“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, May 16, 2012

“မှား” လား ... “မှန်” လား ....

သူ့အတွက်ဆိုပြီး
ငါ့ ဆန္ဒတွေကို စွန့်လွှတ်ခဲ့တယ် .....
သူ့အတွက်ဆိုပြီး
ငါ့ နှလုံးသားနဲ့ ချစ်တတ်တဲ့စိတ်တွေကို စွန့်လွှတ်ခဲ့တယ် .....
သူ့အတွက်ဆိုပြီး
ငါ့ အသိုင်းဝိုင်း င့ါပတ်ဝန်းကျင်ကို စွန့်လွှတ်ခဲ့တယ် .....
သူ့အတွက်ဆိုပြီး
ငါ့ ဘ၀ ငါ့ အနာဂတ် ငါ့ အိမ်မက်တွေကို စွန့်လွှတ်ခဲ့တယ် .....
သူ့အတွက်ဆိုပြီး
ငါ့ နှလုံးသားက လှိုက်လှိုက်လှဲလှဲ ရင်ခုန်ခဲ့တာ မရှိခဲ့ရိုး အမှန်ပါ .....
ဒါတွေအားလုံးဟာ
သူ့ဘ၀ သူ့အိပ်မက်တွေ အဆိပ်တတ်မှာဆိုတဲ့ စိုးရိမ်စိတ်လေးကြောင့်ပေါ့ .....
အခုတော့
            ငါ့ နှလုံးသားတွေ အဆိပ်တတ်နေတယ် .....
           ငါ့ နေ့ရက်တွေ ခါးသပ်နေတယ် ......
           ငါ့ နာရီတွေတိုင်း ဟန်ဆောင်ပြုံးပြနေရတယ် .....
ငါ့ ရင်ကို မမြင်နိုင်တဲ့ မင်းကတော့
ငါ့ကို နာကျင်အောင်လုပ်နေတုန်းဘဲ .....
ကလေးတစ်ယောက်လို
နွဲ့ဆိုးဆိုးနေတုန်းဘဲ ..... အနိုင်ယူချင်နေတုန်းဘဲ ......
ဟန်ဆောင်ပြုံးနေပေမယ့် ငါ
အရာရာ အလျော့ပေးရင်း
မင်း ဘ၀ မင်း လက်ကျန်နေ့ရက်တွေအတွက် စိုးရိမ်မိနေတုန်းဘဲ ....
အဲ့ဒါ ငါ “ မှား ” လား ..... “ မှန် ” လား .....