“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Showing posts with label ဟာသ. Show all posts

Saturday, March 29, 2014

ဟာသတိုများ(၁၅)

"ဆေးခွင့်"
=====
"မခင်နွဲ့နှောင်း၊ ခဏ လာပါအုံး"
"ဟုတ်ကဲ့ လာပါပြီ ဆရာ"
"ညည်း မနေ့က သွားဆရာဝန်နဲ့ တွေ့ဖို့ရှိတယ်ဆိုပြီး နေ့ဝက်ခွင့်ယူသွားတယ် မဟုတ်လား"
"ဟုတ်ပါတယ် ဆရာ"

Saturday, February 22, 2014

မိန်းကလေးများ ရည်းစားမရှိခြင်း၏ ကောင်းကျိုး ၁၂ ချက် --

Photo: မိန်းကလေးများ ရည်းစားမရှိခြင်း၏ ကောင်းကျိုး ၁၂ ချက် --

၁။ ပိုက်ဆံအချေးခံရသက်သာခြင်း

၂။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခြင်းမှလွတ်ကင်းခြင်း။

၃။ ဆေးလိပ်၊ဘီယာ ကဲ့သို့ သော အနံ့ဆိုးများမှ သက်သာခြင်း။

၎။ ဈေးဝယ်ထွက်ရာတွင် စိတ်ချမ်းသာစွာ သွားနိုင်ခြင်း( မပြီးသေးဘူးလား၊ကြာလိုက်တာ… စသဖြင့် ညူစူမှုများမှ ကင်းဝေးသဖြင့်..)

၅။ ညီမ ၊မောင်များအား လာဘ်ထိုးရသက်သာသဖြင့် မုန့်ဖိုးလောက်ငှခြင်း။

၆။ ချိန်းထားသောအချိန်နောက်ကျသဖြင့် အပြောအဆိုခံရခြင်းမှ ကင်းဝေးခြင်း။

၇။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်၊ ဘီယာဆိုင်တကာလိုက်ရှာရခြင်းဒုက္ခ မှ ကင်းဝေးခြင်း။

၈၊ အွန်လိုင်းခ ၊ ဖုန်းခများသက်သာသဖြင့် အလိုရှိရာအသုံးအဆောင်ပိုဝယ်ယူနိုင်ခြင်း။

၉ ။ယောက်ျားလေးသူငယ်ချင်းများဖြင့် လွတ်လပ်စွာ (စိတ်သန့်သန့်ဖြင့်)ပေါင်းသင်းသွားလာနိုင်ခြင်း။

၁၀။ကိုရီးယားမင်းသားနှင့်တူသောကောင်ချောလေးများကိုတရားဝင်ပေါ်တင်ငေးမောကြည့်ရှုနိုင်ခြင်း။ ( အဟိ…..)

၁၁။ ဟိုလိုမ၀တ်နဲ့ဒီလိုမ၀တ်နဲ့၊ ဟိုလိုဝတ် ဒီလိုဝတ် စသဖြင့်ဆရာအလုပ်ခံရခြင်းမှကင်းဝေးခြင်း။

၁၂။ ယောင်္ကျားလေးချင်းရန်ပွဲဖြစ်ပြီးသော်လည်းကောင်း၊ တခြားမိန်းကလေးများဖြင့်သတင်းကြားရခြင်းဖြင့်လည်းကောင်းစိတ်ပူပန်ဆင်းရဲ ပြီးမျက်ရည်စမ်းစမ်း စမ်းစမ်းဖြစ်ရခြင်းဒုက္ခမှကင်းလွတ်ပြီး
ချမ်းသာရာရခြင်း။ ပိုက်ဆံအချေးခံရသက်သာခြင်း
။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခြင်းမှလွတ်ကင်းခြင်း။
။ ဆေးလိပ်၊ဘီယာ ကဲ့သို့ သော အနံ့ဆိုးများမှ သက်သာခြင်း။
။ ဈေးဝယ်ထွက်ရာတွင် စိတ်ချမ်းသာစွာ သွားနိုင်ခြင်း( မပြီးသေးဘူးလား၊ကြာလိုက်တာ… စသဖြင့် ညူစူမှုများမှ ကင်းဝေးသဖြင့်..)
။ ညီမ ၊မောင်များအား လာဘ်ထိုးရသက်သာသဖြင့် မုန့်ဖိုးလောက်ငှခြင်း။
။ ချိန်းထားသောအချိန်နောက်ကျသဖြင့် အပြောအဆိုခံရခြင်းမှ ကင်းဝေးခြင်း။
။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်၊ ဘီယာဆိုင်တကာလိုက်ရှာရခြင်းဒုက္ခ မှ ကင်းဝေးခြင်း။
၊ အွန်လိုင်းခ ၊ ဖုန်းခများသက်သာသဖြင့် အလိုရှိရာအသုံးအဆောင်ပိုဝယ်ယူနိုင်ခြင်း။
 ၉ ။ယောက်ျားလေးသူငယ်ချင်းများဖြင့် လွတ်လပ်စွာ (စိတ်သန့်သန့်ဖြင့်)ပေါင်းသင်းသွားလာနိုင်ခြင်း။
၁၀။ကိုရီးယားမင်းသားနှင့်တူသောကောင်ချောလေးများကိုတရားဝင်ပေါ်တင်ငေးမောကြည့်ရှုနိုင်ခြင်း။ ( အဟိ…..)
၁၁။ ဟိုလိုမ၀တ်နဲ့ဒီလိုမ၀တ်နဲ့၊ ဟိုလိုဝတ် ဒီလိုဝတ် စသဖြင့်ဆရာအလုပ်ခံရခြင်းမှကင်းဝေးခြင်း။
၁၂။ ယောင်္ကျားလေးချင်းရန်ပွဲဖြစ်ပြီးသော်လည်းကောင်း၊ တခြားမိန်းကလေးများဖြင့်သတင်းကြားရခြင်းဖြင့်လည်းကောင်းစိတ်ပူပန်ဆင်းရဲ ပြီးမျက်ရည်စမ်းစမ်း စမ်းစမ်းဖြစ်ရခြင်းဒုက္ခမှကင်းလွတ်ပြီးချမ်းသာရာရခြင်း။
 
မြ၀တီ

Tuesday, February 18, 2014

သိပြီးသား

သိပြီးသား
Tuesday, February 18, 2014

အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က
"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား" ဟု လှမ်းအော်သည်။

အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။

 အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ၍
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။

နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြောဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က နောက်မဖြစ်စေရပါဟု တောင်းပန်သည်။

နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သောအခါ -

ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။

အမျိုးသမီး - ဘာလဲ။

ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။

ဟာသလေးများအမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က
"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား" ဟု လှမ်းအော်သည်။

အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။

အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ၍
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။

နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြောဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က နောက်မဖြစ်စေရပါဟု တောင်းပန်သည်။

နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သောအခါ -

ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။

အမျိုးသမီး - ဘာလဲ။

ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။

Myanmar Online News
ဟာသလေးများ

Monday, February 17, 2014

မိုဘိုင်း ဖုန်းပြောခ သက်သာရန် နည်းလမ်း

မိုဘိုင်း ဖုန်းပြောခ သက်သာရန် နည်းလမ်း
Monday, February 17, 2014

Missed Call ပေးပါ

ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက်သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာ မကိုင်လို့ နောက်မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။

ပြောနေရင်း ဖုန်းချပါ

ပြောနေရင်းဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွားလို့ပါပေါ့။ ဟုတ်ဘူးလား။ အသံမကြားရလို့ပါ ဘာညာပေါ့။ တစ်ခါတစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ )

Message မပို့ပါနဲ့
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ်လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြောရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ။ ပြီးတော့ ကြုံမှပြောလိုက်ပေါ့။ ၁၀ ရက်စာ စုရေးထားတာမို့ ၁၀ ရက်အတွင်း ပြောစရာရှိရင် ခများကပဲ အရင်စဆက်ပါလို့လေ။

အင်တာနက် မသုံးပါနဲ့

လည်နေတာကြည့်ပြီး တရားမှတ်တာထက် မြေကသိုဏ်းဖြစ်ဖြစ်၊ မိုးပြာရောင် ကသိုဏ်းဖြစ်ဖြစ် ကြည့်ပြီး တရားမှတ်တာ ပိုကောင်းပါတယ်။ ခုက အားလုံးသိတဲ့အတိုင်း အင်တာနက်က သိပ်မလွယ်သေးဘူးလေ။ ဒီတော့ အင်တာနက် Data Connection ကိုမဖွင့်လေကောင်းလေပါပဲ။ ( အင်တာနက်ဖွင့်ပြီး စာပို့ချင်သပဆိုရင် ပို့ချင်တဲ့သူကို What’s app ဖွင့်ခိုင်း၊ (ဒါကတော့ အတည်ပါ) အဲဒါနဲ့ကျ အင်တာနက်လိုင်းမကောင်းလဲ စာအဝင်အထွက် တော်တော်မြန်တယ်လေ)

ရည်းစားမထားပါနဲ့

ရည်စားရှိတဲ့သူတွေရဲ့  ဖုန်းဘေလ် ကုန်ချက်က အံ့မခန်းပါပဲတဲ့။ အချို့ ကျတော့လည်း ကောင်မလေး တွေက ပိုကုန်တယ်လို့ ပြောကြပြီး အချို့ ကျတော့လည်း ကောင်လေးတွေဘက်က ဖုန်းဘေလ်ကုန်ကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခုတ်က နှစ်ဖက်တီးမှ မြည်တာ။ ဖုန်းဘေလ်အကုန်မခံနိုင်ရင် ရည်းစားမထားတာ အကောင်းဆုံး ပါပဲတဲ့။

ဖုန်း ပါဝါ ပိတ်ထားပိတ်ထားပါ

အကောင်းဆုံးပဲလေ။ ညဘက်ဗိုက်ဆာတတ်သူတွေရဲ့  အကောင်းဆုံး ဖြေရှင်းနည်းက အိပ်လိုက်တာပဲ။ အိပ်ပျော် သွားရင် ဗိုက်မဆာတော့ဘူး။ ခုလဲ အဲ့လို့ပဲပေါ့။ ဖုန်းဘေလ် လုံးဝ မကုန်ချင်ဘူးဆိုရင် ဖုန်းသာ ပါဝါ ပိတ်ထားပစ်။ ဒါဆို မကုန်တော့ဘူး။

ဖုန်းမကိုင်ပါနဲ့တော့

အားလုံးထက် အကောင်းဆုံး နည်းလမ်းပေါ့ဗျာ။ မူလနှစ်ဖြာ အဝိဇ္ဇာ နဲ့ တဏှာ ကြောင့် ဘဝဆိုတာ ဖြစ်လာတာလေ။ ဘဝလောကီ ကိစ္စပျက်ချင်ရင် အဲဒါဖြတ်ပေါ့။ ခုက ဖုန်းဘေလ်အကုန်မခံချင်ပါဘူး။ ဖုန်းဘေလ် ကုန်ကျစရိတ် မသုံးနိုင်ပါဘူးဆိုရင် အကောင်းဆုံးကတော့ ဖုန်းလုံးဝ မကိုင်ပါနဲ့တော့။ မဝယ်ပါနဲ့တော့။ ဒါဆိုရင် ဖုန်းဘေလ် လုံးဝ မကုန်တော့ပါဘူး။

အားလုံးအဆင်ပြေဖို့ ရေးသား မျှဝေ လိုက်ရပါတယ်။

(မှတ်ချက် - အတည်ပေါက်နဲ့ နောက်ခြင်းမျှသာ ဖြစ်ပါတယ်။ တကယ်မဟုတ်ပါ။ အားလုံး စိတ်အပန်းဖြေ နိုင်ပါစေ)
.
အောင်ခမ်း (www.innewsmyanmar.com)

International news for myanmar Missed Call ပေးပါ

ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက်သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာ မကိုင်လို့ နောက်မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။

ပြောနေရင်း ဖုန်းချပါ

ပြောနေရင်းဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွားလို့ပါပေါ့။ ဟုတ်ဘူးလား။ အသံမကြားရလို့ပါ ဘာညာပေါ့။ တစ်ခါတစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ )

Message မပို့ပါနဲ့
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ်လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြောရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ။ ပြီးတော့

Monday, February 3, 2014

၅၀၀၀ တန်ငွေဖြည့်ကဒ်ဖြင့် ၁၀၀၀၀ ဖြစ်သွားအောင် ငွေဖြည့်တဲ့နည်း

၅၀၀၀ တန်ငွေဖြည့်ကဒ်ဖြင့် ၁၀၀၀၀ ဖြစ်သွားအောင် ငွေဖြည့်တဲ့ နည်းလေးပြောပြမယ်...

ဥပမာ မိမိဖုန်းမှာ ၂၀၀ ပဲကျန်တယ်ဆိုကြပါဆို့ ကျနော်ပြောတဲ့နည်းသုံးလိုက်ရင် ၁၀၂၀၀... ဖြစ်သွားမှာပါ

(၁) အရင်ဆုံး မိမိဖုန်းဘေကို ၂ ခါစစ်ပါ...

(၂) ၅၀၀၀ တန်ငွေဖြည့်ကဒ်တစ်ကဒ်ကို ၀ယ်ပြီးဖြည့်ပါ...

(၃) မိမိဖုန်းထဲတွင် ငွေဖြည့်ပြီးကြောင်း message လေးဝင်လာပါလိမ့်မယ်...

(၄) message ၀င်လာပြီရင်လည်း မိမိငွေလက်ကျန်ကို ၂ ခါပြန်စစ်ပါ...

(၅) အပေါ်ကနံပါတ် (၂) အတိုင်းဆောင်ရွက်ပါ...

ဒီနည်းဟာ ၅၀၀၀ တန် ငွေဖြည့်ကဒ်ဖြင့် ၁၀၀၀၀ ငွေဖြည့်နည်းဖြစ်ပါတယ် .... မဆဲကြေးနော် ခစ်ခစ် :P

Admin PL

https://www.facebook.com/LaminmaungLaminlay

#Laminmaung
၅၀၀၀ တန်ငွေဖြည့်ကဒ်ဖြင့် ၁၀၀၀၀ ဖြစ်သွားအောင် ငွေဖြည့်တဲ့ နည်းလေးပြောပြမယ်...

ဥပမာ မိမိဖုန်းမှာ ၂၀၀ ပဲကျန်တယ်ဆိုကြပါဆို့ ကျနော်ပြောတဲ့နည်းသုံးလိုက်ရင် ၁၀၂၀၀... ဖြစ်သွားမှာပါ

(၁) အရင်ဆုံး မိမိဖုန်းဘေကို ၂ ခါစစ်ပါ...

(၂) ၅၀၀၀ တန်ငွေဖြည့်ကဒ်တစ်ကဒ်ကို ၀ယ်ပြီးဖြည့်ပါ...

Thursday, January 30, 2014

"ပေါက်ကရ ရမ်းဘာသာပြန်ထားသော ဟာသများ"

Photo: "ပေါက်ကရ ရမ်းဘာသာပြန်ထားသော ဟာသများ"

==============
1. ကိုကျေးညို နဲ့ ရွှေဆွဲပြား
==============
ကိုကျေးညိုတစ်ယောက် ရွှေဆွဲပြားလေး လာဝယ်နေတယ်။
သူက ဆိုင်ရှင်ကိုပြောတယ်... ...
"ကျနော့်ချစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ ဆွဲပြားလိုချင်တယ်"
"ဟုတ်ကဲ့"
"ဆွဲပြားပေါ်မှာ စာတန်းလေး ထိုးပေးပါ"
"ကောင်မလေးနာမည် လား"
"မဟုတ်ဘူး"
"ဘယ်လိုစာတန်းလဲ"
"တစ်သက်မှာ တစ်ယောက်၊ ချစ်ရတဲ့ အချစ်ဆုံးအတွက်... လို့"
"သူ့နာမည်မထိုးဘဲ ဘာလို့ အဲဒီစာ ထိုးရတာလဲ"
"သူနဲ့လမ်းခွဲကြလို့ သူက စိတ်ဆိုးပြီး ဒီဆွဲပြားလေး ပြန်ပေးရင် နောက်တစ်ယောက်အတွက် သုံးလို့ရအောင်လို့"

=============
2. အမေ့ထက် တစ်လကြီး
=============
သမီးလေးက အပျိုပေါက်ဖြစ်လာတော့ သိထားသင့်တာလေးတွေ ပညာပေးအုံးမှလို့ အမေလုပ်သူက စဉ်းစားမိတာနဲ့....
"သမီး... လင်ယူသားမွေးကိစ္စ ဆွေးနွေးဖို့ အချိန်တန်ပြီ"
"ရပါတယ်၊ မေမေ သိချင်တာရှိရင်မေး၊ သင်ပေးမှာပေါ့"
"ငင်..."

==============
3. ကိုကျေးညို နဲ့ အိပ်ဆေး
==============
ကိုကျေးညို ဆေးခန်းရောက်လာတယ်... ...
"ဘာဖြစ်သလဲဗျ..."
"ဒီလိုပါ ဆရာ၊ ကျနော့်အိမ်ရှေ့လမ်းပေါ်မှာ ရပ်ကွက်ထဲက ခွေးတွေ တစ်ညလုံး လာလာဆူနေကြတော့ တမှေးမှကို မပျော်လို့ဆရာရယ်"
"ဟာ... မပူနဲ့၊ ကျနော့်မှာ အိပ်ဆေးကောင်းကောင်းရှိတယ်၊ ရော့... အိပ်မက်လှလှတွေတောင် မက်သွားစေရမယ်"
"ကျေးဇူးပါ ဆရာ"

နောက်တစ်ပတ်လောက်နေတော့ ဆေးခန်းကို ကိုကျေးညိုပြန်ရောက်လာတယ်။
ဆရာဝန်ကို မကျေမနပ်နဲ့ ပြောတယ်... ...
"ဆရာ့ဟာကြီးက အဆင်မပြေပါဘူး ဆရာရယ်၊ ကျနော့်မှာ ပိုလို့တောင် အိပ်ရေးပျက်သေးတယ်"
"ဟာ... မဖြစ်နိုင်တာဗျာ၊ အဲဒီအိပ်ဆေးက ကမ္ဘာမှာ အပြင်းဆုံးဗျ"
"အိပ်ဆေးပြင်းတာကတော့ ကောင်းပါတယ်"
"ဘာက မကောင်းတာလဲ"
"ကျနော်မှာ တစ်ညလုံး အဲဒီခွေးတွေကို လိုက်ဖမ်းရတာက တစ်မျိုး၊ မိပြန်တော့လည်း ခွေးတွေကို ဆေးတိုက်ဖို့ ခက်တာက တစ်မျိုး"
"ဂျာ... ..."

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko
1. ကိုကျေးညို နဲ့ ရွှေဆွဲပြား
==============
ကိုကျေးညိုတစ်ယောက် ရွှေဆွဲပြားလေး လာဝယ်နေတယ်။
သူက ဆိုင်ရှင်ကိုပြောတယ်... ...
"ကျနော့်ချစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ ဆွဲပြားလိုချင်တယ်"
"ဟုတ်ကဲ့"
"ဆွဲပြားပေါ်မှာ စာတန်းလေး ထိုးပေးပါ"
"ကောင်မလေးနာမည် လား"

Friday, December 27, 2013

"ရိုက်ပေါက်"

Photo: "ရိုက်ပေါက်"

တခါက... ...
စကားပြောရင် အပိုမပြော တိုတိုပြတ်ပြတ်ပဲ ပြောတတ်တဲ့ လူတစ်ယောက်ရှိသတဲ့
တနေ့တော့ သူ့အိမ်ပေါက်ကို အမျိုးသမီးအရောင်းကိုယ်စားလှယ်တစ်ယောက် ရောက်လာတယ်... 

"ကျမတို့ ကုမ္မဏီကထုတ်တဲ့ အလှကုန်ပစ္စည်းတချို့ ကြော်ငြာချင်လို့ပါရှင့်"
"အင်း..."

"ဦးရဲ့ အမျိုးသမီးရော?"
"အလုပ်သွားတယ်"

"သူပြန်လာမှာလား"
"အင်း..."

"ကျမ ထိုင်စောင့်မယ်နော်"
"စောင့်ပေါ့"

ဒီလိုနဲ့ ဧည့်ခန်းမှာထိုင်စောင့်နေတယ်
တစ်နာရီနဲ့လည်း မလာ
နှစ်နာရီနဲ့လည်း မလာ
သုံးနာရီနဲ့လည်း မလာ
... ဆိုတော့ အရောင်းကိုယ်စားလှယ်လည်း နည်းနည်း စိတ်ညစ်လာပြီး အိမ်ရှင်ကို မေးတာပေါ့... ...

"ဦးရဲ့ အမျိုးသမီးကလည်း ကြာလိုက်တာနော်"
"အင်း..."

"ဘယ်တော့ ပြန်လာမှာလဲ"
"နောက်နှစ်ကုန်လောက်မှ"

"ရှင်... ဦး ခုနကပြောတော့ သူက အလုပ်သွားတာဆို"
"သူ့အလုပ်က စင်္ကာပူမှာ"

"ရွှမ်..."

သန်၎ကို-ဘာသာပြန်သည်

Monday, December 16, 2013

မရီနဲ့.. အောင့်ခံ(ဟာသ)

Photo: မရီနဲ့.. အောင့်ခံ
Monday, December 9, 2013

(ဘယ်နှစ်ခါပြန်ဖတ်ရ ဖတ်ရ ရီရတဲ့ ဟာသလေးပါ)

လူသုံးယောက် တောအုပ်တစ်ခုအတွင်းတွင် လမ်းပျောက်နေရာမှ လူသားစား
လူရိုင်းများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ခေါင်းဆောင် လူရိုင်းကြီးက
နောက်ဆုံး အခွင့်အရေးပေးသည်။ တောထဲတွင် ရှိသော သစ်သီး များအနက်မှ
ကြိုက်ရာ သစ်သီး ၁၀လုံးကို အမြန်ဆုံး ယူလာရန် အမိန့်ပေးသည်။
သုံးယောက်လုံး အမြန်ထွက်သွားကြသည်။

ပထမလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကို ပြောသည်။

" ကျွန်တော်ပန်းသီးဆယ်လုံးယူလာပါတယ်၊ ကျွန်တော်သွားလို့ရပြီလားခင်ဗျာ... "

ခေါင်းဆောင်ကြီးက ခေါင်းခါပြီးဆက်ပြောသည်။

" မရဘူး။ မင်းယူလာသမျှ ပန်းသီးဆယ်လုံးလုံးကို မင်းမစင်စွန့်တဲ့
ဒွါရပေါက်ထဲကိုသွတ်ထည့်ရမယ်။ မငိုရဘူး။ မရီရဘူး။ မမဲ့ရဘူး။ မအော်ရဘူး၊
မျက်နှာပျက်တာနဲ့ သတ်စားတာခံရမယ်.. "

ပထမလူ ကြိုးစားထည့်ကြည့်သည်၊ ပထမဆုံး ပန်းသီးတစ်လုံး ၀င်သွားသည်၊
သို့သော် နောက်တစ်လုံး အရောက်တွင် နာလွန်းသဖြင့် အော်မိရာ
သတ်စားခံလိုက်ရသည်၊

ဒုတိယလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကြီးအား စတော်ဘယ်ရီသီး
ဆယ်လုံးယူလာပြသည်။

ခေါင်းဆောင်ကြီးက စည်းကမ်းချက်များကို ရှင်းပြသောအခါ ဒုတိယလူ အသက်ရှူ
ချောင်သွားပြီး စတော်ဘယ်ရီသီးများကို စသွတ်သည်၊

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈ လုံး။ ၉လုံး " ဟား ဟား ဟား ဟား .... "

နောက်ဆုံး အလုံးသွင်းခါနီးတွင် မအောင့်နိုင်ပဲ ရီလိုက်မိသဖြင့်
ဒုတိယလူလည်း သတ်စားခံလိုက်ရသည်။

ပထမလူနှင့် ဒုတိယလူ နတ်ပြည်တွင်တွေ့သောအခါ ပထမလူကအံ့သြတကြီး မေးလေသည်။

" ခင်ဗျားဗျာ... ဘာလို့ရီလိုက်ရတာလဲ နောက်ဆုံး တစ်လုံးတောင် ၀င်တော့မယ့်
ဟာကို.... "

ဒုတိယလူပြန်ဖြေသည်။

" မင်းနောက်ဆုံးကောင် ၀င်လာတာကို မတွေ့လိုက်ဘူး မဟုတ်လား။ ဒီကောင်
ထမ်းလာတာ ဒူးရင်းသီး တွေကွ ဟီး..ဟီး......။

Credit: Origenal Uploader

"ဆေးဆရာ"

Photo: "ဆေးဆရာ"

ကလေးသုံးယောက် စကားပြောနေကြရင်း၊ သူတို့ရွာက ဆေးဆရာတွေ ဘယ်လောက်တော်ကြောင်း အပြိုင်ကြွားနေကြတယ်... ...

ပထမကလေးကပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အရမ်းတော်တာကွ"
"ဘယ်လို တော်တာလဲ"
"ခြေတွေလက်တွေ ပြတ်ရင် သူ့ဆီသွား၊ ကော်နဲ့ ကောက်ကပ်ပေးလိုက်တာ အကောင်းအတိုင်း ပြန်ဖြစ်ရော" 

ဒုတိယတစ်ယောက်ကပြောတယ်... ...
""ငါတို့ရွာက ဆေးဆရာက ပိုတော်တာပေါ့ကွ"
"ဘယ်လို တော်တာလဲ"
"တခါက ခေါင်းပြတ်သွားတဲ့လူတစ်ယောက်ကို မုံညင်းဆီလေးလိမ်းပြီး ပြန်ဆက်ပေးလိုက်တာ ခုထိ အသက်ရှင်တုန်း"

တတိယတစ်ယောက် ပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အတော်ဆုံးကွ"
"ပြောပါအုံး"
"င့ါဘကြီးတစ်ယောက် သစ်ပင်ပိလို့ အောက်ပိုင်းကြေသွားတယ်၊ ကြေနေတဲ့ အောက်ပိုင်းနေရာမှာ ဆိတ်ရဲ့အောက်ပိုင်းနဲ့ အစားထိုးပြီး ပြန်ဆက်ပေးလိုက်တယ်လေ"
"ဟင်... အဲဒါ အဆင်ပြေရဲ့လားကွ"
"ပြေပ့ါ၊ ခုဆို မနက်တိုင်း ငါ့ဘကြီးကို ညှစ်တာ  နို့နှစ်ပုလင်း ရတယ်"
"အမ်..."

Saturday, November 16, 2013

ကိုယ်ချင်းစာတဲ့ သူ(ဟာသ)

ကိုယ်ချင်းစာတဲ့ သူ
Saturday, November 16, 2013

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ 

မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ 

ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ 

မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ 

အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစား လိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

နိုင်းနိုင်းစနေ
စိတ္တဇ ဟာသများ

Monday, November 11, 2013

ဟာသတိုများ(၁၄)

=====
အတို (၁)
=====
“ဘယ်အချိန်လဲ”

လူတစ်ယောက်ကို တရားသူကြီးက အမိန့်ချနေတယ်... ...
"စတိုးဆိုင်ကို နေ့အချိန် ဖောက်ထွင်းတဲ့အတွက် ထောင်ဒဏ် ၁၈ လ ကျခံစေ"
ဒီတော့ တရားခံက ပြန်မေးတယ်... ....
"လူကြီးမင်းခင်ဗျား၊ အရင်တခါက စတိုးဆိုင်ကို ညအချိန်ဖောက်ထွင်းလို့ဆိုပြီး ထောင် ၁၈ လချတာ မှတ်မိလား"
"အေး... မှတ်မိတယ်"
"နေ့ဘက် ဖောက်လည်းထောင်ချ၊ ညဘက် ဖောက်လည်း ထောင်ချဆိုတော့ ကျနော်က ဘယ်အချိန် လုပ်စားရမှာတုန်း ကဲ"

=====
အတို (၂)
=====
“လုံခြုံရေး”

ကားကို ရပ်ထားခဲ့တဲ့နေရာမှ မတွေ့တော့လို့ လုံခြုံရေးကို မေးကြည့်တယ်... ...
"ကျနော့်ကား ဒီနားမှာရပ်ထားတာ မရှိတော့ဘူး"
"ဟုတ်တယ်၊ လူတစ်ယောက် မောင်းပြေးတာ မြင်လို့ ပြေးလိုက်သေးတယ် မမှီဘူး"
"ဒါဆို သူမျက်နှာကို မှတ်မိလိုက်လား"
"ဟင့် အင်း"
"ဟာဗျာ"
"မပူပါနဲ့ဗျ၊ ကားနံပတ်တော့ မှတ်ထားလိုက်ပါတယ်"

=====
အတို (၃)
=====
“ယောက်ျားကောင်း”

ယောက်ျားကောင်းဆိုတာ... ...
1. -အရက်မသောက်ဘူး
2. -ဆေးလိပ်မသောက်ဘူး
3. -ဖဲမရိုက်ဘူး
4. -ဘောလုံးပွဲမလောင်းဘူး
5. -မိန်းမ မလိုက်စားဘူး
6. -လောကမှာ မရှိဘူး

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

Wednesday, October 30, 2013

“နာဖျားနေတဲ့ ဥသြနာရီ”(ဟာသ)

Photo: “နာဖျားနေတဲ့ ဥသြနာရီ”

တစ်ည…
ကိုကျေးညိုတစ်ယောက် ညဉ့်အတော်နက်မှ အရက်မူးပြီးအိမ်ပြန်လာတယ်။
သော့ဖွင့်ပြီး အိမ်ထဲအဝင်၊ မနက် ၃ နာရီ ရှိနေပြီဆိုတော့ နံရံမှာချိတ်ထားတဲ့ တိုင်ကပ်နာရီထဲက ဥသြငှက်ရုပ်လေးက “ဥသြ… ဥသြ… ဥသြ” လို့ သုံးကြိမ်တွန်တယ်
တောက်… ဒီနာရီသံနဲ့တော့ ဒုက္ခပါပဲ… 
မနက် ၃ နာရီမှ ပြန်လာတာကို မိန်းမသိရင် ပြသနာရှာတော့မယ်
ဒါနဲ့ ကိုကျေးညိုပါးစပ်က နောက်ထပ် ဥသြတွန်သံ ၈ ချက်ကို ကမန်းကတမ်း လိုက်တွန်လိုက်ရတယ်
၃+၈ = ၁၁ ပေါ့လေ 
ဘာရမလဲ  ကျေးညို အမူးပါး ပါ
သူ့လုပ်ရပ်ကို သူသဘောကျသွားပြီး ကိုကျေးညိုလည်း အိပ်ရာဝင်သွားတယ်။

နောက်နေ့မနက်ရောက်တော့… … 

“ရှင် ညက ဘယ်အချိန်ပြန်လာသလဲ” လို့ သူ့မိန်းမက မေးတယ်
 “၁၁ နာရီလေ မိန်းမရဲ့” လို့ ပြန်ဖြေလိုက်တယ်။ ခပ်တည်တည်ပဲ။

ဒီတော့ သူ့မိန်းမက ဆက်ပြောတယ်… …

“ကျမတို့ရဲ့ တိုင်ကပ်နာရီကြီးထဲက ဥသြလေးတော့ တခုခုဖြစ်နေပြီထင်တယ် ကိုကျေးညို”

“ဘာလို့လဲကွ”

“ညက ၁၁ နာရီထိုးတော့… ပထမ ဥသြဥသြလို့ သုံးခါတွန်တယ်၊ ပြီးတော့ တောက်တစ်ချက်ခေါက်တယ်၊ တခါ ဥသြ လေးခါတွန်တယ် အီးတချက်ပေါက်တယ်၊ တခါ ဥသြနှစ်ခါထပ်တွန်ပြီး ချောင်းတစ်ချက်ဆိုးတယ်၊ နောက်ဆုံး ဥသြနှစ်ခါလည်းတွန်ပြီးရော ဟိဟိလို့ ရီတယ် ရှင့်”

“ဟင်ငင်..ငင်”

Monday, October 28, 2013

ဟာသတိုများ(၁၃)

"အတိုကြိုက်သူများအတွက်" 

1.
=========
ကြောက်စရာကြီး
=========

သူငယ်ချင်းတွေဖြစ်တဲ့ ကျေးညို နဲ့ မယ်အိ လမ်းမှာ မျက်နှာခြင်းဆိုင် တွေ့ကြတော့...
ကျေးညိုက မယ်အိ ကို ကြည့်ပြီး အလန့်တကြားအော်တယ်... ...

"ဟာ... မယ်အိ မယ်အိ နင့်ပုခုန်းပေါ်မှာ၊ နင့်ပုခုန်းပေါ်မှာ... ကြောက်စရာကြီး"
"အား... အမ်မလေး  ကျေးညို သူငယ်ချင်း၊ င့ါကို ကယ်ပါအုံး၊ အဲဒါဘာကြီးလဲ"

"နင့် ခေါင်းကြီးလေ ဟီး ဟီး"
"တေနာ.."

2.
=========
မြင်တာပြောရရင်
=========

မိမင်းအိမ်တစ်ယောက် ချောင်းဆိုးနေလို့  ဆရာဝန်လာပြတယ်
ဆရာဝန်က သူ့ကိုပါးစပ်ဟခိုင်းပြီး အာခေါင်ကို ဓာတ်မီးနဲ့ ထိုးကြည့်ရင်း ပြောတယ်... ..

"ချောင်းတွေ ဆိုးလွန်းလို့ ခင်ဗျားအာခေါင်တွေ ကွဲနေတယ်ဗျ"
"နောက်ထပ် ဆရာမြင်တာ ပြောပါအုံးရှင်"

ဒီတော့ ဆရာဝန်ကို သူ့မျက်နှာကို ဓာတ်မီးနဲ့ထိုးကြည့်ရင်း ပြောတယ်... ..

"နောက်ထပ်မြင်တာ ပြောရမယ်ဆိုရင် ... အင်း... အဲ... ခင်ဗျားရုပ်ကလည်း ဆိုးတယ်ဗျ"
"ရွှမ်..."

3.
==========
ဝိတ်အမြန်ကျနည်း
==========

အလွန်ဝနေတဲ့ အမျိုးသမီးတစ်ယောက် အားကစားရုံတစ်ခုကို ရောက်လာပြီး သင်တန်းဆရာကို မေးတယ်... ...

"ဆရာ... ခုချက်ခြင်း ၁၀ ပေါင်လောက်လျှော့သွားအောင် ဘာလုပ်ရင်ရမလဲ"
"ခင်ဗျားခေါင်းကို ဖြတ်ထုတ်လိုက်"

Friday, October 18, 2013

"စေတနာရှင်များ"(ဟာသ)

Photo: "စေတနာ့ရှင်များ"

လူတစ်ယောက် ဆံပင်လာညှပ်နေတယ်
သူ့ကြည့်ရတာ စိတ်ဓါတ်ကျနေတဲ့ပုံ ဖြစ်နေတော့ ဆံသဆရာက မေးတယ်... ...

"ခင်ဗျားကြည့်ရတာ စိတ်ညစ်နေပုံပဲ"
"ဟုတ်တယ်၊ အကြွေးတွေ ပူနေလို့ဗျာ"

"မညစ်နဲ့၊ ခင်ဗျားကို အဖြစ်မှန်လေးတခု ပြောပြမယ်"
"အင်း ပြော"

"တခါက လူတစ်ယောက်ဟာ အကြွေး ဒေါ်လာ 5000 တင်နေလို့ စိတ်ညစ်ပြီး သူမောင်းလာတဲ့ ကားကို တောင်ကမ်းပါးတစ်ခုကနေ ထိုးချဖို့ လုပ်တယ်၊ အဲဒီနေရာမှာ ထိုးချမယ် မချဘူးနဲ့ ချီတုံချတုံဖြစ်နေတာ နာရီဝက်လောက်ကြာတယ်၊ အဲဒါ လူတစ်စုက သူ့အဖြစ်ကို သိသွားတော့ ဝိုင်းပြီးပိုက်ဆံစုပေးလိုက်တာ ဒေါ်လာ 5000 ရသွားတယ်၊ ဒါနဲ့ သူလည်း ကားကို နောက်ပြန်ဆုတ်လိုက်တယ် တဲ့"

"ဟာ... တော်တော် စေတနာသဒ္ဓါတရားထက်သန်တဲ့ လူတစ်စုပဲနော်"
"အင်း...."

"ဘယ်မြို့က လူတွေလဲဗျ"
"ဘယ်မြို့ကလဲတော့ မသိဘူး၊ သူ့ကားပေါ်ပါလာတဲ့ ခရီးသည်တွေ"

"ဂျာ..."

Monday, October 14, 2013

လိုက်နာသူ(ဟာသ)

လိုက်နာသူ

ရွာတစ်ရွာမှာ အလွန်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိကြသတဲ့၊ချစ်တာမှ မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်ကြတာ။  ဒါပေမဲ့............
တစ်နေ့မှာ ယောက်ျားဖြစ်တဲ့သူသေဆုံးသွားတယ်။ အလောင်းကို တောသဘာဝအတိုင်းမြေမြှပ်သဂြို င်္ဟ်ရတယ်။
မြေကြီးက ခပ်နက်နက်တူးရတဲ့အတွက် မြေစိုင်မြေခဲတွေက စိုထိုင်းထိုင်းဖြစ်နေသတဲ့။ ဇနီးဖြစ်တဲ့သူဟာ သုဿာန်ကို
နေ့တိုင်းသွားပြီး ငိုကြွေးမြည်တမ်းနေလေ့ရှိတယ်။အမလေး အသေစောလို့ နှမြောလှချည်ရဲ့ ။ ကျမတစ်ယောက်ထဲ ထားခဲ့တော့မှာလား”
ပါးစပ်ကလဲ လွမ်းစရာတွေပြောပြီး ငိုတယ်။လက်ကလဲ ယောက်ျားအလောင်း မြှပ်ထားတဲ့မြေပုံကို ယပ်တောင်တစ်ချောင်းနဲ့ခတ်နေသတဲ့။
လမ်းဘေးဖြတ်လျောက်သွားတဲ့သူတစ်ယောက်က အဲဒီအမျိုးသမီးကိုမြင်ပြီး သနားသွားတယ်။
“ဒီအမျိုးသမီး ယောက်ျားကို တော်တော်ချစ်တာဘဲ။ သူမ ယောက်ျား မြေအောက်ထဲမှာနေရတဲ့အတွက် ပူအိုက်နေမှာစိုးလို့ ယပ်ခတ်လို့တောင်ပေးနေသေးတယ်။”
ကြည့်မနေနိုင်တော့လို့ သူမကိုဖျောင်းဖျစကားပြောလိုက်သတဲ့။ “ငါ့တူမရယ်၊ သေတဲ့သူလဲ သေပြီးပြီဘဲ။ ငိုမနေပါနဲ့တော့။ ညီမ ယပ်ခတ်ပေးနေလဲ
သူသိတော့မှာ မဟုတ်ပါဘူး။”
“ဦးလေးထင်သလိုမဟုတ်ပါဘူး။ ကျမက ကျမယောက်ျားမသေခင်မှာထားခဲ့တဲ့အတိုင်းလုပ်နေတာပါ။”
“ဘာတွေ မှာထားခဲ့လို့လဲ”
အဲဒီအမျိုးသမီး ပြန်ပြောလိုက်တဲ့စကားကြောင့် အဲဒီလူခမျာမှာပါးစပ်ဟောင်းလောင်းနဲ့ ပြောစရာစကားမရှိဖြစ်သွားတယ်။
အဲဒီအမျိုးသမီး ဘာပြန်ပြောလိုက်သလဲဆိုတော့–
“နောက်ယောက်ျားယူချင်ရင် သူ့ကိုဖို့ထားတဲ့မြေပုံခြောက်သွားမှယူပါလို့မှာထားခဲ့တယ်။ ဒါကြောင့်သူ့မြေပုံမြန်မြန်ခြောက်သွားအောင်ယပ်ခတ်ပေးနေတာပါ”
ရွာတစ်ရွာမှာ အလွန်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိကြသတဲ့၊ချစ်တာမှ မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်ကြတာ။ ဒါပေမဲ့............
တစ်နေ့မှာ ယောက်ျားဖြစ်တဲ့သူသေဆုံးသွားတယ်။ အလောင်းကို တောသဘာဝအတိုင်းမြေမြှပ်သဂြို င်္ဟ်ရတယ်။
မြေကြီးက ခပ်နက်နက်တူးရတဲ့အတွက် မြေစိုင်မြေခဲတွေက စိုထိုင်းထိုင်းဖြစ်နေသတဲ့။ ဇနီးဖြစ်တဲ့သူဟာ သုဿာန်ကို
နေ့တိုင်းသွားပြီး ငိုကြွေးမြည်တမ်းနေလေ့ရှိတယ်။အမလေး အသေစောလို့ နှမြောလှချည်ရဲ့ ။ ကျမတစ်ယောက်ထဲ ထားခဲ့တော့မှာလား”
ပါးစပ်ကလဲ လွမ်းစရာတွေပြောပြီး ငိုတယ်။လက်ကလဲ ယောက်ျားအလောင်း မြှပ်ထားတဲ့မြေပုံကို ယပ်တောင်တစ်ချောင်းနဲ့ခတ်နေသတဲ့
လမ်းဘေးဖြတ်လျောက်သွားတဲ့သူတစ်ယောက်က အဲဒီအမျိုးသမီးကိုမြင်ပြီး သနားသွားတယ်။
“ဒီအမျိုးသမီး ယောက်ျားကို တော်တော်ချစ်တာဘဲ။ သူမ ယောက်ျား မြေအောက်ထဲမှာနေရတဲ့အတွက် ပူအိုက်နေမှာစိုးလို့ ယပ်ခတ်လို့တောင်ပေးနေသေးတယ်။”
ကြည့်မနေနိုင်တော့လို့ သူမကိုဖျောင်းဖျစကားပြောလိုက်သတဲ့။ “ငါ့တူမရယ်၊ သေတဲ့သူလဲ သေပြီးပြီဘဲ။ ငိုမနေပါနဲ့တော့။ ညီမ ယပ်ခတ်ပေးနေလဲ
သူသိတော့မှာ မဟုတ်ပါဘူး။”
“ဦးလေးထင်သလိုမဟုတ်ပါဘူး။ ကျမက ကျမယောက်ျားမသေခင်မှာထားခဲ့တဲ့အတိုင်းလုပ်နေတာပါ။”
“ဘာတွေ မှာထားခဲ့လို့လဲ”
အဲဒီအမျိုးသမီး ပြန်ပြောလိုက်တဲ့စကားကြောင့် အဲဒီလူခမျာမှာပါးစပ်ဟောင်းလောင်းနဲ့ ပြောစရာစကားမရှိဖြစ်သွားတယ်။
အဲဒီအမျိုးသမီး ဘာပြန်ပြောလိုက်သလဲဆိုတော့–
“နောက်ယောက်ျားယူချင်ရင် သူ့ကိုဖို့ထားတဲ့မြေပုံခြောက်သွားမှယူပါလို့မှာထားခဲ့တယ်။ ဒါကြောင့်သူ့မြေပုံမြန်မြန်ခြောက်သွားအောင်ယပ်ခတ်ပေးနေတာပါ”
 
"မျှော်လင့်ချက်လေး ထားမိတယ်"

Photo: "မျှော်လင့်ချက်လေး ထားမိတယ်"

ကျမတို့ စက်ရုံကို အသစ်ရောက်လာတဲ့ မန်နေဂျာလေးက ငယ်ငယ်ချောချောလေးတော့်
ပြီးတော့ လူပျိုလေးတဲ့ ဟိ

တရက်တော့ ရုံးဆင်းခါနီးမှ လှမ်းခေါ်လို့ သူ့ရုံးခန်းထဲ သွားလိုက်ရတယ်... ...
သူကမေးတယ်... ..

"အေမီလေး ဒီည အားလားဟင်"
"ရှင်... "

"ဟိုလေ... ဒီည အားလားလို့ မေးတာပါ"
"အား... အားပါတယ် ဆရာ"

သူ့ကြည့်ရတာ တခုခုကို ပြောရမှာ အားနာနေပုံပဲ.. ဟင်း ဟင်း
ခဏစဉ်းစားသလို လုပ်ပြီးမှ ပြောတယ်... ...

"အားရင် ဒီစာရင်းလေးတွေ ဒီည အပြီးလုပ်ပေးစမ်းပါ"... တဲ့

ဟွင်း... တေနာဂျီး

Saturday, October 12, 2013

"လျှော့ဈေး"(ဟာသ)

Photo: "လျှော့ဈေး"

ဟိုးရှေးရှေးတုန်းကပေါ့...
ရွာတစ်ရွာမှာ ဘာသာရေးခေါင်းဆောင်တစ်ယောက်ရှိတယ်
တရက်တော့ သူ ခရီင်္းထွက်စရာရှိတာနဲ့ သူ့လက်ထောက်ကို သူ့အစား ဘာသာရေးကိစ္စတွေ လုပ်ပေးဖို့ မှာတယ်
လက်ထောက်က အတွေ့အကြုံမရှိတော့ နည်းနည်းလန့်တာပေါ့
"ကျနော်က ဘာလုပ်ရမယ် ဆိုတာ မသိဘူးဆရာ"
"ကိစ္စမရှိဘူး၊ လာ... ငါသင်ပေးမယ်၊ ငါ ဘာလုပ်တယ်ဆိုတာ ကြည့်ထား"

ခဏနေတော့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဘာသာရေးခေါင်းဆောင်ကို ပြောတယ်...
"ကျမ အပြစ်ကိုဝန်ချ ချင်လို့ပါ"
"အေး.. ပြော ဘာအပြစ်လုပ်မိလဲ"
"အိမ်ထောင်ရေး ဖောက်ပြန်မိပါတယ်"
"ဘယ်နှကြိမ်လဲ"
"သုံးကြိမ်ပါ"
"ဒါဆို ဒီကျမ်းကို ကိုင်ပြီး နောက်မလုပ်တော့ပါဘူးလို့ သုံးကြိမ်ရွတ်၊ ပြီးရင် ရေစင်ဖိုး ငါးကျပ်လှူခဲ့"
"ဟုတ်ကဲ့"
... ဆိုပြီး ပြောတဲ့အတိုင်းလုပ်လို့ အဲဒီအမျိုးသမီး ပြန်သွားတယ်။

ခဏနေတော့ နောက်တစ်ယောက် ရောက်လာပြီး ဘာသာရေးခေါင်းဆောင်ကို ပြောတယ်...

... ဆိုပြီး ပြောတဲ့အတိုင်းလုပ်လို့ အဲဒီအမျိုးသမီး ပြန်သွားတယ်

ဒါနဲ့ လက်ထောက်လည်း လုပ်နည်းကိုင်နည်းတွေကို မှတ်ထားလိုက်တာပေါ့
သူ့ဆရာ ခရီးထွက်သွားလို့ သိပ်မကြာဘူး အမျိုးသမီးတစ်ယောက် ရောက်လာပြီး သူ့ကို ပြောတယ်... ...
"ကျမ အပြစ်ကိုဝန်ချ ချင်လို့ပါ"
"အေး.. ပြော ဘာအပြစ်လုပ်မိလဲ"
"အိမ်ထောင်ရေး ဖောက်ပြန်မိပါတယ်"
"ဘယ်နှကြိမ်လဲ"
"တစ်ကြိမ်ပါ"
"ဟင်.... အဲ... ဒါဆို နှစ်ကြိမ်သွားလုပ်ချည်အုန်း၊ သုံးကြိမ်ကို ငါးကျပ်နဲ့ ဒီတပတ်အတွင်း ဒစ်ကောင့်  Discount ချနေတယ်"
"ရွှမ်..."

သန်၎ကို-ဘာသာပြန်သည်

Tuesday, October 8, 2013

"မာနကြီးတဲ့ ယောက္ခမ"(ဟာသ)

"မာနကြီးတဲ့ ယောက္ခမ"

ညဆိုင်းအလုပ်ဆင်းပြီး ပြန်လာတဲ့ယောက်ျားဟာ အိပ်ခန်းထဲဝင်လာတော့ မိန်းမလုပ်သူက စောင်ကြီးခေါင်းမြီးခြုံပြီး အိပ်နေတုန်း။
ဒါနဲ့ ဘာမှပြောမနေဘူး စောင်ခြုံထဲအသာတိုးဝင်လိုက်တယ်
ပြီးတော့ မိန်းမကို ပွတ်သီးပွတ်သပ်သွားလုပ်ပြီး ချစ်မဏ္ဍိုင်လေး စိုက်လိုက်မိတယ်။

ခဏနေတော့ ဗိုက်ဆာလာတာနဲ့ စားစရာယူမလို့  မီးဖိုထဲသွားလိုက်တာ... ...
ဟင် ... မိန်းမက မီးဖိုထဲ ရောက်နေပါလား
မြန်လိုက်တာ
အဲ ... မဟုတ်သေးပါဘူး
မသင်္ကာတာနဲ့ မေးကြည့်တယ်... ...

"မိန်းမ၊ မင်းက ဘယ်လိုလုပ်ပြီး မီးဖိုထဲ ရောက်နေတာလဲ"
"ဘာတွေလာပြောနေတာလဲ၊ ကျမ ဒီမှာ ဟင်းချက်နေတာ ကြာလှပြီ"

"ဟင်.... ဒါဆို ဟို..ဟို... အိပ်ရာထဲက ဘယ်သူတုန်း"
"ကျမအမေလေ၊ မနက်ကမှ ရောက်တာ၊ ခရီးပန်းလာပြီး ခေါင်းကိုက်နေလို့ ကျမတို့ အိပ်ရာထဲ ဝင်အိပ်ခိုင်းထားတာလေ"

"ဘုရား... ဘုရား၊ မှားကုန်ပြီ မိန်းမရေ၊ ငါက မင်းမှတ်လို့ ဟို ဟို ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီကွာ"
"ရှင်ဟင် ဟင်... အီး ဟီး လုပ်ရက်လှချည်လား ယောက်ျားရယ် အီး "

မိန်းမလုပ်သူလည်း ငိုယိုပြီး အိပ်ခန်းထဲ ပြေးသွားတယ်
ပြီးတော့ အိပ်ရာပေါ်မှာ ငေါင်စင်းစင်းနဲ့ ငုတ်တုတ်ကြီးထိုင်နေတဲ့ အမေကို ရန်တွေ့တာပေါ့... ...

"မေမေရယ်၊ ခုနတုန်းက ဟိုသင်း ဒီသင်းဖြစ်တာ သမီးယောက်ျားမှန်း မသိဘူးလား"
"သိသားပဲ"

"ရက်စက်လိုက်တာ မေမေရယ်၊ သိရက်သားနဲ့၊ ဘာလို့ ဘာမှပြန်မပြောဘဲ ငြိမ်နေရတာလဲ မေမေရဲ့"
"အောင်မယ်... လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ငါသဘောမတူဘဲနဲ့ ညည်းကို ဒီအကောင် ခိုးပြေးတာ မှတ်မိလား"

"မှတ်မိပါတယ် မေမေ"

"အေး... အဲဒီကတည်းက ဒီကောင့်ကို မုန်းလွန်းလို့ စကားမပြောပဲ နေလာတာ၊ ခုချိန်ကျမှ ငါက ခေါ်ခေါ်ပြောပြော လုပ်နေရအုံးမှာလားအေ့... ကဲ"

"ရှမ်..."

"ကျားမာယာ"(ဟာသ)

Photo: "ကျားမာယာ"

မိန်းမဖြစ်သူက သူ့ယောက်ျားကို မသင်္ကာနေတာကြာပြီ
အကြောင်းကတော့ သူ့ရုံးက စာရေးမလေးနဲ့ ဘာလိုညာလို ကြားနေလို့လေ

ယောက်ျားက အောင်မြင်နေတဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်ပေါ့

တရက်တော့ သူ့ယောက်ျားက ရုံးကနေ ဖုန်းဆက်တယ်... ...

"မိန်းမရေ... ဒီနေ့ အိမ်ပြန်နောက်ကျမယ်ကွာ၊ ရုံးမှာ အလုပ်နည်းနည်း ရှုပ်နေလို့"... တဲ့

အလုပ်ရှုပ်နေလို့ နောက်ကျမယ်ဆိုတာ ယုံတော့ မယုံဘူး၊ 
ဒါပေမယ့် အချိုသတ်ပြီး ပြန်ပြောလိုက်တယ်.. ...

"ဟုတ်ကဲ့ပါ ရှင့်အလုပ်ကိုသာ ဖြောင့်ဖြောင့်တန်းတန်းလုပ်ပါ"

ခဏနေတော့ သူ့ယောက်ျားရဲ့ ရုံးခန်းရှိရာကို တိတ်တိတ်လေးလိုက်သွားတယ်
ဟိုရောက်လို့ သူ့ယောက်ျားရဲ့ ရုံးခန်းတံခါးကိုလည်း ဖွင့်လိုက်ရော... ...
အထဲမှာ မြင်လိုက်ရတာက... ... ...

ရှေ့နေကြီးက ဖုန်းပြောနေတယ်... 
စာရေးမလေးက ရှေ့နေကြီးရဲ့ပေါင်ပေါ် တက်ထိုင်နေတယ်

ကဲ... တခါဖြင့် ခက်ကြပြီ
ရုတ်တရက်ဆိုတော့ အထဲကနှစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားတယ်

ဒါပေမယ့်...
သူ့ယောက်ျား ရှေ့နေကြီးက ပြောနေတဲ့ ဖုန်းကို ချက်ခြင်းအသံမြှင့်ပြီး ပြောထည့်လိုက်တယ်.... 

"ခင်ဗျားတို့ကို မှာထားတဲ့ထိုင်ခုံက ဘယ်တော့ရမှာလဲ၊ ဒီမှာ ကျုပ်နဲ့ ကျုပ်စာရေးမ ထိုင်ခုံလေးတစ်လုံးကို မျှထိုင်နေရတာ လွယ်တာမဟုတ်ဘူး... ဟွင်း" ... တဲ့

— with Soe Tint San.

Monday, September 30, 2013

ဥာဏ်ရည်ဥာဏ်သွေး(ဟာသ)

Photo: "ဥာဏ်ရည်ဥာဏ်သွေး"

အင်ဂျင်နီယာတစ်ယောက်နဲ့ ရှေ့နေတစ်ယောက် တောထဲကရေကန်တခုမှာ ငါးမျှားဖို့ရောက်လာတယ်။
ဖြစ်ချင်တော့...
တက္ကသိုလ်ကျောင်းသူတစုကလည်း ပျော်ပွဲစားထွက်လာရင်း ဘယ်သူမှမရှိတာနဲ့ ကန်ထဲရေဆင်းချိုးရင်း ဆော့နေကြတယ်။

ခိုးခိုးခစ်ခစ်ရယ်သံတွေကြားတော့ ငါးမမျှားသေးပဲ ချောင်းကြည့်လိုက်တယ်
ရေထဲမှာ ကောင်မလေးတွေ...
ကမ်းပေါ် ခပ်လှမ်းလှမ်းမှာက အဝတ်အစားပုံ...
ရွှီ... ပွပြီပေါ့

အင်ဂျင်နီယာက ပြောတယ်... ...
"ငါတို့ ဒီကစောင့်ပြီး ခြောင်းကြည့်ရအောင်၊ သူတို့ရေထဲကတက်လာရင် ရှယ်ပဲ"

ဒီတော့ ရှေ့နေက ပြန်ပြောတယ်... ...
"အာ... ဘာလို့ခြောင်းကြည့်မှာလဲ"
"ဟမ်... မင်းက မကြည့်ချင်ဘူးလား"
"ကြည့်မှာပေါ့ကွ၊ ဒါပေမယ့် စောင့်စရာမလိုတဲ့အကြံ ငါ့မှာရှိတယ်"
"ဘယ်လိုလဲ"
"လာကွာ.... " ... ဆိုပြီး ရှေ့နေက အနားမှာတွေ့တဲ့ ပုံးအစုပ်တလုံးကို ကောက်လို့ ရေကန်စပ်ဆင်းသွားတယ်...

ကောင်မလေးတွေက သူတို့ကို မြင်တော့ အော်တာပေါ့... ...
"အဲ... အား... အီး... ရှင်တို့ ရှင်တို့ ကျမတို့ရေချိုးနေတာကို မမြင်ဘူးလား"
"မြင်သားပဲ"
"မြင်ရဲ့သားနဲ့ ရေကန်စပ်ကို ဘာလာလုပ်တာလဲ"

ဒီတော့ ရှေ့နေက လက်ထဲကိုင်လာတဲ့ ပုံးကို မြှောက်ပြလိုက်ရင်း ပြောတယ်... ...
"အို... ဒီအချိန်ဆို ကန်ထဲကမိကျောင်းတွေကို အစာကျွေးရတာ င့ါအလုပ်ကွ"
"ရှင်... မိကျောင်း"
"ဟယ်... မိကျောင်း"
"ဘုရား ဘုရား"
"အမလေး အမလေး... မိကျောင်းတဲ့"

ဒီတော့... 
ရှေ့နေက အင်ဂျင်နီယာကို ပြုံးပြုံးလေးလှည့်ကြည့်ရင်း ပြောလိုက်တယ်... ...

"ကဲ... သူငယ်ချင်း၊ စိတ်တိုင်းကျ ရှုစားပေတော့"... တဲ့