“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, November 18, 2012

အဖော်မမဲ့ချင်ရင် ဒါတွေဆင်

“ဟေ့....ဟေ့....အဲလိုမလုပ်ပါနဲ့....”
မိန်းမချောလေးတစ်ယောက် ဧရာဝတီမြစ်ထဲ ခုန်ချဖို့ လုပ်နေစဉ်မှာ လူတစ်ယောက်က ကမန်းကတန်း ပြေးသွားပြီး လှမ်းဆွဲထားလိုက်သည်။ မိန်းမချောလေးက လာဆွဲသူကို ဒေါသတကြီးဖြင့် ပြန်ကြည့် လိုက်သည်။
“ရှင်နဲ့ ဘာဆိုင်လို့လဲ...ကျွန်မ သေချင်တယ်...လူ့လောကကြီးမှာ မနေချင်တော့ဘူး”
“အဖန်ငါးရာ ငါးကမ္ဘာခံရတတ်တယ်။ ဒီလိုတော့မလုပ်လိုက်ပါနဲ့။ အသက်တစ်ချောင်းက အင်မတန်ရခဲ ပါတယ်”
“ရှင်က ဘယ်သူလဲ...ဘာလို့ ကျွန်မကို လာတားနေတာလဲ”
“ငါက ကံကောင်းပါ”
“ဘယ်ကကံကောင်းလဲ...ရှင့်ကို ကျွန်မ မသိဘူး”
“အင်း...မင်း ငါ့ကို သိမှာ မဟုတ်ပါဘူး။ ငါကလည်း မင်းကို မသိပါဘူး။ ဒါပေမယ့် မင်း ဘာဖြစ်လို့ အခုလို ကိုယ့်ကိုယ်ကို သေကြောင်းကြံတာလဲ”
“ကျွန်မ ပြောပြတော့ ရှင်က ဘာများ တတ်နိုင်မှာလဲ”
“မင်းရဲ့ အဖြစ်အပျက်ကို သိရရင် ငါဘယ်လို ကူညီရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာပေါ့”
“ဒါဆိုလဲ ကျွန်မတို့ ဟောဟိုက ခုံပေါ်မှာ သွားထိုင်ပြီးပြောမယ်လေ”
မိန်းမချောလေးက မလှမ်းမကမ်းမှာရှိသော ခုံရှည်ဆီသို့ ဦးဆောင်ခေါ်သွားသည်။

အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီးခြင်း၏အကြောင်း(သို့) ဒါနမဟပ္ဖလသုတ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္မာမြို့အနီး ဂဂ္ဂရာအမည်ရှိတဲ့ရေကန်ရဲ့အနီးမှာ သီတင်းသုံးခိုက် အရှင်သာရိပုတ္တရာသည် စမ္မာပြည်သား ဒကာများနှင့်အတူတကွဘုရားရှင်ထံ
ကို ချဉ်းကပ်ရှိခိုးပြီး ``အရှင်ဘုရား ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုး
မကြီးဖြစ်တတ်ပါသလား´´လို့ မေးလျှောက်တယ်။
ဘုရားရှင်က-
``သာရိပုတ္တရာ မှန်တယ်။ ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီး
ဖြစ်တတ်တယ်´´လို့မိန့်တော်မူတယ်။
``အရှင်ဘုရား အလှူရဲ့အကျိုးဟာ ဘယ်အတွက် ရံခါ အကျိုးကြီးပြီး ဘယ်အတွက်
ရံခါအကျိုးမကြီးဖြစ်ရပါသလဲ´´လို့လျှောက်ထားတော့ ဘုရားရှင်က-
``သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များဟာ-
(၁) ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့အပ်သော စိတ်ရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို ငဲ့ကွက်လျှက် အလှူကိုပေးတယ်။
(၄) အလှူရဲ့အကျိုးကို နောက်ဘ၀ ခံစားရမှာပဲလို့ရည်ရွယ်ပြီး အလှူကိုပေးတယ်။ အဲဒီအလှူရှင်ဟာ ကွယ်လွန်ပြီးတဲ့နောက် နတ်ဖြစ်ခြင်းဆိုတဲ့အကျိုးကို ခံစားနိုင်ခွင့်ရှိတယ်။
သူ့အကျိုးပေးကုန်သွားလျှင် အောက်ဘုံသို့ပြန်ကျလိမ့်မယ်။
သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များကတော့-
(၁) ငဲ့ကွက်ခြင်းမရှိဘဲ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့တဲ့ စိတ်မရှိဘဲ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို မငဲ့ကွက်ဘဲ အလှူကိုပေးတယ်။
(၄) နောက်ဘ၀ဆိုတဲ့ ရုပ်နာမ်ရဲ့ အထောက်အပံ့အတွက် မဟုတ်ပါဘဲအလှူပေးခြင်းဟာ
ကောင်းမွန်မြင့်မြတ်တဲ့တရားဖြစ်တယ်လို့နှလုံးသွင်းပြီး အလှူကိုပေးတယ်။
(၅) မိဘရိုးရာရှေးအခါက ပြုခဲ့တဲ့တရားမို့ မိဘဘိုးဘွားတို့ရဲ့အစဉ်ကိုမပျက်စေချင်လို့ အလှူကိုပေးတယ်။
(၆) ရဟန်းဆိုတာ လူတို့လိုဝမ်းရေးအတွက်အခြားအလုပ်မျိုး လုပ်ကိုင်နိုင်ခွင့်မရှိဘူး။ အလှူခံစားတဲ့ အလုပ်မျှသာရှိတယ်။ အခြားအလုပ်မျိုးလုပ်ကိုင်ခွင့်ရှိတဲ့ ငါတို့က လုပ်ကိုင်ခွင့်မရှိတဲ့ ရဟန်းတို့အား အထိုက်အလျှောက် ပေးလှူသင့်တယ်လို့ယူဆပြီး အလှူကိုပေးတယ်။
(၇) အလှူရှင်ကြီးတွေကို အားကျပြီးတော့လည်း ပေးလှူတတ်ကြတယ်။
(၈) အလှူပေးတယ်ဆိုတာဟာ စိတ်ကိုကြည်လင်စေတယ်။ နှစ်သက်ဝမ်းမြောက်စရာ
ဖြစ်တယ်လို့ ယူဆပြီး ပေးလှူတာလည်းရှိတယ်။
(၉) သမထ၊ ၀ိပဿနာစိတ်ရဲ့ အဆင်တန်ဆာဖြစ်အောင် အခြံအရံဖြစ်အောင်အထောက်
အပံ့ဖြစ်အောင်ပေးလှူတာလည်းရှိတယ်။ အဲဒီလို အသီးသီးသော ရည်မှန်းချက်တွေနှင့် ပေးလှူကြရာမှာ ရုပ်နာမ်ကို ငဲ့ကွက်ခြင်း စသည်မရှိဘဲ သမထ ၀ိပဿနာစိတ်ရဲ့အဆင်တန်
ဆာဖြစ်အောင် ပေးလှူခဲ့လျှင် ထိုအလှူဒါနဟာ ဘုံအားဖြင့် ဗြဟ္မာဘုံရောက်အောင်အကျိုးပေး
နိုင်တယ်။ ပုဂ္ဂိုလ်အားဖြင့်ဆိုလျှင် အနာဂါမ်ထိအောင်အကျိုးပေးနိုင်တယ်။
``ချစ်သား သာရိပုတ္တရာ အလှူဒါနရဲ့အကျိုးကြီးခြင်း မကြီးခြင်းဟာဤလိုပေးလှူသူရဲ့
စိတ်ဓါတ်ကွာခြားမှုကြောင့်ဖြစ်တယ်။´´

ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏ ဒါနဟူသည်မှ
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1507794&xgs=1&xg_source=msg_share_post

Facebook မှာ စာလုံးပုံစံဒီင်္ဇိုင်းအဆန်းတွေနှင့်ရေးချင်ရင်

╔╦╦═╦═══════╦══╦╦══╗
║║╝╔╬╦╦═╦╦╦╗╠═╝╠╬═╗║
║║╗╚╣║╠╝║║║║║╔═╣║║║║
║╚╩═╬╗╠═╩══╝╚══╩╩╩╝║
╚═══╩═╩════════════╝
╔╦╦╦╦═╦╦╦╗╔══╦╦═╦╗
║═╬╗║╩║║║║╠╝╔╣║║║║
╚╩╝╚╩╩╩══╝╚══╩╩╩═╝
[̲̅K̲̅][̲̅y̲̅][̲̅a̲̅][̲̅w̲̅][̲̅ ̲̅][̲̅Z̲̅][̲̅i̲̅][̲̅n̲̅]
[̲̅♥̲̲̅̅K̲̲̅̅y̲̲̅̅a̲̲̅̅w̲̲̅̅ ̲̲̅̅Z̲̲̅̅i̲̲̅̅n̲̲̅̅♥̲̅]
:¨·.·¨:
`·. Ӄɏαω ₴ïɳ
¨°o.OⓀⓨⓐⓦ ⓏⓘⓝO.o°¨
սᴉZ mɐⵃʞ
ᴷʸᴬᵂ ᶻᴵᴺ
K̅y̅a̅w̅ ̅Z̅i̅n̅
K̲y̲a̲w̲ ̲Z̲i̲n̲
̶K̶̶y̶̶a̶̶w̶̶ ̶̶Z̶̶i̶̶n̶
ky4w 2!n
ƙՎԹա ՀɿՌ
кץคฬ zเภ
Ķẏᾄᾧ Źἷᾗ
₭ȳāw Ƶīn
Ӄצą௰ ☡ᵢռ
Ӄẙąⱳ Ζïɳ
长丫丹山 . 乙工仈
█< `▄´ ▄▀▄ █Λ█ . ▀█▄ ║ █\█
█▄▀ █..█ ▄▀▄ \\.//\\.// . ▀// ▀█▀ █\ █
█▀▄ .▐▌. █▀█ .\\//\\//. . //▄ ▄█▄ █ \█ 
အဆင်ပြေကြပါစေ။
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1494462&xgs=1&xg_source=msg_share_post

ဝမ်းချုပ်ခြင်းကိုဖြေရှင်းပေးမည့်သဘာဝအသီးအနှံများ

 
လူတိုင်းဝမ်းချုပ်တာကိုခံစားဖူးကြမှာပါ။ဝမ်းချုပ်တာကသင်စားတဲ့အစားအစာနဲ့သောက်တဲ့ဆေးတွေကြောင့်
ဖြစ်နိုင်သလိုရောဂါတစ်ခုခုရဲ့ရှေ့ပြေးလက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။လူတစ်ဦးနဲ့တစ်ဦးဝမ်းသွားတဲ့
အလေ့အကျင့်တွေမတူညီတတ်ပါဘူး။တချို့လူတွေကနေ့စဉ်ပုံမှန်ဝမ်းသွားပေမယ့်တချို့လူတွေကတော့
တရက်ခြား၊နှစ်ရက်ခြားမှတစ်ကြိမ်သာဝမ်းသွားတဲ့အလေ့အကျင့်ရှိတတ်ပါတယ်။ဘယ်လိုအမူအကျင့်တွေ
ရှိနေပါစေတစ်ပတ်ကို၃ကြိမ်ထက်နည်းပြီးဝမ်းသွားမှသာဝမ်းချုပ်တယ်လို့ကျွမ်းကျင်သူတွေကသတ်မှတ်
ပါတယ်။ဝမ်းချုပ်လာမှဝမ်းနုတ်ဆေးစားတာက၀မ်းချုပ်တာကိုယာယီသာဖြေရှင်းပေးနိုင်ပြီး
သင့်တော်မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ဝမ်းချုပ်တာကိုကာကွယ်နိုင်စေဖို့မီးဖိုချောင်သုံးသုံးသီးနှံတွေ
နဲ့ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁။စပျစ်သီး











ကျက်အောင်ကျိုထားတဲ့နွားနို့ပူပူထဲကိုအစေ့ထုတ်ထားတဲ့စပျစ်သီး၁၀-၁၂လုံးလောက်ထည့်ကာ
ညအိပ်ခါနီးတိုင်းသောက်ပြီးနွားနို့ထဲကစပျစ်သီးကိုဝါးစားပါ။ဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်ပါတယ်။

၂။သင်္ဘောသီ
 








သင်္ဘောသီးက၀မ်းပျော့ပျော့သွားစေဖို့အကောင်းဆုံးအိမ်တွင်းဆေးနည်းတစ်မျိုးလို့ပြောရင်မှားမယ်
မထင်ပါဘူး။

၃။ချင်း(ဂျင်း)

ချင်းကိုအခြောက်လှန်းပြီးအမှုန့်ကြိတ်ပါ။ပွေးကိုင်းရွက်ကိုလည်းအခြောက်လှန်းပြီးအမှုန့်ကြိတ်ပါ။
ချင်းခြောက်မှုန့်နဲ့ပွေးကိုင်းရွက်မှုန့်တို့ကိုဆတူရောထားပါ။အိပ်ရာမ၀င်ခင်ရေနွေးနွေးထဲကိုရောထားတဲ့
အမှုန့်ခတ်သောက်ပါ။မနက်အိပ်ရာထတဲ့အခါဝမ်းပျော့ပျော့သွားပါလိမ့်မယ်။

၎။မာလကာသီး








မာလကာသီး၁လုံး၂လုံးကိုအစေ့တွေပါစားပေးပါ။ဝမ်းမချုပ်စေဖို့အလွယ်ကူဆုံးနည်းလမ်းပါ။
မာလကာစေ့တွေပါစားမယ်ဆိုရင်ညက်အောင်သေချာဝါးစားပေးဖို့လိုပါတယ်။

၅။ဂေါ်ဖီထုပ်
အမျှင်ဓာတ်များစွာပါတဲ့ဂေါ်ဖီထုပ်ကသင့်ကိုဝမ်းမှန်စေပါတယ်။ဂေါ်ဖီထုပ်ကိုအရွက်အတိုင်းမစားချင်ပါ
ပန်းကန်လုံးတစ်လုံးစာလောက်အရည်ညှစ်ပြီးတစ်နေ့၁၂ကြိမ်သောက်ပေးပါ။ဝမ်းချုပ်တာအတွက်အကောင်
 ဆုံးအိမ်သုံးဆေးပါ။

၆။ဗာဒံစေ့









ဗာဒံစေ့အဆီလက်ဖက်ရည်ဇွန်း၁-၂ဇွန်းကိုနွားနို့နဲ့ညအိပ်ရာမ၀င်ခင်သောက်ပေးပါ။
ဝမ်းမချုပ်အောင်ကာကွယ်နိုင်ပါတယ်။

၇။ သံပရာသီး
သံပရာသီးကိုအစိတ်လေးများဖြစ်အောင်လှီးဖြတ်ကာတစ်ညအိပ်ထားပြီးနောက်သံပရာစိတ်လေးတွေကို
အရည်ညှစ်ပါ။တစ်နေ့၁-၂ကြိမ်သောက်ပါ။ဝမ်းချုပ်တာမဖြစ်စေဖို့အထောက်အကူပြုပါတယ်။

၈။စွန်ပလွန်သီး
စွန်ပလွန်သီးအနည်းငယ်ကိုရေနွေးပူပူထဲထည့်ပြီးအေးသွားတဲ့အထိထားပါ။အေးသွားပါကအဲဒီရေ
ကိုသောက်ပေးပါ။ရေနွေးပူပူအစားနွားနို့ပူပူကိုအသုံးပြုလို့ရပါတယ်။

၉။ပန်းသီး
ပန်းသီးက၀မ်းချုပ်တာကုသဖို့်အတွက်အကောင်းဆုံးအသီးပါ။မနက်စာစားတဲ့အခါပန်းသီးပါအောင်ထည့်
စားပေးပါ။
ဝမ်းကိုရှောရှောရှူရှူသွားစေပါတယ်။

၁၀။ဥသျှစ်သီး
ဥသျှစ်သီးစားပေးတာက၀မ်းပျော့ပျာ့သွားစေတာကြောင့်ဝမ်းချုပ်တတ်သူတွေစားပေးသင့်ပါတယ်။ 
Ref.... http://thameenge.blogspot.com/
shared by >>>http://natureenergycare.blogspot.com/2012/11/blog-post_3676.html#more

အစာမကြေခြင်းနှင့် လေထခြင်းကင်းဝေးစေမည့် နည်းလမ်းများ

ကျန်းမာရေးကောင်းဖို့အတွက် ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အစာအာဟာရတွေကို စားသောက်ရမယ်ဆိုတာ သိကြပြီးသားပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာဆိုတာ အများအားဖြင့် ပြုပြင်ဖန်တီးမှု နည်းတဲ့ သဘာဝအစားအစာတွေ ဖြစ်ပြီး ဒီအစာတွေကို သင်ရဲ့ အစာခြေ လမ်းကြောင်းက ထိထိရောက်ရောက် မချေဖျက်နိုင်ရင်အာဟာရတွေကိုသင့်ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူနိုင်သလိုအစာမကြေခြင်းနဲ့လေထခြင်းတွေကို လည်းခံစားရပါလိမ့်မယ်။


လေထခြင်းကြောင့် တစ်ခါတစ်ရံ လေလည်တာနဲ့ လေချဉ်တက်တာတွေက ပြဿနာ မရှိပေမယ့် အမြဲလိုလို လေလည်နေ မယ်။ လေချဉ်တက်နေမယ်ဆိုရင်တော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အထူးသဖြင့် လူအများကြားထဲမှာဆိုရင် ရှက်ရွံ့စရာကောင်းပါတယ်။ ဒါကြောင့် အစာမကြေခြင်းနဲ့ လေထခြင်းကင်းဝေးစေမယ့် အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။


၁။ သင့်ပါးစပ်ထဲက အစာတွေကို အရည်ဖြစ်တဲ့အထိ ညက်အောင်ဝါးပါ။ သင့်ခန္ဓာကိုယ် အတွင်းပိုင်းက အစာခြေလမ်းကြောင်း တစ်လျှောက်မှာ ပါးစပ်ထဲမှာလို သွားတွေ မရှိကြပါဘူး။ သင့်ပါးစပ်ထဲထည့်လိုက်တဲ့ အစာအတုံးအတစ်တွေကို သင့်သွားတွေက ညက်အောင် ကြိတ်ဝါးပေးထားမှသာ အစာအိမ်ထဲရောက်ရင် ဒီအစာတွေကိုထိထိရောက်ရောက် ချေဖျက်နိုင်မှာပါ။


၂။ ပြုပြင်ဖန်တီးမှုနည်းတဲ့ သဘာဝအစားအစာတွေကို စားပါ။ ပန်းသီးကို ဒီအတိုင်းစားတာက ပန်းသီးဖျော်ရည်(Juice) သောက်တာထက် ပိုကောင်းပါတယ်။ ဆန်လုံးညိုက ဖွေးဆွတ်နေအောင် ကြိတ်ထားတဲ့ ဆန်ဖြူထက် ပိုကောင်းပါတယ်။ သြဂဲနစ်ထောပတ်က မာဂျရင်းထက်ပိုကောင်းပါတယ်။ သင်စားတဲ့အစာတွေက သဘာဝနဲ့ ပိုနီးစပ်လေ သင့်ခန္ဓာကိုယ်က ဒီအစာတွေကို ပိုပြီး ထိထိရောက်ရောက် ချေဖျက်နိုင်လေ ဖြစ်ပါတယ်။


၃။ သင်ရဲ့ အတွေ့အကြုံအရ သင်ဘယ်လောက်ပဲ ညက်အောင်ဝါးစားပေမယ့် သင့်ခန္ဓာကိုယ်က လက်မခံတဲ့အစာတွေကိုတော့ သင်ရှောင်ကြဉ်ရပါလိမ့်မယ်။ သင်ရဲ့ မျိုးရိုးဗီဇနဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး သင့်ခန္ဓာကိုယ်က ကောင်းကောင်း ချေဖျက်နိုင်တဲ့ အစာတွေရှိသလို သင့်ခန္ဓာကိုယ်က မချေဖျက်နိုင်တဲ့ အစာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုမချေဖျက်နိုင်တဲ့ အစာတွေကို သင်ကိုယ်တိုင် သိနားလည်ဖို့အတွက် အစာတစ်မျိုးစားပြီးနောက်မှာ ဘယ်လိုခံစားရလဲဆိုတာ ကိုယ်တိုင်လေ့လာ သတိပြုဖို့ လိုပါတယ်။ အစာတစ်မျိုးမျိုးကို စားပြီးတဲ့အခါတိုင်း အစာမကြေ
ခြင်း ဖြစ်မယ်။ လေထမယ်၊ လေပွမယ်၊ မအီမလည် ခံစားရမယ်ဆိုရင်တော့ အဲဒီအစာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။


ဒါပေမယ့် သင့်ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေဟာ အချိန်ကြာလာတာနဲ့ အမျှ ပြောင်းလဲလာနိုင်တဲ့အတွက် သင့်အတွက် အခုအစာမကြေဖြစ်တဲ့အစာကို တစ်သက်လုံး ရှောင်ကြဉ်ရမယ်လို့တော့ မှတ်ယူထားဖို့ မလိုပါဘူး။


၎။ ထမင်းစားပြီးပြီးချင်း အချိုပွဲအနေနဲ့ သစ်သီးတွေကို မစားပါနဲ့။ သစ်သီးတွေမှာ ဟင်းသီးဟင်းရွက်တွေ အပါအဝင်တခြားအစာတွေနဲ့ ယှဉ်ရင် ပရိုတင်းဓာတ် ပါဝင်မှု အလွန်နည်းပါတယ်။ ထမင်းစားတဲ့အခါ ပရိုတင်းဓာတ်ပါဝင်တဲ့အစာအများစုကို စားတာဖြစ်ပြီး ဒီအစာတွေဟာ အစာအိမ်ထဲမှာ တစ်နာရီကနေတစ်နာရီခွဲလောက်အထိ ရှိနေပါတယ်။ဒီအစာတွေကို အစာအိမ်ထဲမှာ အစာခြေအက်စစ်တွေနဲ့ ချေဖျက်နေတာ ဖြစ်ပါတယ်။


ပရိုတင်းဓာတ်ပါဝင်တဲ့အစာတွေကို အစာအိမ်ထဲမှာ ချေဖျက်နေစဉ် သစ်သီးတွေကိုပါ သင်က စားလိုက်မယ်ဆိုရင်တခြားအစာတွေ ရှိပြီးဖြစ်နေတဲ့ အစာအိမ်ထဲမှာ တချို့သစ်သီးတွေကို ကောင်းကောင်း မချေဖျက်နိုင်တဲ့အတွက်လေထစေပါတယ်။ အကောင်းဆုံးကတော့ သစ်သီးတွေကို ထမင်းတစ်နပ်နဲ့ တစ်နပ်ကြား အချိန်ဖြစ်တဲ့ ထမင်းစားပြီးနှစ်နာရီခန့်အကြာ အစာအိမ်ထဲမှာ အစာတွေမရှိတော့တဲ့အခါမျိုးမှာ စားတာပါ။

၅။ ထမင်းစားပြီးနောက် အနည်းဆုံးမိနစ် ၃၀ ကြာအောင် အေးအေးဆေးဆေးသက်သောင့်သက်သာနေပါ။ သင့်ခန္ဓာကိုယ်က အစာခြေအဂါင်္တွေဟာ အစာတွေကို ထိထိရောက်ရောက် ချေဖျက်နိုင်ဖို့ အတွက် အစာများများစားပြီးရင်သွေးပမာဏ များများလက်ခံရရှိဖို့ လိုအပ်ပါတယ်။ သင်က ထမင်းစားပြီး သက်သက်သာသာ မနေဘဲ ပြေးလွှားလှုပ်ရှားနေရင် သင့်ခန္ဓာကိုယ်ထဲက သွေးအများစုဟာ ကြွက်သားတွေဆီကို အဓိက စီးဆင်းသွားရတဲ့အတွက် အစာခြေ
အဂါင်္တွေဆီကို သွေးရောက်ရှိမှု နည်းသွားပါတယ်။


၆။ သင်ဟာ အရင်က ပြုပြင်ဖန်တီးထားတဲ့ အဆင်သင့်စားစရာတွေကိုသာ အများအပြားစားလေ့ရှိသူဖြစ်ပြီး အခုမှကျန်းမာရေးနဲ့ ညီညွှတ်တဲ့၊ ပြုပြင်မှုနည်းတဲ့ သဘာဝအစာတွေ ဖြစ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်း ရွက်တွေနဲ့ကောက်နှံ တစ်ခုလုံးကို ပြောင်းလဲစားမယ်ဆိုရင် ပထမစားခါစမှာ အစာမကြေတာနဲ့ လေထတာကို ခံစားရမှာဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ အူတွေနဲ့ အူတွေထဲမှာနေတဲ့ ဘက်တီးရီးယားများစွာက အစာအမျိုးအစားသစ်ကို လက်ခံရတာကြောင့်ပါ။ တဖြည်းဖြည်း အချိန်ကြာလာရင်တော့အစာမကြေတာနဲ့ လေထတာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။
တချို့လူတွေအတွက် ဒီအစာတွေကို ကောင်းကောင်းချေဖျက်နိုင်ဖို့ တဖြည်းဖြည်းကျင့်ယူရပြီး တစ်လလောက် အထိ
အချိန်ကြာနိုင်ပါတယ်။



Credit - Good Health

သူခိုးဖမ်းနည်း

တစ်ခါတုန်းကပေါ့ဗျာ...
တောရွာကြီးတစ်ရွာမှာ အလွန်တရာမှချမ်းသာပြီး အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူဌေးကြီး
တစ်ရောက်ရှိတယ်ဗျ ။ သူဌေးကြီးဟာပစ္စည်းဥစ္စာချမ်းသာပင်မဲ့ ဇနီးမယားတော့မရှိဘူး
တစ်ရောက်ထဲနေတယ် လိုအပ်မှသူများကိုခေါ်ခိုင်းလေ့ရှိတယ်။ တစ်နေ့ပေါ့ဗျာ သူဌေး
ကြီးဟာ အရေးကြီးကိစ္စတစ်ခုနဲ့ ရက်အကြာကြီးခရီးတစ်ခုသွားဘို့ အကြောင်းပေါ်လာသ
တဲ့ဗျ ခရီးသွားလေ့မရှိတဲ့သူဌေးကြီးဟာ ခရီးရှည်သွားရမယ်ဆိုတော့ သူရဲ့ဥစ္စာပစ္စည်း
တွေကိုစိတ်မချဘူးလေ သူများအပ်ခဲရင်လဲ စိတ်မချ ထားခဲရမှာလဲစိတ်မချသယ်လဲမသွား
နိုင်ဆိုတော့ သူဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားနေပါတယ်။

   ဒီလိုနဲ့စဉ်းစားရင်းသူဌေးကြီးဟာ အကြံတစ်ခုရပါတော့တယ် အဲ့ဒိအကြံကိုလက်တွေ့
အကောင်အထည်ဖေါ်ပါတော့တယ် သူရဲ့ရွှေတွေငွေတွေကို အားလုံးမြေကြီးထဲမြုတ်ခဲ့
ပါတယ်  ရွှေတွေငွေတွေထားတဲ့အခန်းထဲမှာတော့ သူနဂိုအတိုင်းအားထားခဲ့ပါတယ်.
ရွှေငွေထည့်တဲ့သေတ္တာကြီးလဲဒီအတိုင်းထားခဲ့ပါတယ် သူဟာခရီးသွားခါနီးမှာတော့
အိမ်နီးနားချင်းတွေကိုမှားထားခဲ့ပါတယ် ကျွန်တော်ခရီးသွားလို့ အိမ်ထဲကတစ်ရောက်
ရောက်အော်သံကြားရင် ၀ိုင်းကြည့်ပေးကြပါလို့ မှားထားခဲ့သတဲ့ သူဌေးကြီးကတော့
အေးအေးဆေးဆေး သူခရီးကိုထွက်သွားပါတော့တယ်။

   သူဌေးကြီးသူအိမ်မှာမရှိဘူးခရီးသွားတယ်ဆိုတာကို ခပ်တုန်းတုန်းသူခိုးတစ်ရောက်က
ကြားပါတယ် ကြားတော့သူဌေးကြီးမရှိတုန်း သူအိမ်တက်ခိုးရင်တော့ငါအများကြီးရမှာ
လူရှိတဲ့အိမ်ခိုးတာထက် လူမရှိတဲ့အိမ်ခိုးတာပိုကောင်းတယ် သူဌေးအိမ်ဆိုတော့ ငါသွား
ခိုးရင်အများကြီးရမှာပဲဆိုပြီး အဲဒိညမှာပဲ သူခိုးဟာသူဌေးကြီးအိမ်ကိုသွားခိုးပါတော့
တယ် သူဌေးကြီးအိမ်ထဲရောက်တယ်ဆိုရင်ပဲ ရွှေတွေငွေတွေကိုသူရှာပါတယ် တစ်နေ
ရာမှာတော့ အင်မတန်ကြီးမားပြီး သော့အသေအချာခတ်ထားတဲ့ သေတ္တာကြီးတစ်လုံး
ကိုသူတွေ့ပါတယ် ဒါနဲ့အဲဒိသေတ္တာကြီးကို သူဖွင့်ပါတယ် သေတ္တာကြီးပွင့်သွားတယ်ဆို
ရင်ပဲ သူအရမ်းအံ့သြသွားတယ် ဘာကြောင့်လဲဆိုတော့ သေတ္တာဟာ သော့အသေအချာ
ခတ်ထားပင်မဲ့ ရွှေငွေတော့ရှိမနေပါဘူး အဲဒိသေတ္တာထဲမှာ သူတွေရတာကတော့
ပေပရပိုက်တစ်ခုပါ ဒါနဲ့သူခိုးလဲ စိတ်ဝင်စားသွားတယ် ဘာများလဲပေါ့ ပေပရပိုက်ကို
ဖက်ကြည့်တဲ့ အခါမှာအောက်ပါအတိုင်းရေးထားတာတွေ့ရပါတယ်..။

 .... ဤအရာသည် ငါတို့မျိုးရိုးစဉ်ဆက် ဆက်လတ်ထိမ်းသိမ်းလာခဲ့သော အမွေအနစ်
ဖြစ်သည် မည်သူတစ်ဦးတစ်ရောက်ကိုမျှလက်ဆင့်မကမ်းရ အထူးသဖြင့် သူခိုးဓါးပြများ
လုံးဝမသိစေရပါ အောက်ပါအချက်အလတ်များကို သားစဉ်မြေးဆက် ထိမ်းသိမ်းကြပါ
ကုန်...
      (၁) ဇီးဖြူသီးစား ရေသောက် ချို၏....။
      (၂) ဖန်ခါးသီးစား ရေသောက် ချို၏....။
      (၃) ခွေးလျှားသီး ဖင်သုတ် ယား၏....။
      (၄) ဓါးမီးဖုတ် ဖင်ကပ် ပူ၏....။
 အထက်ပါအချက်အလတ်များအား သားစဉ်မြေးဆက် ဆက်လက် ထိမ်းသိမ်းကြပါရန်
ဤ ပေပရပိုက်ဖြင့် ရေးသားမှတ်တမ်းတင်ခဲ့သည်.....
    === ဘိုးဘွားအစဉ်အဆက်များ === ဟူသတည်း
    သူခိုးကစာဖက်ပြီးတော့ သူတော်တော်လေးစိတ်ဝင်စားသွားပါတယ် ဒီအကြောင်း
အရာတွေ တကယ်ဟုတ်မဟုတ် စမ်းသပ်ချင်တဲ့ စိတ်ပေါ်လာပါတယ် နောက်တစ်ခုက
သူခိုးဓါးပြများ မသိစေရ ဆိုပင်မဲ့ သူကံကောင်းလို့ဒါကိုတွေ့တယ်လို့ သူထင်လာပါတယ်
ဒါနဲ့လက်တွေ စမ်းသပ်ပါတော့တယ် သူဌေးကြီးရဲ့မီးဖိုးချောင်ထဲဝင်ရှာတော့ စာထဲက
အရာတွေအားလုံးအစဉ်သင့်တွေပါတယ် ပထမဆုံး ဇီးဖြူသီးကိုစားပြီး ရေသောက်ကြည့်
ပါတယ် ဟုတ်တယ်ချိုတယ်ဟ နောက်တစ်ခု ဖန်ခါးသီးစားပြီးရေသောက်ကြည့်ပါတယ်
အင်းးးးးးးးးဟုတ်တယ် ဒါလဲမှန်တယ် နောက်တစ်ခု ခွေးလျှားသီးအမှုန့်ရှာပါတယ် တစ်
နေရာမှာ အစဉ်သင့်ပဲတွေ့ပါတယ် `` (သူဌေးကြီးကသူအကြံနဲ့သူအားလုံးစီစဉ်ထားခဲ့တာ
လေ)´´ ခွေးလျှားသီး တွေ့တော့ သူဖင်သုတ်ကြည့်ပါတယ် အဲဒိမှာ သူခိုးပြဿနာတက်
တော့တာပါပဲ တအားကိုယားတော့တာလေ ရေဆေးလဲမရ သူဒုက္ခရောတော့တာပေါ့
ဒါနဲ့မထူးပါဘူး နောက်တစ်နည်းကြံသေးတယ် ထပ်လုပ်ကြည့်ရမယ် ဒါဟာ အယားကို
သက်သာစေတဲ့နည်းဖြစ်မယ်ဆိုပြီး ဓါးကိုမီးဖုတ်ပါတော့တယ် မီးဖုတ်လို့ဓါးကြီးတအား
ရဲလာတဲ့အခါလဲကြရော သူခိုးဟာ ခွေးလျှားသီးသုတ်ထားလို့ တအားယားနေတော့ သူ
ဓါးကို ကိုင်မနေတော့ပါဘူး ကြမ်းပြင်ပေါ်ချပြီး ဓါးပေါ်ဖင်ထိုင်ချလိုက်ပါတော့တယ်...
အဲဒိလို့ထိုင်လိုက်တဲ့အခါမှာတော့....အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ထိမ်းမနိုင် သိမ်းမရ အော်သံကြီးတစ်ခုထွက်လာပါတော့တယ် .။
 ပတ်ဝန်းကျင်က အော်သံကြားလို့သူဌေးကြီးအိမ် ၀ိုင်းလိုက်တော့ သူခိုးကို မိသွားပါတော့
တယ်.....................

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1841860&xgs=1&xg_source=msg_share_post

အမျိုးသားများအတွက်သီးသန့် ဗေဒင်(ဘယ်လိုမိန်းမမျိုးရမလဲ)

ဘယ်လိုမိန်းမမျိုးရမလဲ ????
ဒီဗေဒင်ဟောကိန်းလေးက အမျိုးသားတွေအတွက် သီးသန့်ဟောကိန်းလေးပါ။ ဘယ်လိုမိန်းမမျိုးရမလဲဆိုတဲ့
မေးခွန်းလေးက အမျိုးသားလူလွတ်တို့အသိချင်ဆုံး မေးခွန်းလေးပါ။ ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ်။
ဒါလေးတွေ သိချင်တာပေါ့။ မြန်မာရိုးရာနည်းလေးတစ်ခု ရှိပါတယ်။ လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်နော်။
ပထမဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လိုတယ်။ မြန်မာခုနှစ် မွေးသက္ကရာဇ် ဖြစ်ရမယ်။ငှင်းကိုတည်ပြီး (၄) နဲ့ မြှောက်၊ ရလာတဲ့ ကိန်းဂဏန်းကို (၇)နဲ့စား၊ အကြွင်းကို ကြည့်ပြီးဟောကိန်းထုတ်ထားတာကို ဖတ်ကြည့်ပါ။
လိုချင်တဲ့ အဖြေကိုရပါလိမ့်မယ်။
ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသားတစ်ဦး ဘယ်လိုမိန်းမမျိုးနဲ့ ရမလဲဆိုပါစို့။
၁၃၄၀ x ၄ = ၅၃၆၀ ရပါတယ်။
၅၃၆၀ / ၇ (အကြွင်း ကိုရှာရမယ်)
အကြွင်း (၅) ရပါတယ်။ အကြွင်း (၅) ဆိုတဲ့နေရာ ဖတ်ရုံပေါ့။ မွေးနှစ်တူတွေ အားလုံးအတွက် တစ်ပုံစံတည်း ဖြစ်နေမှာပေါ့ဆိုတဲ့ မေးခွန်းမေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းခြင်းအတူတူပါပဲလို့ ပြန်ဖြေပါမည်။ တကယ်တန်းလက်တွေ့ အခြေခံတူတာ ချင်းကိုလည်းတွေ့ရပါတယ်။

အကြွင်း (၁) ။ ရခဲ့ရင် အတော် ကံကောင်းပါပေတယ်။ ကိုယ်ရမယ့် မိန်းကလေးက
အလွန်သန့်စင်တဲ့မိန်းကလေးပါ။ ကိုယ်ကျင့်သိက္ခာလုံအောင် ထိန်းတဲ့သူ။ အတွေ့အကြုံကလည်း

အလောင်းအစား

ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဠေးကို ပြောတယ် ။
ဘဏ်သူဠေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။
ဘဏ်သူဠေး ။ ။ မဖြစ်နိုင်တာပဲ ။
အဘွားကြီး ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဠေး ။ ။ ဟာဗျာ..ကျွန်တေ
ာ့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ အချောင်ပေါင်တစ်သောင်းရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။
အဘွားကြီး ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။
ဘဏ်သူဠေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။
အဘွားကြီး ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။ တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။ ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက် ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။
သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဠေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။
ဘဏ်သူဠေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။
အဘွားကြီး ။ ။ အေး..ဒီမှာ တစ်သောင်း ။
ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဠေးက အဘွားကြီးကို မေးတယ် ။
ဘဏ်သူဠေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။
အဘွားကြီး ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။ ဘဏ်သူဠေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။
ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဠေးကို ပြောတယ် ။
ဘဏ်သူဠေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။
ဘဏ်သူဠေး ။ ။ မဖြစ်နိုင်တာပဲ ။
အဘွားကြီး ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဠေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ အချောင်ပေါင်တစ်သောင်းရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။
အဘွားကြီး ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။
ဘဏ်သူဠေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။
အဘွားကြီး ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။ တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။ ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက် ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။
သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဠေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။
ဘဏ်သူဠေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။
အဘွားကြီး ။ ။ အေး..ဒီမှာ တစ်သောင်း ။
ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဠေးက အဘွားကြီးကို မေးတယ် ။
ဘဏ်သူဠေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။
အဘွားကြီး ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။ ဘဏ်သူဠေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။
 
facebook မှ