“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Monday, February 3, 2014

Memory ကတ်ကို password နဲ့ပိတ်ပြီး ကိုယ်တစ်ယောက်တည်းသုံးလိုသူတွေအတွက်

Windows 8 Pro သုံးသူတွေအနေနဲ့ တစ်ခြားဆော့ဝဲတွေကိုသုံးစရာမလိုဘဲ သင့်ရဲ့  external storage device တွေကို encrypt & password ခတ်ပေးနိုင်ပါတယ်။

Encrypt လုပ်တယ်ဆိုတာကတော့ ဒေတာတွေကို ဖတ်လို့ မရနိုင်တဲ့ ကုတ်တွေ အနေနဲ့ သိမ်းပေး
ထားတာပါ။

ကွန်ပျုတာ ၊ ဖုန်း ၊ ကင်မရာ ၊ မန်မိုရီကတ်ထဲက မှားဖျက်ခဲ့မိတာ ပြန်ရှာနည်း

အကြောင်းအမျိုးမျိုးကြောင့် ပျက်သွား ပျောက်သွားတဲ့ ဆော့ဝဲ၊  ပုံတွေ သီချင်းတွေ

ကို ဒီဆော့ဝဲလေးနဲ့  အမြန်ပြန်ရှာလို့ ရပါတယ် ဖုန်းကနေ မှားဖျက်တာ၊မန်မိုရီကဒ်

ကွန်ပျုတာထဲနဲ့   အခွေတွေ အားလုံး   ပြန်ရှာလို့ ရပါတယ် ။ ဖျက်လိုက်တယ်ဆိုပြီး

စိတ်ချထားလို့ မရပါဘူး  ရောင်းလိုက်တဲ့  ကွန်ပျုတာတစ်လုံး ဖုန်းတစ်လုံးကနေပြီး

အရင်လူရဲ့ အချက်အလက်တွေကို ဒီနည်းနဲ့  ပြန်ရှာနိုင်ပါတယ် ။ အသင့်သုံးနိုင်တဲ့ 

2014 ထွက် Portabel ဆော့ဝဲကောင်းလေးပါ ၊ မှားဖျက်တာတွေ ပြန်ယူချင်ရင်ဆွဲ

အီးမေးတွေကတော့ လုပ်ကြည့်တာ မရဘူး ကိုယ့်ဟာကို သေချာစမ်းသုံးကြည့်ပါ

Download - http://.zippyshare.com/File Recovery 2014 Portabel

Thursday, January 30, 2014

SIM ကဒ်မလိုပါ ဟမ်းဆက်ရှိယုံဖြင့် Viber သုံးလို့ရပြီ

Photo: SIM ကဒ်မလိုပါ ဟမ်းဆက်ရှိယုံဖြင့် Viber သုံးလို့ရပြီ

ဒါလေးဘူသိချင်လဲ ခ်ခ်ကျွန်တော်ဆို သယ်ရင်းတွေကိုကြပ်နေကျလေ ခ်ခ် 
တော်တော်မိုက်တယ်ဗျ 
(1)SIM ကဒ်မလိုပဲ Viberကိုအသုံးပြုနိုင်ခြင်း
(2)နိုင်ငံခြားPhone Noဖြင့်viber လုပ်နည်း
(3)viber မှာ block နည်း
ဒီနည်းလေးကို သဘောကျလို့ပါ ကျွန်တော် ဆရာ မဟုတ်ပါ copy တင်ပေးမှာပါ ဘယ်သူယူမလဲ မန့်များရင် တင်ပေးပါမည်။

ဖိုင်လေးတွေဒီမှာ အရင်ဒေါင်းပါ>> 

1) pdf ဖိုင်လေးပါ အရင်ဒေါင်းပါ>>>   
(2) pinger apk ဒီမှာဒေါင်းပါ>>>   
      အဆင်ပြေပါစေ

http://bluenavyblog.blogspot.com/2014/01/sim-viber.html

#Laminmaung

Wednesday, January 29, 2014

TP LIBK အမျိုးစားTL-WN8200ND အသုံးပြုပြီး Wi-Fi လွှင့်မယ် (အရမ်းလွယ်တယ်ကောင်းလဲကောင်ပါတယ်)

www.mmtechnologies.org
 TL-WN8200ND  တစ်ယူဝယ်ရပါမယ်ခဗျာ ၂၀၀၀၀ နီးပါလောကျပါမယ်
ပြီးရင်တော့ ကွန်ပျူတာမှာ ၀ယ်လာတဲ့  TL-WN8200ND ကို USB မှာ Join ရမှာ ပါ ခဗျာ
ပြီးရင် အခွေလေးပါမယ် အဲဒါကို INSTALL လုပ်ရ ပါလိတ်မယ်နော်
ပြီးရင်တော့ SOFTWARE ရှိမယ် Desktop ပေါ်မှာ CLICK ပြိးဖွင့် မယ်
ဒါဆိုအောက်အဆင့်ကိုရောက်မယ်ဗျာအောက်ကို ကြည့် ပါ ပုံ နဲ့ ခိုင်းနှိုင်းပြပါမယ်နော်

Monday, November 11, 2013

မြန်နှုန်းမြင့် Wi-Fi နည်းစနစ်အသစ် 802.11ac

Photo: မြန်နှုန်းမြင့် Wi-Fi နည်းစနစ်အသစ် 802.11ac

Wi-Fi ဆက်သွယ်မှု နည်းစနစ်အသစ် 802.11ac သည် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

မြန်နှုန်းမြင့် Wi-Fi လို့ ခေါ်ဆိုနေတဲ့ ဤနည်းပညာအသစ်ဟာ ရှိရင်းစွဲ router တွေမှာ အသုံးပြုနေတဲ့ 802.11n နည်းပညာထက် များစွာလျင်မြန် ပါလိမ့်မယ်။ ဘယ်လောက်မြန်သလဲ ဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။ 

ဒီ 802.11ac စနစ်သုံး router တွေဟာ ၂ နာရီစာ HD တီဗီစီးရီး တစ်ခုကို စက္ကန့် ၄၀ အတွင်းမှာ ဒေါင်းလုပ်ဒ် လုပ်နိုင်မယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် စိတ်မလောပါနဲ့ဦး။ စနစ်အသစ်က မြန်သလောက် မိမိသုံးစွဲနေတဲ့ အင်တာနက်လိုင်း မကောင်းရင်လည်း အလကားပါပဲ။

ပုံမှာ ပြထားတဲ့အတိုင်းပါပဲ 802.11n စနစ်သုံး router တွေဟာ အမြန်နှုန်း 300 Mbps အထိ ရရှိနိုင်ပြီး ယခု 802.11ac က တော့ အမြင့်ဆုံး အမြန်နှုန်း 1 Gbps အထိ ရရှိနိုင်မှာ ဖြစ်သော်ငြားလည်း အင်တာနက် ချိတ်ဆက်မှုလိုင်းတွေမှာ အမြဲဖြစ်ပေါ်လေ့ရှိတဲ့ ပုလင်းဝတစ်ဆို့မှု ပြဿနာ (bottle neck issues) ကြောင့် ဒီအမြန်နှုန်းတွေကို ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ 

သေချာတာကတော့ မိမိအသုံးပြုတဲ့ အင်တာနက်လိုင်းရဲ့ ထွက်ရှိလာတဲ့ အမြန်နှုန်းဟာ Google ရဲ့ Fiber Optic အင်တာနက်လိုမျိုး 1 Gbps (ကြော်ငြာထားသည့် အမြန်နှုန်း) ထွက်မယ်ဆိုရင်တော့ 802.11ac Wi-Fi သုံးမှာသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ 

Samsung Galaxy S4 နဲ့ HTC One တို့ အပါအဝင် နောက်ဆုံး ထွက်ရှိလာတဲ့ စမတ်ဖုန်းများမှာလည်း 802.11ac စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် LTE နည်းပညာရဲ့ အမြန်နှုန်းကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

Saturday, November 9, 2013

https://www.facebook.com/consumerguide

Sunday, October 20, 2013

Mouse မရှိသည့်အခါ Keyboard ဖြင့် အသုံးပြုနည်း

http://pyae-phyo.blogspot.com
မိမိကွန်ပျူတာမှာ Mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် mouseသုံးမှ ရမယ့် ကိစ္စတွေမှာ မောက် အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း လုပ်ကြည့်ပါ။
Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ် ကို တပြိုင်နက် နှိပ်ပါ)
Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
Use Mouse Key မှာ Check box On ပေးရပါမယ်။၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ် လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီ လေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။၁၀။ အဒီ အချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ. အဆင်ပြေမှာ မဟုတ်ပါဘူး။နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။
http://2daymyanmar.blogspot.com/

Friday, October 18, 2013

Folder တွေကိုအရောင်မျိုးစုံပြောင်းမယ်

Photo: Folder တွေကိုအရောင်မျိုးစုံပြောင်းမယ်
Friday, October 18, 2013

Folder တွေအရမ်းများလာတဲ့အခါ Folder name တွေနဲ့ခွဲရတာရိုးနေပြီလား? ဒါဆို နာမည်တွေနဲ့ မခွဲဘဲ အရောင်တွေနဲ့ခွဲကြမယ်။ ဘယ်အရောင်ဆိုရင် စာနဲ့ပတ်သတ်တာ ဘယ်အရောင်ဆိုရင် ဗီဒီယိုတွေ စသဖြင့်ပေါ့ခင်ဗျာ။

Folder Colorizer
***********

ဒီကောင်လေးကတော့ Folder တွေကိုအရောင်ပြောင်းဖို့အတွက် ကူညီမယ့်ကောင်လေးပါခင်ဗျာ။ သူ့ကိုအောက်မှာပေးထားတဲ့ လင့်လေးမှာ ဒေါင်းလိုက်ပါ။ File Size သေးလို့ ဒေါင်းရတာအဆင်ပြေမယ်ထင်ပါတယ်။ ဒေါင်းပြီးလို့ သွင်းပြီးသွားရင်ဆိုရင်တော့ ကိုပြောင်းချင်တဲ့ Folder အပေါ်မှာ Right Click ပြီးရင် Colorize ဆိုတာလေးကိုရွေးပြီး ပြောင်းချင်တဲ့အရောင်ကို သာစိတ်ကြိုက်ပြောင်းလိုက်ပါခင်ဗျာ။ သူပေးတဲ့အရောင်ကိုမှ မကြိုက်သေးဘူး ကို့ဘာသာ အရောင်ထွင်မယ်ဆို၇င်လည်း Colorize >>> Colours ဆိုတာလေး ရွေးပြီး စိတ်ကြိုက် အရောင်ဖန်တီးနိုင်ပါတယ်ခင်ဗျာ။

ဒီဟာလေးအသုံးပြုပြီး အရောင်တွေပြောင်းထားရင် အနည်းဆုံးတော့ အမြင်ဆန်းပြီး ကို့ Folder တွေကိုမှတ်သားရာမှာ လွယ်ကူသွားတာပေါ့ခင်ဗျာ။

ဆော့ဝ်ဒေါင်းရန်လင့် (မှတ်ချက်.. အောက်ပါလင့်အားသွားရောက်ပြီး ပထမဆုံးတွေ့ရသော Folder Colorizer ကိုသာဒေါင်းပါရန်)

http://softorino.com/products/

ကျနော်တို့ပေ့ခ်ျလေးမှ တစ်စုံတစ်ခုရသွားတယ်ဆိုလျှင်ကျေနပ်နေတဲ့
IT4M

Myanmar Online News

Tuesday, September 10, 2013

www.google.com.mm တွင် မြန်မာ Font နှင့် Keyboard အသုံးပြုနိုင်ရန် ဆောင်ရွက်နည်း

Photo: www.google.com.mm တွင် မြန်မာ Font နှင့် Keyboard အသုံးပြုနိုင်ရန် ဆောင်ရွက်နည်း

Mozilla Firefox တွင် ပြုလုပ်နည်း 

အဆင့် ၁ - Firefox ၏ Menu တွင် Tools အား နှိပ်ပါ။ 
အဆင့် ၂ - Tools မှတဆင့် Add-ons အား နှိပ်ပါ။ Add-ons Manager သို့ ရောက်သွားပါလိမ့်မယ်။ 
အဆင့် ၃ - ညာဖက် အပေါ်ထောင့်ရှိ Search ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။ 
အဆင့် ၄ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။ 
အဆင့် ၅ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။ 
အဆင့် ၆ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။ 

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ -> Extensions အားနှိပ်ပြီးလျှင် Disable (သို့) Uninstall ပြုလုပ်နိုင်ပါသည်။ 

ယခုအခါတွင် Firefox တွင် Unicode Font အား မြင်ရမည်ဖြစ်သလို google.com.mm တွင်လည်း Keyboard အား သုံးစွဲနိုင်ပြီဖြစ်သည်။

Google Chrome တွင် ပြုလုပ်နည်း

အဆင့် ၁ - Chrome ၏ Menu တွင် Settings အား ရှာပြီး နှိပ်ပါ။ 
အဆင့် ၂ - ဘယ်ဖက်ခြမ်း List မှ Extensions အား နှိပ်ပါ။ 
အဆင့် ၃ - Extensions ထဲတွင် ဘယ်ဖက်အောက်ထောင့်တွင် “Get More Extensions” အား ရှာပြီး နှိပ်လိုက်ပါ။ 
အဆင့် ၄ - Chrome Web Store ထဲ ရောက်ပြီဆိုလျှင် ဘယ်ဖက် အပေါ်ထောင့်က Search ထဲ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။
အဆင့် ၅ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။ 
အဆင့် ၆ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။ 
အဆင့် ၇ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။ 

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ ပြီးလျှင် Extensions ထဲ၌ Tagu Plugin အား Disable (သို့) Remove ပြုလုပ်နိုင်ပါသည်။ 

နိဂုံးချုပ်အနေနဲ့ Google Chrome နဲ့ Mozilla Firefox တို့သုံးပြီး google.com.mm ကို သုံးစွဲရာမှ Firefox က Unicode နဲ့ Myanmar3 ၂ မျိုးစလုံးကို မှန်ကန်စွာ ဖော်ပြနိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Friday, September 6, 2013

မိမိစက်အတွက် Driver မရှိလို့ Windows အသစ်တင်ရမှာ အခက်တွေ့နေတဲ့ သူငယ်ချင်းများအတွက် Windows ပေါ်က Driver တွေကို Backup လုပ်နည်း

ကျွန်တော်တို့တွေ windows format ချလိုက်တဲ့အချိန် သို့မဟုတ် windows os အသစ်တင်လိုက်တဲ့အချိန်တွေမှာ Windows ထဲမှာ ပါဝင်တဲ့ Driver တွေရော Windows ပေါ်မှာ တင်ထားတဲ့ software တွေရော အားလုံးဟာ ပျက်စီးသွားကြပါတယ်။ ဒီလိုဖြစ်သွားမယ်ဆိုရင် OS အသစ်တင်တိုင်း Driver တွေ၊ Software တွေအားလုံးကို ပြန်ပြန်ပြီး Install ပြုလုပ်ကြရပါတယ်။
ဒီလိုမျိုးပြန်ပြီးသွင်းရတော့မယ်ဆိုရင် ကွန်ပျူတာအတွက် လိုအပ်တဲ့ Drive တွေကို ရောင်းချတဲ့ ကုမ္ပဏီရဲ့ Website တွေမှာ၊ အခြား Website တွေမှာ တက်ပြီး မှာရပါတယ်။ ရှာတွေ့ပြန်ရင်လည်း ကိုယ်လိုချင်တဲ့ Driver ဟုတ်မဟုတ် မသိနိုင်သလို အချို့ Driver တွေဟာပိုပြီး ရှာဖွေရ ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုးအတွက် အကောင်းဆုံးနည်းလမ်းကတော့ Windows ပေါ်မှာ တင်ထားတဲ့ Driver တွေအားလုံးကို ပထမဦးဆုံး Hard Drive သို့မဟုတ် DVD အခွေထဲကို ကြိုတင်သိမ်းထားရပါတယ်။ ဒါဆိုရင် Windows အသစ်တစ်ခု ပြန်တန်ချိန်မျိုးမှာ မိမိကွန်ပျူတာအတွက် Driver တွေကို ပြန်ရှာစရာမလိုတော့ပဲ အလွယ်တကူတင်နိုင်မှာပဲဖြစ်ပါတယ်။ အထူးသဖြ**့ လက်တော့ပ်တွေမှာဆိုရင် Driverပြန်တင်ရတဲ့ အခက်အခဲပိုပြီး စုံပါတယ်။ လက်တော့ပ်ရဲ့ အမျိုးအစား၊ မော်ဒယ်အလိုက် Driver တွေလည်း ကွာခြားသွားပါတယ်။
ထို့အတွက် Windows Driver အတွက် Backup လုပ်နိုင်ဖို့အတွက် Driver Max ဆိုတဲ့ Software လေကို အရင်ရယူထားရပါမယ်။ Drivers Max ကိုတော့ ဒီမှာဒေါင်းယူနိုင်ပါတယ်။

အဆင့် (၁)

ပထမဦးဆုံးအနေနဲ့ အပေါ်မှာထားတဲ့ လင့်ကနေပြီး Driver Max ကို ဒေါင်းလုပ်ရယူပြီး ကွန်ပျူတာပေါ်မှာ Install ပြုလုပ်ရပါမယ်။ Drivers တင်နေချိန်မှာ တစ်ကြိမ်မှာ အောက်မှာ ဖော်ပြထားတဲ့ Message box တစ်ခု မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆင့် (၂)

အပေါ်က Massgae Box မြင်ရင် OK ကို ကလစ်နှိပ်ကာ ကွန်ပျူတာအတွင်းက Driver တွေကို Software အတွင်းကို Install လုပ်ပါလိမ့်မယ်။ ဒီအဆင့်ကိုရောက်ရင်တော့ အချိန်အနည်းငယ်ကြာပါလိမ့်မယ်။

အဆင့် (၃)

Driver တွေကို Install ပြုလုပ်ပြီး အချိန်မှာတော့ Driver တွေကို Backup လုပ်ဖို့အတွက် Backup Driver ဆိုသော လင့်တစ်ခု ပေါ်လာပါလိမ့်မယ်။ ကလစ်နှိပ်လိုက်ပါ။

အဆင့် (၄)

Backup Driver ကို ကလစ်နှိပ်ပြီး သွားရင် နောက်တစ်ဆင့် Next ကို နှိပ်ပြီး ဆက်သွားပါ။

အဆင့် (၅)

အဆင့် ၄ ကို ကျော်ပြီးချိန်မှာတော့ ယခုအဆင့်မှာ ကွန်ပျူတာ အတွင်းမှာရှိတဲ့ Application တွေကို List အနေနဲပ မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆင့် (၆)

Driver တွေအားလုံးကို မြင်တွေ့ရပြီဆိုရင် Driver တွေရဲ့ Detail တွေကိုလည်း Details Button ကို နှိပ်ကာကြည့်နိုင်ပါတယ်။

အဆင့် (၇)

ဒီအဆင့်ကတော့ Driver တွေ အားလုံးကို Backup မလုပ်ခင် Driver တွေအားလုံးပါမပါ။ Hidden ဖြစ်နေမနေဆိုတာတွေကို သေချာအောင်စစ်ဆေးရပါမယ်။ Driver တွေအားလုံးကို "Type" အနေနဲ့ စီပြီး ကြည့်နိုင်ပါတယ်။

အဆင့် (၈)

Driver တွေအားလုံးစုံပြီဆိုရင်တော့ Backup လုပ်ဖို့အတွက် Location ကို ညွှန်ပေးရပါမယ်။ DVD Drive အနေနဲ့ သိမ်းမလား၊ Hard Drive ပေါ်မှာပဲ သိမ်းမလား ရွေးချယ်ရပါမယ်။ သိမ်းတဲ့အခါမှာလဲ Windows OS တင်ထားတဲ့ Partation ပေါ်မှာ မသိမ်းပဲ၊ အခြားမတင်ထားတဲ့ သီးသန့်နေရာမှာ သိမ်းရပါမယ်။

အဆင့် (၉)

Backup လုပ်ဖို့နေရာတွေ ရွေးချယ်ပြီးသွားပြီဆိုရင် Next ကို နှိပ်ကာ Driver တွေကို စတင် Backup လုပ်နိုင်ပါပြီ။

အဆင့် (၁၀)

Driver တွေအားလုံးကို Backup လုပ်ပြီးသွားပြီဆိုရင်တော့ အဆင့် ၈ မှာ မိမိရွေးချယ်ထားတဲ့ Backup လုပ်ထားတဲ့နေရာမှာ Driver တွေအားလုံးကို ပြန်လည်ကြည့်ရှုနိုင်ပါပြီ။

အဆင့် (၁၁)

Driver တွေအားလုံးကို Backup လုပ်ပြီးသွားပြီဆိုရင် Windows OS ပေါ်မှာ ပြန်ပြီး Restore ပြုလုပ်ပုံကိုပါ။ ဖော်ပြပေးလိုက်ပါတယ်။ Driver Max ကို ဖွင့်ကာ Restore Driver From Backup ဆိုတာကို ရွေးချယ်ကာ ပြန်လည် Install ပြုလုပ်ရပါမယ်။ တစ်မိနစ် နှစ်မိနစ်အတွင်းမှာ Backup ပိုင်းကနေ ကွန်ပျူတာအတွင်းကို ပြန်လည် Install ပြုလုပ်ပါလိမ့်မယ်။ ထို့နောက် ကွန်ပျူတာကို Restart ချလိုက်ပါ။

http://mmflashsongs.ning.com/

Thursday, August 15, 2013

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ

Shift + Deleteနဲ့ ဖျက်မိလို့  Recycle Binမှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိတဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။

တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ
သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာလားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။

နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။

တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။

Backup မှာရှာပါ။

စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။

Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။

Hard Disk Drive Vs Solid State Drive
အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။

HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။

အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။

အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း
ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။

Professional Data Recovery Services
ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွားတာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။

ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ 
သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါတယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Softwareတွေကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

Ref : http://www.howtogeek.com/169344/how-to-recover-a-deleted-file-the-ultimate-guide/

http://ict.com.mm/how-to/the-way-to-turn-find-the-fault-file/
Myanmar News Updates

Saturday, May 25, 2013

အလွယ်ကူဆုံးvirusရေးနည်း

fmမှာတွေတာနဲ့ဒီcodeလေးတွေကသိပ်ကြီးအန္တရာယ်မဖြစ်စေလို့တင်ပေးလိုက်ပါတယ်.....
အောက်ကCodeတွေကို notepad ပေါ်တင်ပါမကြောက်ပါနဲ့ အသေးစားလေးတွေပါ။မိမိကိုယ်တိုင်ဖွင့်မှ ပွင့်နိုင်မယ့် program လေးတွေပါ။

အကယ်၍ အဲဒီ Script လေးတွေကို အလုပ်မလုပ်စေချင်တော့ဘူး
ရပ်တန့်စေချင်တယ်ဆိုရင်တော့ task manager ကိုဖွင့်လိုက်ပါ Process tab ကိုနှိပ်လိုက်
ပြီးရင် အောက်ဆုံးလောက်မှာ၇ှိတယ် wscript.exe ဆိုတာလေးကို select ပေးပြီး
end process ကိုနှိပ်ပေးလိုက်ပါ
1-သင့် CD Drive ကိုဆက်တိုက်ပွင့်နေပါလိမ့်မယ်။ဖွင့်လိုက်ပိတ်လိုက်ပေါ့။
  code:

Set oWMP = CreateObject("WMPlayer.OCX.7")
Set colCDROMs = oWMP.cdromCollection
do

if colCDROMs.Count >= 1 then
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
End If
wscript.sleep 5000
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

2Caps Lock ကိုဆက်တိုက်ဖွင့်လိုက်ပိတ်လိုက်လုပ်နေပါလိမ့်မယ်။
  code:

Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{CAPSLOCK}"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

3ဒါလေးကသင့်ကွန်ပြူတာကို မက်ဆေ့ ပေးပြီး shutdown ကျသွားစေပါတယ်။
code :

@echo off
msg * I don't like you
shutdown -c "Error! You are too stupid!" -s

ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ

4.Enter key ကိုဆက်တိုက်နှိပ်နေမှာပါ။
code :

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "~(enter)"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ.

5.CMD နဲ့ Notepad တွေရပ်မရအောင်ဆက်တိုက်ဖွင့်တာလေးပါ။ဒါလေးကနဲနဲလေးဆိုးတယ်။
code:
@echo off
:A
start cmd
start notepad
goto :A
ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ..

6) Backspace တိုက်ပွင့်နေမှာပါ။သင်စာရိုက်လို့မရပါ။
code :

MsgBox "Let's go back a few steps"
Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{bs}"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

7.သင့် keyboard လေးကိုဟက်ပြီး သင်ဟာအရူးဆိုပြီးသင်စာရိုက်တိုင်းပေါ်နေမှာပါ။
  code:

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "You are a fool."
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

8. Notepad ကိုဆက်တိုက်ပွင့်နေမှာပါ။
  code:

@ECHO off
:top
START %SystemRoot%system32notepad.exe
GOTO top
ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ

9.အာက်ကဖြစ်စဉ်တွေကိုလုပ်ပေးမယ့် program လေးပါ။ပေးလာမယ့် မက်ဆေ့တွေကကျွန်တော်ထင် သလိုရှောက်ရေးထားတာပါ။

1: Shutdown
2: Restart
3: Wipes out your hard drive (BEWARE)
4: Net send
5: Messages then shutdown
  code:

@echo off
title The end of the world
cd C:
:menu
cls
echo I take no responsibility for your actions. Beyond this point it is you that has the power to kill yourself. If you press 'x' then your PC will be formatted. Do not come crying to me when you fried your computer or if you lost your project etc...
pause
echo Pick your poison:
echo 1. Die this way (Wimp)
echo 2. Die this way (WIMP!)
echo 3. DO NOT DIE THIS WAY
echo 4. Die this way (you're boring)
echo 5. Easy way out
set input=nothing
set /p input=Choice:
if %input%==1 goto one
if %input%==2 goto two

ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ

10.Lighting .bat

သင့် မော်နီတာဟာဘာမှ မမြင်ရပဲ လင်းလက်နေတဲ့ ဖန်သားပြင်ကိုသာမြင်ရမှာပါ။

@echo off
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug <z.dbg>nul
del z.dbg

သင်ပြန်ထွက်ချင်ရင် CTRL-ALT-DELETE နဲ့ပြန်ထွက်လိုက်ပါ။

အောက်ကကုတ်ဆိုရင် အဲဒါနဲ့မရပါ။ctrl+shirt+esc နဲံ့ရမယ်။
@echo off
:a
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug <z.dbg>nul
del z.dbg
goto a

http://friendsdaygroup.ning.com/

Saturday, May 18, 2013

မိမိ Laptop ကနေ အလွယ်တကူ Wifi ပြန်လွှင့်မယ်

ဒီနေ့ နည်းလေးကတော့ အင်မတန်မိုက်တယ်လို့ပါ ဆိုရတော့မှာပေါ့
ဒါပေမယ့် စက်တိုင်းတော့ မရဘူးဗျ မရဘူးဆိုတာက ဒီလိုပါ hotspot ပြန်လွှင့်ဖို့
မရတဲ့ စက်တွေဆိုရင်တော့ လုပ်မရနိုင်ပါဘူး 
အဲဒါဘယ်လိုသိနိုင်မလဲဆိုတော့ Windows+R နဲ့ တွဲနှိပ်ပြီး cmd လို့ရိုက်ထည့်လိုက်ပါ
ဒါဆို Command Prompt လေးကျလာပါမယ်
အဲဒီမှာ netsh wlan show drivers ကို ရိုက်ထည့်လိုက်ပါ ပြိးရင် Enter နှိပ်
အောက်ကပုံလေးအတိုင်းဖြစ်လာလိမ့်မယ်
အဲဓိကက အဲမှာစတာ ကြည့်လိုက် 
Hosted network supported : နေရာမှာ Yes ပြရင် hotspot လုပ်ရပါတယ်
No ပြနေမယ်ဆိုရင်တော့ ဒီအဆင့်မှာတင်ရပ်လိုက်ပါတော့ မရပါဘူး
 
ပြီးသွားရင် ဒီဆော့ဝဲ  ကိုဒေါင်း ဖိုင်ဆိုဒ်က ပါးပါးလေး
ဒေါင်းပြီးရင် Zip မဖြည်ပါနဲ့ အဲဒီဖိုင်လေးကိုနှစ်ချက်နှိပ်ပြီး
virtual Router Plus လို့ အနီလေးနဲ့ ပြထားတဲ့ ဟာလေးကို ကလစ်လိုက်ပါ
အဲဒါဆိုရင် ဆော့ဝဲလေး တက်လာပါလိမ့်မယ် (ခဏကြာနေတတ်သည် ခဏစောင့်ပေးပါ)
 
ကျွန်တော် ပုံမှာပြထားတဲ့အတိုင်းပဲ နာမည်ပေး password ထည့်ပြီး Start လုပ်လိုက်ပါ
ဒီအဆင့်မှာ error ပြတတ်ပါသည် မပူနဲ့ နောက်တစ်ကြိမ် Start လုပ်ကြည့်ပါ အဆင်ပြေပါလိမ့်မည်
အဆင်ပြေရင် အောက်ကပုံလေးလို notification လေးပြလာပါလိမ့်မယ်
 
အားလုံး အဆင်ပြေကြပါစေ
အောင်ကျော်ခိုင်(ပုသိမ်)

Wednesday, May 15, 2013

Time မဂ္ဂဇင်းကပြောတဲ့ လုံခြုံစိတ်ချရတဲ့ Passwords တစ်ခုအကြောင်း

မိမိတို့ အသုံးပြုတဲ့ Email၊ Facebookနဲ့ Twitter စတာတွေရဲ့ Passwords တွေအပြင် ဘယ်လို User Account မျိုးကိုမဆို လုံခြုံစိတ်ချရစေဖို့ မိမိရဲ့ Account ကို တစ်ပါးသူ ဖောက်ထွင်း ခိုးယူခြင်း မခံရစေဖို့ သူများ အလွယ်တကူ မသိနိုင်တဲ့ စိတ်ချရတဲ့ Passwords တစ်ခု ပေးဖို့တော့ လိုပါလိမ့်မယ်။ ဒီလိုမျိုး စိတ်ချရပြီး ကြံခိုင်တဲ့ Passwords တစ်ခု ပေးဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေကို Time မဂ္ဂဇင်းက ဖော်ပြပေးထားပါတယ်။

Passwords ကို ရှည်နိုင်သမျှ ရှည်အောင် ပေးပါ။
စိတ်ချရတဲ့ Passwords တစ်ခုဖြစ်ဖို့ အနည်းဆုံး စာလုံးရေ ၈လုံး ပါပါစေ။ ၁၄လုံး ပေးထားရင် ပိုကောင်းပြီး ၂၅ လုံး ပေးထားရင်တော့ အကောင်းဆုံးပါပဲတဲ့။

စာလုံးများနှင့် ကိန်းဂဏန်းများကို ရောစပ်ပြီး သုံးပါ။
Passwordsတစ်ခု ဖန်တီးတဲ့နေရာမှာ စာသား (သို့မဟုတ်) ကိန်းဂဏန်း သီးသန့် မပေးသင့်ပါဘူး။ စာသားနဲ့ ကိန်းဂဏန်းနှစ်မျိုး ရောစပ် ပေးထားပြီး သင့် Passwords ကို ခိုးယူချင်တဲ့ သူရဲ့ ဦးနှောက်ကို နည်းနည်း အလုပ် ပေးလိုက်ပါ။ ဒါ့အပြင် စာလုံးတွေကိုလည်း အကြီးအသေး နှစ်မျိုးစလုံး သုံးပေးရင် ပိုကောင်းပါတယ်။ ဥပမာအနေနဲ့ ပြောရရင် “greenapple123”ဆိုတဲ့ Passwordsထက် “GreeN 123 ApplE 456”ဆိုတဲ့ Passwordsက ပိုမို စိတ်ချရမှာပါ။

Dictionary ထဲမှာပါတဲ့ စာသားတွေ သီးသန့် မပေးပါနဲ့။
ဥပမာအနေနဲ့ ပြောရရင် သင့်ရဲ့ Passwordsကို “Imissmybrother”ဆိုတဲ့ စာလုံးမျိုး ပေးခဲ့ရင် Dictionaryထဲက စာလုံးတွေနဲ့ တိုက်စစ်ပေးမယ့် Programတွေ ရှိတာကြောင့် စိတ်မချရပါဘူး။ အဲဒါကြောင့် စာသားတွေကို ကိန်းဂဏန်းတွေနဲ့ တွဲဖက်စေတာပဲ ဖြစ်ပါတယ်။

တချို့စာလုံးတွေကို ကိန်းဂဏန်းနဲ့ ပြောင်းလဲ သုံးစွဲပါ။
တချို့စာလုံးတွေကို ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး သုံးပေးပါ။ ဥပမာအနေနဲ့ ပြောရရင် Letter “O”အစား Zero “O”ကို သုံးလို့ ရသလို “S”အစား Dollar Sign “$”ကိုသုံးရင် ပိုပြီး စိတ်ချရတဲ့ Passwords ဖြစ်လာမှာပါ။

ခန့်မှန်းရ လွယ်ကူတဲ့ Passwordsမျိုး မဖြစ်ပါစေနဲ့။
တချို့စာလုံးတွေက Dictionaryထဲမှာ မပါဝင်ပေမယ့် ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ ဥပမာ သင့်ရဲ့ နာမည်၊ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်၊ သင့်ရဲ့ ဇာတိမြို့၊ သင့်ရည်းစားရဲ့ နာမည်၊ သင့်ရဲ့ မွေးနေ့၊ ဖုန်းနံပါတ်တို့ကို Passwordsအဖြစ် ထားရင် တစ်ဖက်လူက ခန့်မှန်းရတာ သိပ်လွယ်ကူနေပါတယ်။ User Nameကို Passwordsအဖြစ် ပြန်ပေးတာမျိုးတွေ ရှိသလို အစဉ်လိုက် ကိန်းဂဏန်းတွေနဲ့ Keyboardပေါ်မှာ အစဉ်လိုက် ရိုက်လို့ရတဲ့ စာလုံးတွေ (ဥပမာ- 123456, Q WERTY)စတာတွေကို Passwordsအဖြစ် သတ်မှတ်ထားတာကလည်း မကောင်းတဲ့ အချက်ပါပဲ။

User Accountတစ်ခုမှာ အသုံးပြုပြီးသား Passwordsကို နောက်ထပ် Accountတစ်ခုမှာ အသုံးမပြုပါနဲ့။
ဒီအချက်ကတော့ ရှင်းပါတယ်။ သင့် User Accountတစ်ခုရဲ့ Passwords ခိုးယူခံခဲ့ရင် အခြား Passwords အတူတူပေးထားတဲ့ Accountတွေအတွက်ပါ အန္တရာယ်ရှိလာလို့ပဲ ဖြစ်ပါတယ်။

မူရင်းlink

http://koaungmyotun.ning.com/

Tuesday, April 23, 2013

Youtube မှာ video များအား အလွယ်ကူဆုံးဒေါင်းနည်း(software မလို)

Youtube URL လိပ်စာေ၇ှ့မှာ ss ထပ်ပေါင်းပေးလိုက်ရုံပါပဲ…
ဥပမာ
ဒီအောက်ဟာလေးက ဒေါင်းချင်တဲ့ Youtube URL ဆိုပါတော့

http://www.youtube.com/watch?v=Glny4jSciVI ဆိုပါစို့
အပေါ်က ဘားတန်းမှာ အဲဒိ လိပ်စာရှေ့နားမှာ SS ဆိုတာလေး ကို ထည့်လိုက်ဗျာ
ဒီလိုလေးပေါ့နော် http://www.ssyoutube.com/watch?v=Glny4jSciVI
ပီးရင် အန်းတား နှိပ်ဗျာ။

Enter နှိပ်လိုက်တဲ့အခါ ဒါမျိုး widow တစ်ခု ပေါ်လာပါလိမ့်မယ်….အဲ့မှာ ကိုယ်ဒေါင်းချင်တဲ့ format ရွေးပြီး ဒေါင်းရုံပါပဲ….

Sunday, April 21, 2013

Window Admin Password ကို USB နှင့် ကျော်ဝင်နည်း

2GB (or) 4GB ပမာဏ ရှိတဲ့ USB တစ်ချောင်းကို ကွန်ပြူတာမှာ တပ်ပြီး Format ချပါ.. 
အပေါ်က Download Button ကိုနှိပ်.rar ဖိုင်လ် လေးကို ဒေါင်းယူပြီး ဖြည်လိုက်ပါ..။
ဖြည်ထားတဲ့ ဖိုလ်ဒါ ထဲက kno-boot-usb ဆိုတဲ့ Application လေးကို Double Click လိုက်ပါ...

CMD command box ပွင့်လာရင် မိမိ ရဲ့ USB Drive F , G , H တခုခုကို ရေးပြီး....(ဥပမာ မိမိ ရဲ့ USB Drive က F ဆိုရင် CMD command မှာ ကိုရေးထည့်ပြီး Enter ခေါက်လိုက်ပါ...။ ပြီးရင် Any Key ကီး တခုခု ကိုနှိပ်ပေးပြီး ထွက်လို့ရပါပြီ....:)
အားလုံးပြီးသွားပြီ ဆိုရင်တော့ ကွန်ပြူတာကို Restart ချ (F2 (or) F12 (or) Del (or) F9 BIOS ထဲဝင်ဖို့ နှိပ်ရမဲ့ Key တွေကတော့ ကွန်ပြူတာ အမျိုးစားပေါ်မူတည်ပြီး ကွဲသွားနိုင်ပါတယ်) တခုခုကနေ BIOS Device Menu ကို ဝင်ပြီး 1st BOOT မှာ 1st Kon-Boot ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ..။
ခဏ နေလို့ Window တတ်လာရင် Enter ခေါက်ပြီး Admin Password ကို ကျော်လို့ရသွားပါပြီ...။
အားလုံး အဆင်ပြေကြပါစေ.... အဆင်မပြေရင် ဒီမူရင်းဆိုက်ဒ် မှာလေ့လာနိုင်ပါတယ်ခင်မျာ.....:)
 
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1417494&xgs=1&xg_source=msg_share_post

Monday, April 15, 2013

မိမိကွန်ပျူတာ Hangs ရခြင်းအကြောင်း (၁၀)ချက်

ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့စက်မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ဖြစ်ပါတယ် အဲဒီလိုမဖြစ်ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။

ref: ( http://www.zwekapinmyae.com/forum/topics/hangs)

ဖလင့်ဆောင်းလုပ်နည်းများကိုတင်ပေးလိုက်ပါတယ်

ရင်ဆုံးကျွန်တော်တင်ပေးတဲ့ဆော့ဝဲကိုဒေါင်းလိုက်ပါ..နက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများလည်း
လိုက်လုပ်လို့ရပါတယ်..ဘာလို့လည်းဆိုတော့.ကျွန်တော်တင်ပေးထားတာportableဖြစ်နေလို့ပါ.
.သီချင်းလောက်ကတော့..SWiSH Max3 portable ကောင်းကောင်းနိုင်ပါတယ်...
အိုကေ..
SWiSH Max3.exe

ကျွန်တော်အပေါ်မှာပေးတဲ့ဆော့ဝဲလေးကိုဒေါင်းလိုက်ပါ...။။ပြီးတော့..rught click ပေး Run as လုပ်ပါ..အိုကေ
SWiSH boxတက်လာပါလိမ့်မယ်.............New Movies Project ဆိုတဲ့ဘောက်တက်လာမယ်ဟုတ်တယ်ဟုတ်.
.အဲမှာdefault နဲ့ပဲ ၀င်လိုက်နော်.....အောက်ကပုံမှာ..ကျွန်တော်ပြထားသလိုပေါ်လာမယ်..

အပေါ်ကပုံမှာကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..moviespropertiesကိုကလစ်ပေးလိုက်..အိုကေ..အစိမ်းရောင်နဲ့ဝိုင်းပြထားတဲ့..
properties box တက်လာမယ်....proper boxမှာ..moves size ,background color ,heightရယ်..သုံးမျိုးပြင်မယ်..
အဲသုံးမျိုးမှာမိမိစိတ်ကြိုက်..ရွေးမယ်..ကျွန်တော်ကတော့..အနက်ရောင်ကိုbackground color ကိုအဖြူပဲပေးမယ်..width ကို
1300 pix ပေးမယ်..heightကို600ပေးမယ်..အိုကေ...အဲတော့...
အရမ်းဆိုဒ်ကြီးသွားတော့.လုပ်ရတာအဆင်မပြေတော့ဘူး....အဆင်မပြေရင်..ညာဘက်အောက်မှာ..view ဆိုတာရှိတယ်..
အဲမှာ..zoon ကို50%လောက်ရှော့ချပြစ်လိုက်....နောက်..ပုံထည့်မယ်..background image လေးတွေထည့်မယ်..
သီချင်းထည့်မယ်..သီချင်းစာသားထည့်မည်...
အရင်ဆုံးသီချင်းနဲ့ပုံထည့်မယ်.

ကျွန်တော်အနီရောင်ဝိုင်းပြထားတဲ့လေးမျိုးကိုအဓိကထားပြောပ့ါမယ်..ဒါဆိုရင်သီချင်းတစ်ပုဒ်ကောင်းကောင်းရပါပြီ..ကဲ..
သီချင်းထည့်ချင်ရင်..import sound,ဓါတ်ပုံထည့်အမယ်.ဆိုရင်..import image ,
movies ဖိုင်ထည့်မယ်ဆိုရင်..import video , glitter တို့ဘာတို့ကနေယူထားတဲ့
aninmationပုံတွေကိုထည့်မယ်ဆိုရင်.import animationကိုထည့်မယ်.နောက်..
swiနဲ့ဆေ့ပေးထားတဲ့ effect တွေ..ဥပမာ
mouseheart effect တို့လိုမျိုးတွေကိုထည့်မယ်ဆိုရင်.
.ininmation ကနေသွားထည့်လိုက်ပါ...နောက်..အပိုင်း
သီချင်းထည့်ပြီးပြီ..ဓါတ်ပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီး...
နောက်..animationပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီ
ဆိုရင်..သီချင်းစာသားထည့်မယ်...သီချင်းစာသားကိုဘယ်လိုထည့်မလည်းဆိုတာကြည့်လိုက်..ပါ

အရင်ဆုံးစာရေးမယ်နော်.

အပေါ်ကပုံကိုကြည့်လိုက်ပါ...ဘေးမှာ tool bar မှာအညိုနဲ့ဝိုင်းပြထားတဲ့ " T "ဆိုတဲ့စာလုံးလေးကိုကလစ်ပေးလိုက်..
ပြီးတော့..အလည်ကapplication boxမှာသွားလိုက်တော့..ကာဆာလေးကပုံစံပြောင်းသွားပြီ..
အိုကေ..အဲကာဆာလေးကိုထောက်လိုက်တာနဲ့...
စာရေးဖို့အကွက်ကလေးတွေကျလာပြီ..ဟုတ်လားပဲ...စာရေးတော့မယ်.ဆိုရင်...font type/size/color
က..ဘယ်မှာပြောင်းမလည်း..ကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..properties မှာသွားပြောင်းလိုက်...
..စာရေးပြီးပြီး...စာကြောင်း လေး ကြောင်းရေးထားပါရဲ့..အဲစာ လေး ကြောင်းက..ဒီအတိုင်းထားရင်ပုံသေကြီးပေါ်နေမှာပဲ
ဒါကို..အ၀င်နဲ့..အထွက်ကလေးတွေ..ဘယ်လို့ထည့်ပေးမလည်း...သီချင်နားထောင်ကြည့်လိုက်..
အပေါ်မှာအစိမ်းနဲ့ဝိုင်းပြထားတယ်နော်.
အဲကောင်လေးကို နိပ်ပြီး..play လုပ်လိုက်တော့.အောက်ကကျွန်တော်အ၀ါရောင်နဲ့ဝိုင်းပြထားတဲ့time line မှာ..
အနီရောင်အတုံးလေးပြေးနေပါလိမ့်မယ်...စက်ပေါ်မူတည်ပါတယ်..play လိုက်ရင်...သူဘာသာအလုပ်လုပ်နေတာကိုခန
စောင့်ပါ..စိတ်ရှည်ပါနော်....ဒီသီချင်းလုပ်တာက..စိတ်ရှည်ပါ..လို့ပဲပြောချင်တယ်..အိုကေ..time line မှာကိုယ့်စာသားက..
အသံဘယ်နားမှာဝင်သလည်း...(စာသားကဥပမာ.."မ..မချစ်လို့သေနိုင်တယ်" ဆိုရင်.အနီရောင်အတုန်းလေးက..
အဲစာသားအတွက်..နံပါတ်ဘယ်လောက်မှာဖြတ်သွားလည်းမှတ်ထားလိုက်..အဲနံပတ်မှာ..အောက်က
ကျွန်တော်ရှင်းပြမယ်..effect ကလေးတွေကိုလိုက်ထည့်လိုက်တော့..
EFFECT ထည့်မယ်...

effect ထည့်မယ်..ကိုယ်ရေးတဲ့စာကို..သီချင်းအသံကဘယ်နံပါတ်မှာဝင်ပြီး.
.ဘယ်နံပါတ်မှာထွက်သွားတယ်လို့မှတ်ခိုင်းထားတယ်နော်..
ကိုယ်ရေးတဲ့စာကိုကလစ်ပေးလိုက်..ကျွန်တော်အညိုရောင်နဲ့ဝိုင်းပြထားတယ်..တွေ့လားပဲ...
အဲဒါက..ကျွန်တော်ရေးထားတဲ..မ..မချစ်လို့သေနိုင်တယ်ဆိုတဲ့စာတန်းရဲ့...lineကလေးးးပဲ..အဲlineကလေးမှာ..
နံပါတ်90မှာဝင်တယ်ဆိုရင်..အဲနံပါတ်90မှာ..right click ပေးလိုက်.ကျွန်တော်နီနဲ့ဝိုင်းပြထားတာကအ၀င်..အ၀ါနဲ့
ဝိုင်းပြထားတာက..အထွက်ဆိုပါစို့...အ၀ါနဲ့ဝိုင်းပြထားတဲ့နေရာမှာ..right click ပေးလိုက်တော့..ကျွန်တော်အစိမ်းနဲ့
ဝိုင်းပြထားတဲ့.box ကလေးကျလာမယ်..အဲbox မှာ..appear into position/ Disappear from position/looping continously
ရယ်..သုံးမျိုးတွေ့လိမ့်မယ်..အဲသုံးမျိုးမှတ်ထားပါ..အဲသုံးမျိုးမှာ..appear into....ဆိုတာက..စ၀င်တာ..
disppear from.....ဆိုတာက..ပြောက်သွားမှာ..အထွက်အတွက်../
နောက်..looping continouslyဆိုတာက..loopingပေးဖို့အတွက်..ပါ..အိုကေ
အဲလောက်ဆိုရင်..တော်တော်အဆင်ပြေနေပြီဗျ..ဒီထက်..ထပ်ပြီးတော့..တတ်ချင်သေးတယ်ဆိုရင်..တော်..စာအုပ်တွေပေးလိုက်
ပါမယ်....သူတို့ရှင်းပြထားတာက..ပို့ရှင်းပါမယ်..ကျွန်တော်ကတော့..ပိန်းတော့..လူပိန်းအတွေးနဲ့.ှရှင်းပြထားတာ..ပါ..
ကျွန်တော်နားလည်ခဲ့သလို့..နားလည်အောင်ရှည်းပြထားတာပါ...နားမလည်ရင်..ပြောပါ..အောက်ကကွန်းမင့်ကနေ..
နားမလည်တဲ့အပိုင်းအလိုက်ထပ်ရှင်းပေးပါ့မယ်..အိုကေလားပဲ..ကဲ့..အားလုံးကိုလေးစားလျှက်..(
အော်မေ့တော့မလို့.mousehaert efffect (mousectheart.swi)ထည့်ပေးလိုက်ပါတယ်..အဲကောင်ကို..ဒေါင်းပြီးတော့..
Insert>import aninmation ကနေထည့်လိုက်ပါ...ရပါတယ်..
ဒါကသာမန်သီချင်းတစ်ပုဒ်လောက်တော့..ကျွန်တော်ရှင်းပြထားတာနဲ့တင်ရလောက်မယ်ထင်ပါတယ်...
ကျွန်တော်ပေးတဲ့ဖိုင်တိုင်းကိုဇစ်ချုပ်မထားပါဘူး။.နက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများအတွက်.အခက်အခဲဖြစ်မှာစိုးရိမ်လို့ပါ..
အားလုံးကိုလေးစားလျှက်..

ကိုdouble tun ရေးထားတဲ့စာအုပ်ကလေးပါ..
swish max book.pdf

တကယ်လို့..FULLသုံးချင်တယ်ဆိုရင်တော့...အောက်မှာကျွန်တော်လင့်ပေးထားပါတယ်..အသုံပြုရတာ
ကောင်းပါတယ်...
ဘယ်လိုRUNမယ်ဆိုတာကိုပြောပြပါ့မယ်...
ပထမဆုံး..ဇစ်ဖိုင်ကိုဖြည်လိုက်ပါ..ပြီးတော့..အထဲမှာပါတဲ့...setupကိုအရင်ရမ်းလိုက်ပါ...setup run ပြီး
တော့..FINISHမပေးခင်မှာပဲ..PATCHဖိုင်Runလိုက်ပါ..Patchဖိုင်RUNတော့..သူက..နေရာညွန်းခိုင်းပါ
လိမ့်မယ်..C/program files/SWiSH Max3/swishMax3.exeဖိုင်ကိုညွန်းလိုက်..ပါ..ပြီးတော့မှ..Patc

လွမ်းဆောင်းရဲနည်းပညာဘလော့ကို ကျွန်နော်ကျော်သူဝင်မှတစ်ဆင့်ပြန်လည်မျှဝေပါသည်...

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1228183&xgs=1&xg_source=msg_share_post

Viber ကို Windows မှာသုံးမယ်

ဒီတစ်ခါသူငယ်ချင်းတို့ကိုမိတ်ဆက်ပေးချင်တာ Viber ဆော့စါဝဲလေးတစ်ခုပါ။Viber လို့ပြောလိုက်တာနဲ့
အထွေအထူးပြောစရာလိုမယ်မထင်ပါဘူး။အားလုံးသိပြီးသားပါ။အခုကျွန်တော်တင်ပြတဲ့ Viber လေးက
ကွန်ပြူတာပေါ်ကနေ ကိုယ့်ဖုန်းနံပါတ်နဲ့ တစ်ခြားကိုယ်လို့ Viber ရှိသူအချင်းချင်း ပိုက်ဆံမကုန်ပဲ
လှမ်းပြီးဆက်သွယ်လို့ရတဲ့နည်းလေးပါ။ကွန်ပျူတာမှဖုန်း၊ ဖုန်းမှကွန်ပျူတာအပြန်အလှန်ဆက်သွယ်လို့ရပါ
တယ်..လုပ်ဆောင်ပုံအဆင့်ဆင့်ကိုလည်း ပုံနဲ့တစ်ကွရှင်းပြပါမယ်။အဆင်ပြေရင်တော့ ကျွန်တော့်ဖုန်းကို
လှမ်းခေါ်ကြည့်နိုင်ပါတယ်...။ အမှတ်(1) အနေနဲ့..ဒီနေရာကနေ မူရင်း Viber ၀က်ဆိုဒ်ကိုအရင်သွားပြီ
Start Bluestacks လေးကိုအရင်ဒေါင်းလိုက်ပါ။
  1. Go to Bluestacks website by clicking here    
(အဲ့ဒီ့မှာဒေါင်းရတာအဆင်မပြေရင်လည်း အောက်မှာဒေါင်းလို့အဆင်ပြေအောင် တင်ပေးထားပါတယ်။)
ဝက်ဆိုဒ်ရောက်သွားရင်အခုလိုတွေ့ရပါမယ်...

ဒေါင်းလို့ရတဲ့ဆော့စ်ဝဲကိုဖွင့်လိုက်ပါ။အောက်ကပုံစံအတိုင်းတွေ့ရပါမယ်။ဆက်ပြီးလုပ်ရအောင်...    
 ကဲသူငယ်ချင်းတို့ရေ Viber ဆိုတဲ့ဟာလေးကိုနှိပ်ပြီးဖွင့်လိုက်ပါ။ပထမဆုံးပေါ်လာတဲ့စာမျက်နှာမှာ
နိုင်ငံနဲ့ဖုန်းနံပါတ်ထည့်ရပါမယ်။ပြီးရင်ကုတ်နံပါတ်တောင်းပါမယ်။ ဒီဖုန်းနံပါတ်အတိုင်းကုတ်နံပါတ်ပို့
ရမှာလားမေးလာရင် Ok ကိုနှိပ်လိုက်ပါ။ ဖုန်းထဲကို ကုတ်နံပါတ်ရောက်လာပါလိမ့်မယ်။
အဲ့ဒီကုတ်နံပါတ်ကို ဖြည့်လိုက်ပါ။ပြီးရင် ကိုယ်ကြိုက်တဲ့ပုံထည့်နိုင်ပါတယ်။နာမည်လဲကြိုက်တာပေးပါ။
ဒီလိုပေါ်လာရင်..
    
ဒီလိုပေါ်လာရင် Keypad ဆိုတာနှိပ်ပါ..
အစိမ်းလေးကိုနှိပ်ပြီး ဖုန်းထိုးသွားနိုင်ပါတယ်။ တစ်ခုတော့ရှိတယ် ကိုယ်ဖုန်းထိုးသူဟာ
ကိုယ့်လို Viber  ရှိဖို့လိုအပ်ပါတယ်။ပြီးတော့လိုင်းပေါ်မှာလည်းရှိနေရပါမယ်။
အားလုံးအဆင်ပြေတယ်ဆိုရင် ဒီနံပါတ်အတိုင်း အစမ်းထိုးလာနိုင်ပါတယ်။(အစမ်းနော်အမြဲမဟုတ်ဘူး...)
အောက်မှာဒေါင်းလော့စ်လုပ်ပါ....။ ၀က်ဆိုဒ်မှာဒေါင်းရတာအဆင်မပြေသူတွေအတွက်ပါ..
                               
                                                          download -  ရန်ကုန်သား(နဂါးစိမ်း) 
အဆင်ပြေခဲ့ရင်ဝမ်းသာပါ။အဆင်မပြေရင်ကွန်မန့်ပေးခဲ့ပါ..ဒါမှမဟုတ် မေးလ် ပို့ပြီးမေးမြန်းနိုင်ပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1596808&xgs=1&xg_source=msg_share_post