“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, August 5, 2013

""""" နှုတ်ဆက်ခြင်း """"

တစ်ယောက်ထဲ ကျင်လည်ခဲ့ရတဲ့ ဒီဘဝ
အခုလည်း တစ်ယောက်ထဲပါဘဲ
နောင်လည်း တစ်ယောက်ထဲပါဘဲ
အထီးကျန်ဆန်တယ်လို့တော့ ငါမဆိုချင်တော့ပါဘူး
ဟန်ဆောင်ကောင်းတတ်တဲ့ ဒီလောကကြီးထဲ ငါနေသားကျနေပါပြီ ...

လောကကြီးကလည်း ငါ့ကို လိမ်ခဲ့တယ်
ငါနှလုံးသားကလည်း ငါ့ကို လိမ်ခဲ့တယ်
မချစ်ဘဲ ချစ်ပါတယ်လို့ ခဏခဏပြောနေရတဲ့
ငါ့နှုတ်ခမ်းနဲ့ ငါ့ဘ၀ကိုလည်း မုန်းလှပြီ ...

အရိုးသားဆုံးဖြစ်ချင်ခဲ့တဲ့ငါ
အဆိုးရွားဆုံး ရင်ခုန်သံတွေကို ထပ်မလိမ်ညာချင်တော့ဘူး
ဒါပေမယ့် ငါမလိမ်ရင် ငိုတော့မယ်သူတစ်ယောက်အတွက်
နောင်တဆိုတဲ့ သုံးစားမရ အခါလွန်နာကျင့်မှုတွေနဲ့အတူ ငါလိမ်ပြောနေရဦးမှာပါ ...

တော်ပါတော့ ....
ချစ်ပါတယ်ဆိုတဲ့ စကားတွေ
ခင်မင် ရင်းနီးပါတယ်ဆိုတဲ့ စကားတွေ
အိပ်မရညတွေနဲ့အတူ ငါနားခါးလွန်းလှပါပြီ ...

မနေ့က လှည့်ကွက်တွေကို ယုံမှားမိတော့
ဒီနေ့ငါ နာကျင်နေရပြီ
မနက်ဖြန် ငါထပ်ပီး ဒီထက်ပိုအလိမ်မခံချင်တော့တာမို့
နှုတ်ဆက်ပါတယ် ... good bye
 Photo: """"" နှုတ်ဆက်ခြင်း """"

အောင်ကျော်မြင့် akmyint.kooo@gmail.com

ငွေတစ်ထောင်လောက်နဲ့  ကျောက်ကပ်ဆေးရအောင်

Photo: ငွေတစ်ထောင်လောက်နဲ့  ကျောက်ကပ်ဆေးရအောင်
-----------------------------------------------------

နှစ်တွေကြာအောင် ကျောက်ကပ်ဟာ သွေးကို ဆား အဆိပ်နဲ့ မလိုလားအပ်တဲ့ခန္ဓာကိုယ်ထဲဝင်လာတဲ့အရာတွေကို ဖယ်ရှားစစ်ထုတ်ပေးခဲ့ရတယ်။

ဒီအချိန်မှာ မလိုလားအပ်တဲ့အရာတွေ ဆားတွေ ကျောက်ကပ်မှာ စုပုံလာတော့ ဆေးကြောသန့် စင်ဖို့ လိုပြီင်္ပေါ့။

ဒါ့အပြင် ရောဂါတစ်မျိုးမျိုး ( အသည်းရောဂါ ) ရှိနေရင်လည်း ကျောက်ကပ်ဟာ
ပိုပျက်စီးလွယ်ပါတယ်။ ခုခေတ်မှာ သုံးရတဲ့ဆေးတွေ ဟင်းသီးဟင်းရွက်က ဓါတုဓါတ်ကြွင်းတွေ အသားငါးက အာဆင်းနစ်တွေဟာ သင့်ကျောက်ကပ်ကို
ခြိမ်းခြောက်နေပါတယ်။

ဒါကိုဘယ်လိုလုပ်ကြမလဲ???

(ဓါတုဓါတ်ကြွင်းတွေ ဖယ်ရှားတဲ့စက်ကလေးနဲ့  သန့် စင်ပြီးမှ ချက်ပြုတ်စားသောက်ရင်တော့ အကောင်းဆုံးပေါ့)

ကျောက်ကပ်ဆေးဖို့  အလွယ်ဆုံးနည်းကတော့...
အရွက်စားမုန်လာပင်တစ်မျိုးဖြစ်တဲ့ နံနံပင် တစ်စည်းကိုယူရေနဲ့ သန့် စင်အောင်ဆေး၊ အသေးလေးတွေဖြတ်၊ ဆူနေတဲ့ရေထဲ ၁၀ မိနစ်ပြုပ်၊ ဖန်ခွက်ထဲစစ်ထည့်၊
ရေခဲသေတ္တာထဲထည့်အအေးခံပြီး နေ့ စဉ် တစ်ဖန်ခွက်သောက်ပေးရင် စုပုံနေတဲ့အဆိပ်တွေ ဆီးထဲပါသွားပြီပေါ့။

နံနံပင်ဟာ ကျောက်ကပ်ကုသဆေးအဖြစ် အများသိတဲ့ သဘာဝအပင်တစ်ခုပါဘဲ။ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

MTHN( UNIM )

ကို ကွန်း မှကူးယူဖော်ပြပေးပါသည်

- Ko Ko Waizayantar

ဟယ်ရီပေါ်တာကြောင့် ကြီးပွားသော်လည်း ရေခဲမုန့် သည် လုပ်သူ

Photo: ဟယ်ရီပေါ်တာကြောင့် ကြီးပွားသော်လည်း ရေခဲမုန့် သည် လုပ်သူ 
Thursday, August 01,2013

ဟယ်ရီပေါ်တာ ရုပ်ရှင်မှာ ဇာတ်ပို့ သရုပ်ဆောင် မင်းသား အနေနဲ့ ပါဝင်တဲ့ Rupert Grint ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး လူငယ် မင်းသား စာရင်းထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့  ဝါသနာ ကတော့ ကလေးတွေကို ရေခဲမုန့် ကျွေးမွေးခြင်း ဖြစ်ပါတယ်။

Rupert Grint က ရေခဲမုန့်ကို မရောင်းပါဘူး။ အလှူလုပ်သူ ဖြစ်ပါတယ်။ ကလေးတွေကို အလကား ကျွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ အမေရိကန်ဒေါ်လာ ၃၇ သန်း မက တဲ့ ငွေကြေးကို ဟယ်ရီပေါ်တာ ရုပ်ရှင် ထဲမှ ရရှိထားပြီး တစ်သက်လုံး အေးဆေးနေနိုင်သူ ဖြစ်ပါတယ်။ ကား အကောင်းစား၊ အသုံးအဆောင်အကောင်းစားများကိုလည်း သုံးနိုင်ပေမယ့် Rupert Grint ကတော့ ထင်သလိုမဟုတ်ပါဘူး။ 

သူရတဲ့ ငွေနဲ့ ရေခဲမုန့်ကား တစ်စီး ဝယ်ပြီး အမေရိကန် ပြည်ထောင်စု က ပြည်နယ်တွေရဲ့  မြို့ ငယ်၊ရွာတွေကို အနှံ့သွားလို့ အလကား ဝေ ပါတယ်။ ရောင်းတာ မဟုတ်ပါဘူး။ ကလေးငယ်လေးတွေကို အလကားကျွေးတာပါ။ သူ့အနေနဲ့ အနုပညာအလုပ် အချိန်ရဲ့ ပြင်ပ အချိန်တွေမှာ ကလေးတွေကို ရေခဲမုန့် အလကား လိုက်ကျွေးတဲ့ ကားနဲ့ နေရာအနှံ့လျှောက်သွားလို့ လှူဒါန်း လေ့ရှိကြောင်း သိရ ပါတယ်။

Ref: dyknow
International news for myanmar

ကမ္ဘာကျော်အလွဲများ

Photo: ကမ္ဘာကျော်အလွဲများ
================

၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး

နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ 

သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။

င်္၃။ Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။

ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး

ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။

၎။ Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ 

ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ 

နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။

ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။

ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။

၅။ Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ 

အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ 

အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။

၆။ Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ

ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ 

ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ 

အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး 

ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။

အဲ...ကျနော်လဲ....ကျနော်လဲ.....တိန်

မှ ကိုလုံ

( cr aungkyawzinmyint............)
၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး

နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ

သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။

င်္၃။ Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။

ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး

ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ

Photo: ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ
Thursday, August 01,2013

၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။

၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)

ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။
.
Ref:technews

၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့

ချစ်စရာနှုတ်ခမ်းများမှ...

Photo: ချစ်စရာနှုတ်ခမ်းများမှ...
Thursday, August 01,2013

တခါက ထူးဆန်းတဲ့အစွမ်းတစ်ခုရှိတဲ့ ဂုရုကြီး တစ်ယောက် ရှိတယ်

အဲဒီဂုရုကြီးဟာ သေသူရဲ့ကိုယ်ခန္ဓာကို စမ်းကြည့်လိုက်တာနဲ့ ဘာကြောင့်သေတယ်ဆိုတာ ပြောနိုင်သတဲ့
မယုံတဲ့လူတွေက စမ်းသပ်ကြည့်ကြတာပေါ့။

ပထမ... ...
တကိုယ်လုံးပြာနှမ်းနေပြီး မျက်နှာကရှုံ့မဲ့နေတဲ့ သက်မဲ့ခန္ဓာကိုယ်တစ်ခုကို စမ်းခိုင်းတယ်။
"မြွေပွေးကိုက်လို့ သေတာ"... လို့ အဖြေပေးတယ်။

နောက်တခါ... ...
လျှာကြီးတန်းလန်းနဲ့ ပါးစပ်မှာ အမြုပ်ထွက်နေတဲ့ သက်မဲ့ခန္ဓာကိုယ်တစ်ခုကို စမ်းခိုင်းပြန်တယ်။
"ကြိုးဆွဲချ သေတာ"... လို့ အဖြေပေးတယ်။
...
...
အဲ... 
ဒီတခါကတော့ အချီကြီးဘဲ
တကိုယ်လုံးမဲနေပြီး နှုတ်ခမ်းတွေစူထားတဲ့ မိန်းမပျို အယောက်နှစ်ဆယ်လောက်ရဲ့ သက်မဲ့ခန္ဓာကိုယ်တွေ စမ်းခိုင်းတယ်။
ဂုရုကြီး နည်းနည်းခေါင်းစားသွားတယ်။
စမ်းသပ်တာ ပုံမှန်ထက် ပိုကြာနေတယ်
နောက်ဆုံးမှာတော့ ခေါင်းတညိမ့်ညိမ့်နဲ့ အဖြေပေးတယ်... ...

"မော်ဒယ်ရှိုးလျှောက်နေတုံး မိုးကြိုးပစ်ချလို့ စင်ပေါ်ရှိသမျှ မော်ဒယ်တွေအကုန် ကိစ္စချောကုန်တာ"

တစ်ယောက်က မကျေနပ်ဘူး၊ ကွန်ပလိန်းတက်တယ်... ...

"မိုးကြိုးပစ်ခံရလို့ သေတယ်ဆိုတာတော့ ဟုတ်ပါတယ်၊ နှုတ်ခမ်းတွေက ဘာလို့ စူနေကြတာတုန်း"

ဒီတော့ ဂုရုကြီးက ပြန်ဖြေတယ်... ....

"မိုးကြိုးပစ်လို့ လျှပ်စီးလက်တာကို ဓါတ်ပုံရိုက်တယ်မှတ်ပြီး ထုံးစံအတိုင်း စူလိုက်ကြတာလေ".... တဲ့။

သန်၎ကို-ပေါက်ကရရေးသည်

အပျိုကြီးဖတ်စာ.......

Photo: အပျိုကြီးဖတ်စာ.......

က-ကောင်လေးငယ် ချစ်စဖွယ်။

ခ-ချစ်သူမြန်မြန်ယူ။

ဂ-ဂဏန်းတွက် တချက်ချက်။

င-ငယ်ကျွမ်း တလို့ လွမ်း။

စ-စိပ်ပုတီး ချလို့ ညည်း။

ဆ-ဆံပင် အလွန်ပြင်။

ဇ-ဇရာထောင်း ကြည့် မကောင်း။

ဈ-ဈေးကွဲတွင် ရောင်းဖို့ ပြင်။

ည-ညအခါ ငိုချင်လာ။

တ-တိုးတိုးဖော် လိုပြီနော်။

ထ-ထောင်းထောင်းကြေ စိတ်ဓာတ်တွေ။

ဒ-ဒေါသ ထိန်းမရ။

န-နဖူးစာ လွဲခဲ့တာ။

ပ-ပူညံညံ လုပ်တတ်ပြန်။

ဖ-ဖွံ့ ဖွံ့ ဖြိုး အသားတိုး။

ဗ-ဗေဒင်မေး နောင်အရေး။

ဘ-ဘုတ်ဆုံမ ရှောင်ရှားကြ။

မ-မာယာစုံ သုံးလို့ ကုန်။

ယ-ယတြာများ ချေလို့ ထား။

ရ-ရွှင်အပြုံး ဟန်ဆောင်သုံး။

လ-လူလွတ်များ လာသာထား။

ဝ-၀မ်းစာရေးကြံလို့ တွေး။

သ-သံသရာ ရှည်လှတာ။

ဟ-ဟုတ်မှန်တာ လုပ်တော့မှာ။

အ-အထုပ်ပြင် စခန်းဝင်။

တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါ။

တိန်

Lon Ely .......
က-ကောင်လေးငယ် ချစ်စဖွယ်။

ခ-ချစ်သူမြန်မြန်ယူ။

ဂ-ဂဏန်းတွက် တချက်ချက်။

င-ငယ်ကျွမ်း တလို့ လွမ်း။

စ-စိပ်ပုတီး ချလို့ ညည်း။

ဆ-ဆံပင် အလွန်ပြင်။

ဇ-ဇရာထောင်း ကြည့် မကောင်း။

ဈ-ဈေးကွဲတွင် ရောင်းဖို့ ပြင်။

ည-ညအခါ ငိုချင်လာ။

တ-တိုးတိုးဖော် လိုပြီနော်။

ထ-ထောင်းထောင်းကြေ စိတ်ဓာတ်တွေ။

ဒ-ဒေါသ ထိန်းမရ။

န-နဖူးစာ လွဲခဲ့တာ။

ပ-ပူညံညံ လုပ်တတ်ပြန်။

ဖ-ဖွံ့ ဖွံ့ ဖြိုး အသားတိုး။

ဗ-ဗေဒင်မေး နောင်အရေး။

ဘ-ဘုတ်ဆုံမ ရှောင်ရှားကြ။

မ-မာယာစုံ သုံးလို့ ကုန်။

ယ-ယတြာများ ချေလို့ ထား။

ရ-ရွှင်အပြုံး ဟန်ဆောင်သုံး။

လ-လူလွတ်များ လာသာထား။

ဝ-၀မ်းစာရေးကြံလို့ တွေး။

သ-သံသရာ ရှည်လှတာ။

ဟ-ဟုတ်မှန်တာ လုပ်တော့မှာ။

အ-အထုပ်ပြင် စခန်းဝင်။

တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါ။

တိန်

Lon Ely .......
အူတတ်အောင်ရယ်ရသောဟာသများနှင့်အခြား

အိပ်စက်ခြင်းနှင့်အတူ အံ့ဩဖွယ်ရာအချက် (၁၁)ချက်

Photo: အိပ်စက်ခြင်းနှင့်အတူ အံ့ဩဖွယ်ရာအချက် (၁၁)ချက်
Monday, August 05, 2013

(၁)အသက်ရှင်ရန် အိပ်ပါ

အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။ အစာ အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန် တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။

(၂)အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ

ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေးဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။

(၃)နွားနို့သောက်ပါ

Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေ တဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။

(၄)ငှက်ပျောသီး စားပါ

ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့
အစား အစာတွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်
ထိန်းညှိ ပေးပါတယ်။

(၅)သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ

အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်းတွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း သွားပါတယ်။ သမ်းဝေတာ ရပ်အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။

(၆)ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ

အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။

(၇)ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ

ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက နိုးလာတတ် ပါတယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်ဝတ်အိပ်ပါ။

(ဂ)အအိပ်ကို ဦးစားပေးပါ

အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ ဘဝရဖို့ အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။

(၉)လှပစေရန် အိပ်ပါ

သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေ အသစ် ပြန်လည် ဖြစ်ပေါ် လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် လာစေ နိုင်ပါတယ်။

(၁၀)အိပ်ရာမဝင်ခင် ရေချိုးပါ

အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax ရရှိစေ ပြီး အိပ်ပျော်စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှစပြီး ကဖင်းကို ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေးကို ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း ကဖင်း ပါဝင်တာကြောင့် ချော ကလက်ကို ညအချိန်မှာ မစားပါနဲ့။

(၁၁)ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ် ပါစေနဲ့

သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။

ဒေါက်တာခင်မိုးမိုး
ဦးဇော် သိသမျှ မျှဝေရာအရပ်