“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Tuesday, February 25, 2014

တမာပင်ရဲ့လူ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့အချက်များ

တမာပင်ရဲ့လူ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့အချက်များ
Tuesday, February 25, 2014 

၁ – ထိခိုက်ရှနာများနှင့် အကောင်ကိုက်ခံရသော ဒဏ်ရာများ အတွက် ပြင်ပပိုးမ၀င်အောင် တားစီးပေးသောဆေး အဖြစ်လည်းကောင်း၊
ဘက်တီးရီးယားများနှင့် Virus များ ကိုသေစေနိုင်ပြီး သွေးကိုအကောင်းဆုံးသန့် စင်ပေးတဲ့ ဆေးအဖြစ်ပါအသုံးပြုနိုင်ပါတယ်။

၂ – အရေပြားပြဿနာများအတွက် တမာကုန်ကြမ်းကို အသုံးပြုပြီး ဆေးဆပ်ပြာများအဖြစ်နှင့် အရေပြားရောဂါ ကု ဆေးဝါးများအဖြစ်လည်းအမျိုးမျိုး
ပေါ်ထွက်နေပြီးဖြစ်ကာ နှင်းခူလိုရောဂါမျိုးအတွက်လည်း တမာရွက်ကိုကြိတ်ပြီး အနာပေါ် သိပ်ထားပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

၃ – ဆံသားအတွက်လည်း ဆံပင်ကျွတ်ခြင်း ၊ဗောက်များထခြင်း တို့ ကိုသက်သာစေပြီး ဗောက်ထခြင်းအတွက်ကတော့ တမာရွက်ကိုရေဖြင့် ပွက်ပွက် ဆူအောင် ပြုတ်ပေးပြီး အအေးခံ ကာ ခေါင်းကို လျှော်ရည်ဖြင့်လျှောပြီးနောက် ပွတ်ပေးခြင်းဖြင့် ဦးရေကိုအေးစေကာ ဗောက်ထားခြင်းကိုလျော့ပါးစေပါတယ်။

၎ – တမာရွက်ရဲ့နောက်ထပ်စွမ်းတဲ့ အချက် ကတော့ ကျောက်ရောဂါအသေးစားများအတွက် အကြီးစားဖြစ်မသွား အောင် ကာကွယ်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။ သဘာဝ တမာရွက်ကိုလူနာ၏ကျောအောက်တွင်ခင်းပေးပြီး လှဲလျောင်းစေခြင်း
ကျောက်ရောဂါလက္ခဏာ ရှိသောနေရာများတွင် အုံပေးခြင်းနှင့် ရေကျက်အေးဖြင့်ရော၍တိုက်ပေးခြင်းဖြင့် ကျောက်ရောဂါ အသေးစားများကိုကုသနိုင်ပါတယ်။

၅ – သွား/သွားဖုံးနှင့်ဆိုင်တဲ့ ကျန်းမာရေးဆောင့်ရှောက်မှုကိုလည်း တမာရွက်မှ အကျိုးပြုစေပါတယ်။

၆ – ဆန်၊ဂျုံကဲ့သို့ သော အရာများသိုလှောင်ရာတွင်လည်းပိုးမတက်အောင် ကာကွယ်ပေးနိုင်ပါသည်။

Credit: Kanaung.net
MOI Webportal Myanmar ၁ – ထိခိုက်ရှနာများနှင့် အကောင်ကိုက်ခံရသော ဒဏ်ရာများ အတွက် ပြင်ပပိုးမ၀င်အောင် တားစီးပေးသောဆေး အဖြစ်လည်းကောင်း၊
ဘက်တီးရီးယားများနှင့် Virus များ ကိုသေစေနိုင်ပြီး သွေးကို အကောင်းဆုံးသန့် စင်ပေး တဲ့ ဆေးအဖြစ်ပါအသုံးပြုနိုင်ပါတယ်။

၂ – အရေပြားပြဿနာများအတွက် တမာကုန်ကြမ်းကို အသုံးပြုပြီး ဆေးဆပ်ပြာများအဖြစ်နှင့် အရေပြားရောဂါ ကု ဆေးဝါးများအဖြစ်လည်းအမျိုးမျိုး
ပေါ်ထွက်နေပြီးဖြစ်ကာ နှင်းခူလိုရောဂါမျိုးအတွက်လည်း တမာရွက်ကိုကြိတ်ပြီး အနာပေါ် သိပ်ထားပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

၃ – ဆံသားအတွက်လည်း ဆံပင်ကျွတ်ခြင်း ၊ဗောက်များထခြင်း တို့ ကိုသက်သာစေပြီး ဗောက်ထခြင်းအတွက်ကတော့ တမာရွက်ကိုရေဖြင့် ပွက်ပွက် ဆူအောင် ပြုတ်ပေးပြီး

Sunday, February 23, 2014

အမျိုးသားတို့ ကြက်သွန်ဖြူ စားသင့်သော အချက်သုံးရပ်

Photo: အမျိုးသားတို့ ကြက်သွန်ဖြူ စားသင့်သော အချက်သုံးရပ်

အမျိုးသားတို့ ကြက်သွန်ဖြူ စားသင့်သော အချက်သုံးရပ် ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။

(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု ပုံမှန်

စားတာကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။

(၂) နှလုံးကို ကျန်းမာစေခြင်း

ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်း တွေက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် အဖြစ် ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေ ကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့် ပတ်မှုကို ကောင်းမွန် စေပါတယ်။ လေ့လာမှု အရ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပြီး နှလုံး ရောဂါထမှု(Heart Attack) ကိုပါ ကာ ကွယ်ပေးကြောင်း သိရပါတယ်။ ကြက် သွန်ဖြူ မစားတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ကြက်သွန်ဖြူ စားသူတွေက သွေးကြော ထဲမှာ သွေးခဲဖတ် ပိတ်ဆို့မှု ၅၀ ရာခိုင် နှုန်း နှေးကွေးကြောင်း UCNA လေ့လာ မှုတစ်ရပ်အရ တွေ့ရပါတယ်။

(၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း

ကြက်သွန်ဖြူက တက်စတို စတီရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ အပြင် မစွမ်းဆောင် နိုင်မှုကို သက်သာ စေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။

Myawady News

အမျိုးသားတို့ ကြက်သွန်ဖြူ စားသင့်သော အချက်သုံးရပ် ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။

(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု ပုံမှန်

စားတာကြောင့် ဆီးကျိတ်
ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။

(၂) နှလုံးကို ကျန်းမာစေခြင်း

ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်း တွေက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် အဖြစ် ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေ ကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့် ပတ်မှုကို ကောင်းမွန် စေပါတယ်။ လေ့လာမှု အရ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပြီး နှလုံး ရောဂါထမှု(Heart Attack) ကိုပါ ကာ ကွယ်ပေးကြောင်း သိရပါတယ်။ ကြက် သွန်ဖြူ မစားတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ကြက်သွန်ဖြူ စားသူတွေက သွေးကြော ထဲမှာ သွေးခဲဖတ် ပိတ်ဆို့မှု ၅၀ ရာခိုင် နှုန်း နှေးကွေးကြောင်း UCNA လေ့လာ မှုတစ်ရပ်အရ တွေ့ရပါတယ်။

(၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း

ကြက်သွန်ဖြူက တက်စတို စတီရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ အပြင် မစွမ်းဆောင် နိုင်မှုကို သက်သာ စေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။

Myawady News

Saturday, February 22, 2014

ဆံပင်ဆိုးဆေး အန္တရာယ်

ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။

ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင်

ဆီးချိုရောဂါဆိုသည်မှာ …..

Photo: ဆီးချိုရောဂါဆိုသည်မှာ …..

နေ့ စဉ်စားသောက်နေသော အစားအသောက်များ ထဲမှ အချိုဓာတ်များ ကို ထိန်းသိမ်းပေးနိုင်ရန် အတွက် မုန့် ချိုအိတ် (pancreas) သည် အင်ဆူလင် (Insulin) ဟုခေါ်သော ဟော်မုန်းတစ်မျိုးကို ပုံမှန်ထုတ်လုပ်ပေးပါသည်။

မုန့် ချိုအိတ် (pancreas)) မှ အင်ဆူလင် များ လုံလောက်စွာ မထုတ်လုပ်ပေးနိုင်သော အခါ နှင့် ခန္ဓာကိုယ် မှ အင်ဆူလင် များ၏ အစွမ်းကို လက်မခံနိုင်သော အခါများတွင် သွေးတွင်း မှသကြားဓာတ်များ၏ ပမာဏမြင့်တက်လာပါသည်။ ထိုသို့ သွေးတွင်း သကြားဓာတ်မြင့်တက်လာခြင်း နှင့်အတူ မကြာခဏ ဆီးသွားခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ မကြာခဏ ဗိုက်ဆာခြင်း စသော လက္ခဏာများပြလာတတ်ပါသည်။ ၄င်းကို ဆီးချိုရောဂါဖြစ်ခြင်းဟုခေါ်ဆိုပါသည်။

ပုံမှန် လူတစ်ယောက်တွင် အစာမစားမီ ရှိရမည့် သွေးတွင်း သကြားဓာတ်ပမာဏမှာ 100 mg/dl အောက်ဖြစ်ပြီး၊ အစာစားပြီး နှစ်နာရီကြာတွင် ရှိရမည့် သကြားဓာတ်ပမာဏ မှာ 140 mg/dl အောက်ဖြစ်သည်။ ကျန်းမာသော သူများတွင် သကြားဓာတ်မှာ ထို ပမာဏ များထက်ပင် နည်းတတ်ပါသည်။ အကယ်၍ အစာမစားမီ အချိန်တွင် သွေးတွင်း သကြားဓာတ်မှာ 120 mg/dl အထက်ရှိနေလျှင်သော်လည်းကောင်း၊ အစာစားပြီး နှစ်နာရီကြာသည့် အချိန်တွင် 200mg/dl အထက်ရှိနေလျှင်သော်လည်းကောင်း ဆီးချိုရောဂါ ရှိနေပြီဟု သတ်မှတနိုင်ပါသည်။

ဆီးချိုရောဂါကို အဓိက အားဖြင့် အမျိုးအစား (၃) မျိုးခွဲခြားထားပါသည်။

၁။ အမျိုး အစား (၁) ဆီးချို ရောဂါမှာ မုန့် ချိုအိတ် (pancreas) မှ အင်ဆူလင် များ လုံလောက်စွာ မထုတ်လုပ်ပေးနိုင်သောကြောင့် ဖြစ်သည့် အပြင် ငယ်ရွယ်စဉ် မှာတည်းက ဖြစ်လေ့ရှိသောကြောင့် ၄င်းကို အင်ဆူလင်ကိုမှီခိုသော ဆီးချိုရောဂါ (Insulin-Dependent Diabetes Mellitus) သို့ မဟုတ် ငယ်ရွယ်စဉ်တည်းကဖြစ်တတ်သော ဆီးချိုရောဂါ(Juvenile Diabetes) စသည်ဖြင့် ခေါ်ဆိုကြသည်။ ၄င်းဆီးချိုသမားများ ကို သောက်ဆေးများနှင့် ကုသ ၍ မလုံလောက်သဖြင့် အင်ဆူလင်ထိုးဆေးများ ထိုးပေးရလေ့ရှိသည်။

၂။ အမျိုး အစား (၂) ဆီးချိုရောဂါ မှာ ခန္ဓာကိုယ် မှ အင်ဆူလင် များ၏ အစွမ်းကို လက်မခံနိုင်သောကြောင့် ဖြစ်လေ့ရှိပြီး အသက် ၄၀ကျော်အရွယ် မှစတင်ဖြစ်လေ့ရှိသောကြောင့် ၄င်းကို အင်ဆူလင်ကို မမှီခိုသောဆီးချိုရောဂါ (Non Insulin-Dependent Diabetes Mellitus) သို့ မဟုတ် အရွယ်ရောက်ပြီးမှဖြစ်တတ်သော ဆီးချိုရောဂါ (adult-onset Diabetes) စသည်ဖြင့်ခေါ်ကြပါသည်။ အမျိုးအစား (၂) ဆီးချိုရောဂါမှာ အဖြစ်များသော အမျိုးအစားဖြစ်ပါသည်။ ၄င်းဆီးချိုရောဂါ သမားများကို အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်း၊ သောက်ဆေးများ နှင့်ကုသခြင်း တို့ ဖြင့် စတင်ကုသရပြီး အခြေအနေ မထိန်းနိုင်မှသာလျှင် အင်ဆူလင် ထိုးခြင်းများကိုပြုလုပ်ရပါသည်။

၃။ အမျိုးအစား (၃) အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်းကြောင်းဖြစ်လေ့ရှိသောကြောင့် ၄င်းကို ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်သောဆီးချိုရောဂါ (Gestational Diabetes) ဟုခေါ်ကြပါသည်။ ၄င်းဆီးချိုရောဂါမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ၂% မှ ၅% အထိ ဖြစ်လေ့ရှိပြီး ကလေးမွေးပြီးချိန်တွင်ပျောက်သွားလေ့ရှိပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော ဆီးချိုရောဂါမှာ ကုသပျောက်ကင်းနိုင်သော ရောဂါဖြစ်သော်လည်း ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ဂရုစိုက် ကုသရန်လိုအပ်ပါသည်။ ၄င်းဆီးချိုရောဂါသည်များထဲမှ ၂၀% မှ ၅၀% အထိသည် နောင်တွင် အမျိုးအစား(၂) ဆီးချိုရောဂါသည်များဖြစ်လာနိုင်ပါသည်။

အခြားသောဆီးချိုရောဂါ အမျိုးအစားများမှာ မွေးရာပါဆီးချိုရောဂါ၊ မျိုးရိုးဗီဇ နှင့်ဆိုင်သော အင်ဆူလင်ထုတ်လုပ်မှုချို့ ယွင်းခြင်း၊ စတီးရိုက်( အပြင်းစားအရောင်လျော့ဆေး) များကြောင့်ဖြစ်သောဆီးချိုရောဂါ စသည်ဖြင့် အမျိုးမျိုးရှိတတ်ပါသည်။

မည်သည့် အမျိုးအစားဖြစ်စေကာမူ ဆီးချိုရောဂါရှိသည် ဟု သံသယရှိပါက သေချာစစ်ဆေးပြီး ကုသရန်လိုအပ်ပါသည်။ မကုသပဲထားပါက နောက်ဆက်တွဲ အနေနှင့် နှလုးံရောဂါ၊ နာတာရှည်ကျောက်ကပ်ပျက်စီးမှု၊ မျက်ကြည်လွှာ ပျက်စီးခြင်းများနှင့် ဦးဏှောက်သေခြင်း (Coma) အထိပါဖြစ်နိုင်ပါသည်။

ထို့ ကြောင့် ဆီးချိုရောဂါဖြစ်လာပါက ဂရုတစိုက်ဆေးကုသမှု၊ ဂရုတစိုက်နေထိုင်စားသောက်မှု၊ သွေးပေါင်ချိန်ထိန်းသိမ်းမှု များအပြင် ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်းများကိုပါရှောင်ကျဉ်ပြီး အ၀လွန်ခြင်းမဖြစ်ရန်အတွက်ပါ ဂရုစိုက်သင့်ပါသည်။

မေသူ-သံတွဲ ( ဆေးဝါးတက္ကသိုလ်) နေ့ စဉ်စားသောက်နေသော အစားအသောက်များ ထဲမှ အချိုဓာတ်များ ကို ထိန်းသိမ်းပေးနိုင်ရန် အတွက် မုန့် ချိုအိတ် (pancreas) သည် အင်ဆူလင် (Insulin) ဟုခေါ်သော ဟော်မုန်းတစ်မျိုးကို ပုံမှန်ထုတ်လုပ်ပေးပါသည်။

မုန့် ချိုအိတ် (pancreas)) မှ အင်ဆူလင် များ လုံလောက်စွာ မထုတ်လုပ်ပေးနိုင်သော အခါ နှင့် ခန္ဓာကိုယ် မှ အင်ဆူလင် များ၏ အစွမ်းကို လက်မခံနိုင်သော အခါများတွင် သွေးတွင်း မှသကြားဓာတ်များ၏ ပမာဏမြင့်တက်လာပါသည်။ ထိုသို့ သွေးတွင်း သကြားဓာတ်မြင့်တက်လာခြင်း နှင့်အတူ မကြာခဏ ဆီးသွားခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ မကြာခဏ ဗိုက်ဆာခြင်း စသော လက္ခဏာများပြလာတတ်ပါသည်။ ၄င်းကို ဆီးချိုရောဂါဖြစ်ခြင်းဟုခေါ်ဆိုပါသည်။

ပုံမှန် လူတစ်ယောက်တွင် အစာမစားမီ ရှိရမည့် သွေးတွင်း သကြားဓာတ်ပမာဏမှာ 100 mg/dl အောက်ဖြစ်ပြီး၊ အစာစားပြီး နှစ်နာရီကြာတွင် ရှိရမည့် သကြားဓာတ်ပမာဏ မှာ 140 mg/dl အောက်ဖြစ်သည်။ ကျန်းမာသော သူများတွင် သကြားဓာတ်မှာ ထို ပမာဏ များထက်ပင် နည်းတတ်ပါသည်။ အကယ်၍ အစာမစားမီ အချိန်တွင် သွေးတွင်း သကြားဓာတ်မှာ 120 mg/dl အထက်ရှိနေလျှင်သော်လည်းကောင်း၊ အစာစားပြီး နှစ်နာရီကြာသည့် အချိန်တွင် 200mg/dl

ရေနှင့် ဓာတ်မတည့်သည့် ထူးထူးဆန်းဆန်း ဝေဒနာရှင်

Aquagenic Pruritisဟု အမည်ပေးထားသည့် ရေချယ်လ်၏ ရောဂါလက္ခဏာမျိုးသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည်

ပြီးခဲ့သည့် ဇန်နဝါရီလသည် နှစ်ပေါင်း(၂၀၀)အတွင်း ဗြိတိန်နိုင်ငံ၏ အစိုစွတ်ဆုံးကာလအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် မိုးများရွာသွန်းသည်။ တစ်နိုင်ငံလုံး စိုထိုင်းအေးမြနေသည်။ ထို့ကြောင့်လည်း ရေချယ်လ်ပရင့်စ်အနေဖြင့် တစ်လလုံးလုံး အိမ်ထဲမှ အိမ်ပြင် မထွက်ခဲ့ရချေ။ အဘယ်ကြောင့်ဆိုသော အသက်(၂၆)နှစ်ရှိ ပန်းချီဆရာမသည် ရေနှင့်ဓာတ်မတည့်သည့် ရောဂါတစ်မျိုးကို ခံစားနေရ၍ ဖြစ်သည်။ ဒါဘီရှိုင်းယားရှိ ရစ်ပလေတွင် နေထိုင်သော ရေချယ်လ်သည် ငယ်စဉ်က ယင်းကဲ့သို့ ရောဂါမျိုး မရှိခဲ့ချေ။ သို့သော်လည်း ယခုအခါ သူမ၏ အရေပြားသည် ရေနှင့်ကြာကြာ ထိသည်နှင့် နီရဲသော အင်ပျဉ်ကြီးများ အကွက်လိုက်

မြုံနေတဲ့ ယောင်္ကျားလေးများ ကလေးရနည်း

Photo: မြုံနေတဲ့ ယောင်္ကျားလေးများ ကလေးရနည်း

စုံတွဲများ ၏ ခန့်မှန်းခြေ ၁၅ ရာခိုင်နှုန်း ခန့်ဟာ မြုံနေကြ ပါတယ်။ မြုံခြင်း (Infertility) ဆိုတာ ကတော့ တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီးကြာ တဲ့အထိ အကာအကွယ်မဲ့ လိင်ဆက် ဆံမှု ပုံမှန်ပြုလုပ်နေပါလျက်နှင့် ကလေးမရခြင်းကိုခေါ်ပါတယ်။ အမျိုး သားများ သန္ဓေမအောင်နိုင်ရခြင်း အ ကြောင်းရင်းတွေကတော့ သုက်ပိုး ထုတ်လုပ်မှု နည်းပါးခြင်း၊ သုက်ပိုး ရွေးလျားမှုမရှိခြင်း၊ သုက်ပိုးသွားသည့် လမ်းကြောင်း ပိတ်ဆို့ခြင်း၊ မကျန်း မာမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ နာတာ ရှည် ကျန်းမာရေးပြဿနာများ၊ လူနေမှုဘဝဟန်ပန်နှင့် အခြားအချက် အလက်များ ပါဝင်ပါတယ်။ သန္ဓေအောင်ဖို့ဆိုရင် အမျိုးသား များဟာ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုး ကို ထုတ်လုပ်ရပါမယ်။ အဲဒီသုက်ပိုး ဟာ အမျိုးသမီးရဲ့ သားဥဆီကိုရောက် အောင် ရွေ့လျားနိုင်ရမှာဖြစ်ပြီး သားဥကို ထိုးဖောက်ကာ စွဲကပ်နိုင်ရ ပါမယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင်-
ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုး ရှိရမယ်
ဝှေးစေ့နှစ်လုံးအနက် အနည်းဆုံး တစ်လုံးဟာ ကောင်းမွန်ရမှာဖြစ်ပြီး တက်စတိုစတီရုန်း ဟော်မုန်းနှင့် သုက် ပိုးထုတ်လုပ်မှုကို ကူညီပေးသော ဟော်မုန်းများ ညီညွတ်မျှတရပါမယ်။ ဝှေးစေ့က ထုတ်လုပ်ပေးတဲ့ သုက်ပိုး ဟာ သုက်ရည်ရှိတဲ့နေရာကိုြွပန်က လေးတွေက ပို့ဆောင်ပေးနိုင်ရပါမယ်။ သုက်ရည်နဲ့ သုက်ပိုးကို ပြင်ပမှာ စွန့်ထုတ်နိုင်ရပါမယ်။ သုက်ရည်ထဲမှာ လုံလောက်တဲ့ သုက်ပိုးကောင်ရေ ပါဝင်ရပါမယ်။ သုက်ပိုးတွေရဲ့ ပုံသဏ္ဌာန် မှန်ရမှာဖြစ်ပြီး မှန်ကန်သော လားရာ အတိုင်း ရွေ့လျားနိုင်ရပါမယ်။

ဆေးဘက်ဆိုင်ရာ အကြောင်းရင်းများ
သန္ဓေမအောင်ခြင်း (မြုံခြင်း) ဖြစ်ပွားနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေကတော့-
- ဝှေးစေ့ကို ထောက်ပံ့ပေးသော သွေးပြန်ကြောရောင်ရမ်းခြင်း၊ ထုံးခြင်း
- ကူးစက်ရောဂါပိုး ဝင်ခြင်းကြောင့် သုက်ပိုးထုတ်လုပ်မှုနှင့် သန်စွမ်းမှုကို လျော့ကျစေခြင်း၊ သုက်ပိုးပို့ဆောင် သည့်ြွပန်များနှင့် အင်္ဂါများ ရောင်ရမ်း ခြင်းကြောင့် ပိတ်ဆို့ခြင်း ဥပမာလိင်မှတစ်ဆင့် ကူးစက် တတ်သော ရောဂါများ (STDS) ဖြစ်သည့် ကာလာမိုင်းဒီးယား၊ ဂနိုရောဂါပိုးများ။
- သုက်ပိုး ဆီးအိမ်ထဲသို့ဝင်ရောက် ခြင်း (Rretrograde Ejaculation) Orgasm ရရှိချိန်တွင် သုက်ရည်နှင့် သုက်ပိုးကို ပြင်ပသို့ မစွန့်ထုတ်ဘဲ ဆီးအိမ်ထဲသို့ရောက်ရှိသွားခြင်း၊ ၄င်းမှာ ဆီးချိုသွေးချိုရောဂါ၊ Multiple Sclerosis ၊ ကျောရိုးမကြီး ထိခိုက် ဒဏ်ရာရခြင်း၊ ဆီးအိမ်၊ ဆီးကျိတ်၊ ဆီြးွပန်တို့တွင် ခွဲစိတ်ကုသမှုပြုလုပ် ဖူးခြင်း စတဲ့အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်နိုင်ပါတယ်။ဒါ့အပြင် ဆီးကျိတ်ကြီးရင် သောက်ရတဲ့ ဆေးဝါး အချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- သုက်မစွန့်ထုတ်နိုင်ခြင်း အချို့အမျိုးသားတွေဟာ ခါးရိုး အာရုံကြောမကြီး ထိခိုက်ဒဏ်ရာ ကြောင့်၊ ဒါမှမဟုတ် အချို့သော ရောဂါတွေကြောင့် သုက်ပိုးထုတ်လုပ် ပေမယ့် သုက်ရည်မထုတ်လုပ်နိုင် သည့်အတွက် အပြင်ကို မစွန့်ထုတ် နိုင် (Ejaculate) မလုပ်နိုင်ကြဘူး။
- အချို့အမျိုးသားတွေမှာ ခန္ဓာ ကိုယ်ခုခံအားစနစ်က မှားယွင်းပြီး မိမိရဲ့ ကိုယ်ပိုင်သုက်ပိုးကို ရန်သူ ထင်ကာ တိုက်ထုတ်ဖျက်ဆီးပစ် ပါတယ်။
- အလုံးအကျိတ်များ (Tumors) ကင်ဆာနှင့် ကင်ဆာမဟုတ် သော အကျိတ်များဟာ အမျိုးသား မျိုးပွားအင်္ဂါစနစ် အစိတ်အပိုင်းတွေကို ဖိနှိပ်မိခဲ့ရင် ဒါမှမဟုတ် မျိုးပွားခြင်းနဲ့ ဆက်စပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ ဂလင်း (Glands) တွေကို ဖိနှိပ်မိခဲ့ရင် မြုံနိုင်ပါတယ်။
- ဝှေးစေ့ဟာ ကပ္ပယ်အိတ်ထဲကို မဆင်းဘဲ ဝမ်းဗိုက်ထဲမှာပဲ ရှိနေရင်၊ တက်စတိုစတီရုန်းနဲ့ အခြား ဟော်မုန်း အချို့ မျှခြေမညီညွတ်ရင်၊ သုက်ြွပန် မှာ ချို့ယွင်းချက်ရှိရင်၊ ခရိုမိုဆုမ်း ချို့ယွင်းချက် (မျိုးဗီဇဆိုင်ရာ) ရှိရင် (X- Chromosome တစ်ခုနှင့် Y-Chromosome တစ်ခု ရှိရမည့် အစား X- Chromosome နှစ်ခုနှင့် Y-Chromosome တစ်ခုရှိသူ အမျိုး သားဖြစ်ခဲ့ရင်)၊ ပန်းသေပန်းညှိုး အပါ အဝင် လိင်ဆက်ဆံမှု ပြဿနာများ၊ Coeliac Disease ဆိုသည့် Glutin ကို မချေဖျက်နိုင်တဲ့ အစာမကြေ ရောဂါ၊ အချို့သောဆေးဝါးများ (စတီး ရွိုက်ဆေး ကြာရှည်သုံးစွဲခြင်း၊ ကင်ဆာ ဓာတ်ရောင်ခြည်ကုသမှု၊ အချို့သော ပဋိဇီဝဆေးများ)၊ ပတ်ဝန်း ကျင်ဆိုင်ရာ အချက်အလက်များ (ဥပမာ-အပူ၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများ နှင့် ရေရှည်ထိတွေ့မှု)၊ ပိုးသတ်ဆေး များ (Ethylene Dibromate, Organophosphates များဟာ သန္ဓေ မအောင်ခြင်း အပြင် ဝှေးစေ့ကင်ဆာ ကိုပါ ဖြစ်စေနိုင်ပါတယ်) Heavy Metals များနှင့် ထိတွေ့မှုများ၊ ဓာတ်ရောင်ခြည်များ သို့မဟုတ် Xrays နှင့် ထိတွေ့ခြင်း၊ ဝှေးစေ့အပူ ချိန်မြင့်မားခြင်း (ကျပ်ပြီးလှောင်ပိတ် ကာ ပူလောင်သော အတွင်းခံဝတ် ဆင်ခြင်း)၊ စက်ဘီးအကြာကြီးစီးခြင်း (ဝှေးစေ့ကို အပူချိန်မြင့်တက်စေခြင်း၊ စက်ဘီးထိုင်ခုံကြောင့် မျိုးစေ့ဖိအား သက်ရောက်စေခြင်း)စသည်တို့ကြောင့် လည်း သန္ဓေမအောင်နိုင်ဘဲ ဖြစ်တတ် ပါတယ်။

နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ အကြောင်းရင်းများ
ကိုကင်း၊ ဆေးခြောက်၊ Anabolic Steroids များ စသည့် တားမြစ်ဆေးဝါးများသုံးစွဲခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဗီတာမင် C၊ ဆယ်လီနီယံ၊ ဇင့်နှင့် ဖောလိတ် အစရှိသော ဗီတာမင်များ ချို့တဲ့ခြင်း၊ ကိုယ်အလေးချိန် (အဝလွန်ခြင်း၊ အပိန် လွန်ခြင်း)၊ အသက်အရွယ် (အသက် ၃၅ နှစ်နောက်ပိုင်းမှ စတင်ပြီး သန္ဓေ အောင်နိုင်မှု တဖြည်းဖြည်း ကျဆင်း လာပါတယ်)။
စမ်းသပ်မှုများ
မြုံနေလို့ ဆရာဝန်နှင့် ပြသတဲ့ အခါ မြုံခြင်းဖြစ်ပေါ်စေတဲ့ နောက် ကွယ်က အကြောင်းရင်းကို ရှာဖွေပြီး ကုသမှာဖြစ်တယ်။ အထွေထွေစစ် ဆေးခြင်းများ၊ သုက်ပိုးစစ်ဆေးခြင်း များ၊ ဝှေးစေ့ အာလ်ထရာဆောင်း ရိုက်ခြင်း စတာတွေ ပြုလုပ်ပေးနိုင်တယ်။ အမျိုးသားနှင့်အတူ အမျိုးသမီးကိုပါ စုံတွဲလိုက် ကုသမှုနှင့် အကြံပေးမှုများ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ကုသမှုတွေ ထဲမှာ- ခွဲစိတ်ကုသခြင်း၊ ကူးစက် ရောဂါပိုးအား ကုသခြင်း၊ လိင်ဆက်ဆံ မှု ပြဿနာများကို ကုသခြင်း၊ ဟော် မုန်းညီမျှအောင်ကုသခြင်း၊ HIV ကဲ့သို့ သုက်ပိုးကို ခန္ဓာကိုယ်ထဲမှ ထုတ်ယူပြီး ပြင်ပတွင် သန္ဓေအောင်စေသော နည်းများ ပါဝင်နိုင်တယ်။

အိမ်မှာတင်ပြုလုပ်နိုင်သော အရာများ

- ရက် အရေအတွက်တိုးမြင့်ပါ
တစ်လအတွင်းမှာ လိင်ဆက်ဆံတဲ့ ရက်အရေအတွက် တိုးမြှင့်ပါ။ ဒါပေမယ့် ၄၈ နာရီအတွင်း အကြိမ် ကြိမ် သုက်စွန့်ထုတ်ရင်တော့ သုက်ပိုး ကောင်ရေ နည်းပါးနိုင်တယ်။ 

- သန္ဓေအောင်ခြင်းဖြစ်နိုင်တဲ့ ရက်မှာ လိင်ဆက်ဆံပါ
အမျိုးသမီးရဲ့ ဓမ္မတာရာသီလာ တဲ့ စက်ဝန်းရဲ့အလယ် သားဥြွေက တဲ့အချိန်မှာ ကိုယ်ဝန်ရနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ သားဥ မြွေကခင် ၂ ရက်အလိုမှာ လိင်ဆက် ဆံရင် သုက်ပိုးဟာ ရက်အတော်ကြာ အသက်ရှင်နိုင်တဲ့အတွက် သားဥကြွေ ဆင်းလာတဲ့အချိန်မှာ သန္ဓေအောင်ဖို့ အခွင့်အလမ်း သေချာသလောက်ပဲ လို့ ဆိုပါတယ်။

-ချောဆီ အသုံးမပြုပါနှင့်
လိင်ဆက်ဆံမှု ချောမွေ့ဖို့ Lubricants များ၊ လိုးရှင်းများ၊ တံတွေး စသည်တို့ အသုံးပြုခြင်းဟာ သုက်ပိုးကောင်ရဲ့ ရွေ့လျားမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

-ဖြည့်စွက် အားဆေးများ
ဗီတာမင် C၊ ဇင့်၊ ဆယ်လီနီယံ၊ ဗီတာမင် E၊ ဗီတာမင် B12 ၊ အာရှ ဂျင်ဆင်း စသည်တို့ဟာ သုက်ပိုးရဲ့ အရေအတွက်နဲ့ အရည်အသွေးကို တိုးမြှင့်ပေးနိုင်တဲ့ အာနိသင်အချို့ရှိပါ တယ်။ L-arginine နဲ L- carnitine ပါဝင်တဲ့ ဖြည့်စွက်အားဆေး အချို့ လည်း ပါဝင်ပါတယ်။
ကုသမှုများ မအောင်မြင်တဲ့အခါ
အမျိုးသားများ မြုံခြင်းကို ကုသမှုများ ရရှိနိုင်တယ်ဆိုပေမယ့် မအောင် မြင်တဲ့အခါမျိုးလည်း ကြုံတွေ့လာရ နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ သုက်ပိုး အလှူရှင်ထံမှ သုက်ပိုးရယူခြင်း၊ ကလေးမွေးစားခြင်း တို့ဖြင့် ဖြေရှင်းလေ့ရှိပါတယ်။

myanmaalinn စုံတွဲများ ၏ ခန့်မှန်းခြေ ၁၅ ရာခိုင်နှုန်း ခန့်ဟာ မြုံနေကြ ပါတယ်။ မြုံခြင်း (Infertility) ဆိုတာ ကတော့ တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီးကြာ တဲ့အထိ အကာအကွယ်မဲ့ လိင်ဆက် ဆံမှု ပုံမှန်ပြုလုပ်နေပါလျက်နှင့် ကလေးမရခြင်းကိုခေါ်ပါတယ်။ အမျိုး သားများ သန္ဓေမအောင်နိုင်ရခြင်း အ ကြောင်းရင်းတွေကတော့ သုက်ပိုး ထုတ်လုပ်မှု နည်းပါးခြင်း၊ သုက်ပိုး ရွေးလျားမှုမရှိခြင်း၊ သုက်ပိုးသွားသည့် လမ်းကြောင်း ပိတ်ဆို့ခြင်း၊ မကျန်း မာမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ နာတာ ရှည် ကျန်းမာရေးပြဿနာများ၊ လူနေမှုဘဝဟန်ပန်နှင့် အခြားအချက် အလက်များ ပါဝင်ပါတယ်။ သန္ဓေအောင်ဖို့ဆိုရင် အမျိုးသား များဟာ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုး ကို ထုတ်လုပ်ရပါမယ်။ အဲဒီသုက်ပိုး ဟာ အမျိုးသမီးရဲ့ သားဥဆီကိုရောက် အောင် ရွေ့လျားနိုင်ရမှာဖြစ်ပြီး သားဥကို ထိုးဖောက်ကာ စွဲကပ်နိုင်ရ ပါမယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင်-

ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုး ရှိရမယ်
ဝှေးစေ့နှစ်လုံးအနက် အနည်းဆုံး တစ်လုံးဟာ ကောင်းမွန်ရမှာဖြစ်ပြီး တက်စတိုစတီရုန်း ဟော်မုန်းနှင့် သုက် ပိုးထုတ်လုပ်မှုကို ကူညီပေးသော ဟော်မုန်းများ ညီညွတ်မျှတရပါမယ်။ ဝှေးစေ့က ထုတ်လုပ်ပေးတဲ့ သုက်ပိုး

Wednesday, February 19, 2014

ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးကို စားသင့်သည့် အကြောင်းများ

ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးကို စားသင့်သည့် အကြောင်းများ

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အသစ်များအရ ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးဟာ သာမန်အသးတွေကို
ပိုမိုပြီး ဆေးဘက်ဝင်ကြောင်း သိရပါတယ်။

၎င်းအသီးတွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်နိုင်သည့် ဆဲလ်များကို ပိုမိုပြီး တိုက်ခိုက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများများစွာ ပါရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုအသီးများကို တစ်နေ့ ၁ လုံးမှ ၂ လုံး စားသူတွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

http://goo.gl/odZAvC
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အသစ်များအရ ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးဟာ သာမန်အသးတွေကို
ပိုမိုပြီး ဆေးဘက်ဝင်ကြောင်း သိရပါတယ်။

၎င်းအသီးတွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်နိုင်သည့် ဆဲလ်များကို ပိုမိုပြီး တိုက်ခိုက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများများစွာ ပါရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုအသီးများကို တစ်နေ့ ၁ လုံးမှ ၂ လုံး စားသူတွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

http://goo.gl/odZAvC
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပှုဒဏ်ကြောင့် ခေါင်းကိုက်နေသလား

အပှုဒဏ်ကြောင့် ခေါင်းကိုက်နေသလား
=====================

- နေပူဒဏ်၊ အပူအအေး ပြောင်းလဲ မှုနဲ့ အနေအထိုင် မှားယွင်းမှု တို့ကြောင့် မကြာခဏ ခေါင်းကိုက် တတ်သူတို့ အတွက် ဝေဒနာ သက်သာစေမယ့် သဘာဝ နည်းတွေကို ရေးသား လိုက်ရပါတယ်။

- ငြိမ်သက်ပြီး မှောင်တဲ့ အခန်း တစ်ခန်း ထဲမှာ အနားယူပါ။ ဒါဆိုရင် ညဘက်မှာ အိပ်ရေးဝဝ အိပ်မောကျ ပါလိမ့်မယ်။

- ပခုံးနဲ့ လည်ပင်းရှိ ကြွက်သားတွေကို နှမ်းဆီလိမ်းကာ စက်ဝိုင်းပုံစံအတိုင်း ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ပြီးရင် ကြက် သီးနွေးရေနဲ့ ရေချိုးပါ။

- ခေါင်းနာကျင်ကိုက်ခဲမှု သက်သာစေဖို့ အပူကုထုံးကို သုံးပါ။ ရေနွေးအိတ်ကို တဘက်နဲ့ပတ်ပြီး ခေါင်းပေါ် ခဏကပ်ပေးပါ။

- ယောဂလေ့ကျင့်ခန်း၊ အသက်ပြင်း ပြင်းရှူသွင်း ရှူထုတ်တဲ့ လေ့ကျင့်ခန်း၊ အ နားယူတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါ။

- စားပွဲ၊ ကွန်ပျူတာထိုင်ခုံမှာ အလုပ် လုပ်ရသူဖြစ်ရင် မကြာခဏ ထရပ်ပြီး လမ်းလျှောက်ပေးပါ။ ဒါမှသာ လည်ပင်း နဲ့ ပခုံးရှိ တင်းအားတွေ လျော့ပါးသက် သာသွားပါလိမ့်မယ်။

- ပုံမှန် မျက်စိစစ်ဆေးမှု ပြုလုပ်ပါ။

- သင့်တော်တဲ့ အာဟာရ၊ လေ့ကျင့် ခန်းနဲ့ အကောင်းမြင်တဲ့ အတွေးတွေ ရှိ ရင် ခေါင်းကိုက်ဝေဒနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

- အယ်လ်ကိုဟောနဲ့ ကဖင်းအလွန်အ မင်းသောက်တာကို ရှောင်ပါ။ ဆေးလိပ် မသောက်ပါနဲ့။

- အနီရောင်အသားနဲ့ အဆီအအိမ့်တွေ ကို တတ်နိုင်သမျှ လျှော့စားပါ။

- ချင်းပြုတ်ရည်က ထွက်လာတဲ့ အငွေ့ ကို ရှူရှိုက်ပေးရင် ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

- နံနက်တိုင်း ပန်းသီးတစ်လုံးကို ဆား နည်းနည်းနဲ့ တို့ပြီး စားပေးရင် ခေါင်း ကိုက်ဝေဒနာ သက်သာစေပါတယ်။

Myawady News - နေပူဒဏ်၊ အပူအအေး ပြောင်းလဲ မှုနဲ့ အနေအထိုင် မှားယွင်းမှု တို့ကြောင့် မကြာခဏ ခေါင်းကိုက် တတ်သူတို့ အတွက် ဝေဒနာ သက်သာစေမယ့် သဘာဝ နည်းတွေကို ရေးသား လိုက်ရပါတယ်။

- ငြိမ်သက်ပြီး မှောင်တဲ့ အခန်း တစ်ခန်း ထဲမှာ အနားယူပါ။ ဒါဆိုရင် ညဘက်မှာ အိပ်ရေးဝဝ အိပ်မောကျ ပါလိမ့်မယ်။

- ပခုံးနဲ့ လည်ပင်းရှိ ကြွက်သားတွေကို နှမ်းဆီလိမ်းကာ စက်ဝိုင်းပုံစံအတိုင်း ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ပြီးရင် ကြက် သီးနွေးရေနဲ့ ရေချိုးပါ။

- ခေါင်းနာကျင်ကိုက်ခဲမှု သက်သာစေဖို့ အပူကုထုံးကို သုံးပါ။ ရေနွေးအိတ်ကို တဘက်နဲ့ပတ်ပြီး ခေါင်းပေါ် ခဏကပ်ပေးပါ။

- ယောဂလေ့ကျင့်ခန်း၊ အသက်ပြင်း ပြင်းရှူသွင်း ရှူထုတ်တဲ့ လေ့ကျင့်ခန်း၊ အ

Tuesday, February 18, 2014

ဂျင်ဆင်း၏ ကျန်းမာရေး အကျိုးပြု အာနိသင်များ

ဂျင်ဆင်း၏ ကျန်းမာရေး အကျိုးပြု အာနိသင်များ

ဂျင်ဆင်း (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြု စေမှုမှာ အံ့မခန်းပင် ဖြစ်သည်။ တရုတ် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်မှ ယနေ့ အချိန်ထိ ဆေးဝါး

အဖြစ် သုံးစွဲ နေသော အပင် တစ်မျိုးလည်း ဖြစ်သည်။ ယင်းကို လိုက်လျောညီထွေ ဖြစ်စေသော ပစ္စည်း “Adaptogen” ဟုလည်း ခေါ်ဆိုကြသည်။ ကိုယ်ခန္ဓာကို စိတ်ဖိစီးမှုနှင့် အခြား ရောဂါများမှ ကာကွယ်ရန် လိုက်လျော ညီထွေ ဖြစ်စေသောကြောင့် ခေါ်ဆိုခြင်း ဖြစ်သည်။

ဂျင်ဆင်းမြစ်ကို ရေနွေးထဲသို့ လက်ဖက်ခြောက် ကဲ့သို့ခတ်ခြင်းသို့ မဟုတ်ပြုတ်ပြီး သုံးဆောင်လေ့ ရှိသည်။ ယနေ့ခေတ်တွင် ဆေးပြား၊ ဆေးတောင့်၊ အရည် ပုံစံများနှင့်လည်း ရရှိနိုင် နေပြီ ဖြစ်သည်။

၁။ဂျင်ဆင်းသည် စိတ်ဖိစီးမှုကို သက်သာ စေပါသည်။ စိတ်ဖိစီးမှု ပမာဏကို လျော့ပါး သွားအောင်လှုံ့ဆော် ပစ္စည်း (stimulant) အဖြစ် ဆောင်ရွက် ပေးပြီး ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်မှု များနှင့် စွမ်းအင် ကိုလည်း မြှင့်တင် ပေးနိုင်သည်။

၂။အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်း ကိုလည်း ကာကွယ် ပေးနိုင်သည်။ ယင်းတွင် ပါဝင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti-oxidants)များက အိုမင်း ရင့်ရော်ခြင်းကို ကာကွယ် စေနိုင်ရုံ သာမက အခြား နုပျိုစေသော ပစ္စည်း တစ်မျိုးဖြစ်သည့် maltol ကိုထွက်ရှိ စေသည်။

၃။တက်ကြွ ရွှင်လန်း စေသည်။ ဂျင်ဆင်း လက်ဖက်ရည်ကို သောက်သုံးခြင်းက ဦးနှောက်ဆဲလ် များကို လှုံ့ဆော် ပေးနိုင်ပြီး အာရုံ စူးစိုက်မှု၊ အတွေး အခေါ်များနှင့် မှတ်ဥာဏ်ကို ပိုမို တိုးတက် စေသည်ဟု သိရသည်။

၎။အမျိုးသား စွမ်းရည်ကို မြင့်တက် စေသည်။ အမျိုးသားများတွင် ပန်းသေ၊ ပန်းညှိုး ဖြစ်ခြင်းကို ကာကွယ် နိုင်ပြီး အိမ်ထောင်ရေး သုခကို ပိုမို ခံစားရ စေနိုင်သော အာနိသင်ရှိပြီး လိုအပ်သော ကျားဟော်မုန်း များကို သင့်တော်သော ပမာဏအတိုင်းရှိစေသည်။

၅။ကိုယ်အလေးချိန်ကို ထိန်းချုပ် ပေးနိုင်သည်။ ဂျင်ဆင်းသည် သဘာဝမှ ရရှိသော အစာစားချင် စိတ်ကို ထိန်းချုပ်ပေးသည့် အပင်ထွက် ပစ္စည်းဖြစ်ပြီး အ၀လွန်ခြင်းကို ကာကွယ် ပေးနိုင်သည်။

၆။သွေးအချို ဓာတ်ကို ထိန်းပေး နိုင်သည်။ လေ့လာမှုများအရ ဂျင်ဆင်းသည် ဆီးချို၊ သွေးချို ရောဂါရှင် များ၏ သွေးအချို ဓာတ်ပမာဏကို ထိန်းချုပ်ရာတွင် အထောက်အကူ ပြုပြီး သွေးတွင်း သကြားဓာတ် လျော့ပါး စေသော အာနိသင်လည်း ရှိနေသည်။

၇။ဓမ္မတာ ပြဿနာများကို ဖြေရှင်း ပေးနိုင်သည်။ အမေရိကန် နိုင်ငံတွင် ပြုလုပ်သော သုတေသန အရ အမျိုးသမီး များတွင် ဂျင်ဆင်းက ဓမ္မတာ လာခါနီး နာကျင်မှုကို လျော့ပါး စေနိုင်သည်ဟု သိရသည်။

သတိပေးချက်။ ။ အခြားသော ဆေးဝါးနှင့် တိုင်းရင်းဆေး အာနိသင် များကဲ့သို့ပင် ဂျင်ဆင်းသည်လည်း ဆရာဝန်၏ ညွှန်ကြားချက် အတိုင်း အသုံးပြု သင့်သော အပင်ထွက် ပစ္စည်း ဖြစ်သည်။ ကိုယ်ဝန်ဆောင် များနှင့် နို့တိုက် မိခင်များတွင် အခြား ဆေးဝါးများနှင့် တွဲဖက် မသောက်သုံး သင့်ကြောင်းကို ကျန်းမာရေး ပညာရှင်များက တိုက်တွန်းထားသည်။

သက်ကို

Ref: medindia
ဂျင်ဆင်း (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြု စေမှုမှာ အံ့မခန်းပင် ဖြစ်သည်။ တရုတ် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်မှ ယနေ့ အချိန်ထိ ဆေးဝါး

အဖြစ် သုံးစွဲ နေသော အပင် တစ်မျိုးလည်း ဖြစ်သည်။ ယင်းကို လိုက်လျောညီထွေ ဖြစ်စေသော ပစ္စည်း “Adaptogen” ဟုလည်း ခေါ်ဆိုကြသည်။ ကိုယ်ခန္ဓာကို စိတ်ဖိစီးမှုနှင့် အခြား ရောဂါများမှ ကာကွယ်ရန် လိုက်လျော ညီထွေ ဖြစ်စေသောကြောင့် ခေါ်ဆိုခြင်း ဖြစ်သည်။

ဂျင်ဆင်းမြစ်ကို ရေနွေးထဲသို့ လက်ဖက်ခြောက် ကဲ့သို့ခတ်ခြင်းသို့ မဟုတ်ပြုတ်ပြီး သုံးဆောင်လေ့ ရှိသည်။ ယနေ့ခေတ်တွင် ဆေးပြား၊ ဆေးတောင့်၊ အရည် ပုံစံများနှင့်လည်း ရရှိနိုင် နေပြီ ဖြစ်သည်။

၁။ဂျင်ဆင်းသည် စိတ်ဖိစီးမှုကို သက်သာ စေပါသည်။ စိတ်ဖိစီးမှု ပမာဏကို လျော့ပါး သွားအောင်လှုံ့ဆော် ပစ္စည်း (stimulant) အဖြစ် ဆောင်ရွက် ပေးပြီး ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်မှု များနှင့် စွမ်းအင်

အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း

အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း
Wednesday, February 19, 2014

အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို

နေ့စဉ် အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီး အနီတောင့်၏ အဓိက ပါဝင်သော Capsic ဓာတ်အကြောင်းကို

ဆေးပညာ စာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်း လေ့လာမှု (၁၃၀၀)ထက် မနည်း ဖော်ပြ ပါရှိခဲ့ပါသည်။ သာမန် အရပ်သူများ အနေဖြင့် ငရုတ်သီး အနီတောင့်သည် အရိုးအဆစ် ဝေဒနာကို ပျောက်ကင်း စေသည် ဟူသော အဆိုကို သိပ္ပံသုတေသီ များက စာစောင်များတွင် ဆွေးနွေး ထောက်ခံ ထားပါသည်။

ဆေးပညာအရ ၄င်း Capsic** မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက် သွားပြီး အရိုးထုများ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ် နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။

မီယာမီရှိ ဆေးကျောင်း ဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာ တင်ပြချက်မှာ ၄င်း Capsic** သုံးစွဲသူ အဆစ် ဝေဒနာရှင် များသည် သုံးလအတွင်း အဆစ် ဝေဒနာများ ၈၀-ရာခိုင် နှုန်းခန့် သက်သာ ပျောက်ကင်း သည်ဟု ဆိုသည်။ ၄င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင် နှုန်းသာ သက်သာ သည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီး အနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင် တွင်မှ ရှာ၍ရနိုင်မည် မဟုတ်ပါ။

မိမိတို့ဘာသာ အောက်ဖော်ပြပါ အတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။

ပါဝင်ရမည့် ပစ္စည်းများမှာ-

၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။

၂။ အုန်းဆီ တကွာတ။

၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။

၎။ ဆီမွှေး အစက် ၄၀။

ပြုလုပ်နည်းမှာ-

၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကို ရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်း ဆူပွက်လာသည်အထိ အပူပေးပါ။

၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။

၃။ သုံးနာရီခွဲခန့် အအေးခံပါ။

၎။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။

၅။ ဆီနှင့် ငရုတ်သီး အရောအနှောကို ဖျော်စက်တွင် ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။

၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။

၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။

၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။

၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။

၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။

၁၁။ အဖုံးသေချာစွာ ဖုံးပါ။

၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။

ဆေးညွှန်းမှာ-

နာကျင် ကိုက်ခဲသည့် နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်း လိမ်းပေးပါက အဆစ်နာ ဝေဒနာများ ပျောက်ကင်း နိုင်ပါသည်။

Ref: Working woman Asia,2001.

ဒေါက်တာ ဒေါ်မြင့်မြင့်ကြည်(လိုက်ဖ်စတိုင်လ် တူဒေး ၂၀၀၁-စက်တင်ဘာ)

The Melting Pot 4 U အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို

နေ့စဉ် အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီး အနီတောင့်၏ အဓိက ပါဝင်သော Capsic ဓာတ်အကြောင်းကို

ဆေးပညာ စာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်း လေ့လာမှု (၁၃၀၀)ထက် မနည်း ဖော်ပြ ပါရှိခဲ့ပါသည်။ သာမန် အရပ်သူများ အနေဖြင့် ငရုတ်သီး အနီတောင့်သည် အရိုးအဆစ် ဝေဒနာကို ပျောက်ကင်း စေသည် ဟူသော အဆိုကို သိပ္ပံသုတေသီ များက စာစောင်များတွင် ဆွေးနွေး ထောက်ခံ ထားပါသည်။

ဆေးပညာအရ ၄င်း Capsic** မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက် သွားပြီး အရိုးထုများ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ် နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု

ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ?

ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ?

(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း။လေဖြတ်ခြင်းတို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )

❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ...
ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။

❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူတချို့ ...
ကျန်းမာရေးချို့တဲ့တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ။နဂိုကခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှုကြောင့်အအေးမိ ၊အဖျားတက်ခြင်းကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူကသွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။

❉ အရက်သောက်ပြီး နောက် ရေမချိုးသင့်...
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကိုတားဆီးတယ်။ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ်။ အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်းပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။

❉အစားဝအောင်စားပြိး နောက် ရေမချိုးသင့်...
အစားဝအောင်စားပြိး နောက် ရေချိုးရင်တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။

❉ အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်...
ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။

❉ အဖျားရှိတဲ့အခါရေမချိုးသင့်...
အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာခန္ဓာကိုယ်ကအားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။

လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။
အထုးသဖြင့်အလွန်ပုတဲ့မြန်မာပြည်၊ထိုင်း။မလေးမှာရှိတဲ့သူငယ်ချင်းများပိုပြီးသတိထားသင့်ပါတယ် ။

(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ)

http://myawadynews.blogspot.com/2014/02/blog-post_2178.html (ဦးနှောက်သွေးကြောပြတ်ခြင်း။ ဦးနှောက်သွေးထွက်ခြင်း။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )

သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ...
ရေချိုးတဲ့အခါ ရေ အပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။

ရေအေးဖြင့်အမြဲ မျက်နှာသစ်သူတချို့ ...
ကျန်းမာရေးချို့တဲ့တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ။နဂိုကခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှုကြောင့်အအေးမိ ၊အဖျားတက်ခြင်းကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူကသွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။

အရက်သောက်ပြီး နောက် ရေမချိုးသင့်...
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကိုတားဆီးတယ်။ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ်။ အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်းပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း

အရေးကြီးသော ကျန်မာရေး လျှို့ဝှက်ချက်များ

အရေးကြီးသော ကျန်မာရေး လျှို့ဝှက်ချက်များ

(၁) ဖုန်းပြောရင် ဘယ်ဘက်နားက ပြောပါ။

(၂) အရမ်းအေးတဲ့ ရေတွေကို မသောက်ပါနှင့်။

(၃) လူကို ဝစေမည့် အရေများ သောက်ခြင်းကို ရှောင်ကြင်ပါ။

(၄) ညနေ ၅ နာရီကျော်လျှင် အစားအသောက်များကို လျော့စားပါ။

(၅) မနက်ခင်းမှာ ရေကို များများသောက်ပြီး ညနေမှာ လျော့သောက်ပါ။

(၆) ည ၁၀ နာရီနှင့် မနက် ၄ နာရီဟာ အိပ်စက်ရန်အတွက် အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

(၇) မှန်ကန်သော ဆေးဝါးများကို မှီဝဲပါ။

(၈) ကင်ဆာရောဂါ မဖြစ်အောင် နေထိုင်စားသောက်ပါ။

(၉) နေ့စဉ် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ။

(၁၀) စိတ်ချမ်းသာအောင် နေထိုင်ပါ။ 

(၁၁) အသီးအရွက် များများ စားဖြစ်ပါစေ။

ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။
(၁) ဖုန်းပြောရင် ဘယ်ဘက်နားက ပြောပါ။
(၂) အရမ်းအေးတဲ့ ရေတွေကို မသောက်ပါနှင့်။
(၃) လူကို ဝစေမည့် အရေများ သောက်ခြင်းကို ရှောင်ကြင်ပါ။
(၄) ညနေ ၅ နာရီကျော်လျှင် အစားအသောက်များကို လျော့စားပါ။
(၅) မနက်ခင်းမှာ ရေကို များများသောက်ပြီး ညနေမှာ လျော့သောက်ပါ။
(၆) ည ၁၀ နာရီနှင့် မနက် ၄ နာရီဟာ အိပ်စက်ရန်အတွက် အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

(၇) မှန်ကန်သော ဆေးဝါးများကို မှီဝဲပါ။
 (၈) ကင်ဆာရောဂါ မဖြစ်အောင် နေထိုင်စားသောက်ပါ။
(၉) နေ့စဉ် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ။
(၁၀) စိတ်ချမ်းသာအောင် နေထိုင်ပါ။
(၁၁) အသီးအရွက် များများ စားဖြစ်ပါစေ။

ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။
မြ၀တီ

ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ

ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ

အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ် ကင်ဆာ ပိုမို ဖြစ်ပွား နိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။

အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ် ကင်ဆာ ဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန် ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

သုတေသန ပြုရာတွင် ပါဝင်ခဲ့သူ များမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရ သည်။ ၎င်းတို့၏ ပုံမှန် စားသောက်ပုံစံတွင် ဆီကြော် အစာများ မည်မျှ ပါဝင်သည်ကို သုတေသီ များက လေ့လာ ခဲ့ကြသည်။

ထိုကဲ့သို့ လေ့လာရာတွင် သီတင်းပတ် တစ်ပတ်အတွင်း အာလူးချောင်းကြော်များ၊ ကြက်ကြော်များ၊ ငါးကြော်များနှင့် ဒိုးနတ်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ဝေဒနာ ဖြစ်ပွားမှုနှုန်း ၃ဝ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရသည်။ ပုံမှန် ဆီကြော်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ် ပိုမို ကြီးမားကြောင်း တွေ့ရသည်။

သုတေသီ များက ဆီကြော်မုန့်များ စားခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်မှုကို ချင့်တွက် ရာတွင် အသက်၊ မိသားစု အတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မျိုးရိုး ရှိ၊ မရှိ၊ အရပ်နှင့် ကိုယ်ခန္ဓာ အလေးချိန် ကိုက်ညီမှု ရှိ၊ မရှိ၊ လူမျိုး၊ PSA စမ်းသပ်မှု များကိုလည်း ထည့်သွင်း စဉ်းစား ခဲ့ကြသည်။

ဆီကြော် အစာများတွင် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်း ပါဝင်ကြောင်း သုတေသီ များက ထုတ်ဖော် ပြောကြား ထားသည်။ အစား အစာများကို ဆီဖြင့် ကြော်လှော်ရာတွင် အပူရှိန်ကြောင့် ဆီများဆက် ပြောင်းလဲ သွားပြီး ကြွပ်အောင် ကြော်ထားသည့် အစားအစာ များတွင် ကင်ဆာ ဖြစ်စေနိုင်သည့် ကာစီနိုဂျင် ဒြပ်ပေါင်းအဖြစ် ဖြစ်လာသည်ကို တွေ့ရသည်။ ကာစီနိုဂျင် များကို အာလူးချောင်း ကြော်များ ကဲ့သို့ ကာဗိုဟိုက်ဒြိတ် ပါသော အစားအစာ များတွင် တွေ့ရသော acrylamide အပူချိန် မြင့်၍ ချက်သော အစား အစာ များတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ဖြစ်သည့် ဒြပ်ပေါင်းများ၊ ရေမွှေးများ ပါဝင်သည့် အော်ဂဲနစ် ပစ္စည်းမှာ ပေါင်းသတ် ဆေးများတွင် တွေ့ရသည့် ဓာတုဗေဒ တစ်မျိုး ဖြစ်သည့် acrylamide ဒြပ်များ ပါဝင်သည်။

ယင်း အဆိပ် ဖြစ်စေသော ဒြပ်ပေါင်းများသည် ဆီများ ထပ်ခါထပ်ခါ ပြန်သုံးခြင်းနှင့် အကြော်ခံဆီ တို့ကို ထပ်ခါထပ်ခါ ပြန်သုံးပါက ပို၍ အဆိပ်အတောက် ဖြစ်စေကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။

မျိုးသူထက် အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ် ကင်ဆာ ပိုမို ဖြစ် ပွား နိုင်ကြောင်း  လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။

အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ် ကင်ဆာ ဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန် ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

သုတေသန ပြုရာတွင် ပါဝင်ခဲ့သူ များမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရ

ဒန့်သလွန်ရွက်ဟာ သွေးတိုးရောဂါအတွက် ကောင်းမွန် ပါတယ်

ဒန့်သလွန်ရွက်ဟာ သွေးတိုးရောဂါအတွက် ကောင်းမွန် ပါတယ်
Tuesday, February 18, 2014

ဒန့်သလွန်သီးကို လူတိုင်း စားသုံးကြပေမယ့် ဒန့်သလွန်ရွက် ကတော့ စားသုံးသူနည်းပါတယ်။ ဒါပေမယ့်လည်း ဒန့်သလွန်ရွက်မှာ ဆေးဘက်ဝင် အာနိသင်တွေ များစွာပါရှိလို့ မိဘပြည်သူတွေ အတွက် မျှဝေပေးလိုက် ရပါတယ်။

ဒန့်သလွန်ရွက်ဟာ ဟင်းချိုအဖြစ် ချက်ပြီး သောက်နိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရှိသူများဒန့်သလွန်ရွက်ကို အရည်ညစ်ပြီး သောက်ပါက သွေးတိုးရောဂါကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။ ၎င်းဆေးနည်းဟာ ယခုမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးယခင် ကတည်းက
ရှိပြီးသားဖြစ်တဲ့ သဘာဝ ဆေးကောင်း တစ်လက်ဖြစ်ပါတယ်။

ဒါကြောင့် သွေးတိုးရောဂါ ရှိသူများ ဒန့်သလွန်ရွက်ကို မှီဝဲပါလို့ တိုက်တွန်းလိုက် ပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ ဒန့်သလွန်သီးကို လူတိုင်း စားသုံးကြပေမယ့် ဒန့်သလွန်ရွက် ကတော့ စားသုံးသူနည်းပါတယ်။ ဒါပေမယ့်လည်း ဒန့်သလွန်ရွက်မှာ ဆေးဘက်ဝင် အာနိသင်တွေ များစွာပါရှိလို့ မိဘပြည်သူတွေ အတွက် မျှဝေပေးလိုက် ရပါတယ်။

ဒန့်သလွန်ရွက်ဟာ ဟင်းချိုအဖြစ် ချက်ပြီး သောက်နိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရှိသူများဒန့်သလွန်ရွက်ကို အရည်ညစ်ပြီး သောက်ပါက သွေးတိုးရောဂါကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။ ၎င်းဆေးနည်းဟာ ယခုမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ရှေးယခင် ကတည်းက
ရှိပြီးသားဖြစ်တဲ့ သဘာဝ ဆေးကောင်း တစ်လက်ဖြစ်ပါတယ်။

ဒါကြောင့် သွေးတိုးရောဂါ ရှိသူများ ဒန့်သလွန်ရွက်ကို မှီဝဲပါလို့ တိုက်တွန်းလိုက် ပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ

ခပ်စပ်စပ် ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ်

ခပ်စပ်စပ် ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ်

ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့

စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိ လာရပါပြီ။

ငရုတ်သီးမှာ အဓိက အားဖြင့် ပါဝင်တဲ့ အပူဓာတ် တစ်မျိုးဟာ သွေးတိုးခြင်း အပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေဖျက်နိုင်တဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုပါ ထိထိ ရောက်ရောက် ကာကွယ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ်က လေ့လာမှုကို ဦးဆောင် ခဲ့သူ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်း အဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။

ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတား လေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အစားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ ပါတယ်။

တွေ့ရှိခဲ့ရတဲ့ ရလဒ်ကတော့ အထက်မှာ ဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာသာကို ကွာခြား နေပါတယ်"လို့ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

အောင်မျိုးသန့် ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့

စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိ လာရပါပြီ။

ငရုတ်သီးမှာ အဓိက အားဖြင့် ပါဝင်တဲ့ အပူဓာတ် တစ်မျိုးဟာ သွေးတိုးခြင်း အပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေဖျက်နိုင်တဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုပါ ထိထိ ရောက်ရောက် ကာကွယ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ်က လေ့လာမှုကို ဦးဆောင် ခဲ့သူ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ

ဆေးဖက်ဝင် မရမ်းသီး

ဆေးဖက်ဝင် မရမ်းသီး

မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သော ရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူလောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။

မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက် မရမ်းသီး ဆားရည်စိမ် အရည် သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ၀မ်းကိုက် ပိုးများကို သေစေနိုင်သည်။

အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်း စေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီး ထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီ များကို ချေဖျက်နိုင်သည်။ အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေး များတွင် အသုံးပြုနိုင်သည်။

Myawady News မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့်ဖြ စ်သော  ရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူလောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။

မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက် မရမ်းသီး ဆားရည်စိမ် အရည် သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ၀မ်းကိုက် ပိုးများကို သေစေနိုင်သည်။

အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်း စေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီး ထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီ များကို ချေဖျက်နိုင်သည်။ အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေး များတွင် အသုံးပြုနိုင်သည်။

Myawady News

Friday, February 14, 2014

သံပုရာရည်၏ အကျိုးကျေးဇူး

သံပုရာရည်၏ အကျိုးကျေးဇူး

အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကို တိုးစေတဲ့ အပြင် ခန္ဓာကိုယ် အတွက် ကျန်းမာရေး အကျိုးကျေးဇူး အမြောက်အမြား ကိုလည်း ပေးစွမ်း နိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။

- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက် စေတယ်။

- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေ အပြင် ကိုယ်အလေးချိန် ကိုလည်း လျော့ကျ စေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီ များစွာ ပါဝင်လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ် ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန် ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအား ကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

သံပရာသီးမှာ ဗီတာမင်အပြင် ဗီတာမင်အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ် တွေလည်း ပါဝင် နေပါတယ်။

credit to; မြန်မာပြည်မှမြန်မာလူမျိုးအေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကို တိုးစေတဲ့ အပြင် ခန္ဓာကိုယ် အတွက် ကျန်းမာရေး အကျိုးကျေးဇူး အမြောက်အမြား ကိုလည်း ပေးစွမ်း နိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှု ကို လျော့ကျစေတယ်။

- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက် စေတယ်။

- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေ အပြင် ကိုယ်အလေးချိန် ကိုလည်း လျော့ကျ စေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီ များစွာ ပါဝင်လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ် ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန် ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအား ကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

သံပရာသီးမှာ ဗီတာမင်အပြင် ဗီတာမင်အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ် တွေလည်း ပါဝင် နေပါတယ်။

credit to; မြန်မာပြည်မှမြန်မာလူမျိုး

ဗိုက်အောင့်ခြင်း အတွက် နည်းလမ်းကောင်း

ဗိုက်အောင့်ခြင်း အတွက် နည်းလမ်းကောင်း

ဗိုက်အောင့်ပြီ ဆိုရင် အလုပ်လုပ်လို့လဲ မရတော့ပါဘူး။ ဒါ့အပြင် ဘာမှ မစားချင်
မသောက်ချင် ဖြစ်ကာ နေမသိ ထိုင်မသာ ဖြစ်နေတတ် ပါတယ်။ ဒီအတွက် နည်းလမ်း
ကောင်းလေးကို မျှပေးလိုက် ရပါတယ်။

ဗိုက်အောင့်ပြီဆိုရင် ဗိုက်ပေါ်သို့ ရေနွးအိတ်ကပ်ပေးဖြင်းဖြင့် သိသိသာသာ
သက်သာ လာမှာပါ။ ဘာလို့ဆိုတော့ ရေနွးအိတ် ကပ်ခြင်းက သွေးစီးဆင်းမှုကို
များစွာ အထောက်အကု ပြုစေလို့ ဖြစ်ပါတယ်။

ဒါကြောင့် ဗိုက်အောင့် နေသူများ ဖော်ပြပါ နည်းလမ်းလေးကြောင့် သက်သာပြီး
ပျောက်ကင်း ပါစေလို့ ဆုတောင် ပေးလိုက်ရပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ ဗိုက်အောင့်ပြီ ဆိုရင် အလုပ်လုပ်လို့လဲ မရတော့ပါဘူး။ ဒါ့အပြင် ဘာမှ မစားချင်
မသောက်ချင် ဖြစ်ကာ နေမသိ ထိုင်မသာ ဖြစ်နေတတ် ပါတယ်။ ဒီအတွက် နည်းလမ်း
ကောင်းလေးကို မျှပေးလိုက် ရပါတယ်။

ဗိုက်အောင့်ပြီဆိုရင် ဗိုက်ပေါ်သို့ ရေနွးအိတ်ကပ်ပေးဖြင်းဖြင့် သိသိသာသာ
သက်သာ လာမှာပါ။ ဘာလို့ဆိုတော့ ရေနွးအိတ် ကပ်ခြင်းက သွေးစီးဆင်းမှုကို
များစွာ အထောက်အကု ပြုစေလို့ ဖြစ်ပါတယ်။

ဒါကြောင့် ဗိုက်အောင့် နေသူများ ဖော်ပြပါ နည်းလမ်းလေးကြောင့် သက်သာပြီး
ပျောက်ကင်း ပါစေလို့ ဆုတောင် ပေးလိုက်ရပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
Today Myanmar

Thursday, February 13, 2014

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ

Photo: လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ

ဖေဖေါ်ဝါရီ ၁၃ ရက် ၂၀၁၄

အသားကင်ဆိုင်တွင် အမျိုးသမီးတစ်ဦး ချော်လဲကျသည်။ ဖိနပ်အသစ်စီးလာ၍ ခြေချော်လဲကျတာပါဟုပင် သူမကပြန်ပြော လိုက်သေးသည်။ သူမကအ၀တ်အစားတွင် ကပ်နေသောဖုန်များကိုခါ၍ သန့်ရှင်းလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ဆွဲကာ ညနေစာစားသည်။
သူမကိုကြည့်ရသည်မှာ တစ်ညနေလုံးအေးအေး ဆေးဆေး။ ညနေခြောက်နာရီရောက်တော့ သူမအမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေခြောက်နာရီမှာ သူမဆုံးပါးသွားခဲ့သည်ဟူ၍။
ဆရာဝန်၏အဆိုအရ လေဖြတ်ခြင်းကြောင့် သူမလဲကျခဲ့ခြင်းဖြစ်ပြီး သုံးနာရီအတွင်း ဆေးရုံရောက်ရှိလာပါက အသက်မသေအောင် ကယ် ဆယ်နိုင်သည်ဟုဆိုသည်။

သို့ဆိုလျှင် အချိန်မီကယ်တင်နိုင်ရန် လူတစ်ဦးလေဖြတ်မဖြတ် ဘယ်လိုစမ်းသပ်သိရှိနိုင်မည်လဲ။
ဦးနှောက်နှင့် အာရုံကြောဆရာဝန်များက အဆင့် (၃) ဆင့်ပါဝင်သော စမ်းသပ်နည်းတစ်ခုကို တီထွင်ထားသည်။ အတိုကောက်အားဖြင့် STR ဟု မှတ်နိုင်သည်။
(၁) S – SMILE၊ လေဖြတ်မဖြတ်သိရှိနိုင်ရန် ဒဏ်ရာရသူကို ပြုံးခိုင်းပါ။
(၂) T – TALK၊ ၀ါကျတစ်ခွန်းကို သဒ္ဒါမှန်မှန်၊ ယုတ္တိကျကျပြောခိုင်းပါ
(ဥပမာ။ ။ ယနေ့နေသာသည်)
(၃) R – RAISE BOTH ARMS၊ လူနာကို လက်နှစ်ဘက်လုံးမြှောက်ခိုင်းပါ။
အထက်ပါစမ်းသပ်မှု သုံးခုစလုံးအနက် တစ်ခုခုမလုပ်နိုင်ပါက ဆေးရုံချက်ချင်းပို့ပါ။

ထိုနည်းများနှင့် စမ်း၍ မသေချာပါက လူနာကိုလျှာထုတ်ခိုင်းပါ။ လျှာလိပ်နေလျှင်ဖြစ်စေ၊ လျှာတစ်ဖက်ဖက်သို့စောင်းနေလျှင်ဖြစ်စေ လေဖြတ်နေခြင်းဖြစ်နိုင်သည်။
အထက်ပါနည်းလမ်းများကို သိထားသူအနေနှင့် အခြားလူ (၁၀) ဦးကိုမျှဝေပေးပါက အနည်းဆုံး အသက်တစ်ချောင်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဆရာဝန်များက တိုက်တွန်းထားသည်။

Health Updates Journalအသားကင်ဆိုင်တွင် အမျိုးသမီးတစ်ဦး ချော်လဲကျသည်။ ဖိနပ်အသစ်စီး လာ၍ ခြေချော်လဲကျတာပါဟုပင် သူမကပြန်ပြော လိုက်သေးသည်။ သူမကအ၀တ်အစားတွင် ကပ်နေသောဖုန်များကိုခါ၍ သန့်ရှင်းလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ဆွဲကာ ညနေစာစားသည်။
သူမကိုကြည့်ရသည်မှာ တစ်ညနေလုံးအေးအေး ဆေးဆေး။ ညနေခြောက်နာရီရောက်တော့ သူမအမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေခြောက်နာရီမှာ သူမဆုံးပါးသွားခဲ့သည်ဟူ၍။
ဆရာဝန်၏အဆိုအရ လေဖြတ်ခြင်းကြောင့် သူမလဲကျခဲ့ခြင်းဖြစ်ပြီး သုံးနာရီအတွင်း ဆေးရုံရောက်ရှိလာပါက အသက်မသေအောင် ကယ် ဆယ်နိုင်သည်ဟုဆိုသည်။

သို့ဆိုလျှင် အချိန်မီကယ်တင်နိုင်ရန် လူတစ်ဦးလေဖြတ်မဖြတ် ဘယ်လိုစမ်းသပ်သိရှိနိုင်မည်လဲ။
ဦးနှောက်နှင့် အာရုံကြောဆရာဝန်များက အဆင့် (၃) ဆင့်ပါဝင်သော စမ်းသပ်နည်းတစ်ခုကို

Monday, February 10, 2014

အကြော် များများ စားရင် အသည်း အတွက် မကောင်း

အကြော် များများ စားရင် အသည်း အတွက် မကောင်း

အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး

အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ အစီစဉ် တစ်ခုမှာ ထုတ်လွင့် သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကြက်ကြော်၊ ကြက်သွန်ကြော်၊ အာလူးကြော်တွေက အဆိုးဆုံး ဖြစ်ပြီး အဲဒီအထဲမှာ ထည့်ထားတဲ့ ပါဝင်တဲ့ ပစ္စည်း တချို့က ကျန်းမာရေး အတွက် မကောင်းဘူးလို့ သိရ ပါတယ်။ ဥပမာ - အာလူးကြော်မှာ ဆားထည့်တယ်၊ ဆီထဲထည့် ကြော်တာကို သိကြပါတယ်။ ဒါပေမဲ့ သကြားလည်း ထည့်သုံးတယ်၊ ဘာကြောင့် လဲဆိုတော့ ရွှေရောင် တမ်းပြီး ကြွတ်ရွနေတာ ဖြစ်အောင် သုံးတာ ဖြစ်ပါတယ်။ ဆားရယ်၊ ဆီရယ်၊ သကြားရယ် မကောင်းတဲ့ အရာ ၃ မျိုး ပါဝင်နေပါတယ်။ သုံးထားတဲ့ ဆီပမာဏ တွေကြောင့် ကြာလာရင် အသည်း အဆီဖုံးတာ ဖြစ်လာကြတယ်၊ အသည်း ထဲက အင်ဇိုင်းဓာတ်တွေ ပြောင်းလဲသွားပြီး အဲဒါက အသည်းရောဂါဖြစ်ပုံနဲ့ သွားတူနေတယ်လို့ Dr. Drew Ordon က ရှင်းပြပါတယ်။

fast food ဆိုင်တွေမှာ အကြော်တွေ မစားဘဲ ကျန်းမာမယ် လတ်ဆတ် မယ်လို့ ထင်ရတဲ့ အရွက်စုံ သုတ် (salad) ကို မှာစားရင်လဲ ဓာတုပစ္စည်း ထည့်သုံးခြင်း ရှိမရှိ မသိရတာကြောင့် စိတ်မချ ရပါဘူး။ တချို့ဆိုင် တွေမှာ အရွက်တွေထဲမှာ propylene glycol ဓာတု ပစ္စည်း ထည့်ထားပြီး အဲဒါက အရွက်တွေ မနွမ်းအောင် မညှိးအောင် ထိန်းပေးတာ ဖြစ်ပါတယ်။ propylene glycol ဆိုတာက anti-freeze အမျိုးအစားလို ဖြစ်ပြီး စားသုံးဖို့ မသင့်ကြောင်း Dr. Drew Ordon က ပြောသွားပါတယ်။

(Ref; Daily Mail, Feb 16, 2013, Eating fast food regularly has the same impact on the liver as hepatitis, study finds)

Myanmar1 အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး

အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ အစီစဉ် တစ်ခုမှာ ထုတ်လွင့် သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကြက်ကြော်၊ ကြက်သွန်ကြော်၊ အာလူးကြော်တွေက အဆိုးဆုံး ဖြစ်ပြီး အဲဒီအထဲမှာ ထည့်ထားတဲ့ ပါဝင်တဲ့ ပစ္စည်း တချို့က ကျန်းမာရေး အတွက် မကောင်းဘူးလို့ သိရ ပါတယ်။ ဥပမာ - အာလူးကြော်မှာ ဆားထည့်တယ်၊ ဆီထဲထည့် ကြော်တာကို သိကြပါတယ်။ ဒါပေမဲ့ သကြားလည်း ထည့်သုံးတယ်၊ ဘာကြောင့် လဲဆိုတော့ ရွှေရောင် တမ်းပြီး ကြွတ်ရွနေတာ ဖြစ်အောင် သုံးတာ ဖြစ်ပါတယ်။ ဆားရယ်၊ ဆီရယ်၊ သကြားရယ် မကောင်းတဲ့ အရာ ၃ မျိုး ပါဝင်နေပါတယ်။ သုံးထားတဲ့ ဆီပမာဏ တွေကြောင့် ကြာလာရင် အသည်း အဆီဖုံးတာ ဖြစ်လာကြတယ်၊ အသည်း ထဲက