“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, September 16, 2013

"မညာပါဘူး"(ဟာသ)

Photo: "မညာပါဘူး"

ကလေးတစ်ယောက် အိမ်ရှေ့လှေခါးထစ်မှာ မုန့်ထိုင်စားနေတုန်း စာပို့သမား ရောက်လာတယ်

"သားသား၊ မင်းအမေ အိမ်ထဲမှာ ရှိလား"
"ဟုတ် ဦးဦး၊ ရှိတယ်ဗျ"

ဒါနဲ့ 
လူခေါ်ဘဲလ်တီးတယ် မရဘူး
တံခါးကိုခေါက်တယ် မရဘူး
အော်ခေါ်တယ် မရဘူး
ဘယ်လိုပင်ကြိုးစားပေမယ့် ဘယ်သူမှ ထွက်မလာဘူး

...ဆိုတော့ စာပို့သမားက ကလေးကို ပြသနာရှာရော... ...

"ဟေ့ကောင် မင်းပြောတော့ မင်းအမေ အိမ်ထဲမှာ ရှိတယ်ဆို"
"ရှိတယ်လေ"
"ခု ငါခေါ်တာ ထွက်မလာပါလားကွ"
"ဘယ်ထွက်လာမလဲဗျ၊ ဒါ အနော့်အိမ်မှ မဟုတ်တာ"
"အင်... တေနာလေး"

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

အရမ်းကောင်းတဲ့ ရသစာပေလေးပါ ဖတ်ကြည့်ပါ

Photo: အရမ်းကောင်းတဲ့ စာပေလေးပါ ဖတ်ကြည့်ပါ..

သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ အခမ်းအနားမှူးက ၁၀၀၀ ကျပ်တန် တစ်ရွက်ထုတ်ပြီး မင်္ဂလာဆောင် အခမ်းအနားလာတဲ့ ပရိသတ်ကိုမေးတယ်… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…
အားလုံးစိတ်ထဲမှာ ထင်နေကြတာက ဒါ အခမ်းအနားမှူးက လူကို စချင်တဲ့ အကြံအစည်ဘဲ ဖြစ်ရမယ်ဆိုပြီး ဘယ်သူမှ စကားမပြောကြဘူး…

အခမ်းအနားမှူးက ထပ်ပြောတယ်… ကျနော်တကယ်ပြောတာပါ… လိုချင်တဲ့လူ လက်ညိုးထောင်ပါ…

နောက်ဆုံးတော့ လူတစ်ယောက်က စပြီး လက်ညိုးထောင်လာတယ်… နောက်ပိုင်း လူတွေတော်တော်များများ လက်ညိုးလိုက်ထောင်လာကြတယ်…
အခမ်းအနားမှူးက လူအားလုံးကို ကြည့်ပြီးတော့ ဟောင်းနွမ်းနေတဲ့ ၁၀၀၀တန်နဲ့ လဲလိုက်တယ်…
လက်ညိုးထောင်ထားတဲ့ အရေအတွက် သိသိသာသာ နည်းသွားတာကို တွေ့လိုက်ရတယ်…

အခမ်းအနားမှူးက ရယ်ပြီး နောက်ထပ် ပိုပြီး ဟောင်းနွမ်းတွန့်ကြေနေပြီး နည်းနည်းစုတ်နေတဲ့ ၁၀၀၀တန်ကို ထုတ်လာတော့ လက်ညိုးထောင်ထားတဲ့လူက သိပ်မရှိတော့သလောက်ဘဲ…
အခမ်းအနားမှူးက လက်ညိုးထောင်ထားတဲ့ထဲက ကောင်လေးတစ်ယောက်ကို စင်ပေါ်ခေါ်ပြီး ၁၀၀၀ တန်ကို သူ့လက်ထဲ ထည့်လိုက်ပြီး… သူက တောက်လျှောက် လက်ညိုးထောင်နေလို့ပါ ဆိုပြီးပြောလိုက်တယ်…

အောက်က ပရိသတ်တွေရဲ့ ရယ်မောသံကို ကြားလိုက်ရတယ်…
ကောင်လေးရဲ့မျက်နှာကလဲ နီမြန်းလာတယ်…
အခမ်းအနားမှူးက လက်ပြပြီး အားလုံးငြိမ်သက်ပေးဖို့ ပြောတယ်…
တစ်ထောင်တန် အသစ်လေးကို ထုတ်ပြီး ကောင်လေးကိုပြောတယ်…
ငါ့ရဲ့ ဒီ အသစ်လေးနဲ့ မင်းရဲ့ အဟောင်းကို လဲ လိုက်မယ်လေ… ရလား?

ကောင်လေးက ပြန်ပြောတယ်…
ရပါတယ် ဦး… ကျေးဇူးပါ…
အသစ်နဲ့ အဟောင်းက အတူတူပါဘဲ…

အခမ်းအနားမှူးက ခေါင်းငြိမ့်ပြီး ကောင်လေးကို ပိုက်ဆံယူပြီး အောက်ကို ဆင်းသွားစေတယ်…
အခမ်းအနားမှူးက သတို့သားနဲ့ သတို့သမီးတို့ကို လက်တွဲပြီး စင်ပေါ်တက်လာခိုင်းပြီးပြောတယ်…
ဘယ်လောက်ထိ လှပနေတဲ့ အလှဘဲ ဖြစ်ပါစေ… ဆုံးပါးသွားတဲ့တစ်နေ့တော့ရှိမှာဘဲ…
ဘယ်လောက်ထိ ရိုမန်းတစ်ဆန်နေတဲ့ အချစ်ဘဲ ဖြစ်ပါစေ… ဘ၀ရဲ့ပြောင်းလဲ မှုကို လိုက်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်…
ခုဏက ကျနော့လက်ထဲ က ပိုက်ဆံလိုပါဘဲ…
အချိန်ကုန်ဆုံးမှုတွေနဲ့လိုက်ပြီး ဟောင်းသွားတယ်… နွမ်းသွားတယ်…
ဒါပေမဲ့ ဟို ကောင်လေးလေး ပြောသလိုပါဘဲ… အဟောင်းရော် အသစ်ရော် တစ်ထောင်တန်ဟာ တစ်ထောင်တန်ပါဘဲ…
သူ့ရဲ့တန်ဖိုးဟာ တွန့်ကြေနေလို့ ပြောင်းလဲ မသွားနိုင်ဘူး မဟုတ်လား…
အချစ်ရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို မင်္ဂလာမောင်နှံတို့ နားလည်ပေးစေချင်ပါတယ်…
အိုမင်းသွားတဲ့တစ်ချိန်… စိတ်လှုပ်ရှားမှုတွေ ငြိမ်းအေးသွားတဲ့အချိန်မှာ တစ်ချိန်က ပြောခဲ့တဲ့… “တစ်သက်လုံးလက်တွဲသွားမယ်…” ဆိုတဲ့ ကတိစကားကို မမေ့ပစ်လိုက်ပါနဲ့… တစ်ဖက်လူကို တန်ဖိုးထားကြပါ…

မင်္ဂလာမောင်နှံတို့ကလဲ အကြည့်ချင်းစေ့စေ့ကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်လိုက်ပါတယ်…
စင်အောက်ကနေ ပရိသတ်ရဲ့ လက်ခုပ်သြဘာသံဟာ မိုးချုန်းသံလို ဆူညံသွားခဲ့ပါတယ်…
လူအများစုရဲ့ ဘ၀တစ်သက်တာမှာ မျှော်လင့်ချက်တွေ အဆက်မပြတ်ရှိခဲ့တယ်… အိပ်မက်တွေနောက်ကို အဆက်မပြတ် လိုက်ခဲ့ကြတယ်… ရယူပိုင်ဆိုင်ဖို့ အတွက် အဆက်မပြတ် ကြိုးစားခဲ့ကြတယ်… လက်ထဲက အရာကို တန်ဖိုးထားတတ်ဖို့ မေ့လျော့တတ်ကြတယ်… နောက်ဆုံးတော့ ဘာမှမရ ဘာမှ မကျန်ဘဲ ဖြစ်တတ်တယ်…

ပျော်ရွှင်ခြင်းဟာ…
လေလိုပါဘဲ…
တစ်ခဏ အတွင်းပါဘဲ…
လာတာမြန်သလို… သွားတာလဲ မြန်တယ်…

နာကျင်ခံစားမှုဆိုတာ…
သံသယစိတ်တွေ ခန့်မှန်းနေရမှုတွေကနေလာတာပါ…
ဖြစ်စေတဲ့အနာတရဟာ ပုံဖော်လို့မရတဲ့ အနာမျိုးပါ…

နှလုံးသားအစစ်ဆိုတာ…
တစ်ဖက်သားရဲ့အတွင်းစိတ်ကို သေသေချာချာနားလည်မှုကနေလာတာပါ…
တစ်ဖက်သားရဲ့ အချစ်စစ်ကို အမှန်တကယ်ခံစားရလို့ပေါ်ထွက်လာတဲ့အမူအရာပါ…

ချိုမြိန်မှုဆိုတာ…
နှစ်ဖက်စလုံး နှလုံးသားအစစ်အမှန်နဲ့ ဆက်ဆံရာကနေထွက်လာတဲ့ အရသာပါ…
တစ်ဖက်သားကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒပါ…
ဒါကြောင့် ကျနော်တို့ရဲ့ အသက်မှာ …
တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို ရခဲ့ရင်…
တစ်ယောက်သောသူရဲ့ ယုယမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ တန်ဖိုးထားမှုကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ နှလုံးသားအစစ်ကိုရခဲ့ရင်…
တစ်ယောက်သောသူရဲ့ မျက်ရည်ကို ရခဲ့ရင်…
ကျေနပ်ပါပြီ…

လက်တွဲပြီးရင် လက်တွဲဖြုတ်ဖို့ကို မစဉ်းစားပါနဲ့…
တစ်သက်လုံးဆိုတာ ရှည်လဲ မရှည်သလို တိုလဲမတိုပါဘူး…
ဆုံးရှူံးသွားပြီးမှ တန်ဖိုးထားရကောင်းမှန်းမသိဆိုတာမျိုးမဖြစ်ပါစေနဲ့…
အခုလက်ရှိ ပိုင်ဆိုင်နေတာကို တန်ဖိုးထားတတ်ပါစေ…

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

အခမဲ့ကြော်ငြာ

ယူသင့်သော မိန်းမ ဆယ်မျိုး

Photo: ယူသင့်သော မိန်းမ ဆယ်မျိုး
..................................

၁. အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ

၂. မိဘအား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အငယ်များအား အရာရာနားလည်ထိန်းကျောင်းပေးတတ်သော မိန်းမ

၃. ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မ၀င်စားတတ်.. ကိုယ်နဲ့တွေ့မှ
အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ

၎. အရာရာကို လွယ်လွယ်မယုံ ဥာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမ
ထိုအသိဥာဏ်အတွေ့အကြုံ လောကအမြင်များကိုလဲ သားသမီးများအား
သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ

၅. ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့
အလုပ်အကိုင် အဆင့်အတန်း ရာထူးဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာ
နေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘ၀ရောက်ရောက် ပေါင်းသင်းမည့် မိန်းမ

၆. မာန်မာန မတက်.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ.. ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ

၇. အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု
သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု .. စသဖြင့် အခြေခံ မယားဝတ်တရားများအား
ကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ

၈. ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ

၉. အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် .. အိမ်အလည်အပတ်များခြင်း
အင်တာနက်တွင် အလေလိုက်ခြင်း .. အချစ်ဝထုတွေ ဖတ်ခြင်း ..ရုပ်ရှင်ကားတွေ
ထိုင်ကြည့်ခြင်း... စသည်တို့တွင် လိုတာထက်ပိုရု စိတ်ပါဝင်စားမှု မရှိသော မိန်းမ

၁၀. ကိုယ်တစ်ဦးတည်းသာ အရမ်းချစ်သော မိန်းမ

ဆရာကြယ်

လက်ဆောင်ကောင်း(ဟာသ)

``နင့်သူငယ်ချင်းမွေးနေ့မှာ ဘာလက်ဆောင်ပေးလိုက်လဲ´´
``င့ါရဲ့အယ်ဇေးရှင်းခွေးကြီးနှစ်ကောင်လက်ဆောင်ပေးလိုက်တယ်´´
``ဟယ် .. ဒီလောက်အဖိုးတန်တဲ့
ခွေးကြီးနှစ်ကောင်ကိုအလကားလက်ဆောင်ပေးပြစ်ရလား နှမြောလိုက်တာ´´
``ကိစ္စမရှိပါဘူး .. ဒီနှစ်ကောင်ညမိုးချုပ်ရင် င့ါအိမ်ကိုပြန်ပြေးလာကြမှာပါ´´

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး သောက်သင့်၊ မသောက်သင့်

Photo: ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး သောက်သင့်၊ မသောက်သင့်
-------------------------------------------------------------------

ဒီPostကို ရေးရတာက ခုတလော မြန်မာပြည်မှာ ဆင်ခြေထောက် ရောဂါကာကွယ်ဆေး ခေတ်စားနေလို့ပါ၊
ဆေးသောက်သင့် မသောက်သင့် facebookကနေမေးတဲ့ သူငယ်ချင်းတွေလည်း အများကြီးရှိတာမို့ ရေးလိုက်တာပါ၊ 

ဆရာဝန်ငယ်တယောက်အနေနဲ့သိတဲ့Knowledgeလေးကို shareလုပ်ချင်လို့ပါ ။

ဆင်ခြေထောက်ရောဂါ(Elephantiasis) ဆိုတာက ခြင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါပါ ။ 

microfilariaလို့ခေါ်တဲ့ပိုးမွှားကခြင်မှတဆင့်လူတဦးမှတဦးဆီကူးစက်ပါတယ် လူကိုယ်ထဲရောက်ပြီတိုအဆမတန်ပွားများပါတယ်၊ 

Larvaအဆင့်ကနေadult wormအဆင့်ကိုပြောင်းလဲပါတယ်၊ larvaခေါ်တဲ့ သားလောင်းအဆင့်ကိုတော့ သွေးထဲမှာအများဆုံးတွေ့နိုင်ပြီး adult wormကတော့ လူရဲ့ပြန်ရည်ကြောစနစ်မှာ ရှင်သန်ပါတယ် 

ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ ပိုးကို ဓာတ်မတည့်တဲ့ယားယံတာ၊ အင်ပြင်ထတာ၊ ပန်းနာရင်ကျပ်ဆန်ဆန်ဖြစ်တာ 
ပြန်ရည်ကြောစနစ်ပျက်စီးလို့ဖြစ်တဲ့ ဖောရောင်တာ၊ အကြိတ်တွေရောင်တာ၊ဖျားတာတွေဖြစ်တတ်ပါတယ် ။ 

နောက်ဆုံးအဆင့်ဖြစ်တဲ့ဆင်ခြေထောက်ဖြစ်တဲ့အဆင့်ကိုရောက်ဖို့နှစ်ပေါင်းများစွာအချိန်ယူရပါတယ်ဖြစ်ပြီးဆိုရင်တော့ ဆင်ခြေထောက်က ပြန်မကောင်းနိုင်တော့ ပါဘူး ။ 

ရောဂါကိုကုသတဲ့ဆေးနဲ့ကာကွယ်တဲ့ဆေးကအတူတူပဲဖြစ်ပါတယ်(doseတော့မတူပါဘူး)ဆေးရဲ့အာနိသင်ကsingle doseနဲ့တောင်
larvaရောadult wormရောအားလုံးကို၈၀%သတ်နိုင်ပါတယ် ။

အာနိသင်ကောင်းသလိုဘေးထွက်ဆိးကျိုးကလည်းလူတစ်ဦးနဲ့တစ်ဦးမှာမတူပါဘူး၊တချို့လူတွေမှာမူးတာ၊ပျို့တာလောက်ပဲဖြစ်နိင်ပေမယ့်ဓာတ်မတည့်ရင်ပြင်းထန်တဲ့ဦးနှောက်ရောင်တာ၊မျက်စိအမြင်လွှာသွေးယိုတာမျိုးတွေအထိဖြစ်နိုင်ပါတယ်(ရှားပါတယ်)

ဆေးကိုသွေးတိုး၊နှလုံး၊ဆီးချိုရောဂါရှိသူတွေ၊ကိုယ်ဝန်ဆောင်တွေ၊နို့တိုက်မိခင်တွေ၊ယခင်ကပြင်းထန်တဲ့ဓာတ်မတည့်မှုဖြစ်ဘူးသူတွေ၊ပန်းနာရင်ကြပ်ရှိသူတွေမသုံးသင့်ပါဘူး

sideeffectများတဲ့ကြားကနေကာကွယ်ဆေးအဖြစ်ဘာကြောင့်သုံးသလဲဆိုရင်လူမှလူကိုခြင်မှတဆင့်မကူးစက်နိုင်တော့အောင်ပါ

အကောင်းဆုံးနည်းလမ်းကတော့ရောဂါပိုးသယ်ဆောင်တဲ့ညဘက်ကိုက်တတ်တဲ့culexခြင်နှိမ်နင်းရေးပါ၊ဒီခြင်ကအာရှရဲ့ကမ်းရိုးတန်းဒေကာသအတော်များများမှာတွေ့နိုင်ပါတယ်၊ကာကွယ်ဆေးကနှစ်စဉ်သောက်ဖို့လိုအပ်ပါတယ်

ကာကွယ်ဆေးသောက်သင့်မသောက်သင့်ကတော့လူတစ်ဦးချင်းစီပေါ်မူတည်ပါတယ်၊မြန်မာနိုင်ငံလူဦးးရေရာနှုန်းအတော်များများမှာဒီရောဂါပိုးရှိပြီးသားပါ၊

ထို့ကြောင့် တနိုင်ငံလုံး လွှမ်းခြုံနိင်ဖို့ ကာကွယ်ဆေးတိုက်တာဖြစ်ပါတယ်

၊မိမိရဲ့ကျန်းမာရေးအခြေအနေအရချင့်ချိန်ပြီး သောက်သင့်မှ သောက်ကြပါလို့ပြောချင်ပါတယ် ။

ကျွန်မဆရာဝန်ငယ်တယောက်ရဲ့knowledgeပါ...

ဆရာဝန်သူငယ်ချင်းများအားလုံးလိုအပ်တာရှိလျှင်ထပ်ဖြည့်ပေးကြပါ ။ 

Dr.အိခိုင်မွန်
၁၂.၉.၂၀၁၃
ဒီPostကို ရေးရတာက ခုတလော မြန်မာပြည်မှာ ဆင်ခြေထောက် ရောဂါကာကွယ်ဆေး ခေတ်စားနေလို့ပါ၊
ဆေးသောက်သင့် မသောက်သင့် facebookကနေမေးတဲ့ သူငယ်ချင်းတွေလည်း အများကြီးရှိတာမို့ ရေးလိုက်တာပါ၊

ဆရာဝန်ငယ်တယောက်အနေနဲ့သိတဲ့Knowledgeလေးကို shareလုပ်ချင်လို့ပါ ။

ဆင်ခြေထောက်ရောဂါ(Elephantiasis) ဆိုတာက ခြင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါပါ ။

microfilariaလို့ခေါ်တဲ့ပိုးမွှားကခြင်မှတဆင့်လူတဦးမှတဦးဆီကူးစက်ပါတယ် လူကိုယ်ထဲရောက်ပြီတိုအဆမတန်ပွားများပါတယ်၊

Larvaအဆင့်ကနေadult wormအဆင့်ကိုပြောင်းလဲပါတယ်၊ larvaခေါ်တဲ့

"အရွယ်က စကားပြောတယ်"(ဟာသ)

Photo: "အရွယ်က စကားပြောတယ်"

တောလမ်းခရီးတခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတွေ့ကြတယ်

"အဘ ဘယ်သွားမလို့လဲ"
"ဟိုဘက်ရွာ"
"ဒါဆို အတူတူသွားကြတာပေါ့"
"အေး"
"ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ"
"အငြိမ့်ပွဲကမယ်ပြောလို့ သွားကြည့်တာ"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး"

အဖိုးအိုက ဘာမှပြန်မပြောဘူး
ခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ်

"ဘာတွေလဲ အဘ"
"အရက်"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး"

အဖိုးအိုက ဘာမှပြန်မပြောဘူး
ခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက် နားကြတယ်
လူငယ်က အပင်ပေါ်မော့ကြည့်ပြီးပြောတယ်... ...

"ဟာ အဘ၊ သရက်သီးတွေဗျ"
"ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကျကွ"

"စားချင်တယ်ဗျာ"
"ငါသာ မင်းအရွယ်ဆို အပင်ပေါ်တက်ခူးတယ်"

... ဆိုတော့ လူငယ်လဲ မခံချင်ဖြစ်ပြီး အပင်ပေါ်တက်ခူးပါလေရော
ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး

"အဘ လုပ်ပါအုံး ၊ဒီဂွကြားကနေ ဆက်မဆင်းတတ်တော့ဘူး"
"ငါသာ မင်းအရွယ်ဆို အဲဒီဂွကြားကနေ ခုန်ချတယ်"

ဒါနဲ့ အဟုတ်မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက်နှစ်ခြောင်း သွင်သွင်ကျိုးပါလေရော

"အား... ကျိုးပြီ အဘရေ"

"ကျိုးမှာပေါ့ ဒီလောက်အမြင့်ကြီးက ခုန်ချတာ"
"ဗျာ... ခုနပြောတော့ ကျနော့်အရွယ်သာဆို အဘ ခုန်ချတယ် ဆို"

"အေးလေ... ငါ မင်းတို့အရွယ်တုန်းက ဒီအပင်က နိမ့်နိမ့်လေးကွ"
"ဂျာ..."

သန်၎ကို-ဘာသာပြန်သည်

သူဘာလို့ ငါ့ထက်သာနေရတာလဲ ?

Photo: သူဘာလို့ ငါ့ထက်သာနေရတာလဲ ?

15-09-2013

တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။

" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"

သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။

မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "

မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။
ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့ 

Credit-> Nyein Chan

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)

တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

မှားသွားပြီ (ဟာသ)

Photo: မှားသွားပြီ . . .

ပီတာက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကြီးမှာကော်ဇောခင်းပေးနေပါတယ်။

အားလုံးပြီးစီးတဲ့ အချိန်မှာဆေးလိပ်သောက်မယ်ဆိုပြီး ကြည့်တော့သူ့ ဆေးလိပ်ဘူးကို ရှာမတွေ့တော့ပါဘူး။

ဒါနဲ့ လိုက်ရှာ ကြည့်တဲ့အခါ ကော်ဇောရဲ့ အလယ်လောက်မှာ ဖုနေတာ ကို တွေ့လိုက်ရ ပါတယ်။

ကော်ဇောကို အစအဆုံးပြန်မပြီးယူဖို့ မဖြစ်နိုင်တာနဲ့ ဖုနေတာကို ပြား သွားအောင် ပီတာက တူနဲ့ ထုလိုက်ပါတယ်။

သူအလုပ်ပြီးသွားချိန်မှာ အိမ်ရှင်ကထွက်လာပြီး ပြောတာက

"ပီတာရေ ...မင်းစီးကရက်ဘူး ဒီမှာ ကျန်ခဲ့တယ်။ ဒါနဲ့ ငါမွေးထားတဲ့ ဟမ်းစတားလေးများ တွေ့မိသေးလားကွယ်"တဲ့။

တစ်ထောင့်တညပုံပြင်ကြိုက်သူများ