“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, March 8, 2013

အုန်းသီးရဲ့ လျှို့ဝှက်ချက်

အုန်းသီးဟာ လူတွေ အတွက် ကောင်းမွန် ထူးခြားတဲ့ အစာ တစ်မျိုး ဖြစ်ပါတယ်.
အထူး ခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင် နိုင်စွမ်း ရှိတဲ့ အသီး ဖြစ်ပါတယ်. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေနိုင်စွမ်း ရှိခြင်း၊ ကိုလက်စရောကို လျော့ချ ပေးနိုင်စွမ်း ရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်း ပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည် သွင်းဖို့ လိုအပ်နေသူများကို တောင်မှ အုန်းရည်ဖြင့် အစားသွင်း ကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အသုံးဝင် အရေးပါပုံကို သိရှိသူမှာ လူအနည်းစု လောက်သာ ရှိပါတယ်. ခေတ်ပေါ် ဆေးသုတေသန ပြုသူများ ကလည်း အုန်းသီးဟာ ကျန်းမာရေး အတွက် အလွန် အကျိုးပြု စေနိုင်သော အသီးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်..
အုန်းရည်
အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင် ပေးနိုင်စွမ်း ရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး သက်သေ တစ်ခုကို ပြောပြရမယ် ဆိုရင် ဒုတိယကမ္ဘာစစ် အတွင်းက ပစိဖိတ် ဒေသ စစ်ပွဲတွေ မှာ စစ်သားတွေ အများအပြား ဒဏ်ရာ ရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ် နေပေမဲ့ စစ်မြေပြင် ဖြစ်တာကြောင့် သွေးရည်ကြည် ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည် အစား ထိုးသွင်း ကုသပြီး အသက် ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်.
အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာ တွေ့ရှိ ရပါတယ်.
ကိုလက်စရောကို ကျဆင်းစေခြင်း
အစာခြေနိုင်စွမ်း မြင့်မားစေခြင်း
အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း
ဆဲလ်အသစ်များကို တိုးပွားစေခြင်း
ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း
ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း
အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း
ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း
ရောဂါများကို ခုခံကာကွယ်ပေးခြင်း
မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
ဘက်တီးရီးယားများကို သေစေနိုင်ခြင်း
စတဲ့ အကျိုးဆက် များစွာကို ပေးနိုင်တဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့
အုန်းသီး ဖြစ်ပါတယ်..
အုန်းသီး အနုတွင် သန့်စင် ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့ အတွက် အုန်းသီးအရင့်ထက် စာရင် အဆီ ပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေး အတွက် စဉ်းစားပြီး အုန်းသီး တစ်လုံးကို ၀ယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူ သင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်း အရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညို ခပ်ဖျော့ဖျော့ အရောင် ရှိတတ်ပါတယ်..
အုန်းဆီ
အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုး များတဲ့ ဆေးကုသမှု ဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲ နိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံး သိကြတဲ့ အတိုင်း ဆံပင်သန်စွမ်း နက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင် ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြား ခြောက်သွေ့ခြင်း တို့ကို ကာကွယ် နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သော ပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သော အချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက် ပေးပါက သွားများကို ပိုမို ခိုင်မာ စေနိုင်ပါတယ်လို့ ဖော်ပြ ထားပါတယ်.…
အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများ အတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..
အုန်းဆီကို အရေပြားပေါ် လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်.. အရေပြား တွန့်ခြင်းကိုလည်း နှောင့်နှေး စေတယ် လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြား စောင့်ရှောက် ပစ္စည်းများ ဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ် ကြပါတယ်.. ထိခိုက်ရှနာများ အတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက် အဖြစ် အထောက်အကူ ပြုနိုင် ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေး အဖြစ် ဖုံးအုပ် ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန် စေနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သော မှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်..
အုန်းသီးထွက်ပစ္စည်းများ
အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည် တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြု ကြပါတယ်.. အချို့သော နိုင်ငံ များတွင် အုန်းနို့မှာ ဟင်းလျာ အတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာ နိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော် များများတွင် အုန်းနို့ ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့် ပြု လုပ်သော အစားအသောက်များ အလွန်အကျွံ စားသုံးပါက သွေးတိုး ရောဂါသမားများအတွက် အလွန်အန္တရာယ် ကြီးပါတယ်..
ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်.... :)
Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့်
Funzug.com မှ အချက်အလက်များကို မှီငြမ်း ကိုးကားပါသည်။ ဤပိုစ့်ပါ အချက် အလက်များကို အတည်ပြုပေးပြီး အချက်အလက် အသစ်များ ထပ်မံ ရှာဖွေ ကူညီပေးသော ဒေါက်တာ ဇီဝက(ဆေး-၂) အားအထူး ကျေးဇူး တင်ရှိပါသည်။

http://myawady.net.mm/health/preventing/item/8687-2013-03-08-09-35-40
http://myawady.net.mm/health/preventing/item/8687-2013-03-08-09-35-40

သားသမီး ယူလိုသူများ အတွက် သားဥကြွေရက် သိရှိစေရန်

သင်က သားသမီးယူဖို့ ကြိုးစားနေရင် သင်ရဲ့ သားဥကြွေရက်ကို သိရှိဖို့ လိုပါတယ်။
  သားဥ ကြွေတဲ့ ရက်နဲ့ သားဥကြွေပြီး သုံးရက်မြောက်နေ့ အထိ သားသမီး ရနိုင်ခြေ များတာ ကြောင့်ပါ။ သားဥကြွေတယ် ဆိုတာက အမျိုးသမီးရဲ့ သားအိမ် တစ်ဖက် တစ်ချက်စီမှာ ရှိတဲ့ သားဥ အိမ်တွေကနေ တစ်လုံး ဒါမှမဟုတ် တစ်လုံးထက်ပိုတဲ့ သားဥတွေကို ထုတ်ပေးတာပါ။ သားဥကြွေတဲ့ အချိန်မှာ အမျိုးသားနဲ့ စပ်ယှက်တဲ့အခါ သားဥလေးက မျိုးအောင်ပြီး သားသမီး ရရှိနိုင်ပါတယ်။ သားဥကြွေတဲ့ရက်ကို သိနိုင်ဖို့ အောက်ပါ လက္ခဏာတွေကို သိရှိထားဖို့ လိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု
သားဥကြွေရက်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှု အနည်းငယ် ရှိနိုင်ပါတယ်။ မသိသာ လွန်းတာကြောင့် သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
-ရင်သားတင်းတာ
-ဗိုက်အောင့်တာ
-ယောနိလမ်းကြောင်းမှ အရည်ဆင်းတာက ပုံမှန်ထက် အနည်းငယ် ပိုများတာ
-သားအိမ်ခေါင်းအဝ ပုံသဏ္ဌာန် အနည်းငယ် ပြောင်းလဲမှုရှိတာ (ဆရာဝန် စမ်းသပ်ကြည့်မှ သိနိုင်)
ခန္ဓာကိုယ် အပူချိန်
အမေရိကန် သားဖွားနဲ့ မီးယပ်ကောလိပ်က သားဥကြွေချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အပူချိန် အနည်းငယ် မြင့်တက်တယ်လို့ ဆိုပါတယ်။ ကိုယ်အပူချိန် အနည်းငယ် တက်တာကို သိရှိနိုင်ဖို့က နေ့စဉ် အိပ်ရာထမှာ ကိုယ်ပူချိန် တိုင်းတာထားဖို့တော့ လိုပါတယ်။ ဖျားတာ၊ အိပ်ပျက်များတာ၊ အလုပ်ပင်ပန်းတာ၊ စိတ်လှုပ်ရှားနေတာ စတဲ့ အချိန် တွေမှာတော့ ကိုယ်ပူချိန်ကို တိတိကျကျ တိုင်းတာလို့ မရနိုင်ပါဘူး။
မိန်းမကိုယ်မှ ဆင်းသော အရည်
သားဥကြွေတဲ့ ရက်ကို မိန်းမကိုယ်မှ ဆင်းတဲ့ အရည်ကို ကြည့်ပြီးလည်း ခွဲခြား သိနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်က အမြဲလိုလို စွတ်စိုနေတတ်တယ် ဆိုပေမယ့် သားဥ ကြွေရက်မှာတော့ တခြားနေ့တွေထက် ပိုပြီး စွတ်စို နိုင်သလို အရောင်အဆင်းလည်း ကွဲပြား ပါတယ်။ ဓမ္မတာ လာပြီးနောက် မိန်းမကိုယ်မှ ဆင်းတဲ့ အရည်က စေးကပ်ကပ် ဖြစ်နေတာမျိုး သတိထား မိနိုင်ပါတယ်။ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြား သားဥကြွေတဲ့ ရက်မှာတော့ မိန်းမကိုယ်မှ အရည်ဆင်း တာက ခါတိုင်းရက်တွေထက် အနည်းငယ် ပိုများပြီး ကြက်ဥစိမ်းရဲ့ အကာရည် ကြည်လိုပဲ အရည်ကြည်တွေ ဆင်းတတ်ပါတယ်။ သားဥကြွေပြီး နောက်ရက် တွေမှာ အရည်ဆင်းတာ နည်းသွားပြီး အရည်ကြည်ကနေ အရောင်နည်းနည်း အနောက် ဖြစ်သွားပါတယ်။ မိန်းမကိုယ်တွင်း ဆေးတောင့်ထည့်ပြီး ကုသမှု ခံယူနေရသူတွေ၊ နို့တိုက်မိခင်၊ သွေးဆုံးပြီး အမျိုးသမီးတွေ၊ သားအိမ်ခေါင်း ခွဲစိတ်ကုသမှု ခံယူထားသူတွေ အနေနဲ့ မိန်းမကိုယ်မှ ဆင်းတဲ့ အရည်ကို သတိထားကြည့်မယ်ဆိုရင် အခုပြောပြတဲ့ အချက်တွေနဲ့ အနည်းငယ် လွဲတာမျိုး ဖြစ်နိုင်ပါတယ်။

အလင်း (ဆေးဝါး)
http://myawady.net.mm/health/preventing/item/8689-2013-03-08-09-38-46

အစိမ်းရောင် အသီးအရွက်များကို စားသုံးခြင်းဖြင့် အမျိုးသမီး ရောဂါ လက္ခဏာများအား ၄ဝ ရာခိုင်နှုန်း ထိ လျှော့ချပေးနိုင်

အစိမ်းရောင်ရှိ အသီးအရွက်များအား စားသုံးခြင်းသည် အမျိုးသမီးများ၌ ဓမ္မတာ မလာမီ ခံစားရသည့် ဝေဒနာများအား ၄ဝ ရာခိုင်နှုန်း အထိ လျှော့ချ ပေးနိုင်ကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။ အပင်များတွင် တွေ့ရှိရသည့် non-heme အမည်ရှိ သံဓာတ်အား
သိပ္ပံပညာရှင် များမှ သေချာစွာ လေ့လာ ဆန်းစစ် ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များသည် ၎င်းသတ္တုဓာတ် ပြည့်ဝစွာ ပါဝင်သည့် အစားအသောက် များကို စားသုံးသည့် အမျိုးသမီးများအား ၁ဝ နှစ် ကြာ လေ့လာခဲ့ရာ ၎င်း အမျိုးသမီး များတွင် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခဏာများအား သိသာစွာ လျှော့ ချ ပေးနိုင်ခဲ့ကြောင်း တွေ့ရှိ ခဲ့ကြ သည်။
ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာ များမှာ အမျိုးသမီး တစ်ဦး၏ ရာသီ စက်ဝန်းတွင် တစ်လမပြည့်ခင် နှစ်ပတ် အလို၌ ခံစားရလေ့ ရှိပြီး ၎င်းတို့မှာ ဆီးမထိန်းနိုင်ခြင်း၊ ရင်သား နာကျင်ကိုက်ခဲ ခြင်း၊ စိတ်ကယောင် ချောက်ချားဖြစ်ခြင်း၊ စိတ်ခံစား လွယ်ခြင်းနှင့် လိင်ဆက်ဆံမှုတွင် စိတ်ဝင်စားမှု နည်းပါး ခြင်းတို့ ဖြစ်သည်။
သုတေသန ပညာရှင်များသည် ပထမဦးစွာ သတ္တုဓာတ် ပါဝင်မှုနှင့် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခဏာများ ဆက်စပ်မှုအား အမျိုးသမီးပေါင်း ၃ဝဝဝ အပေါ်၌ အကဲဖြတ် လေ့ လာခဲ့သည်။ လေ့လာမှုတွင် ပါဝင်သည့် ၎င်း အမျိုးသမီးများသည် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လကဏ္ခာ များ ကြုံတွေ့ ခံစားရသူများ မဟုတ်ပေ။ ၁ဝ လကြာ ကာလအတွင်း ၎င်း အမျိုး သမီးများ စားသုံးသည့် အစားအစာများကို လေလ့ာခဲ့ရာ အမျိုးသမီး ၁ဝ၅၇ ဦးမှာ ရောဂါဝေဒနာ ခံစားခဲ့ရပြီး non-heme သံဓာတ် ပါဝင်သည့် အစားအစာ များကို အများဆုံး စားသုံးသူ အမျိုးသမီး ၁၉၆၈ ဦးမှာ အဆိုပါ ရောဂါ ဝေဒနာ မခံစားရကြောင်း တွေ့ရှိခဲ့ကြသည်။ Non-heme သံဓာတ် ပြည့်ဝသော အစားအစာများမှာ အနက်ရောင်နှင့် အစိမ်းရောင်ရှိ အရွက်များ၊ သစ် သီးခြောက် များ၊ ကောက်ပဲသီးနှံများ၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ် ကဲ့သို့သော မုန်လာထုပ်၊ အစိမ်းရောင်ရှိ ပန်းဂေါ်ဖီထုပ်နှင့် အစိမ်းရောင် ပဲသီးများ ဖြစ်ကြသည်။ ။

ငြိမ်းချမ်း
http://myawady.net.mm/health/item/8684-2013-03-08-09-34-12

မွေးနေ့ ရက်များက ပြောသော လူတယောက်ရဲ့ အမူအကျင့်များ..............

Photo: မွေးနေ့ ရက်များက ပြောသော လူတယောက်ရဲ့ အမူအကျင့်များ..............

ဒီနေ့ ဖူးစာက သူငယ်ချင်းတွေကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလက ဖူးစုံ ဆယ်ကျော်သက် မဂ္ဂဇင်းထဲက ဆောင်းပါးရှင် ၀င်းကိုကို ရေးသားထားတဲ့ မွေးနေ့ အလိုက် တိရိစ္ဆာန်အကောင်လေး များနဲ့ တင်စားထားတဲ့လူတယောက်ရဲ့ အမှုအကျင့်တွေ ဘယ်လိုရှိတယ်ဆိုတာ ကိုယ့်မွေးနေ့ရက်လေးနဲ့တွက်ကြည့်ရတဲ့ ဗေဒင် လေးကို ပြန်လည်ကူးယူတင်ပြပေးလိုက်ပါတယ်..ရှင် ကျွန်မ တွက်ကြည့်တော့ အားလုံ
းနီးပါး မှန်နေတယ်လေ။ သူငယ်ချင်းတို့လည်း ဗေဒင် ၀ါသနာ ပါသည်ဖြစ်စေ ၀ါသနာ မပါလည်း အပျော်သဘောလေးတော့ တွက်ကြည့်လိုက်နော်........ ။

(၁)ဇန်န၀ါရီ

၀၁ - ၀၉ ခွေး

၁၀ - ၂၄ ကြွက်

၂၅ - ၃၁ ခြင်္သေ့

(၂)ဖေဖော်ဝါရီ

၀၁ - ၀၅ ကြောင်

၀၆ - ၁၄ ချိုးငှက်

၁၅ - ၂၁ လိပ်

၂၂ - ၂၈ ကျားသစ်နက်

(၃)မတ်

၀၁ - ၁၂ မျောက်

၁၃ - ၁၅ ခြင်္သေ့

၁၆ - ၂၃ ကြွက်

၂၄ - ၃၁ ကြောင်

(၄)ဧပြီ

၀၁ - ၀၃ ခွေး

၎ - ၁၄ ကျားသစ်နက်

၁၅ - ၂၆ ကြွက်

၂၇ - ၃၀ လိပ်

(၅)မေ

၀၁ - ၁၃ မျောက်

၁၄ - ၂၁ ချိုးငှက်

၂၂ - ၃၁ ခြင်္သေ့

(၆)ဇွန်

၀၁ - ၀၃ ကြွက်

၎ - ၁၄ လိပ်

၁၅ - ၂၀ ခွေး

၂၁ - ၂၄ မျောက်

၂၅ - ၃၀ ကြောင်

(၇)ဇူလိုင်

၀၁ - ၀၉ ကြွက်

၁၀ - ၁၅ ခွေး

၁၆ - ၂၆ ချိုးငှက်

၂၇ - ၃၁ ကြောင်

(၈)သြဂုတ်

၀၁ - ၁၅ မျောက်

၁၆ - ၂၅ ကြွက်

၂၆ - ၃၁ လိပ်

(၉)စက်တင်ဘာ

၀၁ - ၁၄ ချိုးငှက်

၁၅ - ၂၇ ကြောင်

၂၈ - ၃၀ ခွေး

(၁၀)အောက်တိုဘာ

၀၁ - ၁၅ မျောက်

၁၆ - ၂၇ လိပ်

၂၈ - ၃၁ ကျားသစ်နက်

(၁၁)နိုဝင်ဘာ

၀၁ - ၁၆ ခြင်္သေ့

၁၇ - ၃၀ ကြောင်

(၁၂)ဒီဇင်ဘာ

၀၁ - ၁၆ ခွေး

၁၇ - ၂၅ မျောက်

၂၆ - ၃၁ ချိုးငှက်

(၁)ခွေး မွေးနေ့

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကိုစိတ်ရင်း အားဖြင့် လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကိုရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်း လိုက်ဖက်သည့်အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်း အသင်းများ အလယ်တွင်ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

(၂)ကြွတ် မွေးနေ့

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလား ကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ် ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်ကစကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

(၃)ခြင်္သေ့ မွေးနေ့

၃။ အကယ်၍ သင့်မွေးနေ့သည် ခြသေ့င်္င့်္ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်း နိုင် သူလည်း ဖြစ်သည်။ သူတပါး၏ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

(၄)ကြောင် မွေးနေ့

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်များကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကိုလေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျားလိုက်တတ် သည်။ ပုံမှန်အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများ က သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

(၅)လိပ် မွေးနေ့

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူ ဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှနောက်ကွယ် မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

(၆)ချိုးဌက် မွေးနေ့

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ဂယက်ရိုက်မှုနှင့်ကင်းကွာ နေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလို လား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦးဖြစ်သည်။

(၇)ကျားသစ်နက် မွေးနေ့

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများ ကို ကူညီတတ်သူဖြစ်သည်။

(၈)မျောက် မွေးနေ့

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက် လိုသူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ် သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ် ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည်။

အကောင်းအဆိုးတွေနဲ့ တွဲနေတတ်တဲ့ သူငယ်ချင်းတို့ရဲ့ မွေးနေ့ ဗေဒင်လေးမှာ အကောင်းလေးတွေဆိုယင်တော့ ၀မ်းသာမိမှာပေါ့
အဆိုးအညံ့လေးတွေ ဆိုယင်လည်း ကိုယ့်ရဲ့ အကျင့် စိတ်ဓါတ် ခံယူချက်လေးတွေကိုပြုပြင်ပြီး မိမိဘ၀ရဲ့ အောင်မြင်မှုကို ကိုယ်တိုင်ပဲ့ကိုင်ကြရအောင်နော်။

ဆောင်းပါးရှင် ကိုဝင်းကိုကို ကျေးဇူးပါ

သူငယ်ချင်းများ အားလုံး ဘ၀မှာ ကံကောင်းခြင်းနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေ။

khaingwarmoe
ဒီနေ့ ဖူးစာက သူငယ်ချင်းတွေကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလက ဖူးစုံ ဆယ်ကျော်သက် မဂ္ဂဇင်းထဲက ဆောင်းပါးရှင် ၀င်းကိုကို ရေးသားထားတဲ့ မွေးနေ့ အလိုက် တိရိစ္ဆာန်အကောင်လေး များနဲ့ တင်စားထားတဲ့လူတယောက်ရဲ့ အမှုအကျင့်တွေ ဘယ်လိုရှိတယ်ဆိုတာ ကိုယ့်မွေးနေ့ရက်လေးနဲ့တွက်ကြည့်ရတဲ့ ဗေဒင် လေးကို ပြန်လည်ကူးယူတင်ပြပေးလိုက်ပါတယ်..ရှင် ကျွန်မ တွက်ကြည့်တော့ အားလုံ
းနီးပါး မှန်နေတယ်လေ။ သူငယ်ချင်းတို့လည်း ဗေဒင် ၀ါသနာ ပါသည်ဖြစ်စေ ၀ါသနာ မပါလည်း အပျော်သဘောလေးတော့ တွက်ကြည့်လိုက်နော်........ ။

(၁)ဇန်န၀ါရီ

၀၁ - ၀၉ ခွေး

၁၀ - ၂၄ ကြွက်

၂၅ - ၃၁ ခြင်္သေ့

(၂)ဖေဖော်ဝါရီ

သင်ဒါတွေသိရဲ့လား

Photo: သင်ဒါတွေသိရဲ့လား (၂၃)
----------------------------------------------------------------

၁) မက်မက်မောမောနမ်းရှိုက်ခြင်းဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ cortisol ဟိုမုန်းပမာဏကိုလျှော့ချပေးနိုင်ပါတယ်…

၂) အမျိုးသမီး ၈၀ ရာခိုင်နှုန်းဟာ ရင်ဘတ်မွေးမရှိတဲ့ အမျိုးသားတွေကို ပိုနှစ်သက်ကြပါတယ်….

၃) “အမျိုးသားတို့သိသမျှ အမျိုးသမီးတို့အကြောင်း” ဆိုတဲ့နာမည်နဲ့စာအုပ်တစ်အုပ်ထွက်ခဲ့ဖူးပါတယ်… အဲ့ဒီစာအုပ်ဟာ စာမျက်နှာ ၁၀၀ လုံးလုံး ဗလာချည်းပဲပါတဲ့ (ဘာမှမရေးထားတဲ့) စာအုပ်တစ်အုပ်ဖြစ်ပါတယ်…

၎) ရေဒီယိုတွေမှာ ထုတ်လွှင့်တတ်တဲ့ လေလှိုင်းပေါ်က အမေးအဖြေကဏ္ဍအများစုဟာ အသံသရုပ်ဆောင်သူတွေကလုပ်ဆောင်တာဖြစ်ပြီး အတုတွေများပါတယ်…

၅) သင်ဟာ တစ်စုံတစ်ယောက်အကြောင်း အမြဲလိုလိုတွေးမိနေတယ်ဆိုရင် သူကလည်း သင့်အကြောင်း တွေးနေပါလိမ့်မယ်…

၆) အိပ်ရာဝင်နောက်ကျတာက နောက်တစ်နေ့အတွက် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှုကို တိုးမြင့်စေပါတယ်…

၇) မိုးကြိုးပစ်ခံရသူ ၁၀ ဦးမှာ ၉ ဦးက အသက်မသေဆုံးကြပါဘူး….

၈) တစ်စုံတစ်ယောက်ဟာ သင့်ကို ၆ စက္ကန့်နဲ့အထက်ကြာအောင် မျက်တောင်မခတ်ဘဲ ငေးကြည့်နေတယ်ဆိုရင် သင့်ကိုအန္တရာယ်ပေးချင်တဲ့သူ ဒါမှမဟုတ် သင့်ကိုကြည်နူးပျော်ရွှင်စေချင်တဲ့သူဖြစ်ပါလိမ့်မယ်…

၉) ဆယ်ကျော်သက်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ မနက်ခင်း မျက်နှာသစ်သွားမတိုက်ခင် သူတို့ဖုန်းတွေကို စစ်ကြည့်တတ်ကြပါတယ်…

၁၀) စစ်တုရင်ကစားတဲ့အခါပြောတဲ့ Chess mate ဆိုတဲ့ ဝေါဟာရဟာ ပါရှား(အီရန်)ဝေါဟာရ Shah mat ကနေ ဆင်းသက်လာတာပါ… အဓိပ္ပာယ်ကတော့ ဘုရင်ကြီးသေပြီ “the king is dead” ဖြစ်ပါတယ်…

၁၁) ဒုတိယကမ္ဘာစစ်အတွင်းက ဘာလင်မြို့အပေါ် မဟာမိတ်တွေကြဲချခဲ့တဲ့ ဗုံးတွေရဲ့ ပထမဆုံးဗုံးဟာ ဘာလင်တိရိစ္ဆာန်ဥယျာဉ်ထဲက ဆင်တစ်ကောင်ကိုသာ သတ်ဖြတ်နိုင်ခဲ့ပါတယ်…

၁၂) ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မဖြစ်လာခင်က လေဒီဂါဂါဟာ စားပွဲထိုးမယ်တစ်ယောက်အဖြစ်အလုပ်လုပ်ခဲ့ဖူးပါတယ်… 
----------------------------------------------------------------
Ref: Crazy Facts

နှိုင်းရင့်နွေ

http://www.facebook.com/MyawadyNews

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေသော အကြောင်းရင်း ……

Photo: အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေသော အကြောင်းရင်း ……

အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

၁။ သားအိမ်အတွင်းလွှာ နေရာလွှဲခြင်း
သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာကျနေတာမျိုးပါ။ ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း ။

၂။ ဆီးအိတ်တာရှည်ရောင်ရမ်းခြင်း
ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။ ဆီး မကြာခဏ သွားချင်တာနဲ့ ဆီးသွားတဲ့အခါ နာကျင်တာတွေကို ခံစားရတတ်ပါတယ်။

၃။ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်စလုံးဟာ တင်ပါးဆုံအင်္ဂါတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေအပေါ် နာတာရှည် ဖိအားသက်ရောက်စေနိုင်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ဆီးပြွန်နာကျင်ခြင်း ။

၎။ ဝမ်းဗိုက်တွင်း သွေးကြောထုံးခြင်း
ဝမ်းဗိုက်ထဲက သွေးကြောတွေ ထုံးတာကြောင့် နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက်သွေးကြောထုံးခြင်းလိုပဲ သွေးပြန်ကြောထဲက အဆို့ရှင်တွေဟာ အားနည်းပြီး သွေးစီးဆင်းအားနည်းတာကြောင့် နာကျင်တဲ့ ဖိအားကို ဖြစ်စေပါတယ် ဝမ်းဗိုက်အောက်ပိုင်းမှာ စူးစူးရှရှအောင့်ခြင်း၊ နံနက်ခင်းမှာ သိပ်မနာဘဲ တဖြည်းဖြည်း ပိုမိုနာကျင်လာခြင်းဖြစ်လာခြင်း ။

၅။ တာရှည် မိန်းမကိုယ်နာခြင်း
တာရှည်မိန်းမကိုယ်နာတာဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သေချာမသိသေးပါ။ မှိုကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို မြင်းစီးခြင်းနဲ့ ကလေးမွေးဖွားရာမှ နာ့ဗ်ကြော ထိခိုက်သွားတာကြောင့် ဖြစ်တတ်ပါတယ်။
မိန်းမကိုယ်မှာ တာရှည်နာကျင်မှု ဒါမှမဟုတ် သက်သာလိုက် ပြန်ဖြစ်လိုက် နာကျင်မှုဟာ တင်ပါးနဲ့ ပေါင်ရင်းနေရာအထိ ပျံ့နှံ့သွားတတ်ခြင်း၊ ရာသီသွေးထိန်းတောင့်ထည့်ခြင်း၊ ကျပ်တဲ့ ဂျင်းဘောင်းဘီဝတ်ခြင်းနဲ့ အထိုင်များခြင်းတွေကြောင့်လည်း မိန်းမကိုယ် နာကျင်တတ်ပါတယ်။
—

မျက်စိ တစ်စုံဖြင့် စာလုံးရေ ၄ဝဝဝဝ ပါဝင်သော စာအုပ်ကို ရေးသားခဲ့သူ တရုတ်အမျိုးသား ဝမ်ကျန်ဟွာ

Photo: မျက်စိ တစ်စုံဖြင့် စာလုံးရေ ၄ဝဝဝဝ ပါဝင်သော စာအုပ်ကို ရေးသားခဲ့သူ တရုတ်အမျိုးသား ဝမ်ကျန်ဟွာ

ဆွံ့အနားမကြား ဖြစ်နေသည့် အပြင် အကြောများ သေ၍ အိပ်ရာပေါ်တွင် ခြောက်နှစ်ကြာ လဲလျောင်း နေခဲ့ရပြီး စက်ပစ္စည်း၏ အကူအညီ ဖြင့်သာ အသက် ဆက်ခဲ့ရသည့် တရုတ်အမျိုးသား ဝမ်ကျန်ဟွာသည် ၎င်း၏ လှုပ်ရှားနိုင်သော မျက်လုံးတစ်စုံဖြင့် စာလုံးပေါင်း ၄ဝဝဝဝ ပါဝင်သော စာအုပ် တစ်အုပ်ကို ရေးသား နိုင်ခဲ့သည်ဟု သိရသည်။

ဝမ်ကျန်ဟွာ၏ စာအုပ်တွင် ၎င်း၏ ဘဝအကြောင်း တစ်ဝက်နှင့် ကဗျာတစ်ဝက် ပါရှိသည်။ ဝမ်ကျန်ဟွာသည် အသက် ၅၇ နှစ်ရှိပြီ ဖြစ်ပြီး ၎င်းသည် Amyotrophic Lateral Sclerosis ဟုခေါ်သည့် ကုသ၍ မရသော Motor Disease ရောဂါကို ခံစားနေရသူ ဖြစ်သည်။

Motor disease ရောဂါသည် ကြွက်သား လှုပ်ရှားမှုကို ထိန်းချုပ် ပေးနေသည့် ဦးနှောက်ကြောမကြီးနှင့် ဦးနှောက်တွင်းရှိ နာ့ဗ်ဆဲလ်များ၏ ရောဂါ တစ်မျိုးဖြစ်သည်။ ဝမ်ကျန်ဟွာ ၏ လုပ်ဆောင်မှုသည် ၎င်း၏ ကြုံတွေ့ ရင်ဆိုင်နေရသော ဘဝအကြောင်းနှင့် ဘဝကို အရှုံးမပေးသည့် ၎င်း၏ စိတ်ဓာတ်ကို တရုတ်နိုင်ငံ တစ်ဝန်း သိရှိ စေခဲ့သည်။

ဝမ်ကျန်ဟွာသည် ကိုယ်လက်လှုပ်ရှား၍ မရသည့်အပြင် အသက်ရှူနိုင်ရန် အတွက်လည်း စက်ပစ္စည်း၏ အကူအညီဖြင့် အသက် ဆက်ခဲ့ရသူ ဖြစ်သည်။ ခန္ဓာကိုယ် တစ်ခုလုံးတွင် လှုပ်ရှား၍ရသည့် အရာမှာ ၎င်း၏ မျက်လုံး တစ်စုံသာ ဖြစ်သည်။ စာအုပ်ကို ရေးသားခဲ့ရာတွင် ဝမ်ကျန်ဟွာသည် စာလုံးကို မျက်လုံးဖြင့် ညွှန်ပြခဲ့ပြီး ဇနီးသည်ဖြစ်သူ ဝူမိုင်လီ၏ အကူအညီဖြင့် ရေးသားခဲ့သည်။

ခြောက်နှစ်တာ ကာလအတွင်း ဝူမိုင်လီသည် ခင်ပွန်းသည် ရှေ့တွင် စာလုံးများ၊ အသံထွက်များ ရေးသား ထားသည့် ဘုတ်တစ်ခုကို ကိုင်ဆောင် ထားခဲ့ရပြီး ခင်ပွန်းသည် မျက်လုံးဖြင့် ညွှန်ပြသည့် စကားလုံး များကို ထောက်ပြ ဖတ်ပြပြီး ရေးသားခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/03/blog-post_8.html

TechSpace Journal

အေးချမ်းမွန်မှ ( TechSpace Journal ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး စီအီးအို

Photo: ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး စီအီးအို
Friday, March 8, 2013

Marissa Mayer လို့အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး အသက် ၃၇ နှစ်သာ ရှိပါသေးတယ်။ ၂၀၁၃ ခုနှစ်မှာပဲ Yahoo! ရဲ့  စီအီးအိုအဖြစ် အခန့်အပ် ခံရပါတယ်။

Yahoo! မတိုင်မီက ၁၉၉၉ ခုနှစ်ကစလို့ Google မှာ စတင် လုပ်ကိုင်ခဲ့ သူ ဖြစ်ပါတယ်။ Google ရဲ့  အယောက် ၂၀ မြောက်ဝမ်းထမ်း၊ ပထမဦးဆုံး အမျိးသမီးအင်ဂျင်နီယာ ဝန်ထမ်းအဖြစ်လည်း အသိအမှတ်ပြု ခံခဲ့ရပါတယ။် Google မှာတုန်းကလည်း လုပ်သက်ရှည်ပြီး အရေးအကြီးဆုံး ခေါင်းဆောင် ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ တကယ်လည်း လုပ်ကိုင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့သြဇာလွမ်းမိုးမှု အရှိဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် စာရင်းမှာ အဆင့် ၁၄ အနေနဲ့ ပါဝင်ခဲ့ပါတယ်။ မီလျံနာ တစ်ဦး ဖြစ်ပြီး Yahoo! အပြင် အခြားသော စီးပွားရေးလုပ်ငန်း၊ ပရဟိတ လုပ်ငန်း အဖွဲ့အစည်းများစွာမှာလည်း တာဝန်ယူ ဝင်ရောက် လုပ်ကိုင်လျက် ရှိပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က Zachary Bogue အမည်ရ ရှေ့ နေနဲ့ ရင်းနှီးမြှုပ်နှံသူ နဲ့ အိမ်ထောင်ကျပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ကလေးမွေးလို့ မိခင်တစ်ဦး ဖြစ်လာပါတယ်။ မိခင်ဖြစ်ပေမယ့် အိမ်မှုကိစ္စထပ် စီးပွားရေးလုပ်ငန်းမှာ ပိုမိုအားစိုက်သူ ဖြစ်ပါတယ်။

သူတာဝန်လွဲပြောင်းယူတဲ့ Yahoo! ဟာ ၂၀၁၃ မှာ အလားအလာကောင်း များ မြင်တွေ့နေရတဲ့အတွက် ၂၀၁၃ ခုနှစ် အတွက်လည်း သြဇာ အရှိဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ စာရင်းတွင် ပါဝင်နိုင်တယ် လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
-
Ref: wiki
International news for myanmar

www.facebook.com/mwdmedia

စွပ်ပြုတ်အစားထိုးရေခဲမုန့်

Photo: စွပ်ပြုတ်အစားထိုးရေခဲမုန့်

08 MAR ACM 2013 | BY HEALTH DIGEST

များသောအားဖြင့် အအေးမိ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး Influenza ဝင်ခံရပြီး တုပ်ကွေးဖြစ်တဲ့အခါ ကြက် စွပ်ပြုတ်ပူပူလေး သောက်ခြင်းဖြင့် ဝေဒနာတွေ သက်သာသွားအောင် ကုစားခဲ့ကြပါတယ်။ ယခုတော့ တုပ်ကွေးရောဂါ ပိုးဒဏ်ကို သက်သာစေမယ့် ပျော်စရာကောင်းတဲ့ နည်းလမ်း တစ်ခု ထွက်ပေါ် လာပါပြီ။ ရေခဲမုန့် ထုတ်လုပ်သော အမေရိကန်ပြည် ထောင်စုရှိ ကုမ္ပဏီ အငယ်စားလေး တစ်ခုက ယခုနှစ်ပိုင်း အတွင်း အဖြစ်များနေသော အထက်ပါ တုပ်ကွေး ရောဂါကို သက်သာစေနိုင်မယ့် အနံ့ အရသာ အသစ်ဖြင့် ထုတ်လုပ်ထားသော ရေခဲမုန့် တစ်မျိုးကို တီထွင် လိုက်ပါတယ်။ Influenza Sorbet လို့ခေါ်တဲ့ ထိုရေခဲမုန့် အမျိုးအစားကို ယခင်က အအေးမိ တုပ်ကွေး လက္ခဏာများကို သက်သာစေရာ မှာ အသုံးပြုခဲ့သော ပစ္စည်းများ ဖြစ်သည့် သံပရာ၊ Canyenne Pepper တို့ ပါဝင်ပါတယ်။ တစ်ပိုင့်လျှင် ၁၂ ဒေါ်လာတန် ထိုရေခဲမုန့်မှာ ဂျင်း၊ ပျားရည်တို့ကိုပါ ထည့်သွင်းထုတ် လုပ်ထားပါတယ်။ လည်ချောင်းနာခြင်း၊ နှာစေးခြင်းဝေဒနာ များကို သက်သာစေပါတယ်။ ချောင်းဆိုးပျောက် ဆေးများထဲတွင် ပါဝင်သော Pectin အမည်ရှိ ဆေးဝါးတစ်မျိုးလည်း ပါဝင်ပြီး ထိုဆေးက လည်ပင်းကို Coat လုပ်ပေးသလို ဖြစ်စေပါတယ်။ တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်မားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဆေး ရေခဲမုန့်ရောင်းအားလည်း သိသာ စွာ ထိုးတက်သွားခဲ့ကြောင်း သိရ ပါတယ်။
ဇင်မာမြင့်

 ( HEALTH DIGEST )