“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, October 7, 2012

ယောက်ျားတို့၏ မာယာ (၉)သွယ် နှင့် မိန်းမတို့၏ လက်နက် ရှစ်ပါး

ယောက်ျားတို့၏ မာယာ (၉)သွယ်

၁။ အမျိုးဂုဏ်ကို ပြတတ်ခြင်း။
၂။ပညာဂုဏ်ကို ပြတတ်ခြင်း။
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း။
၎။ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း။
၅။ အစဉ်မပြတ် နောက်ယောင်ခံငြင်း။
၆။ အစားအသောက် လက်ဆောင်များ ပေးတတ်ခြင်း။
၇။ မြှောက်ပင့် ချီးမွမ်းတတ်ခြင်း။
၈။ အ၀တ်အစားပြောင်းလဲ ၀တ်တတ်ခြင်း။
၉။ ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း။

မိန်းမလက်နက် ရှစ်ပါး

၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း


http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A290988&xgs=1&xg_source=msg_share_post

သင် နှင့်သင့်ချစ်သူရဲ့အချစ်ရေးအဆင်ပြေဖို့အတွက်ဒါလေး တွေဂရုစိုက်သင့်ပါတယ်


ယောကျာ်းလေးများအတွက်

(၁)သင့်ချစ်သူကိုသင့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတဲ့အခါသူ့ခါးလေးကိုဖက်ပြီးမိတ်ဆက်ပါ။တစ်နေရာဆီမှာရပ်ပြီးလက်ညိုးထိုးမိတ်မဆက်ပါနဲ့။
 (၂)သင့်ကိုချစ်သူအနိုင်ကျင့်လို့ရတယ်။ဒါပေမယ့်ချစ်သူကိုသင်လုံးဝအနိုင်မကျင့်ပါနဲ့။သင့်ကိုချစ်သူအနိုင်ကျင့်တယ်ဆိုလည်းကောင်းတဲ့အရာလေးတွေတွေ့တိုင်းသင့်ကိုပထမဆုံးသတိရတတ်လို့ပါပဲ။
 (၃)ချစ်သူငိုတဲ့အခါချော့ပါ။စိတ်မပျက်စတမ်းချော့ပါ။ချစ်သူပြုံးရယ်တဲ့အထိချော့ပါ။
 (၄)ချစ်သူဓါတ်ပုံကိုပိုက်ဆံအိတ်ထဲထည့်ထားပါ။ပာန်းဖုန်းပေါ်ကပ်ထားပါ။သူအမြဲတွေ့နိုင်မယ့်နေရာတွေမှာထားပါ။
 (၅)ကောင်မလေးလှလှလေးတွေကိုငမ်းတဲ့အခါ အချိန်ငါးစက္ကန့်ထက်မပိုမိပါစေနဲ့။ပြီးတော့အဲဒီကောင်မလေး ပာာချစ်သူထက်မလှကြောင်းချက်ချင်းပြောတတ်ပါစေ။
(၆)သူ့သူငယ်ချင်းတွေရှေ့မှာသူ့ကိုခါတိုင်းထက်ပိုချစ်ပြ ၊ပိုဂရုစိုက်ပြတာကိုမျှော်လင့်တတ်ကြတယ်။
(၇)ဘယ်သွားရင်ကောင်းမလဲ ၊ဘာစားရင်ကောင်းမလဲလို့ ချစ်သူမေးတဲ့အခါ ခင့်သဘော၊ခင်ကြိုက်တာစား ချည်းပဲမဖြေပါနဲ့။ဒါပာာသူ့ကိုဦးစားပေးရာမရောက်ပဲသင်စိတ်မပါရာဖြစ်သွားတတ်ပါတယ်။
 (၈)ခင့်ကိုချစ်တယ်လို့မကြာခဏပြောပေးပါ။နို့မပာုတ်ရင်သူ့ကိုသင်မချစ်ဘူးလို့သူယူဆတတ်တယ်။
(၉) ဘယ်တောပမှလူအများကြားမှာ လူရှေ့မှာသူ့ကိုမအော်ငေါက်ပါနဲ့။ချစ်သူတယောက်တည်းမထားခဲ့ပါနဲ့။
(၁၀)အမှားလုပ်မိတဲ့သူ့ကိုသင်ဆုံးမလို့ရတယ်။.ဒါပေမယ့်ဆုံးမပြီးနောက်သူ့ကိုချော့ပါ။ဒါပာာအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
(၁၁)သူစိတ်ကောက်တဲ့အခါသူ့ကိုပစ်မထားပါနဲ့။သူစိတ်ကောက်ပြေဖို့အချိန်လည်းမပေးနဲ့။တကယ်တော့စိတ်ကောက်ပြေဖို့သူအချိန်မလိုပါဘူး။အချော့ပဲလိုပါတယ်။
(၁၂)သင့်သူငယ်ချင်းတွေနဲ့သင်ပျော်ပါးလည်ပတ်လို့ရတယ်။ဒါပေမယ့်သူ့ကိုအချိန်ပေးဖို့မမေ့ပါနဲ့။
(၁၃)သင့်ကိုသူလွမ်းတယ်လို့ပြောတဲ့အခါသူနဲ့ချိန်းတွေ့ဖို့အချိန်ပေးပါ။
(၁၄)တခြားမိန်းခလေးတယောက်နဲ့သင်စကားပြောတဲ့အချိန်ချစ်သူလက်တွဲထားပါ။တကယ်လို့ချစ်သူအနားမှာရှိမနေခဲ့ရင်အဲဒီမိန်းခလေးနဲ့ခပ်ခွာခွာရပ်ပြီးမှပြောပါ.ဒါပာာယောကျာ်းကောင်းတွေရဲ့အချက်တခုထဲကတခုပဲ။
(၁၅)လမ်းဖြတ်ကူးတဲ့အခါသူ့လက်ကိုတွဲထားဖို့မမေ့ပါနဲ့။
(၁၆)ဘယ်လောက်ပဲအလုပ်များပါစေသူ့ကိုဖုန်းဆကိဖို့မမေ့ပါနဲ့။
(၁၇)နှစ်ယောက်စလုံးမှာစိတ်တိုဒေါသထွက်ခွင့်ရှိတယ်။။ါပေမယ့်တရက်တည်းတချိန်ထဲမှာဒေါသမထွက်ပါနဲ့။စိတ်မတိုပါနဲ့။သူစိတ်တိုတဲ့နေ့သင်စိတ်မတိုပါနဲ့။
(၁၈)သူ့အလုပ်မှာအဆင်မပြေတဲ့အခါ၊သူ့ဘ၀အဆင်မပြေတဲ့အခါဆွေးနွေးပါ။အကြံပေးပါ။
(၁၉)တခြားကောင်မလေးကိုကြည့်တဲ့အကြည့်ငါးစက္ကန့်ထက်မပိုပါစေနဲ့။ကောင်မလေးတယောက်တည်းကိုကြညိ့တဲ့အကြည့်ငါးကြိမ်ထက်မပိုပါစေနဲ့။
(၂၀)တလောကလုံးသူ့ကိုမယုံကြည်တဲ့အခါသူ့ကိုသင်ယုံကြည်ရမယ်။သူလည်းသင့်ကိုဒီအတိုင်းပဲဆက်ဆံလိမ့်မယ်။.
(၂၁) သူအ၀တ်အစားဝတ်တဲ့အခါချီးကျူးဖို့မမေ့ပါနဲ့။(မပေါ်တပေါ်ကိုဆိုလိုတာမပာုတ်ဘူးနော်)။
(၂၂)ချစ်သူနဲ့ရန်ဖြစ်တဲ့အချိန် ၃ မိနစ်ထက်မကြာပါစေနဲ့။
(၂၃)အားကစားလိုက်စားပါ။ခန္ဒာကိုယ်တောင့်တင်းအောင်ကျင့်ပါ။သူ့ကိုပွေ့မနိုင်အောင်ကျင့်ပါ။
(၂၄)သူစိတ်ထိခိုက်၊ဒေါသထွက်တဲ့အခါသူ့ကိုဖက်ထားလိုက်ပါ။သူနဲ့ငြင်းခုံရန်ဖြစ်ဖို့မကြိုးစားပါနဲ့။
(၂၅)ဖုန်းဓါတ်ခဲကုန်သွားတယ်ဆိုတဲ့အဖြစ်မျိုးမဖြစ်ဖို့မျှော်လင့်ပါတယ်။အပြင်ထွက်တဲ့အခါသင်ဘယ်ရောက်နေတယ်၊ဘာလုပ်နေတယ်ဆိုတာမျိုးသူ့ဆီဖုန်းဆက်ပြီးပြောပြနိုင်ရင်အကောင်းဆုံးပါ။
(၂၆)သူ့အားနည်းချက်တွေနဲ့သူစိတ်ညစ်ဝမ်းနည်းနေတဲ့အခါအဲဒီအားနည်းချက်ကိုထပ်တလဲလဲထုတ်ဖော်မပြောပါနဲ့။
(၂၇)အကျိုးအကြောင်းမသင့်သူပြောတာပာာ သူရိုင်းစိုင်းတာမပာုတ်ပါဘူး။သူချွဲနွဲ့တာပါ။
(၂၈)ဘာအကြောင်းပဲရှိရှိသင်နဲ့အတူသူမျှဝေမှာပါ။သူပြောသမျှသင်နားလည်ချင်မှလည်းနားလည်မယ်။ဒါပေမယ့်သူပြောသမျှသင်နားထောင်ပာန်ဆောင်လိုက်ပါ။
(၂၉)သူမှန်တယ်လို့အမြဲထင်မြင်ပေးပါ။ဘာကြောင့်လည်းဆိုတော့သင်ပာာသူ့အချစ်ဆုံးဖြစ်နေလို့ပါ။
(၃၀)သူ့မိဘတွေကိုကိုယ့်မိဘတွေလို့သဘောထားနိုင်အောင်ကြိုးစားပါ။ဒီလိုမှမပာုတ်ရင်သူ့အတွက်သင်ပာာယောကျာ်းကောင်းတစ်ယောက်မပာုတ်ဘူးလို့သတ်မှတ်ထင်မြင်နိုင်လိမ့်မယ်။သင်ကသတ်မှတ်နိုင်သူကတော့အစကတည်းကသင့်မိသားစုအပေါ်အကောင်းဆုံးလုပ်ပေးနိုင်အောင်တွေးထားပြီးသားဖြစ်မှာပါ။

ဒီလိုယောကျာ်းကောင်းတယ်ရှိတော့ရှိတယ်ဒါပေမယ့်ရှားပါတယ်။

မိန်းခလေးများအတွက်

(၁)ကိုယ့်ရှေ့ကဒီယောကျာ်းကဘယ်လောက်ပဲကောင်းကောင်းပြောစရာမရှိအောင်ကောင်းနေပါစေ။သင့်ကိုသူမချစ်ရငိဒါပာာချွတ်ယွင်းချက်ပါ။ဒီချွတ်ယွင်းချက်ကိုသင်လုံးဝပြောင်းလဲလို့မရနိုင်ဘူး။
(၂)သင့်လက်ရှိအနေအထားပာာဘယ်လောက်ပဲဆိုးနေပါစေ။သင့်ကိုချစ်တဲ့လူရှိနိုင်တယ်။သင့်လက်ရှိအနေအထားပာာဘယ်လောက်ပဲကောင်းနေပါစေသင့်ကိုမချစ်တဲ့လူရှိနိုင်တယ်။
(၃)လူတစ်ယောက်ရဲ့အကြီးမားဆုံးချွတ်ယွင်းချက်ကတစ်ကိုယ်ကောင်းဆန်တာ၊ရိုင်းစိုင်းတာ၊မတည်တံ့တာမပာုတ်ဘူး။ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုခေါင်းမာမာနဲ့ဆက်ချစ်နေတာပဲဖြစ်တယ်။
(၄)ဘယ်လောက်ပဲလှအောင်ပြင်ပြင်၊ဘယ်လောက်ပဲတန်းဖိုးကြီးတဲ့အ၀တ်အစားဝတ်ဝတ်ဒါတွေပာာခဏတာဖြစ်ပါတယ်။စိတ်ရင်းစေတနာကောင်းတွေကမှအပြင်ပန်းရဲ့တကယ့်အလှဆုံးတွေဖြစ်တယ်။
(၅)သင့်ကိုဘာကြောင့်ထိခိုက်စေခဲ့သလဲလို့အချစ်ကိုသင်အပြစ်ဆိုခဲ့ရင်သင့်ကိုမေးပါရစေ။စစချင်းမှာအချစ်ရောက်လာဖို့ကိုသင်ခေါင်းညိတ်လက်ခံခဲ့တယ်။
(၆)သဘောတရားတခုကိုနားလည်ထားရမယ်။အဲဒီသဘောတရားကယောကျာ်းလေးတွေပာာမိန်းခလေးတစ်ယောက်ကိုအလွယ်တကူနှစ်သက်နိုင်ပါတယ်။ဒါပေမယ့်အလွယ်တကူမချစ်မိနိုင်ပါဘူး။
(၇)တစ်ခါတလေမှာသိပ်အာရုံမစိုက်ပါနဲ့။ယောကျာ်းတွေပာာဖြစ်ကတတ်ဆန်းနိုင်ပါတယ်။ကိစ္စလေးတခုကိုမေ့တာနဲ့သင့်ကိုသူမချစ်တော့တာမပာုတ်ဘူး။သင့်အတွေးနဲ့သင့်ကိုသင်မခြောက်လှန့်ပါနဲ့။
(၈)မိန်းခလေးတွေပာာရင်ထဲကခံစားချက်ကိုအလွယ်တကူထုတိပြတတ်ပေမယ့်ယောကျာ်းတွေကမပာုတ်ဘူး။
(၉)သူ့ကိုသင်ဘယ်တော့မှပြောင်းလဲဖို့မကြိုးစားပါနဲ့။ဘယ်သူကမှမပြောင်းလဲနိုင်ဘူး။ဒါပေမယ့်သင့်အတွက်နဲ့သူပြောင်းလဲချင်စိတ်ရှိ ၊မရှိပဲဆိုတာပဲရှိတယ်။
(၁၀)လောကမှာယောကျာ်းကောင်းတွေတယောက်မှမရှိဘူးလို့မဆိုနဲ့။သင့်ကိုနာကျင်၊စွန့်ပစ်ခဲ့တဲ့လူကိုအမုန်းရန်ငြိုးမထားနဲ့။သင့်ကိုသူချစ်ခဲ့ဖူးပါတယ်။ကြင်နာခဲ့ဖူးပါတယ်။ခွင့်လွှတ်ခြင်းကသင့်ကိုပိုလှပစေပါလိမ့်မယ်။
(၁၁)သူ့ချစ်သူဘယ်လောက်လှလဲသူ့ချစ်သူဘယ်လောက်ချောလည်းသွားမစပ်စုနဲ့၊သွားဂရုမစိုက်နဲ့။ဒါတွေပာာစိတ်ရှုပ်စရာတွေကိုသင့်ကိုယ်သင်ရှာယူနေတာဖြစ်တယ်။
(၁၂)ငိုယိုနေချိန်မှာဒေါသစကားမပြောနဲ့။ဆုံးဖြတ်ချက်တွေမချနဲ့။ဒါပာာသင့်ကိုနောင်တရစေလိမ့်မယ်။
(၁၃)သင်ဖြူစင်ရိုးသားရင်ပြီးတာပဲ။ဖြူစင်ရိုးသားချင်ပာန်ဆောင်တယ်ဆိုရင်တော့သင်ပိုအရုပ်ဆိုးမည်းညစ်သွားမယ်ဆိုတာမှတ်ပါ။
(၁၄)မိန်းခလေးတွေကကိုယ့်ကိုကိုက်ချစ်တတ်ရမယ်။ဘယ်လောက်ပဲနာကျင်ထိခိုက်ရပါစေ။ဘယ်လောက်ပဲဝမ်းနည်းကြေကွဲရပါစေ။ခံစားနိုင်တယ်။ဒါပေမယ့်ကိုယ့်ကိုကိုယ်မချစ်လေတခြားလူကသင့်ကိုမချစ်လေပဲ။
(၁၅)ရင်ခွင်ကျယ်ကျယ်ထားပါ။ဆုံးရှုးံသွားတဲ့အရာအတွက်နာကျင်ထိခိုက်မနေနဲ့။သူပာာသင့်အတွက်မပာုတ်ခဲ့ဘူးလို့သတ်မှတ်လိုက်ပါ။
(၁၆)ကိုယ့်အားကိုယ်ကိုးနိုင်အောင်အမြဲလုပ်ပါ။ငွေကြေးအရာမှာဖြစ်ဖြစ်အချစ်ရေးအရာမှာဖြစ်ဖြစ်ကိုယ့်အားကိုယ်ကိုးနိုင်အောင်လုပ်ပါ။
(၁၇)ငါ့ကိုချစ်လားလို့အချိန်တိုင်းလိုက်လိုက်မမေးပါနဲ့။လိုက်လိုက်မမေးတဲ့အချိန်သင့်ကိုသူမချစ်ပဲနေလိမ့်မယ်.
(၁၈)ယောကျာ်းတယောက်ရဲ့အကောင်းအဆိုးကိုသူ့ရဲ့စိတ်များတယ်။တသမတ်တည်းဖြစ်တ.်ဆိုတာနဲ့မခန့်မှန်းနိုင်ဘူး။ပိာုးရှေးရှေးကတည်းကယောကျာ်းတွေပာာစိတ်များခဲ့တယ်။အဲဒီစိတ်ကိုသူထိန်းချုပ်နိုင်၊မနိုင်ဆိုတာပဲခန့်မှန်းလို့ရတယ်။
(၁၈)မိန်းမထက်မလုပ်ပါနဲ့။ထက်မြက်တဲ့မိန်းခလေးလုပ်ပါ။
(၁၉)လမ်းခွဲချိန်မငိုပါနဲ့။လုံးဝမငိုနဲ့လို့ဆိုလိုတာမပာုတ်ဘူး။သူ့ရှေ့မှာမငိုပါနဲ့။သူ့နောက်ကွယ်ကျမှငိုပါ။
(၂၀)ရည်မွန်တဲ့မိန်းခလေးတယောက်ဖြစ်ဖို့အတတ်နိုင်ဆုံးကြိုးစားပါ။ရည်မွန်အောင်ပာန်မဆောင်ပါနဲ့။ပာန်ဆောင်တာကိုမိန်းခလေးတွေကမကြိုက်သလိုယောကျာ်းလေးတွေကပိုမုန်းတယ်။
(၂၁)လွတ်လပ်ခြင်းဆိုတာအဖိုးတန်ပါတယ်။ဒါပေမဲ့နေ့တိုင်းထောင်သောင်းမကတဲ့လူတွေပာာလွတ်လပ်ခြင်းကိုအချစ်နဲ့လဲယူနေကြတယ်။
(၂၂)ရဲရင့်ထက်မြက်တဲ့မိန်းခလေးတိုင်းပာာပျော့ညံ့တဲ့မိန်းခလေးတွေထက်ပိုလှပတယ်။တကယ်လို့သင်ချစ်တဲ့လူကသင့်ကိုမချစ်တော့ရင် ရဲရဲရင့်ရင့်လမ်းခွဲလိုက်ပါ။ဒါပာာပျော့ပျော့ညံ့ညံ့လိုက်ကပ်နေတာထက်စာရင်ပိုကောင်းပါတယ်။

အားလုံးပဲအဆင်ပြေပြေနဲ့ချစ်နိုင်ကြပါစေလို့ဆုတောင်းရင်း

http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A818339&xgs=1&xg_source=msg_share_post

ဆီးချိုအန္တရာယ် ဖြစ်စေနိုင်သည့် လျှို့ဝှက်ချက်ကို ကာကွယ်နိုင်ရန်


Photo: ဆီးချိုအန္တရာယ် ဖြစ်စေနိုင်သည့် လျှို့ဝှက်ချက်ကို ကာကွယ်နိုင်ရန်

ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုအသစ်အရ ဆီးချိုရောဂါဖြစ်တာဟာ သင်ရဲ့ မုန့်ချိုအိတ် အားနည်းလို့ မဟုတ်ဘဲ အူအတွင်း နာတာရှည် ရောင်ရမ်းမှုကြောင့်ပါလို့ သိရပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ဟာ သွေ
းကြောအတွင်း တောမီးလောင်သလို ပျံ့နှံ့သွားနိုင်တဲ့အတွက် သင့်ခန္ဓာကိုယ်မှ သကြားတွေကို လောင်စာအဖြစ် လောင်ကျွမ်းနိုင်တဲ့ စွမ်းရည်တွေ လျော့ကျသွားကာ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာပြီး ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။

အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုတွေ လျော့သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါ။

၁။ ပြောင်းဖူးပေါက်ပေါက် စားပါ

အသားဟင်းတွေ စားမယ့်အစား ပဲ၊ တိုဟူးနဲ့ အခွံမာသီးလိုမျိုး အပင်ထွက် ပရိုတင်းတွေနဲ့ ကောက်နှံတစ်ခုလုံး ပါဝင်စာကို စားသုံးတာကြောင့် အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၃၈ ရာခိုင်နှုန်း လျော့ကျသွားနိုင်တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။ ဒီအစာတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပြီး အူအတွင်း ရောင်ရမ်းမှု ပစ္စည်းထုတ်လုပ်မှုကို ပိတ်ပင်နိုင်တယ်လို့ သိရပါတယ်။ ပြောင်ဖူးပေါက်ပေါက်၊ ဆန်လုံးညို၊ အုတ်စပါး၊ ကောက်နှံတစ်ခုလုံးနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် အစရှိတာတွေကို တစ်နေ့သုံးကြိမ် စားပေးပါ။ တစ်ပတ်ကို အနည်းဆုံးနှစ်ရက် သက်သတ်လွတ်စားပါ။

၂။ အစိမ်းရောင် ပန်းဂေါ်ဖီ (ဘရိုကိုလီ) စားပါ

ဘရိုကိုလီ၊ ငရုတ်သီးစိမ်းအပွ၊ သခွားသီး၊ ကန်စွန်းဥ၊ ဆီးသီးနဲ့ ဘယ်ရီသီးလိုမျိုး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဆလီးစလစ်အက်ဆစ်တွေ များစွာ ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းဟာ အက်စပရင်မှာ ပါဝင်တဲ့ ရောင်ရမ်းမှု တားမြစ်တဲ့ အစွမ်းထက်ပစ္စည်းနဲ့ တူညီပါတယ်။ လေ့လာမှုတွေအရ အဲဒီအစားအစာတွေကို နေ့စဉ်ခွက်တစ်ခွက်စာ စားသုံးတာကြောင့် ဝမ်းဗိုက်အတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သိရပါတယ်။

၃။ ဟင်းခတ်အမွှေးအကြိုင် အသုံးပြုပါ

ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေးဖက်ဝင်အပင်တွေမှာ ပါဝင်တဲ့ အစွမ်းထက်ရောင်ရမ်းမှုလျော့ပစ္စည်းနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်း၊ ကြွက်သား၊ မုန့်ချိုအိတ်နဲ့ တခြားတစ်သျှူးတွေမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ မော်လီကျူးတွေကို အလျင်အမြန် ဖြိုခွဲနိုင်ပါတယ်။ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ဟင်းခတ်အမွှေးအကြိုင်ကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ သင်နေ့စဉ် စားသုံးတဲ့ဟင်းထဲ ထည့်ချက်တာကြောင့် တစ်ပတ်အတွင်း ရောင်ရမ်းမှုအဆင့် ၆၃ ရာခိုင်နှုန်း ကျဆင်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပင်စိမ်းရွက်၊ နံနံပင်၊ နနွင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ ပူဒီနာ၊ ချင်း၊ လေးညှင်းပွင့်၊ ဇီရာ၊ သစ်ကြံပိုးခေါက် အစရှိတာတွေဟာ အစွမ်းထက် ဟင်းခတ်အမွှေးအကြိုင်တွေပါ။

၎။ Multi-Vitamins နှင့် ဗီတာမင်စီမှီဝဲပါ

နေ့စဉ် Multi-Vitamins ကို ဗီတာမင်စီ ၁၀၀၀ မီလီဂရမ်နဲ့အတူ မှီဝဲရင် အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၂၄ ရာခိုင်နှုန်းကို ရှင်းထုတ်နိုင်တယ်လို့ သုတေသီတွေက အကြံပေးထားပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ပျက်စီးသွားတဲ့ တစ်သျှူးတွေကိုလည်း ပြန်လည် ပြုပြင်နိုင်ပါတယ်။ သင်ဟာ အိမ်ပြင်မထွက်ဘဲ နေရောင်နဲ့ ထိတွေ့မှု မရှိသူဖြစ်နေရင် ဗီတာမင်ဒီကို မှီဝဲပါ။ နေ့စဉ် နေရောင်ခြည်နဲ့ထိတွေ့မှုကို ၁၅ မိနစ်ထက် နည်းပါးစွာ ရရှိသူတွေဟာ ဗီတာမင်ဒီကို နေ့စဉ် ၁၀၀၀ IU မှီဝဲတာကြောင့် အူအတွင်းရောင်ရမ်းမှုဖြစ်စဉ် ထက်ဝက်ခန့် လျော့ကျသွားနိုင်ပါတယ်လို့ သုတေသီတွေက အကြံပြုထားကြပါတယ်။

၅။ လေထုညစ်ညမ်းမှုကို ရှောင်ပါ

ညစ်ညမ်းနေတဲ့ လေတွေကို ရှူသွင်းနေရတာကြောင့် သင့်အဆုတ်မှ သွေးဖြူဥတွေကို ထိခိုက်စေပြီး သူတို့မှ ရောင်ရမ်းမှုဒြပ်ပေါင်းတွေ အမြောက်အမြား ထွက်ရှိလာနိုင်ပါတယ်လို့ အိုဟိုင်းအိုး တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ မြူခိုးမှုန်တွေ ရှိနေခဲ့ရင် ပြတင်းပေါက်တွေ ပိတ်ထားပြီး Aircon ဖွင့်ထားပါ။ အိမ်ပြင်ထွက်ရင်လည်း ကားအသွားအလာ နည်းပါးတဲ့အချိန်ဖြစ်တဲ့ မနက်စောစော ဒါမှမဟုတ် ညနေနောက်ပိုင်းမှ သွားပါ။

Tip - ရောင်ရမ်းမှုဖြစ်စဉ်များသည့် လက္ခဏာများ

အောက်ပါဝေဒနာတွေ ခံစားရရင်သင့် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တွေ များပြားနေပါပြီ။

- ကြွက်သား ဒါမှမဟုတ် အဆစ်ကိုက်ခဲခြင်း အစာချင်ခြင်းတပ်ခြင်း

- စိတ်နေစိတ်ထား ပြောင်းလဲခြင်း

- အရေပြားမှာ အဖုအပိမ့်ထွက်ခြင်း

- ဝက်ခြံပေါက်ခြင်း ဒါမှမဟုတ် မှိုပိုးဝင်ခြင်း

- အစာမကြေခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဗိုက်နာခြင်း

- လေပွခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

- အနည်းဆုံး တစ်ပတ်တစ်ကြိမ် ခေါင်းကိုက်တတ်ခြင်း

ဒေါက်တာခင်မိုးမိုး

News from : Royal Hero Media
Post By : Aye Chan Mon

ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုအသစ်အရ ဆီးချိုရောဂါဖြစ်တာဟာ သင်ရဲ့ မုန့်ချိုအိတ် အားနည်းလို့ မဟုတ်ဘဲ အူအတွင်း နာတာရှည် ရောင်ရမ်းမှုကြောင့်ပါလို့ သိရပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ဟာ သွေးကြောအတွင်း တောမီးလောင်သလို ပျံ့နှံ့သွားနိုင်တဲ့အတွက် သင့်ခန္ဓာကိုယ်မှ သကြားတွေကို လောင်စာအဖြစ် လောင်ကျွမ်းနိုင်တဲ့ စွမ်းရည်တွေ လျော့ကျသွားကာ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာပြီး ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။

အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုတွေ လျော့သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါ။

၁။ ပြောင်းဖူးပေါက်ပေါက် စားပါ

အသားဟင်းတွေ စားမယ့်အစား ပဲ၊ တိုဟူးနဲ့ အခွံမာသီးလိုမျိုး အပင်ထွက် ပရိုတင်းတွေနဲ့ ကောက်နှံတစ်ခုလုံး ပါဝင်စာကို စားသုံးတာကြောင့် အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၃၈ ရာခိုင်နှုန်း လျော့ကျသွားနိုင်တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။ ဒီအစာတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပြီး အူအတွင်း ရောင်ရမ်းမှု ပစ္စည်းထုတ်လုပ်မှုကို ပိတ်ပင်နိုင်တယ်လို့ သိရပါတယ်။ ပြောင်ဖူးပေါက်ပေါက်၊ ဆန်လုံးညို၊ အုတ်စပါး၊ ကောက်နှံတစ်ခုလုံးနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် အစရှိတာတွေကို တစ်နေ့သုံးကြိမ် စားပေးပါ။ တစ်ပတ်ကို အနည်းဆုံးနှစ်ရက် သက်သတ်လွတ်စားပါ။

၂။ အစိမ်းရောင် ပန်းဂေါ်ဖီ (ဘရိုကိုလီ) စားပါ

ဘရိုကိုလီ၊ ငရုတ်သီးစိမ်းအပွ၊ သခွားသီး၊ ကန်စွန်းဥ၊ ဆီးသီးနဲ့ ဘယ်ရီသီးလိုမျိုး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဆလီးစလစ်အက်ဆစ်တွေ များစွာ ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းဟာ အက်စပရင်မှာ ပါဝင်တဲ့ ရောင်ရမ်းမှု တားမြစ်တဲ့ အစွမ်းထက်ပစ္စည်းနဲ့ တူညီပါတယ်။ လေ့လာမှုတွေအရ အဲဒီအစားအစာတွေကို နေ့စဉ်ခွက်တစ်ခွက်စာ စားသုံးတာကြောင့် ဝမ်းဗိုက်အတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သိရပါတယ်။

၃။ ဟင်းခတ်အမွှေးအကြိုင် အသုံးပြုပါ

ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေးဖက်ဝင်အပင်တွေမှာ ပါဝင်တဲ့ အစွမ်းထက်ရောင်ရမ်းမှုလျော့ပစ္စည်းနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်း၊ ကြွက်သား၊ မုန့်ချိုအိတ်နဲ့ တခြားတစ်သျှူးတွေမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ မော်လီကျူးတွေကို အလျင်အမြန် ဖြိုခွဲနိုင်ပါတယ်။ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ဟင်းခတ်အမွှေးအကြိုင်ကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ သင်နေ့စဉ် စားသုံးတဲ့ဟင်းထဲ ထည့်ချက်တာကြောင့် တစ်ပတ်အတွင်း ရောင်ရမ်းမှုအဆင့် ၆၃ ရာခိုင်နှုန်း ကျဆင်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပင်စိမ်းရွက်၊ နံနံပင်၊ နနွင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ ပူဒီနာ၊ ချင်း၊ လေးညှင်းပွင့်၊ ဇီရာ၊ သစ်ကြံပိုးခေါက် အစရှိတာတွေဟာ အစွမ်းထက် ဟင်းခတ်အမွှေးအကြိုင်တွေပါ။

၎။ Multi-Vitamins နှင့် ဗီတာမင်စီမှီဝဲပါ

နေ့စဉ် Multi-Vitamins ကို ဗီတာမင်စီ ၁၀၀၀ မီလီဂရမ်နဲ့အတူ မှီဝဲရင် အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၂၄ ရာခိုင်နှုန်းကို ရှင်းထုတ်နိုင်တယ်လို့ သုတေသီတွေက အကြံပေးထားပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ပျက်စီးသွားတဲ့ တစ်သျှူးတွေကိုလည်း ပြန်လည် ပြုပြင်နိုင်ပါတယ်။ သင်ဟာ အိမ်ပြင်မထွက်ဘဲ နေရောင်နဲ့ ထိတွေ့မှု မရှိသူဖြစ်နေရင် ဗီတာမင်ဒီကို မှီဝဲပါ။ နေ့စဉ် နေရောင်ခြည်နဲ့ထိတွေ့မှုကို ၁၅ မိနစ်ထက် နည်းပါးစွာ ရရှိသူတွေဟာ ဗီတာမင်ဒီကို နေ့စဉ် ၁၀၀၀ IU မှီဝဲတာကြောင့် အူအတွင်းရောင်ရမ်းမှုဖြစ်စဉ် ထက်ဝက်ခန့် လျော့ကျသွားနိုင်ပါတယ်လို့ သုတေသီတွေက အကြံပြုထားကြပါတယ်။

၅။ လေထုညစ်ညမ်းမှုကို ရှောင်ပါ

ညစ်ညမ်းနေတဲ့ လေတွေကို ရှူသွင်းနေရတာကြောင့် သင့်အဆုတ်မှ သွေးဖြူဥတွေကို ထိခိုက်စေပြီး သူတို့မှ ရောင်ရမ်းမှုဒြပ်ပေါင်းတွေ အမြောက်အမြား ထွက်ရှိလာနိုင်ပါတယ်လို့ အိုဟိုင်းအိုး တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ မြူခိုးမှုန်တွေ ရှိနေခဲ့ရင် ပြတင်းပေါက်တွေ ပိတ်ထားပြီး Aircon ဖွင့်ထားပါ။ အိမ်ပြင်ထွက်ရင်လည်း ကားအသွားအလာ နည်းပါးတဲ့အချိန်ဖြစ်တဲ့ မနက်စောစော ဒါမှမဟုတ် ညနေနောက်ပိုင်းမှ သွားပါ။

Tip - ရောင်ရမ်းမှုဖြစ်စဉ်များသည့် လက္ခဏာများ

အောက်ပါဝေဒနာတွေ ခံစားရရင်သင့် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တွေ များပြားနေပါပြီ။

- ကြွက်သား ဒါမှမဟုတ် အဆစ်ကိုက်ခဲခြင်း အစာချင်ခြင်းတပ်ခြင်း

- စိတ်နေစိတ်ထား ပြောင်းလဲခြင်း

- အရေပြားမှာ အဖုအပိမ့်ထွက်ခြင်း

- ဝက်ခြံပေါက်ခြင်း ဒါမှမဟုတ် မှိုပိုးဝင်ခြင်း

- အစာမကြေခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဗိုက်နာခြင်း

- လေပွခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

- အနည်းဆုံး တစ်ပတ်တစ်ကြိမ် ခေါင်းကိုက်တတ်ခြင်း

ဒေါက်တာခင်မိုးမိုး

News from : Royal Hero Media
Post By : Aye Chan Mon

ကမ္ဘာ့အကောင်းဆုံးဘာသာတရားအဖြစ်ဗုဒ္ဓဘာသာရရှိခဲ့


မြန်မာတိုအတွက်အကြီးအကြယ် ဂုဏ်ယူဝမ်းမြှောက်ရမဲ့သတင်းတစ်ပုဒ်ပါ။
ဒီသတင်းကိုကြားသိခဲ့တာ ကြာပါပြီ။တင်ပြဖို့အထောက်အထားခိုင်လုံရန်လိုက်ရှာနေခဲ့တာ
အခုမှတွေ့လိုတင်လိုက်တာပါ။မိတ်ဆွေတိုတောဘယ်လိုခံစားရမယ်မသိ့ပါဘူး။ကျွန်တော်ကတော့
ပျော်လိုက်တာဗျာ။ဝမ်းသာကြည်နူးမိတယ်၊ဂုဏ်ယူမိတယ်၊အားလဲးတက်ခဲ့ပါတယ်။
ဘယ်လိုပဲးဘဝတွေဆိုးဆိုး မြန်မာပြည်မှာ လူဖြစ်ပြီ ဗုဒ္ဓဘာသာ ကိုးကွယ်ခွင့်ရလို့အားလုံးကိုမေ့ပြီ
အကျေနပ်ကြီး ကျေနပ်မိပါတော့သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူပေါင်းဆောင်ရွှက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံးဘာသာရေးအဖြစ်
ရွှေးချယ်ခဲ့ကြောင်းသိရှိရသည်။
ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀)ကျော်ကရွှေးချယ်ခဲ့ခြင်းဖြစ်ပြီးပိုရု အံ့သြဖို့ကောင်းသည်မှာ ပါဝင်ရွှေးချယ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များအများစုသည် ဗုဒ္ဓဘာသာကို
မိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၏ သုတေသနညွန်ကြားရေးမှူး Jonna Hult ကပြောကြားရာတွင် ကမ္ဘာ့အမွန်မြတ်ဆုံးအကောင်းဆုံး ဘာသာတရားဗုဒ္ဓဘာသာက ရရှိခဲ့တာအံ့သြစရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်
ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့ မတူတာက အဲဒါပါပဲ။
တခြားဘာသာတွေကလက်နက်တွေကို အဆင့်သင့်ကိုင်ထားကြတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေးအတွတ်နဲ့ စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲ
ယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့မတူဘဲ ဗုဒ္ဓဘာသာဟာ
ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများတွေကို ဟောကြားခဲ့တာပါပဲလို့ ဆိုခဲ့ပါတယ်။
အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ကျွန်တော်လည်း
ကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။
ကိုယ့်ဘာသာကိုပဲ ကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကို
ကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်းလည်းကောင်းအဆိုကို သဘောတူထောက်ခံခဲ့ပါတယ်။
ဂျနီဗာမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနဲ့ အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွှတ်ရေးအဖွဲ့ကြီး၏ ပါကစ္စတန်နိုင်ငံမူစလင်အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd ကကျွန်တော်ဟာ
အစ္စလန်ဘာဥာကို နှစ်နှစ်ကာကာယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်
ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နာလည်သဘောပေါက်ခဲ့ကြပါတယ်။
ပြောရရင် ကျွန်တော်ရဲ့အရင်းအနှီးဆုံးမိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။
Belfast မြို့မှ ကက်သလစ် ဘုန်းကြီး Ted O'Shaungh-nessy ကတော့ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့် လူသားတွေကို မေတ္တာဂရုဏာထားရန်ဟောကြားပြီး လူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒနားလည်ပါတယ်လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။
ဒါ့ကြောင့် မွန်မြတ်တဲ့ဗုဒ္ဓဘာသာကိုမဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။
ဗုဒ္ဓဘာသာကိုကမ္ဘာ့အကောင်းဆုံးဘာသာတရားအဖြစ် ရွှေးချယ်ခဲ့ခြင်းအတွတ် ဆုလက်ခံရန်
ဗုဒ္ဓဘာသာဝင်အားလုံးက ငြင်းပယ်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက
ပြောကြားရာတွင် မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့သည်အတွတ် ၀မ်းမြောက်ကျေးဇူးတင်ကြောင်း ဒါပေမယ့် ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မူနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်။
မြတ်မင်္ဂလာစာဆောင်
အတွဲ-၂၅-၂၀၀၉-နိုဝင်ဘာလ
မူရင်းသတင်းလေးကတော.ဒီလိုပါ...
The Geneva-based International Coalition for the Advancement of
Religious and Spirituality (ICARUS) has bestowed "The Best Religion In
the World" award this year on the Buddhist Community.
This special award was voted on by an international round table of more than 200
religious leaders from every part of the spiritual spectrum. It was
fascinating to note
that many religious leaders voted for Buddhism rather than their own
religion although Buddhists actually make up a tiny minority of ICARUS
membership. Here are the comments by four voting members:
Jonna Hult, Director of Research for ICARUS said "It wasn't a surprise
to me that Buddhism won Best Religion in the World, because we could
find literally not one single instance of a war fought in the name of
Buddhism, in contrast to every other religion that seems to keep a gun
in the closet just in case God makes a mistake. We were hard pressed
to even find a Buddhist that had ever been in an army. These people
practice what they preach to an extent we simply could not document
with any other spiritual tradition."
A Catholic Priest, Father Ted O'Shaughnessy said from Belfast , "As
much as I love the Catholic Church, it has always bothered me to no
end that we preach love in our scripture yet then claim to know God's
will when it comes to killing other humans. For that reason, I did
have to cast my vote for the Buddhists."
A Muslim Cleric Tal Bin Wassad agreed from Pakistan via his
translator. "While I am a devout Muslim, I can seehow much anger and
bloodshed is channeled into religious expression rather than dealt
with on a personal level. The Buddhists have that figured out." Bin
Wassad, the ICARUS voting member for Pakistan 's Muslim community
continued, "In fact, some of my best friends are Buddhist."
And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love
Judaism, and I think it's the greatest religion in the world. But to
be honest, I've been practicing Vipassana meditation every day before
minyan (daily Jewish prayer) since 1993. So I get it."
However, there was one snag - ICARUS couldn't find anyone to give the
award to. All the Buddhists they called kept saying they didn't want
the award.
When asked why the Burmese Buddhist community refused the award,
Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful
for the acknowledgment, but we givethis award to all humanity, for
Buddha nature lies within each of us." Groehlichen went on to say
"We're going to keep calling around until we find a Buddhist who
will accept it. We'll let you know when we do."
http://lovelove1349.multiply.com/journal/item/250/250 မှကူးယူဖော်ပြပါသည်။

သင့်အကောင့်တိုင်းရဲ့ Password ကို Hacker တစ်ယောက်ဘယ်လိုဟက်ယူနိုင်သလဲ

ပထမနည်း ( တစ်ခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့် )
မေးလ်ပို့ ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့ ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ .. ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ .. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက် ( ကိုယ့်ကိုမေးလ်တစ်ခါမှ မပို့ဖူးတဲ့သူ ) က ပို့လာရင် ဖတ်လို့တော့ရပါတယ် . အထဲက ဘာကိုမှမနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ ..
password ကို ခိုးမယ့် ဖိုင်ဟာ သီချင်း ( SONG + H*** Program ) ဒါမှမဟုတ် .. Software တစ်ခုခုဖြစ်နိုင်ပါတယ် .. နောက်ပြီး link လေးတွေလည်း ဖြစ်နိုင်ပါတယ် .. ( ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင် ဒီကိုနှိပ် . ပြီးတော့ ဟိုကားမကြည့်ရပဲ .. password ပါသွားမယ် . သဘောတရားပြောတာပါ )
ဒုတိယနည်း ( remember password မလုပ်နှင့် )
ဒါကတော့ ခင်ဗျားတို့တွေ Gtalk သုံးရင် remember မှာ အမှန်လေးတစ်ခါတစ်လေ ပျင်းလို့ ခြစ်မိရင် .. ခင်ဗျားတို့ရဲ့ password ကို computer က မှတ်သွားမှာပါ .. အဲ့ဒီ Password တွေက Mozilla ထဲရောက်သွားပြီး .. h*** မယ့်သူကရှာနိုင်ပါတယ် .
. နောက်ပြီး website တစ်ခု မှာ Member ၀င်တဲ့အခါ .. remember password လုပ်မလားမေးရင် မလုပ်နဲ့ပေါ့ ပိတ်လိုက်ပါ
တတိယနည်း ( အင်တာနက်ဆိုင်မှာသုံးရင် key logger ၀င်မ၀င်စစ်ပါ )
တတိယနည်းကတော့ keylogger software ကို ခင်ဗျားသုံးမယ့် စက်မှာ ကြိုတင်ပြီး run ထားတာပါ .. အဲ့ဒီ software က ခင်ဗျား key board မှာရိုက်သမျှကို မှတ်ပေးနေမယ် .. ခင်ဗျား ၀င်သမျှ website တွေကိုလည်း မှတ်ပေးနေမှာပါ .. ဒီတော့ကာ အဲ့ဒီ software လေး run ထားလား မ run ထားလားသိအောင်လုပ်ရမပါ .. ဒီအပိုင်းကိုတော့ အမေ့သား နေလင်းဖြိုးရဲ့ blog ကနေကူးပြီးဖော်ပြလိုက်ပါတယ် ..
Ctrl+Shift+Esc ( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန် သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။


http://heartcity.ning.com/profiles/blog/show?id=6515581%3ABlogPost%3A75618&xgs=1&xg_source=msg_share_post