“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, October 9, 2012

ဆေးလိပ်သောက်သူနှင့် အတူနေသော ကလေးများသည် အဆုတ်ပွရောဂါ ဖြစ်နိုင်ခြေများ

 
ဆေးလိပ်သောက်သူနဲ့ အတူနေတဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့်လည်း အဆုတ်ပွရောဂါ စောစောစီးစီးဖြစ်နိုင်ကြောင်း လေ့လာမှု အသစ်တစ်ရပ်က တွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အဆုတ်တွေဟာ တစ်ဆင့်ခံ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ၊ Columbia University မှ သုတေသီတွေဟာ ဆေးလိပ်မသောက်တဲ့လူ ၁၇၈၁ ယောက်ကို CT Scans ရိုက်ကြည့်ပြီးနောက် ဒီလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကလေးဘဝက ဆေးလိပ်သောက်သူနဲ့ မတူနေခဲ့သူတွေရဲ့ အဆုတ်ဟာ ဆေးလိပ်သောက်သူနဲ့ အတူမနေခဲ့သူရဲ့ အဆုတ်နဲ့ နှိုင်းယှဉ်ရင် CT Scans မှာ ကွဲပြားခြားနားချက် ရှိနေတယ်လို့ ဆိုပါတယ်။

 Good Health —mg mandalay
http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A594965&xgs=1&xg_source=msg_share_post

ဆေးဖက်ဝင်သော သစ်သီးဝလံများ၏ အခွံများ

* ငှက်ပျောသီးအခွံ *

ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့် လူကို တက်ကြွ ရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွဲရောဂါများ အတွက်လဲ အလွန်ကောင်းပါတယ်။ ဘယ်လိုစားရမလဲဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ( ၁ဝ ) မိနစ်လောက်ပြုတ်လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ပြီး ဖျော်ရည်အဖြစ်လဲ သောက်သုံးနိုင်ပါတယ်လို့ ဆိုပါတယ်။
**************************************************************************
* ကြက်သွန်ဖြူအခွံ *

ကြက်သွန်ဖြူအခွံမှာ ကွဲပြားတဲ့ Antioxidant ( ၆ ) မျိုး ပါဝင်ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနဲ့  နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville ကရှင်းပြပါတယ်။
******************************************************************************
* လိမ္မော်သီးနှင့် ပျားလိမ္မော်သီး အခွံ *

လိမ္မောသီးနဲ့ ပျားလိမ္မော်သီးတို့ ရဲ့အခွံတွေကတော့ ကင်ဆာရောဂါ ဖြစ်ပွားခြင်းနဲ့ နှလုံးရောဂါ ဖြစ်ခြင်းတို့ ကို အစွမ်းအထက်ဆုံး ကာကွယ်မှုပေးနိုင်ဆုံး အခွံတွေဖြစ်ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရော ဓါတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မှုရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့သို့ ပင် ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပက်သတ်ပြီး ရှောက်သီး သံပရာသီး အမျိုးအနွယ်ဝင် အသီးများ၏ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်များဟာလည်း မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုက်ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျှော့ကျခြင်းနှင့် ဘက်တီးရီးယားများကိုလည်း ဟန့် တားပေးနိုင်တယ်လို့ ပြောပါတယ်။
********************************************************************************
* ရွှေဖရုံ၊ ကျောက်ဖရုံနှင့် သခွားမွှေးများအခွံ *

ရွှေဖရုံ၊ ကျောက်ဖရုံနဲ့ သခွားမွှေးများ (Pumpkin, butternut and other squashes) သခွားမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာ အကျိုးဖြစ်ထွန်းစေသလို အသားအရေ မွဲခြောက်မှု့ ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဟန့် တားစေနိုင်ပါတယ်။ ယင်းအသီးများရဲ့ အခွံကိုစားဖို့ အတွက် ခက်ခဲမှုအနည်းငယ်ရှိတဲ့ အတွက်ကြောင့် အခွံကို ပါးနိုင်သလောက်ပါးအောင် ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။
*********************************************************************************
ထပ်ဆင်မျှဝေခြင်းဖြစ်ပါသည်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1473082&xgs=1&xg_source=msg_share_post

ဖေ့စ်ဘွတ်ခ်သုံးစွဲသူ သန်းတစ်ထောင်ပြည့် ဟားဗတ်ကျောင်းသားတစ်စုအတွက် စခဲ့သော လူမှုရေးကွန်ရက်အဖြစ်မှ


ကမ္ဘာပေါ်ရှိအင်တာနက်သုံးစွဲသူ အမြောက်အမြားသုံးစွဲသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်လာခဲ့သော ဖေ့စ်ဘွတ်ခ်သည် ယခုအခါ အသုံးပြုသူသန်းတစ်ထောင် ပြည့်ခဲ့ပြီဖြစ်ကြောင်း တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

"ဖေ့စ်ဘွတ်ခ်ကို လစဉ်ပုံမှန်သုံးစွဲနေသူအရေအတွက်ဟာ ဒီမနက်မှာတော့ သန်းတစ်ထောင်ကျော်ခဲ့ပါပြီ။ ခင်ဗျားတို့ ဒါကိုဖတ်ဖြစ်တယ်ဆိုရင် ကျွန်တော်နဲ့ကျွန်တော့်ရဲ့ အဖွဲ့ငယ်လေးက ခင်ဗျားတို့အတွက် ဂုဏ်ယူစွာနဲ့ဝန်ဆောင်မှုပေးခွင့်ရတာအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လူသန်းတစ်ထောင်ကျော်လောက် ချိတ်ဆက်နိုင်ဖို့ကူညီရတာဟာ အံ့အားသင့်စရာကောင်းသလို ကျွန်တော့်ဘ၀အတွက် ဂုဏ်အယူရဆုံးကိစ္စလည်းဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ ခင်ဗျားတို့အတွက် ပိုကောင်းလာအောင် နေ့စဉ်နဲ့အမျှ ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးပါတယ်။ တစ်နေ့မှာ တစ်ကမ္ဘာလုံးအတူတကွချိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဇက်ကာဘာ့ဂ်ျက သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

ဇက်ကာဘာ့ဂ်ျသည် ဟားဗတ်တက္ကသိုလ်တက်ရောက်စဉ် ၂၀၀၃ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်၏အခြေခံဖြစ်လာမည့် Facemash ကိုစတင်ဖန်တီးခဲ့သည်။

သုံးစွဲသူ တစ်ဘီလျံပြည့်ခြင်းသည် ဖေ့စ်ဘွတ်ခ်အတွက် ထင်ရှားသည့်သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာခဲ့သော်လည်း အများပြည်သူသို့ရှယ်ယာစတင်ရောင်းချပြီးနောက်ပိုင်း ရှယ်ယာဈေး တစ်ဟုန်ထိုးကျဆင်းနေမှုကို ကိုင်တွယ်ရေးမှာ စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေသည်။ မေလကစတင်ပြီး အများပြည်သူသို့ ရှယ်ယာစရောင်းစဉ်က ရှယ်ယာတစ်ခုလျှင် ၃၈ ဒေါ်လာသတ်မှတ်ခဲ့သော ဖေ့စ်ဘွတ်ခ်ရှယ်ယာများသည် ၂၁ ဒေါ်လာဝန်းကျင်အထိ ကျဆင်းသွားခဲ့သည်။ အဓိကမှာ ငွေကြေးအရ အကျိုးအမြတ်ရှာဖွေမှုတွင် ခိုင်မာသော လမ်းကြောင်းရှိမနေခြင်းနှင့် စတော့ဈေးကွက်တွင်းဝင်စဉ်က ရှယ်ယာတန်ဖိုးကို ရှိသင့်သည်ထက် ပိုသတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။  

eleven media group

ဆီး (ဇီး) သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ဆီးသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ဆိုဒီယမ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ သကြားဓာတ်၊ ဗီတာမင်၊ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်တဲ့ အမျှင်ဓာတ်၊ ဖက်တီးအက်စစ်နဲ့  တခြား အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။


(၁) အောက်ဆီဂျင် ရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

ဆီးသီးမှာ ကိုယ်တွင်း ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ဓာတ်တွေ ပါဝင်တာကြောင့် အောက်ဆီဂျင်အခြေခံတဲ့ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) သံဓာတ်စုပ်ယူမှု ကောင်းပြီး အင်တီအောက်ဆီးဒင့် ကာကွယ်မှု ရရှိစေခြင်း

ဆီးသီးရဲ့ အကျိုးကျေးဇူးတစ်မျိုးက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဒါကြောင့် ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူးတွေကို ကျန်းမာစေပါတယ်။ နားတွင်း ပိုးဝင်မှု မကြာခဏ မဖြစ်အောင် ကာကွယ်ပေးကာ ဖရီး ရယ်ဒီကယ်တွေကိုလည်း တွန်းလှန်ပေးပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ ရိုးဆစ်ရောင်ရမ်းနာ၊ အူမကြီးကင်ဆာနဲ့ ရူမတွိုက်အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေ စားတာကြောင့် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

(၃) မက်ကူလာယိုယွင်းမှုကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

တစ်နေ့ ဆီးသီး သုံးခွက်စားတာကြောင့် အသက်ကြီးလို့ဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) ကယ်လိုရီနည်းသော အစာအဖြစ် သတ်မှတ်ခြင်း

ဆီးသီးတွေက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း မပါဝင်တာကြောင့် ဘေးထွက်ဆိုးကျိုးကင်းတဲ့ အစာအဖြစ် ရွေးချယ်စားနိုင်ပါတယ်။ ကြေးနီ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်ပါဝင်မှု များတာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။

(၅) အစာခြေစနစ်ကို ကျန်းမာစေခြင်း

ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ မှန်ကန် ကောင်းမွန်နေအောင်လည်း ထိန်းထားပေးနိုင်ပါတယ်။ အူတွေကို သန့်စင်စေကာ အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

(၆) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့ကျစေခြင်း

ဆီးသီးမှာပါတဲ့ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတိုဇန်သင်းတို့ဟာ ဖလေဗွိုးနွိုက် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်။ ဒီ အင်တီအောက်ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပြီး အိုမင်းမှုနဲ့ အိုမင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးကြောင်းဖြစ်တာနဲ့ ပါးရေတွန့်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) ဦးနှောက်ကျန်းမာပြီး အားပြည့်စေခြင်း

လေ့လာမှုများစွာအရ ဆီးသီးမှာပါတဲ့ Asphenols ဆိုတဲ့ အင်တီအောက်ဆီးဒင့် အာနိသင်တွေကြောင့် ဦးနှောက်ဆဲလ်နဲ့ တခြားဆဲလ် အမြှေးပါးနေရာတွေမှာ တွေ့ရတဲ့ အဆီတွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ် တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆီးသီးကို နေ့စဉ်စားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်ကန်ကျန်းမာစေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။ ဆီးသီးဟာ စိတ်ဓာတ်ကျတာကို ပြန်ကောင်းလာအောင် ကူညီနိုင်စွမ်းလည်း ရှိပါတယ်။

(၈) စိတ်ဖိစီးမှုနှင့် နုံးချည့်ညောင်းညာမှုကို တွန်းလှန်နိုင်ခြင်း

ဆီးသီး ငါးလုံး-ခြောက်လုံးကို ပုံမှန်နီးပါး စားပေးရင် မောပန်းမှုနဲ့ နွမ်းနယ်မှုတို့ကို တွန်းလှန်ပေးနိုင်ပါတယ်။ ဆီးသီးဟာ အာရုံကြောတွေကို ငြိမ်းအေးစေပြီး သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ရောက်ရှိစေနိုင်ပါတယ်။

(၉) အမြင်အာရုံကို ကောင်းမွန်စေခြင်း

ဆီးသီးမှာပါတဲ့ ဗီတာမင်အေဟာ အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် သွားပိုးစားတာနဲ့ အဆုတ်ကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးရဲ့ တခြားကောင်းကျိုးတစ်ခုက အသားအရေကို ကြည်လင်တောက်ပစေတာပဲ ဖြစ်ပါတယ်။ ဆီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အတိုင်း ထိန်းထားပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ သံဓာတ်ဟာ သွေးနီဥတွေကိုဖြစ်ပေါ်စေပြီး ဗီတာမင်ကေဟာ သွေးခဲအောင်ကူညီပေးကာ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကြယ်စင်
Ref: Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/article-63987
source >>> http://www.facebook.com/notes/health-articles/

ဆောင်ရန် ရှောင်ရန် လက်တွဲဖော်များ


မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကျောင်းဒါယကာ အနာထပိဏ် သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့
ပြောဆို ဆုံးမမှုကို မနာခံသလို၊ ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။
ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သား အတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်း လျှောက် ထား ပါတယ်။
မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက
(၁) ဝဓာဘရိယာ (လူသတ်ကောင်နှင့် တူသော မယား)
မိမိရဲ့ လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊ အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ ဆဲဆိုခြင်း၊ ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊ မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကို ချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။
ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့် အမှုတို့ကို မပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည်သားသမီးများအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစို တရားလေးပါးတို့နှင့် စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာ တို့ဖြင့်ကျွေးမွေးစောင့် ရှောက်သော၊ လင်ယောင်္ကျား ရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်း တတ်တဲ့ မယားကို မိခင်နှင့်တူသော မယားလို့ ခေါ်ပါတယ်။ ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။
(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင် ဘက်မလုပ်တဲ့ မယားမျိုး ကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။
(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက် ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ ဝမ်းမြောက် ဝမ်းသာဖြစ်ခြင်း၊ အိမ်၌ စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွား တတ်သော၊ သီလစောင့် ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊ အမျိုးကို စောင့်ထိန်းပြီး လင်ယောင်္ကျား အား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကို ခေါ် တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများ မှတ်သားနာ ယူသင့်သလို ယောင်္ကျားလေးများ အနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။
(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသ တရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသော အကျင့်မရှိပဲ သည်းခံ တတ်ခြင်း၊ လင်အား ချစ်ကြောက်ရိုသေစွာ လင်၏ အလိုဆန္ဒကိုလိုက် လျောတတ်သော မယားကို ဆိုလိုတာပါ။ ကျွန်ဆိုးနဲ့ တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျား ရှာဖွေ ထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။
ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။ ဆိုခဲ့တဲ့ ဇနီးမယား(၇) မျိုးအနက်က အမေနှင့်တူသော ဇနီး၊ နှမနှင့်တူသော ဇနီး၊ အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့် ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊ သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ ဖောက်ပြန်ခြင်း၊ မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့် သီလမရှိတဲ့ ဇနီးများဖြစ် ကြတယ်လို့ဆိုရမှာ။
ထိုထိုသောဇနီးမယားသေလျှင် ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။ ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည် အဘယ်သို့သော ဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။
ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများ အနေနဲ့လည်း မိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊ လူသတ်ကောင်နှင့်တူသော၊ သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊ နှမနှင့်တူသော၊ အဆွေခင်ပွန်းနှင့် တူသော၊ ကျွန်ကောင်း တစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1472552&xgs=1&xg_source=msg_share_post

မိန်းမရွေးနည်း


လူတစ်ယောက်သည် ဇနီးလောင်းရွေးချယ်ရန် အမျိုးသမီး (၃) ယောက်ကို ချိန်းလိုက်သည်။

ထို (၃) ယောက်ကိုစမ်းသပ်နိုင်ရန် အတွက် ဆုံးဖြတ်ပြီး တစ်ယောက်စီအား ဒေါ်လာ ၅ဝဝဝ စီပေး၍ ၄င်းငွေဖြင့်သူတို့ဘာလုပ်မည်ကိုစောင့်ကြည့်နေသည်။


ပထမတစ်ယောက်က၄င်းငွေအားလုံးဖြင့်အလှပြင်ဆိုင်သွားပြီးဆံပင်ပြုပြင် ခြင်း၊ အဝတ်အစားသစ်များဝယ်ပြီးထိုသူသဘောကျစေရန် အတွက် လှပ စွာဝတ်စား လာခဲ့သည်။

၎င်းနောက် သူမအနေဖြင့်၎င်းအားချစ်လွန်းအားကြီး၍စွဲဆောင်မှုရှိရန်ပြုလုပ်တာပါဟုပြောသည်။

ထိုသူက သဘောကျ သွားသည်။

ဒုတိယတစ်ယောက်ကတော့ထိုသူ့ အတွက်ဂေါက်သီးရိုက်တံအစုံအသစ်များ၊ကွန်ပျူတာပစ္စည်းများ၊ တန်ဖိုးကြီးအဝတ်အစားများကိုလက်ဆောင် အဖြစ် ဝယ်ပေးပြီးနောက်

ထိုပိုက်ဆံကိုယခုလိုသုံးရခြင်းမှာလည်းချစ်လွန်းအားကြီးလို့ပြောပြန်ရာ ထိုသူကလည်းသဘောကျသွားသည်။

တတိယတစ်ယောက်ကတော့ ပေးထားတဲ့ပိုက်ဆံကို စတော့ဈေးကွက် မှာ ရင်းနှီးထားပြီးတော့

တိုးလာတဲ့ငွေထဲက ဒေါ်လာ ၅ဝဝဝ ကို ထိုသူအားပြန် ပေးပြီး ကျန်ငွေကိုထိုသူနှင့်ပူးတွဲငွေစာရင်းဖွင့်ထားလိုက်သည်။

 ပြီးတော့
အခုလိုလုပ်ရတာကလဲသူ့ကိုချစ်လွန်းလို့နောင်ရေးစိတ်အေးရအောင်ပါလို့ ပြောလိုက်တော့ထိုသူလဲသဘောကျသွားတယ်၊

ပြိးတော့မှ ဒီမိန်းမတွေ ပေးတဲ့ငွေနဲ့လုပ်ခဲ့တာတွေကို သူအကြာကြီးစဉ်းစားတယ်၊

ကဲ - စာဖတ်သူလဲ ယောက်ျားတစ်ယောက်အနေနဲ့ဘယ်မိန်းမကို သူ လက်ထပ်မယ်စဉ်းစားမယ်ထင်ပါသလဲ၊


http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A595050&xgs=1&xg_source=msg_share_post

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

 
(၁)  ကိုယ်ခံစွမ်းအားနစ်ကို ကောင်းမွန်စေပါတယ်

ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။


(၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တိုအာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းမှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှုကို နှေးကွေးစေပါတယ်။

(၃) အစာကြေညက်စေပါတယ်

ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကောင်းစေကာ ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်တွေက အူမကြီးရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ကင်းဝေးစေတဲ့နည်းနဲ့ အူအမြှေးပါးတွေကို ကျန်းမာအောင် ကာကွယ်ပေးပါတယ်။

(၄) မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်

ပိန္နဲသီးမှာ အစွမ်းထက် အာဟာရ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ ညဘက် မျက်စိမမြင်တာတွေလို အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၅) စွမ်းအင် တိုးစေပါတယ်

ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေ ပါဝင်တာကြောင့် စွမ်းအင်ထွက်ရှိစေတဲ့ အသီးအဖြစ် နာမည်ကြီးပါတယ်။ စွမ်းအင်အားကောင်းစေတဲ့ အသီးဖြစ်ပေမယ့် ပြည့်ဝဆီနဲ့ ကိုလက်စထရော မပါဝင်ပါဘူး။

(၆) သွေးတိုးကို ကျစေပါတယ်

ပိန္နဲသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးတိုးနေသူတွေမှာ သွေးဖိအားကျစေပြီး နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၇) ရင်ကျပ်ပန်းနာကို ထိန်းချုပ်နိုင်ပါတယ်

ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသူတွေအတွက် ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။

(၈) အရိုးကို သန်စွမ်းစေပါတယ်

ပိန္နဲသီးမှာ မဂ္ဂနီဆီယမ်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူရေးအတွက် အသုံးဝင်ပါတယ်။ ဒါကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါလို အရိုးနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၉) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်

ပိန္နဲသီးမှာ သံဓာတ် ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းအောင် ကူညီပေးပါတယ်။

(၁၀)  သိုင်းရွိုက်ကို ကျန်းမာစေပါတယ်

ပိန္နဲသီးမှာ ပါတဲ့ ကြေးနီ (Copper) ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးပါတယ်။              

ကြယ်စင်
Ref:Good Health

ပရီးမီးယားလိဒ်ပွဲစဉ်ဇယားလေး ဘလော့မှာ ထားမယ်ဆိုရင်

 တွေ့တဲ့အတိုင်းပါပဲဗျာ ဒီလိုလေးထည့်ချင်ရင်ပေါ့
ပျင်းတာနဲ့ရေးလိုက်တယ်ဗျာ
 ဒါကတော့ အင်္ဂလန် ပရီးမီးယားရှစ်အတွက်ပါ.. အဲပုံစံလေးနဲ့ မိမိတို့ ဘလော့ပေါ်တင်မယ်ဆိုရင် အောက်မှာ ကုဒ်တွေကို ကူးယူ ထည့်လိုက်ပါ..
(၁) ဘလော့ကာ sing in လုပ်ပါ
(၂) layout ကိုကလစ်ပါ
(၃) Add a Gadget ကိုကလစ်ပါ
(၄) Html/Java Script ကိုကလစ်ပြီး ကျလာတဲံ ဘောက်ထဲကို အောက်ကကုဒ်တွေထည့်ပါ။
ကုဒ်ယူရန်
 <iframe src="http://widgets.soccerway.com/widget/free/classic/competition/8/662#d=265x300&amp;f=table,table_colmp,scroll&amp;cbackground=edc7f7&amp;ctext=070707&amp;ctitle=2408f6&amp;cshadow=f9f3f3&amp;cbutton=118b03&amp;cbuttontext=f7ebeb&amp;chighlight=fa0505&amp;tbody_family=Arial,Helvetica,sans-serif&amp;tbody_size=8&amp;tbody_weight=bold&amp;tbody_style=normal&amp;tbody_decoration=none&amp;tbody_transform=none&amp;ttitle_family=Tahoma,Geneva,sans-serif&amp;ttitle_size=13&amp;ttitle_weight=normal&amp;ttitle_style=normal&amp;ttitle_decoration=none&amp;ttitle_transform=none&amp;ttab_family=Tahoma,sans-serif&amp;ttab_size=9&amp;ttab_weight=normal&amp;ttab_style=normal&amp;ttab_decoration=none&amp;ttab_transform=none" marginwidth="0" marginheight="0" frameborder=".5" height="300" scrolling="no" width="270"></iframe>
<a href="http://widgets.soccerway.com/" id="လိုချင်ရင်" title="Powered by Soccerway.com">Powered by</a> &gt;&gt; <a href="www.aunglaybc.blogspot.com/2012/10/blog-post_9.html">AL</a>
<!-- END of Soccerway widget HTML fragment -->


ကဲပြီးရင် SAVE လိုက်ပါ OK သွားပါပြီနော်.....
အောင်လေး (နည်းပညာ)
www.aunglaybc.blogspot.com