“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, November 4, 2012

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား



၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား
Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။
ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း
ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး
မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက
တီထွင်ခဲ့ပါတယ်။
သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ
သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ
လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့
ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။
ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။
ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို
တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ
ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို
တွေ့ ရှိ သွားပါတယ်။
အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။
ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ
ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။
ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ
မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက်
ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။
ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ
ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက
လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1480836&xgs=1&xg_source=msg_share_post

မလှူကောင်းသော ဒါန (၁၀) မျိုး

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန – မိန်းမအလှူ။

၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန – ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန – လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန – အဆိပ်အလှူ။

၈။ သင်္ခလိကဒါန – လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။

၁၀။ တုလာကူဋ မာနကူဋ – ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

( အရှင်ဝိမလဝံသ )
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A334286&xgs=1&xg_source=msg_share_post

ပရိတ်ကြီး ၁၁သုတ် အကျိုး နှင့် ပါရမီ ၁၀ ပါး

ပရိတ်ကြီး ၁၁သုတ် အကျိုး

  • (၁)  ဘုန်းကျက်သရေ ၊ပြည့်ဖြိုးဝေစေရန် ရွတ်လေ မင်္ဂလာသုတ် ။
  • (၂)  ကပ်ကြီး သုံးဖြာ၊ ဘေးကြုံလာ ၊ ရွတ်ပါ ရတနာ့သုတ် ။
  • (၃)  လူ၊ နတ် ၊ပုဂ္ဂိုလ် ၊ချစ်စေလို ၊ ရွတ်ဆို မေတ္တသုတ် ။
  • (၄)   မြွေ ၊ ကင်း ၊ သစ်ကျား ၊  တွေ့ကြုံငြား ၊ ရွတ်ပွား ခန္ဒသုတ် ။
  •  (၅)  ချုပ်နှောင်ကြိုးတပ် ၊ ဘေးကြုံလတ် ၊ ရွတ်အပ် မောရသုတ် ။
  •  (၆)  တေဇအဂ္ဂိ ၊ မီးဘေးငြိ ၊ ရွတ်ဘိ    ၀ဋုသုတ် ။
  •  (၇)  ရှုံးနိုင် ပြိုင်ပွဲ ၊ စစ်ဆင်နွဲ ၊ ရွတ်မြဲ ဓဇဂ္ဂသုတ် ။
  •  (၈)  စုန်း၊ ဖုတ်တစ္ဆေ ၊ ဘေးကြုံနေ ၊ ရွတ်လေ အာဋာနာဋိယသုတ် ။
  •  (၉)  အမျိုးသမီးများ ၊ မီးမဖွား ၊ ရွတ်ပါ အင်္ဂလိမာလသုတ် ။
  •  (၁၀)  မကျန်းမမာ ရှိသောအခါ ၊ ရွတ်ပါ ဗောဇ္စုင်သုတ် ။
  •  (၁၁)  တိတ်နမိတ်များ ၊ မကောင်းငြား ၊ ရွတ်ပွား ပဗ္ဒဏှသုတ် ။ ။ ။



ပါရမီ ဆယ်ပါး

  • (၁) ဒါနပါရမီ ။   ။  လှုဒန်းပေးကမ်း စွန်းကြဲခြင်း ။
  • (၂) သီလပါရမီ ။   ။ ကောင်းမြတ်သော အကျင့်သီလ ဖြင့်ဆောက်တည်နေထိုင်ခြင်း ။
  •  (၃) နေက္ခပါရမီ ။   ။ အိမ်ရာမှ ခွာရှောင်၍ ရသေ့ ၊ ရဟန်း ပြုခြင်း ။
  •  (၄) ပညာပါရမီ ။   ။ လောကီ ၊ လောကုတ်တရာ (၂) ပါးသော ပညာတို့ကို ရှာဖွေသင်ယူခြင်း ။
  • (၅)  ၀ိရီယပါရမီ ။   ။ မတွန့်မဆုတ် အားထုတ်ကြိုးစားခြင်း ။
  • (၆) ခန္တီပါရမီ ။   ။ သည်းခံမှု ရှိခြင်း ။
  •  (၇) သစ္စာပါရမီ ။   ။ မှန်ကန်သော စကားကို ပြောဆိုခြင်း ။
  • (၈) မေတ္တာပါရမီ ။   ။ မိမိနှင့် ထပ်တူပြုသော ချစ်ခြင်း ၊မေတ္တာတရားကို ထားရှိခြင်း ။
  • (၉) အဓိဠာန်ပါရမီ ။   ။ အပြစ်ကင်းသော အရာတို့တွင် ဆုံးဖြတ်မှုရှိခြင်း ။
  •  (၁၀) ဥပေက္ခာ ပါရမီ ။    ။ မုန်းသည် ချစ်သည် မဟူ လစ်လျူရှုခြင်း ။
  •  
  • http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A854834&xgs=1&xg_source=msg_share_post

ကင်ဆာရောဂါကိုတွန်းလှန်ကာကွယ်နိုင်သောအစားအစာ(၁၃)မျိုး


(၁) ကြက်သွန်ဖြူ
















ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။

(၂) အစိမ်းရင့်ရောင် အသီးအရွက်များ















အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ
များစွာပါဝင်ပါတယ်။ကင်ဆာကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ်ကိုလျှော့ချပေးပါတယ်။

(၃) စပျစ်သီး















စပျစ်သီးနဲ့ စပျစ်ဝိုင်မှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရောပါဝင်တာကြောင့် ဆဲလ်တွေ ပျက်စီးတာကိုကာကွယ် ပေးနိုင်ပါတယ်။

(၄) လက်ဖက်စိမ်းရည်














လက်ဖက်စိမ်းရည်မှာပါဝင်တဲ့ ဖလေဗိုနွိုက်ကအူမကြီး၊ အသည်း၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတွေ
ဖြစ်ပွားတာကနေကာကွယ်နိုင်သလိုကင်ဆာရောဂါရဲ့ ဆဲလ်ပွားတာကိုလည်း နှေးကွေးစေနိုင်ပါတယ်။

(၅) ခရမ်းချဉ်သီး

















ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကိုကာကွယ်ပေးနိုင်ပါတယ်။

(၆) ဖရဲသီး
















ဖရဲသီးမှာကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်းဓာတ် များစွာပါဝင်နေပါတယ်။

(၇) ဘလူးဘယ်ရီသီး













ဘယ်ရီသီးအားလုံးမှာကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ ကင်ဆာရောဂါ အားလုံးကိုကာကွယ်မှု ပေးနိုင်ပါတယ်။

(၈) မိကျောင်းကွမ်းဖတ်

မိကျောင်းကွမ်းဖတ်မှာပါဝင်တဲ့ လိုင်နန်က အင်တီအောက်ဆီးဒင့် အာနိသင်ကိုပေးစွမ်းပြီး ခန္ဓာကိုယ်မှာ
ကင်ဆာဖြစ်စေတဲ့ ပြောင်းလဲမှု မှန်သမျှကို ဟန့်တားပေးပါတယ်။
ဒါ့အပြင် အိုမီဂါ-၃ အဆီ ကြွယ်ဝတာကြောင့် အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၉) ပန်းဂေါ်ဖီ မျိုးရင်းဝင်များ















ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်တွေမှာကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကိုလျှောချနိုင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။

(၁၀) ကောက်နှံတစ်ခုလုံး
















ကောက်နှံတစ်ခုလုံးမှာကင်ဆာကိုတွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်နဲ့
ဖိုက်တိုအီစထရိုဂျင်တွေ ပါဝင်ပါတယ်။

(၁၁) မုန်လာဥနီ
















မုန်လာဥနီမှာ ဗီတာမင်အေဓာတ် များစွာပါဝင်ပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ
မကူးစက်နိုင်အောင် ဟန့်တားပေးပါတယ်။ မျက်စိကိုလည်းအားကောင်းစေပါတယ်။

(၁၂) နနွင်း

 Photo: နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုကို ဟန့်တားနိုင် နနွင်းမှုန့်ကို နှစ်ပေါင်းများစွာကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။ အခု ဂျာမနီနိုင်ငံက လေ့လာမှုအရလည်း နနွင်းဟာ ကင်ဆာပြန့်ပွားမှုကို တားမြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လေ့လာမှုအရ နနွင်းဟာ သားမြတ်ကင်ဆာရှိသူတွေကို အဆုတ်အတွင်း ပြန့်ပွားမှု မရှိအောင် တားမြစ်နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဟာ နာတာရှည် ရောင်ရမ်းမှုကြောင့် ဖြစ်ပါတယ်။ှဒီကင်ဆာနှစ်မျိုးစလုံးရဲ့ ကင်ဆာဆဲလ်တွေက CXCL1 နဲ့ CXCL2 အပါအဝင် ရောင်ရမ်းမှုဖြစ်စေတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေးတယ်လို့ တွေ့ရှိခဲ့ပြီး ကာကူမင်ဟာ အဲဒီပရိုတင်းနှစ်မျိုးရဲ့ ထုတ်လုပ်မှုကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။ နနွင်းမှုန့်ကို နေ့စဉ် ရှစ်ဂရမ်ထိ သောက်သုံးနိုင်ပါတယ်။ ဆီးကျိတ်ကြီး (BPH) တဲ့ အမျိုးသားတွေနဲ့ မိသားစုရာဇဝင်မှာ သားမြတ်ကင်ဆာရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ နနွင်းကို ကင်ဆာရောဂါ ကာကွယ်ဖို့ အသုံးပြုထားသင့်ကြောင်း သုတေသီတွေက အကြံပေးထားကြပါတယ်။ SM By Good Health

ဟင်းထဲမှာ နနွင်းကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် ပါဝင်အောင် ထည့်ချက်စားပေးပါ။ စမ်းသပ်မှုတွေအရ နနွင်းမှာကင်ဆာဖြစ်စေတာတွေကိုတွန်းလှန်နိုင်တဲ့ အာနိသင်ရှိနေပါတယ်။
နနွင်းမှာပါတဲ့ ကာကူမင်ဒြပ်ပေါင်းကရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့
ဖြစ်ပွားနှုန်းကို နှေးစေပါတယ်။

(၁၃) ငါး















ဆာဒင်းငါး၊ ပုစွန်ဆိတ်၊ ပင်လယ်ငါးတွေကနေဗီတာမင်ဒီဓာတ်ကိုရရှိနိုင်ပါတယ်။ ဗီတာမင်ဒီကကင်ဆာဆဲလ် ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကိုလျော့နည်းစေပါတယ်။
ကယ်လ်ဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအရနေရောင်ခြည်နဲ့ ထိတွေ့မှု နည်းတဲ့
အမျိုးသမီးတွေမှာ ကင်ဆာဆဲလ် ပျံ့နှံ့တာကိုတွေ့ရပါတယ်။

နေရောင်ခြည်ဟာဗီတာမင်ဒီကိုရယူနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ် ဖြစ်လို့ပါ။

credit : မြန်မာတို့အတွက် မြန်မာဆေးမြီးတို
 http://www.han152.com/2012/01/blog-post_14.html
source>>>http://natureenergycare.blogspot.com/2012/11/blog-post.html#more

ဘီပိုးကို နိုင်တဲ့ဆေး (သို့) ဣဿရမူလီ


အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမညဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီးတရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။


အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာအလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။


အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။


ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။


ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့်သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ
ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က
ဣဿရမူလီ ကိုသုံးကြည့်ခိုင်းတယ်။

သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်ငါးရွက်လောက် ၀ါးစားပြီး
ရေသောက်လိုက်တယ်။နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ
အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။

နောက် (၅)လ ကြာတော့ သူယိုးဒယားကိုဆေးစစ်သွားတော့ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ
လုံးဝပျောက်သွားကြောင်း၊ဘာဆေးတွေ သုံးကြောင်း မေးလာတော့သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကို
သုံးကြောင်း ပြောလိုက်တယ်။ အခုသူကျန်းကျန်းမာမာပါပဲ။



*ဆေးသုံးစွဲနည်း*

(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။


ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
http://mandalaygazette.com/23216/health-fitness

သင့်ကို အန္တရာယ်ပေးမည့် မုန့်ပဲသရေစာများ

အာဟာရတန်ဖိုးမရှိဘဲ အလွယ်တကူပြင်ဆင်ပြီး ရောင်းချတဲ့အစားအစာတွေကို Junk food လို့ခေါ်ပါတယ်။
ဒီနေ့ခေတ်မှာ Junk food-တွေဟာ အလွန်ကိုပေါများပြီး အလွယ်တကူရနိုင်တဲ့အတွက် မကြာခဏဆိုသလို စားမိတတ်ကြပါတယ်။ Junk food-တွေဟာ အရသာလည်းရှိပြီး အပြင်အဆင်ထုပ်ပိုးပုံတွေနဲ့ ရောင်းချတဲ့ဆိုင်တွေကလည်း လှပ
ခေတ်မီတဲ့အတွက် ဒီနေ့ခေတ်လူငယ်တွေ အကြားမှာ Junk food-တွေ စားသုံးတာ Junk food-ရောင်းတဲ့ဆိုင်တွေမှာ
ထိုင်တာမျိုးတွေဟာ ဒီနေ့ခေတ်ရဲ့ စတိုင်လ်တခုလို တောင် ဖြစ်နေပါတယ်။


အချိုရည်၊ ဒိုးနတ်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ၊ ဘီစကွတ်၊ အာလူးကြော်၊ ရေခဲမုန့်၊ ရေခဲချောင်း စတဲ့
အမြန်စာတွေဟာ Junk food-တွေ ဖြစ်ပါတယ်။ ဒီမုန့်ပဲသရေစာတွေဟာ အာဟာရတန်ဖိုး မရှိရုံသာမက အမြဲစားနေရင်
ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Junk food-တွေမှာ အဆီ၊ ဆားနဲ့ သကြားတွေ အများအပြား
ပါဝင်တဲ့အတွက်ကြောင့် အရာသာရှိနေတာဖြစ်ပြီး သင့်ကျန်းမာရေး အတွက်တော့ အန္တရာယ်ပေးနိုင်တဲ့ အရာတွေပါ။



အဆီဓာတ်ပါဝင်မှု များလွန်းခြင်း

ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အာလူးကြော်နဲ့ ငါးမုန့်ကြော်လိုမျိုး Junk food-တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့
ပြည့်ဝဆီတွေ အများအပြား ပါဝင်ပါတယ်။ သင်စားတဲ့ အစားအစာတွေထဲမှာ ပြည့်ဝဆီတွေ ပါဝင်မှု များလွန်းရင်
ကျန်းမာရေး ထိခိုက်စေပြီး ကိုယ်အလေးချိန်တိုးကာ တဖြည်းဖြည်းဝလာနိုင်ပါတယ်။


အ၀လွန်ခြင်းကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေပြီး တခြားရောဂါ အများအပြားကိုလည်း ဖြစ်စေနိုင်ပါတယ်။
အ၀လွန်နေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ Junk food-တွေကို စွဲစွဲလမ်းလမ်း စားသောက်တတ်သူတွေ ဖြစ်နေ
တာကို တွေ့ရှိရပါတယ်။




ဆားပါဝင်မှု များလွန်းခြင်း

Junk food-တွေမှာ ဆားအများအပြား ပါဝင်တတ်ပါတယ်။ ပေါင်မုန့်၊ ကွေကာ၊ ဘီစကွတ်နဲ့ ကိတ်မုန့်တွေမှာ ဆား
အများအပြား ပါဝင်ပြီးသားပါ။ ဒါကြောင့် Junk food-တွေစားရင် လိုအပ်တာထက်ပိုပြီး ဆားအများအပြား စားမိနေ
တတ်ပါတယ်။ ဆားများများစားရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။




သကြားပါဝင်မှု များလွန်းခြင်း

အချိုရည်၊ ဘီစကွတ်၊ ကိတ်မုန်၊ ရေဲချောင်းနဲ့ ရေခဲမုန့်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါကြောင့် အရသာ
ရှိနေတာပါ။ ဒါပေမဲ့ သကြားအများကြီးစားရင် အ၀လွန်ခြင်း၊ သွားပိုးစားခြင်းနဲ့ တဲခြားရောဂါ အများအပြားကို
ဖြစ်စေနိုင်ပါတယ်။




ဗီတာမင်နှင့် သတ္ထုဓာတ်များ မပါဝင်ခြင်း

Junk food-တွေမှာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစာတွေနဲ့ အစိမ်းစားရတဲ့ အစာတွေမှာပါတဲ့ ဗီတာမင်
နဲ့ သတ္ထုဓာတ်လိုမျိုး အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ခန္ဓာကိုယ်ဟာ ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုေးတွကိုခုခံ
တိုက်ခိုက်တဲ့ ကိုယ်ခံအားစနစ်အတွက် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို လိုအပ်ပါတယ်။ Junk food-တွေကိုပဲ အမြဲစား
နေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို မစားဖြစ်သူတွေဟာ မကြာခဏ နာမကျန်းဖြစ်တတ်ပါတယ်။




တာရှည်ခံ ထိန်းဆေးနှင့် ဆိုးဆေးများ ပါဝင်ခြင်း

ပါကင်လှလှနဲ့ ထုပ်ပိုးထားတဲ့ Junk food-တွေမှာ တာရှည်ခံထိန်းဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ ပါဝင်ပါတယ်။
ဒါတွေက ရေရှည်မှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။




အိုမင်းစေခြင်း

Junk food-တွေဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို မြန်စေနိုင်ပါတယ်။ Junk food-တွေကိုပဲ အမြဲစားနေရင် အာဟာလုံလောက်
အောင် မရရှိတော့ဘဲ ခန္ဓာကိုယ်ကို အိုမင်းပြီး ရောဂါတွေဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်း (Free Radicals)တွေ ပိုထွက်
စေတာကြောင့်ပါ။ Junk food-တွေကို အများအားဖြင့် ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေက အများဆုံး
စားတတ်ကြပါတယ်။ Junk food-တွေကို တခါတရံစားတာက ပြဿနာမရှိပေမယ့် အမြဲမစားသင့်တဲ့အကြောင်း အကြံပြု
ဖော်ပြလိုက်ရပါတယ်။


 ဆွေဆွေမျိုးနိုင် (ဆေးဝါးတက္ကသိုလ်)
(Good Health 3-17-10)
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1838497&xgs=1&xg_source=msg_share_post

သွေးတိုးရောဂါရှင်များအတွက် အစားအသောက်












 သွေးတိုးရောဂါကို ထိန်းချုပ်ဖို့အတွက် မှန်ကန်တဲ့အစားအသောက် ပုံစံဟာ အလွန်အရေးကြီးပါတယ်။
သွေးတိုးရောဂါရှင်တွေအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ အစားအသောက်ကို တစ်သက်လုံး ထိန်းချုပ် ကန့်သတ်ထားရမယ်ဆိုတာဟာ အရသာမရှိတဲ့ အစားအသောက်တွေကိုသာ အမြဲစားသောက်နေရမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
ဒါပေမဲ့ အစားအသောက်ဆိုင်ရာမှာ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ရှောင်ကြဉ်မှုဟာ သွေးတိုးရောဂါကို ထိန်းချုပ်ကုသရာမှာ အောင်မြင်စေပြီး သွေးတိုးကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို ကာကွယ်နိုင်စေပါတယ်။

သွေးတိုးရောဂါရှင်များ စားသင့်သော အစားအသောက်များ

သွေးတိုးရောဂါရှင်တွေဟာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်လုံးညိုကို များများစားပေးပါ။ အောက်ပါ အစားအသောက်တွေကတော့ သွေးတိုးရောဂါရှင်တွေအတွက် အထူးအကျိုးရှိတာကြောင့် စားပေးသင့်ပါတယ်။
• ထောပတ်သီး
• ငှက်ပျောသီး
• ပန်းဂေါ်ဖီစိမ်း
• ကညွတ်
• ဂရိတ်ဖရုသီး
• ပဲသီး
• အဆီနည်းအသား
• အဆီထုတ်ထားတဲ့ နွားနို့ ဒါမှမဟုတ် မလိုင်ဖယ်ထားတဲ့ နွားနို့
• လိမ္မော်သီး
• ဆော်လ်မွန်ငါး
• နေကြာစေ့
• ခရမ်းချဉ်သီး

သွေးတိုးရောဂါရှင်များ ရှောင်ကြဉ်သင့်သော အစားအသောက်များ

သွေးတိုးရောဂါရှင်တွေအနေနဲ့ ငန်တဲ့အစာတွေကို ရှောင်ကြဉ်သင့်တယ်ဆိုတာကိုတော့ အများသိကြပြီးသားပါ။ ဒါပေမဲ့ သွေးတိုးရောဂါရှင်တွေဟာ ငန်တဲ့ အစာတွေတင်မကဘဲ တခြားရှောင်ကြဉ်သင့်တဲ့ အစာတွေရှိပါသေးတယ်။
ယေဘုယျအားဖြင့် သွေးတိုးရောဂါရှင်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီများတဲ့အသား၊ အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆားပါဝင်မှုများတဲ့ အဆင်သင့်စားစရာအမြန်စာ (Fast Food) တွေနဲ့ အရက်ကို ရှောင်ကြဉ်ရပါမယ်။ ဆား ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် ဆိုဒီယမ်ဓာတ်ဟာ သွေးပေါင်ချိန် မြင့်တက်မှုအတွက် အဓိကတရားခံပါ။ ငန်နေတဲ့ အစားအစာတွေမှာ ဆားပါဝင်မှုများတယ်လို့ အလွယ်တကူသိနိုင်ပေမယ့် မငန်တဲ့ အဆင်သင့် စားစရာတွေမှာ ဆားပါဝင်မှုများတာကို သတိမထားမိရင် အလွယ်တကူမသိပါဘူး။
ဒါကြောင့် သွေးတိုးရောဂါရှင်တွေအနေနဲ့ အိမ်မှာ ဟင်းချက်တဲ့အခါ ဆားလျှော့ထည့်ရုံနဲ့ မလုံလောက်ဘဲ အဆင်သင့် စားစရာဘူးတွေ၊ အထုပ်တွေကို ဝယ်တဲ့အခါ ဆိုဒီယမ်ပါဝင်မှု ပမာဏကိုပါ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ သွေးတိုးရောဂါရှင်တွေအနေနဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့ အဆင်သင့် စားစရာတွေကို တတ်နိုင်သမျှ ရှောင်ပြီး စားစရာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ပါ။

သွေးတိုးရောဂါရှင်တွေဟာ အောက်ပါအစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

• ငါးပိ၊ ငါးခြောက်နဲ့ ဆားနယ်ထားတဲ့ တခြားအသားခြောက်များ
• ဆိုဒီယမ်ပါဝင်မှုများတဲ့ အဆင်သင့်စားစရာများ
• ကြက်အရေခွံ
• အမြန်စာများ
• ပြည့်ဝဆီ ဒါမှမဟုတ် ထပ်ပြန်ကြော်ဆီပါဝင်မှုများတဲ့ အစာများ
• သကြားပါဝင်မှုများတဲ့ အစာများ
သွေးတိုးရောဂါရှင်တွေအနေနဲ့ စားသင့်တဲ့ အစားအသောက်တွေကို စားသောက်ပြီး ရှောင်ကြဉ်တာကို ဆင်းရဲဒုက္ခလို့ မယူဆဘဲ အရသာအသစ်တွေကို စူးစမ်းရှာဖွေကြည့်နိုင်တဲ့ အခွင့်အရေးအဖြစ် ယူဆပါ။ ဟင်းချက်တဲ့အခါ ဆားမပါဘဲ အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို စမ်းသပ် သုံးစွဲကြည့်ပါ။
ဆားလျှော့စားခါစမှာ အရသာမရှိသလို ခံစားရပေမယ့် စားရင်းနဲ့ နောက်ပိုင်းမှာ အကျင့်ဖြစ်သွားပြီး ပုံမှန်အတိုင်း စားနိုင်သွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သွေးတိုးရောဂါကို ထိန်းချုပ်ကုသမှုမှာ အောင်မြင်မှာ ဖြစ်ပြီး သွေးတိုးကြောင့် ဖြစ်နိုင်တဲ့ လေဖြတ်ခြင်းနဲ့ တခြားနောက်ဆက်တွဲ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Ref : Good Health
sourced>>>http://natureenergycare.blogspot.com/2012/11/by-nang-kha-yea-on.html

ဟင်းခတ်အမွှေးအကြိုင်များ၏ ကျန်းမာရေးအစွမ်းများ

ဟင်းခတ်အမွှေးအကြိုင်တွေ အသုံးပြုတာကြောင့် ဟင်းရဲ့အရသာကောင်းမွန်ပြီး ဟင်းအပြင်အဆင် လှပရုံသာမက သင့်အတွက် ကျန်းမာရေးကောင်းစေတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ရရှိနိုင်ပါတယ်။ Phytochemicals နဲ့ antioxidant တွေလည်း ပါဝင်တဲ့အတွက် ကင်ဆာရောဂါနဲ့ နှလုံးရော ဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ ဟင်းခတ်အမွှေးအကြိုင် အလိုက်ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 ဆီသတ်ရွက်