“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, April 17, 2013

Bus car စီးခြင်း၏ အကျိုးကျေးဇူးများ

( ၁ ) ကျပ်ကျပ်သိပ်သပ်ထဲတွင်အတင်းတိုးဝှေ့စီးရ၍ ဘ၀တွင် သိုသိုသိပ်သိပ် နေတတ်လာခြင်း ၊

(၂ ) ကားမရပ်သေးခင် စပယ်ယာမှ တွန်းချ၍ ခုန်ဆင်းရခြင်း၊ ခုန်တက်ရခြင်းတို့ကြောင့် အမျိုးသားများသာမက အမျိုးသမီးများပါ မခုန်အပျံတတ် ကျွမ်းလာခြင်း ၊

(၃ ) ကားမှာ ကျပ်လွန်းသဖြင့် ယိုင်လဲစရာမရှိသောကြောင့် လက်တန်းကို အားပြုကိုင်ထားစရာမလိုခြင်း ၊

(၄ )အကယ်၍ထိုင်စရာနေရာရပါက သိန်း (၁၅၀၀) ပေါက်သလို ပျော်ရွှင်ရခြင်း ၊

(၅) အအေးမိ၍ ဖျားနာပြီး ချွေးငုတ်နေပါက ဆေးထိုး ဆေးသောက်ရန်မလို ကားတိုး စီးရုံ ဖြင့် ချွေးဒီးဒီးကျ၍
ပြန်ကောင်းလာနိုင်ခြင်း ၊

(၆ ) သာမာန်အချိန်တွင် လိပ်ထက်နှေး၍ ပြိုင်လာလျှင် လေထက်မြန်သဖြင့် တစ်နာရီခရီးကို ၁၅ မိနစ်နှင့် ရောက်ခြင်း ၊

(၈ )စပယ်ယာမှ အကြွေ ၁၀၀ ပြန်မအမ်းခြင်း ၊ဟောက်စားလုပ်ခြင်းတို့ အား သည်းခံရပါများ၍ ခန္တီစ(သည်းခံခြင်း)တရားနှင့်ပြည့်စုံလာခြင်း ၊

(၉) ဒါထက်မက "အပေါက်ပိတ်ရင် တစ်ယောက်အစိပ် " ၊
"လက်လွယ်ရင် ဆက်သွယ်နော် " ၊
"လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ် " ၊
"ကွေ့မယ် ကိုင်ထား မကိုင်ထားရင် ယိုင်သွားမယ် "
"မှတ်တိုင်ပါရင် ကြိုပြောနော် ..ကျော်သွားရင် ခေါ်သွားမှာ " စသော ကာရံ ၊နဘေ၊နှင့်ပြည့်စုံ ကုံလုံ ညီညွတ်သော
စကားလုံးကြီးများကို ကြားနာရခြင်း၊

(၁၀) ထို့ပြင် အက၀ါသနာရှင်များအတွက် "နောက်မှာအချောင်ကြီး ၀ါသနာပါရင်ကလို့ရတယ် " ဟုလည်း
အနုပညာဝါသနာရှင်များကို အားပေးအားမြှောက်ပြုပေးခံရခြင်း တို့သာမကပဲ

(၁၁) ကားပေါ်မှ မဆင်းရဲ ဆင်းရဲ နှင့် တွန့်ဆုပ်ဆုပ်ဖြစ်နေသူများအားလည်း မကြောက်စေရန်
"ရဲရဲ ဆင်း ခြောက်ဘီး လုံးရပ်ထားပေးတယ် " ဟု အာမခံ ကောင်းကောင်းပေးခြင်း ၊

စသည့် အကျိုးကျေးဇူးများ ရရှိပါသည် ။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1621987&xgs=1&xg_source=msg_share_post

LG ၏ အိတ်ဆောင် ဓာတ်ပုံ Printer

Photo: LG ၏ အိတ်ဆောင် ဓာတ်ပုံ Printer

လက်တစ်ဝါးစာသာ ကြီးများပြီး ၂၄ မီလီမီတာသာ ထူသည့် LG ၏ အိတ်ဆောင် ဓာတ်ပုံ printer ကို သင်သွားလိုရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ လက်ကိုင်အိတ်သာမက ဘောင်းဘီအိတ်ထဲမှာပါ ထည့်ပြီး ယူသွားနိုင်အောင် သေးငယ်ပေါ့ပါးပါတယ်။ 

နည်းပညာ အသစ်နဲ့ တီထွင်ထုတ်လုပ်ထားတဲ့ ဒီ printer ဟာ သာမန် printer တွေကို မှင်ကို အသုံးပြုမှာ မဟုတ်ပါဘူး။ ဒီ printer အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အထူးဓာတ်ပုံစက္ကူကို သုံးရမှာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံစက္ကူမှာ လွန်စွာသေးငယ်တဲ့ ဆေးဆိုးပုံဆောင်ခဲ (dye crystals) တွေကို မြှုပ်နှံထည့်သွင်းထားပြီး printer ကနေ အပူပေး လိုက်တဲ့အခါမှာ ဆေးရောင်အဖြစ် ပြောင်းလဲသွားကာ အလိုရှိသည့်ပုံအား ရိုက်နှိပ်ပေးမှာ ဖြစ်ပါတယ်။ 

အသုံးပြုရတာလည်း လွန်စွာမှ လွယ်ကူပြီး Android စမတ်ဖုန်းအား အသုံးပြုကာ Bluetooth (သို့) USB (သို့) NFC (Near Field Communication) နည်းပညာကို အသုံးပြုကာ ဓာတ်ပုံများကို ချက်ခြင်းလက်ငင်း ရိုက်နှိပ်နိုင်မှာ ဖြစ်ပါတယ်။ 

Printer ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ဖြစ်ပြီး ၇.၆ x ၅.၁ စင်တီမီတာအရွယ် အထူးဓာတ်ပုံစက္ကူ အရွက် ၃၀ ပါ တစ်ထုပ်လျှင် ၁၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Myanmar Consumer Guide

လေးဖက်နာ ဖြစ်တတ်ခြင်းနှင့် ရောဂါ အကြောင်း

Photo: လေးဖက်နာ ဖြစ်တတ်ခြင်းနှင့် ရောဂါ အကြောင်း .................

လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ 
မြန်မာနိုင်ငံမှာလည်းအမျိုးသမီးထုကြား အဖြစ်များတဲ့ရောဂါတစ်မျိုး 
ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့အသက်ကိုချက်ချင်း မသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင်နာတာရှည်
ရောဂါသည်ဘ၀နဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။ အဲလိုမတိုင်ခင်မှာတော့ ဝေဒနာခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ်
မူတည်ပြီးအဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင်မ၀င်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။ ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို့သိသလောက် ရေးတာပါ။

ရောဂါ ဖြစ်နိုင်သူများ

၁။ မိသားစုဝင် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း၊

၂။ ဆေးလိပ်သောက်သူများ

၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ

၎။ အသက်လေးဆယ်ကျော် အမျိုးသမီးများ

ရောဂါ လက္ခဏာများ

ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ်လက်ဆစ်ကလေးတွေဟာ
ရောင်ရမ်းနာကျင်လာရင်ဘယ်ရော ညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေး တစ်ခုတည်းနာတာမျိုးမဟုတ်ပဲ နှစ်ဖက်စုံနာရင် သတိထားစရာပါ။ နာကျင်တတ်တဲ့အဆစ်ကလေးတွေကတော့ လက်ချောင်း
အဆစ်ကလေးများ၊ ခြေချောင်းအဆစ်ကလေးများ၊ ခြေကျင်းဝတ်အဆစ်နဲံ. လက်ကောက်ဝတ်အဆစ်တွေကတော့ အဖြစ်များပါတယ်။
နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ်
လက်ဆစ်ကလေးများ နာကျင်ပြီး တောင့်တင်နေတတ်တာပါ။ ရောဂါကို
မကုသပဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလ ဖွဲ့စည်းပုံပျက်ပြီး ပုံပျက် တတ်ပါတယ်။ 

အခြားရောဂါ လက္ခဏာများ

လေးဖက်နာ ရောဂါဟာ ခန္ဓာကိုယ်မှ ခုခံအားစနစ်က

ကိုယ့်ကိုယ်ကိုပြန်တိုက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် body

မှာရှိတဲံ အဂါင်္ အစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်ပါတယ်။

ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊

ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အရိုးပျော့ခြင်း၊

သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊

ခြေလက်များ ထုံကျင်ခြင်း၊ သွေးကြောများရောင်ရမ်းပြီး ခြေလက်များ

ပုပ်ခြင်း၊အဆုတ်အတွင်း ရေစုခြင်းများ ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ရောဂါရှိပြီပြောမလဲ ?

အခုဖော်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄ ) ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။

၁။ အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများ တောင့်တင်းနေခြင်း

၂။ ခန္တာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပို ရောင်ခြင်း

၃။ လက်ဆစ်ကလေးများရောင်ရမ်း နာကျင်ခြင်း

၎။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း

၅။ rheumatiod nodules ခေါ် အရေးပြားပေါ်တွင် ဖုလုံးလေးများ ထွက်လာခြင်း

၆။ သွေးထဲတွင် rheumatoid factor ရှိနေခြင်း

၇။ X- RAYS တွင် လေးဖက်နာရောဂါ လက္ခနာများတွေ့ရခြင်း

၈။ အထက်ပါ လက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း

ဘယ်အချိန်မှာဆေးခန်းပြသင့်လဲ?

အထက်မှာ ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင်

နီးစပ်ရာဆရာဝန်နဲ့တွေ့ပြီးပြသင့်ပါတယ်၊ စောစော ကုသမှု ခံယူခြင်းဟာ အဆစ်ပုံပျက်ခြင်းကို

ကာကွယ်နိုင်ပါတယ်။

နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့

ကုသခြင်းကို မလုပ်သင့်ပါဘူး။

ဘယ်လိုကုသမလဲ?

အဓိက ကုနည်းကတော့ ခန္တာကိုယိကို အနားပေးဖို့ပါပဲ။

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။

ပေါ့ပါးတဲ့လေ့ကျင့်ခန်းများသာ လုပ်ဆောင်သင့်ပါတယ်။

လိုအပ်မှသာ ဆေးရုံတတ်ရတာပါ။ များသောအားဖြင့် အိမ်မှာ အနားယူ ကုလိ့၇တဲံ.ရောဂါပါ။

prednisalone နဲံ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများကို

ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ရပါမယ်။

မိမိသဘောအတိုင်း မသောက်သင့်ပါဘူး။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သတိထားရပါတယ်။

လေးဖက်နာအတွက်သုံးသောဆေးဝါးများ

DMARD (disease modifying antirheumatic drugs).....တွေဟာလေးဖက်နာမှာ

သုံးတဲ့နောက်ဆုံးပေါ်ဆေးတွေဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ချက်ချင်းမကျစေပေမယ့်

ေ၇ာဂါတိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

1. methotrexate 5-25 mg/week

2. sulfasalazine 2-3 g/day ကို အသုံးများပါတယ်။

ဒီဆေးတွင်အပြင်prednisalone ဆေးကိုပါ တွဲသုံးရင်ပိုကောင်းတယ်ဆိုပါတယ်။

ဒီဆေးတွေနဲ.မသက်သာရင် တခြား DMARD ဆေးတွေကိုသုံးလို့ရပါတယ်။

သတိထားရမှာက ဒိဆေးတွေဟာ အစာအိမ်နဲံ. အူလမ်းကြောင်းမှာ

ဆိုးကျိုးတွေ ပိုပေးတတ်လို့ ဆေးကို ဆရာဝန်

ညွှန်ကြားသည့်အတိုင်းသာ သောက်သင့်ပါတယ်။

ဒါ့အပြင် ရောဂါတိုးတက်မှုကိုလည်း ဆရာဝန်နဲ့ပြပြီး ပုံမှန် စစ်ဆေးသင့်ပါတယ်။

လိုအပ်တဲ့ကုသမှုတွေကိုလည်း တိတိကျကျ လိုက်နာဖို့လိုပါတယ်။

Mg Mandalay

Ref : ကျန်းမာရေးစာတိုများစုစည်းမှု
လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့
မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ရောဂါတစ်မျိုး
ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့အသက်ကိုချက်ချင်း မသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင်နာတာရှည်ရောဂါသည်ဘ၀နဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။ အဲလိုမတိုင်ခင်မှာတော့ ဝေဒနာခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ်
မူတည်ပြီးအဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင်မ၀င်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။ ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို့သိသလောက် ရေးတာပါ။

ရောဂါ ဖြစ်နိုင်သူများ

၁။ မိသားစုဝင် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း၊

၂။ ဆေးလိပ်သောက်သူများ

၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ

၎။ အသက်လေးဆယ်ကျော် အမျိုးသမီးများ

ရောဂါ လက္ခဏာများ

ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ်လက်ဆစ်ကလေးတွေဟာ
ရောင်ရမ်းနာကျင်လာရင်ဘယ်ရော ညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေး တစ်ခုတည်းနာတာမျိုးမဟုတ်ပဲ နှစ်ဖက်စုံနာရင် သတိထားစရာပါ။ နာကျင်တတ်တဲ့အဆစ်ကလေးတွေကတော့ လက်ချောင်း
အဆစ်ကလေးများ၊ ခြေချောင်းအဆစ်ကလေးများ၊ ခြေကျင်းဝတ်အဆစ်နဲံ. လက်ကောက်ဝတ်အဆစ်တွေကတော့ အဖြစ်များပါတယ်။
နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ်
လက်ဆစ်ကလေးများ နာကျင်ပြီး တောင့်တင်နေတတ်တာပါ။ ရောဂါကို
မကုသပဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလ ဖွဲ့စည်းပုံပျက်ပြီး ပုံပျက် တတ်ပါတယ်။

အခြားရောဂါ လက္ခဏာများ

လေးဖက်နာ ရောဂါဟာ ခန္ဓာကိုယ်မှ ခုခံအားစနစ်က

ကိုယ့်ကိုယ်ကိုပြန်တိုက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် body

မှာရှိတဲံ အဂါင်္ အစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်ပါတယ်။

ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊

ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အရိုးပျော့ခြင်း၊

သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊

ခြေလက်များ ထုံကျင်ခြင်း၊ သွေးကြောများရောင်ရမ်းပြီး ခြေလက်များ

ပုပ်ခြင်း၊အဆုတ်အတွင်း ရေစုခြင်းများ ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ရောဂါရှိပြီပြောမလဲ ?

အခုဖော်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄ ) ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။

၁။ အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများ တောင့်တင်းနေခြင်း

၂။ ခန္တာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပို ရောင်ခြင်း

၃။ လက်ဆစ်ကလေးများရောင်ရမ်း နာကျင်ခြင်း

၎။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း

၅။ rheumatiod nodules ခေါ် အရေးပြားပေါ်တွင် ဖုလုံးလေးများ ထွက်လာခြင်း

၆။ သွေးထဲတွင် rheumatoid factor ရှိနေခြင်း

၇။ X- RAYS တွင် လေးဖက်နာရောဂါ လက္ခနာများတွေ့ရခြင်း

၈။ အထက်ပါ လက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း

ဘယ်အချိန်မှာဆေးခန်းပြသင့်လဲ?

အထက်မှာ ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင်

နီးစပ်ရာဆရာဝန်နဲ့တွေ့ပြီးပြသင့်ပါတယ်၊ စောစော ကုသမှု ခံယူခြင်းဟာ အဆစ်ပုံပျက်ခြင်းကို

ကာကွယ်နိုင်ပါတယ်။

နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့

ကုသခြင်းကို မလုပ်သင့်ပါဘူး။

ဘယ်လိုကုသမလဲ?

အဓိက ကုနည်းကတော့ ခန္တာကိုယိကို အနားပေးဖို့ပါပဲ။

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။

ပေါ့ပါးတဲ့လေ့ကျင့်ခန်းများသာ လုပ်ဆောင်သင့်ပါတယ်။

လိုအပ်မှသာ ဆေးရုံတတ်ရတာပါ။ များသောအားဖြင့် အိမ်မှာ အနားယူ ကုလိ့၇တဲံ.ရောဂါပါ။

prednisalone နဲံ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများကို

ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ရပါမယ်။

မိမိသဘောအတိုင်း မသောက်သင့်ပါဘူး။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သတိထားရပါတယ်။

လေးဖက်နာအတွက်သုံးသောဆေးဝါးများ

DMARD (disease modifying antirheumatic drugs).....တွေဟာလေးဖက်နာမှာ

သုံးတဲ့နောက်ဆုံးပေါ်ဆေးတွေဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ချက်ချင်းမကျစေပေမယ့်

ေ၇ာဂါတိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

1. methotrexate 5-25 mg/week

2. sulfasalazine 2-3 g/day ကို အသုံးများပါတယ်။

ဒီဆေးတွင်အပြင်prednisalone ဆေးကိုပါ တွဲသုံးရင်ပိုကောင်းတယ်ဆိုပါတယ်။

ဒီဆေးတွေနဲ.မသက်သာရင် တခြား DMARD ဆေးတွေကိုသုံးလို့ရပါတယ်။

သတိထားရမှာက ဒိဆေးတွေဟာ အစာအိမ်နဲံ. အူလမ်းကြောင်းမှာ

ဆိုးကျိုးတွေ ပိုပေးတတ်လို့ ဆေးကို ဆရာဝန်

ညွှန်ကြားသည့်အတိုင်းသာ သောက်သင့်ပါတယ်။

ဒါ့အပြင် ရောဂါတိုးတက်မှုကိုလည်း ဆရာဝန်နဲ့ပြပြီး ပုံမှန် စစ်ဆေးသင့်ပါတယ်။

လိုအပ်တဲ့ကုသမှုတွေကိုလည်း တိတိကျကျ လိုက်နာဖို့လိုပါတယ်။

Mg Mandalay

Ref : ကျန်းမာရေးစာတိုများစုစည်းမှု

ရေခဲရေ သောက်သုံးခြင်းရဲ့ ဆိုးကျိုးများ

 Photo: ရေခဲရေ သောက်သုံးခြင်းရဲ့ ဆိုးကျိုးများ

အခုကမ္ဘာဟာဆိုရင် ပူနွေးလာတာကြောင့် လူတွေအများစုက ဒီအပူ
ဒဏ်ကို မခံရပ်ဖြစ်ကြမှာ အမှန်ပဲလေ။ဒါကြောင့် အပူဒဏ်ခံစားနေတုန်းမှာ
ရိုးရိုးရေကိုသာ သောက်တာထက်စာရင် ရေခဲရေကို ပိုသောက်ကြတာကို
တွေ့ရတယ်။ဒါမှ နေလို့သက်သာမဟုတ်ဘူးလေ။ကောင်းကျိုးကတော့ ရေ
ဆာသက်သာမယ်၊ရင်ထဲအေးမြမယ်ဆိုတာတွေပေါ့။ဘယ်လိုပဲဖြစ်ဖြစ်
ကောင်းကျိုးရှိရင် ဆိုးကျိုးကတော့ ရှိမှာပဲလေ။ဆိုးကျိုးကတော့....
ရေခဲရေကို နေ့စဉ်သောက်သုံးနေတဲ့သူဟာ ခဏလောက်ပဲ အာသာ
ပြေပြီး ပြန်ပူလာတယ်။မကြာဆိုသလို ရေပြန်ငတ်တယ်။အာခြောက်၊အာသီး
ရောင်၊သွားနာ၊သွားဖုံးကြွ၊လျှာအရသာမတွေ့၊လည်ချောင်းပူ၊လည်ချောင်းနာ၊
အစာရေမျိုပြွန် ရောင်ရမ်း၊ဖျားရင် လွယ်လွယ်ဖျားတတ်၊တစ်ကိုယ်လုံး ညောင်း
ညာပြီး ဇက်ကြောတက်၊မျက်စိ အမြင် မကြည်လင်၊အပူဖုထွက် တာတွေကို
တော့ မလွဲမသွေဖြစ်နိုင်တယ်နော်၊
ဒါပေမယ့် ပူတဲ့ရာသီတွေမှာ မြေအိုး၊သဘာဝ ရေအိုးက
ကြိုထားတဲ့ရေကို အအေးခံပြီး ရေနွေးကြမ်း (သို့) အဖန်ရေ လို သောက်ပေါ့
နံနက်အိပ်ယာထ ရေမချိုးမီ နဲ့ ညအိပ်ယာဝင်ချိန်မှာ ရေတစ်ခွက်သောက်တဲ့
အကျင့်ကို ထားရမယ်နော်။ ကဲဘယ်လိုလဲ...ရေခဲရေကို ကြိုက်ကြတဲ့ ကိုကို
မမ များ...ရေခဲရေကို နေ့စဉ် သောက်ကြ ဦးမလား...
 အခုကမ္ဘာဟာဆိုရင် ပူနွေးလာတာကြောင့် လူတွေအများစုက ဒီအပူ ဒဏ်ကို မခံရပ်ဖြစ်ကြမှာ အမှန်ပဲလေ။ဒါကြောင့် အပူဒဏ်ခံစားနေတုန်းမှာ ရိုးရိုးရေကိုသာ သောက်တာထက်စာရင် ရေခဲရေကို ပိုသောက်ကြတာကို တွေ့ရတယ်။ဒါမှ နေလို့သက်သာမဟုတ်ဘူးလေ။ကောင်းကျိုးကတော့ ရေ
ဆာသက်သာမယ်၊ရင်ထဲအေးမြမယ်ဆိုတာတွေပေါ့။ဘယ်လိုပဲဖြစ်ဖြစ်ကောင်းကျိုးရှိရင် ဆိုးကျိုးကတော့ ရှိမှာပဲလေ။ဆိုးကျိုးကတော့....ရေခဲရေကို နေ့စဉ်သောက်သုံးနေတဲ့သူဟာ ခဏလောက်ပဲ အာသာ
ပြေပြီး ပြန်ပူလာတယ်။မကြာဆိုသလို ရေပြန်ငတ်တယ်။အာခြောက်၊အာသီးရောင်၊သွားနာ၊သွားဖုံးကြွ၊လျှာအရသာမတွေ့၊လည်ချောင်းပူ၊လည်ချောင်းနာ၊
အစာရေမျိုပြွန် ရောင်ရမ်း၊ဖျားရင် လွယ်လွယ်ဖျားတတ်၊တစ်ကိုယ်လုံး ညောင်းညာပြီး ဇက်ကြောတက်၊မျက်စိ အမြင် မကြည်လင်၊အပူဖုထွက် တာတွေကိုတော့ မလွဲမသွေဖြစ်နိုင်တယ်နော်၊ဒါပေမယ့် ပူတဲ့ရာသီတွေမှာ မြေအိုး၊သဘာဝ ရေအိုးကကြိုထားတဲ့ရေကို အအေးခံပြီး ရေနွေးကြမ်း (သို့) အဖန်ရေ လို သောက်ပေါ့နံနက်အိပ်ယာထ ရေမချိုးမီ နဲ့ ညအိပ်ယာဝင်ချိန်မှာ ရေတစ်ခွက်သောက်တဲ့
အကျင့်ကို ထားရမယ်နော်။ 
 
ကျန်းမာရေးစာတိုများစုစည်းမှု(facebook)