“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, January 31, 2012

လူချစ်လူခင်ပေါစေမယ့် အရိုးရှင်းဆုံးနည်း

သူငယ်ချင်းတွေအတွက် လူချစ်လူခင်ပေါစေမယ့် အရိုးရှင်းအလွယ်ကူဆုံးနည်းလမ်းကောင်းလေးတစ်ခုကို ဖတ်မှတ်မိသလောက် ပြန်လည် မျှဝေလိုက်ပါတယ်ဗျ..
  လုပ်ရမယ့် အချိန်ကတော့ မနက်မိုးလင်းအိပ်ယာကထလို့ မျက်နှာသစ်တဲ့အချိန်လေးမှာပါ.
  ပထမဆုံးကိုယ်မျက်နှာသစ်ဖို့ရေတစ်ခွက်ကိုခပ်လိုက်ပါ..ပြီးရင် ရေခွက်ကိုကိုင်ရင်း သရနဂုံသုံးပါးကို ရွတ်ဆိုပါ..ပြီးရင် အောက်ပါအတိုင်း မျက်နှာကို ရေနဲ့တစ်ခါပွတ်တိုင်း တစ်ခု အစဉ်အတိုးရွတ်ဆိုမေတ္တာပို့ပါ..
 ၁။  မိမိကိုယ်မိမိ ဆုတောင်းပါ..
 ၂။ မိမိချစ်ခင်သူကို မေတ္တာပို့ ဆုတောင်းပါ..
 ၃။ မိမိအားမုန်းသူ/မလိုသူကို မေတ္တာပို့ ဆုတောင်းပါ..
 ဥပမာ - ၁။ ဤရေ အေးမြသလို အကျွန်ုပ်လည်း အေးမြပါစေ..
၂။ ဤရေအေးမြသလို အကျွန်ုပ်ချစ်ခင်နှစ်သက်သော ----- လည်း အေးမြပါစေ..
၃။ ဤရေအေးမြသလို အကျွန်ုပ်အား မုန်းသော မလိုသော ----- လည်း အေးမြပါစေ..
   (ကွပ်လပ်နေရာတွင် နာမည်ကို ဖြည့်စွက်ရွတ်ဆိုပါ)
 မိမိအား မုန်းသူ/မလိုသူအား ဆုတောင်းမေတ္တာပို့သတဲ့ အချိန်ခဏမှာ မိမိ၏စိတ်မှ ထိုသူအား ဘယ်လောက်နာကျည်းမုန်းတီးသည်ဖြစ်စေ သူ့အတ္တ သူစာရိတ္တအား နားလည်ခွင့်လွှတ်နိုင်သည့်ဘက်မှ နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားပြီး အမှန်တကယ် ထိုသူအား သာယာအေးချမ်းစေလိုသော မေတ္တာစိတ်ဖြင့်ဆုတောင်းပါ..

ငါးပိခပ်ဖို့

တစ်ခါက ရပ်ကွက်တစ်ခုတွင် စရိုက်ကြမ်းပြီး ယောင်္ကျားနှစ်ယောက်ယူထားသော မိန်းမကြမ်းဒေါ်ရွှေဆိုသူရှိသည်..
တစ်နေ့တွင် ထမင်းစားနေခိုက်..
““ ငါးပိရည်ကုန်နေပြီ သွားခပ်ပေးကြစမ်း ””
သို့သော် လင်နှစ်ယောက်မှာ
“ ဟေ့ - မင်းကိုပြောတာ ”
“ အောင်မာ - မင်းကိုခပ်ခိုင်းတာကွ ”
လင်နှစ်ယောက်တွက်ကတ်နေသဖြင့် ဒေါ်ရွှေက
““ အင်း..ဒီလိုဆို ငါးပိခပ်ဖို့ လင်တစ်ယောက် ထပ်ယူဦးမှပဲ ””
ထိုအခါမှပင် ယောင်္ကျားနှစ်ယောက်သည် ကမန်းကတန်းငါးပိသွားခပ်ကြလေသတည်း...