“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, November 11, 2013

မနက်အိပ်ယာထချိန် နွားနို့မသောက်သင့် (ဝမ်းထဲအစာမရှိလျှင် နွားနို့မသောက်သင့်)

Photo: မနက်အိပ်ယာထချိန် နွားနို့မသောက်သင့် (ဝမ်းထဲအစာမရှိလျှင် နွားနို့မသောက်သင့်)

မနက်အိပ်ယာထထခြင်း ရေသောက် တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။
 
အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ ဆေးပညာရှင်တို့ လေ့လာအကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး မနက်အိပ်ယာထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ အရှင်းကြီးမဟုတ်ပဲ ချေဖြတ်ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန်မှာ ရေတစ် ခွက် သောက်ရုံတင် လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။
နွားနို့ဆိုရင် ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ အများစုသိထားတာက ပရိုတိန်းကြွယ်ဝတယ် ဆိုခြင်း ဖြစ်ပြီး ဗိုက်ထဲမှာ အက်ဆစ်ဓာတ်တွေပြည့်နေတာတော့ သတိထားမိသူနည်းမှာ ဖြစ်ပါတယ်။
ဝမ်းထဲမှာ ချေဖျက်စရာ အစာမရှိတော့တဲ့အတွက် အစာချေဖျက်ပေးတဲ့ Gastric acid ဟာ အစာအိမ်ထဲမှာ နေရာတကာ ရှိနေပါတယ်။ ပရိုတိန်းဓာတ်/ ကစီဓာတ် ပြည့်နေတဲ့ နွားနို့ တစ်ခွက်ကို သောက် လိုက်ခြင်းအားဖြင့် အစာချေဖြတ်စရာ မရှိလို့ အားခဲနေတဲ့ Gastric acid က ဝင်လာတဲ့ နွားနို့ကို အငမ်းမရ ချေဖျက်ပါတော့တယ်။ ဒီမှာ Gastric Acid  က ပရိုတိန်းဓာတ်ကို ချေဖျက်ဖို့ ကောင်းကောင်း ဓာတ်မပြုနိုင်ပါဘူး။ ဒါကြောင့် မချေဖျက်နိုင်တဲ့ ၊ ဝမ်းထဲသို့ စွဲယူရန် ခဲယဉ်းတဲ့ အာဟာရ ဓာတ်တွေဟာ အူလမ်းကြောင်းတွေမှာ ကျန်ခဲ့ပါတယ်။
ဒါကြောင့် ဖြစ်လာတဲ့အကျိုးဆက်ကတော့ သောက်လိုက်တဲ့ နွားနို့ဟာ အာဟာရ မဖြစ်တဲ့အပြင် အစာမကြေခြင်း နဲ့ ဝမ်းလျှောခြင်းကို ဖြစ်စေ ပါတယ်။
ဒါကြောင့် မနက်အိပ်ယာထ နွားနို့သောက်ချင်သပဆိုရင်တော့ အစားအစာ တစ်ခုခုနဲ့ တွဲသင့်ပါတယ်။ ဥပမာ- ကွတ်ကီး၊ ဘီစကစ်၊ ပေါင်မုန့် အစရှိသဖြင့်။ အဲဒီအစားအစာတွေနဲ့သာ ရောစားသောက်ရင် နွားနို့ဟာ အစာအိမ်မှာ အခြေဖျက်ခံဖို့အတွက် ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အူလမ်းကြောင်းတွေထဲကို အလိုအလျောက်ပျံ့ နှံ့ပြီး အထက်ဖော်ပြပါ ဆိုးကျိုးများကို ဖြစ်ပေါ်နေနိုင်ပါတယ်။ နွားနို့၊ ပဲနို့တို့ဆိုရင် အစာအိမ်ထဲမှာ အစာရှိမှ သောက်သုံးသင့်တဲ့ ကဆီဓာတ်ကြွယ်အစား အစာများ ဖြစ်ပါတယ်။
ဒါကြောင့် မနက်အိပ်ယာထချိန်မှာ အကောင်းဆုံးက ရေတစ် ခွက် ဖြစ်ပြီး နွားနို့၊ ပဲနို့ သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။
 
.
အောင်ခမ်း ( ရိုးရာလေး )
မနက်အိပ်ယာထထခြင်း ရေသောက် တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။

အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ ဆေးပညာရှင်တို့ လေ့လာအကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး မနက်အိပ်ယာထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ အရှင်းကြီးမဟုတ်ပဲ ချေဖြတ်ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန်မှာ ရေတစ် ခွက် သောက်ရုံတင် လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။
နွားနို့ဆိုရင် ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ အများစုသိထားတာက ပရိုတိန်းကြွယ်ဝတယ်

မြန်နှုန်းမြင့် Wi-Fi နည်းစနစ်အသစ် 802.11ac

Photo: မြန်နှုန်းမြင့် Wi-Fi နည်းစနစ်အသစ် 802.11ac

Wi-Fi ဆက်သွယ်မှု နည်းစနစ်အသစ် 802.11ac သည် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

မြန်နှုန်းမြင့် Wi-Fi လို့ ခေါ်ဆိုနေတဲ့ ဤနည်းပညာအသစ်ဟာ ရှိရင်းစွဲ router တွေမှာ အသုံးပြုနေတဲ့ 802.11n နည်းပညာထက် များစွာလျင်မြန် ပါလိမ့်မယ်။ ဘယ်လောက်မြန်သလဲ ဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။ 

ဒီ 802.11ac စနစ်သုံး router တွေဟာ ၂ နာရီစာ HD တီဗီစီးရီး တစ်ခုကို စက္ကန့် ၄၀ အတွင်းမှာ ဒေါင်းလုပ်ဒ် လုပ်နိုင်မယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် စိတ်မလောပါနဲ့ဦး။ စနစ်အသစ်က မြန်သလောက် မိမိသုံးစွဲနေတဲ့ အင်တာနက်လိုင်း မကောင်းရင်လည်း အလကားပါပဲ။

ပုံမှာ ပြထားတဲ့အတိုင်းပါပဲ 802.11n စနစ်သုံး router တွေဟာ အမြန်နှုန်း 300 Mbps အထိ ရရှိနိုင်ပြီး ယခု 802.11ac က တော့ အမြင့်ဆုံး အမြန်နှုန်း 1 Gbps အထိ ရရှိနိုင်မှာ ဖြစ်သော်ငြားလည်း အင်တာနက် ချိတ်ဆက်မှုလိုင်းတွေမှာ အမြဲဖြစ်ပေါ်လေ့ရှိတဲ့ ပုလင်းဝတစ်ဆို့မှု ပြဿနာ (bottle neck issues) ကြောင့် ဒီအမြန်နှုန်းတွေကို ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ 

သေချာတာကတော့ မိမိအသုံးပြုတဲ့ အင်တာနက်လိုင်းရဲ့ ထွက်ရှိလာတဲ့ အမြန်နှုန်းဟာ Google ရဲ့ Fiber Optic အင်တာနက်လိုမျိုး 1 Gbps (ကြော်ငြာထားသည့် အမြန်နှုန်း) ထွက်မယ်ဆိုရင်တော့ 802.11ac Wi-Fi သုံးမှာသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ 

Samsung Galaxy S4 နဲ့ HTC One တို့ အပါအဝင် နောက်ဆုံး ထွက်ရှိလာတဲ့ စမတ်ဖုန်းများမှာလည်း 802.11ac စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် LTE နည်းပညာရဲ့ အမြန်နှုန်းကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အလိုလို သက်သာသွားသော ရောဂါ သို့မဟုတ် ပခုံးကပ်ခြင်း၊ ပခုံးနာခြင်း

Photo: အလိုလို သက်သာသွားသော ရောဂါ သို့မဟုတ် ပခုံးကပ်ခြင်း၊ ပခုံးနာခြင်း

ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။ ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။ အများယူဆတာကတော့ ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှားမှုက ပုံမှန် မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါတလေ ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။ 

လက်က ကောင်း ကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီး တွေ ဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း လက်ထိုးရ ခက်ပါတယ်။ ဒီရောဂါက အဆင့်သုံးဆင့် ရှိပါတယ်။ အဆင့်တစ်ခုကို ၆ လ-၈ လလောက် ကြာပါတယ်။ အများအားဖြင့် ဒီရောဂါဖြစ်ရင် တစ်နှစ်ခွဲ- သုံးနှစ်လောက် ကြာပါတယ်။ ဒီရောဂါက အများအားဖြင့် ပခုံးတစ်ဖက်မှာ စဖြစ်တာ များပါတယ်။ တချို့လူတွေမှာ ပခုံးရဲ့ ညာဘက်တစ်ဖက်မှာ စဖြစ်ပြီး တဖြည်ြး ဖည်းနဲ့ ပျောက်လာပြီဆိုတော့ ဘယ်ဘက်ပခုံးက ထပ်ဖြစ်ပါတယ်။ တစ်ဖက်ပျောက်ပြီးရင် နောက်တစ်ဖက် ထပ်ဖြစ်တတ်တယ်။ ချက်ချင်း ပြန်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီထက် ကံဆိုးတဲ့ လူနာတွေကျတော့ ပခုံးနှစ်ဖက်စလုံး ပြိုင်ဖြစ်တာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရင် အတော်လေး ဒုက္ခရောက်ရပါတယ်။

ရောဂါ ပထမအဆင့်မှာ ပခုံးအဆစ်က နာတယ်၊ ခိုင်လာတယ်၊ တဖြည်းဖြည်းနာတာ ပိုဆိုးလာတယ်၊ ပခုံးက ပိုကပ်လာတယ်။ ဒုတိယအဆင့်ကို Stationary Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်ကျတော့ ပခုံးက ပိုလည်း နာမလာဘူး၊ ပိုလည်း ဆိုးမလာဘူး၊ ပိုလည်း ကပ်မလာဘူး။ ရောဂါက တန့်နေတယ်။ တတိယ အဆင့်ကိုတော့ Resolution Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ အဆစ်က နာတာ၊ ကပ်တာ တဖြည်းဖြည်း လျော့သွားပြီး ပြန်ကောင်းသွားပါတယ်။ ဒီရောဂါဖြစ်ရင် လူနာအများစုမှာ အချိန်အတိုင်း အတာ တစ်ခုအတွင်း ပုံမှန်ပြန်ဖြစ်သွားတာ များပါတယ်။ 

ဒါကြောင့် ဒီရောဂါကို အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့အလိုလို ပြန်သက်သာသွားတဲ့ ရောဂါလို့ ပြောလို့ရပါတယ်။ ဆရာတို့အနေနဲ့ ဒီလိုပခုံး နာတဲ့၊ ကပ်တဲ့ လူနာတွေ တွေ့ရင် နာတဲ့ နေရာကို စမ်းကြည့်ပေးရပါတယ်။ တခြားရောဂါလည်း ရှိနိုင်တာ ကြောင့် တခြားရောဂါတွေနဲ့ မမှားအောင် သေချာ စစ်ဆေးရပါတယ်။ ပခုံးနာ၊ ပခုံးကပ်တဲ့ ရောဂါနဲ့ မှားတတ်တဲ့ ရောဂါတွေက ပခုံးအရွတ် ကျောက်တည်တာ၊ ပခုံးအရိုး နည်းနည်းပါးပါး ကျိုးတာ၊ လည်ပင်း အာရုံကြော ညပ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဘယ်ဘက်ပခုံးနာရင် နှလုံးရောဂါနဲ့ လွဲတတ်ပါ တယ်။ နှလုံးရောဂါဖြစ်ရင် လက္ခဏာတစ်ခုအနေနဲ့ ပခုံးနာတာ ပြတတ်လို့ပါ။ 

ဆရာ့အတွေ့အကြုံအရ ဒီရောဂါဖြစ် တဲ့ လူနာတွေက အလိုလို ဖြစ်တာများပါတယ်။ တချို့လူနာတွေကျတော့ နည်းနည်းပါးပါး ထိမိခိုက်မိဖြစ်ပြီး ပခုံးနာလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါရှင်တွေက ဒီရောဂါ အဖြစ်များပါတယ်။ ဆီးချိုရောဂါ ဝေဒနာသည်တွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်း က ဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒီရောဂါပုံစံနဲ့လာရင် သွေး၊ ဆီး စစ်ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ ဒါပေမဲ့ ဓာတ်မှန်ထဲမှာ ဘာမှ ကြီးကြီးကျယ်ကျယ် သိပ်မတွေ့ရပါဘူး။ အရိုးနည်းနည်းပါးတာလောက်ပဲ တွေ့ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရတဲ့ အဓိကရည်ရွယ်ချက်က တခြားပြဿနာတွေများ ဖြစ်နေသလား ဆိုတာ သေချာအောင် စစ်ကြည့်ရတာပါ။ 

ကုသမှုအနေနဲ့ကတော့ အနာသက်သာဖို့အတွက် သောက်ဆေး ပေးရပါတယ်။ ပခုံးအဆစ်က နာနေပေမယ့် လှုပ်ရှားမှုကိုတော့ လုပ်နိုင်သလောက် လုပ်ခိုင်းရပါတယ်။ ငြိမ်နေရင် ပခုံးက ပိုကပ်သွားတတ်တယ်။ အရိုးအကြော ပြုပြင်ပေးမှု (Physiotherapy) လုပ်ပေးရင်လည်း လူနာအတွက် အကျိုးရှိပါတယ်။ တစ်ခါတလေ ရေနွေးအိတ်ကပ်တာ၊ သောက်ဆေး ပေးတာတွေ လုပ်ပေ မယ့် ဘယ်လိုမှ မသက်သာဘူးဆိုရင် အဆစ်ထဲကို ဆေးထိုးပေးလို့ ရပါတယ်။ 

ဒါဆိုရင် နာတာ အတော် သက်သာသွားပါလိမ့်မယ်။ လှုပ်ရှားမှုလည်း မြန်မြန်ရလာတတ်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေ မှာတော့ ဆီးချိုတက်နေရင် ဆေးထိုးလို့ မသင့်ပါဘူး။ ပိုးဝင်နိုင်ခြေ များပါတယ်။ ပိုးမဝင်အောင် သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ တချို့လူနာတွေကျတော့ ပခုံးက သိပ်ကပ်နေပြီး လှုပ်ရှားလို့ မရဘူးဆိုရင် မေ့ဆေး ပေးပြီး ပခုံးအရွတ်တွေကို ဆွဲလှည့်တဲ့နည်း (Manipulation) ပေးရပါတယ်။

ဒီနည်းနဲ့လည်း တချို့လူနာတွေက သက်သာပေမယ့် တချို့လူနာတွေက မသက်သာပါဘူး။ နောက်တစ် နည်းက ဆရာတို့ လုပ်လေ့မရှိပေမယ့် Arthroscopy နည်းလို့ခေါ်တဲ့ တခြားနိုင်ငံတွေမှာ လုပ်လေ့ရှိတာက အဆစ်ထဲ မှန်ပြောင်းထည့်ပြီး ကျပ်နေတဲ့ အရွတ်ကို ဖြတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီရောဂါက စိုးရိမ်စရာ မရှိပေမယ့် ဖြစ်လာရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို သည်းခံလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။

ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
ဆေးပညာဆိုင်ရာဆောင်းပါးများ
ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။ ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။ အများယူဆတာကတော့ ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှားမှုက ပုံမှန် မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါတလေ ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။

လက်က ကောင်း ကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီး တွေ ဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း

ဟာသတိုများ(၁၄)

=====
အတို (၁)
=====
“ဘယ်အချိန်လဲ”

လူတစ်ယောက်ကို တရားသူကြီးက အမိန့်ချနေတယ်... ...
"စတိုးဆိုင်ကို နေ့အချိန် ဖောက်ထွင်းတဲ့အတွက် ထောင်ဒဏ် ၁၈ လ ကျခံစေ"
ဒီတော့ တရားခံက ပြန်မေးတယ်... ....
"လူကြီးမင်းခင်ဗျား၊ အရင်တခါက စတိုးဆိုင်ကို ညအချိန်ဖောက်ထွင်းလို့ဆိုပြီး ထောင် ၁၈ လချတာ မှတ်မိလား"
"အေး... မှတ်မိတယ်"
"နေ့ဘက် ဖောက်လည်းထောင်ချ၊ ညဘက် ဖောက်လည်း ထောင်ချဆိုတော့ ကျနော်က ဘယ်အချိန် လုပ်စားရမှာတုန်း ကဲ"

=====
အတို (၂)
=====
“လုံခြုံရေး”

ကားကို ရပ်ထားခဲ့တဲ့နေရာမှ မတွေ့တော့လို့ လုံခြုံရေးကို မေးကြည့်တယ်... ...
"ကျနော့်ကား ဒီနားမှာရပ်ထားတာ မရှိတော့ဘူး"
"ဟုတ်တယ်၊ လူတစ်ယောက် မောင်းပြေးတာ မြင်လို့ ပြေးလိုက်သေးတယ် မမှီဘူး"
"ဒါဆို သူမျက်နှာကို မှတ်မိလိုက်လား"
"ဟင့် အင်း"
"ဟာဗျာ"
"မပူပါနဲ့ဗျ၊ ကားနံပတ်တော့ မှတ်ထားလိုက်ပါတယ်"

=====
အတို (၃)
=====
“ယောက်ျားကောင်း”

ယောက်ျားကောင်းဆိုတာ... ...
1. -အရက်မသောက်ဘူး
2. -ဆေးလိပ်မသောက်ဘူး
3. -ဖဲမရိုက်ဘူး
4. -ဘောလုံးပွဲမလောင်းဘူး
5. -မိန်းမ မလိုက်စားဘူး
6. -လောကမှာ မရှိဘူး

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko