“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Tuesday, December 18, 2012
မေတ္တာပွားနည်း (၁၁) နည်း
၁။  လုံးစုံးများစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂။  ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၃။  မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၎။  ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။  ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၆။  ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၇။  ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။  ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။  လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။  အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။  ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1116716&xgs=1&xg_source=msg_share_post
မိမိဓါတ်ပုံဘဲဖြစ်ဖြစ်၊သူငယ်ချင်းဓါတ်ပုံဘဲဖြစ်ဖြစ် Flash 3D SlideShow လုပ်ချင်သူတွေအတွက်
အခုတင်ပြမဲ့နည်းလေးကတော့ နည်းလေးကတော့
မိမိဓါတ်ပုံဘဲဖြစ်ဖြစ်၊မိမိသူငယ်ချင်းဓါတ်ပုံဘဲဖြစ်ဖြစ်
3D နဲ့ Flash/ SlideShow လုပ်ပြီး ခွေထုတ်ပြီး
လကဆောင်ပေးချင်တာဘဲဖြစ်ဖြစ်၊အမှတ်တရသိမ်းထားတာဘဲဖြစ်ဖြစ်
လုပ်ချင်တဲ့သူငယ်ချင်းတွေ အတွက်
တင်ပေးလိုက်ပြီးနော်။
(http://download.wondershare.com/cbs_down/fgf_deluxe_full388.exe)
ဆော့ဝဲကိုဒေါင်းပြီးတာနဲ့ Run လိုက်ပါ။
ပြီးရင်း ဖွင့်လိုက်ပါ။
အဲလို မျိုးလေးပေါ်လာရင်း
ကြိုက်ဒါကိုရွေးနိုင်ပါတယ်။
ကျွန်တော်ကတော့ Start Gallery Mode ကိုရွေးလိုက်ပါတယ်။
အဲမှာ အပိုင်း-3ရှိပါတယ်။
1-Browse
2-Tempalte
3-Publish
ဆိုတာပါ။
Browse ကတော့ မိမိဓါတ်ပုံတွေနဲ့သီချင်းတွေ ထည့်တဲ့နေရာပါ။
Tempalte ကတော့ ဒီဇိုင်း Theme ရွေးတဲ့နေရပါ။
Publish ကတော့ Save မှတ်တဲ့နေရာပါ။
အရင်ဆုံး Browse ကိုအရင်လုပ်မယ်နော်။
အဲမှာ Add Photo/Add Music ဆိုတာလေးကိုတွေ့တယ်နော်။
Add Photo နေရာမှာ မိမိကြိုက်တဲ့ ပုံတွေ ထည့်ပါ။
Add Music နေရာမှာ မိမိကြိုက်တဲ့ သီချင်း ထည့်ပါ။
Add Photo ကိုနှိပ်လိုက်ပါ။
1။မိမိကွန်ပျူတာက ကြိုက်နှစ်သက်ပုံကိုထည်လိုက်ပါ။
2။မိမိကွန်ပျူတာက ကြိုက်နှစ်သက်ရာ သီချင်းကိုထည့်လိုက်ပါ။
ပြီးရင်း Template ကိုသွားမယ်။
အဲမှာ Gernal&3DTheme ကိုတွေ့လား
ကြိုက်နှစ်သက်ရာ ဒီဇိုင်းကိုရွေးလိုက်ပါ။
မိမိကြိုက်နှစ်သက်တစ်လို လုပ်ဆောင်နိုင်ပါတယ်။
ပြီးလို့ Save မှတ်ချင်တယ်ဆိုရင်း
Pulsih ကိုနှိပ်လိုက်ပါ။
ဘေးနားမှာ Save ဆိုတာကိုတွေ့တယ်မဟုတ်လား
အဲဒါကိုနှိပ်လိုက်ပါ။
File Name နေရာမှာ ကြိုက်တဲ့နာမည်ရေးပါ။
Output Folder နေရာမှာ ဘယ်နေရာမှာ မှတ်ချင်တယ်ဆိုကို ရွေးပါ။
ပြီးရင်း Create ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်း ပြီးပါပြီး။
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1515227&xgs=1&xg_source=msg_share_post
စေတီပုထိုးများ အဘယ်ကြောင့် ရောင်ခြည်တော် လွှတ်ပါသနည်း
စေတီပုထိုးများ အဘယ်ကြောင့် ရောင်ခြည်တော် လွှတ်ပါသနည်း။ ကျမ်းအကိုးအကား အထောက်အထားဖြင့် ဖြေကြားပေးတော်မူကြပါ။
( သိလိုသူတဦး )
( ဖြေ )
၁။ စေတီပုထိုးတွင် ရောင်ခြည်တော်လွှတ်ခြင်းကဲ့သို့သော တန်ခိုးပြာဋိဟာတို့သည်
(၁) ရဟန္တာ (၂) နတ် (၃) လူ-ဟူသော ဤသုံ...
းယောက်သောသူတို့၏ အဓိဋ္ဌာန်ခြင်းကြောင့် ဖြစ်ကုန်၏-ဟု မိလိန္ဒပဥှာကျမ်းတွင် ပြဆိုထားပါ၏။ ( ခု-၁၁၊ ၂၉၇ )
မိလိန္ဒပဥှာတွင် အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါသည်။
မင်းမြတ်၊ ဤသာသနာတော်၌ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ဤမည်သော တန်ခိုးပြာဋိဟာသည် -စေတီ၌ ဖြစ်စေသတည်း-ဟု အဓိဋ္ဌာန်၏။ ထိုရဟန္တာ၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။
မင်းမြတ်၊ နောက်တမျိုးကား၊ နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌-ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာသည် အမြဲခချီးမြှောက်အပ်သည်ဖြစ်လတံ့၊ လူတို့သည်လည်း ကြည်ညိုကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှု တိုးပွားကုန်လတံ့-ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။
မင်းမြတ်၊ နောက်တမျိုးကား၊ မိန်းမမူလည်းဖြစ်စေ၊ ယောက်ျားမူလည်းဖြစ်စေ၊ ယုံကြည်မှုသဒ္ဓါ အားရှိသော ရတနာသုံးပါး၌ ကြည်ညိုတတ်သော ပညာရှိသော, လိမ္မာသော ထိုးထွင်းနိုင်သော ပညာရှိသော, အသိဉာဏ်နှင့် ပြည့်စုံသောသူသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာကို၎င်း၊ ပန်းကို၎င်း၊ အ၀တ်ပုဆိုးကို၎င်း၊ တခုခုသော လှူဖွယ်ဝတ္ထုကို၎င်း၊ ဤသို့သော တန်ခိုးပြာဋိဟာမည်သည် ဖြစ်ပါစေသတည်း-ဟု အဓိဋ္ဌာန်၍ စေတီတော်၌ တင်မြှောက်၏။ ထိုသူ၏ အဓိဋ္ဌာန်အစွမ်းဖြင့်လည်း ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ( မိ-ပြန် ၃-၃၁၉ )
အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးတို့၏ အဓိဋ္ဌာန်ပြုခြင်း မရှိခဲ့သော် အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်၏ စေတီတော်၌သော်မှလည်း ရောင်ခြည်တော်လွှတ်ခြင်း စသော တန်ခိုးပြာဋိဟာသည် မဖြစ်။ သို့သော်လည်း အလွန်စင်ကြယ်သော အကျင့်ကိုမြင်၍ -ဤမြတ်စွာဘုရား သားတော်သည် ကောင်းစွာ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဟု သက်ဝင်အပ်၊ ဆုံးဖြတ်အပ်၊ ယုံကြည်အပ်၏-ဟု ဆက်လက်ပြီး အကြံပြုထားပါသည်။
မှန်ပါသည်၊ တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ ။ ( ၀ိမာန-၆၆ ) ဟူသည့်အတိုင်း မည်သည့စေတီပုထိုး၌မဆို သက်တော်ထင်ရှား ဘုရားရှင်တိုင်အောင် စိတ်ထားနိုင်လျှင် (သို့မဟုတ်) ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တိုင်အောင် အာရံပြုနိုင်လျှင် ရရှိမည့်အကျိုးတရားလည်း သက်တော်ထင်ရှားဘုရားရှင်ကို ဖူးတွေ့ရသည့်နည်းတူ ထပ်တူတပ်မျှပင် ဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ မိမိပူဇော်မည့် စေတီပုထိုးက ရောင်ခြည်တော် လွှတ်-မလွှတ် တန်ခိုးကြီး-မကြီးက မဓိက မဟုတ်၊ မိမိ၏စေတနာအား, သဒ္ဓါအား ဉာဏ်အား ထက်-မထက်ကသာ အရေးကြီးပေသည်။
တဖန် အထက်ပါစေတီပုထိုး၌ ရောင်ခြည်တော်လွှတ်ခြင်းကိစ္စသည် သာမန်နတ်လူတို့အား အစဉ်သနားသဖြင့် မှေးမှိန်အားနည်းနေသော သဒ္ဓါတရားများ ထက်သန်လင်းလက်လာစေရန် ကြံဖန်အပ်သော အဓိဋ္ဌာန်အစွမ်း ကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်၏။ စေတီပုထိုးတို့၏ ပကတိ အုတ် အင်္ဂတေ တို့၌ကား ရောင်ခြည်တော်ကွန့်မြူးနိုင်သော သဘာဝစွမ်းအားများ မရှိကြ။
သို့ရကား သက်တော်ထင်ရှား ပကတိသမ္ဗုဒ္ဓဘုရားရှင်၏ ဓာတ်ရောင်ခြည်တော် ထွက်ပေါ်ကွန့်မြူးခြင်း အကြောင်းကိုလည်း လေ့လာမှတ်သားသင့်သေး၏။
ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ် တင့်တယ်စွာ ထွက်ပေါ်လာခြင်းသည် အဓိဋ္ဌာန်ကြောင့်ဖြစ်သော တန်ခိုးတော်မဟုတ်သလို ဘာဝနာကြောင့်ဖြစ်သော တန်ခိုးတော်လည်း မဟုတ်ပေ။ စင်စစ်သော်ကား သဗ္ဗညုတရွှေဉာဏ်တော်ကြီးဖြင့် အလွန်တရာ သိမ်မွေ့နက်နဲစွာသော အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရားရှင်၏ သန္တာန်၌ အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားများ ဖြစ်ပွားလာလေ၏။ ( အခြားတရားများကို ဆင်ခြင်သုံးသပ်စဉ်က ဉာဏ်တော်ကြီးကကျယ်ဝန်းကြီးမားသလောက် တရားနည်းက ကျဉ်းလွန်းရကား ဉာဏ်ကျက်စားကွန့်မြူခွင့် မရသဖြင့် ယခုလောက် ပီတိဖြစ်ဖွယ် မရှိ ) ပီတိတရားဖြစ်ပွားမှုကြောင့် သွေးတော်များ ကြည်လင်လာ၏။ သွေးတော်ကြည်လင်ခြင်းကြောင့် ဟဒယ၀တ္ထုရုပ် ကြည်လင်လာ၏၊ ဟဒယ၀တ္ထုရုပ် ကြည်လင်ခြင်းကြောင့် အရေပ=အဆင်းတော် ကြည်လင်လာ၏။ အရေအဆင်းတော် ကြည်လင်ခြင်းကြောင့် စိတ်လျှင် အကြောင်းရင်း ရှိသော ဥတုကြောင့်ဖြစ်သော အဆင်းဓာတ်ရောင်ခြည်တော်များ ထွက်ပေါ်လာ၏။ ( အဘိ-ဋ္ဌ ၁၊ ၁၄၅ )
ဤတွင် ဘုရားရှင်၏ ကိုယ်တော်မှ ရောင်ခြည်တော်တို့သည် အပြင်သို့ထွက်လာကုန်၏-ဆိုရာ၌ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကား ကိုယ်မှအပြင်သို့ မထွက်နိုင်။ ထိုနှစ်သက်ကြည်လင်နေသော စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တွင် ဥတုပါဝင်၏။ ထိုဥတု (အပူဓာတ်၊ အအေးဓာတ်) သည် ရုပ်ကိုဖြစ်စေနိုင်၏။ ထိုဥတုဇ (ဥတုကြောင့်ဖြစ်သော) ရုပ်တွင် ဥတုပါဝင်ပြန်၏။ ထိုဥတုကလည်း ရုပ်ကိုဖြစ်စေပြန်သည်။ ဤသို့အားဖြင့် ဥတုဇရုပ် အဆက်ဆက်ဖြစ်သောအခါ ကိုယ်တော်မှအပြင်သို့ ရောင်ခြည်တော် ဥတုဇရုပ် ၀ဏ္ဏဓာတ်တွေ ထွက်ပေါ်လာနိုင်ကုန်၏-ဟု ဋီကာဆရာက ရှင်းပြပါသည်။ ( မူလဋီကာ )
( လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သောအခါ ဥတုဇရုပ် ရောင်ခြည်ဓာတ်တွေ အဆက်ဆက်ဖြစ်ပေါ် ထိုးထွက်သွားသည်ကို မျှော်ခေါ်ကြည့်လေ။ အဘိဓမ္မာလေ့လာဖူးသူတို့အတွက်ကား ရှင်းလှ၏ )။
ထိုသို့ ရောင်ခြည်တော်ခြောက်သွယ် တင့်တယ်စွာ ထွက်ပေါ်လာရာ၌
(၁) ဆံမုတ်ဆိတ်တော်၊ မျက်နက်တော်ဟုဆိုအပ်သော ညိုသောအရပ်တို့မှ ညိုသောရောင်ခြည်တော်။
(၂) ရွှန်းအိကိုယ်ရေ ၀ါရွှေသောအရပ်တို့မှ ၀ါရွှေသော ရောင်ခြည်တော်။
(၃) မျက်စိသားသွေး နီတွေးရာအရပ်တို့မှ နီသောရောင်ခြည်တော်။
(၄) အရိုးတော် သွားတော် မျက်ဖြူတော်ဟုဆိုအပ်သော ဖြူသောအရပ်တို့မှ ဖြူသောရောင်ခြည်တော်။
(၅) လက်ဖ၀ါးပြင်၊ ခြေဖ၀ါးပြင် အစရှိသော စဉ်းငယ်နီမြန်းရာအရပ်တို့မှ မှည့်မောင်းသော ပန်းရောင်အဆင်းရှိသော ရောင်ခြည်တော်။
(၆) ဥဏ္ဏလုံမွေးရှင်တော်၊ လက်သည်း ခြေသည်းတော် အစရှိသော အရောင်တလက်လက် ထွက်ရာအရပ်တို့မှ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူလာကုန်၏။ (ပဋိသံ-ဋ္ဌ၊ ၂-၁၃) ( လက်နှိပ်ဓာတ်မီး၊ ဆလိုက်မီးတို့၏ ရှေ့၌ အနီရောင်ကာလျှင် အနီ၊ အ၀ါရောင်ကာလျှင် အ၀ါ၊ စသည်ဖြင့် ဓာတ်ရောင်ခြည်များ ဖြာထွက်သွားသည်ကို မျှောခေါ်ကြည့်ကြလေ )။
ယခုအခါတွင် ရောင်ခြည်တော်များ စေတီပုထိုး ရုပ်ပွားဆင်းတုအမျိုးမျိုးမှ (အကြောင်းမတိုက်ဆိုင်၍) မဖူးတွေ့ရလျှင် ရှိစေ၊ ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်စုံတို့ဖြင့် တင့်တယ်စွာ စံပယ်တော်မူနေပုံကို အာရုံပြု မှန်းဆ၍ ပူဇော်နိုင်လျှင်လည်း ကောင်းကျိုးများစွာ ရပါလိမ့်မည်။
ပုံတော် ဂုဏ်တော်၊ လုံးစုံမျှော်၊ ပူဇော်နိုင်ကြစေ။
ဘုရားရှင်အား၊ ပူဇော်ငြား၊ ကြီးမား တန်ခိုးပေ။
"အရှင်ကောဝိဒ (ယော)"
မှတ်ချက်။ ။ အနှိုင်းမဲ့စာတိုပေစများမှ ကူးယူဖေါ်ပြပါသည်။
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1516352&xgs=1&xg_source=msg_share_post
မြောက်ပိုင်း အိန္ဒိယစတိုင်လ် ကြက်သား ဒန်ပေါက်
 ကက်သား ဒန်ပေါက် (၈ယောက်စာ)
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။
ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့
ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း
အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။
ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…
အုန်းနို့ခေါက်ဆွဲ ချက်ကြမယ်
ဒီတစ်ပတ် ပိတ်ရက်မှာ သူငယ်ချင်းတွေ စုပြီး အုန်းနို့ခေါက်ဆွဲ ချက်စားကြမယ်လို့ စိတ်ကူးရလာတယ်။ ချက်ကြမယ်ဟေ့ ကောင်းကောင်းအစီအစဉ်လေးမှာလဲ မမေ အုန်းနို့ခေါက်ဆွဲ ချက်နည်းလေးရေးပေးပါလို့ တောင်းဆိုထားသူတွေအတွက် ပါ ချက်နည်းလေးရေးပေးပြီး အတူတူ ချက်စားကြတာပေါ့။
ပါဝင်သော ပစ္စည်းများ
ပုံလေးတွေကို Frames Design လှလှလေးတွေပုံဖော်ကြည့်ရအောင်
သူငယ်ချင်းတို့ရဲ့ပုံလေးတွေကို ဒီဇိုင်းစုံတဲ့ frames လှလှတွေနဲ့ပုံဖော်ကြည့်ရအောင်နော်
Frames Design အသစ်ထွက်လာလို့တင်ပေးလိုက်တာပါ လုပ်ပုံလုပ်နည်းအောက်မှာ ပုံနဲ့ပြထားပါတယ်
ထက်ထက်မအားလို့ ပို့စ်အသစ်တွေ မတင်ဖြစ်တာကြာပြီနော်  အဲဒီအတွက်သူငယ်ချင်းများ
အားလုံးတောင်းပန်ပါတယ်နော်...
http://www.freefunphoto.com/ ကိုသွားလိုက်ပါဗျာ..
http://api.ning.com/files/*4kNjiRyhJOOyvSH0Epzug-XfL*HNmMc3LsMqqYXQeUrz9N46Z*cWIpr43d4HvN77-DO9jhDA1D*z1cs*P3R2Ak2rZJ2SrjU/4.jpg
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1517786&xgs=1&xg_source=msg_share_post
အချိန်ဆွဲတဲ့အကျင့်ကိုဖျောက်ဖို့ နည်းလမ်းတစ်ခု
ယနေ့ လူငယ်တွေအများဆုံး ရင်ဆိုင်နေရတဲ့ ပြသနာလေးတွေရှိပါတယ် အဲ့ဒါကတော့ အချိန်ဆွဲခြင်းနဲ့ပတ်သက်လို့ပါပဲ။ကျတော်တို့ဟာ တစ်ခုခုကို စလုပ်ချင်နေကြတယ်။ ဒါပေမယ့် အရေးကြီးတဲ့ကိစ္စတွေမှာနည်းနည်းFacebook ပေါ်မှာကများများ၊ကျတော်တို့အချိန်တွေ ပျောက်ဆုံးနေကြတယ်။သေချာပါတယ်။ ကျနော်တို့အားလုံးအဲဒီလို ဖြစ်နေကြတာပါပဲ။ ဒါပေမယ့်အဲဒါနဲ့ပတ်သက်ပြီး သင်ဘာလုပ်နိုင်သလဲ။
ဒီနေ့တော့ ကျနော် အများဆုံးအသုံးပြုလေ့ရှိတဲ့ နည်းလမ်းတစ်ခုကို မျှဝေချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းကကျနော့်ကိုအချိန်ဆွဲတဲ့အကျင့်ကို ဖျောက်ဖို့အထောက်အကူအဖြစ်ဆုံးနည်းလမ်းပါ။အဲဒါကတော့
ဖိအားတွေကို လျှော့ချဖို့နဲ့မျှော်မှန်းချက်တွေကိုလည်း တတ်နိုင်သမျှ လျှော့ချဖို့ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ ကြီးမားတဲ့ အလုပ်တစ်ခု ဒါမှမဟုတ် ပရောဂျက်တစ်ခု ဒါမှမဟုတ်ရင်လည်းသင့်ရှေ့မှာ ဆေးစရာပန်းကန်တွေ တစ်ပုံတစ်ပင်ကြီးကို တွေ့တဲ့အခါ အဲဒါက သင့်ရဲ့ အတွင်းထဲမှာ ဖိအားဒါမှမဟုတ် ခုခံအား (resistance)တစ်ခုကိုဖြစ်ပေါ်စေပါတယ်။ ဒီတော့ သင်က အဲဒါကို လုပ်ရမှာ ကြောက်လာတယ်၊အဲဒီအစား သင့်ကို သက်သောင့်သက်သာရှိစေမယ့် တစ်ခုခုကိုလုပ်တော့တယ်။ ဗီဒီယိုဂိမ်းကစားတာမျိုး၊အီးမေးလ်ကြည့်တာမျိုးလိုပေါ့။
ဒီတော့ ကျနော် လုပ်လေ့ရှိတဲ့နည်းလမ်းက ဒါတွေပါ။
ကျနော် ကိုယ့်ကိုယ်ကိုယ်ပြောတယ်။ ငါ ဒီအလုပ်ကို ဒီနေ့ ၂မိနစ်ပဲလုပ်မယ်။ ပြီးတော့ နောက်တစ်နေ့မှာဆက်လုပ်မယ်။ဒါတောင်မှ စမလုပ်ဖြစ်သေးဘူးဆိုရင်တော့ ကျနော်ဟာ ၁ မိနစ်ပဲလုပ်မယ်လို့ကိုယ့်ကိုယ်ကိုယ်ပြောတယ်။အဲဒီနောက်တော့ ကျနော်ဟာ သက်သောင့်သက်သာရှိတဲ့အခါတိုင်းမှာနောက်ထပ် တစ်မိနစ် တစ်မိနစ်စီ ထပ်လုပ်သွားတယ်။
အဲဒီလို အားထုတ်မှု နည်းနည်းလေးပဲ ပြုလုပ်ရတဲ့အခါ၊ ဒါဟာ ကိစ္စကြီးတစ်ရပ်လို၊ ခက်ခဲတဲ့ သက်သောင့်သက်သာမရှိတဲ့အလုပ်တစ်ခုလိုမခံစားရတော့ဘူး။ ပျော်စရာလို့လည်း ခံစားရမှာတော့ မဟုတ်ဘူး။ အများအားဖြင့်တော့ အဲဒီအလုပ်ဟာသူ့သဘောအတိုင်းသာ ရှိနေပြီးကျနော်ဟာ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်ပဲ လုပ်ပါတယ်။အဲဒီနောက်တော့ ကျနော်ရပ်လိုက်တယ်ဆိုတာ မရှိပါဘူး။ အဲဒီအစား ကျနော်က ကိုယ့်ကိုယ်ကိုယ်ပြောတယ်။
“ဟုတ်ပြီ၊ ဒီ မိနစ်လေးတွေဟာ တကယ်တော့ အဆိုးကြီးမဟုတ်ပါဘူး” ဒီတော့ ကျနော် နောက်ထပ် နာရီဝက် ဒါမှမဟုတ်အဲဒီထက်ပိုပြီး ဆက်လုပ်ပါတော့တယ်။
  • ဒါမဟုတ် ကျနော်ဟာ စိတ်ဝင်စားမှုမီးတောက်လေးကို ထွန်းညှိလိုက်တာမျိုး ဖြစ်ချင်ဖြစ်သွားတယ်။
  • ဒါမှမဟုတ် အဟုန်ကို ရှေ့ကို နည်းနည်းလေးဖြစ်ဖြစ် ကန်ထွက်လိုက်ရသလိုပါပဲ။
  • ပြီးတော့ ဒါက အလုပ်တွေ အများကြီး ပြီးလေ့ရှိတယ်လေ။
  • စလုပ်တာကို သင်တတ်နိုင်သမျှ လွယ်အောင်လုပ်ပါ။
  • ဒီနည်းလမ်းနဲ့ သင့်ကိုယ်သင် ကြင်နာပါ။
  • ပြီးတော့ သင်ဘယ်လောက် စလုပ်မိတယ်ဆိုတာရယ်၊ ကာလအတန်ကြာ အချိန်ဆွဲနေတာနဲ့ပတ်သက်လို့ သင်ဘာလုပ်ဖြစ်သွားတယ်ဆိုတာရယ်ကို အံ့သြစွာ တွေ့ရပါလိမ့်မယ်။
Ref: My Most Often Used Tip for Breaking Out of Procrastination by Henrik Edberg
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1890734&xgs=1&xg_source=msg_share_post
Windows 7 Version အနိမ့်ကနေ အမြင့်ကို Upgrade လုပ်နည်း
ပထမဦးဆုံး ပြောင်းလို့ရတာတွေကို ပြောပြပါ့မယ်. အဲ့ဒါကို ကြည့်ပြီးတော့ ဘယ်ဟာကို ပြောင်းသင့်သလဲ စဉ်းစားပါ. version အနိမ့်ကနေ version အမြင့်ကို Upgrade လုပ်လို့ရပါတယ်. သူ့ version အလိုက် အောက်မှာ ဖော်ပြထားပါတယ်.  အရင်ဆုံး ဘာလို့ ပြောင်းချင်တာလဲဆိုရင် အခုလက်ရှိ window အမျိုးအစားကို မကြိုက်ဘူး ဒီ့ထက်မြင့်တာကို upgrade လုပ်ချင်တာမျိုးလဲ ရှိသလို . Window တော့ တင်ချင်ပါရဲ့ ဒါပေမယ့် driver တွေ software တွေနဲ့ လိုအပ်တာတွေကို ပြန်တင်နေရမှာက အလုပ် တစ်ခုလို ဖြစ်နေတာမျိုးတွေလဲ ရှိမှာပါ. အခုလို window upgrade လုပ်လိုက်ခြင်းကြောင့် မိမိရဲ့ ယခင် တင်ထားတဲ့ driver တွေနဲ့ install လုပ်ထားတဲ့ software တွေကို ဘာတစ်ခုမှ ထိခိုက်မှာ မဟုတ်ပါဘူး.
  1. Windows 7 Starter ကနေ ဆိုရင် Home premium, Professional,Ultimate သုံးမျိုးမှာ ကိုကြိုက်တဲ့ version ကို upgrade လုပ်လို့ ရပါတယ်.
  2. Windows 7 Home premium ကနေဆိုရင်တော့  Professional နှင့် Ultimate နှစ်မျိုးမှာ ကိုကြိုက်တဲ့ version ကို upgrade လုပ်လို့ ရပါတယ်.
  3. Windows 7 Professional ကနေဆိုရင်တော့ Ultimate တစ်မျိုးကိုပဲ upgrade လုပ်လို့ရမှာပါ
 အဲ့တော့ upgrade လုပ်နည်းကို ပြောပြပါ့မယ်.
  • Start ရဲ့အပေါ်မှာ Search Programs and Files ဆိုတဲ့ Search box လေးတစ်ခု ရှိပါတယ်. အဲ့ဒီ့အကွက်ထဲမှာ ပုံထဲကအတိုင်း Anytime Upgrade လို့ပဲ ရိုက်ရိုက် Windows Anytime Upgrade လို့ရိုက်ရိုက် ကြိုက်သလို ရိုက်ရှာလိုက်ပါ အပေါ်က result မှာ windows anytime upgrade ဆိုပြီးတော့ တွေ့ရပါလိမ့်မယ်. 
  • တွေ့တဲ့ Windows Anytime Upgrade ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ. အောက်ကပုံအတိုင်း Windows Anytime Upgrade လုပ်ဖို့အတွက် ပေါ်လာပါလိမ့်မယ်.
  • အဲ့ထဲမှာမှ Enter an upgrade key ဆိုတဲ့အကွက်ကို နှိပ်ရမှာဖြစ်ပါတယ်. နှိပ်လိုက်ပါ. ပြီးတာနဲ့ အောက်က ပုံအတိုင်း Enter an upgrade key ဆိုတဲ့ xxxxx.xxxxx.xxxxx.xxxxx.xxxxx ဆိုတဲ့အကွက်မှာ အောက်က ပေးထားတဲ့ ကီးကို ထည့်လိုက်ပါ. ကိုပြောင်းချင်တဲ့ version ရဲ့ key ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်.
Window 7 Home Premium
6RBBT-F8VPQ-QCVPQ-KHRB8-RMV82
Window 7 Professional
VTDC3-WM7HP-XMPMX-K4YQ2-WYGJ8
6RQ9V-6GCG4-8WV2H-966GF-DQ4DW
32KD2-K9CTF-M3DJT-4J3WC-733WD
(မိမိကြိုက်တဲ့ တစ်ကြောင်းကိုသာ ရိုက်ထည့်ရမှာဖြစ်ပါတယ်)
Window 7 Ultimate
FJGCP-4DFJD-GJY49-VJBQ7-HYRR2
342DG-6YJR8-X92GV-V7DCV-P4K27
(မိမိကြိုက်တဲ့ တစ်ကြောင်းကိုသာ ရိုက်ထည့်ရမှာဖြစ်ပါတယ်)
  • ရိုက်ထည့်ပြီးတာနဲ့ Next ကို နှိပ်လိုက်ပါ.
  •  
  •  
  • ကဲ ရိုက်ထည့်ပြီးပြီ ဆိုရင်တော့ အောက်ကပုံအတိုင်း မိမိထည့်ထားတဲ့ key ကို verifying  လုပ်နေတာကို တွေ့ရပါလိမ့်မယ်.
  •  
  • verify လုပ်ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်. I accept ဆိုတာကို တစ်ချက် နှိပ်ပေးလိုက်ပါ. 
 ပြီးတာနဲ့ အောက်ကပုံအတိုင်း ထပ်ပေါ်လာရင်တော့ Upgrade ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ.
အဲ့ဒါပြီးရင်တော့ upgrading window  ဆိုပြီးတော့ upgrading လုပ်နေပါလိမ့်မယ်. အနည်းဆုံး 10 လို့ပြောထားပေမယ့် connection ပေါ်မှာ မူတည်ပါတယ်.  အင်တာနက် speed မြန်ရင် မြန်သလိုမျိုး တစ်နေရာနဲ့တစ်နေရာ တူညီမှာမဟုတ်ပါဘူး. နိုင်ငံခြားမှာ ရောက်နေတဲ့ သူအဖို့ကတော့ 10 မိနစ်လောက် ကြာပါမယ်. အားလုံးပြီးသွားပြီ ဆိုရင်တော့ You have successfully upgraded your Windows 7 Starter edition. ဆိုပြီးတော့ ပေါ်လာမှာပါ.
လိုင်းမကောင်းတဲ့ သူငယ်ချင်းဘဲဖြစ်ဖြစ်လိုင်းကောင်းတဲ့ သူငယ်ချင်းဘဲဖြစ်ဖြစ်သည်းခံပီးစောင့် ပေးပါ...အချိန်အရမ်းကြာလာ
လို့ မစောင့် နှိင်တော့ရင်...restartမချဘဲshutdown ချလိုက်ပါ..(%)အနေနဲ့ တွေ့ ရရင်စက်ကိုမပိတ်လိုက်ပါနဲ့ ဒီအတိုင်ဘဲလွတ်ထားပါ
windowsတက်လာပါလိပ်မယ်....အဲအချိန်မှာကြည့် လိုက်ပါ...အရင်ကwindoesမဟုတ်ဘဲပြောင်းသွားတာတွေ့ ရပါလိပ်မယ်
(ဝန်ခံချက်..ဒီဘလော့ကိုညီနေမင်း(နည်းပညာ)ဘလော့မှကူယူထာတာပါ)
သူငယ်ချင်းတို့ အားလုံးပျော်ရွှင်ကျပါစေ...