
အဓိက လိုအပ်တဲ့ပစ္စည်းကတော့ တစ်လက်မစတုရန်းရှိတဲ့ ငွေပြားလေးတစ်ပြားဖြစ်ပါတယ်..ရန်ကုန်မြို့ဆိုရင် (၂၉)လမ်း(အောက်ဘလောက်)ရွှေပြား၊ ငွေပြား၊ ကြေးပြားကြိတ်တဲ့ ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်..အခြားမြို့တွေမှာဆိုရင် ပန်းထိမ်ဆိုင်၊ ရွှေဆိုင်တွေမှာ ၀ယ်ရင် ရနိုင်မယ် ထင်ပါတယ်..ငွေပြားပါးပါးလေးပါ.. အဲဒီ ငွေပြားလေးပေါ်မှာ ကညစ်နဲ့ဖြစ်စေ၊ မင်ကုန်သွားပြီဖြစ်တဲ့ ဘောလ်ပင်နဲ့ဖြစ်စေ အောက်ပါအတိုင်း ထောင့်လေးထောင့်မှာ “ ဇယံ၊ မေတံ္တ၊ သုခံ၊ သိဒံ္ဓ ” ဆိုပြီး ရေးရမယ်..