“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, April 1, 2012

☆☆☆G-Talk အတွက် Bot Accounts များ☆☆☆

ဒီစနစ်ကတော့ G-Talk သုံးစွဲသူ User များအနေနဲ့ သိရှိပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လုံးဝမသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်ပါတယ်။
အင်တာနက်ကို အသုံးပြုပြီး ဆက်သွယ်တဲ့နေရာမှာ အသုံးအများဆုံး Program လေးတစ်ခုကတော့ Google Talk (သို့) G-Talk လို့ခေါ်တဲ့ Program လေးပဲ ဆိုတာကို မိတ်ဆွေတို့အနေနဲ့ သိပြီးသားပါ။ ဒါပေမယ် အဲဒီလို ဆက်သွယ်ပြောဆိုကြတဲ့ နေရာမှာ လူမျိုး၊ ဘာသာစကား နဲ့ ယဉ်ကျေးမှုတွေ လူအချင်းချင်း မလွဲသာမရှောင်သာ ဆက်သွယ်ပြောဆိုကြတဲ့အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲကတော့ Language လို့ခေါ်တဲ့ ဘာသာစကားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် G-Talk ဘာသာပြန်စနစ် ဆိုတာက ပြေလည်အောင်ကူညီဆောင်ရွက် ပေးထားပါတယ်။
G-Talk ဘာသာပြန်စနစ် လုပ်ဆောင်ချက်ကတော့ Bot လို့ခေါ်တဲ့ အလိုအလျောက် တုံ့ပြန်ပေးတဲ့ စနစ်ကိုသုံးပြီး ကျွန်တော်တို့ G-Talk မှာ ရိုက်လိုက်တဲ့ စာတွေကို အလိုအလျောက် ဘာသာပြန်ပေးသွားမှာပါ။ ဒါပေမယ့် မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့ G-Talk မှာ ဒီစနစ်ကို သုံးချင်တယ်ဆိုရင်တော့ ဘာသာပြန်ပေးတဲ့ Bot Account တွေကို Add လုပ်တားဖို့တော့ လိုပါလိမ့်မယ်။