တမူထူးခြားပြီ အရသာဆန်းတမျိုး ဖြစ်သည့် ငပျောရွက် ငါးကင်လေးနဲ့ မိတ်ဆက်ပါရစေ။ ငပျောရွက်ထုတ်ပြီ ကင်ထားတဲ့ အတွက် ငပျောရွက်က ငါးအသားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတာ မို့ ခြောက်သွေ့မသွားပဲ၊ ငါးရဲ့ လတ်ဆတ်တဲ့ အရသာကို ရရှိမှာပါ။ ဟင်းခတ်အမွှေးအကြိုင်များဖြင့် နှပ်ထားတာမို့ အနံလေးက သင်းပြီ စားလို့ကောင်းပါတယ်။ ချက်နည်းလေးကို ကြည့်၇အောင်…
ပါဝင်ပစ္စည်းများ [Ingredients]
- ငါးရံ့ [fish] ♦ ၂၀ကျပ်သား (အသားလွှာ ၄ပိုင်း)
- ငပျောရွက် [banana leaves] ♦ ၄ခု
- ကြက်သွန်နီ [onion] ♦ ၁လုံး ( အ၀ိုင်းပါးပါးလှီးပါ)
- နံနံပင် [cilantro] (သို့) ပူစီနံ [mint] ♦ ၁စည်း
ဆော့ရည် ပါဝင်ပစ္စည်းများ [Sauce Ingredients]
- ကြက်သွန်နီ [onion] ♦ ၂စိတ်
- ကြက်သွန်ဖြူ [garlic] ♦ ၂ခု
- ငရုတ်ကောင်းမှုန့် [black pepper] ♦ လက်ဖက်ရည်ဇွန်း တ၀က်
- လေညှင်း [clove] ♦ ၂ခု
- သစ်ဂျပိုး [cinnamon] ♦ ၁ခု
- ကလဝေရွက် [bay leaf] ♦ ၁ရွက်
- လီမွန် [lemon juice] (သို့) သံပရာရည် [lime juice] ♦ စားပွဲတင်ဇွန်း ၆ဇွန်း
- ဆား [salt] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ရေ [water] ♦ ဆန်ချိန်ခွက် ၄ပုံ၁ပုံ
ချက်ပြုတ်နည်းများ [Recipes]
၁။ ငါးရံ့ကို အရိုးထုတ်ပြီ အသားလွှာပေးပါ။ ပြီးလျှင် ၄ပိုင်းပိုင်းလိုက်ပါ။
၂။ ပြီလျှင် ဆော့ရည်အတွက် (ငရုတ်ကောင်းမှုန့်၊ လေညှင်း၊ သစ်ဂျပိုး၊ ကလဝေရွက်)တို့ကို Blenderဖြင့် ကြေညက်နေအောင် ကြိတ်ပေးပါ။
၃။ ထို့နောက် ဆော့ရည်အတွက် Blender ထဲသို့ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လီမွန်(သို့) သံပရာရည်၊ ဆား၊ ရေ၊ ကြိတ်ထားသော ဟင်းခတ်အမွှေးအကြိုင်များ) အားလုံးကို သမအောင် ကြာကြာလေး ရောကြိတ်ပေးပါ။
၎။ ဆော့ရည်များကို ငါးရံ့အသားလွှာများပေါ်သို့ လောင်းချပေးပြီ ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နှပ်ထားလိုက်ပါ။
၅။ ကင်ခါနီးမှ ငပျောရွက်များကို စက္ကန့်ပိုင်းမျှ အနည်းငယ်မီးပြပေးပါ။
၆။ ပြီနောက် ငပျောရွက်ပေါ်သို့ ငါးအသာလွှာတစ်တုံး ထည့်ပြီ အပေါ်မှ ကြက်သွန်နီအ၀ိုင်း၊ နံနံပင်တို့ကို တင်ပေးပါ။
ရ။ ပြီမှ ငပျောရွက်ကို သေချာထုတ်ပိုးပြီ သွားကြားထိုးတံများဖြင့် လုံအောင် ပိတ်ထားလိုက်ပါ။
၈။ ထိုနည်းအတိုင်း ကျန်ငါးများကို ငပျောရွက်ဖြင့် ထုပ်ပိုးပေးလိုက်ပါ။
၉။ မီးကင်ရန် ငပျောရွက် ငါးထုတ်ကို တဖက် ၄-၅မိနစ်ခန့် ကင်ပေးပါ။
၁၀။ ငပျောရွက်များ ညှိမဲလာလျှင် ငါအသားကျက်ပါပြီ။
၁၁။ ထိုအခါ ထုတ်ထားသော ငပျောရွက်ထဲမှ ငါးအသားများကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…
Tip: blender ထဲထည့်ကြိတ်ရမည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ကင်ပြီ ထည့်လျှင် ပိုမိုကောင်းမွန်သည်။ ထို့အပြင် ငါးရံ့အစား ဆယ်မွန်ငါးနှင့် ကင်က ပိုမိုအရသာကောင်းမွန်သည်ကို တွေ့ရပါလိမ့်မည်။
http://www.wutyeefoodhouse.com/?p=3703
No comments:
Post a Comment