“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, April 4, 2013

ကမ္ဘာ့ရှေးအကျဆုံး ကားသင်္ချိုင်း

Photo: ကမ္ဘာ့ရှေးအကျဆုံး ကားသင်္ချိုင်း

ဥရောပအနောက်ပိုင်းက ဘယ်လ်ဂျီယံနိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ တောင်ပိုင်း Ardennes အမည်ရ တောတောင်ဒေသမှာ တည်ရှိတာ ဖြစ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကားဟောင်းများကို စွန့်ပစ် ထားပါတယ်။

ဒုတိယက ကမ္ဘာစစ်ကာလက အသုံးပြုပြီး ကျန်ရှိခဲ့တဲ့ အမေရိကန် စစ်တပ်သုံး ကားများ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းလင်းရေး မပြုလုပ်ပဲ တောထဲမှာ နှစ်ပေါင်းများစွာ ပစ်ထားမှုကြောင့် ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း အမြင်ဆန်းတဲ့ ရှုခင်းတစ်ခုပမာ ဖြစ်တည်လာပါတယ်။

ယင်းအား ကမ္ဘာ့ရှေးအကျဆုံး ကားသင်္ချိုင်းများထဲမှာ တစ်ခုအဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။
--
Ref: weirdworld

ColayOnline:Automobile

Laptop သုံးစွဲသူများ သတိပြုရန် အချက်များ

Photo: Laptop သုံးစွဲသူများ သတိပြုရန် အချက်များ

၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Myanmar News Update

ဒိန်ချဉ်သည် ကျန်းမာရေးအတွက် ထိပ်ဆုံးတွင် ရှိနေသော စားဖွယ်ရာဖြစ်

Photo: ဒိန်ချဉ်သည် ကျန်းမာရေးအတွက် ထိပ်ဆုံးတွင် ရှိနေသော စားဖွယ်ရာဖြစ်

ဒိန်ချဉ်သည် အရန်သင့် စာသုံးနိုင်သော စားဖွယ်ရာများထဲမှ တစ်ခုဖြစ်ပြီး မရှိမဖြစ် အာဟာရများထဲမှ အံ့ဖွယ်ရာ အရင်းအမြစ်ဖြစ်ကြောင်း သိရသည်။ ဒိန်ချဉ်ကို နေ့စဉ်စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် ရရှိသော အကျိုးအာနိသင်များမှာ နွားနို့သောက်သုံးလိုခြင်း မရှိသူများအတွက် ဒိန်ချဉ်သည် ကယ်လ်ဆီယမ်ဓာတ်ကို ဖြည့်တင်းပေးသော အစားအစာ ဖြစ်သည်။ ကယ်လ်ဆီယမ်သည် ဒိန်ချဉ်တွင် တွေ့ရသော အာဟာရဓာတ်များထဲမှ တစ်ခုဖြစ်ပြီး ကယ်လ်ဆီယမ်က အရိုးနှင့် သွားများ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဒိန်ချဉ်သည် အာဟာရကြွယ်ဝသော အရင်းအမြစ်ဖြစ်ပြီး ဒိန်ချဉ်ထဲတွင် ပရိုတင်းအလျှံပယ်ပါရှိပြီး ဒိန်ချဉ်ကို နေ့စဉ်စားသုံးခြင်းက ခန္ဓာကိုယ် တစ်သျှူးများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ခြင်းအတွက် မရှိမဖြစ် အရေးပါသော အာဟာရဓာတ် ဖြစ်သည်။ အလားတူပင် ဒိန်ချဉ်ထဲတွင် ပိုတက်ဆီယမ်သတ္ထုဓာတ်ပါရှိပြီး ပိုတက်ဆီယမ်က သွေးထဲရှိ ဆိုဒီယမ်ပမာဏကို ချိန်ညှိပေးကြောင်း သိရသည်။ ဒိန်ချဉ်တွင် နောက်ထပ်တွေ့ရှိရသည့် အာဟာရဓာတ်များမှာ ဗီတာမင် ဘီ 2 နှင့် ဗီတာမင်ဘီ 12 တို့ ဖြစ်သည်။ ဒိန်ချဉ်သည် ကိုလက်စထရောကို လျှော့ချပေးနိုင်သည်ဟု သိရသည်။ အလားတူပင် ဒိန်ချဉ်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသကဲ့သို့ ဓာတ်မတည့်မှု ရောဂါလက္ခဏာများကို လျှော့ချပေးကြောင်း သိရသည်။ ထို့ပြင် ဒိန်ချဉ်သည် အစာအိမ်နှင့် သက်ဆိုင်သော ရောဂါများ သက်သာပျောက်ကင်းစေရေးကိုလည်း အထောက်အကူပြုသကဲ့သို့ ခန္ဓာကိုယ် အရေပြားအာဟာရဓာတ် ကြွယ်ဝကာ ချော့မွေ့စေရေးအတွက် အထူးပင် အထောက်အကူပြုကြောင်း သိရသည်။

မြ၀တီ

Google.com.mm တွင် မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ

Photo: Google.com.mm တွင် မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ

မြန်မာဒိုမိန်းနှင့်ဖြစ်သော www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များဖြင့် အသုံးပြုနိုင်ရန် Google က ပြောင်းလဲ လွှင့်တင်လိုက်ပြီဖြစ်သည်။ www.google.com.mm ကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိချေ။ 

ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် unicode font တစ်မျိုးမျိုးကို install လုပ်ထားရန် လိုအပ်မည်ဖြစ်သည်။

Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မကြာသေးမီက မြန်မာနိုင်ငံတွင် စတင် အသုံးပြုလာနိုင်ခဲ့သည်။

အင်တာနက်ဂျာနယ်

မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း

Photo: မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း
Thursday, 4 April 2013 

၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

၂။ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်

၃။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ကို တစ်မိနစ်အတွင်းမှာလည်း သည်းသည်းလှုပ်ချစ်သွားတတ်သ
လို မုန်းပြီမေ့ပြီဆိုလည်း နာမည်တောင် မမှတ်မိတော့

၎။ကျွန်တော်တို့ယောက်ျားတွေ "ငါ မင်းအပေါ်နားမလည်နိုင်တော့ဘူးကွာ" လို့ပြောရင် အဓိပ္ပါယ်က ရှင်းရှင်းလေးပါ " စိတ်ကုန်နေပါပြီ "

၅။ကျွန်တော်တို့ယောက်ျားတွေ "စားပြီးပြီလား" တို့ "ဘာလုပ်နေလဲ" တို့ ဖုန်းထဲချက်ထဲမှာမေးရင်တော့ သိသင့်ပါပြီ i'm so boring ပွစိပွစိ with u .

၆။ကျွန်တော်တို့ယောက်ျားတွေ တစ်နေကုန် တစ်ညလုံး လျှောက်
ကဲနေတတ်ပေမယ့် ညအိပ်ယာဝင်မှာ တွေးမိစဉ်းစားမိတာ တကယ်
တန်ဖိုးထားချစ်ရတဲ့ သူကလေးအကြောင်းပါပဲ

၇။ကျွန်တော်တို့ယောက်ျားတွေ တစ်ကယ်ချစ်မိပြီဆိုရင် ရိုင်းတယ်မထင်ပါနဲ့ .... မိန်းမရွှင်ဆိုလည်း ဝိုင်းစုခိုင်သိန်း(အပြစ်မမြင်)ပါပဲ

၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ရဲ့ attention ရဖို့ ဘယ်လောက်များ ထူသလဲဆို မျောက်လိုက ဆိုလည်း ကမိမှာပါ

၉။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့အကြည့်တစ်ချက်မှာ အသက်မထွက်ပေမယ့် ဘဝတော့ပျက်နိုင်ပါတယ်

၁၀။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ရည်းစားဟောင်းအကြောင်းတော့ လာမပြောနဲ့ လဒမီးမြိုက်ထားသလို ရုပ်နဲ့ ဖြစ်ညစ်ပြုံးပြ နားထောင်ပေးမှာပါ
၁၁။ကျွန်တော်တို့ယောက်ျားတွေ ပြောစရာစကားတွေ အများကြီးရှိတာဗျ ခင်ဗျားတို့ရှေ့ရောက်ရင် ပါစပ်ကမထွက်လို့ ရဲဆေးတင်သောက်တာ အရက်
သမားမထင်နဲ့

၁၂။ကျွန်တော်တို့ယောက်ျားတွေ လည်းငိုတတ်ပါတယ်

၁၃။ကျွန်တော်တို့ယောက်ျားတွေ သတ်သတ်လွတ်တစ်ယောက်မှ မစားပါဘူး .... အဲဒီတော့ မမြှုဆွယ်တာအကောင်းဆုံးပါ

၁၄။ကျွန်တော်တို့ယောက်ျားတွေ အိမ်မက်မမက်ဘူးဗျ ... မျှော်လင့်တယ်
ဆိုတာ အချော်တကောက်တွေ လုပ်တာ.... ကျုပ်တို့က လိုချင်ရင်ရအောင်
ယူတယ်

၁၅။ကျွန်တော်တို့ယောက်ျားတွေ ပလစ်တာခံလိုက်ရရင် သိပ်မုန်းတာဗျ
.... ပြန်လက်စားချေမှာ အရှုံးကိုလက်မခံနိုင်ဘူးပေါ့ဗျာ .....အဲ မိန်းမ
ကိစ္စတစ်ခုထဲမှာပါ

၁၆။ကျွန်တော်တို့ယောက်ျားတွေ အသည်းနှလုံးကို ထိအောင်ခင်ဗျားတို့
လာကစားမိပြီ ဆိုရင်တော့ ပြန်လမ်းမရှိဘူး သတိထားပါ

၁၇။ကျွန်တော်တို့ယောက်ျားတွေ အသည်းနုတယ်.... မိန်းကလေး
တစ်ယောက်က အရင်စ နမ်းတာ ခံရရင်တော့ Go Crazy ပဲ

၁၈။ကျွန်တော်တို့ယောက်ျားတွေ နားသိပ်မကောင်းဘူးဗျ ....ခင်းဗျားတို့ No ပြောတာကို ကျုပ်တို့က Try Again Tomorrow ကြားတယ်

၁၉။ကျွန်တော်တို့ယောက်ျားတွေ ဖောရှောကောင်းတယ်.... ဒါပေမယ့် ခင်ဗျားတို့အကြည့်အောက်မှာ မဟုတ်ဘူး ခွေးအကြီး လှည်းနင်း စကားပုံ ကြားဖူးမဟုတ်လား

၂၀။ကျွန်တော်တို့ယောက်ျားတွေ ကမိန်းမကိစ္စဆို ကလယ်အူကြောင်ဗျ... စကားကိုမစခင်ကတည်းက ရှင်းအောင်ပြောပါဗျာ

၂၁။ကျွန်တော်တို့ယောက်ျားတွေ မိန်းမလျာဆို ဝေရမဏိ
ဝေးစွာရှောင်ကြဉ်ပါ၏၂၂။ကျွန်တော်တို့ယောက်ျားတွေ အမေကိုတော့ ရှူသွင်းရတဲ့လေထက် တန်ဖိုးထားပါတယ်...... ယောက္ခမ ချွေးမ ပြသနာ အဖြေပဲ နားလည်ပါတော့

၂၃။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကိုပေးဖို့နှင်းဆီတစ်ပွင့် ထမင်းတစ်နပ်စာ အသပြာနဲ့ လဲဖို့ သတ္တိရှိပါတယ် (မှတ်ချက် ကျွန်တော်မပါ)

၂၄။ကျွန်တော်တို့ယောက်ျားတွေ အနီးအနားမှာ ရှိသမျှမြင်သမျှ မိန်းမတွေအကြောင်း အရည်မရ အဖတ်မရ လျှောက်ပြောတတ်တယ်..... အတင်းလို့ သမုတ်လည်းရပါတယ်

၂၅။ကျွန်တော်တို့ယောက်ျားတွေ အကြောင်းနားလည်ဖို့ဆိုတာက တိုင်းရေးပြည်ရေးထက် မင်းရေးကျယ်တယ် ဆိုသလိုပါပဲ

၂၆။ကျွန်တော်တို့ယောက်ျားတွေ "တစ်သက်မှာတစ်ခါတည်း မင်းကိုချစ်မိတာပါ" ပြောရင်တော့ ချင့်ယုံပေါ့ဗျာ၂၇။ကျွန်တော်
တို့ယောက်ျားတွေ သောက်တင်းတုတ်ရင်လည်း မိန်းမတွေထက် 
ပိုဆိုးဗျာ သတိတော့ထားပေါ့

၂၈။ကျွန်တော်တို့ယောက်ျားတွေ အကြီးဆုံး အားနည်းချက်ကတော့ မိန်းမမြင် မနေနိုင်တာပါပဲ

၂၉။ကျွန်တော်တို့ယောက်ျားတွေ ပွင့်လင်းတယ် ခင်ဗျားတို့လိုမဟုတ်ဘူး

၃၀။ကျွန်တော်တို့ယောက်ျားတွေ စောင့်ကြည့်စမ်းသပ်နိုင်ပါတယ် မယုံနိုင်သေးဘူးဆိုရင်ပေါ့ အဲ သုံးနှစ်သုံးမိုး ဆိုတာတော့ ကြာလွန်းပါတယ်

၃၁။ကျွန်တော်တို့ယောက်ျားတွေ လည်းအသန့်ကြိုက်ပါတယ် အဝတ်အစားတွေမှာ အစက်အပြောက်ရှိရင်တောင် မကြိုက်ဘူး ...... ယူထားတဲ့မိန်းမကိုလျှော်ခိုင်းမှာ

၃၂။ကျွန်တော်တို့ယောက်ျားတွေ ချစ်မိတဲ့ မိန်းကလေးဆို လေးလေးစားစား ဆက်ဆံတတ်ပါတယ် မလေးမစား ပေါက်တတ်ကရ ဆိုရင်တော့ ....

၃၃။ကျွန်တော်တို့ယောက်ျားတွေ ကို သူငယ်ချင်းကောင်းတစ်ယောက် ချစ်သူကောင်းတစ်ယောက် မနှိုင်းယှဉ်နဲ့ဗျာ မတူဘူး

၃၄။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကို ပြသ
နာပေါင်းသောင်းခြောက်ထောင် လာပြောပြီဆို နားပဲထောင် အကြံပေးစရာမလိုဘူး

၃၅။ကျွန်တော်တို့ယောက်ျားတွေ မထိတထိလေး စနေနောက်နေပြီဆို သတိထား နောက်တစ်ဆင့် အီစီကလီ ထုတော့မယ်

၃၆။ကျွန်တော်တို့ယောက်ျားတွေ ကိုချုပ်ချယ်လာပြီဆိုရင်တော့ ခင်ဗျားတို့အဝေးလွင့်သွားဖို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးတာပဲ

၃၇။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးဆို ကာကွယ်ပေးချင်ကြတာ ဘူးမလို့မဟုတ်ဘူး ခင်ဗျားတို့အားနည်းလို့

၃၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတွေကိစ္စဆို နှုတ်မလုံဘူးဗျ ခင်ဗျားတို့ လှို့ဝှက်အပ်သော တွေဆို မပြောနဲ့ မပြနဲ့

၃၉။ကျွန်တော်တို့ယောက်ျားတွေ အများအားဖြင့် အကြံကြီးတယ် အကြီးကြီးတွေ ကြံတယ်

၄၀။ကျွန်တော်တို့ယောက်ျားတွေ လည်းခင်ဗျားတို့လိုပဲ ကြွားတတ်ပါတယ်

၄၁။ကျွန်တော်တို့ယောက်ျားတွေ ရဲ့ရင်ခုန်သံက အတောမသတ်နိုင်ဘူးဗျ Unlimited ပဲ
၄၂။ကျွန်တော်တို့ယောက်ျားတွေ အတွက်ခင်ဗျားတို့ Height က အရေးမကြီးဘူးဗျ ဒေါက်ဖိနပ်စီးမနေနဲ့ အကျိုးမရှိဘူး Weight သာလျော့

မူရင်းးးးCredit: Thantsin Tun

Psycho
Myanmar faCeb()()k Society

~ရေနွေးညသိပ် အဆိပ်ထက်ပြင်း~

Photo: ~ရေနွေးညသိပ် အဆိပ်ထက်ပြင်း~

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာ ပါဝင်တယ်. နောက်ဆုံးတင်ပြလိုတာကတော့.....

(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။

(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။

(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။

(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။

(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.

( ဒီစာအုပ်လေးကိုကျမဖတ်နေရင်းကနေ အင်တာနက်ကကျမမိတ်ဆွေတွေသိသင့်တယ်
ယူဆမိလို့ရေးသားတင်ပြခြင်းဖြစ်ပါတယ်ရှင်..အနှောက်ယှက်ဖြစ်ခဲံ့တယ်ဆိုလည်းခွင့်လွတ်ပေးပါလို့မေတ္တာရပ်ခံအပ်ပါသည်ရှင့် ....မမာလာ :)

post by နှင်းဆီဖူးလေးများ-Love BUDS

စင်္ကာပူမှာ ကြုံရတဲ့ ဝိတ်ချနည်း

Photo: စင်္ကာပူမှာ ကြုံရတဲ့ ဝိတ်ချနည်း

တနေ့က မတွေ့တာကြာနေတဲ့ သူငယ်ချင်းတယောက်နဲ့ စင်ကာပူရောက် မြန်မာတွေစုဝေးတတ်တဲ့ ပင်နီဆူလာမှာတွေ့လို့ လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်။

အရင်က တော်တော်ဝတဲ့သူမ ခု ကိုယ်ရေစစ်သွားသလိုဘဲ။
ဒါနဲ့မေးကြည့်မိတယ် …

“ဟဲ့ နင့်ဘော်ဒီ တော်တော်ကျသွားပါလား၊ နေမကောင်းဘူးလား”

“ကောင်းပါတယ်ဟာ”

“ဒါဆိုဘာဖြစ်လိုလဲ အိမ်လွမ်းလို့လား”

“မဟုတ်ပါဘူးဟာ၊ င့ါ အခန်းဖော်ကြောင့်ပါ”

“ဘယ်လိုလဲ သေချာပြောစမ်းပါအုံး”

“ဒီကောင်မက အလိုက်ကန်းဆိုး မသိဘူးဟ၊ ည ညကျရင် ကွန်ပြူတာ တလုံးနဲ့ ဆူနေတာ၊ Chatting ရိုက်တယ်၊ ဂိမ်းဆော့တယ်၊ သီချင်းဖွင့်တယ်၊ ပြီးတော့ အခန်းထဲကို ဝင်လိုက်ထွက်လိုက်နဲ့ လုပ်တယ်၊ တခါးကို အသံအကျယ်ကြီး ဖွင့်တယ် ပိတ်တယ်၊ ညဉ့်နက်သန်းကောင် သူ့ဘဲနဲ့ ဖုန်းပြောတယ် စုံလို့ပါဘဲဟာ”

“နင် က မပြောဘူးလား”

“ပြောလဲ ရန်ဖြစ်ရတာဘဲ အဖတ်တယ်တယ်၊ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဟ၊ အဲဒါကြောင့် ညဘက်အိပ်ရေးတွေပျက်ပြီး ပေါင်၂၀ လောက် ကိုယ်အလေးချိန်ကျသွားတာ”

“ဒါဆိုလဲ အခန်းပြောင်းလိုက်ပေါ့ဟာ၊ လွယ်လွယ်လေးဘဲ”
… ဆိုတော့

သူပြန်ပြောလာတဲ့ စကားကြောင့် ကျနော်လည်း သောက်နေတဲ့ လက်ဘက်ရည်တောင် သီးကုန်တယ်။

သူပြောတာက… …
“ပြောင်းမလို့ဘဲ၊ နောက်ထပ် ၁၅ ပေါင်လောက် ထပ်ချချင်သေးလို့”… တဲ့။

သန်၎ကို

Credit >ဧရာဝတီ

၂၅ ဒေါ်လာတန်ကွန်ပျူတာ အမေရိကန်နိုင်ငံတွင်စတင်ဖြန်

Photo: ၂၅ ဒေါ်လာတန်ကွန်ပျူတာ အမေရိကန်နိုင်ငံတွင်စတင်ဖြန်
Friday, April 5,2013

အမေရိကန်ပြည်ထောင်စုတွင် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ၂၅ ဒေါ်လာတန် Raspberry Pi ကွန်ပျူတာကို ဖြန့်ချိနေပြီဖြစ်ကြောင်း တန်ဖိုးနည်းကွန်
ပျူတာထုတ်လုပ်ရေး ဖောင်ဒေးရှင်း (ရက်စ်ဘယ်ရီပိုင်ဖောင်ဒေးရှင်း) က သတင်းထုတ်ပြန်ကြေညာသည်။

ယခုဖြန့်ချိသည့် ရက်စ်ဘယ်ရီပိုင် Model A အမျိုးအစား တန်ဖိုးနည်းကွန်ပျူ
တာသည် ယခင်ထုတ်ခဲ့သော ဈေးမြင့်သည့် Model B နှင့် ပရိုဆက်ဆာ အတူတူဖြစ်ပြီး၊ 700MHz ပရိုဆက်ဆာကို အသုံးပြုထားသည်။ Model A ၏ထူးခြားချက်မှာ USB port တစ်ခုပါလာခြင်းဖြစ်သည်။ ဈေးနှုန်းလျှော့
ချနိုင်ခဲ့ခြင်းမှာ Ethernet port မထည့်ထားခြင်းနှင့် RAM ကိုလျှော့
ထားခြင်း ကြောင့်ဖြစ်သည်။

Model A ကို ဥရောပတွင် ဖေဖော်ဝါရီလောက်ကတည်းက ဖြန့်ချိခဲ့ပြီး၊ အာရှတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ဖြန့်ချိခဲ့ သည်။

ရက်စ်ဘယ်ရီပိုင် တန်ဖိုးနည်းကွန်ပျူတာကို စတင်ထုတ်လုပ်သူ အီဘန် အပ်တန်က ပထမဦးဆုံး အနေဖြင့် လုံးရေ ၂ဝဝဝဝ ထုတ်မည်ဖြစ်သော်
လည်း ဝယ်လိုအားကို မခန့်မှန်းနိုင်သေးကြောင်း ပြောကြားသည်။

Model B ကို ဘက်ထရီ သို့မဟုတ် နေရောင်ခြည်စွမ်းအင်ဖြင့် အသုံးပြုနိုင်
ရန် စီစဉ်ထားသောကြောင့် တန်ဖိုးအနည်းငယ် မြင့်မားသည်။

အမေရိကန်ပြည်ထောင်စုတွင် Model A ကို ၂၅ ဒေါ်လာဖြင့် Allied Electronics တွင်ရရှိနိုင်ပြီဖြစ် ကြောင်း http://techcrunch.com/ တွင်ဖော်ပြထားသည်။

နွေဦး
မောက္ခပညာရေးမဂ္ဂဇင်း
http://www.maukkha.org/