရိုက်လိုက်ပါလို့ သွားပြော လိုက်တာနဲ့တင် 'မရိုက်တော့ ပါဘူး၊ ဓာတ်ရောင်ခြည် အဆိပ် သင့်မှာ စိုးပါတယ်'လို့ ပြန်ဖြေ ကြမှာပဲ။
ဒါပေမဲ့ CT Scan တစ်ချပ်ရိုက် လိုက်တာက ဓာတ်မှန် ၃၀ လောက်ရိုက် လိုက်တာနဲ့ ညီမျှတာကို မသိကြပါဘူး။ CT Scan ကို ဆရာဝန် မညွှန်ဘဲ ကိုယ့်ဘာသာ မကြာခဏ ရိုက်တာမျိုးလည်း တွေ့နေ ရပါတယ်"ဟု ရှင်းပြခဲ့သည်။ CT Scan ၏ ကောင်းကျိုးမှာ ပုံ ရိပ်များကို ပြတ်သား ထင်ရှားစွာ မြင်ရ သည့်အတွက် ရိုက်ရန် မဖြစ်မနေ လိုအပ် သည့် အခြေအနေ မျိုးတွင် ဆရာဝန် ညွှန် ကြားသည့်အခါ အသုံးပြုသင့်ကြောင်း သိ ရသည်။ 
ဇွန်
BY GOOD HEALTH

မွှေစရာ မလိုတဲ့ ကော်ဖီခွက်

Photo: "မွှေစရာ မလိုတဲ့ ကော်ဖီခွက်"

အမြန်ကြိုက်သူများအတွက်ရယ် ၊ အပျင်းကြီးသူများအတွက် ရည်ရွယ်ထားသလားလို့  တွေးမိစရာပါ ။

ဒီကော်ဖီခွက်က ဇွန်းမလိုပါဘူး ။ လက်ကိုင်က ခလုပ်နိုပ်ရင် အော်တို မွှေပါလိမ့်မယ် ။ ခွက်အောက်ခြေပိုင်းအလယ်မှာ မွှေပေးမည့် မော်တာ လက်တံ ပါရှိပါတယ်။

ခွက်အောက်ခြေမှာ ထည့်ထားတဲ့ မော်တာကို AAA ဘထ္ထရီ နှစ်လုံး နဲ့  လည်ပတ်ဖို့ အတွက် ထောက်ပံ့ပေးထားပါတယ်။

ကော်ဖီဖျော်ဖို့ အတွက် တင်မကပါဘူး.. သောက်ပြီးလို့ ဆေးမယ်
ဆိုရင်လည်း ဆပ်ပြာဆီထည့်လို့  ရေထည့် မော်တာနှိပ်ကာ ဆေးနိုင်ပါတယ်။

၁၉ ဒေါ်လာခန့် နဲ့  ရောင်းချထားပါတယ်။ အသစ်အဆန်းကြိုက်သူများ အတွက်နဲ့  ကော်ဖီချစ်သူများအတွက် လက်တို့ လိုက်ပြန်ပါပြီ ။

----
Ref:Cool Gadgets

Freddy ( Stuff Myanmar )
Stuff Myanmar Magazine

အမြန်ကြိုက်သူများအတွက်ရယ် ၊ အပျင်းကြီးသူများအတွက် ရည်ရွယ်ထားသလားလို့  တွေးမိစရာပါ ။

ဒီကော်ဖီခွက်က ဇွန်းမလိုပါဘူး ။ လက်ကိုင်က ခလုပ်နိုပ်ရင် အော်တို မွှေပါလိမ့်မယ် ။ ခွက်အောက်ခြေပိုင်း အလယ်မှာ မွှေပေးမည့် မော်တာ လက်တံ ပါရှိပါတယ်။

ခွက်အောက်ခြေမှာ ထည့်ထားတဲ့ မော်တာကို AAA ဘထ္ထရီ နှစ်လုံး နဲ့  လည်ပတ်ဖို့ အတွက် ထောက်ပံ့ပေးထားပါတယ်။

ကော်ဖီဖျော်ဖို့ အတွက် တင်မကပါဘူး.. သောက်ပြီးလို့ ဆေးမယ်
ဆိုရင်လည်း ဆပ်ပြာဆီထည့်လို့  ရေထည့် မော်တာနှိပ်ကာ ဆေးနိုင်ပါတယ်။

၁၉ ဒေါ်လာခန့် နဲ့  ရောင်းချထားပါတယ်။ အသစ်အဆန်းကြိုက်သူများ အတွက်နဲ့  ကော်ဖီချစ်သူများအတွက် လက်တို့ လိုက်ပြန်ပါပြီ ။

----
Ref:Cool Gadgets

Freddy ( Stuff Myanmar )Stuff Myanmar Magazine
Aye Chan Mon