ဒီတစ်ပတ် ပိတ်ရက်မှာ သူငယ်ချင်းတွေ စုပြီး
အုန်းနို့ခေါက်ဆွဲ ချက်စားကြမယ်လို့ စိတ်ကူးရလာတယ်။ ချက်ကြမယ်ဟေ့
ကောင်းကောင်းအစီအစဉ်လေးမှာလဲ မမေ အုန်းနို့ခေါက်ဆွဲ
ချက်နည်းလေးရေးပေးပါလို့ တောင်းဆိုထားသူတွေအတွက် ပါ ချက်နည်းလေးရေးပေးပြီး
အတူတူ ချက်စားကြတာပေါ့။
ပါဝင်သော ပစ္စည်းများ
၁။ ခေါက်ဆွဲ
၂။ပဲဝါကြမ်း (၂၀)သားခန့် (သို့) ၂၅၀ ဂရမ်
၃။အုန်းနို့ ဗူး (၄၀၀) ဂရမ် (ပြည်ပမှာ အုန်းသီးစိမ်းမှ အုန်းနို့ရည်က ဝယ်ရန်မလွယ်ကူသောကြောင့် အုန်းနို့ဗူးကိုသာ သုံးသည်။
၎။ကြက်သွန်နီ (၇၊၈)ဥခန့်
၅။ကြက်သွန်ဖြူ (၃)မွှာခန့်
၆။ဂျင်း အနည်းငယ်
၇။ငရုတ်သီးအရောင်တင်မှုန်ါ် စားပွဲတင်ဇွန်း (၁)ဇွန်း
၈။နံနွင်းမှုန့် အနည်းငယ်
၁၀။ ကရဝေး အခေါက်၊အရွက်အနည်းငယ် (ကြိုက်နှစ်သက်ပါက)
၁၁။ကြက်ဥ (၃)လုံး
၁၂။ ဆား သင့်တင့်ယုံ
၁၃။ ကြက်သား ၂၀ဆယ်သားခန့်
ဒီနေ့တော့ မေက ပုဇွန်နဲ့ ချက်လို့ ကြက်သားမထည့်ပဲ ပုဇွန်(၁၅)ခန့်ကိုပဲ သုံးလိုက်တယ်။
ချက်ပြုတ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ပဲကို ပြုတ်ထားနှင့်ပါ။ ပဲကို
ကြိုပြီး ရေစိတ်ထားလျှင် ပြုတ်ရသည့်အချိန် သက်သာပါသည်။ အချိန်သက်သာစေရန်
ထမင်းပေါင်းအိုးထဲတွင် ပြုတ်ထား၍ ရပါသည်။ ပဲအိုး ဆူလာလျှင်တော့
အဖုံးဖွင့်ထားပေးရန် မမေ့ပါနှင့်။
၂။ ကြက်သွန်ဖြူ၊ ဂျင်း၊အရောင်တင်မှုန်
၊နံနွင်းမှုန့်များကို အတူရောထောင်း၍သော်လည်းကောင်း ၊ထောင်းရန်အဆင်မပြေပါက
သေးငယ်သော အပိုင်းအစများဖြစ်အောင် လှီးဖြတ်၍သော်လည်းကောင်း
အသင့်ပြင်ဆင်ထားပေးပါ။
၃။မိမိထည့်ဝင်လိုသည့် အသား(ကြက်သား၊ ပုဇွန်)
စသည်များကိုလည်း အဆင်သင့် လှီးထားရပါမည်။ အသားမထည့်ဘဲ သက်သတ်လွတ်
ချက်မည်ဆိုပါက အဆင့်(၃)ကို ကျော်သွားပါရန်။
၎။ ကြက်ဥကို ပြုတ်ကာ အစိပ်လေးများ
လှီးထည့်မည် ဆိုပါက ကြိုတင်ပြုတ်ထားပေးရပါမည်။ ပြုတ်ရန် အချိန်မပေးနိုင်ပါက
ဟင်းရည်အိုး ချကာနီးမှာ ကြက်ဥဖောက်ကာ နာနာလေး ခေါက်ပြီး
ထည့်ဝင်နိုင်ပါသည်။
၅။ မီးဖိုပေါ်သို့ ဆီအိုးတည်ကာ ဆီပူလာလျှင်
အသင့် ရောထားသော ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးမှုန့်များကို ဆီသတ်ပေးပါ။
ထိုနောက် ကြက်သွန်ဆသတ်ကျက်လာသော အခါ ကရဝေးခေါက် ၊ရွက်ထည့်ပြီး
ခေတ္တာမွှေလိုက်ပါ။ (မေက အရွက်ကုန်နေသောကြောင့် အိမ်မှာရှိနေသော
အမှုန့်အနည်းငယ်ကို သုံးလိုက်သည်။ ထို့နောက် ပုဇွန်(သို့) ကြက်သားထည့်ကာ
ကြော်ထားလိုက်ပါ။
၆။ပဲများနူးလာသောအခါ ပဲများကို
ထောင်း၍ဖြစ်စေ၊ဇကာနှင့် တိုင်ချ၍ဖြစ်စေ ကြေညက်အောင် ပြုလုပ်ပြီး
ချက်မည့်အိုးထဲ ထည့်ကာ မီးဖိုပေါ်တည်ထားလိုက်ပါ။
၇။ကြက်သွန်နီအချို့ကို လေးစိပ် စိပ်ကာ ပဲဟင်းရည်အိုးထဲ အတူထည့်၍ တည်ထားပါ။
၈။ထို့နောက် အုန်းနို့ဗူးဖောက်ထည့် ၊ ဆီသတ်ထားသော ဟင်းကို ပဲဟင်းအိုးထဲသို့ လောင်းထည့်ကာ အတူတူ ချက်ထားရပါမည်။
အိုးထဲမှ ကြက်သွန်ဥများ နူးပြီးဆိုလျှင်တော့
ဆား ၊ရသာမှုန့်ထည့်၍ အပေါ့အငန်မြည်းကာ အုန်းနို့နံ့မွှေးမွှေးနှင့်
အုန်းနို့ခေါက်ဆွဲ လေး သုံးဆောင်နိုင်ပါပြီရှင်။
ခေါက်ဆွဲဖတ်ကို အခြောက်ပြုတ်ယူ၍ ဖြစ်စေ အစို ဝယ်ယူ၍ ဖြစ်စေ မိမိစိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။
အလိုရှိက သုံးဆောင်နိုင်ပါသည်ရှင်။
♥♥ မေသဇင်
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1859510&xgs=1&xg_source=msg_share_post
Subscribe to:
Post Comments (Atom)
thank
ReplyDelete