“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, January 17, 2013

ခန္ဓာကိုယ် အတွင်းမှ အဆိပ် အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ(၁၀) မျိုး

Photo: ခန္ဓာကိုယ် အတွင်းမှ အဆိပ် အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ(၁၀) မျိုး

(၁) အသီးအနှံ သင့်ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။
ဒီအထဲက အကောင်းဆုံး နည်းဟာ အစားအစာ စားပြီး သဘာဝ အလျောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာ တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

အသီးအနှံ တွေဟာ များသော အားဖြင့် အရည်ရွှမ်း တတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း အများအပြား ပါဝင်ပါတယ်။

(၂) အစိမ်းရောင်အစာများ

ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင် ရေညှိ၊ ဘာလီ၊ ကိုက်လန်၊ ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။ အဲဒီအရွက်တွေမှာ အစာချက် နိုင်တဲ့ ကလိုရို ဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ ပတ်ဝန်းကျင်မှ တစ်ဆင့် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက် နေတဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစ ရှိတာတွေမှ ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။

(၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး

ဒီအချဉ် အရသာရှိတဲ့ အသီးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်တွေ စွန့်ပစ်ဖို့ ကူညီနိုင်တဲ့ အပြင် အသည်းမှ အဆိပ် ဖယ်ရှားတဲ့ ဖြစ်စဉ်ကိုလည်း ကူညီ နိုင်ပါတယ်။ နေ့စဉ် မနက် အိပ်ရာထတိုင်း ရေနွေးတစ်ခွက်ထဲ ရှောက်ရည်ညှစ်ပြီး သောက်ပေးပါ။ ဗီတာမင်စီဟာ အဆိပ်ဖြေဖို့ အကောင်းဆုံး ဗီတာမင်ဖြစ်ပြီး အဆိပ်တွေကို အစာခြေနိုင်တဲ့ အင်ဇိုင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်ဖြေနိုင်တဲ့ အင်ဇိုင်းတွေ ထွက်လာအောင် လှုံ့ဆော် ပေးတာကြောင့် အစာခြေစနစ်အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို စစ်ထုတ် ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဒါမှမဟုတ် ဟင်းထဲထည့်ပြီး ချက်စားပါ။

(၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက်

ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေ လမ်းကြောင်းမှ အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အညှောက်ဟာ အပွင့်ထက်ပိုပြီး ထိရောက်မှု ရှိပါတယ်။

(၆) လက်ဖက်ရည်ကြမ်း

ဓာတ်တိုးဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ လက်ဖက်ရည် ကြမ်းဟာ ကိုယ်တွင်း စနစ်အတွင်းမှ အဆိပ်တွေ ဖယ်ရှားနိုင်ရုံမက သူ့မှာ ပါဝင်တဲ့ Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာလည်း ပိုကောင်းစေပါတယ်။

(၇) ပဲစေ့ အမျိုးမျိုး

အစာခြေရ လွယ်ကူပြီး အူနံရံအတွင်း အဆိပ် အကြွင်းအကျန် တွေကို စုပ်ယူနိုင်ပါတယ်။

(၈) ဟင်းသီးဟင်းရွက် အစိမ်းများ (Raw Vegetable)

ကြက်သွန်နီ၊ မုန်လာဥနီ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက်တွေကို မချက်ပြုတ်ဘဲ အစိမ်းတိုင်းစားရင် အသည်းမှ အဆိပ်သန့်စင်တဲ့ လုပ်ငန်းကို ကူညီနိုင်ပါတယ်။ အဲဒီအစာတွေမှာ ဆာလဖာနဲ့ ဂလူတာသီရုန်းတွေ များစွာ ပါဝင်ပါတယ်။ ဆာလဖာဟာ အသည်းမှ ဓာတုပစ္စည်း အဆိပ်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။

(၉) အစေ့နှင့် အခွံမာသီးများ

ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့တွေဟာ အစာကြေလွယ်ပြီး အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ အဆိပ် ဖြေနေစဉ် အတွင်း အခွံမာသီးနဲ့ ပြုလုပ်တဲ့ ထောပတ် (ဥပမာ-မြေပဲ ထောပတ်) ကို ရှောင်ထားပါ။

(၁ဝ) အိုမီဂါ ၃ အဆီ

ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် ဂုန်လျှော်စေ့ ဆီကို အဆိပ်ဖြေစဉ်မှာ အသုံးပြုပါ။ အူနံရံတွေကို ချောဆီ ဖြစ်စေကာ အဆိပ်တွေကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်လို့ပါ။ စားသင့်သော အစားစာတွေ ဖြစ်ပါတယ်။

မြ၀တီ

အေးချမ်းမွန်မှ  April Maung Maung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ကျန်းမာရေး အတွက် ဂရုစိုက်ရမည့် နာရီများ

Photo: ကျန်းမာရေး အတွက် ဂရုစိုက်ရမည့် နာရီများ

သုတေသန ပြုချက်အရ ညဆိုင်း အလုပ်လုပ် သူများသည် ကျန်းမာရေး အခြေ အနေ ကမောက်ကမ ဖြစ်တတ်သည်။
အမျိုးသမီးများ ဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွ ရောဂါဖြစ်ခြင်း၊ ရင်သား ကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန် မရရှိနိုင်ခြင်း စသည့် ရောဂါများ ပိုမို ဖြစ်တတ်သည်။ ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေး သူများတွင် ခန္ဓာကိုယ်၏ ဇီဝ ဖြစ်ပျက် ပြောင်းလဲ ဖြစ်စဉ်များသည် ကိုယ်တွင်း အရည် လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်း အရည်လောင် ကျွမ်းမှုသည် အဆိပ်အတောက် ဖြစ်ပေါ်မှု များတတ်သည်။

ခန္ဓာကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ် ဖြစ်စေ နိုင်သည်။ ထို့ကြောင့် ခဏခဏ အိပ်ရေး ပျက်ခံ သူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများ ဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆ ပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ် အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန် ရှိသည် ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာ စားလျှင် ခံသာသေးသည်။ နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င် သည်။ ဆောင်းရာသီ ပြီးလျှင် နွေရာသီ ရောက်လေသည်။ သဘာဝလော ကကြီးသည် အချိန်မှန်မှန်၊ စည်းချက်ကျကျ ဖြစ်ပျက်နေသည်။

လူ့ခန္ဓာ ကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်း ချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာ ပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါ ခုခံ ကာကွယ်စနစ် အချိန် (အလယ်တန်း အောက် ကလေး သူငယ်များသည် ရောဂါခုခံ ကာကွယ်စနစ် တည်ဆောက်မှု မပြည့်စုံ သေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင် ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် 'အန္တရာယ်များသည့် လေးနာရီ' ဟုပြောစမှတ် ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊ နှလုံး၊ လေဖြတ်၊ ဦးနှောက် သွေးကြောရောဂါ၊ သွေးတိုးရောဂါ စသည်တို့ ရောဂါ ဖောက်ပြန်သော အချိန် ဖြစ်တတ်သည်။ ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှ ကိုယ်လက် လှုပ်ရှား လမ်းလျှောက် ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်

(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာ စားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်

(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင် နေ့လည်စာ စားလျှင် ကောင်း၏ -သို့မဟုတ်က အစာအိမ် ရောဂါ လေထိုး လေအောင့် ရောဂါ ဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်

(ဤအချိန်တွင် ရေများများ သောက်ရန် အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ် အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်

(ဤသည်မှာ ရှေးတရုတ် တိုင်းရင်းဆေး ပညာရှင်တို့၏ အဆိုဖြစ်သည်။)

(ပါမောက္ခ ဒေါ်ခင်ဖြူ)

http://www.facebook.com/pages/Myawady-News/351018658329305

ကမ္ဘာ့ကိုရုပ်ဆိုးဘွဲ့ရသူ ဒေါ်လာ ၁၀၀၀၀ ရရှိ

Photo: ကမ္ဘာ့ကိုရုပ်ဆိုးဘွဲ့ရသူ ဒေါ်လာ ၁၀၀၀၀ ရရှိ

တန် ရှုကွမ်းအမည်ရှိ တရုတ်ပြည် ချန်ဒူးမြို့မှ သူတစ်ဦးသည် မျက်နှာကို ရုပ်အဆိုးဆုံးဖြစ်အောင် လုပ်နိုင်သဖြင့် ကမ္ဘာ့စံချိန်တင်ပြီး ဆုငွေ ဒေါ်လာ ၁၀၀၀၀ ရရှိသွားကြောင်း သိရသည်။ သူသည် ဆုငွေများ ရရှိသည့်အပြင် ကမ္ဘာ့ Guinness မှတ်တမ်းဝင်ဆုကိုပါ ရရှိသွားခဲ့သည်။

သူက ကမ္ဘာပေါ်တွင် သူ့လောက်မျက်နှာကို အဆိုးရွားဆုံးဖြစ်အောင် လုပ်နိုင်သူ ဒေါ်လာ ၁၅၀၀၀ ပေးမည်ဟု စိန်ခေါ်ကာ လုပ်ပြခဲ့ခြင်းဖြစ်သည်။

ရှုကွမ်းသည် ပါးစပ် အောက်သွားဖြင့် အထက်နှာခေါင်းစွန်းကို ငုံနိုင်အောင် လုပ်ခြင်းဖြင့် ပုံပျက်ပန်းပျက်ဖြစ်စေ ခဲ့ခြင်းဖြစ်သည်။ သူက ထိုမျက်နှာမျိုးကို ဂါနင်းဟုခေါ်ပြီး ပုံဆိုးဟု အဓိပ္ပာယ်ရသည်။ သူသည် ထိုမျက်နှာမျိုး လုပ်နိုင်ရန် ၁၀ နှစ်ခန့်ကြိုးစားခဲ့ရကြောင်း၊ သူလုပ်နိုင်မှ မီဒီယာသို့ ဖော်ထုတ်ပြသခြင်းဖြစ်ကြောင်း၊ သူက လာမည့် မတ်လတွင် အီတလီ၌လည်း ကမ္ဘာ့စံချိန်ချိုးရန် ပွဲတစ်ပွဲကို ဝင်နွှဲဦးမည်ဖြစ်ကြောင်းသိရသည်။

မောက္ခနိုင်ငံတကာသတင်း
Written by ရွှေမောင်

သတိပြုရမည့် (venereal disease )ကာလသားရောဂါ ...........

လိင်မှုဆိုင်ရာကိစ္စများတွင် စောင့်စည်းထိန်းသိမ်းမှု နည်းပါးသူများအတွက် လိင်မှုဆိုင်ရာ ကူးစက်ရောဂါများလည်း တဖြည်းဖြည်း များပြားလာသည်။ထိုရောဂါများအနက်မှ ကာလသားအရွယ် အသက် ၂၀ မှ ၃၅ နှစ်အတွင်း အမျိုးသားများတွင် ဖြစ်ပွားမှုများပြားကြသဖြင့် ကာလသားရောဂါဟု တင်စားခေါ်ကြသည့် အဆိုပါရောဂါသည် ၃၅ နှစ်အတွင်းတွင်သာမဟုတ်ဘဲ ၄၅-၅၀ ကျော်အထိပါ ဖြစ်ပွားမှု များပြားနေသည် ။

ယခုအခါတွင် လူငယ်များ သည် အင်တာနက်လိုနေရာတွေကနေ လိင်စိတ်ကိုဖြစ်ပေါ်စေတဲ့ ကြည့်ရှုနိုင်တဲ့ နေရာတွေကလည်း များပြားလာခြင်းနှင့် အလွယ်တကူ ရုပ်ထွက် စီဒီများ ဝယ်ယူခြင်း လွယ်ကူလာသည့်အခါ အတုယူပြီး လိင်ပိုင်းဆိုင်ရာကို တွင်တွင်ကျယ်ကျယ်ကျင့်သုံးတာကတော့ ရောဂါကာကွယ်မှုလည်းမရှိရင် နောက်ပိုင်း ဒီ့ထက်လည်း ပိုများလာနိုင်ပါသည် ။

ရောဂါကူးစက်နိုင်သည့် နည်းလမ်းများဖြစ်သည့် ရောဂါရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ရောဂါရှိသူ၏ သွေး (သို့) သွေးမှပြုလုပ်သော ပစ္စည်းများကို အခြားသူအား ထည့်သွင်းအသုံးပြုကုသခြင်း၊ ရောဂါရှိသူမိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်၊ ခွဲစိတ်ကိရိယာများမှ တစ်ဆင့်ကူးစက်ခြင်းနှင့် တစ်ခါတစ်ရံတွင် အချို့သော ကာလသား ရောဂါများသည် ရောဂါရှိသူ၏ အရေပြားပေါ်ရှိ ရောဂါလက္ခဏာများနှင့် ထိတွေ့ရာမှလည်းကောင်း၊ ရောဂါရှိသူ၏ အ၀တ်အထည်၊ အသုံးအဆောင်များကို မျှဝေသုံးစွဲရာမှလည်းကောင်း ရောဂါကူးစက် သွားနိုင်သော်လည်း ကာလသားရောဂါသည် ထိုနည်းများအနက် လိင်ဆက်ဆံခြင်းမှသာ အဓိကကူးစက်နိုင်သည်။

ဌင်းရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးဖြစ်ပွားနိုင်သည် ။ အဆိုပါ ရောဂါသည် လူငယ်များထက် ငွေကြေးပြေလည်သည့် လူကြီးပိုင်းများ ပိုမိုများပြားကြောင်း တွေ့ ရှိနေရပေသည်။
ကာလသားရောဂါသည် လိင်ဆက်ဆံမှုများခြင်းကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါဖြစ်သည့်အတွက် ရောဂါဖြစ်ပွားလာပါက တတ်ကျွမ်းနားလည်သည့် ဆရာဝန်များထံ သွားရောက်ကုသရန် စိုးရွံ့ပြီး ကြိတ်ကုသခြင်းကြောင့်လည်းကောင်း၊ တစ်ဦးတည်းကုသခြင်းကြောင့် နောက်တစ်ဦးမှ ပြန့်ပွားကူးစက်ခြင်းတို့ဖြင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်ဖြစ်ပွားလျက် ရှိသည်။

လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ပေးနိုင်သည့် ဗီဒီယို၊ ရုပ်ပုံများ ကြည့်ရှုနိုင်သည့် မီဒီယာများ များပြားလာခြင်းနှင့် စောင့်ထိန်းရမည့် ယဉ်ကျေးမှုများ ပြောင်းလဲလာခြင်းတို့ကြောင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှုများ နောက်ပိုင်းတွင် ဒီထက် မက ပိုမိုများပြားလာနိုင်သဖြင့် ကျန်းမာရေး အသိ ကိုယ့်ကျင့် အသိဖြင့် ထိန်းသိမ်းကြရန်ဖြစ်ပါသည် 

အေးချမ်းမွန်မှ   Mg Mandalay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

“အကောင်းဆုံး စိတ်ဓါတ်သည် အကောင်းဆုံးဘ၀ကို ဖန်တီး၏”

စိတ်ဓါတ်ကောင်းတဲ့သူဟာ လုပ်ရပ်ပါကောင်းပါတယ်။လုပ်ရပ်ကောင်းတဲ့သူအတွက် ရလဒ်ကောင်းပါတယ်။
ရလဒ်ကောင်းရင် ဘ၀ကောင်းပါတယ်။ဒီလိုပါပဲစိတ်ဓါတ်မကောင်းတဲ့သူဟာ လုပ်ရပ်လည်းမကောင်းနိုင်ပေ။
လုပ်ရပ်မကောင်းပါက ရလဒ်လည်း မကောင်းပေ။ရလဒ်မကောင်းရင် ဘ၀ကောင်းကို မတည်ဆောက်နိုင်ပါဘူး။
“အကောင်းဆုံး စိတ်ဓါတ်သည်အကောင်းဆုံးဘ၀ကို ဖန်တီး၏”

**************************

အောင်မြင်မှုလေးများကို ထိန်းသိမ်းခြင်းဟာ လှေကားထစ်လေးများကို တက်သွားသလိုပါပဲ။တဆင့်ပြီးတဆင့်
တက်သွားနိုင်ဖို့ဆိုတာ လက်ရှိရောက်နေတဲ့ အနေအထားခိုင်မြဲမှ နောက်တဆင့်ကို တက်တဲ့အခါ လွယ်ကူမှု
ရှိပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ လက်ရှိရောက်နေတဲ့ အနေအထားက ခိုင်မြဲမှု မရှိဘူးဆိုရင် နောက်တဆင့်ကို
တက်တဲ့အခါ ယိမ်းယိုင်ပြီး အတက်ခက်နိုင်ပါတယ်။ဒီထက်ဆိုးတာက ရောက်နေတဲ့နေရာကနေ အောက်ကို
ပြန်ကျခြင်းပါပဲ။ အပေါ်ရောက်ပြီးမှ အောက်ကို ပြုတ်ကျတဲ့သူဟာ ပြန်တက်ချင်စိတ် ကုန်ခန်းတတ်သလိုတစ်
ကနေပြန်တက်ရတဲ့အခါ အာရုံစူးစိုက်မှုလည်း နှေးသွားပါတယ်။ ဒီတော့ -ဖြည်းဖြည်းချင်းတက်ပါရောက်တဲ့နေ
ရာမှာ ခိုင်မြဲအောင်ရပ်ပြန်မကျပါစေနဲ့။

**************************

နောင်တ
နောင်တတရားဆိုတာ မကောင်းတဲ့အဓိပ္ပါယ်နှင့် လုပ်ရပ်ကို ဖြစ်ပေါ်စေတဲ့ စကားပါ။နောင်တဟာ ဘယ်တော့မှ
မကောင်းပါဘူး။ဒါပေမယ့် လူတိုင်းဟာ နောင်တ ရဖူးကြပါတယ်။သို့သော်-အောင်မြင်တဲ့သူတွေကတော့ နောင်တ
တစ်ခုရပြီးတာနဲ့အဲသည်လို နောင်တ မျိုးမိမိဘ၀မှာ နောက်ထပ်လုံးဝ ဖြစ်ပေါ်မလာအောင် ကြိုးစားပြီး နေပါတယ်။
မအောင်မြင်တဲ့သူကတော့ ပြင်ဆင်မှုမရှိဘဲ ပူဆွေးမှုတွေနဲ့သာ နေပါတယ်။
နောင်တ နှစ်မျိုးရှိပါတယ်။
လုပ်သင့်တာ မလုပ်တဲ့နောင်တ
မလုပ်သင့်တာကို လုပ်တဲ့ နောင်တ
အဲသည်နှစ်မျိုးထဲမှာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ခဲ့တဲ့ နောင်တထက်စာရင် မလုပ်သင့်မလုပ်ထိုက်တာကို
ပြုလုပ်ခဲ့တဲ့နောင်တက ပိုပြီးတော့ ဆိုးဝါးပါတယ်။လုပ်သင့်တာကို မလုပ်ခဲ့ခြင်းဟာ ပြန်လည်ပြင်ဆင်ဖို့ အခွင့်
အရေးရှိပေမယ့်မလုပ်သင့်တာကို လုပ်ခဲ့ရင်တော့ပြန်လည်ပြုပြင်ခွင့် မရှိပါဘူး။အောင်မြင်ချင်တဲ့သူအတွက်ဘယ်
နောင်တမှ မဖြစ်ပေါ်တာအကောင်းဆုံးပါပဲ။သို့သော်“မလုပ်သင့်တာကို လုပ်ရင် လုပ်သင့်တာကို မလုပ်ဖြစ်တော့ပါဘူး။”

**************************

ကျွန်းဖြစ်အောင်လုပ်ပါ
ရည်ရွယ်ချက်တစ်ခု ထမြောက် အောင်မြင်ချင်တယ်ဆိုရင် မိမိကိုယ်ကို ကျွန်းသဖွယ်ဖြစ်အောင် လုပ်ပါ။တချို့လူတွေက မိမိလိုချင်တဲ့အနေအထားတစ်ခု ရောက်ရှိစေဖို့ သူတစ်ပါးကို မှီခိုပြီး နေကြတယ်။သူတစ်ပါးကို မှီခိုလွန်းအားကြီးရင် မိမိအားက ထွက်မလာတော့ဘူး။အမြဲတမ်း သူတစ်ပေါးနောက်ကနေပဲ နောက်လိုက်အဖြစ်နဲ့နေနေရတယ်။ တုံးနေတဲ့ ဓါးတစ်ချောင်းလိုပဲ ဘာကိုမှ တိတိကျကျ ပြတ်ပြတ်သားသား ခုတ်လို့ မရဘူး။ကျွန်းတွေဟာမိမိကိုယ်ကို အားကိုးပြီးနေတယ်။ ဘယ်သူ့ကိုမှ ဆောက်တည်ရာအဖြစ် မထားဘူး။ဒီလိုပါပဲ အောင်မြင်ချင်တဲ့သူဟာ လူကြီးတစ်ယောက်လို နေရတယ်။ လူကြီးဆိုတာ ဘယ်လိုပြဿနာမျိုး ကြုံတွေ့ပါစေ၊ ကိုယ့်ဥာဏ်နဲ့ကိုဆုံး
ဖြတ်တယ်။ သူတစ်ပါးရဲ့အဆုံးအဖြတ်ကိုမခံဘူး။ ကလေးဆိုတာသူတစ်ပါးဆုံးဖြတ်ချက်အတိုင်း နေတယ်။ ကိုယ့်အားကိုယ်ကိုးပြီးနေတဲ့သူဟာ ကျွန်းနဲ့တူတဲ့ လူကြီးပါပဲ။သူတစ်ပါးအားကိုးပြီးနေတဲ့သူကတော့ ကလေးတစ်ယောက်ပါပဲ။ ဒါကြောင့် အောင်မြင်ချင်ရင် လူကြီးဖြစ်လောက်အောင် ကျွန်းတွေလို မိမိကိုယ်ကို ဆောက်တည်ရာဖြစ်အောင်ရပ်တည်ပါ။

**************************

အောင်မြင်ချင်ရင် မိမိအလုပ်ကို ချစ်ရပါမယ်။ နောက်တစ်ခုက မိမိ မချစ်နိုင်တဲ့အလုပ်မှာ မိမိရည်မှန်းချက်ပန်းတိုင်
ကိုမထားပါနှင့်။ မအောင်မြင်နိုင်ပါဘူး။

သတိုးနွယ်၏စာအုပ်မှကူးယူဖော်ပြသည်။
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1946365&xgs=1&xg_source=msg_share_post

လူကြားထဲမှာ အဆင်မပြေသော်လည်း ကျန်းမာရေးအတွက် ကောင်းသော အစားအသောက် ၅ မျိုး

လူကြားထဲမှာ စားရင် ခံတွင်းအနံ့ နံစေတာကြောင့် အဆင်မပြေပေမယ့် အရသာရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာတွေကို ရေးသားလိုက်ရပါတယ်။

(၁) ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အစိမ်းလိုက် စားတာကြောင့် ခံတွင်းအနံ့ နံတာက ချက်ချင်းဖြစ်တတ်ပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ အနံ့ မပျောက်နိုင် ဖြစ်တတ်ပါတယ်။

ဘာကြောင့် ခံတွင်းနံ့နံရသလဲ

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် အလွန် အနံ့နံပြီး ခံတွင်းနံ့ဆိုးစေတာ ဖြစ်ပါတယ်။ ဒီအနံ့က သွားမှာ စားကြွင်းစားကျန် ကပ်ငြိပြီး ထွက်လာတဲ့ အနံ့မျိုး မဟုတ်ပါဘူး။ ဒီအစာတွေကို ချေဖျက်လိုက်တဲ့အခါ စူးရှတဲ့ အဆီတွေက သွေးကြောထဲကို စုပ်ယူသွားပြီး ခန္ဓာကိုယ်ကနေ အဆုတ်ဆီကို သယ်သွားပါတယ်။ အဲဒီအချိန်မှာ သင်ပါးစပ်ဟတိုင်း အနံ့နံနေတာ ဖြစ်ပါတယ်။

ဘာကြောင့် စားသင့်သလဲ

သင်ချက်တဲ့ ဟင်းလျာထဲမှာ ဟင်းခတ် အမွှေးအကြိုင်၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ထည့်တာက ဆားလိုအပ်မှု နည်းစေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီထဲမှာပါတဲ့ ဖိုင်တိုကမ်မီကယ်တွေကလည်း ရောဂါတွေကို ကာကွယ်ပေးပြီး ကျန်းမာရေးကို ကောင်းစေပါတယ်။

ဘယ်လို လုပ်သင့်သလဲ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို စားပြီးတဲ့အခါ ရေကို များများ
သောက်ပေးပါ။ နွားနို့ကို သောက်တာကလည်း ခံတွင်းအနံ့ နံစေတဲ့
ဒြပ်ပေါင်းတွေကို လျော့ကျစေပါတယ်။ ဒါမှမဟုတ် ပူဒီနာ၊ ပီကေ၊ ပူရှိန်း၊ သကြားလုံးစားတာနဲ့ ပက်ပါးမင့် လက်ဖက်ရည်သောက်တာတွေကို လုပ်ပေးပါ။ ခံတွင်းအနံ့ဆိုး ထွက်တာက အစာခြေစနစ်ရဲ့ လုပ်ငန်း
ဆောင်တာ မကောင်းတဲ့လက္ခဏာ ဒါမှမဟုတ် သွားနဲ့ ခံတွင်းထိန်းသိမ်းမှု မကောင်းတာတွေရဲ့လက္ခဏာ ဖြစ်နိုင်တာကြောင့် အချိန်ကြာတဲ့အထိ ခံတွင်းနံ့နံနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

(၂) မုန်လာဥနီ

မုန်လာဥနီကို အများကြီး စားလိုက်ရင် အရေပြားကို လိမ္မော်ရောင် သန်းစေပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ဒါကို ဆေးပညာ ဝေါဟာရအရ Carotenaemia လို့ ခေါ်ပါတယ်။ မုန်လာဥနီမှာပါတဲ့ ဘီတာကယ်ရိုတင်းတွေ အများကြီးက အရေပြားကို လိမ္မော်ရောင် သန်းစေတာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိတဲ့ အခြေအနေပါ။ သက်သတ်လွတ် စားသူတွေနဲ့ သရေစာအဖြစ် မုန်လာဥနီ အစားများတဲ့ ကလေးငယ်တွေမှာ တွေ့ရတာ များပါတယ်။ တစ်ခါတစ်ရံ အသားဝါရောဂါနဲ့ လွဲမှားတတ်ပါတယ်။

ဘာကြောင့် စားသင့်သလဲ

ဗီတာမင်အေပါဝင်မှု များတာကြောင့် မျက်စိကျန်းမာရေးအတွက် ကောင်းပါတယ်။

ဘယ်လို လုပ်သင့်သလဲ

အရေပြားဟာ စားတဲ့အစားအသောက်၊ နေထိုင်မှုပုံစံတွေနဲ့ သက်ရောက်မှု ရှိပါတယ်။ ရေကို များများသောက်ပါ၊ အိပ်ရေးဝဝ အိပ်ပါ၊ အစားအသောက်ကို အစုံစားပါ။ အရေပြားအတွက် ကောင်းတဲ့အရာတွေက အိုမီဂါသရီး ဖက်တီး အက်စစ်၊ ဇင့်(သွပ်)၊ ဗီတာမင် ဘီအုပ်စုနဲ့ ဗီတာမင်စီတို့ ဖြစ်ပါတယ်။

(၃) ကညွတ်

ကညွတ်က ဆီးအနံ့ နံစေပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာပဲ ဖြစ်တတ်
တာပါ။ စားတဲ့သူ တစ်ဝက်လောက်မှာ ဆီးအနံ့ နံတာမျိုး ဖြစ်တတ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ကညွတ်ထဲမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းကြောင့် ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်တဲ့ ဆီးဟာ အနံ့နံရတာပါ။

ဘာကြောင့် စားသင့်သလဲ

ကညွတ်မှာ အမျှင်ဓာတ် ကောင်းစွာ ပါဝင်ပြီး ဖောလိတ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ

တစ်ထိုင်တည်းနဲ့ ကညွတ်တွေ အများကြီးကို မစားပါနဲ့။ ကညွတ်စားပြီး
ချိန်မှာ ရေများများ သောက်ပေးပါ။ ဒါမှ အနံ့ဆိုးထွက်စေတဲ့ ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ကနေ ထွက်သွားမှာပါ။ ဆီးအနံ့ နံတာက ဆီးလမ်းကြောင်း ပိုးဝင်တဲ့လက္ခဏာ ဖြစ်တတ်တာကြောင့် ကညွတ်မစားတော့တဲ့ ရက်တွေ
အထိ ဆီးအနံ့ နံနေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၄) ကင်ထားသော ပဲများ

ပဲတွေကို များများ စားလေလေ၊ လေလည်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ပဲတွေထဲမှာ ပျော်ဝင် အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် အူမကြီးထဲ ရောက်တဲ့အထိ ကောင်းကောင်း မချေဖျက်နိုင်ပါဘူး။
နောက်ဆုံး ချေဖျက်ပြီးတဲ့ အခါမှာ လေ (Gas) ထွက်လာပါတယ်။

ဘာကြောင့် စားသင့်သလဲ

အမျှင်ဓာတ်များစွာပါတဲ့ အစာတွေက ရောဂါမျိုးစုံကို မဖြစ်အောင် ကာကွယ်ပေးပြီး အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဆီးချိုသွေးချို ရောဂါရှင်၊ သွေးတွင်း ကိုလက်စထရောများသူနဲ့ ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် အကျိုးကျေးဇူးများပါတယ်။

ဘယ်လို လုပ်သင့်သလဲ

ဘယ်လို လုပ်သင့်သလဲချင်း (ဂျင်း)၊ နွယ်ချို၊ ပက်ပါးမင့်နဲ့ သံပရာသီး စတာတွေက လေပွ၊ လေထတာကို သက်သာစေပါတယ်။ ဒါကြောင့်ပဲကို ဒီလို ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တွဲစားပေးသင့်ပါတယ်။

(၅) ဝိုင်နီ

ဝိုင်နီကို များများသောက်ရင် သင့်သွားတွေမှာ နီရဲနေပြီး ဒရက်ကူလာနဲ့ တူနေပါလိမ့်မယ်။

ဘာကြောင့်ဖြစ်ရသလဲ

ဝိုင်နီမှာ ပိုလီဖီနောဓာတ်ပါဝင်တာကြောင့် သွားတွေကို အစွန်းထင်စေ
ပါတယ်။

ဘာကြောင့် သောက်သင့်သလဲ

ဝိုင်နီကို အသင့်အတင့် သောက်ရင်တော့ သွားဖုံးရောဂါ ဖြစ်နိုင်ခြေကို
လျော့ကျစေပါတယ်။ ဝိုင်နီမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများ
တာကြောင့် နှလုံးသွေးကြော ဆိုင်ရာရောဂါတွေလို ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ နှစ်ခွက်ထက် မပိုပါစေနဲ့။

ဘယ်လို လုပ်သင့်သလဲ

ဝိုင်နီသောက်ပြီးတိုင်း သွားအစွန်းထင်တာ ကင်းအောင် ပလုတ်ကျင်းပေးပါ။ သွားကို ပုံမှန်တိုက်ပေးပါ။

ဇွန်
Royal Hero Media

နယူးယောက်မြို့ လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ

diamond
ပုံမှာ မြင်တွေ့ရတဲ့သူဟာStepanian အမည်ရ အမျိုးသားတစ်ဦး ဖြစ်ပြီးသူ့အလုပ်ကတော့ နယူးယောက်မြိုလမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။

သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ်အိပ်  ကောက်တဲ့ ကလေးတွေကို သွား သတိရပါတယ်။သို့ပေမယ့်Stepanian ကတော့ အများကြီး သာပါတယ်။

သူ့ဝင်ငွေကတစ်ပတ်ကို ဒေါ်လာ၈၂၀ရှိတယ်ဆိုတော့တစ်ရက်ပျှမ်းမျှဝင်ငွေက ဒေါ်လာ၁၁၀မကပါဘူး။အလုပ်က
နည်းနည်းတော့ပင်ပန်းပါတယ်။နယူးယောက်မြို့ကြီးလမ်းမပေါ်က ရေအိုင်မှာပါ မကျန်ကြားတွေကြားတွေထဲအထိတောင်လိုက်လံရှာဖွေရတာ ဖြစ်ပါတယ်။စိန်၊ရွှေတင်မကအခြားသောအဖိုးတန်ရတနာများကို တွေ့ ရှိပါတယ်။

တကယ် တွေ့ပါတယ်။အမေရိကန်ပြည်ထောင်စုကနယူးယောက်မြိုကြီးကလူတွေဟာအလုပ်တွေရှုပ်ပြီးလမ်းမကြီး
ကိုငုံ့ကြည့်ဖို့တောင်အချိန်မရကြပါဘူး။ဒါကြောင့်Stepanianလို့ပဲစိန်ရှာတဲ့သူအနည်းစုအတွက်အလုပ်ဖြစ်ပါတယ်။
ပျောက်တာတွေရော၊ပဲ့ကျထားတာတွေရော အဖိုးတန်ရတနာ အားလုံးကို သူတို့ ပိုင် သွားပါတယ်။ နှစ်ပေါင်း ၆၀မကတဲ့ အချိန်တွေ ကတည်းကတည်ရှိနေတဲ့စိန်ခဲ၊ ရွှေခဲတွေကိုတောင် တွေ့ရတတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်တစ်ပတ်တစ်ပတ်ရှာဖွေထားတာတွေကို ပြန်ရောင်းရင်အနည်းဆုံး ဒေါ်လာ၈၂၀ လောက်တော့ဝင်ငွေရ
တယ်လို့ ဆိုပါတယ်။ဒါကြောင့်နယူးယောက်မြိုကစိန်ရှာတဲ့အလုပ်ဟာလည်းဝင်ငွေမဆိုးတဲ့အလုပ်မို့ စိတ်ဝင်စားသူများပြားကြောင်း သိရပါတယ်။

www.yoyarlay.com/international-news/usa/33631-he-got-820-dollar-a-w...