“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, June 5, 2014

ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီ

ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီရှည် ( Pants) ကို ရှေးဟောင်း သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြပါ တယ်။ အခု တွေ့ ရှိခဲ့တဲ့ ဘောင်းဘီရှည်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင် လောက်ကဖြစ်နိုင်ပြီး  အခု ထိလည်း ဖက်ရှင်ဖြစ်နေဆဲပါဘဲလို့ တိုင်းမ်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ 

 ကမ္ဘာ့ရှေးအကျဆုံး ဘောင်းဘီ၊ ဓာတ်ပုံ- တိုင်းမ်

ဂျင်းဘောင်းဘီတွေကိုတော့ ၁၈၇၃ ခုနှစ်က တီထွင်ခဲ့တာဖြစ်ပြီး အခုတွေ့တဲ့ဘောင်းဘီကတော့ ဂျင်း
ဘောင်းဘီတွေလို အတို၊ အရှည်မျိုးမဟုတ်ဘဲ သိပ်လည်း မတိုသလို၊ သိပ်လည်း မရှည်ပါဘူး။ပြောရ ရင် အခု ခေတ် ကွာတား ပုံစံနဲ့ နည်းနည်းဆင်ပါတယ်။  

အဲဒီဘောင်းဘီ ဒီဇိုင်းဟာ ဝတ်ရင် ခပ်ကြပ်ကြပ်ဖြစ်ပုံရပါတယ်။ 

အခု လက်ယက် ဘောင်းဘီဟာ တရုတ်နိုင်ငံ အနောက်ဘက် တာရင်ဘေဆင်အရပ်က သင်္ချိုင်းတခုမှာ
တွေ့ ခဲ့တာပါ။ အဲဒီသင်္ချိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၃ဝဝ ပတ်ဝန်းကျင်ထက် စောတဲ့ ကာလလောက်က ရှိခဲ့တာလို့

ကမ္ဘာ့ဈေးအကြီးဆုံး အစားအသောက် ၁၀ မျိုး

ငွေအများကြီးရှိပြီး မည်သည့်နေရာတွင် သုံးရမှန်းမသိ ဖြစ်နေပါသလား။ အောက်တွင်ဖော်ပြထားသော အစားအသောက်များက သင်၏ သိလိုစိတ်ကို နှိုးဆွပြီး စားချင်စိတ်ဖြစ်ပေါ်လာမည်လား ကြည့်လိုက်ပါ။

(၁၀) မက်တိတ် (သို့မဟုတ်) မက်ဆူကီမှို ဒေါ်လာ ၁,၀၀၀
    မက်တိတ် (သို့မဟုတ်) မက်ဆူကီမှိုများမှာ အလွန်ရှားပါးသောကြောင့် ယနေ့ခေတ် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမှိုများဖြစ်သည်။ ယင်းမှိုများကို အာရှတိုက်၊ မြောက်အမေရိကတိုက်နှင့် ဥရောပတွင် တွေ့ရလေ့ရှိပြီး အထူးသဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အမေရိကန်၊