“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, April 24, 2012

ကင်ဆာရောဂါဖြစ်နိုင်ခြေကို များစေသော အချက်များ


ရင်သားကင်ဆာ
မိသားစုမျိုးရိုးအတွင်း ရင်သားကင်ဆာ ဖြစ်ဖူးသူရှိခြင်း၊ အဝလွန်ခြင်း၊ အသက်ကြီးမှ ကလေးမွေးခြင်း၊ သားသမီး မထွန်းကားခြင်း။
ဆီးအိမ်ကင်ဆာ
ဆေးလိပ်သောက်ခြင်း (ဆီးအိမ်ကင်ဆာဖြစ်သူတွေရဲ့ တစ်ဝက်နီးပါးဟာ ဆေးလိပ်သောက်ကြပါတယ်။)
သားအိမ်ခေါင်းကင်ဆာ
အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖက်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လိင်အင်္ဂါ ရေယုန်ပေါက်ဖူးခြင်း။
အူမကြီးကင်ဆာ
အူမကြီးအတွင်း အသားပိုအသီး (Polyps) ဒါမှမဟုတ် အူမကြီး အနာရှိတဲ့ အသက် ၅၀ ကျော်သူဖြစ်ခြင်း၊ မိသားစုအတွင်း ဒီရောဂါတွေရှိသူ ဒါမှမဟုတ် အူမကြီးကင်ဆာဖြစ်သူရှိခြင်း၊ အဆီများပြီးအမျှင်ဓာတ်နည်းတဲ့အစာ အမြဲစားခြင်း။
သွေးကင်ဆာ
ဓာတ်ရောင်ခြည်၊ ဘန်ဇင်းနဲ့ တခြားဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိခြင်း။

ဘောလုံးဟာသများ

စောင့်မယ်

“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး “တဲ့ ကျနော့်အမ မဟေသီကပြောတော့

“ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား
စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “

“ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “

“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောသင်းထဲမှာ
အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “အဲတာ ကိုဂွပေါတာနော် ကျနော့် အကို နာမည်ကြီးထမင်းငတ်ဖြစ်နေတာလေ


ဖြစ်မှဖြစ်ရလေ

တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့“ကြောင်”ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က

“ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “

ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း
ဖြတ်လာတုန်းဆုံမိတဲ့လူက

“ ကျွန်တော်ဖမ်းလိုက်မယ် “

ဆိုပြီး အောက်မကျခင် လေထဲဝဲပျံပြီး ဖမ်းလိုက်တယ် .. ဒါပေမယ့်
ကျေးဇူးတင်စကားမပြောနိုင်ခင်မှာပဲ ကြောင်ကိုလွှဲကန်လိုက်သတဲ့

“ ဟာ … ဘယ်လိုလုပ်လိုက်တာလဲ ရှင့် “

“ တောင်းပန်ပါတယ်ဗျာ … အကျင့်ပါနေလို့ပါ … ကျွန်တော်က ဂိုးသမားပါ “

တူဘူးလေ

ရွာနှစ်ရွာ ဘောလုံးကန်မယ်ဆိုတော့ ကိုရွှေရိုးက ဂိုးဖမ်းဖို့ တာဝန်ပေးကြတယ်

“ ခင်ဗျာက ရေထဲက ငါးရှဥ့်တောင် ရအောင်ဖမ်းနေတာပဲဗျာ … လက်သွက်ပါတယ် ..
ခုဟာက ဧရာမအလုံးကြီးဖမ်းရမှာပဲ “

ဒီလိုနဲ့ကန်ကြတော့ (၈) ဂိုး နဲ့ ရှုံးပါလေရော

“ ကိုစိန်ရိုး ဘယ်လိုဖြစ်တာလဲ “

“ ဟာကွာ … ဘောလုံးက ငါးရှဥ့်ဖမ်းသလို လက်ညှိုးနဲ့လက်သူကြွယ်ခံထားပြီး
လက်ခလယ်နဲ့ကုပ်ဖမ်းလို့မှ မရပဲကွာ … လွတ်ကုန်တာပေါ့ “

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု

ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..

သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ …နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် .. Free Ebook Download ပါ .. Free နော် Free .. ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ

၁ ။ http://www.freebookspot.in/
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com/
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org/
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူး ထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …

၁၈ ။ http://www.ebooklobby.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..