“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, December 16, 2013

ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်

<အချိန်၁မိနစ်လောက် ပေးပြီးဖတ်ပေးပါဗျာ>
========================
Photo: ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်

<အချိန်၁မိနစ်လောက် ပေးပြီးဖတ်ပေးပါဗျာ>
========================

သား !
သား...ငယ်ငယ်တုန်းကပေါ့။
အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊
ကြယ်...သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီးတက်အောင်၊ နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။
ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။
ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား!
သား...သားမှတ်မိအုံးမလား။

သားငယ်ငယ်က အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေးတပုဒ်ကိုလေ။
အဲဒီသီချင်းလေးတပုဒ်ကို အမေ ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။
ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊
တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့တက်သလောက်မှတ်သလောက် ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။

သား.......

ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက ဘဝလေးလို့ ဖြစ်နေပါပြီ။
သား.....
အခုဆိုရင် အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။
အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊ ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။ သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။
ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။
သား နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။
သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊
လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။
သားရဲ့နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း............

သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။
မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။
မိဘထက် အရေးကြီးတာ မရှိပါဘူး။ ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ အစားထိုးလို့ရတဲ့ အရာတွေပါ။
မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။
မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ မမေ့လျှော့ပါနဲ့လို့ ပြောချင်ပါတယ်။

Credit: မိဘမေတ္တာ

~ဘုရားစင်ကို ဘုရားစင်လို့ မခေါ်ကောင်းဘူးတဲ့လား~

Photo: ~ဘုရားစင်ကို ဘုရားစင်လို့ မခေါ်ကောင်းဘူးတဲ့လား~

ဘုရားကို စင်လေးနဲ့ တင်ပြီးကိုးကွယ်တာကို ဘုရားစင်...
ဘုရားကို အခန်းတစ်ခန်း သီးသန့်ဖွဲ့ပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားခန်း...
ဘုရားကို ကျောင်းဆောင်လေး တစ်ဆောင်သီးသန့် ထားပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားကျောင်း...
အသီးသီး ခေါ်ဆိုကြပါတယ်...

ခုခေတ်တော့ တချို့ က ဘုရားစင်လို့ မခေါ်ကောင်းဘူး... 
နတ်စင်နဲ့ အခေါ်အဝေါ်တူနေလို့ ဘုရားကျောင်းလို့ ခေါ်ရမယ်... 
ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာပါတယ်...

ဒီနေရာမှာ ပြောစရာရှိတာက အခန်းတစ်ခန်း သီးသန့်ထားပြီး ကိုးကွယ်တဲ့ အခန်းလေးနဲ့၊ အဆောင်လေးတစ်ဆောင် သီးသန့် ဆောက်ပြီး ကိုးကွယ်တဲ့ ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီလေးတွေကိုတော့ ဘယ်သူမှ ဘုရားစင်လို့ ခေါ်မှာမဟုတ်ပါဘူး၊ဘုရားခန်း၊ဘုရားကျောင်းလို့ပဲ ခေါ်ကြမှာပါ။

သို့သော်လည်း တချို့အိမ်များမှာ ကျယ်ကျယ်ဝန်းဝန်းနေရာ မရှိတဲ့ အတွက် ဘုရားရှင်ကိုစင်လေးနဲ့ပဲတင်ပြီး ပူဇော်ကြရပါတယ်၊ ဒါမျိုးကျတော့ ဘုရားစင်လို့ပဲ ခေါ်ကြမှာပါ...

တကယ်တော့ ဘုရားစင်၊ ဘုရားကျောင်း၊ ဘုရားခန်းဆိုတာတွေဟာ အမည်ပညတ်မျှသာဖြစ်ပြီးအနှစ်သာရကတော့ကိုးကွယ်ဆည်းကပ်မှုသာဖြစ်ပါတယ်။ ကိုယ်က နေရာကျယ်ကျယ် မရှိလို့ စင်လေးနဲ့ပဲ ကိုးကွယ်ထားပြီး၊ အမည်ကိုလည်း ဘုရားစင်လို့ပဲ ခေါ်ပါတယ်၊ ဒါပေမယ့် ဘုရားကို သက်ရှိထင်ရှား ဘုရားလို့ပဲ စိတ်မှာမှန်းပြီး ဆွမ်း၊ ပန်း၊ ရေချမ်း အမြဲမပြတ် ဆက်ကပ်လှူဒါန်းနေမယ်ဆိုရင်...

သမေ စိတ္တေသမံဖလံ...
ကြည်ညိုတဲ့ စိတ်တူတဲ့ အတွက် တူညီတဲ့ အကျိုးပေးမှာပါ...

ဘုရားကို စင်နဲ့ ကိုးကွယ်ထားတယ်၊ ခေါ်တာတော့ ဘုရားစင်လို့ မခေါ်ဘူး၊ ဘုရားကျောင်းလို့တော့ ခေါ်ပါရဲ့၊ ဒါပေမယ့် ဘုရားကို ဆွမ်းမှ မှန်မှန် မကပ်ဘူးဆိုရင်ဘာအကျိုးမှ ရမှာမဟုတ်ပါဘူး...

ဘုရားစင်လို့ပဲ ခေါ်ခေါ်၊ဘုရားကျောင်းလို့ပဲ ခေါ်ခေါ်၊ဘုရားခန်းလို့ပဲ ခေါ်ခေါ် တကယ်ကြည်ညိုတဲ့ အနှစ်သာရကသာ အဓိကကျပါတယ်၊ အခေါ်အဝေါ်ဟာ အပေါ်ယံ ပညတ်မျှသာ ဖြစ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးအတွက် သိပ်ပြီးအထောက်အပံ့ မဖြစ်လှပါဘူး...

လိုရင်းကတော့ ...
အခန်းနဲ့ ကိုးကွယ်ရင် ဘုရားခန်း...
အဆောင်နဲ့ ကိုးကွယ်ရင် ဘုရားကျောင်းဆောင်...
စင်နဲ့ ကိုးကွယ်ရင် ဘုရားစင်... ခေါ်နိုင်ပါတယ်...

ဘယ်လိုပဲ ခေါ်ခေါ် ကုသိုလ်စိတ်နဲ့ ဆည်းကပ်ပူဇော်မှုသာ လိုရင်းပါ...

(အရှင်တေဇာနန္ဒ - ရွှေဘုန်း ( 3Oct,2013 )

မရီနဲ့.. အောင့်ခံ(ဟာသ)

Photo: မရီနဲ့.. အောင့်ခံ
Monday, December 9, 2013

(ဘယ်နှစ်ခါပြန်ဖတ်ရ ဖတ်ရ ရီရတဲ့ ဟာသလေးပါ)

လူသုံးယောက် တောအုပ်တစ်ခုအတွင်းတွင် လမ်းပျောက်နေရာမှ လူသားစား
လူရိုင်းများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ခေါင်းဆောင် လူရိုင်းကြီးက
နောက်ဆုံး အခွင့်အရေးပေးသည်။ တောထဲတွင် ရှိသော သစ်သီး များအနက်မှ
ကြိုက်ရာ သစ်သီး ၁၀လုံးကို အမြန်ဆုံး ယူလာရန် အမိန့်ပေးသည်။
သုံးယောက်လုံး အမြန်ထွက်သွားကြသည်။

ပထမလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကို ပြောသည်။

" ကျွန်တော်ပန်းသီးဆယ်လုံးယူလာပါတယ်၊ ကျွန်တော်သွားလို့ရပြီလားခင်ဗျာ... "

ခေါင်းဆောင်ကြီးက ခေါင်းခါပြီးဆက်ပြောသည်။

" မရဘူး။ မင်းယူလာသမျှ ပန်းသီးဆယ်လုံးလုံးကို မင်းမစင်စွန့်တဲ့
ဒွါရပေါက်ထဲကိုသွတ်ထည့်ရမယ်။ မငိုရဘူး။ မရီရဘူး။ မမဲ့ရဘူး။ မအော်ရဘူး၊
မျက်နှာပျက်တာနဲ့ သတ်စားတာခံရမယ်.. "

ပထမလူ ကြိုးစားထည့်ကြည့်သည်၊ ပထမဆုံး ပန်းသီးတစ်လုံး ၀င်သွားသည်၊
သို့သော် နောက်တစ်လုံး အရောက်တွင် နာလွန်းသဖြင့် အော်မိရာ
သတ်စားခံလိုက်ရသည်၊

ဒုတိယလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကြီးအား စတော်ဘယ်ရီသီး
ဆယ်လုံးယူလာပြသည်။

ခေါင်းဆောင်ကြီးက စည်းကမ်းချက်များကို ရှင်းပြသောအခါ ဒုတိယလူ အသက်ရှူ
ချောင်သွားပြီး စတော်ဘယ်ရီသီးများကို စသွတ်သည်၊

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈ လုံး။ ၉လုံး " ဟား ဟား ဟား ဟား .... "

နောက်ဆုံး အလုံးသွင်းခါနီးတွင် မအောင့်နိုင်ပဲ ရီလိုက်မိသဖြင့်
ဒုတိယလူလည်း သတ်စားခံလိုက်ရသည်။

ပထမလူနှင့် ဒုတိယလူ နတ်ပြည်တွင်တွေ့သောအခါ ပထမလူကအံ့သြတကြီး မေးလေသည်။

" ခင်ဗျားဗျာ... ဘာလို့ရီလိုက်ရတာလဲ နောက်ဆုံး တစ်လုံးတောင် ၀င်တော့မယ့်
ဟာကို.... "

ဒုတိယလူပြန်ဖြေသည်။

" မင်းနောက်ဆုံးကောင် ၀င်လာတာကို မတွေ့လိုက်ဘူး မဟုတ်လား။ ဒီကောင်
ထမ်းလာတာ ဒူးရင်းသီး တွေကွ ဟီး..ဟီး......။

Credit: Origenal Uploader

"ဆေးဆရာ"

Photo: "ဆေးဆရာ"

ကလေးသုံးယောက် စကားပြောနေကြရင်း၊ သူတို့ရွာက ဆေးဆရာတွေ ဘယ်လောက်တော်ကြောင်း အပြိုင်ကြွားနေကြတယ်... ...

ပထမကလေးကပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အရမ်းတော်တာကွ"
"ဘယ်လို တော်တာလဲ"
"ခြေတွေလက်တွေ ပြတ်ရင် သူ့ဆီသွား၊ ကော်နဲ့ ကောက်ကပ်ပေးလိုက်တာ အကောင်းအတိုင်း ပြန်ဖြစ်ရော" 

ဒုတိယတစ်ယောက်ကပြောတယ်... ...
""ငါတို့ရွာက ဆေးဆရာက ပိုတော်တာပေါ့ကွ"
"ဘယ်လို တော်တာလဲ"
"တခါက ခေါင်းပြတ်သွားတဲ့လူတစ်ယောက်ကို မုံညင်းဆီလေးလိမ်းပြီး ပြန်ဆက်ပေးလိုက်တာ ခုထိ အသက်ရှင်တုန်း"

တတိယတစ်ယောက် ပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အတော်ဆုံးကွ"
"ပြောပါအုံး"
"င့ါဘကြီးတစ်ယောက် သစ်ပင်ပိလို့ အောက်ပိုင်းကြေသွားတယ်၊ ကြေနေတဲ့ အောက်ပိုင်းနေရာမှာ ဆိတ်ရဲ့အောက်ပိုင်းနဲ့ အစားထိုးပြီး ပြန်ဆက်ပေးလိုက်တယ်လေ"
"ဟင်... အဲဒါ အဆင်ပြေရဲ့လားကွ"
"ပြေပ့ါ၊ ခုဆို မနက်တိုင်း ငါ့ဘကြီးကို ညှစ်တာ  နို့နှစ်ပုလင်း ရတယ်"
"အမ်..."

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

ပုံမှန်သောက်ရင် အသက်ရှည်တယ်

Photo: ပုံမှန်သောက်ရင် အသက်ရှည်တယ်

==================

လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ Alcohol လုံးဝ မသောက်သုံးတဲ့ သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ခြေများတယ်လို့ သိရပါတယ်။

Alcohol ပါဝင်တဲ့ ဘီယာ၊ ၀ိုင်နဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးသူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အသက်ရှည်ရှည် နေထိုင်နိုင်ပြီး အလွန်အကျွံမဟုတ်တဲ့ Drinking ဖြစ်ဖို့တော့ လိုပါတယ်။

ဒါဟာ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးထဲမှာ ပါဝင်တဲ့ ကျန်းမာရေး ဆောင်းပါးတစ်ပုဒ်ပါ။ အမေရိကန် Texas တက္ကသိုလ်မှ စိတ်ပညာရှင် ‘Charles Holahan’ ဦးဆောင်တဲ့ အဖွဲ့ဟာ လူတွေကို အသက်အရွယ် အပိုင်းအခြားလိုက် သုတေသနပြုခဲ့ပြီး ယခုကဲ့သို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

၎င်းတို့ရဲ့ ထုတ်ပြန်ချက်အရ Alcohol တစ်ခါမှ မသောက်သုံးတဲ့ သူတွေအတွက် သေဆုံးနိုင်ခြေဟာ အမြင့်ဆုံး အနေအထားမှာ ရောက်နေပြီး အလွန်အကျွံသောက်သုံးတဲ့ သူတွေအတွက်တော့ သေဆုံးနိုင်ခြေဟာ အလယ်အလတ် အဆင့်မှာ ရှိပါတယ်။ တစ်ရက်လျှင် ပျမ်းမျှ တစ်ခွက်ကနေ သုံးခွက်အထိ ပုံမှန်သောက်သုံးတဲ့ သူတွေအတွက်ကတော့ သေဆုံးနိုင်ခြေ အနည်းဆုံးဖြစ်ပါသတဲ့။

၎င်းတို့အနေနဲ့ လူအယောက် ၂၀၀၀ နီးပါးကို သုတေသနပြုခဲ့တာ ဖြစ်ပြီး ပုံမှန်သောက်သုံးသူတွေမှာ ၄၁% သာ အသေစောတာ ဖြစ်ပါတယ်။ လုံးဝမသောက်တဲ့သူတွေမှာတော့ ၆၉%လောက်က စောစောစီးစီး သေကြပြီး အလွန်အကျွံသောက်ကြတဲ့သူတွေထဲမှာ ၆၀%လောက်က အသေစောကြပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်တစ်ခုကတော့ Alcohol ဟာ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့စေဖို့ အတွက် ကြားခံပစ္စည်းတစ်ခုပါ။

ဒါ့အပြင် ပုံမှန်သောက်တဲ့သူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အခမ်းအနားတွေမှာ ပိုမိုပျော်ရွှင်မှု ရရှိပါတယ်။ ဒါကြောင့် စိတ်လက်ချမ်းသာပြီး ခန္ဓာကိုယ်ကျန်းမာရေးလည်း ကောင်းမွန်လာတာပေါ့။

Alcohol ကြိုက်တဲ့သူတွေအတွက်တော့ ၀မ်းမြောက်စရာပါပဲ။
အလွန်အကျွံမဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ်။

 ဒါပေမယ့် တစ်ခုသတိပြုရမှာက ဒါဟာ အမေရိကန်မှာလုပ်တဲ့ သုတေသနဖြစ်ပါတယ်။ သူတို့နိုင်ငံသားတွေဟာ သန်မာပြီး ခံနိုင်ရည်လည်း ရှိကြတဲ့အပြင် အဲဒီမှာရောင်းတဲ့ အရက်ဘီယာတွေဟာ အရည်အသွေးကောင်း ပါတယ်။ မြန်မာနိုင်ငံမှာကတော့ လူတွေဟာ ခံနိုင်ရည်သိပ်မရှိကြပဲ ဒီမှာရောင်းနေတဲ့ အရက်ဘီယာတွေဟာ သူတို့နဲ့ယှဉ်ရင် အရည်အသွေးညံ့နေပါတယ်။ ဒါကြောင့် သတိပြုဆင်ခြင် နိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်။

Source: Business Insider
Kangyi (MCG)
...

www.mmconsumerguide.com | The Best Reviews & Ratings Website in Myanmar

LIKE (y) SHARE ✓ LOVE <3 Myanmar Consumer Guide
လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ Alcohol လုံးဝ မသောက်သုံးတဲ့ သူတွေဟာ ငယ်ငယ် ရွယ်ရွယ်နဲ့  သေဆုံးနိုင်ခြေများတယ်လို့ သိရပါတယ်။

Alcohol ပါဝင်တဲ့ ဘီယာ၊ ၀ိုင်နဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးသူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အသက်ရှည်ရှည် နေထိုင်နိုင်ပြီး အလွန်အကျွံမဟုတ်တဲ့ Drinking ဖြစ်ဖို့တော့ လိုပါတယ်။

ဒါဟာ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးထဲမှာ ပါဝင်တဲ့ ကျန်းမာရေး ဆောင်းပါးတစ်ပုဒ်ပါ။ အမေရိကန် Texas တက္ကသိုလ်မှ စိတ်ပညာရှင် ‘Charles Holahan’ ဦးဆောင်တဲ့ အဖွဲ့ဟာ လူတွေကို အသက်အရွယ်

လက်တွေ့ ကျကျ ပုရွက်ဆိတ်အန္တာရာယ်နှိမ်နင်းနည်း

Photo: *** လက်တွေ့ ကျကျ ပုရွက်ဆိတ်အန္တာရာယ်နှိမ်နင်းနည်း *** 

မုန့် အချိုများ နှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မများစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ့  နည်းလမ်းကောင်းလေးတွေရှိလို့  စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန့် လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန့် ဖြစ်စေလို့ ၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန့် ဖြူးပေးပါ။ (သို့ မဟုတ်) မုန့် လုပ်ဆော်ဒါနဲ့  သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့  အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

(၂) ဂျုံမှုန့် နဲ့ ကလေးပေါင်ဒါမှုန့် များပေါ် ပုရွက်ဆိတ်တွေ ဖြတ်သန်းကျော် လွှားနိုင် စွမ်းမရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ့  အောက်ခြေပတ်လည်မှာ ဂျုံမှုန့် နဲ့  ကလေးပေါင်ဒါမှုန့် လေးတွေ စက်ဝိုင်းသဏ္ဍာန်ဖြူးထားလိုက်တော့ ပုရွက်ဆိတ် ရန်ကကင်းပြီ ပေါ့။

(၃) ငရုပ်သီးမှုန့် ၊ ငရုပ်ကောင်းမှုန့် များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန့်  များဖြစ်ပါတယ်။

(၄) ပုရွက်ဆိတ်တွင်း(သို့ မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန့် ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန့် စားကြပြီး၊ သူတို့  အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို့ အဲဒီနေရာကို ဘယ်တော့မှပြန်မလာကြတော့ဘဲ အသိုက်ပြောင်းသွားပါတော့ တယ်။

(၅) ရှာလကာရည်နဲ့ ရေ တို့ ဆတူရောပြီး spray ဖျန်းဗူးထဲထဲ့ကာ၊ ပုရွက်ဆိတ်များ ကိုဖျန်းပက်ပေးခြင်းက သူတို့ အတွက် အက်ဆစ်ရေဖြစ်စေလို့  သေစေနိုင်ပါတယ်။

(၆) သံပုရာရည်ကလည်း သူတို့ အတွက် အက်ဆစ်ရည်ဖြစ်လို့  ပြေးကြပြီပေါ့ရှင်။

(၇) မြေဖြူလိုင်းတားထားပါ။ သူတို့ က မြေဖြူကို ကျော်ခွပြီး မဖြတ်ရဲကြဘူးလေ။ (သို့ မဟုတ်) မြေဖြူမှုန့် (သို့ မဟုတ်) ထုံးမှုန့်  ဖြူးထားနိုင်ပါတယ်။

(၈) ပုရွက်ဆိတ်အုံပေါ်သို့ ရေနွေးပူလောင်းချခြင်း(သို့ မဟုတ်)ရေနွေး နဲ့  ပန်းကန်ဆေးဆပ်ပြာရည်ရောပြီး spray ဗူးဖြင့် ဖျန်း ပက်ခြင်းပြုလုပ်ပါ။

(၉) ပင်စိမ်းရွက်ရနံ့ ကို ပုရွက်ဆိတ်တွေကြောက်ကြပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်အခြောက်မှုန့် (သို့ မဟုတ်)ပင်စိမ်းရွက် သတ္တုရည် တို ဖြင့် နှိမ်နင်းပါ။

(၁၀) သစ်ကြပိုးခေါက် နဲ့  လေးညှင်းပွင့်ရနံ့ တို့ ကိုလည်း ပုရွက်ဆိတ်တွေမကြိုက်ကြဘူးလေ။ မိမိအိမ်အခန်းဒေါင့်မှာ သစ်ကြပိုး ခေါက်မှုန့်  (သို့ မဟုတ်) လေးညှင်းပွင့်လေးတွေ ပုံထားပေးပါ။

(၁၁) ပန်းပေါင်းစုံရာပန်းဆီရနံ့ က ပုရွက်ဆိတ်တွေကို မွန်းကြပ်ပူစပ်လောင်စေနိုင်တာကြောင့်၊ ရာပန်းဆီကို ရေအနည်းငယ်ရော ၍ spray ဖျန်းပါ။

(၁၂) သကာရည် လ္ဘက်ရည်ခွက် ၃-ပုံ ၁-ပုံ၊ သကြား စားပွဲတင်ဇွန်း ၆-ဇွန်း၊ ကဇော်(အချဉ်)ဖောက်တဲ့တစေး စားပွဲတင်ဇွန်း ၆-ဇွန်း တို့ ရောစပ်ကာ၊ ရလာသောအနှစ်ပျစ်ပျစ်ကို အိမ်ပြူတင်းပေါက်ဘောင်များပေါ်လိမ်း၍ ပုရွက်ဆိတ်အန္တရာယ်မှ ကာကွယ်နိုင် ပါတယ်။

+++++++++++++++++++++++++
၅-ပါးသီလကို ကာယ-၀စီ-မနော တည်းဟူသော ကံ၃ပါးစလုံးလုံမှသာ အပြစ်ကင်းတဲ့ သီလဆောက်တည်နိုင်မှာဖြစ်ပါတယ်။ မူလအစကတည်းက ပုရွက်ဆိတ်များ မအုံဖွဲ့ နိုင်အောင် မိမိအိမ်တွင်းအိမ်ပြင်ကို သန့် ရှင်းစင်ကြယ်စွာ ထိန်းသိမ်းနိုင်ရင် အကုသိုလ် မဖြစ်စေတော့ဘူးပေါ့ရှင်။ အထက်ပါ ပုရွက်ဆိတ်နှိမ်နှင်းနည်းအချို့ က အိမ်မွေးခွေး/ကြောင် နဲ့  ကလေး သူငယ်များကို အန္တာရာယ်ဖြစ်စေလို့  သတိနဲ့ ယှဉ်ပြီး ပုရွက်ဆိတ်နှိမ်နင်းနိုင်ကြပါရန် နှိုးဆောင်လိုက်ပါရစေ။

(ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား။ Health and Wellness@Internet News on 8th August 2013)
မုန့် အချိုများ နှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မများစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ့  နည်းလမ်းကောင်းလေးတွေရှိလို့  စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန့် လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန့် ဖြစ်စေလို့ ၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန့် ဖြူးပေးပါ။ (သို့ မဟုတ်) မုန့် လုပ်ဆော်ဒါနဲ့  သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့  အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

(၂) ဂျုံမှုန့် နဲ့ ကလေးပေါင်ဒါမှုန့် များပေါ် ပုရွက်ဆိတ်တွေ ဖြတ်သန်းကျော် လွှားနိုင် စွမ်းမရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ့  အောက်ခြေပတ်လည်မှာ ဂျုံမှုန့် နဲ့  ကလေးပေါင်ဒါမှုန့် လေးတွေ စက်ဝိုင်းသဏ္ဍာန်ဖြူးထားလိုက်တော့ ပုရွက်ဆိတ် ရန်ကကင်းပြီ ပေါ့။

(၃) ငရုပ်သီးမှုန့် ၊ ငရုပ်ကောင်းမှုန့် များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန့်  များဖြစ်ပါတယ်။

(၄) ပုရွက်ဆိတ်တွင်း(သို့ မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန့် ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန့် စားကြပြီး၊ သူတို့  အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို့ အဲဒီနေရာကို