“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, July 7, 2013

အားအင်ပြည့်စေတဲ့ ငှက်ပျောသီး

Photo: အားအင်ပြည့်စေတဲ့ ငှက်ပျောသီး

ငှက်ပျောသီးမှာ သဘာဝ သကြား ဓာတ် သုံးမျိုး ပါဝင်ပါတယ်။ ဆူးခရို့စ်၊ ဖရက်တို့စ်၊ ဂလူးကို့စ်နဲ့ အမျှင်ဓာတ် တို့ ပါဝင် ပါတယ်။ ငှက်ပျောသီးက အားဖြစ်စေတဲ့ အာဟာရ ဖြစ်စေတဲ့ အသီးအနှံ တစ်ခု ဖြစ်ပါတယ်။ ငှက် ပျောသီး ၂ လုံး စားခြင်းက အား အင်သုံးပြီး မိနစ် ၉၀ ကြာလေ့ကျင့် ခန်းလုပ်ခြင်း အတွက် လုံလောက်တဲ့ စွမ်းအင် ပမာဏကို ပေးစွမ်းနိုင်ပါ တယ်။ ဒါကြောင့် ကမ္ဘာ့အားကစား သမားများ ကြားထဲမှာ ငှက်ပျောသီး က နာမည်ကျော်နေတာဖြစ် ပါတယ်။ ဒါပေမယ့် ငှက်ပျောသီးက ပေးနိုင်တာ စွမ်းအင် တစ်ခုတည်း မဟုတ်ပါဘူး။ အခြားသော ကျန်းမာရေး ပြဿနာများနဲ့ ရောဂါများကို သက်သာ စေရာမှာရော ကာကွယ်တဲ့ နေရာမှာပါ ကူညီပေး ပါတယ်။ နေ့စဉ် အစားအသောက်ထဲ ထည့်သွင်းရမယ့် အစားအစာ တစ်ခုဖြစ် ပါတယ်။  
 
ဇင်မာမြင့်
BY HEALTH DIGEST

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

Photo: သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး

(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး

(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး

(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး

(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

မြန်မာ့လင်းရောင်ခြည်

ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး

Photo: ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး
===================
၁ - အသက်ရှည်ခြင်း၊
၂ - အဆင်းလှခြင်း၊
၃ - ချမ်းသာကြီးခြင်း၊
၎ - ခွန်အားဗလနှင့် ပြည့်စုံခြင်း၊
၅- ဈာန် မဂ် ဖိုလ်တရားများကို ရနိုင်ခြင်း၊
၆- ပစ္စုပ္ပန်သံသရာတို့၌အကျိုးများခြင်းကြောင့်ကထိန်သင်္ကန်း နှင့်အတူတကွ အခြံအရံဖြစ်ကုန်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ်သြဇာ အရ သာ တို့ကို ဆက်ကပ်လှူဒါန်းရခြင်း၊
၇ - သီလဆောက်တည်ရခြင်း၊
၈ - တရားနာရခြင်း
၉ - အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့် ပတ်သက်၍ သမထ ဝိပဿနာ ပွားများရခြင်း။

-----------------------
'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .

'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''

'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -

'' ရွှေသို့အဆင်း၊ မြူကြေးကင်၍

ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊

မကသိန်းဖိုး၊ ပုဆိုးရလေ၊

ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊

ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''

ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်Óဏ် ဖိုလ်Óဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။ 
--------------------
ဇောတိက

အင်းလေးမီဒီယာ