“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, April 7, 2013

မျိုးနဲ့ရိုးနဲ့(ဟာသ)

Photo: မျိုးနဲ့ရိုးနဲ့
******

တစ်ခါတုန်းက ရွာတစ်ရွာမှာ
အရက်ခိုးချက်တဲ့ ဦးတာတေကြီးရှိလေရဲ့..
တစ်နေ့တော့..သူ့ကို မြို့ကရဲတွေလာဖမ်းပါလေရော...
“ခင်ဗျားကို အရက်ခိုးချက်တဲ့အမှုနဲ့ဖမ်းလိုက်ပြီ”
“ဖမ်းလေ ဘာဖြစ်လဲ..ကျွန်တော်မရှိရင် ကျွန်တော့်သားဆက်ချက်လိုက်မယ်”
“ဒါဆို ခင်ဗျားသားကိုလည်းထပ်ဖမ်းရမှာပဲ”
“ဖမ်းပေါ့..ကျွန်တော့်သားမရှိရင် ကျွန်တော့်မြေးက ဆက်ချက်လိုက်မယ်”
“ဒါဆို ခင်ဗျားမြေးကိုလည်းဆက်ဖမ်းရမှာပဲ”
“ဖမ်းပေါ့...အဲဒီအချိန်ဆို ကျွန်တော်လည်းပြန်လွတ်နေလောက်ပြီ”

Moekyashweco

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ

သွေးကင်ဆာတွင်အသုံးဝင်သည့်ပန်းမုံလာ

Photo: သွေးကင်ဆာတွင်အသုံးဝင်သည့်ပန်းမုံလာ

ပန်းမုံလာ(Broccoli)မှရရှိသော ဓာတ်ပေါင်းတစ်မျိုးသည်သွေးကင် ဆာ(Leukemia)ကို ကုသရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရ သည်။သုတေသနတစ်ရပ်တွင်ဖော်ပြ ထားမှုအရပန်းမုံလာများတွင်တွေ့ရှိ ရသော sulfora phane သဘာဝ ဓာတ်ပေါင်းသည်သွေးကင်ဆာ တွင် များ ပြားလာတတ်သောဆဲလ်များဖြစ် သည့်(acute lymphoblastic cells)များကိုနည်းပါးစေသည်ဟု ဆိုပါသည်။
ယခုလေ့လာမှုကိုဦးဆောင်သူ Baylor College of Medicine မှရောဂါဗေဒဌာနမှုး၊ပါမောက္ခ Dr. Daniel Lacorazza က''ဒီသုတေသန မှာလေ့လာခဲ့တဲ့ acute lymphoblastic leukemia ဆိုတာ ကလေးတွေ မှာအဖြစ် များတဲ့ သွေးဖြူဥ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ၈ဝ% လောက် မှာကုသမှုအောင်မြင်ပေမယ့် ကုသမှုကို မတုံ့ ပြန်နိုင်တဲ့ ကလေးတွေ လည်းရှိပါတယ်။ဒီအခါမှာကျွန်တော် တို့ဟာအခြားကုသမှုတွေကိုအစား ထိုး ရပါတယ်။ဥပမာအခုတွေ့ရှိမှုမှာပါ ဝင်တဲ့ဓာတ်ပေါင်းတွေကိုအသုံးပြုတာ မျိုးဖြစ်ပါတယ်''ဟုရှင်းပြခဲ့သည်။
sulforaphane သည် ကင်ဆာ ကျိတ်အများစုတွင်ကာကွယ်ကုသ နိုင် သော အစွမ်းရှိကြောင်း ယခင်လေ့လာ မှုအရသိရှိပြီးဖြစ်ပြီးပန်းမုံလာ အပြင် ဂေါ်ဖီထုတ်၊ပန်းဂေါ်ဖီများတွင်အများ ဆုံးတွေ့ရှိရသည်။ ယခု သုတေသန အရကင်ဆာကျိတ်များ အပြင်သွေးကင်ဆာ တွင်လည်းဆေး ဖက်ဝင်အာနိ သင်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ခြင်းဖြစ် သည်။ ယခုလေ့လာမှုတွင်သုတေ သီများသည် sulf oraphane ကသွေး ဖြူဥ ကင်ဆာ ဆဲလ် များအပေါ်သက် ရောက်နိုင်မှုကိုကင်ဆာဝေဒနာရှင် ကလေးငယ်များတွင် လေ့လာခဲ့ရာ ကင်ဆာ ဆဲလ်များကိုသာသေစေနိုင်ပြီး ကလေးငယ်၏မူရင်းဆဲလ်များ အပေါ် သက်ရောက်မှုမရှိကြောင်း၊ ထို့အပြင် ကင်ဆာကာကွယ်နိုင်သည့် အာနိသင် လည်းတွေ့ရှိထားပြီးဖြစ်သည့်အတွက် ပန်းမုံလာကိုနေ့စဉ်စား သုံးပေးရန်လို အပ်ကြောင်းဖော်ပြထားသည်။
ယခုလေ့လာမှုကို International journal of oncology တွင်ဖော်ပြ ထားခြင်းဖြစ်သည်။
သန့်စင်
Ref;PTI
Health Updates Journal

Re-Post By ACM 5-4-2013
အေးချမ်းမွန် Credit & Copy From > Health Updates Journal<< Thank

သားအိမ် ထုတ်ရသည့် အခါ၌ သားဥအိမ် ချန်ထားခဲ့ခြင်းသည် အမျိုးသမီးများအတွက် ပို၍အကျိုးရှိနိုင်

Photo: သားအိမ် ထုတ်ရသည့် အခါ၌ သားဥအိမ် ချန်ထားခဲ့ခြင်းသည် အမျိုးသမီးများအတွက် ပို၍အကျိုးရှိနိုင်

ယခင် လေ့လာချက်များအရ ပုံမှန်အားဖြင့် ဆိုလျှင် အမျိုးသမီးရောဂါ များကြောင့် သားအိမ် ထုတ်ပစ်ရသည့် အခါ၌ သားဥအိမ်ကို ထုတ်ပစ်လျှင် ပို၍ ကောင်းမွန်ကြောင်း ညွှန်းဆိုခဲ့ သော်လည်း ယခုလေ့လာချက် အသစ်၌မူ သားဥအိမ်အား မူလအတိုင်း ထားရှိခြင်းသည် ပို၍ အကျိုးသက်ရောက်မှု ရှိကြောင်း သိရှိရသည်။

သားဥအိမ် ထုတ်ပစ် လိုက်သည့် အတွက် အမျိုးသမီး၌ နောင်တစ်ချိန် တွင် သားဥအိမ်ကင်ဆာဖြစ်ပွားခြင်း အတွက် ပူပန်ရတော့မည် မဟုတ်သော်လည်း ထိုသို့ဟော်မုန်း ထုတ်ပေးနိုင်စွမ်းရှိသည့် မျိုးဥများအား ထုတ်ပစ် လိုက်ခြင်းကြောင့် အခြားရောဂါများ ဖြစ်သော နှလုံးရောဂါ၊ ကင်ဆာရောဂါ တို့ ပိုမိုဖြစ်ပွားနိုင်သည်။ နှစ်စဉ် အမျိုးသမီး ၁ ထောင်လျှင် ၁ဝ ယောက် နှုန်းဖြင့် သားအိမ်ထုတ်ရင်း သားဥအိမ်ပါ ထုတ်ပစ်ကြရသည်။ အဓိက ရည်ရွယ်ချက်မှာ ထိုအမျိုးသမီးများ၌ သားဥအိမ်ကင်ဆာ မဖြစ်ပွားစေလို၍ ဖြစ်ပြီး၊ အကယ်၍ အမျိုးသမီး၌ ပြည့်စုံသော မိသားစုဘဝရှိပြီးလျှင် သို့ မဟုတ် အသက်ကြီးလျှင် သားဥအိမ် ၏ အခန်းကဏ္ဍမှာ သိပ် အရေးမပါ တော့ဟု ယူဆကြသည်။

City of Hope Cancer Center ၏ ပါမောက္ခဖြစ်သူ Leslie Bernstein က အမျိုးသမီးများ၌ ရင်သားကင်ဆာ ပြီးလျှင် ဒုတိယ အဖြစ်အများဆုံး ကင် ဆာမှာ သားဥအိမ် ကင်ဆာဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၌ နှစ်စဉ်အမျိုးသမီး ၂၂ဝဝဝ ခန့်မှာ သားဥအိမ် ကင်ဆာခံစားနေရ ပြီး၊ ထိုထဲမှ ၁၄ဝဝဝ ခန့်မှာ နှစ်စဉ် သေဆုံးလျက် ရှိကြောင်း သိရသည်။ သို့ရာ၌ မီးယပ်ရောဂါတစ်ခုခုကြောင့် သားအိမ်ထုတ်ရပြီး၊ သားဥအိမ်ပါ ထုတ်ထားသော အမျိုးသမီးများ၏ ၉၈ ရာခိုင်နှုန်းမှာမူ အထက်ပါ အန္တရာယ် အုပ်စု၌ မပါဝင်တော့ ကြောင်း သိရသည်။

University of California, LA School of medicine မှ ဆေးကုသပိုင်း ဆိုင်ရာ သားဖွားမီးယပ် ပါမောက္ခ ဖြစ်သူ ဒေါက်တာ Parker သည် အမျိုးသမီးများ၌ ယင်းတို့၏ မျိုးပွားချိန် ကျော်လွန်ပြီးသော်လည်း သားဥ အိမ် ၏ ကဏ္ဍကရှိနေဆဲဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အထူးသဖြင့် သွေး ဆုံးကာလရောက်နေစဉ်တွင်ပင် သားဥအိမ် မှ ဟော်မုန်း အထွက်နည်း နေသော်လည်း အဆိုပါ ဟော်မုန်းများသည် အမျိုးသမီးများအတွက် အကျိုး ရှိနေဆဲ ဖြစ်သည်ဟု ယင်းကဆိုသည်။

လေ့လာမှုအရ သားအိမ်ထုတ်ရာ၌ သားဥအိမ်ပါ ထုတ်ပစ်သော အမျိုးသမီးများ၌ သားဥအိမ် ကင်ဆာဖြစ်မှု မရှိတော့ဟု ဆိုသော်လည်း၊ အခြား ရောဂါ များဖြင့် သေဆုံးနှုန်းမှာ သားဥအိမ် ရှိသော အမျိုးသမီးများနှင့် ယှဉ်လျှင် ၁၃ ရာခိုင်နှုန်းရှိကြောင်း Parker မှ ပြောကြားခဲ့သည်။ ထိုသို့ သားဥအိမ် မရှိတော့သော အမျိုးသမီးများ သည် နှလုံးရောဂါဖြင့် သေဆုံးနှုန်းမှာ ၂၃ ရာခိုင်နှုန်း၊ အဆုတ် ကင်ဆာဖြစ် နှုန်း ၂၉ ရာခိုင်နှုန်းနှင့် အူမကြီး ကင်ဆာဖြစ်နှုန်း ၄၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
Ref: Reuters
http://www.myanmarij.com/သားအိမ်-ထုတ်ရသည့်-အခါ၌-သ/

Re-Post By ACM 5-4-2013
အေးချမ်းမွန် Credit & Copy From >ကျန်းမာရေးစာတိုများစုစည်းမှု << Thank

ဆယ်ကျော်သက်တွေ ဘာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကြတာလဲ

Photo: ဆယ်ကျော်သက်တွေ ဘာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကြတာလဲ
Sunday ,April 07, 2013

ကလေးဘဝတုန်းက စောစောစီးစီး အိပ်ရာဝင်တဲ့ အကျင့်ရှိခဲ့ပေမယ့် မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်လည်း ရောက်လာရော၊ စောစော အိပ်ရာဝင်ဖို့ ငြင်းဆန်တတ်ပြီး ညဥ့်နက်မှသာ အိပ်ရာဝင်လေ့ ရှိတတ်ပါတယ်။ မနက်ကျတော့လည်း နေမြင့်တဲ့အထိ အိပ်နေတတ်ကြပါတယ်။

အဲဒီအခါ “ဒီကလေး အကျင့်ပျက်လာပြီ” ဆိုပြီး လူကြီးသူမတွေက မြည်တွန် တောက်တီးတတ်ပေမယ့် တကယ်က သူတို့ ခန္ဓာကိုယ်ထဲက ဓာတ်အပြောင်းအလဲတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။ ကလေးဘဝမှာ အိပ်-နိုး စက်ဝန်းကို ဟန်ချက်ညီအောင် ထိန်းပေးတဲ့ မယ်လတိုနင် ဟော်မုန်းကို ညနေအစောပိုင်း အချိန်ကတည်းက ပိုင်နီရယ်ဂလင်း (Pineal Gland) ကနေ ထုတ်ပေးပါတယ်။ မြီးကောင်ပေါက်စအရွယ် အသက် ၁၀ နှစ်- ၁၄ နှစ် ဝန်းကျင် ရောက်လာတဲ့အခါ မယ်လတိုနင် ဟော်မုန်းဟာ ည ၉ နာရီ ဒါမှမဟုတ် ၁၀ နာရီ ဝန်းကျင်လောက်မှာမှ ထွက်လာပါတယ်။

“ဒီလို ပြောင်းလဲမှုကြောင့် ဆယ်ကျော်သက် အများစုဟာ ည ၁၁ နာရီ မတိုင်ခင်မှာ အိပ်မောကျနိုင်စွမ်း မရှိတတ်ပါဘူး” လို့ အိပ်စက်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပါမောက္ခဘရောင်းက ရှင်းပြပါတယ်။ ညဘက်မှာ စောစော အိပ်မပျော်တာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကာ မနက်စောစောမှာ အိပ်ရာမထနိုင်တော့ပါဘူး။ ဆယ်ကျော်သက် လူငယ်တွေက တစ်နေ့မှာ ကိုးနာရီနဲ့အထက် အိပ်စက်ချိန် လိုအပ်တာကြောင့် ညဘက်မှာ ဆုံးရှုံးသွားတဲ့ အိပ်ချိန်ကို မနက်ဘက်မှာ ပြန်လည် အစားထိုးတတ်ကြပါတယ်။

ကြယ်စင်

Myanmar online News

Summer စတိုင် ကြက်ကင်

Photo: Summer စတိုင် ကြက်ကင်
Sunday ,April 07, 2013

Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားက
လည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်
စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

    ကြက်ပေါင်၊ တောင်ပံ – ၅ခု
    ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

    ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)
    စပါးလင် – အနည်းငယ် (ခပ်ညက်ညက်ထောင်းပါ)
    သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း
    လိမ္မော် ဆိုဒါ – ၁ခွက် (Measurement ချိန်ခွက်)
    သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
    ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
    ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း (ကင်လျှင် သုတ်လိမ်းရန်)

ကင်နည်း

၁။ ကြက်ပေါင်နှင့် တောင်ပံများကို ဓားနဲ့ မွှန်းပေးပါ။

၃။ ပြီနောက် ဇလုံ တစ်ခုထဲတွင် (ကြက်ပေါင်၊ တောင်ပံ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဗီနီကာ၊ လိမ္မော် ဆိုဒါ၊ သကြား၊ ဆား၊ ကြက်
သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သစ်ဂျပိုးမှုန့်) တို့ကို သမအောင် ရောမွှေပြီ ၁နာရီခန့် နုပ်ထားပေးပါ။

၂။ ပြီမှ ဒယ်ထဲ ကြက်ပေါင်၊ တောင်ပံနုယ်ထားသော ဆော့ရည်များကို မီးဖြင့် ၁မိနစ်ခန့် တည်ပေးပါ။ ပြီလျှင် ခွက်တစ်ခုထဲတွင် ထည့်ပြီ ဖယ်ထားပါ။

၃။ မကင်ခင် မီးကင်ပြားကို ဆီသုတ်ထားပေးပါ။ ပြီနောက် ကြက်
တစ်ကောင်လုံးကို မီးကင်ပြား (သို့) oven ဖြင့် တဖက်ကို မိနစ် ၂၀
ခန့်ဖြင့် မိနစ် ၄၀ခန့် မီးအသင့်တင့်ဖြင့် ကင်ပေးပါ။

၎။ ကင်နေစဉ်အတွင်း သံလွင်ဆီ နှင့် ဆော့ရည်များ ကြက်သားကို သုတ်လိမ်းပေးပါ။

၅။ ကင်ပြီလျှင် ကြက်ကင်များကို ဌက်ပျောရွက်ပေါ်တွင် ခင်းကျင်းပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ….

Wutyee Food House
Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားက
လည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်
စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ကြက်ပေါင်၊ တောင်ပံ – ၅ခု
ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)
စပါးလင် – အနည်းငယ် (ခပ်ညက်ညက်ထောင်းပါ)
သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း

ဗိုက်ရစ်ပြီး နာနေလျှင် မုန်လာဥနီနှင့် ပူဒီနာ ဖျော်ရည်ကိုသောက်ပါ

Photo: ဗိုက်ရစ်ပြီး နာနေလျှင် မုန်လာဥနီနှင့် ပူဒီနာ ဖျော်ရည်ကိုသောက်ပါ

ပူစီနံ ရောထားတဲ့ ဖျော်ရည်ကို သောက် ရပါမယ်။ မုန်လာဥနီက အာဟာရ ပြည့်ဝ စေပြီး ပူစီနံက အစာအိမ် ဝေဒနာကို သက်သာ စေပါတယ်။ ပြုလုပ် နည်းကတော့ ဥနီလေးလုံးကို ပါးပါးလှီးပြီး ရေလေး ခွက်နဲ့ ပြုတ်ပါ။ ပြီးရင် ပူဒီနာ အခြောက်မှုန့် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြုတ်ပါ။ အလယ် အလတ်ပဲ အပူပေးပြီး မုန်လာဥ နီတွေ ပျော့လာတဲ့ အထိ ပြုတ်ပါ။ ပြီးရင် ကြေညက်အောင် မွှေပြီး အေးမြအောင် ထားကာ ချင်းအနည်းငယ် ဒါမှမဟုတ် သံပရာရည် အနည်းငယ် ထည့်သောက်ပါ။

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From >GOOD HEALTH<< Thank

ကင်ဆာ ကြီးထွားမှုအား ရပ်တန့်နိုင်သည့် ငါးပရိုတင်းကို ရှာဖွေတွေ့ရှိ

Photo: ကင်ဆာ ကြီးထွားမှုအား ရပ်တန့်နိုင်သည့် ငါးပရိုတင်းကို ရှာဖွေတွေ့ရှိ

ပစိဖိတ်သမုဒ္ဒရာမှ တွေ့ရှိတတ်တဲ့ ငါးတွေကနေ ရရှိတဲ့ ပရိုတင်း ဒါမှမဟုတ် ပက်ပ်တိုက်ပ် တစ်မျိုးဟာ ဆီးကျိတ်ကင်ဆာနဲ့ တခြား ကင်ဆာတွေရဲ့ ပံျ့နှံ့မှုကို တားမြစ်နိုင်တော့မယ်လို့ မေရီလန်း ဆေးသိပ္ပံမှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ကင်ဆာရောဂါ ရှိသူတွေရဲ့ ကင်ဆာဆဲလ်ဟာ ပတ်ဝန်းကျင်ကို ပံျ့နှံ့ပြီး သွေးနဲ့ ပြန်ရည်ကြောမှ တစ်ဆင့် ခန္ဓာကိုယ် အနှံ့သို့ ပံျ့နှံ့တတ်တာကြောင့် သေဆုံးမှု အန္တရာယ် မြင့်မားပါတယ်။ ဥပမာအနေနဲ့ ဆီးကျိတ်ကင်ဆာဟာ အရိုး၊ အဆုတ်နဲ့ အသည်းကို ပံျ့နှံ့တတ်ပါတယ်။ဒီလေ့လာမှုဟာ ဂလိုင်ကိုပက်ပ်တိုက်ပ် ပါဝင်တဲ့ bioactive cod TFD ရဲ့ ဆေးကုသမှု အသုံးဝင်ပုံကို ပထမဆုံး ဖော်ထုတ်ထားတဲ့ လေ့လာမှု ဖြစ်ပါတယ်။
မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ ငါးတွေမှာ အင်တီဂျင် မြင့်မားစွာ ပါဝင်တဲ့ ဂလိုင်ကို ပရိုတင်းတွေ ထုတ်လုပ်နိုင်ပါတယ်။ TFD 100 ခေါ်တဲ့ အထူး TFD တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲမှ ငါးတွေထဲမှာ ရရှိနိုင်ပါတယ်။ အဲဒီ TFD ဟာ ဆီးကျိတ်ကင်ဆာ အပါအ၀င် ကင်ဆာ အမျိုးမျိုးရဲ့ ပံျ့နှံ့မှုကို ပိတ်ပင်ပေးတယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ဒီတွေ့ရှိမှုကြောင့် ငါးပရိုတင်းမှ ရရှိတဲ့ သဘာဝ ဓာတ်စာတွေဟာ ကင်ဆာပံျ့နှံ့မှုကို ပိတ်ပင်နိုင်ပြီး အသက်ရှင်နှုန်းကို မြှင့်တင်နိုင်တော့မယ်လို့ သုတေသီတွေက ဆိုပါတယ်။

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From >ပြည်မြန်မာ << Thank

သင့် အသဲကို ချစ်ပါသလား

Photo: သင့် အသဲကို ချစ်ပါသလား။ အသဲကိုချစ်ရင် အသဲပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းရင်းတွေ သိထားသင့်တယ်နော်

:) 1 နောက်ကျမှ အိပ်ခြင်းနဲ့  နေမြင့်မှထခြင်းတို့ က အဓိကအကြောင်းရင်းဖြစ်ပါသတဲ့

:) 2 မနက်တွင်ဆီးသွားသောအမှု မပြုခြင်း

:) 3 အစားအသောက်များ လွန်ကဲစွာစားသောက်ခြင်း

:) 4 မနက်စာ စားသုံးရန် မေ့လျော့ခြင်း

:) 5 ဆေးများ လွန်ကဲစွာသုံးစွဲခြင်း

:) 6 အစားအသောက်များ တာရှည်ခံစေရန်ပြုလုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ (preservatives) ၊ ဖြည့်စွက်ပစ္စည်းများ (food additives) ၊ ဆိုးဆေးများ ( food colorings)၊ အချိုတု သကြားတု (artificial sweeteners) များလွန်ကဲစွာအသုံးပြုခြင်း

:) 7 ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးဆီများ သုံးစွဲခြင်း
အကြော် ကြော်ရာတွင် အကောင်းဆုံးချက်ပြုတ်ဆီဖြစ်သော သံလွင်ဆီကို အသုံးပြုရင်တောင်မှ တတ်နိုင်သမျှဆီနည်းနည်း ဘဲသုံးသင့်ပါသတဲ့
ကျန်းမာရေးအားနည်းသူများ မောပန်းနေချိန်တွင် ကြော်ထားသောအစားအစာများ စားသုံးခြင်း မပြုသင့်တဲ့

:) 8 ဥအစိမ်းနဲ့ သားစိမ်းငါးစိမ်းများ စားသုံးခြင်းကလည်း အသဲကိုပျက်စီးစေသတဲ့
အရွက်ကြော်များကိုလည်းတကြိမ်ထဲကုန်အောင်စားပါတဲ့။ နေ့ ဖို့ ညစာချန်ထားခြင်းမပြုပါနဲ့ တဲ့။

Ref: Doctor of Pharmacy

credit to Myanmar Pharmaceuticals
အသဲကိုချစ်ရင် အသဲပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းရင်းတွေ သိထားသင့်တယ်နော်

Myanmar News Update