“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, June 10, 2013

အရေပြား ယားယံခြင်း အကြောင်းများ

Photo: အရေပြား ယားယံခြင်း အကြောင်းများ

မိတ်ဆွေ တစ်ဦး အိမ်လာလည်ရင်း ကျွန်မ အမျိုးသားအား သူ၏ လက်နှင့် ခြေထောက်၊ ပေါင်တို့မှာ ယားယံ နေတဲ့ အကွက်ငယ် (၁ စင်တီ မီတာ အရွယ်) လေးများ ဟိုတစ်ကွက် ဒီတစ်ကွက်ကို ပြပါတယ်။ သူ့အပြော အရ ဤအကွက် လေးများ ပေါ် လာတာ ၁ လခန့် ရှိပြီ။ သက်သာ လိုက်၊ ပြန်ယား လိုက်နှင့် စိတ်ညစ် နေကြောင်း၊ ပွေးလို့ထင်ပြီး ပွေးရောဂါ အတွက် လိမ်းရတဲ့ အရေပြားယားနာ လိမ်း ခရင်မ်တွေလည်း လိမ်းနေ ကြောင်း၊ သို့သော် မသက်သာကြောင်း လည်း ရှင်းပြပါတယ်။
ကျွန်မတို့က အရေပြား လန်သလို အလွှားလိုက် ကွာနေသော အကွက်လေး များနှင့် နှုတ်ခမ်းသားလေးတွေ ထူနေတာ တွေ့ရတော့ အရေပြား ကျန်းမာရေး ပြဿနာမှာ တစ်ခါတစ်ရံ လွဲမှားတတ် လို့ အတွေ့အကြုံ ရင့်ကျက်တဲ့ အရေ ပြား အထူးကု ဆရာဝန် တစ်ဦးဦးနှင့် ပြသပြီး လိုအပ်သလို ကုသရန် အကြံ ပေးလိုက်ကြပါတယ်။ အရေပြား ယားယံမှုဟာ မှိုပိုး ကြောင့် ဖြစ်တတ်သလို တစ်ခါ တစ်ရံ ဓာတ်မတည့် မှုကြောင့်လည်း ယားယံ တတ်ပါတယ်။
ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြား ယားယံမှုဟာ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားလန်၊ အကွက်လေး များ၏ နှုတ်ခမ်းသား ထူထူလေးတွေ ဖြစ်လာတာနှင့်လည်း ဆင်တူယိုးမှား ဖြစ်တတ် ပါသေးတယ်။ ဓာတ်မတည့်မှု ဆိုရာမှာ အစားအ သောက်ကြောင့် ဓာတ်မတည့်ခြင်း၊ ဆေးဝါး များကြောင့် ဓာတ်မတည့် ခြင်း၊ မိမိနေ့စဉ်သုံးစွဲတဲ့ ဓာတုပစ္စည်း များ ပါဝင်တဲ့အသုံးအဆောင်ပစ္စည်း များနှင့် ဓာတ်မတည့်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိရာ ထိုဓာတ်မတည့်မှုမှာ အရေပြား ပေါ်တွင် မည်သည့် အချိန်မှ စ၍ဖြစ်ပေါ်လာမှန်း မသိရဘဲ အရေ ပြားတွေ ယားယံ လာမှသာ သတိပြု မိတာမျိုးထိ ဖြစ်တတ် ပါတယ်။
အဲဒီ အချိန်မျိုးမှာ ယားနာရောဂါတွေ အတွက် လိမ်းစရာဆေးဝါးတွေက ဆေးဆိုင်တွေမှာ အလွယ်တကူ ရောင်းချပေးနေတဲ့အတွက် မိမိ ဘာသာမိမိ ရောဂါနာမည် အမည် တပ်၊ စိတ်ထင်ရာ ဆေးဝါး လိမ်းဆေး တွေ ဝယ်ယူလိမ်းလိုက်ခြင်းဖြင့် ပို၍ ဆိုးဝါးကာ အနာမှာ ပိုရောင်ရမ်းလာ ခြင်း၊ ပို၍ ယားယံလာခြင်း စသည့် ဆိုးဝါးပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ မိမိမကျွမ်းကျင် သော ဘာသာရပ်တစ်ခုမှာ အထူး သဖြင့် အရေပြား အသားအရေကို လိမ်းဆေးခရင်မ်များ လိမ်းပေးခြင်း ဖြင့် ဆွပေးသလိုဖြစ်ကာ ပိုမိုဆိုးဝါး လာစေတတ်ပါတယ်။ ဆေးဆိုင်တွေ အထူးသဖြင့် လမ်းဘေးဆိုင်တွေမှာ ယားနာလိမ်း ဆေးလို့ ပြောတာနဲ့ ဆိုင်ရှင်က သူပေးချင်တဲ့ ဆေးပေးပါ လိမ့်မယ်။ အရေပြားမှာ ပြဿနာဖြစ်ရင် အရေပြားဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါတယ်။
ဒါမှ ဆရာဝန် အနေဖြင့် မှိုပိုးကြောင့်ဖြစ်တာလား၊ ဓာတ်မတည့် ခြင်းကြောင့်ဖြစ်တာ လား၊ တခြား မည်သည့်အချက်တွေ ကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတာ စစ်ဆေးကြည့်ရှု အဖြေရှာပါလိမ့်မယ်။ ထိုယားနား ကွက်လေးများကို အသာခြစ်ယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးခြင်းဖြင့် လည်းကောင်း၊ နှစ်ပတ်အတွင်း ပိုးမွေးပေးခြင်းဖြင့်လည်း ကောင်း မှိုပိုးဟုတ်မဟုတ် ရှာဖွေပေး နိုင်ပါတယ်။ အကယ်၍ မှိုပိုးဖြစ်ပါက မည်သည့်မှို အမျိုးအစားဖြစ်သလဲ ဆိုတာ ရှာဖွေပေးနိုင်တဲ့အပြင် အမြန် ဆုံးသက်သာစေနိုင်မည့် ဆေးဝါး အမျိုးအစားကိုပါ ရှာဖွေပေးနိုင် ပါတယ်။ ဤသို့ အလွယ်တကူ တွေ့ရှိရပါက ကုသရန် မခက်ခဲ တော့ပါ။
သို့သော် အားလုံးကတော့ ကုသရန် အမြဲလွယ်ကူတာမဟုတ်ပါ။ တစ်ခါတစ်ရံ သိရန်ခက်ခဲတဲ့ အရေ ပြားပြဿနာတွေလည်း ရှိတတ်ပါ တယ်။ ဆရာဝန်ရဲ့ အတွေ့အကြုံရင့် ကျက်မှုအပေါ်မူတည်၍ သက်သာ ပျောက်ကင်းအောင် ကုသ နိုင်ပါတယ်။ လူနာများ အနေဖြင့် မိမိသဘောနှင့် မိမိ ကုသတာဟာ အနာကို ပိုဆိုးစေပါ တယ်။ ယားယံလွန်းလို့ မနေနိုင်သဖြင့် လက်သည်း သို့မဟုတ် မသန့်ရှင်း သည့်လက်နှင့် ကုတ်ခြစ်မိတာက တစ်မျိုး၊ အနာနှင့်ဆေး လွဲမှားစွာ ကုမိတာက တစ်ဖုံအပြင် မပျောက်နိုင် လို့ စိတ်ဓာတ်ကျ ရတာက အဆစ်ရ တတ်ပါ သေးတယ်။ ဒီကြားထဲ ပတ်ဝန်း ကျင်ရှိ လူများက ပေးတဲ့ ဆေးမြီးတိုနှင့် လက်တည့် စမ်းမိ၍ ပိုဆိုးတာ မျိုးလည်း ရှိတတ်ပါတယ်။ အရေပြားယားယံပြီး လန်လာ၊ အကွက်လေးတွေြွကလာတာမျိုး ကြုံရပါက အောက်ပါအတိုင်း ဆန်း စစ်ပါ။
(၁) တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရု စိုက်မိပါရဲ့လား။ ဥပမာချွေးစို သို့မဟုတ် ရေစိုအဝတ်အစားကို မလဲလှယ်ဘဲ တစ်နေကုန်ဝတ်ထား မိလား။
(၂) ရက်ပိုင်း အတွင်း ထူးခြားတဲ့ အစားအစာ ဘာတွေ စားမိပါသလဲ။
(၃) ရက်ပိုင်းအတွင်း သို့မဟုတ် လ သောက်/ထိုး/လိမ်း မိပါသလဲ။
(၄) မိသားစု သို့မဟုတ် သူငယ်ချင်း တစ်ဦးဦး၏ အဝတ်အစား အတူခွဲဝေ သုံးစွဲဝတ်ဆင်မိပါသလား
(၅) ရေချိုးခန်းသုံး ဓာတုပစ္စည်းများ ပါဝင်သည့် ခေါင်းလျှော်ရည်ရှမ်ပူ၊ ကိုယ်တိုက် ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ မျက်နှာသန့် စင်ဆေးရည်၊ Body Lotional ခန္ဓာ ကိုယ်လိမ်းပစ္စည်းများ၊ ရေမွှေး၊ ပေါင်ဒါ၊ ဂျိုင်းလိမ်း Roll On စသည့် ဓာတုပစ္စည်းများ ပါဝင်သည့် အသုံး အဆောင်များကို သုံးနေကျ မဟုတ်ဘဲ အသစ် တစ်မျိုးမျိုး ဝယ်သုံး မိလား။  

ဒေါက်တာရည်ညွန့်မေ
BY HEALTH DIGEST

သို့ / သူငယ်ချင်း ~~~

အတိတ်ရဲ့ အရိပ်တွေ လိုက်လာတော့
နင့်ဘ၀ အဆိတ်တတ်ရပီပေါ့ ..
မငိုလိုက်ပါနဲ့ သူငယ်ချင်းရယ်
နင့်ရှိုက်သံတွေက ငါ့ရင်နဲ့ မဆံ့အောင်ဖြစ်ရပေမယ့်
မနာလိုသူတွေကြားရင် လက်ခမောင်းခက်နေပါဦးမယ် ~~~~~

ပျော်ရွှင်ခြင်း ၀မ်းနဲခြင်းတွေဆိုတာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက
မမြင်နိုင်တဲ့ မနက်ဖြန်တွေထဲ
အိပ်မက်တစ်ခုလို ခပ်ရေးရေးလေးဖြစ်သွားစမြဲပါ သူငယ်ချင်း ~~~~~

ညဆိုတာ အမြဲတမ်းမရှိပါဘူး
နင့်ဘ၀ ထွန်းသစ်စ အာရုံဦးမနက်ခင်းတွေ
ကောင်းကင်ပြာပြာ ငေးမောမ၀နေ့လည်ခင်းတွေနဲ့
အမြဲတမ်းတ လွမ်းရမယ့် ညချမ်းလေးတွေကို ပိုင်ဆိုင်ခွင့်ရှိဦးမှာ သူငယ်ချင်းရယ် ~~~~~
ထာဝရ အိမ်မက်လှလှ မက်ပါစေနော် ....

အောင်ကျော်မြင့်(akmyint.kooo@gmail.com)
Like · ·

ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကွန်ပျူတာ Luvaglio

Photo: ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကွန်ပျူတာ Luvaglio
Monday, June 10, 2013

ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကို ထုတ်လုပ်သူကလည်း အင်္ဂလန်ကပဲ ဖြစ်ပါတယ်။ Luvaglio အမည်ရ ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီမှ ၂၀၁၂ နှစ်ဆန်းက ဖန်တီးလိုက်တဲ့ Laptop ဖြစ်ပါတယ်။

တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ သန်းရှိပါတယ်။ အဓိက ဈေးကြီးသွား တဲ့အပိုင်းကတော့ စိန်ပဲ ဖြစ်ပါတယ်။ Start up Buttom ကို စိန်နဲ့ဖွင့်
ရမှာ ဖြစ်ပါတယ်။ ယင်းစိန်ကို Laptop ပိုင်ဆိုင်သူ အား ပေးထားမှာ ဖြစ်
ပါတယ်။ ဒါကြောင့် လုံခြုံရေး အဆင့်မြင့်ပြီး စိန်တုံး ရှိသူမှသာ ဖွင့်လို့ရမယ့် Laptop ဖြစ်ပါတယ်။ စိန်ကို ကြိုက်နှစ်သက်ရာ အမျိုးအစား ရွေးချယ်ခွင့်ပေး
ထားပါတယ်။ သို့ပေမယ့် Luvaglio မှာရောင်းချတဲ့ စိန်အားလုံးဟာ ကမ္ဘာ့
ရှားပါးဈေးကြီး စိန်များသာ ဖြစ်ပါတယ်။

Latop ကို Case ထဲမှာ ထည့်သွင်းပြီး အသုံးပြုလိုတဲ့ Case သတ္တုအမျိုး
အစားနဲ့ သားရေ အရောင်ကိုလည်း စိတ်ကြိုက် ရွေးချယ် ရမှာ ဖြစ်ပါ
တယ်။ သေချာချုပ်လုပ်ပေးထားတဲ့ Hand made –Case ဖြစ်ပါတယ်။ အတွင်းက Hardware များကတော့ ပုံသေမရှိပါ ဘူး။ ပြောင်းလဲသွားတဲ့
နည်းပညာအလိုက် Up grade လုပ်ပေးမှာ ဖြစ်တဲ့အတွက် အသုံးပြုမယ့် Hard disk က အစ နောက်ဆုံပေါ် ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

ကြိမ်းသေပါမှာကတော့ 128 solid State drive, USB stick, MP3 Player တို့ဖြစ်ပြီး အခြား Graphic Card တို့ကတော့ ခေတ်အလိုက် တပ်ဆင်ပေး
မှာ ဖြစ်ပါတယ်။ ၁၄ လက်မ အလင်းမပြန် Anti-reflective glare coating သုပ် LED ဖန်သား မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

ယင်း Laptop ကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများသာ ဇိမ်ခံပစ္စည်း
အဖြစ် ဝယ်ယူပါတယ်။ ကြိုတင်ပြုလုပ်ထားခြင်း မရှိပဲမှာယူသူ ရှိမှသာ Luvaglio ကဖန်တီးပေးခြင်း ဖြစ်ပါတယ်။ Sample အနေနဲ့ ဖန်တီးပေး
ထားတဲ့ Luvaglio ရဲ့Laptop တစ်လုံးရဲ့ ပေါက်ဈေးဟာ အမေရိကန် ဒေါ်လာ ၁ သန်းရှိတဲ့အတွက် ကမ္ဘာ့ဈေးကြီးဆုံး Laptop အဖြစ် သတ်မှတ်ထားကြ
ပါတယ်။

Ref:www.Luvaglio.com
YoYarLay
ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကို ထုတ်လုပ်သူကလည်း အင်္ဂလန်ကပဲ ဖြစ်ပါတယ်။ Luvaglio အမည်ရ ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီမှ ၂၀၁၂ နှစ်ဆန်းက ဖန်တီးလိုက်တဲ့ Laptop ဖြစ်ပါတယ်။

တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ သန်းရှိပါတယ်။ အဓိက ဈေးကြီးသွား တဲ့အပိုင်းကတော့ စိန်ပဲ ဖြစ်ပါတယ်။ Start up Buttom ကို စိန်နဲ့ဖွင့်
ရမှာ ဖြစ်ပါတယ်။ ယင်းစိန်ကို Laptop ပိုင်ဆိုင်သူ အား ပေးထားမှာ ဖြစ်
ပါတယ်။ ဒါကြောင့် လုံခြုံရေး အဆင့်မြင့်ပြီး စိန်တုံး ရှိသူမှသာ ဖွင့်လို့ရမယ့် Laptop ဖြစ်ပါတယ်။ စိန်ကို ကြိုက်နှစ်သက်ရာ အမျိုးအစား ရွေးချယ်ခွင့်ပေး
ထားပါတယ်။ သို့ပေမယ့် Luvaglio မှာရောင်းချတဲ့ စိန်အားလုံးဟာ ကမ္ဘာ့
ရှားပါးဈေးကြီး စိန်များသာ ဖြစ်ပါတယ်။

Latop ကို Case ထဲမှာ ထည့်သွင်းပြီး အသုံးပြုလိုတဲ့ Case သတ္တုအမျိုး
အစားနဲ့ သားရေ အရောင်ကိုလည်း စိတ်ကြိုက် ရွေးချယ် ရမှာ ဖြစ်ပါ

ကမ္ဘာ့အသေးဆုံး ပုတ်သင်ညို

Photo: ကမ္ဘာ့အသေးဆုံး ပုတ်သင်ညို
Monday, June 10, 2013

အိန္ဒိယသမုဒ္ဒရာအတွင်း၊ မဒါဂတ်စကားကျွန်းနိုင်ငံမှာ တွေ့ရှိတဲ့ ပုတ်
သင်ညို မျိုးစိတ်သစ် ဖြစ်ပါတယ်။

Brookesia micra လို့အမည်ပေးထားပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ
၁၄ ရက်နေ့ကမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မီးခြစ်ဆံပေါ် တွယ်တက် ရလောက် အောင်ကို အရွယ်သေးငယ်ပြီး အထီးက ၀.၆၃ လက်မ၊
အမ ၁.၂ လက်မ လောက်ထိပဲ အကြီးဆုံး ရှိပါတယ်။ တော်တော်
များများက ၁ လက်မ အောက်တွေချည်းဖြစ်ပါတယ်။

ပုတ်သင်ညို ပိစိ Brooke များကို ယင်းနိုင်ငံမှာသာ တွေ့ရပြီး ကမ္ဘာ့
ဈေးအကြီးဆုံး အိမ်မွေးတိရစ္ဆာန်တစ်မျိုးလည်း ဖြစ်လာကြောင်း
သိရပါတယ်။
--
Ref: wiki

အလွန်ကြောက်စရာကောင်းသည့် ခြင်ဆေးခွေအန္ထရာယ်

Photo: အလွန်ကြောက်စရာကောင်းသည့် ခြင်ဆေးခွေအန္ထရာယ်
Monday, June 10, 2013

ခြင်ဆေးခွေသည် နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်း ကင်ဆာများဖြစ်ပွားစေနိုင်သည်။

 ခြင်ဆေးခွေတွင် ဓါတုပိုးသတ်ဆေးများ၌ အပြင်းထန်ဆုံး သတ်မှတ်ထားသော S.2ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်ဆိုးဆေးနှင့် ဓါတုအမွှေးအကြိုင်တို့ ပါဝင်သည်။ အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene(ဘန်ဇိုင်း)
ကာစိဒိုဂျင်တစ်မျိုးလည်း ပါဝင်ပြီး အာရုဏ်ကြောမှစ၍ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေနိုင်သည်။

 ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓါတ်သည် စီးကရက်ပေါင်း၅၁လိပ်ဖွာရှိုက်သည်နှင့် ညီမျှသည်။ ခြင်ဆေးခွေ တစ်ခွေမှ
ထွက်လာသော အဆိပ်ဓါတ်သည် စီးကရက်အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်သော အဆိပ်မှုန့်အမာဏနှင့် ညီမျှသည်။

Zin Yaw News