“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, July 1, 2013

***Facebook မှာ LIKE တွေအများကြီးရအောင်ဘယ်လို လုပ်မလဲ ***

အခုမှ ရှင်းရှင်းလင်းလင်းသိရတော့တယ် သူများတွေက တခုခုတင်လိုက်တိုင်းမှာ LIKE တွေ
အများကြီးဘဲ 100 likes, 160 likes စတာတွေကို ရနေကြတယ်။ ကျွန်တော်မှာ ရှိတဲ့ Friends တွေ
တော်တော်များများကတော့ အမှန်ကန်ရတာလို့ဘဲ ထင်ပါတယ်။ ဒါပေမဲ့ အမှန်ကန်ရရ ၊အတုဘဲရရ
စိတ်တော့မ၀င်စားပါဘူး။ ဒါပေမဲ့ မြန်မာပြည်တွင်းမှာတော့ မသိဘူး။ ဒီ Australia မှာကတော့
လူငယ်တွေကြားမှာ Facebook မှာ friends တွေအများကြီးရှိတာတို့၊ Likes တွေအများကြီးရတာတွေက
လူများတွေအကြားမှာ လူဝင်ဆန့်ပြီး လူအများက ထင်ကြီးပြီး ခင်ချင်ကြပါတယ်။ အထူးသဖြင့် ကိုယ့်
သူငယ်ချင်းတွေကိုလဲ ပြန်ကြွားတက်ကြတယ် ငါ့ Facebook မှာ LIKE တွေအများကြီးရတယ်ဆိုပြီး
ဆိုတော့ LIKE လေး ၄ ၊ ၅ ခုလောက်တောင် ပြည့်အောင်မရနိုင်တဲ့ လူတွေက စိတ်အားငယ်နေကြမှာပေါ့
ဒီအတွက် မပှုပါနဲ့ ဟိုတနေ့ကမှဘဲ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူကသူရဲ့ ပုံနဲ့ Status တွေ
များ LIKE တွေအများကြီးရတဲ့ အကြောင်းကိုပြောပြရင်းနဲ့ စကားဆက်ပြီး တော့ LIKE တွေအများကြီးရ
အောင် အတုလုပ်လို့ရတာကို ပြောဖြစ်ကြပါတယ်။
ဆိုတော့ အထက်က ပုံလို Like တွေ အများကြီးလိုချင်ရင်တော့။

ပရိတ်ကြီး(၁၁)သုတ် ကို ပူဇော်ရခြင်း၏ အကျိုးအာနိသင်များ

၁ ။ မင်္ဂလသုတ်     = လိုက်နာကျင့်သုံးပါလျှင် ရန်သူတို့အပေါ် မိမိက အောင်နိုင်ခြင်း၊ အရပ်ဒေသ
တိုင်း၌ ချမ်းသာစွာ နေရခြင်း။
၂ ။ ရတနသုတ်     = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ရောဂါဘေး၊ ဘီလူးဘေး၊ ငတ်မွတ်ခေါင်းပါးဘေး
တို့မှ ကင်းလွတ်နိုင်ခြင်း။
၃ ။ မေတ္တသုတ်     = ရွတ်ဖတ်လိုက်နာခြင်းဖြင့် ဘီလူး၊ သရဲစသော မကောင်းဆိုးဝါးတို့က ကြောက်
မက်ဖွယ် အာရုံကို မပြနိုင်ခြင်း၊ ချမ်းသာစွာအိပ်ရ၊ နိုးရခြင်း စသောအကျိုး  ၁၁  ပါး ရရှိနိုင်ခြင်း။
၎ ။ ခန္ဓသုတ်        = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် သတ္တ၀ါ အားလုံးတို့၏ ပြင်းထန်သော အဆိပ်နှင့်
ဘေးရန် အမျိုးမျိုးတို့ကို ပပျေက်စေနိုင်ခြင်း။
၅ ။ မောရသုတ်     = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် မင်းဘေး စသော ဘေးရန် အပေါင်းတို့မှ လွတ်
ကင်းနိုင်ခြင်း။
၆ ။ ၀ဋ္ဋသုတ်        = ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မီးမလောင်နိုင်ခြင်း၊ မီးဘေးမှ ကင်းလွတ်နိုင်ခြင်း။
၇ ။ ဓဇဂ္ဂသုတ်      = စိတ်ထဲတွင် ဆင်ခြင်အောက်မေ့ရုံမျှဖြင့် ကောင်းကင်၌ မြေပြင်အလား ရပ်
တည်နိုင်ခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းမှ ကင်းလွတ်နိုင်ခြင်း။
၈ ။ အာဋာနာဋိယသုတ်= ပွာများရွတ်ဖတ်ခြင်းဖြင့် နတ်ကြမ်း၊ ဘီလူးကြမ်းတို့က မညှင်းဆဲ မနှိပ်
စက်နိုင်ခြင်း။
၉ ။ အင်္ဂုလိမာလသုတ် =ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ကိုယ်ဝန်ဆောင် မိခင်များ လွယ်ကူစွာ
သားဖွားနိုင်ခြင်း၊ မိခင်ရော ကလေးပါ ကျန်းမာချမ်းသာခြင်း။
၁၀။ ဗောဇ္ဈင်သုတ်    = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် နာမကျန်းဖြစ်၍ ဆင်းရဲဒုက္ခရောက်သူကို ဆင်းရဲ
လွတ်ကင်းစေခြင်း၊ မာရ်စစ်သည်ကို နှိမ်နင်းချေဖျက်နိုင်ခြင်း၊ သံသရာမှ လွတ်မြောက်နိုင်ခြင်း၊ ဇာတိ၊
ဇရာ၊ မရဏဘေးတို့မှလွတ်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ခြင်း။
၁၁။ ပုဗ္ဗဏှသုတ်      =ပွားများရွတ်ဖတ်ပါက မကောင်းသော အတိတ်နိမိတ်များ၊ မကောင်းသော
အမင်္ဂလာ ဟူသမျှ ငှက်ဆိုးသံ၊ ပါပဂြိုလ်၊ မကောင်းသော အိပ်မက်ဆိုးများ ပျောက်ကင်းနိုင်ခြင်း
အစရှိသော အကျိုးအာနိသင်များကို အသီးသီး ရရှိနိုင်ပါသည်။
{အနန္တာ  ဓမ္မစာပေ}
   ဦးသိန်းဝေ။
 http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
-----------------------------------------------------------------------------------------------------
   ** ငရဲမီး နှင့် အဆိပ်သီး **
   ===============
၁ ။ ဘုရားပစ္စည်း၊  ငရဲမီး
     သုံးနည်း  အလွန်ခက်။
၂ ။ သံဃာ့ပစ္စည်း၊  အဆိပ်သီး
     စားနည်း  အလွန်ခက်။
၃ ။ စားသုံးမိလျှင်၊  တနင်နင်
     သေလျှင်  အလွန်ခက်။
၎ ။ ငရဲသို့ကျ၊  ၀ဋ်ဒုက္ခ
     လွတ်ပြန်  ရဖို့ခက်။
၅ ။ ငရဲဘ၀၊  လွတ်ပြန်က
     ပြိတ္တာ  ဘုံသို့ဆက်။
၆ ။ ပြိတ္တာဘ၀၊  လွတ်ပြန်က
     လူ့ဘုံ  ရောက်ဖို့ခက်။
၇ ။ လူ့ဘုံရောက်လာ၊  သာသနာ
     ကြုံရ  ပြန်ဖို့ခက်။
၈ ။ သာသနာတွင်း၊  ကြုံကြိုက်လျင်း
     ကျင့်ခြင်း  သာလို့ခက်။
၉ ။ ဘုရားသခင်၊  ဉာဏ်တော်ရှင်
     ဖူးမြင်  ရဖို့ခက်။
၁၀။ အရိယာသံဃာ၊ ပေါ်သောအခါ
      လှူဒါန်း  ရဖို့ခက်။ ။
      (ပေတ၀တ္ထု၊ တိရောကဋသုတ်၊)

http://www.mmcfamily.org/

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် (အရှင်ဆန္ဒာဓိက)

ဗုဒ္ဓဘာသာဝင်တွေရဲ့အခြေခံအကျဆုံးယုံကြည်ချက်ကတော့ကံနဲ့ကံရဲ့အကျိုးတရားပါပဲ။
“ကောင်းတာလုပ်ခဲ့ရင်ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ခဲ့ရင် မကောင်းကျိုးရမယ်၊ အ
ချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊ အခါးစေ့စိုက်ခဲ့ရင် အခါးပင်ပေါက်ပြီး
အခါးသီးစားရမယ်၊ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့နဲ့ ထိုက်တန်တဲ့အပင်ပေါက်ပြီး အဲဒီအပင်နဲ့ထိုက်
တန်အသီးကိုပဲ ကိုယ်စားရမယ်၊ အလုပ်ဆိုတာကံ၊ ကံဆိုတာအလုပ်၊ ကိုယ်ကံက ကိုယ့်ဘဝ
ကိုစီမံတယ်၊ ကိုယ့်ဘဝရဲ့ ဖန်ဆင်းရှင်ပာာ ကိုယ်လုပ်ခဲ့တဲ့ကံတရား”အဲဒီလိုနားလည်လက်ခံ
ယုံကြည်ထားကြပါတယ်။

အချစ်ရေး၊ အိမ်ထောင်းရေးမှာ အကျိုးပေးကံမကောင်းတာဟာ အချစ်ရေး၊ အိမ်ထောင်းရေး
နဲ့ ပတ်သတ်တဲ့ မကောင်းကံတွေ အတိတ်ကပြုလုပ်ဖူးလို့ပါ။ သူတပါးရဲ့ ချစ်ခြင်းကို ခွဲခဲ့တဲ့သူ၊
သူတပါးရဲ့အိမ်ထောင်းကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်းရေးမှာ ဘယ်လိုနည်းနဲ့
မှအကျိုးပေးမကောင်းနိုင်ပါဘူး။သမီးရည်းစားချစ်၊လင်မယားချစ်တွေကိုဖြိုခွဲမှအချစ်ကံမကောင်း
တာမဟုတ်ပါဘူး။မေတ္တာချစ်၊ သံယောဇဉ်ချစ်နဲ့ ချစ်ကြသူမည်သူကိုမဆို တကွဲတပြားစီ ဝေး
လွင့်သွားအောင် လုပ်ရင်ဖြစ်လေရာဘဝတိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ “ဆုံနိုင်ခွင့်”မှေးမှိန်ပျောက်
ကွယ်ပြီး “လွမ်းဆွတ်ခွင့်၊တမ်းတခွင့်”တွေသာ ရှင်သန်ကြီးထွားလာနိုင်ပါတယ်။

အောက်ထစ်ဆုံးငှက်ကလေး၊ ငါးကလေးတွေ၊ ကြောင်ကလေးတွေ၊ ခွေးကလေးတွေကို သူတို့
မိသားစု၊ သူတို့အသိုက်အမြုံကနေ ခွဲခွာနုတ်ယူပြီး မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင် အဒီအကု
သိုလ်ကံက သူအကျိုးပေးတဲ့ဘဝမှာ ကာယကံရှင်ကို အချစ်ကံခေသူ၊ အလွမ်းကံဝေသူဖြစ်အောင်
စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။အချစ်ရေးအိမ်ထောင်ရေးကို အရုပ်ဆိုးအကျည်းတန်စေတဲ့ ကြောက်
စရာအကောင်းဆုံးကံကတော့ “ကာမေသုမိစ္ဆာရကံ”ပါပဲ။ “ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြု
ကျင့်တဲ့ကံ”လို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ့်ရဲ့ကာမပိုင်မဟုတ်သူတွေနဲ့ ကာမကိစ္စဖောက်ပြန်ရင် “ကာေ
မသုမိစ္ဆာရကံ”ထိုက်ပါတယ်။

သူတပါးသားမယားနဲ့ ဖောက်ပြန်ရင်တော့ “ပရဒါရကံ” ထိုက်တယ်လို့လည်း ခေါ်ပါတယ်။ အတိတ်
ဘဝတွေက ကာမကိစ္စဖောက်ပြန်ခဲ့တဲ့သူဟာ ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါဝင်တဲ့ အချစ်ရေး၊အိမ်
ထောင်ရေးတွေမှာကံဆိုးတတ်ပါတယ်။ ကိုယ်ရဲ့အိမ်ထောင်ဖက် ကိုယ့်အပေါ်သစ္စာကင်းမဲ့တာဟာ
ကိုယ့်ရဲ့အတိတ်က “သစ္စာမဲ့ကံ”က ကိုယ့်ကိုအကျိုးပေးတာပါပဲ။ ကံတရားရဲ့ သဘာဝကို အကြောင်း
အကျိုးဆက်စပ်ပြီး စဉ်းစားဆင်ခြင်နိုင်မယ်ဆိုရင်တော့ ကိုယ့်ခင်ပွန်းရဲ့ သစ္စာမဲ့မှုအပေါ် အတိုင်းအတာ
တစ်ခုအထိ ခွင့်လွတ်ဖြေသိမ့်နိုင်မယ်ထင်ပါရဲ့။

ဒါပေမယ့် ခွင့်လွတ်ဖြေသိမ့်နေရုံနဲ့ မပြီးသေးဘူး။ ကိုယ်ကြုံတွေ့နေရတဲ့ အဆိုးလောကဓံထဲကနေ အ
နှစ်သာရတစ်ခုခုတော့ ထုတ်ယူနိုင်အောင် ကြိုးစားရပါဦးမယ်။ အရှုံးထဲက အမြတ်ထွက်အောင် လုပ်
ရပါဦးမယ်။ မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာဝတ္ထိမြို့မှာ သိပ်ချောသိပ်လှတဲ့ အမျိုးသမီးတစ်
ဦးရှိခဲ့ဖူးပါတယ်။ အတိတ်ကံအကြောင်းတရားကြောင့် သူမရဲ့ခင်ပွန်းသည်က သူမကိုလုံးဝမချစ်ပါဘူး။
တခြားအမျိုးသမီးတစ်ယောက်နဲ့ မျက်နှာပြောင် တိုက်ပြီး လူမှုရေးဖောက်ပြန်နေပါတယ်။

ကိုယ့်ကိုမချစ်လို့၊ ကိုယ့်အပေါ်သစ္စာမဲ့လို့ဆိုပြီး သူမကစိတ်လည်းမညစ်ပါဘူး။ စိတ်လည်းမဆိုးပါဘူး။
“လင်ကမချစ်တော့လင်နဲ့အချိန်ဖြုန်းစရာမလိုတော့ဘူးပေါ့”လို့ နှလုံးသွင်းပြီး အချိန်ရှိသမျှ ဒါန၊ သီလ၊
ဘာဝနာ ကုသိုလ်ကောင်းမှုတွေကိုပဲ စိတ်အားထည့် ပြုလုပ်နေလိုက်ပါတယ်။အထူးသဖြင့် အရှင်သာရိ
ပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလ္လာန် အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါးကို အိမ်မှာနေ့စဉ်ဆွမ်းပင့်လှူပြီး တရား
နာယူပါတယ်။ တရားနာလိုက်၊ တရားအားထုတ်လိုက်နဲ့ ကြိုးစားလိုက်တာ သိပ်မကြာခင်မှာပဲသောတ
ပန်အရိယာမလေး ဖြစ်သွားခဲ့ပါတယ်။

“လင်ကမပေါင်းချင်မှတော့ အိမ်မှာနေလည်းအပိုပဲ” ဆိုပြီးရဟန်းပြုလိုက်တာ သိပ်မကြာခင်မှာပဲ
ရဟန္တာအရှင်မလေး ဖြစ်သွားပြန်ပါတယ်။ တကယ်လို့သာ သူမရဲ့ခင်ပွန်းကသူမကို သိပ်ချစ်၊သိပ်
ကြင်နာနေမယ်ဆိုရင် အခုလိုတရားအရသာ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ ယောကျာ်းအရသာနဲ့
နိဗ္ဗာန်အရသာ ဘယ်လိုမ နိုင်းယှဉ်လို့မရအောင် ကွာခြားလွန်းလှပါတယ်။

နိဗ္ဗာန်အရသာကို အဆင့်အမြင့်ဆုံး ခံစားခွင့်ရနေမှတော့ ယောကျာ်းအရသာဆုံးရှုံးခဲ့တာကို နှမြော
တမ်းတနေစရာ လိုပါဦးမလား။ တကယ်ဆို ကိုယ့်အပေါ်မကြင်နာတဲ့ ခင်ပွန်းသည်ကို ကျေးဇူးတင်
စရာတောင် ကောင်းပါသေးတယ်။ဝတ္ထုတွေ၊ရုပ်ရှင်တွေထဲကလို “နောက်ဆုံးထွက်သက်အထိရူး
သွပ်စွာချစ်နေမှာပါမောင်” လို့လည်း စိတ်ကူးမယဉ်ပါနဲ့။ သီချင်းတွေထဲကလို “ရက်စက်တက်တဲ့မင်း
ရဲ့အနားမှာ ရက်စက်မှုတွေခံယူချင်တယ်” လို့လည်း တမ်းတမနေပါနဲ့။ လက်တွေ့ဘဝမှာ စိတ်ချမ်း
သာဖို့နဲ့ဖြစ်နိုင်ရင် ဘဝလွတ်မြောက်မှုရဖို့အတွက်သာ အတက်နိုင်ဆုံးကြိုးစားပါ။

ရှေးသူတော်ကောင်းတွေရဲ့ ထုံးနှလုံးမူပြီး၊ တရာနဲ့မွေ့ပျော်ပါ။ တရားများများနာ၊ တရားစာအုပ်များ
များဖတ်၊ ကုသိုလ်ကောင်းမှုများများပြု၊ တရားများများအားထုတ်ပါ။သောကမှန်သမျှ ချစ်ခြင်းကြောင်
့ဖြစ်ရတာပါ၊

ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်၊
ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်၊
ချစ်စရာအများကြီး ရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့။
သောကငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။
ချစ်ရမယ့်သူ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ၊ သောကမီးလည်းချုပ်ငြိမ်းသွားလေပါပဲ။
ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထားတတ်သူအတွက်တော့ တန်ဖိုး
မဖြတ်နိုင်တဲ့ ဘဝလွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ။
အသုံးချတတ်သူ တစ်ယောက်အတွက် အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ။

စိတ်ဆင်းရဲခြင်းဆိုတာကစိတ်ဓာတ်ပျော့ညံ့တဲ့သူတွေကန်ထရိုက်ဆွဲထားတဲ့ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။
စိတ်ချမ်းသာခြင်းကတော့စိတ်ဓာတ်ခိုင်မာသူတွေရဲ့မူပိုင်ရတနာထုပ်ကြီးတစ်ခုဖြစ်ပါတယ်။အချစ်ရေး၊
အိမ်ထောင်ရေးမှာအကျိုးပေးမကောင်းတာဟာအချစ်ရေး၊အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့မကောင်းကံ
တွေအတိတ်ကပြုလုပ်ခဲ့ဖူးလို့ပါ။သူတပါးရဲ့ချစ်ခြင်းကိုခွဲခဲ့တဲ့သူသူတပါးအိမ်ထောင်ကိုပြိုကွဲစေခဲ့တဲ့သူ
ဟာအချစ်ရေး၊အိမ်ထောင်ရေးမှာဘယ်လိုနည်းနဲ့မှအကျိုးပေးမကောင်းနိုင်ပါဘူး။

နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်လို့ဟစ်အော်ကြွေးကြော်နေတာဟာအတိတ်ဘဝတွေကအချစ်
ရေးအိမ်ထောင်ရေးတွေမှာသစ္စာပျက်ခဲ့ပါတယ်ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့ထုတ်ဖော်ဝန်ခံနေတာ
ပါပဲ။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
ဖေ့ဘုတ်မှတဆင့်တင်ပြသည်။

နေအရမ်းပူလို့ နှာခေါင်းသွေး လျှံခြင်း (Epistaxis)

Photo: နေအရမ်းပူလို့ နှာခေါင်းသွေး လျှံခြင်း (Epistaxis)

နှာခေါင်းသွေး လျှံခြင်းဆိုတာဟာ နှာယောင် nostrils တလျောက် မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။ နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ် ။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ တခါတရံ အလွန်ဆိုးဝါးပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်းမျက်ရည်လမ်းကြောင်း nasolacrimal duct မှထွက်ရှိလာပြီး မျက်လုံးကနေတောင် သွေးတွေထွက်ရှိနိုင်ပါတယ် ။ သွေးတွေနဲ့ ခဲနေတဲ့သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိနိုင်ပြီး ပျို့တာတွေ အန်တာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒီကနေတဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S မှာ ၂.၄ မီလီယံ သေဆုံးမှုမှာ ၄ ယောက်သာလျှင်တွေ့ရပါတယ် ။

ဘာကြောင့်လူတွေ နှာခေါင်းသွေးလျှံခြင်း ခံစားရသလဲ။

နှာခေါင်းဆိုတာဟာ ခန္ဓာကိုယ်မှာ သွေးကြောတွေ လွန်စွာ ရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ် ။ ဒါကြောင့် နှာခေါင်းကို နဲနဲလေးဖြစ်ဖြစ်ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် nasal injury ရပြီး သွေးထွက်နိုင်ပါတယ် ။ အကယ်၍ နှာခေါင်းနံရံဟာ ခြောက်သွေ့နေမယ် ကွဲအက်နေမယ်ဆိုရင်တော့ ထိခိုက်မိပြီး တပြိုင်နက်ရုတ်တရက်ချက်ခြင်း သွေးထွက်လာနိုင်ပါတယ် ။ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး ဆောင်ရာသီတွေမှာ တိုက်တဲ့လေကလည်း ခြောက်သွေ့နေမယ် ပူနွေးနေမယ် ဥပမာ အိမ်ထဲကheater တွေကထွက်တဲ့ လေပူတွေကနေတဆင့် နှာခေါင်းသွေးယိုတာ ခံစားရနိုင်ပါတယ် ။ အကယ်၍ လူတွေက သွေးခဲတာကို တားဆီးပေးတဲ့ ဆေးတွေ ဥပမာ သွေးကျဲဆေးတွေဖြစ်တဲ့ warfarin , aspirin နဲ့ အခြားအရောင်ကျဆေးတွေကို သောက်သုံးနေတဲ့လူတွေက ပိုပြီး အဖြစ်များလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ နဲနဲလေးထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက ဖြစ်ပေါ်လာနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်းဟာ အေးတဲ့ ဆောင်လရာသီတွေမှာ ပိုများပြီး အသက်ရှုလမ်း ကြောင်း ဆိုင်ရာပိုးဝင် နေတဲ့ အခြေအနေမှာ (Respiratory tract infections)ပို အဖြစ်များပါတယ် ။ တခါတရံမှာလည်း အပြင်ဖက်အေးတဲ့နေရာကနေ အိမ်အတွင်းပိုင်း ပူနွေး ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ၀င်ရောက်လာတဲ့ အခြေအနေမှာနှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့အချက်တွေ ။

# ပိုးဝင်ခြင်း
# ကိုယ့်ဘာသာနှာခေါင်းကို ကလိရာကနေ ထိလိုက်မိခြင်း
# ယားယံခြင်း နှင့် ယားယံခြင်းမရှိသော နှာမွှန် ခြင်း နှာရည်ယိုခြင်း
# သွေးပေါင်ချိန်များခြင်း (High blood pressure)
# သွေးကို ကျဲစေတဲ့ ဆေးတွေသောက်သုံးခြင်း ( Aspirin, Warfarin , etc,.)
# အရက်အလွန်အကျွံသောက်သုံးခြင်း
# တခြား ရှားပါးတဲ့အချက်တွေကတော့ ကျူမာတွေ(Tumors) နဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေ ပဲဖြစ်ပါတယ်။

နှာခေါင်းသွေး လျှံရင် ဘာလုပ်မလည်း ။

နှာခေါင်း သွေးယိုပြီဆိုရင် အရင်ဆုံးပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့ ။ စိတ်ငြိမ်ငြိမ်ထားပါ ။ တစ်ချို့ နှာခေါင်းသွေး ယိုခြင်း ဟာ တကယ် ဖြစ်နေတာထက် ပိုဆိုးသယောင်ထင်ရတတ်ပါတယ် ။ နှာခေါင်းသွေး ယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ ကုသလို့ရပါတယ် ။ အကယ်၍ သင် နှာခေါင်းသွေး ယိုပြီဆိုလျှင် ပထမဆုံး ထိုင်လိုက်ပါ ။ ပြီးရင်ရှေ့ဘက်ကို ခန္ဓာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ ။ သင့် ရဲ့ ဦးခေါင်းဟာ သင့် နှလုံးရဲ့ အထက်မှာ ရှိနေခြင်းက နှာခေါင်းထဲက သွေးယိုခြင်းကို နည်းပါးစေပါတယ် ။ အရှေ့ဖက်ကို ယိုင်လိုက်ခြင်းအား ဖြင့် နှာခေါင်းထဲက သွေးတွေဟာ လည်ချောင်းထဲဝင်မယ့်အစား နှာခါင်းထဲက ထွက်သွားစေပါတယ် ။ အကယ်၍ သင်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာ သွေးတွေကို မျိုချမိမှာပါပဲ ။ ဒါဆိုရင်တော့ ပျို့တာတွေ အန်တာတွေ ၀မ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ် ။

သင့်ရဲ့ လက်မနဲ့ လက်ညိုးကို ပျော့ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်းထဲက သွေးတွေကို ဖြေးညှင်းစွာ ညှစ်ထုတ်ပါ ။ ညှစ်ရမယ့်နေရာကတော့ သင့်နှာခေါင်းရဲ့ အဆုံးပိုင်းနဲ့ မာကျောပြီး အရိုးပုံစံ ရှိတဲ့ နေရာ ကြားထဲမှာပါပဲ ။ သင့်နှာခေါင်းကို သွေးတွေထွက်တာ ရပ်တဲ့အထိ ကိုင်ထားပါ ။ အနည်းဆုံး ၅ မိနစ်လောက်ပေါ့ ။ သွေးတွေဆက်ထွက်နေတုန်းပဲဆို ရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ ။

ဒါ့အပြင် နှာခေါင်းပေါ်ကို ရေခဲတုံး ၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ် ။ သွေးထွက်တာရပ်သွားပြီဆိုရင်တော့ သွေးထပ်ထွက် စေမည့် အပြုအမှုများကို ရှောင်ပါ ။ ဥပမာ နှာခေါင်းကို ထိခိုက်မိခြင်း အရှေ့ဖက်ကို ခန္ဓာကိုယ်ကို ဆက် ယိုင်နေခြင်းတို့ ပဲဖြစ်ပါတယ် ။

နှာခေါင်းသွေးလျှံ ခြင်းထပ်မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ ။

၁ ။ အိမ်သို့ပြန်ပြီး အနားယူပါ ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ ။
၂ ။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့ ။
၃ ။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကိုဟ ထားပါ ။ ဒါဆိုရင်လေတွေက နှာခေါင်းကနေမထွက်ပဲ ပါးစပ်ကနေ ထွက်သွားမှာ ဖြစ်ပါတယ် ။
၎ ။ ၀မ်း ချုပ်မခံပါနဲ့ ( ၀မ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ၀မ်းဗိုက်အတွင်း ဖိအားများလာခြင်း Intra-abdominal pressure တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ်သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့အတွက်ပါ ။ )
၅ ။ သင့်ရဲ့ ဦးခေါင်းကို နှလုံးရဲ့ အထက်မှာ ရှိနေပါစေ ။
၆ ။ ဆေးလိပ် လုံးဝမသောက်ပါနဲ့ ။
၇ ။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေမသောက်ပါနဲ့ ။ အေးသော ပျော့သော အစာများသာစားပါ ။
၈ ။ Aspirin , Ibuprofen , Clopidogrel bisulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကို ရှောင်ပါ ။ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့် မရပ်သင့် အကြံဥာဏ်တောင်းပါ ။
၉ ။ အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo-Synephrine
ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ် ။ ဒီစပရေးတွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေတက်နေရင်တော့ မသုံးသင့်ပါဘူး ။
၁၀ ။ အကယ်၍ သွေးမရပ်သေးဘူးဆိုရင် ဆရာဝန်ရဲ့ ကုသမှုကို စနစ်တကျခံယူပါ။

စာရေးသူ.....သက်တန့်ချို (၁၁း၃၀ ည ၄.၁၁.၀၉)

Ref; Medicinenet; Wikipedia

နှာခေါင်းသွေး လျှံခြင်းဆိုတာဟာ နှာယောင် nostrils တလျောက် မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။ နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ် ။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ တခါတရံ အလွန်ဆိုးဝါးပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်းမျက်ရည်လမ်းကြောင်း nasolacrimal duct မှထွက်ရှိလာပြီး မျက်လုံးကနေတောင် သွေးတွေထွက်ရှိနိုင်ပါတယ် ။ သွေးတွေနဲ့ ခဲနေတဲ့သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိနိုင်ပြီး ပျို့တာတွေ အန်တာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒီကနေတဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S မှာ ၂.၄ မီလီယံ သေဆုံးမှုမှာ ၄ ယောက်သာလျှင်တွေ့ရပါတယ် ။

ဘာကြောင့်လူတွေ နှာခေါင်းသွေးလျှံခြင်း ခံစားရသလဲ

နှာခေါင်းဆိုတာဟာ ခန္ဓာကိုယ်မှာ သွေးကြောတွေ လွန်စွာ ရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ် ။ ဒါကြောင့် နှာခေါင်းကို နဲနဲလေးဖြစ်ဖြစ်ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် nasal injury ရပြီး သွေးထွက်နိုင်ပါတယ် ။ အကယ်၍ နှာခေါင်းနံရံဟာ ခြောက်သွေ့နေမယ် ကွဲအက်နေမယ်ဆိုရင်တော့ ထိခိုက်မိပြီး တပြိုင်နက်ရုတ်တရက်ချက်ခြင်း သွေးထွက်လာနိုင်ပါတယ် ။ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး ဆောင်ရာသီတွေမှာ တိုက်တဲ့လေကလည်း ခြောက်သွေ့နေမယ် ပူနွေးနေမယ် ဥပမာ အိမ်ထဲကheater တွေကထွက်တဲ့ လေပူတွေကနေတဆင့် နှာခေါင်းသွေးယိုတာ ခံစားရနိုင်ပါတယ် ။ အကယ်၍ လူတွေက သွေးခဲတာကို တားဆီးပေးတဲ့ ဆေးတွေ ဥပမာ သွေးကျဲဆေးတွေဖြစ်တဲ့ warfarin , aspirin နဲ့ အခြားအရောင်ကျဆေးတွေကို သောက်သုံးနေတဲ့လူတွေက ပိုပြီး အဖြစ်များလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ နဲနဲလေးထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက ဖြစ်ပေါ်လာနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်းဟာ အေးတဲ့ ဆောင်လရာသီတွေမှာ ပိုများပြီး အသက်ရှုလမ်း ကြောင်း ဆိုင်ရာပိုးဝင် နေတဲ့ အခြေအနေမှာ (Respiratory tract infections)ပို အဖြစ်များပါတယ် ။ တခါတရံမှာလည်း အပြင်ဖက်အေးတဲ့နေရာကနေ အိမ်အတွင်းပိုင်း ပူနွေး ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ၀င်ရောက်လာတဲ့ အခြေအနေမှာနှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့အချက်တွေ 

# ပိုးဝင်ခြင်း
# ကိုယ့်ဘာသာနှာခေါင်းကို ကလိရာကနေ ထိလိုက်မိခြင်း
# ယားယံခြင်း နှင့် ယားယံခြင်းမရှိသော နှာမွှန် ခြင်း နှာရည်ယိုခြင်း
# သွေးပေါင်ချိန်များခြင်း (High blood pressure)
# သွေးကို ကျဲစေတဲ့ ဆေးတွေသောက်သုံးခြင်း ( Aspirin, Warfarin , etc,.)
# အရက်အလွန်အကျွံသောက်သုံးခြင်း
# တခြား ရှားပါးတဲ့အချက်တွေကတော့ ကျူမာတွေ(Tumors) နဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေ ပဲဖြစ်ပါတယ်။

နှာခေါင်းသွေး လျှံရင် ဘာလုပ်မလဲ ။

နှာခေါင်း သွေးယိုပြီဆိုရင် အရင်ဆုံးပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့ ။ စိတ်ငြိမ်ငြိမ်ထားပါ ။ တစ်ချို့ နှာခေါင်းသွေး ယိုခြင်း ဟာ တကယ် ဖြစ်နေတာထက် ပိုဆိုးသယောင်ထင်ရတတ်ပါတယ် ။ နှာခေါင်းသွေး ယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ ကုသလို့ရပါတယ် ။ အကယ်၍ သင် နှာခေါင်းသွေး ယိုပြီဆိုလျှင် ပထမဆုံး ထိုင်လိုက်ပါ ။ ပြီးရင်ရှေ့ဘက်ကို ခန္ဓာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ ။ သင့် ရဲ့ ဦးခေါင်းဟာ သင့် နှလုံးရဲ့ အထက်မှာ ရှိနေခြင်းက နှာခေါင်းထဲက သွေးယိုခြင်းကို နည်းပါးစေပါတယ် ။ အရှေ့ဖက်ကို ယိုင်လိုက်ခြင်းအား ဖြင့် နှာခေါင်းထဲက သွေးတွေဟာ လည်ချောင်းထဲဝင်မယ့်အစား နှာခါင်းထဲက ထွက်သွားစေပါတယ် ။ အကယ်၍ သင်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာ သွေးတွေကို မျိုချမိမှာပါပဲ ။ ဒါဆိုရင်တော့ ပျို့တာတွေ အန်တာတွေ ၀မ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ် ။

သင့်ရဲ့ လက်မနဲ့ လက်ညိုးကို ပျော့ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်းထဲက သွေးတွေကို ဖြေးညှင်းစွာ ညှစ်ထုတ်ပါ ။ ညှစ်ရမယ့်နေရာကတော့ သင့်နှာခေါင်းရဲ့ အဆုံးပိုင်းနဲ့ မာကျောပြီး အရိုးပုံစံ ရှိတဲ့ နေရာ ကြားထဲမှာပါပဲ ။ သင့်နှာခေါင်းကို သွေးတွေထွက်တာ ရပ်တဲ့အထိ ကိုင်ထားပါ ။ အနည်းဆုံး ၅ မိနစ်လောက်ပေါ့ ။ သွေးတွေဆက်ထွက်နေတုန်းပဲဆို ရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ ။

ဒါ့အပြင် နှာခေါင်းပေါ်ကို ရေခဲတုံး ၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ် ။ သွေးထွက်တာရပ်သွားပြီဆိုရင်တော့ သွေးထပ်ထွက် စေမည့် အပြုအမှုများကို ရှောင်ပါ ။ ဥပမာ နှာခေါင်းကို ထိခိုက်မိခြင်း အရှေ့ဖက်ကို ခန္ဓာကိုယ်ကို ဆက် ယိုင်နေခြင်းတို့ ပဲဖြစ်ပါတယ် ။

နှာခေါင်းသွေးလျှံ ခြင်းထပ်မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ ။

၁ ။ အိမ်သို့ပြန်ပြီး အနားယူပါ ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ ။
၂ ။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့ ။
၃ ။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကိုဟ ထားပါ ။ ဒါဆိုရင်လေတွေက နှာခေါင်းကနေမထွက်ပဲ ပါးစပ်ကနေ ထွက်သွားမှာ ဖြစ်ပါတယ် ။
၎ ။ ၀မ်း ချုပ်မခံပါနဲ့ ( ၀မ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ၀မ်းဗိုက်အတွင်း ဖိအားများလာခြင်း Intra-abdominal pressure တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ်သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့အတွက်ပါ ။ )
၅ ။ သင့်ရဲ့ ဦးခေါင်းကို နှလုံးရဲ့ အထက်မှာ ရှိနေပါစေ ။
၆ ။ ဆေးလိပ် လုံးဝမသောက်ပါနဲ့ ။
၇ ။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေမသောက်ပါနဲ့ ။ အေးသော ပျော့သော အစာများသာစားပါ ။
၈ ။ Aspirin , Ibuprofen , Clopidogrel bisulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကို ရှောင်ပါ ။ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့် မရပ်သင့် အကြံဥာဏ်တောင်းပါ ။
၉ ။ အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo-Synephrine
ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ် ။ ဒီစပရေးတွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေတက်နေရင်တော့ မသုံးသင့်ပါဘူး ။
၁၀ ။ အကယ်၍ သွေးမရပ်သေးဘူးဆိုရင် ဆရာဝန်ရဲ့ ကုသမှုကို စနစ်တကျခံယူပါ။

စာရေးသူ.....သက်တန့်ချို (၁၁း၃၀ ည ၄.၁၁.၀၉)

Ref; Medicinenet; Wikipedia

ကျန်းမာရေးစာတိုများစုစည်းမှု

ဒူးနာခြင်းအကြောင်း

Photo: ဒူးနာခြင်းအကြောင်း

ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့အချက်တွေထဲမှာ ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။ ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရွတ်တွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်းအပြင်ဖက်မှာရှိတဲ့အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင်ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီးပြန်လည်ပြုပြင်တဲ့နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ပါဝင်ပါတယ် ။ အချို့လူနာတွေက တော့ဒူးဆစ်တစ်ခုလုံးလဲလိုက်ရတာမျိုးလည်းရှိပါတယ် ။ ဓါတ်မှန်ပုံမှန်ရိုက်စစ်ဆေးခြင်းက တခြားပြဿနာတွေရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေးနိုင်ပါတယ် ။ ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့စစ်ဆေးနိုင်သလို ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration ) လုပ်ပြီးလည်းစစ်ဆေးနိုင်ပါတယ် ။ တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint ဖြစ်ပါတယ် ။ လေးဖက်နာရောဂါတွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့တစ်ရှုးတွေ ၊ အဆစ်တွေအပါအ၀င် အရိုးတွေယောင်ရမ်းခြင်းကိုဖြစ်စေတယ် အဆစ်တွေကွေးမမရအောင် နာကျင်အောင် ဖြစ်စေတဲ့ရောဂါပဲဖြစ်တယ် ။

ဒူးနာခြင်းကိုအဖြစ်များစေတဲ့အချက်တွေကဘာတွေလဲ

တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှာ အသက်အရွယ်ကြီးရင့်လာခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်းတွေပဲဖြစ်ပါတယ် ။

ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ

ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့အရိုးတွေကိုသာ ထိခိုက်နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ဒူးဆစ်ရဲ့ပုံသဏ္ဍာန်နဲ့ အလေးအပင်တွေမတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲလုပ်ရတာဖြစ်တဲ့အချက်တွေကပဲ ဒူးကို ဒါဏ်ရာရစေတဲ့အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ် ။

အရွတ်ဒါဏ်ရာများ

မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြစ်တဲ့ Medial Collateral Ligament , ဒူးအတွင်းပိုင်းက Cruciate ligaments ကို သွားပြီး ဒါဏ်ရာရစေနိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက ချက်ချင်းဆိုသလို နာကျင်မှုကိုဖြစ်စေပြီး နေရာအတိအကျကို သိရှိဖို့တော့ခက်ခဲလေ့ရှိတယ် ။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ် အပြင်အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ အဲဒီအရွတ်ရှိနေတဲ့နေရာအပေါ်ဖက်ကို နာကျင်စေတာမျိုးလည်းရှိပါတယ် ။ Cruciate Ligament ဒါဏ်ရာရတာကတော့ဒူးအတွင်းပိုင်းက နာတာဖြစ်ပါတယ် ။ အတွင်းပိုင်းက စူးပြီးနာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့အရွတ်ဒါဏ်ရာရခြင်းတွေက နားနေတဲ့အချိန်နဲ့ အလေးအပင်တစ်ခုခုမတဲ့အခါ လမ်းလျှောက်တဲ့အခါ နာနေလေ့ရှိပါတယ် ။ ဒါဏ်ရာတစ်ခုရဲ့ ပြင်းထန်မှုဆိုတာ အနိမ့်ဆုံးနာကျင်မှု ( ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက ပြင်းထန်စွာနာကျင်ခြင်း ( အရွတ်တစ်ခုလုံးစုတ်ပြတ်သွားခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန်အရွတ်ယောင်တာမျိုးလောက်ကိုတော့ ရေခဲအုံခြင်း ပတ်တီးစီးခြင်း ၊ အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ်မြှောက်ထားခြင်းစတာတွေနဲ့သက်သာအောင်ပြုလုပ်နိုင်ပါတယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာရနေတဲ့အချိန်တွေမှာ အလေးအပင်မတာကိုတော့ရှောင်ရမှာဖြစ်ပါတယ် ။ လမ်းလျှော်ကတဲ့အခါလည်းချော်မလဲအောင်သတိထားရပါမယ် ။

တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့အတွက် ပတ်တီးကိုတင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင်ပြုလုပ်လေ့ရှိတယ် ။ တချို့သောပြင်းထန်တဲ့ဒါဏ်ရာရမှုတွေမှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကိုဖွင့်ပြီးခွဲစိတ်ပြုပြင်ခြင်းလုပ်ဖို့လိုပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့အရွတ်တွေကို ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို ခွဲစိတ်လုပ်ဆောင်မှုမျိုးတွေကိုလည်း ဒူးခေါင်းကိုဖွင့်ပြီးဖြစ်စေ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုးပြုလုပ်သင့်သလဲ ဆိုတာကတော့ ဒါဏ်ရာအမျိုးအစားအပေါ်မူတည်ပြီး လူနာ ဘယ်လောက်ထိ ပြန်ကောင်းလာနိုင်မလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်းတစ်ခုလုံးဖွင့်ပြီး ခွဲစိတ်မှသာရနိုင်မှာပါ ။ ယခု လတ်တလော အသုံးပြုနေတဲ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာတွေနဲ့ cruciate ligaments အတွက်ကို ပြန်လည်ပြုပြင်ခြင်း Reconstruction procedure က သိသိသာသာ တိုးတက်အောင်မြင်နေပြီဖြစ်ပါတယ် ။ တခြား ဒါဏ်ရာရမှုတွေထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း ( Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်းပါဝင်ပါတယ်။

ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ

ဒူးဆစ် ၊ တစ်ရှုးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေ နဲ့ဆက်နွယ်နေတဲ့ရောဂါ တွေကနေတဆင့်လည်း ဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ၀ှိုက်မှာရှိတဲ့အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကိုကြုံတွေ့ရတာဖြစ်ပါတယ် ။ တကယ်တော့ဒူးနာခြင်းကို အများဆုံးကြုံတွေ့စေတဲ့ရောဂါကတော့ Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီလေးဖက်နာဆိုတာ Immune ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးက အဆစ်အမြစ်တွေကို အဆစ်ယောင်ခြင်းတွေဖြစ်စေတာဖြစ်ပါတယ် ။ Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး ဒူးဆစ်ရောင်ယမ်းခြင်းကို noninflammatory နဲ့ inflammatory လို့ခွဲထားနိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis လိုမျိုး အရိုးနဲ့အဆစ်ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory ဆိုတာကတော့ လေးဖက်နာသို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုးကိုခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံရောင်သလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ လူအများစုက အဆစ်ရောင်ခြင်းကြုံတဲ့အခါ နာတာရယ် မသက်မသာဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီးတချို့ကတော့ဒူးဆစ်တစ်ခုလုံးလဲပစ်ရတဲ့အခြေအနေအထိလည်းကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ်ရောင်တာကနေစပြီး ဒူးခေါင်းနောက်မှာရှိတဲ့အရေအိတ်ထဲက အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်းကိုဖြစ်စေတယ် ။ အဲဒီအရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်းနာကျင်ခြင်းကိုဖြစ်စေတဲ့အဓိကအချက်လည်းဖြစ်ပါတယ် ။

အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတယ် ။ ဒါပေမယ့်ဝင်ပြီဆိုရင်လည်း အရမ်းပြင်းထန်လေ့ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်းပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်းစတာတွေကြုံရတတ်ပါတယ် ။ တစ်ကိုယ်လုံးချမ်းတုန်လေ့ရှိပြီး အထူးသဖြင့်ဒူးခေါင်းတ၀ှိုက်မှာဖြစ်တဲ့ပြည်တည်နာတွေကြောင့်ဖြစ်တတ်ပါတယ် ။ ဘယ်လိုရောဂါပိုးအမျိုးအစားလဲဆိုတာကတော့ အပ်လေးနဲ့ အဲဒီဒူးဆစ်ထဲကအရည်ကိုစုပ်ယူခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာတွေနဲ့လည်းစမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း နဲ့ တခါတရံ အဆစ်ခွဲစိတ်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်ပါတယ် ။ အဆစ်နဲ့ပတ်သတ်တဲ့ Tumor တွေကတော့ရှားပါတယ် ဥပမာ Synovial sarcomas , giant cell tumors တို့ဖြစ်ပါတယ် ။ ကုသမှုတွေကတော့ခွဲစိတ်ခြင်း ဒူးဆစ်ကိုဖြတ်ပစ်ခြင်းစတာတွေလည်းရှိတတ်ပါတယ် ။ ဘယ်လိုကျူမာအမျိုးအစားလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသမှုနဲ့ခွဲစိတ်မှုတို့ကိုလုပ်ဆောင်လေ့ရှိပါတယ် ။ ဒူးကိုဖုံးထားတဲ့ ဂုံညင်းဒိုးလို့ခေါ်တဲ့ Patella အောက်က အရိုးနုပျော့ပြောင်းခြင်းကို Chondromalacia လို့ခေါ်ပါတယ် ။ ဒါကလည်း ငယ်ရွ့ယ်တဲ့အမျိုးသမီးတွေမှာ ဒူးနာခြင်းကိုအဖြစ်များစေတဲ့ အကြောင်းတစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက်ပြန်ထမရတာ လှေကားတို့တောင်ကုန်းတို့တက်တဲ့အခါဒူးနာတာတွေဟာ ဒီလိုပြဿနာမျိုးကြောင့်ဖြစ်ပါတယ် ။ Bursitis လိုမျိုးကိုတော့ ရေခဲကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့ အကိုက်အခဲပျောက်ဆေးတွေ ဥပမာ ibuprofen , aspirin လိုဆေးတွေပေးပြီးလည်း ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး လည်းကုသတာတွေ ၊ လေ့ကျင့်ခန်းလုပ်ရတာတွေလည်းပါရှိပါတယ် ။

ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတဲ့အခါ သတိထားဖို့ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေတက်တဲ့အခါ လှေကားတွေတက်တဲ့အခါ အလောတကြီးမဖြစ်ကြဖို့နဲ့ မိမိဒူးခေါင်းဟာ တစ်ကိုယ်လုံး ကို သယ်ထားရတဲ့ အကွေးအညွတ်လုပ်တဲ့အဆစ်တစ်ခုဖြစ်တာကြောင့်သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ပါတယ် ။

သက်တန့်ချို
REFERENCES:
Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003.
Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001.
Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. 
http://www.medicinenet.com/total_knee_replacement/article.htm
Additional resources from WebMD Boots UK on Knee Pain

အပျိုလေးတွေမသိပါဘူး

Photo: အပျိုလေးတွေမသိပါဘူး 

ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးကာစ ကောင်မလေးကို သူ့သူငယ်ချင်း အပျိုမတစ်သိုက်က တိုးတိုးတိတ်တိတ်မေးသည်။

"ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?"

"တော်ပါပြီဟာ မပြောချင်ပါဘူး" 
"ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့"

"အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး"

"ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ"

"ဒီလောက်တောင်သိချင်နေကြလည်း ပြောပြမယ်ဟာ။ မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟ"

"ဟင်… ဒီလောက်တောင်လား!!!"

"အေးလေ… လက်ဖွဲ့တွေဝေစုခွဲကြရင်း လင်မယားနှစ်ယောက် ရန်သတ်နေကြတာ မိုးလင်းပေါက်ပဲဟေ့…"
ဗိုလ်တထောင်သား

-

Myanmar News Update

လင်ကွန်း၏ 'မ' ဆယ်လုံး

Photo: လင်ကွန်း၏ 'မ' ဆယ်လုံး

၁။ ချွေတာ စုဆောင်းခြင်းကို အားမပေးပဲ မချမ်းသာနိုင်ပါ ။

၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။

၃။ အာကြီးသူကို အားပျော့အောင် လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။

၎။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာ ရသူတွေကို လစာကို 
တိုးမြင့် မပေးနိုင်ပါ ။

၅။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ ။

၆။ ဝင်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ ။

၇။ ချေးငှားထားသော ငွေဖြင့်လုံခြုံမှု မရရှိနိုင်ပါ ။

၉။ လူသား၏ လုပ်ကိုင်လိုစိတ်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ကို ဖယ်ရှားခြင်းဖြင့် သတ္တိနှင့် ကိုယ်ကျင့် စာရိတ္တကို မတည်ဆောက်နိုင်ပါ ။

၉။ လူတို့အနေဖြင့် သူတို့ကိုယ်တိုင် လုပ်နိုင်သော ကိစ္စ၊ သူတို့အတွက် သူတို့ကိုယ်တိုင် လုပ်သင့်သော ကိစ္စများကို လုပ်ပေးနေခြင်းအားဖြင့် သင်သည် လူများအား ထာဝရ မကူညီနိုင်ပါ ။

၁၀။ လူတန်းစား မုန်းတီးမှု အုံကြွအောင်လုပ်ခြင်းဖြင့် ညီရင်းအစ်ကို စိတ်ဓာတ်မျိုး တိုးတက်မလာနိုင်ပါ ။

( လင်ကွန်း)

ရေးမိရေးရာလေးများ

မြ၀တီ